အားကိုးစရာတိုင်းရင်းဆေးပညာ(သွေးလေးဘက်နာ)

mg wineNovember 23, 20111min13710

ကျွန်တော်ထပ်မံတင်ပြချင်တာကသွေးလေးဘက်နာလူနာတစ်ယောက်အကြာင်းပါ။လူနာကအမျိုးသမီး
အသက်၄ဝနီးပါးရှိပါပြီ။ပုသိမ်မြို့တဂေါင်းဘုရာလမ်းမှာနေပါတယ်။နိုင်ငံခြားတိုင်းပြည်မှာအလုပ်သွားလုပ်ရင်းအဆစ်
အမြစ်ကိုက်တဲ့လေးလက်နာရောဂါဖြစ်လို့ပြန်လာသူပါ။ပထမတော့အဆစ်တွေကိုက်ရာကနောက်ပိုင်းအရီုးတွေပုံပျက်
လာတယ။ဒါနဲ့မိသားစုကရန်ကုန်ကဆေးရုံကိုတင်ပြီးကုသပေးပါတယ်။ပြန်လာတော့အကောင်းပကတိပဲ။
တနှစ်လောက်ကြာတော့ ခြေချောင်းလေးတွေလက်ချောင်းလေးတွေကောက်ကွေးပြီးပုံပျက်လာတယ်။အစား
သိပ်မစားတော့ဘူး။မောတယ်ကြပ်တယ်ဆိုပြီးအိပ်ယာထဲလှဲတော့တာပဲ။ဒီမှာတင်ဆေးရုံထပ်တင်ဖို့လုပ်တယ်။လူနာက
လမ်းမလျှောက်နိုင်တော့ဘူး။ဒူးဆစ်ရိုးကပုံပျက်နေပြီ ချွန်ထွက်နေတယ်ကွေးလို့ဆန့်လို့လုပ်ရင်ခက်ခဲပြီးတအားနာတယ်
လူတွဲနဲ့လမ်းလျှောက်ရတယ်။
လက်တွေခြေတွေကွေးကောက်တာတွေဆန့်ဖို့တိုင်းရင်းဆေးဆရာ(အရိုးကု)ကိုခေါ်မယ်ပေါ့။လူနာရှင်တွေက
နည်းနည်းသွားလို့လာလို့ရရင်တော်ပြီဆိုပြီးခေါ်တာပါ။ဆရာထက်နဲ့ကုတယ်ပေါ့။ဆရာကိုလူနာရှင်ကပုံပျက်နေတဲ့အရိုး
တွေပုံသဏ္ဌာန်မှန်ရင်တော်ပြီဆိုပြီးခေါ်တာပါ။
ဆရာကလူနာက်ုဆေးစည်းပေးတယ်၊မြှောက်မရတဲ့လက်ကိုဆေးစည်းပေးတာရက်ပိုင်းနဲ့မြှောက်လို့်ရလာတယ်
နည်းနည်းသွားလို့ရတော့လူနာရှင်တွေကရန်ကုန်ဆေးရုံတင်လိုက်ကြတယ်။တစ်လလောက်ကြာတော့လူနာပြန်လာတယ်
ကောင်းသွားတယ်ဗျ။ကွေးနေတဲ့ခြေတွေလက်တွေလည်းဖြောင့်သွားတယ် ။
ဒီလိုနဲ့၃လလောက်ကြာတော့ အဆစ်တွေပြန်ကို်က်လာတယ်။အရိုးတွေပုံပျက်လာတယ်ဆိုးတာကမောတယ်
အပူဒဏ်မခံနိုင်ဘူး၊ဒူးဆစ်တွေပြန်ကွေးလာတယ်။ခြေချောင်းလေးတွေကောက်လာတယ်။လက်မောင်းဆစ်ကပင့်မရ
