သောက်တော်ရေကပ်ထားရာမှ စွယ်တော်အရိပ်ပေါ်ခြင်း

etoneNovember 24, 20111min32537

မနေ့ညက အိမ်ရောက်တယ်ဆိုလျှင်ပဲ … မကြုံစဖူး လူစုံတတ်စုံ ဝိုင်းထိုင်စကားပြောနေကြတာ မြင်လိုက်ရပါတယ် ။ သူတို့ ဘာပြောမှန်းလည်း ကျွန်မမသိ ၊ သိလည်း မသိချင်ပေမယ့် ကျွန်မပြန်ရောက်လာတာမြင်တော့မှ အားလုံးမျက်နှာပိုးသပ်ပြီး အသံမထွက်ကြတော့ပဲ ပြုံးစိစိလုပ်နေကြပါတယ် … ။ ဒါဆိုသေချာပြီလေ ကျွန်မအကြောင်းပြောနေကြတာပေါ့ ။

ဒါနဲ့ သူတို့ဘာပြောနေကြသလဲ အစ်လိုက်တော့ … မင်္ဂလာဒုံမှာ သောက်တော်ရေခွက်ထဲက စွယ်တော်ပေါ်လာတဲ့အကြောင်းပြောနေကြတာပါတဲ့ လေ… ။ ထစ်ခနဲဆို စာရေးပြီး ပို့စ်တင်မယ် စိတ်ကူးတတ်တဲ့ ကျွန်မကို မကြားစေချင်တာလည်း ပါတာပေါ့ … ။ ကျွန်မအစ်ကိုက ပြည်တွင်း သတင်းဂျာနယ် သုံးလေးခုမှာ ဂျာနယ်လစ် လုပ်နေတာကြောင့် သူသတင်းသွားယူခဲ့တဲ့ ဆွယ်တော်အကြောင်းပြောနေကြတာပါ…. ။ မင်္ဂလာဒုံက အိမ်တစ်အိမ်ရဲ့ ဘုရားသောက်တော်ရေ ကပ်တဲ့ခွက်ထဲမှာ စွယ်တော်ပုံလေးပေါ်နေပါသတဲ့လေ … ။ တနေ့က ညကတည်းက ပေါ်နေတာကြောင့် လူအများသွားရောက်ဖူးမျှော်ကြပါတယ် … ။ ကျွန်မလည်း မယုံတဝက်ယုံတဝက်နဲ့ ဘယ်မှာလဲ ဓါတ်ပုံပြဆိုတော့ သူရိုက်လာတဲ့ဓါတ်ပုံကို ပြပါတယ် …. အဲ့ဒါမြင်တော့မှ မယုံကြည်နိုင်လောက်အောင်ပဲ အံ့ဩခဲ့ပါတယ် … ။ သူ့ဓါတ်ပုံလေးငါးဆယ်ပုံဆိုတော့ ကျွန်မကို တစ်ပုံလောက်ပေးပါလား ရွာထဲမှာ ပြန်ပြချင်လို့ဆိုတော့ … မပေးပါဘူးတဲ့လေ … ။ သူလည်း ဂျာနယ်တိုက်တွေကိုပေးရမှာ ဆိုက်ထဲမှာ အ ရင်တင်ပြီးပုံ ဂျာနယ်ထဲပါလာလျှင် မကောင်းပါဘူးဆိုပြီး ဘယ်လိုတောင်းတောင်းမပေးဘူးတဲ့လေ … ။ အိမ်ကလူတွေရယ်နေကြတာကတော့ အစ်ကိုက ဂျာနယ်တွေမှာ သတင်းရေးတယ် ၊ ညီမကလည်း ဟုတ်တာရော ၊ မဟုတ်တာပါ … အင်တာနက်ထဲ တက်တက်ဖွတယ် … မိဘတွေက ဝါသနာ မပါလာသလောက် … သူတို့ကတော့အတော်ဝါသနာပါတဲ့ မောင်နှမဆိုပြီး ပြောနေကြတာပါ … ။

