ရွှေသင်္ခါ ပညာရေး ဖောင်ဒေးရှင်းတဲ့ ………..လား

naywoon niNovember 23, 20111min1557

ဒီဖောင်ဒေးရှင်ကို တည်ထောင်သူက ဦးသန်းဝင်းတဲ့……။ တစ်ခါတစ်ရံ လည်း ဖိုးသန်းဝင်းဆိုတဲ့ နာမယ်နဲ့ စာရေးတယ်…။ သိပ်တော့ သိကြမယ်မထင်…..။ ဌာနဆိုင်ရာတစ်ခုက အငြိမ်းစားဝန်ထမ်းတစ်ယောက်….။ ဇာတိက တပ်ကုန်းမြို့ အရှေ့ဘက် တစ်မိုင်လောက် (ခုတော့ အနော်ရထားရပ်ကွက်) ဝေးတဲ့ နောင်သင်္ခါ ကျေးရွာဖွား…..။ ယခုအခါမှာ ဦးသန်းဝင်းဟာ ရန်ကုန်မြို့မှာ မိသားစုနှင့်အတူနေထိုင်လျှက်ရှိပြီး ရရှိတဲ့ ပင်စင်လစာနှင့် စာအုပ်များဝယ်ယူစုဆောင်းခြင်း စာကြည့်တိုက်များသို့ ပေးပို့လှူတန်းခြင်း ဖိတ်ကြားလာသော စာကြည့်တိုက်ဖွင့်ပွဲများသို့ တက်ရောက်ခြင်းများ ပြုလုပ်လျှက်ရှိပြီး 2010 ပြည့်နှစ်မှ အစပြုကာ တပ်ကုန်မြို့နယ်အတွင်းရှိ လူငယ်များ ဗဟုသုတနှင့်ရသစာပေ ဖတ်ရှု လေ့လာမှု အရှိန်အဟုန် တိုးမြင့်လာစေရေးကို ရည်သန်ပြီး မေးခွန်း(၁၀၀) ပါဝင်ဖြေဆိုရတဲ့ ရွှေဉာဏ်ရှင် ရွေးချယ်ပွဲကို စတင်ခဲ့ပါတယ်…..။ သူမွေးဖွားရာ ရွာကို အစွဲပြုပြီး ရွှေသင်္ခ ါ လို့ အမည်တပ်ထားတဲ့ ဖောင်ဒေးရှင်းတစ်ခုတည်ထောင်ပြီး ဆုငွေများကို သူတစ်ယောက်ထဲက စိုက်ထုတ်ပေးခဲ့ပြီး ပြိုင်ပွဲ စည်းကမ်းချက်တွေကတော့…………….
၁။ တပ်ကုန်းမြို့နယ်အတွင်းနေထိုင်သူဖြစ်ရမည်…။
၂။ မေးခွန်း-၁၀ဝ မှာ (၉၀) အထက်မှန်ကန်အောင် ဖြေဆိုနိုင်သူ ကိုသာ စံမီအဖြေရှင်အဖြစ် သတ်မှတ်ပြီး ၎င်းတို့ထဲမှ အမှတ်အများဆုံးရရှိသူကို ပ-ဒု-တ ရွေးချယ်ကာ ရွှေသင်္ခါ ပညာရေးဖောင်ဒေးရှင်းမှ ဂုဏ်ပြုဆုငွေ ချီးမြှင့်ပါမည်….။
ပထမဆု – ၃၀၀၀၀/- ကျပ်
ဒုတိယဆု -၂၀၀၀၀/- ကျပ်
တတိယဆု -၁၀၀၀၀/- ကျပ်
၃။ ဆုရရှိသူများကို တပ်ကုန်မြို့ စာဆိုတော်နေ့ အခမ်းအနားတွင် ဆုချီးမြှင့် ပေးပါမည်…။
စသည်ဖြင့်ပေါ့….။
ရွာသားတွေကော အဲဒိမေးခွန်းလေးတွေ ဖြေမကြည့်ချင်ဘူးလား…….။ မနှစ်က မေးခွန်းလေးကို ခွင့်တောင်ပြီးတင်ပေးလိုက်တယ်နော်….။ မေးခွန်းတွေကတော့…………..
၁။ တပ်ကုန်းဆိုတဲ့ အမည်ကို ခိုင်မာသော အထောက်အထားများအရ မည့်သည့်ခုနှစ်မှာ
အစောဆုံးတွေ့ရပါသလဲ?။
၂။ Non-Smoking Factory ဆိုတာဘာလဲ…။
၃။မြန်မာ့ ပထမ ဦးဆုံး ကာလပေါ်ဝတ္ထု ၏အမည်နှင့် စာရေးဆရာ….။
၄။ ကြေးမုံ သတင်းစာ ထုတ်ဝေတဲ့နေ့….။
၅။ စာနယ်ဇင်း ဆိုတဲ့ ဝေါ်ဟာရကို စတင်သုံးစွဲခဲ့တဲ့ စာရေးဆရာ…။
၆ ။ “ ရန်ကြီးအောင် ကုန်းဘောင်သပါလို့ ၊ ငါးမည်ရ ပြည်ရွှေဘို” ဟူသည်ကားအဘယ်နည်း…..။
ရ။ “ ကြိကဋုက် ဆိုတာ ဘာအဓိပ္ပါယ်လဲ?……..။
ဂ။ ကဗျာဆရာ..။ စာရေးဆရာ အမည်ကို အစွဲပြု မှည့်ခေါ်သော မြန်မာ မဂ္ဂဇင်း( ၅) မျိုး ကိုဖော်ပြပါ….။
၉။ IELTS နှင့် TOEFL တို့၏ အရှည် အဓိပ္ပါယ်….။
၁၀။ မြန်မာနိုင်ငံမှာ ရုပ်မြင်သံကြား (TV) စတင်ပြသည့်နှစ်….။
၁၁။ “ တပ်ကုန်းမြို့နယ်” အဆင့်စတင်သတ်မှတ်သည့်နေ့….။
