သံတွဲ ဂဇက်

black chawNovember 25, 20111min28927

သံတွဲ ဟေ့ ဆိုလိုက်တာနဲ့ ပြသနာ အလွန်ပေါသောမြို့ဟု ရွာသူားတွေက သတ်မှတ်ထားကြပါတယ်ဗျာ။ အဲဒီသံတွဲက ပို့စ်ရေးတဲ့ လူ ကွန်းမန့်ပေးနေတဲ့ လူတွေကလည်း အများသားကိုး။ အခုတလော သံတွဲသားတွေရေးတဲ့ ပို့စ်လေးတွေအကြောင်း ပြောကြည့်ရအောင်ပါနော။

အော်နေကြတဲ့ အသံများကြားမှာ Gipsy ရေးတဲ့ ပို့စ်လေးများက နည်းနည်း ထူးခြားပါသည်။ သူ့ပို့စ်လေးတွေကို ပြန်ဖတ်ကြည့်မိတော့။
Gipsy ၏ မသေသောမြို့တော် ပို့စ်လေး အကြောင်းပြောချင်ပါသည်။ သုတေသီများအဆိုအရ မသေသောမြို့များ ကမ္ဘာပေါ်တွင် ၃ မြို့ ရှိပါသတဲ့ဗျာ။ ဘယ်လိုသုတေသီတွေက ပြောတာလဲတော့ မပါပါဘူး။ အဲဒီမြို့တွေက (၁) ဆီးရီးယား နိုင်ငံက ဒမတ်စကတ်မြို့၊ (၂) အိန္ဒိယနိုင်ငံမှ ဗာရာဏသီမြို့၊ (၃) မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဒွာရာဝတီမြို့(သံတွဲမြို့) တို့ ဖြစ်ကြပါသတဲ့။ သံတွဲမြို့ ရဲ့ ကြီးမားလှတဲ့ သမိုင်းကို အခုလိုပဲ စာရေးသူ ကရေးဖွဲ့ပါတယ်။
ဒွါရာဝတီမြို့သည် ကဿပမြတ်စွာဘုရားသခင်၏ လက်ထက်တော်မှစ၍ ဂေါတမ
မြတ်စွာဘုရားသခင်၏ သာသနာတော်အတွင်း ဖြစ်သော ယ္ခုအချိန်ထိအောင်ပင်
အမည်မပျောက်ပျက်ဘဲ ထင်ရှားတည်ရှိနေပါသေးသည်။ ထို့ကြောင့် မသေသော
မြို့ဟု ဆိုပါသည်။
သံတွဲမြို့အကြောင်းကို သမိုင်းမှတ်တမ်းများဖြင့် ရည်ညွှန်းကိုးကားပြီး ဆက်လက်တင်ပြပေးပါဦးမယ် လို့ ဆိုထားတဲ့ အတွက် သံတွဲမြို့ သမိုင်းကို စိတ်ဝင်စားသူများ စောင့်ဖတ်နိုင်ပါတယ်ခင်ဗျာ။ မသေသော သံတွဲမြို့ကိုလေ့လာလိုသူများ အမှတ် ၂၊ ၃၊ ၄ တို့ကိုလည်း တစ်ဆက်တည်း ဖတ်ရှုနိုင်ပါကြောင်း။
Gipsy ရဲ့ နောက်ပို့စ်တစ်ခုက ထူးခြားဆန်းပြားသော ဇလွန် ဆရာတော်ဘုရားကြီး အတ္ထုပတိ္တ ပဲဖြစ်ပါတယ်။ ကွန်းမန့်လေးများကလည်း စိတ်ဝင်စားစရာ ကောင်းတာကြောင့် ဖတ်ဖြစ်အောင်ဖတ်ကြစေချင်ပါတယ်ဗျာ။

Gipsy ရဲ့ ငပလီကမ်းခြေ ဖြစ်ပေါ်လာပုံဆိုတဲ့ ပို့စ်လေးကတော့ ငပလီရဲ့ ရာဇဝင်ကို ဓါတ်ပုံလှလှလေးတွေနဲ့ တွဲပြီးဖေါ်ပြထားတာပါ။ ဒါမျိုုးပို့စ်လေးတွေကို ကြိုဆိုပါတယ် သံတွဲသားများခင်ဗျား။ ကွန်းမန့် ၄၈ ခုနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဖတ်ကြရမယ့် ပို့စ်တစ်ခုပါခင်ဗျာ။

သံတွဲဟေ့ဆိုလျှင် မီးမီးသော် တစ်ဖြစ်လဲ ဆရာလေး မောင်သန်းထွဋ် ဦး ကို ပြေးမြင်မိကြပါလိမ့်မည်။ အဆိုပါ ဆရာလေး၏ ပို့စ်များကိုလည်း နည်းနည်းတူးဆွကြည့်မိပါတယ်ဗျာ။