ဒါနဲ့ သူရိုက်လာတာ ကင်မရာထဲမှာရော ဖုန်းထဲမှာပါတွေ့တော့ …. သူအိပ်နေတုန်း သွားခိုးဖို့ လုပ်ပါသေးတယ် ။ ဟီး .. ဟီး :mrgreen:  သူကလည်း ကျွန်မအကြောင်းကို သိတော့ …အတော် နပ်တဲ့လူပဲ … အိပ်တာတောင် ဖုန်းနဲ့ ကင်မရာကို ခေါင်းအုံးအောက်ထဲံထည့်ပြီးအိပ်တယ် … တရေးနိုးသွားထကြည့်လည်း လုံးဝနေရာမရွှေ့ဘူး … ။ ဒါနဲ့ ကျွန်မဓါတ်ပုံ ခိုးလို့မရခဲ့ပါဘူး … ။

စိတ်ဝင်စားလို့ ကိုယ်တိုင်သွ ားဖူးချင်တယ်ဆိုလျှင် မင်္ဂလာဒုံရောက်တဲ့ ဘာကားပဲစီးစီး စပယ်ယာကို မေးလိုက်တာနဲ့ ဘယ်မှာဆင်း ဘယ်ကိုလမ်းလျှောက်ဆိုပြီးလမ်းညွှန်ပါလိမ့်မယ် … တရုတ်ပြည်က စွယ်တော်ကြွနေစဉ်အတွင်းမှာ ထူးခြားတဲ့ တိုက်ဆိုင်မှုဖြစ်တာကြောင့် လူအများသွားရောက်ဖူးမျှော်ကြပါတယ် … ။ အလှည့်ကျ တန်းစီပြီးမှ ဖူးမျှော်ခွင့်ရတာပါတဲ့လေ … ။ မနက်ခြောက်နာရီလောက်က တန်းစီလျှင် ရေခွက်ထဲက စွယ်တော်ရိပ်ကိုမြင်ရဖို့ ရှစ်နာရီလောက်မှ ရောက်ပါသတဲ့ … အဲ့ဒီလောက်တောင် လူများအောင် တန်းစီစောင့်ဆိုင်းရပါတယ် ။ တစ်ခါတစ်လေ သဘာဝလွန်ဖြစ်ရပ်တွေရှိနေတတ်ကြောင်းကို ဒီစွယ်တော်ရိပ်က သက်သေထူနေပါတော့တယ် ။

တရုတ်ပြည်မှ ကြွလာတဲ့ ဆွယ်တော်ကို ဖူးချင်လျှင်တော့ ကမ္ဘာအေးကို သွားဖူးလို့ရပါတယ် ။ ဒါပေမယ့် သတိပြုရမှာတော့ မိမိတို့ရဲ့ ဖုန်းအပါဝင် ဘာပစ္စည်းမှ အတွင်းကို ယူဆောင်ခွင့်မရှိပဲ လုံခြုံရေးကို အပ်ထားရပါသတဲ့ … ။ ကျွန်မအစ်ကိုသွားဖူးတုန်းကတော့ ဖုန်းအပ်ထားတာ စိတ်မချလို့ ကဒ်ကိုဖြုတ်ပြီး အိပ်ကပ်ထဲ ထည့်လာရပါသတဲ့လေ … ။ သူ့ရဲ့ ဂျူနီယာတစ်ယောက်သွားဖူးတုန်းက ဖုန်းကို ကဒ်မဖြုတ်ပဲ ထားခဲ့တာ …. ဖုန်းခိုးဆက်ထားတာတွေ တွေ့လိုပါတဲ့လေ … ။

စွယ်တော်အရိပ်ပေါ်တဲ့ပုံလေး သူ့ဆီက တိုလို့ရလျှင် ထပ်တင်ပေးပါဦးမယ် … ။ 😀 အခွင့်ခါ သင့်လို့ ကိုယ်တိုင်သွားဖြစ်မယ်ဆိုလျှင်လည်း … ရိုက်တင်ပေးပါဦးမယ် ။

 

ဒါကတော့ ဓါတ်ပုံထုတ်ပြီးသားကို လက်ကကိုင်ပြီး ဖုန်းနဲ့ ပြန်ရိုက်ထားတာပါ .... ။

 

သူကအထူးဆန်းဆိုလျှင် ဓါတ်ပုံအဖြစ် ကူးထားတတ်တဲ့ အကျင့်ရှိတာကြောင့် ... သူ့စာအုပ်စင်ကို မွှေနှောက်ရှာပြီး .... တပုံတွေ့လို့ ... ဟီးဟီး 😀

