မော်ဒယ်အလန်းလေးများ စပွန်စာအလိုရှိသည်…

WowNovember 25, 20111min133050

ကိုယ်ကျင့်တရားစံနှုန်းများကျဆင်းလာခြင်း

ယနေ့ မြန်မာနိုင်ငံမှာ ညီမငယ်လေး(အထူးသဖြင့် မော်ဒယ် နှင့် အနုပညာရှင်အချို့) အများစုဟာ ခေတ်ပေါ်အဝတ်အစားများဖြင့် မိမိတို့၏ ကိုယ်ပိုင်ပစည်းများအား တင်ပြခြင်းအားဖြင့် ထင်ပေါ်ကျော်ကြားအောင် ပြုလုပ်ခြင်း။ အချို့မှာ ထင်ပေါ်ကျော်ကြားလိုခြင်း သက်သက်သာဖြစ်ပြီး အချို့မှာ စပွန်စာလူကြီးမင်းများ ရရှိရန်ဖြစ်သည်။

ထိုနည်းတူစွာ ပြည်ပနိုင်ငံများတွင် သွားရောက်လုပ်ကိုင်သူ တစ်ချို့မှာလည်း မိမိနိုင်ငံတွင် မိသားစု၊ လက်တွဲဖေါ် ကျန်ခဲ့သည်ဖြစ်စေ ပြည်ပနိုင်ငံများတွင် အသိတရားဖြင့် ကိုယ်ကျင့်တရားစောင့်ထိန်းမှုများ နည်းပါးသည်ကိုတွေ့ရပါသည်။
(အားလုံးကို မဆိုလိုပါ။ ပညာရှင်စီနီယာများကြားတွင် မရဲတရဲနှင့် Post တင်ရပါသဖြင့် ဝိုင်းမဆဲကြပါရန် သွေ့ပုကျိ)

အထက်ဖေါ်ပြပါ မယ်တော်များနှင့် ပြည်ပတွင်အလုပ်လုပ်ကိုင်သူများကို များသောအားဖြင့် online တွင်ဖြစ်စေ Media များတွင်ဖြစ်စေ လူ့ပတ်ဝန်းကျင်တွင် များစွာရှုတ်ချကြပါသည်။

မန်းဂေဇက်က အကိုတွေ ဖလန်းဖလန်းလေးတွေကို တဝ အားပေးအပြီး မှ မြန်မာ့ယဉ်ကျေးမှုထိခိုက်တယ် ဆိုပြီး ဝိုင်းမန့်ကြတာမျိုးပေါ့။ (ဤကား စကားချပ်)

ဘာ့ကြောင့်လဲ…???

မြန်မာတွင် ကမ္ဘာမှာဂုဏ်ယူလောက်အောင် မဆလာပါတီလက်ထက်၊ နဝတလက်ထက် တစ်လျောက်မှ ယနေ့တိုင် ပညာရေး စံနစ်မှာဆိုးဝါးလွန်းလှသသည်။ ကျမ်းမာရေး၊ စီးပွားရေးများသည်လည်း ထိုနည်းလည်းကောင်း….ထိုနည်းလည်းကောင်း…

အခြေခံလူတန်းစားနှင့် လူလတ်တန်းစားများအတွက် ဘဝလုံခြုံမှု အာမခံချက်မရှိပေ။ ဘွဲ့ရလျှင် ဘာလုပ်မည် ညာလုပ်မည် စိတ်ကူးယဉ်ခွင့်မရှိ။ ဘာမှလုပ်မရပါ။

လူ့သဘောသဘာဝအရ ကောင်းကောင်းစားချင်သည် ကောင်းကောင်းနေခြင်သည်။ ထိုအခါ အသိပညာ၊ စိတ်ဓာတ်နုံနဲ့ရှာသော ညီမငယ်များ ဘာလုပ်မည်ထင်ပါသနည်း…

ထိုအတူ အာဏာရ ဘောစိ စပွန်စာ ဘဘ၊ ဦးဦးများက ငွေ၊လက်ဆောင်၊အာဏာ တို့နှင့် ဖျာယောင်း လိုက်သောအခါ…ဒန်…တန်…တန်…

ဒန်…တန်….တန် တွေဖြစ်ကုန်ပါသည်။ မိဘများက ရင်ထုမနာဖြစ်ရောပေါ့….မထင်ပါ။ ကိုယ်တွေ့…ဟဲ့သမီး အဲဒီကောင်က ဘာကောင်ကြီးဟဲ့ အလွတ်မပေးနဲ့…သူ့မှာက ကောင်မကြီးရှိတယ်နော် ခွင်ဆင်ပြီး ကိုယ့်ဘက်ကိုရေလာအောင်လုပ်…ဒီကောင်ကြီးက ချီးထုတ်ကြီး ရေမလာဘူး ကန်ထုတ်လိုက်….
စသည်ဖြင့် အမျိုးကောင်းသမီးလေးများ၏ လက်ဦးဆရာ သင်တန်းဖြစ်ပါသည်။ (မိဘအားလုံးကို မဆိုလိုပါ)