မ..မရဖြစ်လာတယ်။နောက်ဆုံးလူတွဲနဲ့လမ်းပြန်လျှောက်ရတယ်၊အစားပျက်လာတယ်၊အမျိုးသမီးကိစ္စတွေမမှန်တော့ဘူး
အရေပြားမှာယားနာဖုလေးတွေပေါက်လာတယ်ချွေးစေးတွေထွက်တယ်။
ဒီလိုပြန်ဖြစ်တော့ဆေးရုံတင်ဖို့ကလည်းမတတ်နိုင်တော့ဘူး။အဲ့ဒီတော့ဆရာထက်ကိုပြန်ခေါ်မယ် နည်းနည်းသက်
သာလည်းမနည်းဘူးပေါ့လေ။ဆရာထက်ကိုဖုန်းဆက်တော့ချွေးစေးထွက်တာကိုရေချိုးပါလို့ပြောပါတယ်။ရေချိုးရင်
ယားနာရော၊ချွေးစေးထွက်တာရောပျောက်မယ်လို့ပြောပါတယ်။ရေချိုးပုံကတော့ တမာရွက်၊မဲဇလီရွက် ၊ကြောင်ပန်းရွက်
ကွမ်းစာဆေး(မြန်မာဆေးရွက်ကြီး)၂ကျပ်ခွဲသာူးလောက်ထည့်ပြီးကျိုပါ အဲ့ဒီရေနဲ့ရေချိုးပါလို့ပြောပါတယ်။လူနာကပြုတ်ရေ
နဲ့ရေချိုးလိုက်တာ ယားနာရော ချွေးစေးထွက်တာရောသက်သာပြီးအရင်ကအိပ်မရတာတောင်နည်းနည်းအိပ်ရလာတယ်လို့
ပြောပါတယ်။
ကျွန်တော်တို့တိုင်းရင်းဆေးပညာဦးစီးဋ္ဌာနကဆေးအမှတ်စဉ်တွေနဲ့ဆေးတွေထုတ်ထားပါတယ်။ဥပမာဆေးအမှတ်(၁)
ဆိုရင်မက်လင်ချဉ်လျှက်ဆားပါ၊အဲဒီလိုဆေးအမှတ်တွေနဲ့တိုင်းရင်းဆေးသမားတော်တွေကကုပါတယ်။ဆရာထက်ကလူမလာ
ပါဘူးဆေးအမှတ်စဉ်တွေပဲပေးလိုက်ပါတယ်။ပြင်ပမှာလွယ်လင့်တကူဝယ်လို့ရပါတယ်။လူနာကို ဆေးအမှတ်၂၇၊ ဆေးအမှတ်၂၃
နံနက်တစ်ကြိမ်၊နေ့လည်တစ်ကြိမသောက်ခိုင်းပါတယ်။ဆေးအမှတ်၂၃ကိုညနေ၃နာရီမှာသောက်ခိုင်းပါတယ်။ညနေ၆နာရီကို
နလုံးဆေးကိုသောက်ခိုင်းပါတယ်ဆေးကိုတော့သူဖေါ်တာကိုပို့ပေးပါတယ်။
လူနာကဆေးသောက်ပြီး၂ပတ်အကြာမှာသိသိသာသာသက်သာလာတယ်။အရိုးတွေကတော့ပုံပျက်နေတုန်းပါပဲ
ဆရာရောက်လာတော့သွေးစမ်းပြီးဆေးထပ်ပေးပါတယ်ဆေးအမှတ်၁ရကိုပေးပါတယ်နေ့ခင်းကရေနွေးနဲ့သောက်ခိုင်းပါတယ်
