သတ္တိရှိသောငှက်တစ်ကောင်

htet wayNovember 23, 20111min962

သိုက်စွန့်ပျံသန်း
ဟို့တောတန်းဆီ ….။

အတောင်ကျွတ်လည်း
မိုးကြားမရွံ့ မတွန့်မတုန်
လေဟုန်မစီး တောမီးမကြောက်
ဒူးမထောက်ပါ
တစ်ပေါက်စမ်းရေ တွေ့ရနိုး။

မုန်တိုင်းကြမ်းကြမ်း လမ်းပိတ်ကာဆီး
မညည်းမခို ရှေ့ကိုအရောက်
ထိုးဖေါက်ပျံတက် စားကျက်ရှာဖွေ
အေးရိပ်မြေသို့
မိတ်ဆွေငှက်တို့ပျော်စံရာ။

သစ္စာရှိငှက် ရည်ရွယ်ချက်ဖြင့်
သိုက်စွန့်ပျံသန်း ဟို့တောတန်းဆီ….။

ဝန်ခံချက်။ ။ပုသိမ်တက္ကသိုလ်နှစ်လည်မဂ္ဂင်းမှာဖေါ်ပြပြီးသားကဗျာပါ အရင်ကမသုံးရဲတဲ့
စကားလုံးလေးတွေ ပြုပြင်ထားပါတယ်။

2 comments

  • windtalker

    November 23, 2011 at 9:05 pm

    ငါ လာမယ် အချစ်ငှက်ငယ်
    အချစ်ငှက် ရဲ ့သိုက်တစ်ခုသို ့
    လေမုန်းတိုင်းများထံ လှိုင်းကြမ်းထဲလဲဘဲ ကူးခတ်လို ့…
    (မျိုးကြီး သီချင်း)

  • chityimhtoo

    November 24, 2011 at 9:00 am

    ဖမ်းပြီးစာကလေးဗေဒင်လုပ်လိုက်ရ…..အဲလေ ငှက်ဗေဒင်…:P

Leave a Reply