၁၂။ CNG ဆိုတာက ဘာလဲ…။ အရှည်စာလုံးနှင့် အဓိပ္ပါယ်ဖော်ပြပါ…။
၁၃။ ဆိုလာ စွမ်းအင်ဆိုတာ(Solar Energy )က ဘာလဲ?
၁၄။ စာပေ လောကသားများက “သူ” ဆိုတာ ဘယ်သူ့ရည်ညွှန်း ပြောတာလဲ…။
၁၅။ လောက နိတိကျမ်းကို ရေးသားပြုစုသူ၏ အမည်…..။
၁၆။ မာသာထရီးဇာနှင်နှိုင်းယှဉ်ရလောက်အောင် မြန်မာပြည်မှ တိုင်းကျိုးပြည်ဆောင် ဘွဲ့ရရှိသည့် ပရဟိတ
ပုဂ္ဂိုလ်ကြိး အမည်…။
၁ရ။ နေပြည်တော်ခရိုင်တွင် မည့်သည့် မြို့နယ်များပါဝင်သနည်း…။
၁၈။ BOT ဆိုတာ ဘာလဲ…..။
၁၉။ 2010 ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ နာမည်ကြီးခဲ့တဲ့ နိုင်ရှုံး ခန့်မှန်းဝိဇ္ဇာကြီး …..။
၂၀။ တပ်ကုန်းသားတစ်ယောက်အကြောင်းရေးထားတဲ့ အထ္ထုပ္ပတ္တိ စာအုပ်အမည်…။
ဘယ်သူ့အကြောင်းရေးတာလဲ..။ ဘယ်သူရေးရေးတာလဲ?။
၂၁။ ASEAN ဆိုတာဘာလဲ။ဘယ်တုန်းကဖွဲ့တာလဲ။ မြန်မာနိုင်ငံ အဖွဲ့ဝင်ဖြစ်သည့်နှစ်ကိုဖော်ပြပါ…။
၂၂။ မြန်မာနိုင်ငံ ကိုအရင်က “BURMA” လို့ခေါ်ဝေါ်သုံးစွဲရာက “ MYANMAR” ဆိုတာ ဘယ်နှစ်မှာ
တရားဝင်ပြောင်းခဲ့တာလဲ…။
၂၃။ ဖေဖော်ဝါရီလ 12 ၊13 ၊ 14 တို့သည် ထူးခြားသော အဓိပ္ပါယ် ရှိသည့်နေ့များဖြစ်သည်။
ထို့နေ့ရက်များ၏ ထင်ရှားသော သင်္ကေတများကို ဖော်ပြပါ…။
၂၄။ ‘HIV’ နှင့် “ AIDS” တို့၏ စားရှည်အရှည်များကိုဖော်ပြပါ…။
၂၅။ ဩောင်း ရဲ့ အဓိပ္ပါယ်…..။
၂၆။ မောင်စွမ်းရည်ရဲ့ လက်သံအပြောင်ဆုံး စာပေဝေဖန်ရေးစာအုပ်….။
၂၇။ “ မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ခဲ့ရပြီ” ဆိုတာ ဘယ်သူရေးခဲ့တာလဲ….။
၂၈။ တပ်ကုန်း ဟာ ဘယ်ခရိုင် ၊ဘယ်ဒေသကြီးထဲမှာ ပါသလဲ….။
၂၉။ “ တိုင်ကို ရေရနံ သုတ်ထား၍ ကင်းမတက်နိုင်” ရဲ့ အဓိပ္ပါယ်…..။
၃၀။ “ သမိုင်းကို ဘာလို့သင်သလဲ” ဆိုတဲ့ မောင်သာရရဲ့ အမေးကို သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းက
ဘယ်လိုဖြေခဲ့သလဲ…။
၃၁။ တပ်ကုန်းမြို့နယ်မှ စာပေဗိမာန်ဆုရ စာရေးဆရာအမည်နှင့် စာအုပ်များကိုဖော်ပြပါ…။
၃၂။ 2010 ပါတီစုံရွေးကောက်ပွဲမှာ မဲ ဆန္ဒနယ် မည်မျှရှိသလဲ…။
၃၃။ Vs ဆိုတာ ဘာ အဓိပ္ပါယ် လဲ….။
၃၄။ 2010 ကမ္ဘာ ဖားပွဲမှာ လူပြောများလွန်းလို့ အောက်စ်ဖို့အဘိဓါန်မှာတောင် ထည့်သွင်းခံခဲ့ရတဲ့
ဝေါ်ဟာရ….။
၃၅။ “The Hell-Hound at Large” ဆိုတာဘာလဲ။ ဘယ်မဂ္ဂဇင်းမှာ ဘယ်သူရေးခဲ့တာလဲ….။
၃၆။ လေနုအေးကတနွဲ့နွဲ့ နောဆဲကို …. ဆိုတဲ့ စကားပြေကို ဘယ်သူရေးခဲ့တာလဲ….။
၃၇။ မြန်မာ့ရာဇဝင်ပ၌ ထီးနန်းငြင်းသူ(ဘုရင်လုပ်ရန်ငြင်းသူ)
(၄)ဦးရှိခဲ့ကြောင်းဖော်ပြထားသည်။မည်သူတွေလဲ….။
၃၈။ မြန်မာ့သမိုင်းတွင် “ စောလုံစောင့်ပါခလှဲ့- စောလုံစောင့်ပါခလှဲ့- “
ဟုယောင်ယမ်းမြည်တမ်းမိသူကးအဘယ်သူနည်း….။
၃၉။ ဩကာသ…. ၏ အနက် အဓိပ္ပါယ် …..။
၄၀။ တပ်ကုန်မြို့နယ်မြောက်ဘက် ရွာတစ်ရွာမှ ထင်ရှားသော သာသနာပြုပုဂ္ဂိုလ်၏ အမည်နှင့်
ဇာတိကျေးရွာကိုဖော်ပြပါ….။