ဆရာကအရိုးပျက်နေတာတွေကိုဆေးစည်းပါတယ်၊ညပိုင်းမှာဆေးကြပ်ထုပ်ထိုးခိုင်းပါတယ်။လိမ်းဆေးကိုလည်းလိမ်းခိုင်းပါတယ်
လိမ်းဆေးက မိတ်ဿလင်၊ပန်းတိုင်းခတ္တာ၊ချင်းတက်ကိုနှမ်းဆီနဲ့ချက်ပြီးအရည်ကိုစစ်ယူပြီးမင်သော်ပရုပ် သံလွင်ဆီရောစပ်
လိမ်းတာပါ။
ညပိုင်းကိုတော့တိုင်းရင်းဆေးအမှတ်၁၂(စက္ခုပါလ)ကိုတိုက်ပါတယ်။လူနာဟာတစ်လအတွင်းလူတွဲလွတ်ပြီးလျှောက်
နိုင်တဲ့အပြင်၊စားနိုင်သောက်နိုင်လာပါတယ်၊အိမ်အလုပ်တွေလည်းတောက်တိုမယ်ရလုပ်နိုင်လာပါတယ်။ဆရာပေးတဲ့ဆေးတွေဟာ
ပုသိမ်ကပရဆေးဆိုင်တွေမှာလွယ်လင့်တကူဝယ်နိုင်ပါတယ်။ရန်ကုန်မှာဆိုကုန်ဈေးတန်းလမ်းမှာဝယ်လို့ရပါတယ်။
ကိုယ်တိုင်ဖေါ်စပ်ပြီးသောက်တာကပိုကောင်းတယ်လို့ဆရာကပြောပါတယ်။သွေးလေးဘက်နာကိုဆေးစည်းခြင်း၊ဆေး
ကြပ်ထုပ်ထိုးခြင်း၊အတွင်းစားဆေး အမှတ်၂၇၊အမှတ်၂၃၊အမှတ်၁၇၊အမှတ်၁၂(ခ)၊အမှတ်၁၅ (နှလုံးသည်းခြေဆေး)တွေပေး
တာကိုတွေ့ရှိရပါတယ်။အကူဆေးချက်အနေနဲ့ အစာကြေဆေးအမှတ်၇၊အမှတ်၄၃(လိမ်းဆေး)ပေးပါတယ်
ဒီဆေးတွေဟာကျန်းမာရေးဋ္ဌာနကထုတ်တဲ့တိုင်းရင်းဆေးသမားတော်လက်စွဲဆေးတွေဖြစ်ကြောင်း၊ဆရာကိုင်ဆေးများဖြစ်ပြီး
ဘေးထွက်ဆိုးကျိုးမရှိကြောင်းဆရာထက်ကပြောပြပါတယ်။ယခုအချိန်တွင်မ….(တဂေါင်းဘုရားလမ်းနေသူ)ဟာလမ်းလျှောက်နိုင်
သည့်အထါကောင်းမွန်ပြီးစားဝင်အိပ်ပျော်လျှက်ရှိကြောင်းတွေ့ရပြီးစိတ်ဝင်စားသူများလေံလာလိုသူှများဆရာထက်၇၄၊အထက်ပိုင်း
၁၃လမ်း၊အိမ်မဲမြို့ သို့စာဖြင့်၎င်း၊တဆင့်ဖုန်းဝ၄၂- ၈၅၂၈၂ သို့နံနက်ရနာရီမှ၁ဝနာရီအတွင်း၊ ညနေ၄နာရီမှရနာရီအတွင်းမေးမြန်း
ဆွေးနွေးနိုင်ကြောင်းသိရှိရပါသည်။
ဝန်ခံချက်။ ။လူနာရှင်မ…၏ပြောဆိုချက်များနှင့်ဆရာထက်အားမေးမြန်းချက်များကိုပြန်လည်တင်ပြခြင်းဖြစ်ပါသည်။