ဆရာလေး မောင်သန်းထွဋ် ဦး ရဲ့ သာဓုပါတဲ့ဗျား ဆိုတဲ့ ပို့စ်လေးကလည်း သံတွဲ ဘွဲ့ပါပဲဗျာ။ ရှေးက သံတွဲမြို့ ဆိုတဲ့ ပန်းချီကားလေး တစ်ချပ်ဖေါ်ပြပြီး သူ့တပည့်ငပျင်းလေး ရေးတာပါဆိုတဲ့ ကဗျာလေးတစ်ပုဒ်ကို ဖေါ်ပြထားပါတယ်။ ဖတ်ကြည့်ပါဗျာ။
ကျနော့်တပည့်ကျော် ငပျင်းလေးလွမ်းတဲ့ မြို ့ပုံရိပ်ဟောင်းလေးပါ။ သူ ့ကဗျာနဲ ့တွဲတင်ပေးလိုက်ပါတယ်။
“ သာဓု”
တစ်နေဝင်တစ်နေထွက်တော့
တစ်မနက် သစ်ရွက်ကြွေ
တစ်သက်တိုးပြန်တော့
သေမဲ့ရက် တစ်သက်နီးသမို့
“ သေမင်း”ရေ မင်းတွက်တော့
ခေါင်း ပေါ်လက်ထောက်
ပြုံးပြုံးကြီးထိုင်စောင့်နေပေတော့
ငါမသေခင်
ငါနှလုံးသားကိုထုပ်
အသုပ်စုံလုပ်ပြီးကျွေး
ကုသိုလ် လေးတစ်ခုတော့ လုပ်ခဲ့ချင်ရဲ့
” ဘဝ” ရေ မင်း သာဓု ခေါ်ပေါ့ကွာ။ ။ ။ …………(နေထူးအိမ်) (4.9.2011)
လက်မ ၃ ချောင်းတိတိ ထောင်ထားတဲ့ ပို့စ် ပါဗျာ။ ဖတ်သာကြည့်ကြပါ။

ဆရာလေး မောင်သန်းထွဋ် ဦး က အခုတလော ကဗျာတွေလည်းတော်တော် ရေးပါတယ်။ ချစ်သူ့စိတ်ကုန်မှာစိုး နဲ့ ဝေဒနာ နေ့စွဲများ (လက်မတစ်ချောင်းထောင်တဲ့ ပို့်စ်) က ကဗျာချစ်သူတွေအတွက် ကဗျာလေးတွေပါဗျာ။

ဆရာလေး မောင်သန်းထွဋ် ဦး ပဲရေးတဲ့ ဘယ်လို ခေတ်ပျက်ကြီးလဲ ကတော့ ဒီနေ့ခေတ်ကို ဖွတ်ကြားဒီမိုကရေစီ ခေတ်လို့ ပြောချင်တာလို့ ထင်ရပါတယ်။ ဆရာလေး မောင်သန်းထွဋ် ဦး က ဘာတွေကို အလိုမကျဖြစ်နေတာလဲ ဆိုတာ ကိုယ်တိုင်ဖတ်ကြည့်ကြပါလို့။ လက်မငါးချောင်းတိတိ ထောင်ထားတဲ့ ပို့စ်ပါဗျာ။

မင်းပြားမြို့မဈေးတစ်ခုလုံး မီးလောင်ပြာကျ သိန်းပေါင်းသောင်းချီ၍ ဆုံးရှုံး ဆိုတဲ့ ပို့စ်ကတော့ မီးလောင်တဲ့ သတင်းပါဗျာ။ ဒါလည်း လက်မ ၃ ချောင်းတိတိ ထောင်ထားတဲ့ ပို့်စ်ပါပဲ။
ဆရာလေး မောင်သန်းထွဋ် ဦး ရဲ့ ပို့စ်တွေကို ကျွန်တော် ဒီမနက် တော်တော် များများ ပြန်ဖတ်ကြည့်တဲ့အခါ ပရိသတ် အခိုင်အမာရှိသော စာရေးသူတစ်ယောက်ဖြစ်ကြောင်းသွားတွေ့ပါတယ်။ မယုံရင် ပြန်ဖတ်ကြည့်ကြပါ။ သူ့ပို့စ်တော်တော်များများမှာ လက်မလေးမထောင်ထားတဲ့ ပို့စ်က ခတ်ရှားရှားဗျာ။ အဲဒီတော့ သုံးချက်တွက်နည်းနဲ့ တွက်ကြည့်ရရင် လက်မဆိုတာ အလကားထောင်တာ မဟုတ်ပါ။ နှစ်သက်သူရှိလို့သာ ထောင်တယ်လို့ မှတ်ရပါမယ်။ အဲဒီတော့ လောလောဆယ် ကဇက်မှာ လက်မအထောင်ဆုံး ပုဂ္ဂိုလ်လေးဟာ ဆရာလေး မောင်သန်းထွဋ် ဦး ဖြစ်ပါကြောင်း တံခါးစောင့်ကြီးက စိစစ်တွေ့ရှိပါတယ်ခင်ဗျာ။ မယုံရင် လှန်ကြည့်နိုင်ပါကြောင်း။