ကဲ….။ရွာသားတို့ရေ…..။ ဒီမေးခွန်းလေးဆယ်ကိုဖြေကြည့်ပါဦး နောက်နေ့မှ ဒီမေးခွန်းတွေရဲ့ အဖြေနဲ့ နောက်မေးခွန်းခြောက်ဆယ်ကို ဆက်လက်တင်ပေးပါ့မယ်…။ ဒီနှစ်မေးခွန်းက သူတို့ရဲ့ ရွေးချယ်ပွဲမှာ အနှောက်အယှက်ဖြစ်မှာစိုးလို့ သတ်မှတ်ရက်ကျော်မှ တင်ပေးမယ်နော်….။

7 comments

  • windtalker

    November 23, 2011 at 10:09 pm

    3 ဂျိမ်းလှကျော် ၏ မောင်ရင်မောင် မမယ်မ
    10 တီဗီ စဝယ်ပြီးတဲ့နေ ့
    13 ဂေဇက်ရှိ ဆိုလာကိုကို ဆိုသော ပေါက်ဖော် ထုတ်သော စွမ်းအင်
    19 ရေဘဝဲ ပေါ
    21 စာအုပ်နာမည် = “ ပုလင်းများ၏ ဒဏ္ဍာရီ ” ၊ ရေးသူ = နေဝန်းနီ
    23 ပြည်ထောင်စုနေ ့၊ ဗိုလ်ချုပ်မွေးနေ ့၊ ဗယ်လင်တိုင်းနေ ့
    33 versus
    34 ဗူဗူဇီလာ
    အဖြေ ၈ ခု ဆိုတော့ ၊ ၁၀ဝ ရဲ ့၈ % ၊ ဆုငွေ ၃၀၀၀ဝ ရဲ ့ ၈ % ၂၄၀ဝ ကျပ် ကျုပ် ရမှာပေါ့နော်