37 comments

  • htoosan

    November 24, 2011 at 10:04 am

    ချစ်ရင်ထူ ရေးထားတာ တိတိကျကျ ရေးထားပေမဲ့ ယုံ ရခက်ခက်ဖြစ်နေတာ အိတုံ အကို ဓါတ်ပုံ ရိုက်လာတယ်ဆိုတော့ ယုံ ရတော့ မယ်နဲ့ တူတယ်။ ဂျာနယ်တွေ ရောင်းကောင်းပြီး အလူငွေ လည်းပိုတက်လာတော့မယ်။
    အကို့ပုံ ဂျာနယ်မှာ ပါပြီး ရင် တင်ခွင့်တောင်းပေါ့။

    • etone

      November 24, 2011 at 10:15 am

      ဟုတ်ပါတယ် … ကျွန်မလည်း လက်တွေ့မမြင်ရလျှင် ယုံမယ့်အမျိုးစားထဲက မပါလို့ … ဓါတ်ပုံကြည့်ပြီးမှ …အဲ ဟုတ်ပါလား ဆိုတာတွေဖြစ်ကုန်တာပါပဲ … ။ ရေအရောင်မှာ အထဲက လေခိုပြီး လေဘောလုံးလေးဖြစ်နေကာ … စွယ်တော်အရောင်ကလည်း ပုလဲဝါရောင်ဖြစ်နေပါတယ် … ။ ဒါလေးမြင်တော့ တကယ်ပါလား လက်ခံရတော့တယ် … ။
      ဓါတ်ပုံခိုးလို့ရဖို့ ဒီနေ့ညထပ်ကြိုးစားပါဦးမယ် …. ။ 😀

      • Moe Z

        November 24, 2011 at 10:39 am

        ရအောင်ခိုး မမetoneရေ လိုအပ်ရင်အိပ်ဆေးနည်းနည်းတိုက်လိုက် 🙂

        • Diamond Key

          November 24, 2011 at 1:14 pm

          အယ်……….အိပ်ဆေးတိုက်တာတွေ လိုက်စစ်နေတယ်နော်……(
          http://news.yatanarpon.com.mm/news/news-43923) 🙂 🙂 🙂
          မအိတုန်က ၃/၄ ဂျာပိုင် ဂျာနလစ်ကြီးရဲ့ ညီမကိုး 😆 😆 😆
          ဒါကြောင့် သတင်းကောင်းတွေ ရှိနေတာ 😛
          ဂျာနယ်မှာ ပါတဲ့ပုံ ကြည့်ပြီးပြီနော် ….အိပ်ဆေးတိုက်နဲ့တော့ ……….. :mrgreen:

        • Moe Z

          November 24, 2011 at 1:42 pm

          အဲဒါကလေးတွေအတွက်စစ်တာလေ ကိုစိန်သော့ကလည်း
          မမetone အကိုက ကလေးမှမဟုတ်တာ 🙂

  • lone

    November 24, 2011 at 10:56 am

    မမ etone …ဘာပစ္စည်းမှ မယူသွားရဘူး…phone ကော camera ကော ထားခဲ့တယ်ဆိုပြီး …မမ etone အစ်ကို ကဘယ်လိုဓါတ်ပုံရိုက်လာတာတုန်း…အဲဒါလေးလည်း နဲနဲရှင်းပြပေးပါဦး…

    • etone

      November 24, 2011 at 11:07 am

      မိလုံးရေ စာကို သေချာပြန်ဖတ်ပါကွယ် ။ ပြောထားတာက စွယ်တော်အရိပ်အကြောင်းပါ ။ အဲ့ဒါက မင်္ဂလာဒုံမှာ ။

      ဘာမှ ယူသွားလို့မရတာက ကမာ္ဘအေးက တကယ့်စွယ်တော်သွားဖူးတဲ့အခါပါ …။ 😀

      • lone

        November 24, 2011 at 11:22 am

        ဪ…အင်း…ဟုတ်သားပဲ…ဟိဟိ…mian hae eonni … sorry sister… duibuqi jiejie…:)