နဝတ ပညာရေးစနစ်အရ မင်းကဘွဲ့ရလား သွားနောက်ဖေး မြက်ခုတ်၊ မင်းက လေးတန်းအောင်လား လာ စာရေးလုပ်၊ သမီးလေးက ဘဘကြီးနားတိုး…

ဒီလိုပညာရေးများပို့ချခံထားရသော ညီမငယ်လေးများ တိုတာကို တိုတယ်သွားမပြောနဲ့ တင်ပြတာကို အပြစ်မပြောနဲ့ တင်မပြရင် ဘာပြရမလဲ။ လူ့သဘောက အပြစ်ပြောရင် အရွဲ့တိုက်ချင်သည်။ မြန်မာ့ယဉ်ကျေးမှုနဲ့ မညီဘူး လာမပြောနဲ့ ပြောတဲ့သူတွေက ဆန်အိုးထဲဆန်မရှိတော့ ဘာလုပ်ပေးလဲ…အိမ်မှာ အမေ ဆေးရုံတက်ရတော့ ဘယ်သူ ကူညီပေးလဲ….လဲ….လဲ…

ဘယ်လိုဖြေရှင်းမလဲ

အဓိက ကတော့ ကလေးတွေရဲ့ စိတ်ဓာတ်၊ ကိုယ်ကျင့်တရား(Dignity) တွေးခေါ်ပုံ (Way of thinking) စတာတွေအတွက် အသေအချာ Steady & Train လုပ်ပေးနိုင်တဲ့ ပညာရေးကွန်ယက်လိုအပ်ပါတယ်။

သာမန်အားဖြင့် အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကိုယ်ကျင့်သိက္ခာဖောက်ဖျက်ဖို့ရာ တွန့်ဆုတ်တတ်ကြပါတယ်။ ( Sexual Discrimination လို့ ဝိုင်းပြောရဘူးနော်)

“နိုင်ငံရေးမှာ အမျိုးသမီးတွေ အကျင့်ပျက်ချစားမှုနဲတယ်”
အထက်ပါစကားစုကတော့ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲအတိုက်အခံ ကိုယ်စားလှယ် Ms.Mu Sochua က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်းအဖွဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ပံ့ပိုးမှုနဲ့ အပြည်ပြည်ဆိုင်ရာလုပ်ငန်းအဖွဲ့ပူးပေါင်းပြီး အဖွဲ့ချုပ်ရုံးမှာ အလုပ်ရုံဆွေးနွေးပွဲ Nov.15 to No.17 မှာပြောသွားတာပါ။ (မော်ဒန်သတင်းဂျာနယ် အမှတ်.၂၈၅)

ယခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ “ပန်းခင်းတဲ့လမ်းကို ကျမတို့လျှောက်ရင်းနဲ့ ပန်းခင်းသွားမှာပါ” ဆိုပြီး…ဒီမိုကရေစီကွန်ယက်အဖြစ် ပညာရေးကွန်ယက် (အမေ့အိမ်စာသင်ကျောင်း၊ အောင်ဆန်းဂျာမွန်းစာကြည့်တိုက်…စသည်ဖြင့်)၊ လူမှုရေးကွန်ယက်၊ ကျမ်းမာရေးကွန်ယက် စသည်များနှင့် လူငယ်များ ဘဝမြှင့်တင်ဖို့ အခြေခံမှအစ စနစ်တကျလုပ်ကိုင်နေပါတယ်။

ဒီတော့ အထက်ပါ စပွန်စာညီမလေးများရဲ့ခေါင်းထဲကိုလဲ ပညာပေးအသိတွေတဖြည်းဖြည်းနဲ့ သွင်းပေးရမှာပါ။

ဘုပြော၊ ဘေးထိုင်၊ ရှုံ့ချနေရုံနဲ့ ဘာမှာဖြစ်မလာပါဘူး….

အဲဒီတော့ မြန်မာအမျိုးသမီးလေးတွေကို တကယ်ချစ်တယ် တကယ်လိမ္မာစေချင်တယ်ဆိုရင်တော့ သူတို့ရဲ့ အခက်အခဲတွေကူညီဖြေရှင်းပေး၊ ပညာပေး၊ လက်တွဲခေါ် ဒီနည်းလမ်းကလွဲပြီး မှတပါးအခြားမရှိပြီ…

အဲဒီလိုမှ မရတဲ့ ကျန်ခဲ့တဲ့ ညီမလေးတွေကတော့ သူ့လမ်းနဲ့သူသွားပါလိမ့်မယ်….

အဲဒီတော့ စပွန်စာ ကိုကို၊ ဦးဦး၊ ဘဘများ…….