Thiha ရဲ့ သံတွဲ မထသ ငွေကြေးအရှုပ်တော်ပုံ ပေါ်ပေါက်ပြန် ဆိုတဲ့ ပို့စ်လေးကတော့ အပြန်အလှန် တိုက်ခိုက်ကြတဲ့ ကွန်းမန့် ၃၆ ခုနဲ့ ထုံးစံအတိုင်း သံတွဲမြို့ရဲ့ အော်သံတစ်ခုပါဗျာ။
Thiha ရဲ့ နောက်ပို့စ်တစ်ခုကလည်း သံတွဲမထသအကြောင်းပဲရေးထားတာဖြစ်တဲ့ သံတွဲ မထသ အပုတ်အပွ ဆိုတာပဲ ဖြစ်ပါတယ်ဗျာ။
Thiha ပဲရေးတဲ့ ရတနာပုံနေပြည်တော် website သုံးစွဲသူများကြောင့် သံတွဲအင်တာနက် ဆိုင်များကို ပိတ်ပေးရန် တောင်းဆို ဆိုတာကလည်း သံတွဲရဲ့ အော်သံတစ်ခုပါ။ နည်းနည်းမြည်းကြည့်ပါဗျာ။
ရတနာပုံနေပြည်တော်သတင်းစာခေါ် မန္တလေးဂေဇက်သတင်း web sit တွင် သံတွဲမြို့၏ အာဏာပိုင်အချို့နှင့် အကျင့်ပျက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၏ဥပဒေမဲ့လူ့အခွင့်အရေးချိုးဖေါက်မှုများ အကျင့်ပျက်လာဘ်စားမှုများ မကြာခဏပါရှိလာမှုအပေါ် ဥက္ကဋ္ဌများရှင်ဟု လူသိများသောအဆိုပါ လုပ်ငန်းရှင်မှ သံတွဲအင်တာနက်ဆိုင်များ ပိတ်သိမ်းပေးပါရန် ရခိုင်ပြည်နယ်ဝန်ကြိးများရှေ့မှောက်တွင် အကျင့်ပျက်ဝန်ထမ်းများ၏ ကိုယ်စား အခုလ ၂၂ ရက်နေ့က တောင်းဆိုလိုက်ကြောင်းသတင်းရရှိသည်၊
အင်တာနက်ဆိုင်တွေကို ပိတ်တာတော့ မထောက်ခံပါဘူးခင်ဗျာ။ ဒါပေမယ့် မန်းဂဇက်ကို သံတွဲသားတွေအသုံးပြု နေကြပုံကိုတော့ နည်းနည်း ဝေဖန်ချင်ပါတယ်။ တစ်ခုခုကို မကျေနပ်တိုင်း မန်းဂဇက်မှာ လာအော်နေကြ တော့ မန်းဂဇက်လည်း သိက္ခာကျပါတယ်။ ကျွန်တော်တို့ မန်းဂဇက်သုံးတယ်ဆိုတာ မကျေနပ်တာကို အော်ဘို့ မဟုတ်ပါ။ ကိုယ့်အမြင် သူ့အမြင် ဖလှယ်ဘို့။ ကိုယ့်ခံစားချက် သူ့ခံစားချက် အပြန်အလှန် နားထောင်ပေးကြဘို့။ သူတတ်တာကို ကိုယ်က သင်ယူဘို့။ ကိုယ်တတ်တာကို သူ့ကို ဝေမျှပေးဘို့။ စသည်ဖြင့် ရည်ရွယ်ချက်ကောင်းလေးတွေနဲ့ ပါ။ သံတွဲသားတွေအနေနဲ့ သတိပြုဆင်ခြင်ပြီး အော်တိုင်းလည်း မကောင်းဘူးဆိုတာလေး သိစေချင်လို့ နည်းနည်း ဝင်ပွားလိုက်တာပါ။ ပြန်လည် ဆွေးနွေးနိုင်ပါတယ်ဗျာ။

27 comments

  • ပေါက်ဖော်

    November 25, 2011 at 10:48 am

    အန်ကလယ်ချောတောင် လူတော်တော်မှတ်မိနေပါရော့လား..
    သံတွဲအရေးမှာ ခက်တာက တစ်ယောက်က သူကအမှန်ပြောတာ..အတည်ပြောတာပါ..လုပ်တယ်
    နောက်တစ်ယောက်ကလဲ အဲလိုလုပ်တယ်.
    နောက်တစ်ယောက်ထပ်လာတော့လဲ အဲလိုပဲ ဆိုတော့…
    အနော်လဲ..ပိုပို မူးလာပြီး..ကဘလက်ပြောတဲ့ တလုပ်ကြီးပဲ ..လုပ်နေတော့တယ်…

    • Moe Z

      November 25, 2011 at 11:09 am

      ငြိမ်ငြိမ်နေပါ ဘဘပေါက်ဖော်ရယ်
      သူ့ကြည့်ရတာပိုမူးတယ် ….

