ရတနာပုံနေပြည်တော်သတင်းစာခေါ် မန္တလေးဂေဇက်သတင်း web sit တွင် သံတွဲမြို့၏ အာဏာပိုင်အချို့နှင့် အကျင့်ပျက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ဥပဒေမဲ့လူ့အခွင့်အရေးချိုးဖေါက်မှုများ အကျင့်ပျက်လာဘ်စားမှုများ မကြာခဏပါရှိလာမှုအပေါ် ဥက္ကဋ္ဌများရှင်ဟု လူသိများသောအဆို့ါလုပ်ငန်းရှင်မှ သံတွဲအင်တာနက်ဆိုင်များ ပိတ်သိမ်းပေးပါရန်  ရခိုင်ပြည်နယ်ဝန်ကြိးများရှေ့မှောက်တွင် အကျင့်ပျက်ဝန်ထမ်းများ၏ ကိုယ်စား အခုလ ၂၂  ရက်နေ့က တောင်းဆိုလိုက်ကြောင်းသတင်းရရှိသည်၊

အဆိုပါသတင်းနှင့်ပတ်သက်၍သံတွဲမြို့ခံတစ်ဦးအားဆက်သွယ်မေးမြန်းသောအခါ “မန္တလေးဂေဇက်က ပြည်သူတွေရဲ့မိတ်ဆွေပါ လူငယ်အများစုက လ္ဘက်ရည်ဆိုင်မှာလဲ မန်းဂေဇက်သတင်းအကြောင်းတွေပြောကြတာ ဦးလေးကအင်တာနက်မသုံးတတ်ဘူး ဖတ်ရှင်ရင်အသုံးပြုတတ်တဲ့သူခေါ်သွားပြီးဖတ်တယ် ဒါကပြည်သူ့အသံစစ်တယ်ပြည်သူတွေမတရားခံနေရတာကို အစိုးရမင်းတွေသိအောင်တင်ပြပေးနေသလိုဘဲ သတင်းရေးပေးတဲ့သူတွေကိုလဲ ခွေးကိုက်ခံရခြင်းမှကင်းဝေးအောင်အမြဲမေတ္တာပို့တယ်”ဟုပြောဆိုပြီး လူငယ်ကျောင်းသားတစ်ဦးကမှု “သားတို့က g talk ,net game ကစားတာများတယ် မန်းဂေဇက်ကြ ပုံမှန်ဖတ်ဖြစ်ပါတယ် လူတွေကိုအကျိုးပြုတယ်လို့ထင်ပါတယ် ကောင်းတာလေးတွေဆိုယူပေါ့” ဟုပြောဆိုပါသည်၊ အခြားလူလတ်ပိုင်းတစ်ဦးကမှု”တလောက wi fi တွေကို အာဏာပိုင်အမိန့်နဲ့ပိတ်တယ် အခုအင်တာနက်ဆိုင်ကိုပိတ်ခိုင်းပြန်ပြီ ပိတ်ရင် ပြဿနာပိုကြီးလာနိုင်တယ် ဖြစ်ရခြင်းအကြောင်းကို အာဏာပိုင်က ကာပေးထားပြီး ပြည်သူကို ရန်လုပ်လာရင် သူတို့ဘဲအထိနာမှာပေါ့ အင်တာနက်အကျိုးကြောင့် သံတွဲမှာ အကျင့်ပြက်ဝန်ထမ်းတွေတော်တော်ပြုန်းသွားတယ် နောက်လူတွေလဲ မလှုပ်ရဲဘူး ပြည်သူတွေဘက်ကရပ်တည်သလိုဖြစ်တဲ့အတွက် မန်းဂေဇက် ကိုရော အင်တာနက်တီထွင်သူတွေကိုပါ ကျေးဇူးတင်တယ်  အုပ်ချုပ်သူကမျှတရင် တရားသဖြင့်အုပ်ချုပ်ရင် ဘာမှဖြစ်မှာမဟုတ်ဘူး အခုအင် တာနက်ဆိုင်ကိုပိတ်ခိုင်းတဲ့အကောင် မထသဥက္ကဋ္ဌဆိုတဲ့အကောင်လေ ဒီကောင်ဟာ အစိုးရကို နာမယ်ပျက်အောင်လုပ်နေတဲ့ကောင်ပေါ့ အမှုထမ်းတွေလဲဒီကောင်နဲ့ပေါင်းရင် ဂျောက်ကြပြီမှတ် လူရှုပ်တကောင်ပါ” ဟုပြောဆိုဖြေကြားသွားပါသည်၊

ရတနာပုံနေပြည်တော်သတင်းစာခေါ် mandalay gazette ဟူသည့်အမည်သည် ၁၂၃၆ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီး တည်ထောင်ခဲ့သည့် ဘုရင့်သတင်းစာ၏ အမည်ဖြစ်ပြီး မြန်မာတို့၏ ပထမဆုံးသောသတင်းစာဖြစ်သည်၊

အဆိုပါသတင်းစာ၏ မူဝါဒတွင် မင်းတုန်းမင်းတရားကြီးက “ငါဘုရင်မကောင်းလျှင် မကောင်းသလိုငါ့ကိုရေး မိဖုရားတွေမကောင်းလျှင် မိဖုရားတွေကိုရေးသားတော်သမီးတော် မင်းညီမင်းသားတွေနည်းလမ်းမကြလျှင် မကြသလိုရေး လွှတ်တော်တရားသူကြီးတွေ လွဲမှားလျှင် လွဲမှားသလိုရေး မြို့ဝန်မင်းတွေ မတရားလျှင်မတရားသလိုရေး မင်းတို့သတင်းစာ ဘာအပြစ်မှမရှိစေရ နန်းတွင်းကိုသတင်းစာတိုက်ကလူတွေဝင်စေထွက်စေ အတားအဆီးမရှိစေရ” ဟူ၍မိန့်မှတ်ခဲ့ပါသည်၊

ပြည်ထောင်စုအစိုးရသည် သတင်းနှင့်စာနယ်ဇင်းများအားတိုင်းပြည်၏စထုတ္ထမဏ္ဍိုင်အဖြစ်နိုင်ငံတကာ ဒီမိုကရေစီစံနှင့်အညီသတ်မှတ်ခံယူထားကာ မြန်မာပြည်အား”good  government clean government “မူဝါဒဖြင့် ဒီမိုကရေစီရေးသို့ ဦးတည်ပြောင်းလဲနေသော်လည်းသတင်းစာလွတ်လပ်ခွင့်တွင် သက်ဦးဆံပိုင်ဘုရင်ခေတ်စနစ်မှ သတင်းစာလွတ်လပ်ခွင့်ကို လိုက်မမီနိုင်သေးဘဲ အာဏာရှင်လက်ကြွင်းလက်ကျန်များနှင့်သံတွဲမထသဥက္ကဋ္ဌကဲ့သို့ မတရားဥပဒေမဲ့ရမ်းကားမှုများနှင့် လူအခွင့်အရေးချိုးဖျက်မှုများကို အမြန်ဆုံးထိထိရောက် စီစစ်ပြီး “governance “ကို အမြန်ဆုံးပြုပြင်ပြောင်းလဲသင့်ပြီဖြစ်ကြောင်းပြည်သူပြည်သားများက သုံးသပ်နေကြသည်၊

About Aoewaimaungkoyu

Aoe wai maung koyu has written 5 post in this Website..

   Send article as PDF