မြန်မာပြည်ဆင်းရဲရခြင်းအကြောင်း မှာတရုပ်ကြီးကြောင့် ဆိုပြီးစာရေးသူတဦးကမြင်တယ်၊

 

သူ့ရေးသားချက်တွေကဒီလိုပါ၊

 

“တရုတ်ကြီးကို အတော်များများ ကနေ လုံးဝနီးပါး မှီခိုနေရတဲ့ တိုင်းပြည်တွေ (မြန်မာ၊ လော၊ ကမ္ဘောဒီးယား) ရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့…. ..တရုတ်ဩဇာသက်ရောက်မှု China factor ကိုသွားမြင်ရတယ်။

တရုတ်ကြီးကို မှီခိုလို့ တိုးတက်တဲ့နိုင်ငံပြပါဆို ပြစရာ တနိုင်ငံမှ မရှိဘူး။

 

ဗီယက်နမ်တောင် တရုတ်ကြီးနဲ့ ရန်ဖြစ်ပြီး အမေရိကန်နဲ့ ပြန်ပေါင်းလိုက်တာ စီးပွားရေး တဟုတ်ထိုး တိုးတက်နေပါတယ်။

သူဌေးနဲ့ပေါင်းမှ လဘက်ရည် အလကားသောက်ခွင့်ရပါမယ်။ ကိုယ်လိုသူလိုတွေပဲ ပေါင်းရင် ကိုယ့်အိတ်ကိုယ်စိုက်၊ ပိုဆိုတာ တရုတ်ကုလားလို့ ကိုယ့်ထက်အင်အားကြီးပြီး ငါ့ဖို့သမားဆိုရင်တော့ မစားရတဲ့အပြင်…..”

 

စာရေးသူတဦးက

 

တရုပ်ကြီးကိုအားကိုးရင်မတိုးတက်မဖွံ့ဖြိုးနိုင်၊

သူဌေးနဲ့ပေါင်းလဘက်ရည် အလကားသောက်ခွင့်ရ

အမေရိကန်နဲ့ ပြန်ပေါင်း  စီးပွားရေး တဟုတ်ထိုး တိုးတက်မယ်

…… ဒေသတွင်းနိုင်ငံများအပြင် အမေရိကန်၊ ဥရောပနိုင်ငံများနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်ပြီး ကုန်သွယ်စီးပွားရှာနိုင်ရင် တရုတ်ကြီးပြုသမျှ နုနေရတဲ့ဘဝမှ လွတ်မြောက်နိုင်ပါလိမ့်မယ်

လို့ ထင်မြင်တယ်

——————————

 

ကဲပညာရှိ သုခမိန် ဆရာ  ဝီကီ(Wikipedia) ကဘယ်လိုမြင်သလဲ သွားခစားမေးမြန်းစုံစမ်းရအောင်

ကမ်ဗိုးဒီယား နဲ့ပတ်သက်လို့သူက အဲဒီလိုအဖြေပေးတယ်

Economy of Cambodia – Wikipedia, the free encyclopedia

http://en.wikipedia.org/wiki/Economy_of_cambodia

—————————————-

External

Exports $6.491 billion (2010)

Export goodsclothing, timber, rubber, rice, fish, tobacco, footwear

Main export partners US 54.5%, Germany 7.7%, Canada 5.9%, UK 5.5%, Vietnam: 4.5% (2010)

Imports $6.005 billion (2010)

Import goods petroleum products, cigarettes, gold, construction materials, machinery, motor vehicles, pharmaceutical products

Main import partnersChina 22.6%, Vietnam 12.7%, Hong Kong 12.4%, Thailand 11.9%, South Korea 5.4%, Singapore 5.4% (2010)

Gross external debt4.338 billion (2010)

 

တင်ပို့ကုန် 

 

အံ့ဩစရာကောင်းတာတခုတွေ့ရတယ်၊ 

 

တင်ပို့ကုန် $ ၆.၄၉၁ ဘီလီယန် အနက် အနောက်နိုင်ငံသို့တင်ပို့တာက ၇၄% ဗီယက်နမ်၎.၅ %

တရုပ်ကြီး မရှိသလောက် ဖြစ်နေတာ

ဒါကို ထောက်ရင် ကမ္ဘောဒီးယား ကုန်သွယ်မှု ဟာ တရုပ်ကြီး ကိုဘဲ “လုံးဝနီးပါး မှီခိုနေရတဲ့ တိုင်းပြည်” လို့ခေါ်နိုင်မလား၊

 

“အမေရိကန်၊ ဥရောပနိုင်ငံများနဲ့ပါ ကောင်းမွန်တဲ့ ဆက်ဆံရေး ထူထောင်ပြီး ကုန်သွယ်စီးပွားရှာနိုင်ရင်” ဗီယက်နမ် လို “တဟုတ်ထိုး တိုးတက်မယ်”ဆိုလို့

ဘာဖြစ်လို့ထင်သလောက် မဖွံ့ဖြိုးမတိုးတက်ဘဲနေတာလဲမေးနိုင်တယ်၊

စာရေးသူက သူများကို စွပ်စွဲခဲ့သလိုအနောက်နိုင်ငံတွေကများ ဈေးများနှိမ်သလား လို့ဘဲ 

“တရုတ်ကြီးပြုသမျှ နုနေရတဲ့ဘဝမှ အစား” အမေရိကန်၊

” ဥရောပနိုင်ငံများ ကပြုသမျှ နုနေရတဲ့ဘဝမှ” လို့ဆိုနိုင်မလား

စဉ်းစားစရာဘဲ

 

သွင်းကုန်

 

တရုပ်ကြီး ထံမှ တင်သွင်း တာက စုစုပေါင်းရဲ့ ၂၃% ဖြစ်ပြီး အခြား နိုင်ငံ အသီးသီး ထက်ကြီး တာကိုတွေ့ရ တယ်

သူပစ်စည်း က တခြားဒေသက ပစ်စည်း ထက် ပေါချောင်ကောင်း တာလို့ ဘဲပြောနိုင်တယ်

 

ဘယ်လိုပြောပြော သွင်းကုန်ဘက်မှာလဲ တရုပ်ကြီးကိုဘဲ လုံးဝ အားကိုးနေတယ်လို့မပြောနိုင်

 

(လမ်းပန်းဆက်သွယ်ရေး စက်ရုံတည်ဆောက်ရေး ရင်းနှီးမြုပ်နှံမှု FDI ကိုသီးခြားလုပ်ပေးတာနဲ့မသက်ဆိုင်)

 

ကိုယ်ကဘဲ ဘီလူးရုပ်ဘဲ မြင်ချင်တာ ဖြစ်မနေဘူးလား၊ “ကိုယ်နဲ့နှိုင်းမရိုင်း” ဆိုတာလို

“သူ့ဘက်ကိုယ့်ဘက်” မျှမျှတတ” ဖြစ်ရပ်မှန်အတိုင်း” ကြည့်တတ်ဘို့ဘဲမှုတ်လား

 

 ဆရာ”ဝိကီ” (Wikipedia) တယောက်လုံးရှိရက်သားနဲ့ သူ့ကို မမြင်တာက အံ့ရော

 

 

 

About Kyaemon

Kyae Mon has written 715 post in this Website..

Likes to post news and educational items.

   Send article as PDF