  • ဆူး

    November 25, 2011 at 10:51 am

    သံတွဲ အကြောင်း ပြောရင်တော့ မူးနောက် သွားတာပါပဲ.. တကယ် အစစ်အမှန် ဘယ်နှစ်ယောက် ရှိလဲ မသိဘူး။ အကောင့်တွေကို ကြည့်ရင်းနဲ့ ရှုပ်ရှက်ခတ်နေတာပါပဲ။

    • lone

      November 25, 2011 at 11:12 am

      လာပြန်ပြီ သံတွဲ…ခေါင်းစဉ်နဲ့လိုက်ပါပေတယ်…မန္တလေးဂဇက်လား သံတွဲဂဇက်လား မသိရအောင်… ပါပဲ…။ ဘာလိုဖြစ်လို့သံတွဲသားတွေ သူတို့မြို့သူတို့ဒီလောက်ဂုဏ်ဖော်နေကြလဲမသိတော့ပါဘူး…လူတိုင်းက ကိုယ့်ဇာတိမြို့ကို အကောင်းပြောချင်ကြတဲ့သူတွေချည်းပါပဲ…ဒါပေမယ့် သံတွဲကတော့ တော်တော်မျက်စိနောက်လာပါပြီ…မြန်မာနိုင်ငံမှာရှိတဲ့မြို့တွေက သူ့ဟာနဲ့သူလှတာချည်းပါပဲ…အခုဟာက တစ်သံတွဲနဲ့တွဲနေလိုက်တာ ဂဇက်ကို သံတွဲဂဇက်လို့တောင် ပြောင်းခေါ်လို့ရနေပြီ…ပြီးရင် အချင်းချင်းလည်း ရန်ဖြစ်လိုက်ကြသေးတယ်…

  • ပေါက်ဖော်

    November 25, 2011 at 10:54 am

    မြင်ယောင်သေးတယ်..
    ဦးဘလက်ကြီး ပွိုင့်တွေအများကြီးရတော့မှာ..
    ကွိ..ကွိ..

  • inz@ghi

    November 25, 2011 at 11:21 am

    အဟမ်း …
    မီဒီးယာ ကို မီဒီးယာ နဲ့ ပြန်တိုက်ပစ်လိုက်မနော်…
    ဟွင်းဟွင်းဟွင်း….

  • Diamond Key

    November 25, 2011 at 11:35 am

    ဒွါရာဝတီခေါ် မြို့သံတွဲတွင် မန်းဂဇက်ကို လွန်နှစ်သက်ကာ ရင်မှာမဆံသည့် ခံစားချက်များကို ဖွင့်ထုတ်လိုသူ ပေါလှပေ၏။ 😎 ဖေါ်ကြ၏။ 🙄 ဆော်ကြ၏။ 👿 မည်သို့ဆိုဆို ဂဇက်ကြီးကို မဖတ်နိုင်စေရန် ဝန်များရှေ့တွင်တောင်းရသည်အထိသည်ကား သဂျီး၏ အောင်မြင်မှုပေတည်း။ :mrgreen: :mrgreen: :mrgreen:

    • etone

      November 25, 2011 at 1:05 pm

      အဲ့ဒါ သဂျိုင်ခီးကို အချာဘင်ဆိုပြီး ….စမ်းသပ်တဲ့သဘော .. ဟဲဟဲ … 😆

  • မောင်သန်းထွဋ် ဦး

    November 25, 2011 at 11:45 am

    ဟုတ်ပါတယ်ဗျာ။ကိုဘလက်ကြီးက သံတွဲသားတွေအပေါ်မှာ နှံစပ်အောင်လေ့လာပြီးသားပါလားနော်။
    ဒါကတစ်ချို ့ကိစ္စတွေမှာ ပြဿနာရှိကောင်းရှိနေနိုင်ပေမယ့်ဗျာ အရာအားလုံးဟာ ပြဿနာတော့ မဟုတ်ပါဘူးဟု
    မြင်မိပါတယ် အကိုရေ။
    လူထုအော်သံ ဟုမြင်မိပါတယ်လို ့ကိုယ့်အမြင်ကို ပြောပါတယ်ဗျာ။အကိုပြောသလိုပါဘဲ

