ခေတ်အပြောင်းမှာ…မြင်မကောင်းတာလေးတွေကို……..

ကြောင်လတ်November 24, 20111min1065

ကိုစိန်သော့ ရဲ့   မန္တလေးလမ်းပေါ်က အန္တရာယ်တွေ    ပို့ စ် နဲ့ ပတ်သက်ပြီးဆွေးနွေးချင်ပါတယ်။ဒီနေရာမှာ ပြောချင်တာကတော့ ကိုစိန်သော့ တို့ လို ပြည်သူ့လိုအပ်ချက်တွေကို ထောက်ပြပေးနေတဲ့ သူတွေကို တိုက်ခိုက်အပစ်ပြောချင်တဲ့ဆန္ဒလုံးဝမရှိကြောင်းဦးစွာပြောပါရစေ။ အများအတွက်ကောင်းမယ်ထင်တာလေးကိုပဲ ကျနော် ဉာဏ်မီသလောက် အကြံပြုဆွေးနွေးခြင်းဖြစ်ပါတယ်။

 

ဒီကိစ္စကို နှစ်ဖက် မျှပြီးဆွေးနွေးချင်ပါတယ်။ လမ်းပေါက်တွေ (ပြည်သူပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခြားအထွေထွေလိုအပ်ချက်များအားလုံး) နဲ့ပတ်သက်ပြီး ပြည်သူတွေကသက်ဆို်င်ရာဌာနကိုပဲ အော်နေမဲ့အစား၊   နိုင်သလောက်လေးဝင်ကူလိုက်မယ်ဆိုရင် အဆင်ပြေနိုင်ပါတယ်၊ ဌာနကလည်း လုပ်ချင်တဲ့ပြည်သူကိုလက်ခံရမှာပါ။တတ်နိုင်တဲ့ လုပ်ငန်းရှင်တွေအများကြီးရှိပါတယ်။ ဒီတံတားပေါ်က အရေးပါတဲ့နေရာမျိုးကိုဆိုလိုတာမဟုတ်ပါ၊
အခြားလမ်းတွေကအပေါက်တွေပါ။ ကတ္တရာ နဲ့တစ်ခါတည်းမလုပ်နိုင်ရင်တောင် အုတ်ခဲကျိုးလေးတွေ ထည့်ပြီးထုထားလိုက်ရင် အပေါက်ပြေသွားတဲ့အပြင် ထပ်ပြီးတော့လည်းကြီးမလာနိုင်တော့ပါ။အပေါက်သေးလေးတွေကိုမပြုပြင်ပဲထားလို့ တဖြည်းဖြည်းကြီးလာရတာပါ။

ဒီနေရာမှာဌာအခန်းကဏ္ဍက အရေးကြီးလာပါပြီ။ စိတ်ပါဝင်စားတဲ့ ပြည်သူက ကောင်းအောင်လုပ်တာကို လုပ်ခွင့် မရှိဘူးဆိုပြီးပြဿနာရှာတတ်ကြတာပါ။ လုပ်ချင်တယ်ဆိုရင် ဌာနကိုအသိမပေးပဲလုပ်ခွင့်မပြုတဲ့ကိစ္စပါ။တကယ်ဆိုကြိုဆိုရမှာပါ ၊စေတနာရှင်တွေကိုဖိတ်ခေါ်ပြီး ပစ္စည်းနဲ့ နည်းပညာတွေ ပူးပေါင်းကူညီရမှာပါ။ လမ်းတစ်လမ်းကိုပြုပြင်ချင်ရင် အာဏာပိုင်၊သက်ဆိုင်ရာ
ဌာန ကိုအဆင့်ဆင့်ခွင့်ပြုချက်တွေတင်ရ၊တစ်သိန်းကျမဲ့လုပ်ငန်းကို ငါးသောင်းလောက် ပိုတင်ပြီးအလှူရှင်(ပြည်သူ)ထံမှတောင်းပြီးဌာနကသာလုပ်ငန်းကိုဆောင်ရွက်တာတို့၊

ကောင်းအောင်လုပ်တာကိုခက်ခက်ခဲခဲ ခွင့်ပြုချက်တင်ရတာတို့ က မဖြစ်သင့်ပါဘူး၊
ပြည်သူတွေထဲက လဲ အပစ်ကြီးပဲလိုက်ရှာအော်နေမဲ့အစား၊ ကောင်းအောင်ဘာတွေ ပူးပေါင်းဆောင်ရွက်ပေးရမလဲ၊သက်ဆိုင်ရာဌာနမှာ ဘာအခက်အခဲလိုအပ်ချက်တွေ ရှိနေလဲဆိုတာ တာဝန်ရှိသူတွေနဲ့တိုင်ပင်ကူညီကြမယ်၊ တာဝန်ရှိသူတွေကလည်း အလှူရှင်ကိုဖိတ်ခေါ်၊ လွယ်လွယ်ကူကူဆောင်ရွက်ပေး၊ ကိုယ့် အတွက် စားဖို့၊ဝါးဖို့ ကိုမချန်ပဲ၊စေတနာမှန်နဲ့သာဆောင်ရွက်ပေးကြမယ်ဆိုရင်…………
ပြည်သူတွေထဲမှာ၊ စိတ်ပါဝင်စားတဲ့၊တတ်နိုင်တဲ့ လုပ်ငန်းရှင်တွေအများကြီးရှိနေပါတယ်။
ခေတ်အပြောင်းမှာ……..
စေတနာကောင်းတွေနဲ့……….
အတူ ပူးပေါင်းဆောင်ရွက်လိုက်ကြရင်ဖြင့်၊
အပစ် ၊မကောင်းပြောရမဲ့
မြင်မကောင်းတဲ့အရာတွေဟာ……
တဖြည်းဖြည်း ပြောင်းလဲ တိုးတက်လာမှာ အမှန်ပါ……..။     ။

 

၊သေးငယ်တဲ့ထင်မြင်ယူဆချက်နဲ့အတူ  ကြီးမားတဲ့စေတနာများဖြင့်

ကြောင်လတ်။

5 comments

  • ပေါက်ဖော်

    November 24, 2011 at 11:38 am

    ခေတ်ကောင်းမှာ မြင်မကောင်းတာလေးတွေကို ဝိုင်းဝန်း ၊ကူညီဖြေရှင်း ၊ရှင်းလင်း၊သုတ်သင် ကြပါစို ့
    😆

  • ကြောင်ကြီး

    November 24, 2011 at 1:03 pm

    ကြောင်ကြီးကလွဲရင် ကြောင်သေး၊ ကြောင်လတ်၊ ကြောင်မှန်သမျှ၊ လူမှန်သမျှ၊ သက်ရှိမှန်သမျှ သရဲ ဘီလူးပါမချန် အကုန်ဖမ်းကွာ။။။ 👿

    • windtalker

      November 24, 2011 at 7:02 pm

      ပြေး ဘေဘီ ပြေး
      ကြောင်ကြီးပူ
      ငေါင်ပီးဆူ
      တောင်ကြီးသူ
      ပြောင်ထီးဂူ
      အောင်အပီးယူ

  • cobra

    November 24, 2011 at 1:40 pm

    ကိုကြောင်ကြီး စိတ်တွေကြီးနေပါရောလား
    ဘယ်အမှုကြောင့် စိတ်တော်ကြီးနေရပါသနည်း။

  • Gipsy

    November 25, 2011 at 1:57 am

    လူကြီး၍ စိတ်ကြီးရပါသည်ဖျာ့…။ :mrgreen:

Leave a Reply