လောဘ-ဒေါသ……စိတ်ညစ်စရာ သောက… stress.. အခက်အခဲ …..ပြဿနာအားလုံးရဲ့ တရားခံ ဘယ်သူလဲ??

uzinNovember 25, 20111min1115

လောဘ-ဒေါသ-……စိတ်ညစ်စရာ သောက… stress.. အခက်အခဲ …..ပြဿနာအားလုံးရဲ့ တရားခံ ဘယ်သူလဲ??

၁)အစဉ်အလာရိုးရာ၏ လွှမ်းမိုးမှုအောက် နိုင်းယှဉ်မှု

ကျွန်ုပ်တို့တတွေ ငယ်ရွယ်စဉ်ကတည်းက ပတ်ဝန်းကျင် အစဉ်အလာ ရဲ့ လွှမ်းမိုးမှုအောက် မိဘရိုးရာအတိုင်း  ငါအဖြစ် သူအဖြစ်ဆိုတာ တကယ်ရှိတယ်…အတည်ဖြစ်တယ် ….ဟု ထင်မှတ်ရာမှ..သူ နဲ့ ငါ ဆိုသည်အဖြစ်ကို အတည်ယူ လျှက်…..  တစ်ဦး နှင့် တစ်ဦး နှိုင်းယှဉ်ကြည့်မိကြလေသည်…..။

ထိုမှတဆင့်…အစဉ်အလာရဲ့သင်ကြားပေးမှုအတိုင်း ပတ်ဝန်းကျင် လက်လှမ်းမှီရာ ငါ နဲ့ တန်းတူ အရွယ်တူသူများ၏ လုပ်ဆောင်မှု အခြေအနေကို စောင့်ကြည့်ဖို့ အကဲခတ်ဖို့လိုတယ် …..သူများတကာထက် မသာရင် တောင်မှ အောက်ကျ နောက်ကျဖြစ်မနေသင့်ဘူး ……စသည်ဖြင့် ငါ အဖြစ် သူအဖြစ် ပုဂ္ဂိုလ် သတ္တဝါအဖြစ် တစ်ယောက်အဖြစ် …တစ်ခုခုအဖြစ် ….ကို အတည်ယူရာမှ ကျွန်ုပ်တို့ နှလုံးသားထဲ အတွေးပေါင်းစုံ ဝင်လာပြီး….ပူပန်မှုစလေသည်…။

နှိုင်းယှဉ်ကြည့်ရာမှာ ငါဆိုသော မိမိ နှင့် ……. သူတပါး ဟူသော မိမိနှင့် ရွယ်တူ (သို့) အဆင့်တူသည်ဟု မိမိဖာသာယူဆထားသူများ နှင့် အပြိုင်အဆိုင်ရှိမှ တိုးတက်မည်ဟူ၍ ယူဆကာ တစ်ဦးနှင့်တစ်ဦး အပြိုင်အဆိုင်လေးတော့ ရှိသင့်တယ် လို့ ထင်မိခဲ့ကြပါတယ်…..

အနီးအနား နှိုင်းယှဉ်စရာ တစ်ဦးဦး မရှိပါကလည်း မနေ့က ငါ နှင့် ဒီနေ့ ငါ ကို နှိုင်းယှဉ်ကြည့် သင့်တယ် ……
မနေ့က ငါ နှင့် ဒီနေ့ ငါ ဘာတွေများ ကွာခြားပြီး တိုးတက်လာသလဲ စသည်ဖြင့်ပေါ..နှိုင်းယှဉ်ခြင်းအလုပ်ကို  ကျွန်ုပ်တို့  နှစ်ခြိုက်စွာပဲ အလေ့အကျင့် တစ်ခုအဖြစ် အလိုအလျောက် လူမှန်းသိတတ်စကတည်းက လုပ်တတ်ခဲ့ပြီး ဖြစ်လေသည်။