    ““တစ်ခုခုကို မကျေနပ်တိုင်း မန်းဂဇက်မှာ လာအော်နေကြ တော့ မန်းဂဇက်လည်း သိက္ခာကျပါတယ်။ ကျွန်တော်တို့
    မန်းဂဇက်သုံးတယ်ဆိုတာ မကျေနပ်တာကို အော်ဘို့ မဟုတ်ပါ။ ကိုယ့်အမြင် သူ့အမြင် ဖလှယ်ဘို့။ ကိုယ့်ခံစားချက်
    သူ့ခံစားချက် အပြန်အလှန် နားထောင်ပေးကြဘို့။ သူတတ်တာကို ကိုယ်က သင်ယူဘို့။ ကိုယ်တတ်တာကို သူ့ကို
    ဝေမျှပေးဘို့။ စသည်ဖြင့် ရည်ရွယ်ချက်ကောင်းလေးတွေနဲ့ ပါ။ သံတွဲသားတွေအနေနဲ့ သတိပြုဆင်ခြင်ပြီး အော်တိုင်း
    လည်း
    မကောင်းဘူးဆိုတာလေး သိစေချင်လို့ နည်းနည်း ဝင်ပွားလိုက်တာပါ။ ပြန်လည် ဆွေးနွေးနိုင်ပါတယ်ဗျာ။””ဆိုတာကို
    လက်ခံပေးဖို ့သံတွဲသူ၊သံတွဲသားများကိုလဲ အကြံပြုရမှာပါ။

    ဒီနေရာမှာ ကိုဘလက်ရေ သူတို ့တွေထဲကအချို ့ကိစ္စတွေဟာ အော်တာမဟုတ်ပါဘဲ၊ခံစားနေရတဲ့ဝေဒနာတွေရှိနေမှာမို ့
    လက်ခံစဉ်းစားပြီး မြော်မြင်ပေးကြစေဖို ့ရာမေတ္တာရပ်ခံပေးချင်ပါတယ်နော့။ခုလိုညွှန်ပြဆုံးမ ပေးနေတဲ့ ကိုဘလက်ရော
    ရွာသားတွေပါ ပြောစကားများကို သူတို ့မြင်တတ်၊သိတတ်ကြပါစေလို ့ဆုတောင်းပါတယ်နော်။

  • thit min

    November 25, 2011 at 1:52 pm

    တခါ ကောင်းတယ်။ နှစ်ခါ သင့်တယ်။ သုံးခါ အိုကေပါသေးတယ်။ လေးခါ ဆိုတော့ ဟင်း ဟင်း။
    ငါး ခါဆိုတော့ တော်သင့်ပြီ။ ၆၊ ၇၊၈၊၉၊၁ဝ အားလုံးကို ဂရုမစိုက်ဘူးကွာ။ပြောချင်ရာပြောမယ်ကွာလို့
    မြင်လာတယ်။
    တခု ပြောကြည့်မယ် နော်။
    ခင်ဗျားတို့ သံတွဲသားတွေ ကိုယ့်မြို့ ကိုယ်ချစ်ကြတယ်ဆိုတာ ယုံပါတယ်။
    ဒါပေမဲ့ ခင်ဗျားရေးထားတဲ့ စာတွေ၊ကော်မန့်တွေ ပြန်ဖတ်ပြီး အေးအေးဆေးဆေး စဉ်းစားကြည့်လိုက်။
    ခင်ဗျားတို့ မြို့ဟာ လူလိမ်၊လူညစ်တွေရဲ့ အရောင်ဆိုးမှုနဲ့ စုတ်ပြတ် ညစ်ပတ်နေတာဘဲဗျာ။
    ခင်ဗျားတို့ အဲဒီလိုမဖြစ်စေချင်ဘူးဆိုတာ ကျနော်ယုံပါတယ်။
    ဒါပေမဲ့ ခုတော်တော်ကြီးကိုစိတ်ပျက်စရာ မြို့တမြို့အဖြစ် ခင်ဗျားတို့အားလုံး ဝိုင်း၍ကြိုးစားပုံဖော်ခဲ့ကြလေပြီ။
    ကျနော်တို့ မြို့သံတွဲကို မုန်းအောင်၊ရွံအောင် ခင်ဗျားတို့ ဆက်လုပ်ဘိုအစီအစဉ် တွေ ရပ်ကြပါလို့
    အကောင်းဆုံးအကြံပေးချင်ပါသည်။
    ခုခေတ်မှာပြောမယ်ဆိုရင် ခင်ဗျားတို့ပြောတဲ့ ကိတ်စမျိုးတွေ မြို့တိုင်းနီးပါးအနည်းနဲ့အများရှိတာပေါ့ဗျာ။
    ရှင်းရှင်းပြောရရင် ခင်ဗျားတို့စိတ်ဝင်စားသလောက် ဘယ်သူမှစိတ်မဝင်စားဘူး။ ၁ခါထက်ကျော်သွားရင်။
    အဲဒီတော့ ကိုယ်မြို့ကိုယ့်ရွာ အထင်သေးခံရတာ၊ ခင်ဗျားတို့ပြောနေတဲ့လူတွေကိုအထင်သေးသွားတာဘဲ
    အဖတ်တင်လိမ့်မယ်။
    ပါစင်နယ်အမြင်မတော်တာတွေကိုနောက်တနည်း နဲ့ ကြိုးစားကြပါဗျာ။ဂေဇတ်ကိုခုတုံးမလုပ်ကြပါနဲ့။
    လေးစားစွာ တောင်းပန်တာပါ။