  • ဆူး

    November 24, 2011 at 11:02 am

    အခုပဲ အီးမေးထဲမှာ ဓါတ်ပုံတွေနဲ့ ရောက်လာတယ် ဖိုရမ်မှာ တင်ဖို့ ကြိုးစားလိုက်အုန်းမယ်။

    • etone

      November 24, 2011 at 11:09 am

      အီးမေလ်းထဲမှာတော့ပုံတွေရထားပေမယ့် သိပ်မကြည်ဘူး အလင်းပြန်နေသလိုပဲနော် … ကိုယ်တိုင်တော့သွားစပ်စုချင်တယ် … ရုံးပိတ်ရက်မှ … 😀

    • ပေါက်ဖော်

      November 24, 2011 at 11:30 am

      ကြိုးစားကြည့်ပါဦး….
      တစ်ဂယ်ဆို ဂဘာကျော် စွယ်တော်ပဲ.
      မတစ်ဂယ်ဆိုရင်တော့ အီရှက်ကွဲလိမ့်မယ်ဂျ

  • ဆူး

    November 24, 2011 at 11:18 am

    တင်ပြီးသွားပြီ.. ကိုယ်တိုင်တော့ သွားကြည့်ဖို့ စိတ်ကူးမရှိဘူး။ ဒီလိုပဲ သိချင်ကြရင် မြင်ရအောင် တင်ပေးတဲ့ သဘောပါပဲ။

    http://myanmargazette.net/forum/discussion-of-current-news/%E1%80%B1%E1%80%9E%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%80%B1%E1%80%9B%E1%80%81%E1%80%BC%E1%80%80%E1%80%B9%E1%80%91%E1%80%B2%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%B1#p3169

  • ကြောင်ကြီး

    November 24, 2011 at 11:28 am

    သဂျီးတော့ ငရဲအိုး ဂျိုးကပ်တော့မှာပဲ… သွပ် သွပ် သွပ်….. 🙄

  • blackchaw

    November 24, 2011 at 1:06 pm

    Etone မရေ။
    ကျွန်တော်တို့ ရွာမှာတရုတ်ကြီးတစ်ယောက်ရှိတယ်ဗျ။
    သူ့နာမည်က ချင့်ယုံ တဲ့။
    စွယ်တော်ဖူးချင်ရင် ကမ္ဘာအေးမှာ သွားဖူးတာ ပိုမကောင်းဘူးလားဗျာ။
    ဘယ်နှယ့် ဖန်ခွက်ထဲပေါ်တဲ့ အရိပ်ကို သွားဖူးရမယ်လို့။
    တစ်ခုခုဆို ကျွန်တော်တို့ ရွာကတရုတ်ကြီးကို သတိရပါဗျို့။
    နာမည်မေ့နေဦးမယ်။
    ချင့်ယုံ တဲ့။

    • etone

      November 24, 2011 at 1:56 pm

      အဲ.. ကိုချောကလက်ကြီးရေ … ကမာ္ဘအေးက စွယ်တော်က ဟပ်ချလောင်းဆိုပြီး ပျောက်မသွားဘူးလေ.. … ရေခွက်ထဲကဟာက ပျောက်သွားနိုင်တာဆိုတော့ … ဟီးဟီး .. ဖူးချင်တာထက် စပ်စုချင်တာက များတယ် ဟုတ်မဟုတ်လည်း သိချင်သေးတယ် … ။ မြင်ရတဲ့ပုံထဲမှာတော့ … အတော့်ကို တူနေတာ … ။ (သက်သေပြချင်ပါတယ် ခိုးလို့မရသေးလို့… 😀 )

    • laypai

      November 24, 2011 at 2:21 pm

      ဘယ် လောက်ကြာထိ ပေါ် နေမယ်ဆိုတာ မသိပေမဲ့ ပေါ် နေတာ က တော့
      မနှိုင်းကောင်း ပေမဲ့ ဂေါ်လီဖန်လုံး ထဲ အရိပ်လို မျိုး၊ ရေမရှိရင် ဘာ မှ မပေါ်ဘူး။
      ရေ ကပ်ထား ထည့်ထားမှ ပေါ်တာ။