  • Gipsy

    November 24, 2011 at 1:56 am

    ရစေဗျား…..။ 10 % ရချင်တယ်…။

  • kai

    November 24, 2011 at 4:10 am

    မသိတာတွေများနေတယ်..
    တပ်ကုန်းသားမဟုတ်လို့လည်း ဖြစ်မှာပါ…

    “ သမိုင်းကို ဘာလို့သင်သလဲ” ဆိုတဲ့ မောင်သာရရဲ့ အမေးကို သမိုင်းပါမောက္ခဒေါက်တာသန်းထွန်းက
    ဘယ်လိုဖြေခဲ့သလဲ…။

    မောင်သာရ မေးတာလို့.. အခုမှသိတယ်…။ မအတော့ဘူးပေါ့..။

    အောက်က ငရဲခွေးကြီးလွတ်နေပြီကို.. ဆရာဆန်နီဘာသာပြန်ပေးရင် ကောင်းမှာပဲ..။
    ဘယ်သူမှ ပြန်ထားတာ မတွေ့မိဘူး..။

    ကျန်တာတွေ.. သိချင်မိသား. 😆

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 24, 2011 at 8:51 am

    ဒေသစွဲပါတာလေးကတော့
    နည်းနည်းလေးဂွကျနေသလိုဘဲ
    ဘာဘဲဖြစ်ဖြစ်ပါ
    ကိုယ်နဲ့ လက်လှမ်းမှီတဲ့ နေရာမျိုးလောက်ဆို ဆုကြေးတွေကို နည်းနည်းပါးပါး
    ကူညီထည့်ဝင်ပေးဘို့တောင် စိတ်ကူးမိပါရဲ့

  • naywoonni

    November 24, 2011 at 3:52 pm

    လက်လှမ်းမီပါတယ် ပုပုရဲ့ …။ အဲဒိပုဂ္ဂိုလ်က ရန်ကုန်မှာနေတာပဲဟာ….။ ဒီဇင်ဘာလလယ်လောက် တပ်ကုန်းက စာပေဟောပြောပွဲကိုလာမယ်….။ လိပ်စာနဲ့ ဖုန်းတောင်းထားလိုက်ပါ့မယ်…။ ဆက်သွယ်ကြည့်ပေါ့….။ ဒီပြိုင်ပွဲတစ်ခုပဲ သူ့ဒေသ ဖွံ့ဖြိုးရေးပါတာ….။ စာကြည့်တိုက်တွေကတော့ ဒေသမရွေး သူလက်လှမ်းမီသေလောက် စာအုပ်တွေ ဝယ်လှူနေတာပဲ…။ သူ့ပင်စင်လစာနဲ့ သူ့သား (ဆရာဝန်က သူ့အဖေ လုပ်ချင်တာလုပ်-ဆိုပြိး တစ်လ ငါးသောင်း ကန့်တော့တယ်) ထောက်ပံ့တဲ့ ငွေတစ်သိန်းကျော်လောက် စာကြည့်တိုက် တွေ စာအုပ်ဝယ်လှူနေတာနဲ့ ကုန်တာပဲ…။

  • မှော်ဆရာ

    November 25, 2011 at 12:01 am

    ဟယ် မှော်ဆရာ ဖြေပြလိုက်ရင် .. အဝေးသင်ကျောင်းသားတွေ ငြိ်မ်းကို အားကိုးသလို တပ်ကုန်းက ကလေးတွေ မှော်ဆရာ့ အဖြေကို ဝိုင်းအားကိုးကြတော့မှာပဲ …
    အော် လက်ရှောင်ထားဦးမှပဲလေ …

  • victor soemoe

    November 25, 2011 at 8:34 pm

    ဖြေပေးမယ့် အေြ့ဖတွေ စောင့် ဖတ်ရတာပဲ ကောင်းမယ်ထင်တယ်ဗျာ —–

Leave a Reply