ဘာလုပ်သင်.လဲသင်ရောဘယ်လိုထင်လဲ

ထာ၀ရNovember 23, 20111min1034

ဒေါ်အောင်းဆန်းစုကြည်နဲ. NLD  ပါတီဟာ မှတ်ပုံတင်မယ် လွတ်တော်ဝင်မယ်လို.

ဆုံးဖြတ် ခဲ.ပါပြီ…ဒီအပေါ်မှာ ပြည်တွင်းမှာရှိတဲ. ပြည်သူအများစုနဲ.  အဖွဲ.စည်းတွေက

ထောက်ခံခဲ.ကြပေမယ်. ပြည်ပမှာ ရှိတဲ. အစုအဖွဲ.တွေ ကတော. လက်မခံခဲ.ကြပါဘူး

အမျိုးမျိုး သော စဉ်းစားတွေးခေါ်မှုတွေနဲ.ဝေဖန်ခဲ.ကြတယ် ကန်.ကွက်ခဲ.ကြပါတယ်

 

ဘယ်လိုဘဲ ဖြစ်ပစေ  NLD  ဟာသူတို.လျောက်မယ်.လမ်းကို ရွေးသွားခဲ.ပါပြီ …

ပြည်တွင်းကပြည်သူလူထုကြီးကလဲ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်စွာနဲ.

ထောက်ခံခဲ.ကြပါပြီ..

 

 

ဒီနေရာမှာ ကျွန်တော်တို.ရွာသူကြီး  ပို.စ်တခုမှာ မန်.သွားတာ သွားသတိယမိပါတယ်

ဗိုလ်ချုပ် အောင်ဆန်း လိုမျိုး သမီး ဖြစ်တဲ. ဒေါ်အောင်ဆန်းစုကြည် လည်း ကြုံနေရတာမို.

သမိုင်းချားရဟပ် တပတ်လည်တယ်လို.ခံစားမိတယ် လို.ပြောသွားတာလေးပါ

ဆရာကိုသစ်မင်းကလည်း ထောက်ခံတဲ. ထင်မြင်ချက်လေးပေးသွားခဲ.တာ မှတ်မိနေသေးတယ်

 

တကယ်လဲခုအခြေနေဟာ ဆရာတို.ပြောတဲ.အတိုင်းဖြစ်နေတာပါဘဲ…

တိုင်းပြည်အတွက် ကိုယ်ကျိုးစွန်. ပြီး ခရောင်းလမ်းမှန်း သိရဲ.သားနဲ. လွတ်တော်ထဲ

ဝင်ဘို.လုပ်နေတာ နေရာရရေး အာဏာရရေးမဟုတ်တာတော.သေချာပါတယ်…

အခုအခြေအနေဟာလဲ. တကယ်.စွန်.စားခန်းပါဘဲ…

ဗိုလ်ချုပ်ဟာ လွတ်လပ်ရေး ရအောင်ကြိုးစားနေတုန်း လုပ်ကြံခံခဲ.ရတာပါ

အဲဒီတုန်းက မြန်မာတပြည်လုံး ယူကြုံးမရဖြစ်ခဲ.ရတယ်….

ဒီတခါရော…. အခုအချိန်မှာ ကျွန်တော်စိုးရိမ်မိတာ  ဒေါ်အောင်ဆန်းစုကြည်ရဲ.လုံခြုံရေးပါဘဲ…

 

ဆရာတို.သိတဲ.အတိုင်းဘဲ ခုကြုံတွေ.နေရတဲ.အကြောင်းတရားတွေဟာ တိုက်ဆိုင်လွန်းနေတယ်

ဒေါ်အောင်ဆန်းစုကြည်နဲ. NLD ရဲ. သွားတဲ.လမ်းကြောင်းကို မကြိုက် တဲ.

လက်နက်ကိုင်ထားတဲ.အဖွဲစည်းတွေဟာလည်း အများကြီးပါဘဲ  ပြည်ပမှာရော တပ်ထဲမှာပါ

-တကယ်လို.မပြောမဆိုကောင်း ပေါ.  ဒေါ်အောင်ဆန်းစုကြည် အခုနေအခါလုပ်ကြံခံရပြီဆိုရင်

ကျွန်တော်တို.တိုင်းပြည်ဘာဖြစ်သွားနိင်မလဲ… ဘယ်သူကလုပ်ကြံတာလဲဆိုတာ တပ်အပ်ပြောနိင်ပါ.မလား

မနေ.တနေ.ကတင် ရန်ကုန်ရဲ.မြို.တော်ခန်းမလိုနေရာမှာတောင် ဗုန်း ထောင်ခဲ.သေးတာဘဲ

ဘယ်သူလက်ချက်သေချာမသိပါဘူး ကိုနဲ.မတည်.တဲ.အဖွဲစည်းကိုလက်ညိုးထိုးရင်းပြီးသွားတာဘဲလေ

 

ဆိုတော.ကာ  ခုနေအချိန်ခါမှာ မြန်မာပြည်ကို  ဒီမိုကရေစီ ရသွားမှာ စိုးရိမ်တဲ.သူတွေ   ။ အစိုးရနဲ. NLD အဆင်ပြေသွားမှာ

ကိုမလိုလားတဲ. အဖွဲ.အစည်း တွေ ( ပြည်ပရောက်နဲ. လက်ရှိတောတွင်းလက်နက်ကိုင်တွေ ထဲကလဲဖြစ်နိင်သလို

အစိုးရစစ်တပ်ထဲကအစွန်းရောက်တွေလဲ ပါတယ် )  ( တရုတ်ကြီးလဲ လူလွတ်ပြီး မလုပ်ဘူးမပြောနိင်ဘူး )

ရှိနေတာငြင်းလို.မရနိင်ပါဘူး..