  • photwenty

    November 24, 2011 at 1:22 pm

    အခု ရေသန်.ဘူး ဘူးကြီးနဲ. နေရောင်မှာ ထောင်ကြည်.ရင် ဘုရားပုံတော်ပေါ်နေတယ်လို.ပြောတယ် ကျနော်တော.မစမ်းရသေးဘူး ရွာထဲကလူတွေစမ်းကြည်.ကြပါလား

    • etone

      November 24, 2011 at 2:00 pm

      အဲ့ဒီသတင်းကတော့ ပျံ ့နေပါတယ် … ကျွန်မတို့ ရုံးမှာတောင် လုပ်ကြည့်ကြသေးတယ် … အခုအဲ့ဒီအကြောင်းလေး တင်ပေးဖို့လုပ်နေပါတယ် .. ဟုတ်မဟုတ်တော့ ကျွန်မလည်း မဝေခွဲတတ်ဘူး …. ။

    • MaMa

      November 24, 2011 at 2:13 pm

      ရေအပြည့်ရှိတဲ့ ရေသန့်ပုလင်းကို နေပူထဲမှာ ထောင်ကြည့်ရင် ပုလင်းက တံဆိပ်အပတ်မှာ အလင်းရောင် အရိပ် ပေါ်ပါတယ်။ ထင်ထင်ရှားရှားပါ။ ကိုယ်တိုင်ကြည့်ပြီးသွားပြီ။ ခါတိုင်းမကြည့်ပဲ ဒီနေ့မှ ကြည့်တာမို့ နောက်နေ့မှ ဒီလို ပေါ်မပေါ် ထပ်ကြည့်ရဦးမယ်။ 😀

  • မင်းပြည့်ရှိန်

    November 24, 2011 at 2:10 pm

    အထူး အဆန်းဆို အလုအယက် ကြိုက်တတ်ကြတာ ကျွန်တော်တို့ပါ
    ဘာတဲ့ ရေထဲမှာ စွယ်တော်အရိပ် ပေါ်သတဲ့
    ကဲ အဲသည်တော့ ဘာဖြစ်သတုံးဗျာ..

    ဂေါတမ ဗုဒ္ဓက ဂေါတမ ဗုဒ္ဓပဲ
    စွယ်တော်က စွယ်တော်ပဲ
    သစ္စာလေးပါးက သစ္စာလေးပါးပဲ

    ခင်ဗျားတို့ လျှပ်စစ်မီးရအောင်လုပ်ပေးလို့ ဘုရားဖြစ်ခဲ့တာ မဟုတ်ဘူး
    ခင်ဗျားတို့ စီးပွားတက်အောင်လုပ်ပေးလို့ ဘုရားဖြစ်ခဲ့တာ မဟုတ်ဘူး….

    ကျုပ်တို့ ဂေါတမဗုဒ္ဓက ကိုယ့်ကိုယ်ကိုသာ ကိုးကွယ်ရာတဲ့
    သံသရာက လွတ်အောင်ကြိုးစားကြတဲ့
    မဂ္ဂင်ရှစ်ပါး လမ်းက သွားမှ ရမတဲ့
    သံသရာက လွတ်လမ်းကိုလေ..
    မိစ္ဆာဒိဋ္ဌိ အယူမှားရင် တစ်သံသရာလုံးသွားရောပဲတဲ့….
    စွယ်တော်ရိပ်လေး ရေပေါ် ပေါ်တာကိုကြည့်ပြီးတော့ သမ္မာဒိဋ္ဌိ ဖြစ်နိုင်မလား စဉ်းစားကြဦး
    ကျုပ်တို့ ဗုဒ္ဓက သူ့ကို ကိုးကွယ်ဖို့ ပြောတာ မဟုတ်ဘူး
    သူညွှန်ပြတဲ့ လမ်းကို လျှောက်ကြဖို့ ဆုံးမတာ…
    ဘုရားရှင်ကို ယုံကြည်အားကိုးတဲ့ ကြည်ညိုတဲ့ နေရာမှာ
    ဘုရားရှင်ရဲ့ ဂုဏ်တော်ကိုးပါးတွေ ကနေ ကြည်ညိုရမှာ ပူဇော်ရမှာ.