10 comments

  • etone

    November 23, 2011 at 10:49 am

    လေးဖက်နာကလည်း အမျိုးမျိုးပဲနော် …
    ကျွန်မကြားဖူးတာတော့ …. သွေးလေးဖက်နာ ၊နှလုံးလေးဖက်နာ ၊ ကောက်ကွေးလေးဖက်နာ … အို ..စုံလိုပါပဲ …။
    ဘယ်လိုနည်းနဲ့ ကုကု သက်သာပျောက်ကင်းသွားတယ်ဆိုတဲ့ သတင်းကြားရတာ ဝမ်းသာစရာပါပဲ .. ။
    ကျွန်မတို့ နိုင်ငံက တိုင်းရင်းဆေးတွေ ဒီလောက်စွမ်းနေတာကို ဘာလို့ ISO တင်ပြီး ကမာ္ဘကို မဖြန့်သလဲ … နှမျောစရာ 🙄

    %%%%%%%%%%%%%%%%%%%%%%%%%%

    Rheumatoid Arthritis (RA)
    သွေးလေးဖက်နာရောဂါ
    သွေးလေးဖက်နာရောဂါသည် နာတာရှည် အဆစ်ရောင်ရောဂါများထဲ တွင် အဖြစ်အများဆုံး ရောဂါဖြစ်သည်။ ၎င်းရောဂါသည် အဆစ်များကို ပျက်စီး ကာကောက်ကွေး ပုံပျက်စေသည့်အပြင် အခြားခန္ဓာကိုယ်အစိတ်အပိုင်းများ ကိုပါ ထိခိုက်နိုင်သည်။ နောက်နောင်လမ်းမလျှောက်နိုင်ဘဲ အိပ်ယာ ပေါ်လဲသည်အထိ ဖြစ်နိုင်သည်။
    ရောဂါရှိကြောင်းဘယ်လိုသိနိုင်မလဲ။
    1. နံနက်အိပ်ယာထ လက်ဆစ်များ တစ်နာရီထက် ပိုရျ်တောင့်တင်းခြင်း
    2. အဆစ် ၃ခုနှင့်အထက် ရောင်ရမ်းနာကျင်ခြင်း
    3. လက်ဆစ်များရောင်ရမ်းနာကျင်ခြင်း
    4. ဘယ်ညာတစ်ပြိုင်နက်ဖြစ်ခြင်း
    5. အရေပြားအောက်တွင် အကျိတ်ဖုလေးများထွက်ခြင်း
    6. သွေးစစ်ကြည့်ရာတွင် ရောဂါဖြစ်စေသော ဓါတ်တစ်ခု Rheumatoid Factor တွေ ့ရခြင်း
    7. ဓါတ်မှန်တွင် အရိုးစားနေကြောင်းတွေ ့ရခြင်း
    8. အနည်းဆုံး ၆ပတ်ကြာဖြစ်ပွားရမည်။
    အထက်ပါအချက်များအနက် ၄ချက်နှင့်အထက် ရှိပါက RAရောဂါရှိသည်ဟုယူဆရပါသည်။
    အခြားခန္ဓာကိုယ်အစိတ်အပိုင်းများမှာပါထိခိုက်တတ်ပါသလား။
     ယေဘုယျအားဖြင့် ကိုယ်အလေးချိန်ကျခြင်း၊ မောပန်းလွယ်ခြင်း၊ မကြာခဏဖျားနာခြင်း
     ကြွက်သားနှင့်အရိုးစု ကြွက်သားများသိမ်လှီခြင်း၊အရိုးပွခြင်း
     သွေး အားနည်းခြင်း ၊သွေးဥမွှာများခြင်း
     မျက်လုံး မျက်ဖြူလွှာယောင်ရမ်းခြင်း
     သွေးကြော လက်ချောင်း ခြေချောင်းများရှိ သွေးကြောများရောင်ရမ်းခြင်း အနာများဖြစ်ခြင်း
     နှလုံး အပေါ်အမြှေးပါးနှင့် ကြွက်သားများရောင်ခြင်း နှလုံးသွေးကြောပိတ်ခြင်း
     အဆုတ် အလုံးအကျိတ်ပေါ်ခြင်း ရေဝင်ခြင်း လေပြွန်ငယ်များ လေအိတ်ကလေးများရောင်ခြင်း
     အာရုံကြော လက်ဖဝါးအာရုံကြောညပ်ခြင်း
    ခန္ဓာကိုယ်၏ ဘယ်အဆစ်များတွင်ထိတတ်ပါသလဲ
    တတိယအဆစ် ၉၀-၉၅%
    လက်ကောက်ဝတ် ၈၀-၉၀%
    ဒုတိယလက်ဆစ် ၆၅-၉၀%
    ဒူးဆစ် ၆၀-၈၀%
    တတိယခြေဆစ် ၅၀-၉၀%
    ခြေကျင်းဝတ် ၅၀-၈၀%
    ပုခုံး ၅၀-၆၀%
    လည်ပင်းကြောရိုးဆစ် ၄၀-၅၀%
    တင်ပါးဆုံအဆစ် ၄၀-၅၀%
    တံတောင်ဆစ် ၄၀-၅၀%
    မေးရိုးအဆစ် ၂၀-၃၀%