    • tharbaw

      November 25, 2011 at 3:23 pm

      မောင်ရင် ပြောသလိုလိုက်နာကြရင် တမြို ့ရွာလုံး၊တနိုင်ငံလုံးဖွံ ့ဖြိုးစည်ပင်တော့မှာ
      မလွဲတော့ပါဘူး။သံတွဲဂေဇက် ဟုနာမည်ပြောင်းသင့်ကြောင်း အဆိုတင်သွင်းပါ၏။

  • weiwei

    November 25, 2011 at 2:06 pm

    သံတွဲကို branded ဖြစ်အောင် ဝိုင်းလုပ်နေကြသလိုဖြစ်နေတယ် ..
    အခုဆိုရင် သံတွဲဆိုတာနဲ့ မကောင်းတာတွေ ဒုစရိုက်တွေကိုပဲ မြင်ယောင်မိသွားတော့တာပဲ …
    ငပလီကိုတောင် မေ့တေ့တေ့ဖြစ်သွားတယ် …
    ငပလီကို ၂ ခါ ရောက်ဖူးလို့ လှပတဲ့ သံတွဲမြို့လေးကို သဘောကျခဲ့ပါတယ် … ရှုခင်းအရမ်းလှလို့ ခဏခဏတောင်သွားချင်မိခဲ့တာ ….

    • inz@ghi

      November 25, 2011 at 2:11 pm

      အနှီ ပိုစ့် လက်ရှောင်၏ ..ဘောက်မဲ့ကြောင့်ဆိုသော်…
      [Rebranding of Than Dwe] ဆိုပြီး စာမူတောင်းမှာစိုး …..

      😛

  • windtalker

    November 25, 2011 at 2:35 pm

    သံတွဲ ၊ စမန်ဆွဲ
    ဖန်ဟဲ ၊ ကြံမဲ
    အမှန်ဘဲ ၊ လန်ကွဲ

  • ဆူး

    November 25, 2011 at 2:38 pm

    မီးဒုတ် မီးဒုတ်.. ရှို့.. ရှို့…
    ရော့.. ဒီမှာ ဓါးတွေ လှံတွေ.. ဗျောက်တွေ ကျည်တွေ ကြိုက်သလောက် လာယူကြပေတော့.. အချင်းချင်း ပစ်ကြနော်.. ကိုယ့်ဟာကိုတော့ ထောင်မပစ်မိကြစေနဲ့..

  • AKKO

    November 25, 2011 at 2:39 pm

    စပွန်ဆာရှိတယ်ဆိုတာကလည်း အပျော်ရှာတတ်တဲ့ယောကျာ်းတွေရှိနေလို့ပါ ။
    မိန်းမတွေက အိမ်ထောင်ရေး သာယာအောင် မထားတဲ့အခါ အပျော်ရှာ စပွန်ဆာပေးတာတွေဖြစ်လာကြတယ် ။ နောက်ပိုင်း မဖုံးမဖိနိုင်တော့မှ စပွန်ဆာက အကြပ်ကိုင် အိမ်ပေါ်တက်နေတဲ့ကိစ္စတွေ ရှုပ်လာပါရော ။
    မိသားစုအပေါ် တန်ဖိုးထားတတ်ကြပါစေဗျာ ။

    • inz@ghi

      November 25, 2011 at 2:46 pm

      ဟိတ်လူရီး …ဘယ့်နှယ့် သံတွဲလာ စပွန်စာပေးနေတာတုန်း…
      ပေးချင် ဖွားဆူးပြောတဲ့ လက်နှက်ခဲယမ်းမီးကျောက်တွေ
      ဝယ်ပေးလိုက်
      😛

      • မှော်ဆရာ

        November 26, 2011 at 8:45 pm

        ဟုတ်ပါ့ စစ်ဖြစ်နေပါတယ်ဆိုမှ စပွန်ဆာ ပေးပါမယ် ဆိုတာကြီးပဲ …
        ကြည့်ကျက်ရှောင်နော် … ဗုံးကြဲတဲ့အထဲ ပါသွားဦးမယ် …
        မှော်မှော်လေးတောင် ကံကောင်းလို့

  • Diamond Key

    November 25, 2011 at 2:39 pm

    ပသို့ပင်ဆိုဆို သံတွဲကို ကျွန်တော်သဘောကျ၏။ ငယ်စဉ်က လေယာဉ်လာလျှင် ကောက်ညှင်းထုတ်လေးများကို မျှော်၏။
    ငပလီရှုခင်းများကို နှစ်သက်၏။
    ခရုရုပ်ကလေးများကို ချစ်၏။
    ထိုမြေပေါ်တွင် နှစ်သက်စရာ မကာင်းသည်များကိုတော့ အမှန်ပင် မရှိစေချင်။ 😆