    အရဟံ.. ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား
    အရဟံ အစရှိသော ကိုးပါးသောဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားအား ရှိခိုး ပူဇော်ပါ၏။

  • မင်းပြည့်ရှိန်

    November 24, 2011 at 2:21 pm

    အဲ ရွာသားတွေကို ပြောတာ ဟုတ်ဝူးနော်
    တခမ်းတနား သွားနေကြတဲ့ သူတွေကို ပြောတာပါ…

    • etone

      November 24, 2011 at 2:26 pm

      ကိုမင်းပြည့်ရှိန်ရေ … ကျွန်မတို့ လူမျိုးတွေက အရမ်းစပ်စုတာ ဝါသနာပါတယ်မို့လား ။
      ခွေးအချင်းချင်း ကိုက်လျှင်လည်း ဝိုင်းကြည့် ၊ သူများ မိသားစုရန်ဖြစ်လျှင်လည်း ထွက်ကြည့် ၊ နောက်ဆုံး …. တစ်ရပ်ကွက်တည်းနေသူ … သူ့ပိုက်ဆံနဲ့သူ ပြောင်ပြောင်ယောင်ယောင်ဖြစ်လျှင်တောင် လိုက်ကြည့်တတ်တဲ့ အမျိုးမို့လို့ …တခုခုဆို လူအုံကြတာ မဆန်းပါဘူး … ။ ဒီတော့လည်း သွားကြည့်ချင်ကြမှာပေါ့ လေ… အပြောနဲ့မယုံပဲ လက်တွေ့ မြင်မှ ယုံတတ်တဲ့ လူတွေကလည်း များတာကိုး … ။ 😀

  • ဆူး

    November 24, 2011 at 2:28 pm

    ဖေ့ဘွတ်မှာတော့ ပလူပျံနေတာပဲ ရေသန့်ဘူး နေရောင်မှာ ကြည့်ပြီး ပေါ်တဲ့ ပုံတွေ တင်ထားတာ လူပေါင်းမနည်းဘူး။

    • etone

      November 24, 2011 at 2:34 pm

      ဟုတ်မဟုတ်တော့မသိဘူးလေ .. အချွန်လေးတော့ဖြစ်နေတာပဲ … ။ 😆

  • PHYOGYI86

    November 24, 2011 at 2:48 pm

    That shape is reflected by the bottom of the water bottle . I think, that’s reflection of light.

    • etone

      November 24, 2011 at 2:52 pm

      အလင်းပြန်တဲ့ အရိပ်တော့ဟုတ်ပေမယ့် … သူ့မှာ ရေခွက်ထဲ လေဟာနယ်လိုမျိုး အလုံးလေးဖြစ်ပြီး တည်နေတာကတော့ အံ့ဩစရာကောင်းပါတယ် … ။

  • PHYOGYI86

    November 24, 2011 at 2:55 pm

    ပြောချင်တာက ရေသန့်ဗူးထဲမှာ စွယ်တော် အရိပ်ပေါ်တဲ့ အကြောင်းအရာကို ပြောချင်တာပါ … မှားရေးမိတဲ့အတွက် post တင်တဲ့သူကို အနူးအညွတ်တောင်းပန်ပါတယ်ရှင် …

  • True Answer

    November 24, 2011 at 3:03 pm

    သဂျီးမင်းတော့ ဒီတစ်ခါ ပြန် မပြောနိုင်တော့ပါဘူးကွယ် ဒန် တန် တန်…..း)

    • etone

      November 25, 2011 at 8:11 am

      သဂျီးမင်းက ဒီမှာသာ မပြောနိုင်တော့တာ … တခြားပို့စ်မှာ ရေဗူးမှာ ရွှေတိဂုံဘုရားပုံလေးတောင် လာဆွဲပေးသွားသေးတယ် ဟား ဟား ။

  • blacklover

    November 24, 2011 at 5:48 pm

    အဲဒါလေ ရေသန့်ဗူးကိုနေရောင်ပေါ်မှာထောင်ကြည့်တော့ စွယ်တော်အရိပ်ကိုမြင်ရတယ်ဗျ မန်းလေးမှာတော့အကုန်ရေသန့်ဗူးထောင်ပြီးနေရောင်ထဲကြည့်နေကြတာ……

  • မမအိတုံက ဓါတ်ပုံရအောင် အိပ်ဆေးတိုက်ပြီးယူရမှာ။အမ ရေ….သောက်တော်ရေခွက်ထဲမှာ စွယ်တော်ပုံပေါ်လို ့
    ဆိုတာက ယုံနိုင်စရာရှိပါသေးတယ်။ရေဗူးထဲဘုရားပေါ်တာကတော့ဗျာ……??????