    ASO လေးဖက်နာပိုး ဓါတ်များခြင်းနှင့်ဆိုင်ပါသလား။
    မဆိုင်ပါ။ ASO များပါက နှလုံးနှင့်တွဲဖြစ်တတ်သော ပိုးလေးဖက်နာ Rheumatoid Fever ဖြစ်တတ်သည်။ သို ့သော် အဆစ်မရောင်ဘဲ ASO တစ်ခုတည်းများလျှင် စိုးရိမ်စရာမရှိပါ။
    ကုသနည်း
    ထိရောက်သော ကုသမှုသည် အောက်ပါဦးတည်ချက်များကို ဖြည့်ဆည်းနိုင်သည်။
    အဆစ်နာကျင်ခြင်းမှ သက်သာစေရမည်၊
    အဆစ်များ ကောက်ကွေးမှုမှ ကာကွယ်နိုင်ရမည်။
    နေ ့စဉ်ပုံမှန်လုပ်ငန်းဆောင်တာများ လုပ်နိုင်ရမည်။
    တချို ့ဆေးများသည် ရေတိုတွင် နာကျင်မှု သက်သာသော်လည်း ရေရှည်တွင် ကောက် ကွေးမှုကို မကာကွယ်နိုင်ခြင်း ၊ မျက်နှာဖောလာခြင်းတို ့ ဖြစ်တတ်သဖြင့် ကျွမ်းကျင်သော ဆရာဝန် နှင့် တိုင်ပင်ပြီးမှ ကုသင့်သည်။
    1. ပညာပေးခြင်း။
    2. လေ့ကျင့်ခန်းပြုလုပ်ခြင်း နာကျင်သော အဆစ်များအတွက် လျှပ်စစ်နည်းဖြင့်လေ့ကျင့်ခန်းပြု လုပ်ခြင်း၊ အပူအအေး လေ့ကျင့်ခန်းပြုလုပ်ပေးခြင်း၊ ထောက်အပံ့ ကျိုင်းထောက်နှင့် လမ်းလျှောက်ခြင်း။
    3. အစားအစာ။ ကိုယ်အလေးချိန်လျော့ချစေခြင်း အဆီလျော့စားခြင်း
    4. ဆေးပေးကုသခြင်း။ အဆစ်ရောင်ခြင်းကိုသက်သာစေသော အကိုက်အခဲပျောက်ဆေး များ NSAID ၊ စတီးရွိုက်ဆေးများ Steroid ၊ ဇီဝဆေးကုထုံးများ Eternacept ။
    5. အဆစ်အစားထိုးကုသပေးခြင်း။ါ်
    ရောဂါပျောက်ကင်းမှုကို ညွှန်ပြသော လက္ခဏာများ
     နံနက်ပိုင်းလက်ဆစ်များ တောင့်တင်းမှုမှာ ၁၅ မိနစ်ခန့်သာ ရှိတော့ခြင်း
     မောပန်းနွမ်းနယ်မှုကို မရှိခြင်း
     အဆစ်ရောင်ရမ်းမှုမရှိခြင်း
     သွေးနီဥ အနည်ကျနှုန်းနည်းသွားခြင်း ESR (အမျိုးသမီး 30 mm/1st hr ၊ အမျိုးသား- 20mm/1st hr အောက်တွင် ရှိခြင်း။
    အထက်ဖော်ပြပါ အချက်တို့ အနက် ၄ချက် ပြည့်စုံလျှင် ရောဂါ သက်သာပျောက်ကင်သည်ဟု ယူဆ နိုင်ပါသည်။
    ရောဂါသက်သာ ပျောက်ကင်းမှုကို ဟန် ့တားသော အချက်များ
    1. အသက်ကြီးမှ ရောဂါ စတင်ဖြစ်ခြင်း
    2. အမျိုးသမီးဖြစ်ခြင်း
    3. နာကျင်သော အဆစ်အရေအတွက်များခြင်း
    4. အဆစ်နာကျင် ရောင်ရမ်းခြင်းကို ကုသထိန်းသိမ်းမှု အားနည်းခြင်း
    သတိပြုရန် အချက်များ
    A. သွေးကြောင့်ဖြစ်သော လေးဖက်နာရောဂါသည် နာတာရှည်ရောဂါဖြစ်သည်။
    B. ရောဂါသဘာဝအရ သက်သာခြင်းနှ်င့် ရောဂါပြန်လည် ပြင်းထန်ခြင်းတလှည့်စီ ဖြစ်တတ်သည်။
    C. ရေရှည်ကုသမှုမခံယူပါက အဆစ်များကောက်ကွေးပြီး အိပ်ရာပေါ် လဲသည်အထိ ဖြစ်နိုင်သည်။
    D. အကို်က်အခဲပျောက်ဆေးများသုံးစွဲရုံနှင့် အဆစ်များကောက်ကွေခြင်းကို မကာကွယ်နိုင်ပါ။
    E. RA ရောဂါဟု ဆရာဝန်ကသတ်မှတ်ခဲ့လျှင် လည်း အနည်းဆုံး ၂နှစ်ခန့် ဆရာဝန်ညွှန်ကြားသည့်အတိုင်းဆေးကုသမှုခံယူရမည်။
    F. Methotrexate Cyclophosphamide စသည့် ကာကွယ်ဆေးများသောက်နေလျှင် ကလေး ယူရျ်မရပါ။
    G. ပရက်နီစလုံး -စတီးရွိုက် ဆေးများေသောက်ထားလျှင် ဆရာဝန်ကို ပြောပြပါ။ ဖျားနာသော အခါ မိမိသဘောဖြငိ့ ချက်ခြင်းမဖြတ်ရ။ သွေးပေါင်ရုတ်တရက်ကျတတ်သော အန္တရာယ် ရှိသည်။
    H. စတီးရွိုက်ပါသောဆေးများကို မိမိဖာသာသိရျ်ဖြစ်စေ မသိရျ်ဖြစ်စေ စွဲသောက်ပါက မျက်နှာများ ဖောလာခြင်း ၊အရိုးများပွရျ် ကျိုးခြင်း၊ အစာအိမ်ပေါက်ခြင်း ၊ရောဂါပိုးဝင်လွယ်ခြင်း အန္တရာယ် များရှိသောကြောင့် အဆစ်နာပျောက်ဆေးများကို ကြော်ငြာကောင်းတိုင်းမသောက်ပါနှင့်။