 

ဗိုလ်ချုပ် တုန်းကတခါဆုံးရှုံး ခ.ဲပြီးပြီ  နောက်တခါ ပါကစ္စတန်က ဘနာဇီဘူဒိုလိုမျိုး ကျွန်တော်တို. ခေါင်းဆောင်ကို

အဆုံးရှုံးမခံ ပရစေနဲ.တော.ဗျာ…….

ကျွန်တော်တို.ဘယ်လိုလုပ်သင်.လဲ…….ရွာသားတွေရော   ကျွန်တော်အမြင်ဟာ  ပိုလွန်းတယ်လို.များထင်နေမလား…..

 

4 comments

  • koyinmaung

    November 23, 2011 at 10:41 am

    ထဝရရေ…..
    ဘယ်လိုပြောပြရမှန်းတောင်မသိတော့ပါဘူး
    ခုအချိန်မှာပြည်သူတွေစည်းစည်းလုံးလုံးရှိသင့်ပါတယ်
    ဒေါ်အောင်ဆန်းစုကြည်အတွက်ကတော့
    အန္တရယ်ရှိတာတော့အမှန်ဘဲ
    ပြည်သူတွေနားလည်သင့်တာကဦးနေဝင်းလက်ထက်ကနေစလို့
    တိုင်းပြည်ပျက်စီးခဲ့ရတာဦသန်းရွှေလက်ထက်တိုင်အောင်
    ၄၉နှစ်ရှိခဲ့ပါပြီ …
    ခု… ဦးသိန်းစိန်နဲ့ဒေါ်အောင်ဆန်းစုကြည်တို့နားလည်မှု့တချိုးအပေါ်
    အခြေခံပြီးတိုင်းပြည်ကောင်းအောင် စလို့ကျိုးစားနေတုန်းပါ
    တကယ်စဉ်းစားရမှာက…ကိုယ့်လက်ထက်မှာတိုင်းပြည်ပြန်လည်ထူထောင်နိုင်မှ
    တချိန်မှာနောင်လာမဲ့မျိုးဆက်တွေလူလူသူသူ နိုင်ငံတကာနဲ့ရင်ဘောင်တန်းဆက်ဆံနိုင်မှာပါ
    ခုလိုအရေးကြီးတဲ့အချိန်မှာကိုယ့်ကြောင့်တိုင်းပြည်မနစ်နာသင့်သလို့
    ကိုယ်ကိုယ်တိုင် ဦးစောလို သမိုင်းတရာခံမဖြစ်ဘို့အရေးကြီးပါတယ်…….
    (ရွာသူားထဲ့မှဦးစောအကြောင်းပို့စ်အဖြစ်တင်ပေးနိုင်ယင်ဖတ်ချင်ပါသည်)

  • ထာဝရ

    November 23, 2011 at 11:35 am

    ဖြစ်နိင်ချေ တွေ အများကြီးရှိနေလို.ပါ…

    ခဲတလုံးထဲနဲ.ဌက်၂ကောင်ပစ်နိင်တဲ. အနေထား မှာ ရောက်နေတဲ.အချိန်ခါပါ

    အရင်ကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို ရှင်းထုတ်ပြစ်ချင်တာ နအဖ
    တဖွဲ.ထဲပါ ………….
    ခုနေခါမှာ ပြည်ပရောက်အဖွဲစည်းတွေနဲ. လက်ရှိလက်နက်ကိုင်
    အဖွဲစည်းတွေ အထူးသဖြင်. တရုပ်ကြီးကိုလည်းသတိထားသင်.ပါတယ်
    သူကကိုတိုင်မပါပေမယ်.သူ.ဩဇာခံ နယ်ခြားတပ်တွေ ရှိနေတာလေ…

  • windtalker

    November 23, 2011 at 12:54 pm

    ထာဝရ ရေးပြတာလဲ အမှန်ဘဲ
    စိုးရိမ်စိတ်ပူ လာပြီဗျာ
    ဘယ်လို လုပ်ကြမှာတဲ့တုန်း ဗျ

  • htoosan

    November 23, 2011 at 10:36 pm

    ဒါကြောင့် နိုင်ငံရေးကို အညစ်ပါတ်ဆုံး ကစားပွဲ (Dirtiest Game) လို့တင်စား ကြတာပေါ့။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သတိထားမှ ရမှာပါ။

Leave a Reply