  • စည်သူ အောင်

    November 25, 2011 at 3:08 pm

    သံတွဲမြို့ အကြောင်းတွေ ကို သံတွဲသားတွေ က ရေးကြတယ်၊ သံတွဲမြို့ သာယာလှ ပ ပုံတွေ ကိုပေါ့၊
    lone ပြောထားတဲ့ အချက်ထဲမှာ “ဘာလိုဖြစ်လို့သံတွဲသားတွေ သူတို့မြို့သူတို့ဒီလောက်ဂုဏ်ဖော်နေကြလဲမသိတော့ပါဘူး…လူတိုင်းက ကိုယ့်ဇာတိမြို့ကို အကောင်းပြောချင်ကြတဲ့သူတွေချည်းပါပဲ…ဒါပေမယ့် သံတွဲကတော့ တော်တော်မျက်စိနောက်လာပါပြီ…မြန်မာနိုင်ငံမှာရှိတဲ့မြို့တွေက သူ့ဟာနဲ့သူလှတာချည်းပါပဲ…အခုဟာက တစ်သံတွဲနဲ့တွဲနေလိုက်တာ ဂဇက်ကို သံတွဲဂဇက်လို့တောင် ပြောင်းခေါ်လို့ရနေပြီ…ပြီးရင် အချင်းချင်းလည်း ရန်ဖြစ်လိုက်ကြသေးတယ်…”

    လို့ ဆိုထားတဲ့ အချက်ထဲမှာ ကျွန်တော်ပြောစရာ ပေါ်လာလို့ ဝင်ပြောရတာပါ။ သံတွဲမြို့ တစ်မြို့ ထဲမှ လှပလွန်းနေပါတယ်ဆိုပြီး ပြောခဲ့ကြတာ မှ မဟုတ်တာ၊ မြို့ တိုင်းမှ သူ့ အလှနဲ့ သူရှိနေတာပါပဲ။ ဒါပေမဲ့ ဒီလို ဖော်ပြချက်တွေက တစ်နယ်နဲ့ တစ်နယ် တစ်မြို့ နဲ့ တစ်မြို့ ယဉ်ကျေးမှု၊ အတွေးအခေါ်တို့ ပေါင်းစည်းရာ အဖြစ် မြင်ကြည့်ပါလား။ သူမြို့မှာ ဒီလို ကိုယ့်မြို့မှာ ဒီလို စသည်ဖြင့် မတူညီတဲ့ အတွေးအခေါ်၊ မတူညီတဲ့ ယဉ်ကျေးမှုတွေ ကို နားလည်လာမှ ကျွန်တော်တို့ ပြည်ထောင်စု တွေ အတူယှဉ်တွဲနေနိုင်မှာပေါ့။
    လွတ်လပ်စွာကွဲလွဲပိုင်ခွင့်ရှိတဲ့ ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ ကွဲလွဲပါ။ ဒါပေမဲ့ အရှိတရားတွေ ကိုတော့ မျက်ကွယ်ပြုထားလို့ တော့ မရဘူးပေါ့ဗျာ။
    နောက်တစ်ခုက နှစ်ပေါင်း ၆ဝ ကျော် ပိတ်နေတဲ့ ပါးစပ်တွေ၊ ခံစားနေရတဲ့ ရင်တွေ ကွဲထွက်လာတော့ အော်သံတွေ ထွက်လာမှာပါပဲ။ ကျွန်တော် နော်ဝေပန်းချီဆရာ ‘အက်ဗတ်မွန့်ခ်’ ဆွဲခဲ့တဲ့ ‘အော်သံ’ ပန်းချီကား ကို တွေးမိတယ်၊ ၂၀၀၃ လောက်မှာ Generation wave ရဲ့ သီချင်းတွေ နဲ့ အတူ အော်သံဆိုတဲ့ ပန်းချီကား ကို စိတ်ဝင်စားလာခဲ့တယ်။ ဘာကြောင့် ဒီပန်းချီကား ကို ဆွဲခဲ့လဲ စဉ်းစားမရခဲ့ဘူး။ အဲ့တုန်းက လူ့ဘဝ၊ အကြောင်းဘာမှ မသိခဲ့ဘူးပြောရမယ်။ ဒီနှစ်ပိုင်း စီးပွားရေးလောကထဲ စတင်ခြေချ လိုက်ကာမှ နည်းနည်း သဘောပေါက်လာတယ်။ ချုပ်တည်းမှုတွေ၊ မကျေနပ်ချက်တွေ၊ တရားမျှ တမှုတွေ၊ ခံစားချက်တွေ အတွက် လုံလောက်တဲ့ အော်သံတစ်ခုတော့ လိုအပ်နေတာပါ။

  • စည်သူ အောင်

    November 25, 2011 at 3:15 pm

    အဲ ကျန်ခဲ့လို့ အော်သံဆိုတဲ့ နေရာမှာ၊ Personal Attack တွေ လုပ်ဖို့ စီးပွားပြိုင်ဖက်တွေ ၊ အာဏာလုပွဲတွေ အတွက် အသုံးချ နေကြတာ တွေ လဲ တွေ့ ရပါတယ်။ ဒါမျိုးတွေ လုပ်နေကြတာ ကိုတော့ လုံးဝ အားမပေးဘူး။ ရွံစရာ အလုပ်တွေ ပဲ။ သိပ်ရှက်ဖို့ ကောင်းပါတယ်။ ဒါမျိုးတွေ မလုပ်ကြဖို့ လဲ တောင်းဆိုပါတယ်ဗျာ။