    http://myanmargazette.net/32806/health-fitness

  • moethidasoe

    November 23, 2011 at 11:22 am

    အိတုံ ကူးယူတင်ပြထားတဲ့အတိုင်းပဲ အဓိက က ဆေးကုသရမည့် အချိန်အတိုင်းအတာ ..
    ကိုဝိုင်း ရေးထားတဲ့ လူနာက သက်သာပြီဆိုရင် ပြန်ပြဖို့ မေ့တတ်တဲ့လူနာမျိုး ဖြစ်မယ်ထင်တယ် ..
    ဒါကြောင့် ခဏခဏ ပြန်ဖြစ်တယ် ဆိုတာပဲ .. ဆေးပတ် မလည်လို့ လို့ ရေးရင် ပိုမှန်မယ်

    • etone

      November 23, 2011 at 12:47 pm

      ဒေါက်တာ ပျောက်နေတာ အတော်ကြာပြီ အလုပ်တွေများနေတယ်ထင်ပါရဲ့နော် ။
      ဒါနဲ့ … ဒေါက်တာရေ .. ကျွန်မတို့နိုင်ငံမှာ လူအများစုက ရောဂါကို တဒင်္ဂသက်သာရုံလောက်ပဲ ကုကြတယ် … ဖျားတာနာတာအစ … အခုဆေးသောက် တော်ကြာရောဂါပျောက်ချင်ကြပေမယ် ့…အများစုကတော့ ဆေးပတ်လည်အောင် သောက်တဲ့လူ ၊ ကုသတဲ့ လူမဟုတ်ကြဘူးလေ … ။