  • etone

    November 25, 2011 at 8:13 am

    ခိုးရှာတာ … ဓါတ်ပုံကူးပြီးသား တပုံတွေ့လို့ ….တင်ပေးလိုက်ပါတယ် … ။

  • “ဘီလူးကြီး”ogre

    November 25, 2011 at 9:08 am

    ဒေါ်တုံရေ
    ပေးတဲ့နေရာက
    ဦးထွန်းလှ +ဒေါ်ဘိုမ
    အပိုင်း(၁၀)အိမ်အမှတ်(၂၀၂) မဉ္ဖူသကလမ်း မင်္ဂလာဒုံမြို့နယ် ။။က အိမ်မှာ ပေါ်တာဖြစ်ပါတယ် ဗျ
    အခုအဲဒီလမ်းကိုဝါးများနဲ့ကာရံလိုက်ပါပြီ ဖူးလိုသူများအားကိုသာဝင်ထွက်ဖူးမျှော်စေပါတယ်
    အလှူငွေများလဲ တော်တော်ရရှိနေပြီလို့ပြောပါတယ်

  • “ဘီလူးကြီး”ogre

    November 25, 2011 at 9:09 am

    ဒေါ်တုံရေ
    ပေါ်တဲ့နေရာက
    ဦးထွန်းလှ +ဒေါ်ဘိုမ
    အပိုင်း(၁၀)အိမ်အမှတ်(၂၀၂) မဉ္ဖူသကလမ်း မင်္ဂလာဒုံမြို့နယ် ။။က အိမ်မှာ ပေါ်တာဖြစ်ပါတယ် ဗျ
    အခုအဲဒီလမ်းကိုဝါးများနဲ့ကာရံလိုက်ပါပြီ ဖူးလိုသူများအားကိုသာဝင်ထွက်ဖူးမျှော်စေပါတယ်
    အလှူငွေများလဲ တော်တော်ရရှိနေပြီလို့ပြောပါတယ်

  • xman

    November 25, 2011 at 1:30 pm

    ကျွန်တော်ကတော့ အားနာတတ်လို့
    တရုတ်ပြည်က ပင့်လာတဲ့ စွယ်တော်အစစ်ကို အရမ်းအရမ်းအားနာမိတယ်။

    အဲသည်ဖန်ခွက်ရဲ့ နောက်နားက မြသပိတ်ကြီးကိုရွှေ့လိုက်ရင်ရော
    ဒီလိုပေါ်နေမှာပဲလားဆိုတာလဲ သိချင်ပါတယ်။

    ဒါဟာ ဗုဒ္ဓဘာသာ နဲ့ မျက်လှည့် ဘာသာတို့ ကို စည်းခြားပေးလိုက်သလိုပါပဲ။

    ဗုဒ္ဓဘာသာဝင်တွေက စေတီထိုက်တာတွေကို ကိုးကွယ်
    မျက်လှည့်ဘာသာဝင်တွေက ထူးဆန်းတဲ့ သဗ္ဗလနံ အကုန်တွေ့တွေ့သမျျှ ကိုးကွယ်ကြပေါ့။

    • etone

      November 25, 2011 at 1:46 pm

      သပိတ်ရွှေ့တာတင်မဟုတ်ပဲ … ရေတောင် သွန်ပြသေးတယ်ပြောတယ် .. … ။ လက်တွေ့မြင်မှယုံမယ်ဆိုလျှင်တော့ … နာမည်ကြီးနေတဲ့ အဲ့ဒီနေရာကိုသွားပြီး ကိုုယ်တိုင်ပဲ သက်သေထူပါတော့ … ။ 😆

  • AKKO

    November 25, 2011 at 3:45 pm

    ခါတော်မှီ အဖြစ်ပျက်လား ။ ခါတော်မှီ လုပ်စားခြင်းလား ။
    ကိုယ်တိုင်မကြုံရတော့လည်း ဘာမှ မပြောတော့ပါဘူး ။

Leave a Reply