  • ကိုရင်စည်သူ

    November 26, 2011 at 8:30 pm

    အသံမစဲတဲ့၊ သံတွဲ
    မြို့ကို မြို့သားကဖျက်
    သံချေးတက်…
    သဂျီးက ထု
    မဆိုင်သူ ဖု
    ………….
    ………….
    ဂေဇက်ကို ခုတုံးလုပ်နေတဲ့ သံတွဲသားတွေရေ..
    တခြားနေရာမှာ သွားဖောကြပါ..
    ရွာလေးကို ဖုန်ထအောင်တော့ မလုပ်ကြပါနဲ့…

  • blackchaw

    November 26, 2011 at 8:58 pm

    ကဲ ဗီလိန်ကြီး ကျွန်တော်ကပဲ သံတွဲသားတွေကို နည်းနည်းလေး ရှင်းပြပါရစေဗျာ။
    ဆရာတို့ သိထားရမှာက ခင်ဗျားတို့ မြို့သားတွေ ခံစားရသလိုမျိုး
    အခြားသော မြို့သားတွေက မခံစားရဘူးလို့ ထင်နေတာလား။
    ခင်ဗျားတို့ မြို့သားတွေ အဖိနှိတ်ခံရသလိုမျိုး အခြားသောမြို့သားတွေ
    အဖိနှိတ်မခံရဘူးလို့ ထင်နေပါသလား။
    ကဲ အဲဒီလို မထင်ပါဘူး ဆိုရင် တခြားမြို့တွေက
    ဘာတွေအော်နေပါသလဲ။ မြန်မာနိုင်ငံမှာရှိတဲ့ မြို့ပေါင်းမြောက်များစွာထဲမှာမှ
    သံတွဲမြို့တစ်ခုထဲ ကွက်ပြီး ဒီလိုဒုက္ခတွေ ရှိနေတယ်လို့ ယူဆတယ်ဆိုရင်
    ခင်ဗျားတို့ ဦးနှောက်တွေကို install ပြန်လုပ်ဖို့ လိုနေပါပြီလို့ သတိပေးပါရစေခင်ဗျာ။

  • ပုံပြောသူ

    November 26, 2011 at 10:32 pm

    ဟုတ်ကဲ့ပါဗျ ..
    သတိထားဆင်ခြင်ပါ့မယ်..

  • unclelay

    November 26, 2011 at 10:39 pm

    စည်းကမ်းမလိုက်နာသူကို တစ်ဦးချင်းစီ ဘလော့ လုပ်ပေးကြပါ၊
    ခြေမ မကောင်း ခြေမ စနစ်လေး လုပ်ပေးပါရန် ၊

  • မောင်သန်းထွဋ် ဦး

    November 26, 2011 at 10:59 pm

    မနေ ့ကပိတ်လိုက်တယ်ဆိုတော့ sky net သုံးသူတွေအားလုံးဖွင့်မရတော့ဘူးပေါ့။စိတ်ထဲတော့ မကောင်းပါဘူး။
    သံတွဲက အချို ့လူတွေလဲ ပြောလေကဲလေ၊မန်းလေပြဲလေပါလားဗျာ။နားကိုမလည်တော့ပါဘူး။ကိုသစ်မင်းပြော
    တာလဲဟုတ်တယ်။တစ်ခါနှစ်ခါသုံးခါ ဟာ ဘယ်နှစ်ကြိမ်တင်မှန်းမသိတော့၊သူကြီးလဲဖျက်ပေးရ၊ထိန်းရသိမ်းရ
    ခက်နေပီ။ကိုယ့်အကြောင်းကိုယ်သိုသိုသိပ်သိပ် နည်းလမ်းရှာဖြေရှင်းကြဖို ့မေတ္တာရပ်ခံပါရစေ။

  • အပွင့်လင်းဆုံးပြောရင် အစက သံတွဲ ပါလာတယ်ဆိုရင်ဖတ်တယ်။
    ဒါပေမယ့် တစ်ယောက်က တစ်မျိုး နောက်တစ်ယောက်ကတမျိုးဆိုတော့ ကိုယ်တိုင်မြင်တွေ့နေရတာလဲမဟုတ်တော့ ဘယ်သူမှန်တယ်မှားတယ်ဆိုတာလဲ
    မသိ။
    အဲတော့ နောက်ဆို သံတွဲမြင်တာနဲ့ မဖတ်ဖြစ်တော့ဘူး၊
    ဒါကတော့ စိတ်ထဲမှာရှိတဲ့အတိုင်းပြောတာ။

Leave a Reply