  • mg wine

    November 23, 2011 at 12:09 pm

    ဟုတ်ကဲ့ပါ
    အမှန်တော့ကျွန်တော်ကဆေးဆရာမဟုတ်တော့ကျကျနန
    မရေးတတ်တာပါ။အဖြစ်အပျက်ကိုပဲရေးမိတာပါ။
    ဆေးပတ်မလည်တာဖြစ်မှာပါပြချိန်ကိုပြန်မပြနိုင်တာလည်းပါမှာပါ
    ရောဂါကတော့သက်သာသွားတာအမှန်ပါ
    ကမ္ဘာကိုဖြန့်ဖို့ဆိုတာကတော့တိုင်းရင်းဆေးဆရာတွေရဲ့
    အားနည်းချက်ပါ။
    လူတွေကလည်းတိုင်းရင်းဆေးဆိုရင်အထင်မကြီးကြတော့ဆရာတွေလည်း
    ကြောင်လက်သည်းဝှက်နေတာဖြစ်မှာပါ။

    • etone

      November 23, 2011 at 12:56 pm

      လူတွေကလည်း တိုင်းရင်းဆေးကို အထင်မကြီးတာတော့ မဟုတ်ပါဘူး …. ။ သူ့ရဲ့ အရေးပါပုံကို ထွန်းထွန်းပေါက်ပေါက်လူသိအောင် မလုပ်နိုင်သေးတာကြောင့် လျှပ်စားလိုဆေးမျိုး ၊ ဒဏ်ကြေဆေးလို ဆေးမျိုးလောက်သာ ပြည်သူတွေလက်ထဲ အတော်များများ ပျံ ့ နှံ ့တာ …. ။ အခုလို မြန်မာဆေးဆရာကောင်းတွေရှိပါလျှက် (ကိုယ့်ဆေးပေါ်ကိုယ် ယုံကြည်ချက်ရှိမယ်ဆို ) မြန်မာ့ဆေးကို လူသိရှင်ကြားဖြစ်အောင် လုပ်သင့်ပါတယ် … ။

  • windtalker

    November 23, 2011 at 2:37 pm

    မြန်မာဆေးကောင်းတွေ အများကြီးကို ဖော်ထုတ်နေတဲ့ ကိုမောင်ဝိုင်းရေ
    ဆက်လက်ဖော်ပြလာမယ့် ဆေးစွမ်းကောင်း ပို ့စ်တွေ စောင့်မျှော်နေပါတယ် ဗျို ့

  • kyawtheinmyint 23

    November 23, 2011 at 2:46 pm

    မြန်မာတိုင်းရင်းဆေး ကောင်းတာ၊စွမ်းတာကို သိပေမဲ့ တချို့တိုင်းရင်းဆေးဆရာအမည်ခံပြီး တိုင်းရင်းဆေးနဲ့ ပါတ်သက်ပြီးလဲ ဘာမှ သိပ်နားမလည်ပဲကု၊ပြီးတော့ အင်းဂလိပ်ဆေးနဲ့ အပ်ပုန်းထိုးနေတဲ့ စုန်းပြူးတွေကြောင့် တိုင်းရင်းဆေးကို ယုံကြည်မှုနည်းသွားတာပါ။

  • mihninlay

    November 24, 2011 at 11:32 am

    ကိုဝိုင်းရေကျေးဇူးအရမ်းတင်တယ်..
    ကျွန်တော်ကိုယ်တိုင်ကသွေးလေးဘက်နာဖြစ်နေတာမို ့ဒီနည်းလမ်းတွေနဲ ့
    ကြိုးစားကြည့်ပါအုံးမယ်
    အခုလောလောဆယ်တော့အင်္ဂလိပ်ဆေးရောမြန်မာတိုင်းရင်းဆေးရောသုံးနေလို ့
    နည်းနည်းတော့သက်သာနေတယ်
    အင်္ဂလိပ်ဆေးကတော့ဆေးပတ်လည်အောင်သောက်မှသက်သာတာ