၂) တရားခံ ဖမ်းနေခြင်း

နှိုင်းယှဉ်မှု မှ သည် ယှဉ်ပြိုင်မှုတို့  စိတ်ထဲဖြစ်လာကာ ……မိမိစိတ်ထဲ  နှိုင်းယှဉ်မိသူ…မိမိပေါ် အသာစီးရမှုများ တွေ့ရှိပါက မနာလိုစိတ် တို့ သိသိသာသာတမျိုး ….မသိမသာတမျိုး ရင်ထဲ မကြာ မကြာ ဖြစ်ပေါ်လေတော့သည်…
ထို သဘောထားများကြောင့်ပင် ကျွန်ုပ်တို့ဟာ ငယ်စဉ်အရွယ် ပညာသင်တော့ လည်း ပညာရေးမှာပြိုင် ပညာရေးမှာ ပြဿနာတက်ပါတယ်။  အခက်အခဲတွေ-ကျရှုံးမှုတွေ- ပြဿနာတစ်ခုခု ကြုံသောအခါတိုင်းလည်း တစ်ခုခု – တစ်ယောက်ယောက် – အခြေအနေတစ်ခုကို တရားခံလုပ်ပါတယ်။ ဘယ်သူ့ကြောင့် – သူကဘာဖြစ်လို့ – ဘယ်လိုကြောင့် – ငါဉာဏ်မကောင်းလို့ – ဝီရိယနည်းလို့ – အချိန်မရှိလို့ -ငါ့စိတ်ကိုက ထက်သန်မှုနည်းလို့ ….ဘာဖြစ်လို့ ….ညာဖြစ်လို့ စသည်ဖြင့် တရားခံရှာ ပါသည်…

5 comments

  • Gipsy

    November 25, 2011 at 3:53 pm

    ရင်လှုပ်ခတ်စေတဲ့ အရေးအသားပါ …၊
    မျက်တောင်မွေးတစ်ဆုံးလောက်ပဲကြည့်တတ်ကြတဲ့ ကျုပ်တို့အားလုံးအတွက် သင်ခန်းစာလေးပါ…၊
    သူများကို မကြည့်ခင် မိမိကိုယ်မိမိ အရင် စောင့်ကြည့်သင့်ပါကြောင်း တွေးနေမိပါတယ်…။

  • E.T

    November 26, 2011 at 6:47 pm

    လောဘ၊ ဒေါသ၊ စိတ်ညစ်စရာတွေ ဖြစ်အောင်လုပ်တာတရားခံ ဘယ်သူလဲ ဆိုတော့ ကိုယ်ကိုတိုင်ပါပဲ။ 🙂

  • nyanakyaw

    November 28, 2011 at 9:20 pm

    အီးတီ

    အနည်းငယ်သိသော အသိလေးကို Share လိုက်ပါတယ်။ လောဘ၊ ဒေါသ စသော အချက်တွေကို ဗုဒ္ဓဘုရားက ကိလေသာတွေလို့ ဟောကြားထားပါတယ်။ ဒီအချက်တွေဟာ လူတွေကို အဖြစ်ဆိုးသူအဖြစ် ရောက်အောင်ပို့ဆောင်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် ဒီကိလေသာ(၁၀)ပါးကို သမုဒယအရိယသစ္စာဟု အမည်သတ်မှတ်ပြီး ပယ်သတ်ရန်ကိစ္စရှိတယ်လို့ ဟောကြားခဲ့တာပါ။

    ဒီကိလေသာ (၁၀)ပါးထဲတွင် ဘယ်သူကဦးဆောင်လဲဆိုရင် မောဟ(အဝိဇ္ဇာ)ဆိုတဲ့ မသိမှုပါ။ ဒီနေရာမှာ မသိမှုဆိုတာ ဘာကိုမသိတာလဲလို့ မေးစရာရှိပါတယ်။ ဟိုဟာမသိ၊ ဒီဟာမသိကို ပြောတာမဟုတ်ပါဘူး။ ဒေါသတွေတွက်ပြီး အခြားသူကိုတုန့်ပြန်၊ လောဘတွေကြီးပြီး သိမ်းဆည်းရယူလိုမှု စတာတွေကို အပြစ်လို့ မမြင်ဘဲ ငါ့ပြောလို့ပြန်ပြောတာ၊ ငါ့အတွက်ငါယူတာ၊ ငါဒီလိုဒေါသတွေထွက်နေတာ၊ ငါလောဘတွေကြီးနေတာ အကောင်းပေါ့။ ဒါငါလုပ်တာပဲ၊ ဒီလိုလုပ်တာ ငါဘဲလို့ မြင်ပြီး၊ ကိလေသာနှင့် ငါကို အတူတူလို့မြင်တာဟာ ကိလေသာကို အပြစ်မပြင်ဘဲ မိမိကိုယ်ကို အပြစ်မြင်တာဟာ မသိမှုပါ။

  • aye.kk

    November 29, 2011 at 7:41 am

    ငါ..ဆိုက
    အတ္တကိုပယ်
    ငါဝယ်မရှိ
    သတ်နိုင်ဘိကား
    စိတ်၏ချမ်းသာ
    လိုရာကောင်းကျိုးရရှိလိမ့်..။

Leave a Reply