    • mihninlay

      November 24, 2011 at 11:36 am

      ရေးဖို ့ကျန်သွားလို ့ လက်ဆစ်ခြေဆစ်လေးတွေယောင်ပြီးအတက်လေးတွေထွက်လာရင်
      သံပုရာမြစ်ကိုသံပုရာရည်လေးနဲ ့သွေးလိမ်းရင်တကယ်သက်သာတယ်ဆိုတာတော့
      လက်တွေ ့ပဲ အဆစ်လေးတွေထွက်လာရင်၄/၅ခါလောက်လိမ်းလိုက်တာနဲ ့ဆိုပုံမှန်ပြန်ဖြစ်သွားပြီ

  • Traditional Medicine

    January 30, 2013 at 4:27 pm

    တိုင်းရင်းဆေးတက္က သိုလ် ကို နိုင်ငံတော် မှ2002 ခုနှစ်မှစတင်ဖွင့်လှစ်ခဲ့ပါတယ်။ခုဆိုရင် အပတ်စဉ် 7 အထိကျောင်းပြီး သွားပါပြီ။ စာတွေ့ ၄ နှစ် အလုပ်သင် ၁နှစ် စုစုပေါင်း ၅ နှစ် သင်ကြားရပြီး ကျောင်းပြီးပါက BMTM (Bachelor of Myanmar Traditional Medicine) မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ ပေးပါတယ်။
    စာသင်နှစ် ပထမနှစ်မှာ Basic Science,Basic Traditional Medicine, ဒုတိယနှစ်မှာ အနောက်တိုင်းဆေးပ ညာအခြေခံသဘောတရားတွေ၊လူနာစမ်းသပ်နည်းတွေ ၊တတိယနှစ် မှာ တိုင်းရင်းဆေးပညာ စာတွေ့လက်တွေ.၊ နောက်ဆုံးနှစ်မှာ တရုတ်အပ်စိုက်၊ အိန္ဒိယဆေးပညာ ၊စသဖြင့် သင်ကြားပေးပါတယ်။ အလုပ်သင်မှာတော့ ရန်ကုန်တိုင်းရင်းဆေးရုံ၊ မန္တလေး တိုင်းရင်းဆေးရုံမှာ ၁ နှစ်တိတိ ဆင်းရပါတယ်။ ဘွဲ့ရ ပြီးရင် တ၊ဆ လက်မှတ်ပေးပါတယ်။ အစပိုင်းမှာ နှစ်သက်ရာလူတက်နိုင်ပြီး၊ အပတ်စဉ် 4 မှစကာ ၁ဝ တန်းအမှတ်နှင့် စတင်ခေါ်ပါတယ်။ အပတ်စဉ် ၆ တွင် အမှတ် 420 မှစတင်ခေါ် ကာ ယခု နောက်ဆုံးအပတ်စဉ် တွင် ၄၃ဝ ဝန်းကျင်မှစတင် ခေါ်နေကြောင်းသိရပါတယ်။ တိုင်းရင်းဆေးပညာ ကိုစိတ်ဝင်စားသူများ မိမိ၏ ညီ၊ညီမ၊ တူ၊တူမ များကို ပြောပြနိုင်ရန်ရေးသားလိုက်ပါတယ်။ တိုင်းရင်းဆေးဆရာ ဖြစ်စေ၊ အနောက်တိုင်း ဆရာ ဝန်ဖြစ်စေ လူနာကိုရောဂါသက်သာစေရန် စေတနာမှာအတူတူပင်ဖြစ်ပါတယ်။ အားသာချက်၊ အားနည်း ချက်ကိုယ်စီ ရှိကြပါတယ်။ မိမိ ဘာသာ သေချာ လေ့လာပြီး ကုသရမှာပါ။ အူ အတက်ပေါက်ခြင်း ကို တိုင်းရင်းဆေးဆရာထံပြရန် မလိုသလို ….အကြောရိုးဆစ်ဆိုင်ရာရောဂါအချို့ တွင်လည်း ကိုက်ခဲ ပျောက်ဆေးသောက်နေရုံ အဆင်မပြေပါ။ ဗဟုသုတ ရှိဖို့အရေးကြီးပါသည်။ ဆရာဇီဝက ကိုလည်း မမေ့စေလိုပါ။

Leave a Reply