50 comments

  • Wow

    November 25, 2011 at 1:52 pm

    ပုံတွေ Post မှာ ဘယ်လို Insert လုပ်ရလဲပြောပြပေးပါဦး။

  • Moe Z

    November 25, 2011 at 1:55 pm

    ပုံကြည့်ချင်တဲ့သူတွေ ပြောပြလိုက်ကြဦး 🙂

  • inz@ghi

    November 25, 2011 at 2:02 pm

    အဟမ်း …
    တော်ပါဘီ မန့်တော့ပါဘူး …
    သူ့ဟာက လုံနေအောင် ပိတ်ထားတော့ ဘယ်နာ့ မန့်ရမှန်းမသိ…
    – ပုံတင်နည်းပေးလိုက်ရင်လည်း ဝါဒနာ ရှင်ဖစ်ဦးမယ်…
    – ပို့စ့် ဝေဖန်ရင်လည်း sexual discrimination တဲ့..
    – ဝုတ်ပါဒယ် ထောက်ခံဖို့ကျတော့လည်း …စပွန်စာကိုကို စာရင်းဝင်ဦးမယ်..
    ဝှူး …တော်သေးဘီ….

    ဒေါ်ရီးမိုး ဂိုက်တာ ရီးနဲ့ပါလား …ကိုအင်ရီးက ဗူးသီးရှိပ် မတီးဝူးနော်
    တဖက်ကောက်မှ အိုဗေးရှင်းမှ တီးတာ ..တိရား…

    • Moe Z

      November 25, 2011 at 3:07 pm

      ဘာရှိတ်ပဲဖြစ်ဖြစ် အသံကောင်းဖို့အရေးကြီးတယ်နော်
      ဒီမှာတော့ စစ်ကိုင်းအိုးကအကောင်းဆုံးတဲ့
      မယုံရင် ကိုပေတို့ လေးပေါက်တို့ကိုမေးကြည့် 🙂
      မိုးစက်ကတော့ နောက်ကျောမှာ I killed somebody လို့မရေးထားဘူး

      • E.T

        November 25, 2011 at 3:20 pm

        မမိုးဇက်က အိုး ကြော်ငြာဝင်နေပါတယ်။ စစ်ကိုင်း အိုး အကောင်းဆုံးတဲ့။ အသံလည်းကောင်းရ မယ်တဲ့။ ကိုပေနဲ ့ လေးပေါက်တို ့က ဘယ်လို သိသွားပါလိမ့်။ ဒီလူကြီး ၂ ယောက် စစ်ကိုင်းသွား စပွန်စာ နေတာလားမသိ။ မီလွယ်ဘူး။

      • inz@ghi

        November 25, 2011 at 4:42 pm

        ဟ ရှိတ်ကအရေးကြီးတာပေါ့ဟ…
        နင့်ဗူးသီးကြီးက၁၂ကွက်ကျော်ရင် နှိုက်လို့မရဝူး..
        အင်ဂျီးတို့က နှိုက်ရမှ ကြိုက်တာ …..
        မှော်ဆြာမေးကြည့် မယုံရင် ….
        ဗူးသီးက အလုံးလေးတွေတီးရတာ အဆင်မပြေဝူး…(လုံးလုုံး ကိုပြောတာမဟုတ်ပါ….)
        သူဆို စကေးလ်တီးပီးရင် ချက်ခြင်း ဘတ်စ်စကားတောင် မစီးရဲဘူးတဲ့ ..
        အဲ့လောက် အလုံးကြိုက်တာ…ခစ်ခစ်

        ပီး ….စကိုင်းအိုး ထူပလိန်းတွေက ခေတ်ရှိတော့တာဟုတ်ဝူး…
        အင်ဂျီး တို့က အိုးပါးပါးလေးတွေပဲ ကြိုက်တာ …
        လေးပေါက် အသိပဲ …. နော့်…:D:D:D:D:D

  • lone

    November 25, 2011 at 2:11 pm

    မိုက်လှချည်လား wow ရ။ ….(မန်းဂေဇက်က အကိုတွေ ဖလန်းဖလန်းလေးတွေကို တဝ အားပေးအပြီး မှ မြန်မာ့ယဉ်ကျေးမှုထိခိုက်တယ် ဆိုပြီး ဝိုင်းမန့်ကြတာမျိုးပေါ့။ (ဤကား စကားချပ်)) အဲဒါကို ကြိုက်တယ်….ဟိဟိ…တွေ့ရင်တော့ ဝိုင်းတုတ်တာခံရတော့မယ်…အပြစ်ပြောလို့မရအောင်…ပိတ်ပြီးတော့လည်းပြောပြောသွားလိုက်သေးတယ်..လူတစ်ကိုယ်စိတ်တစ်မျိုးဆိုတော့ … ဒါမလုပ်နဲ့..ဟိုဟာမလုပ်နဲ့..သွားပြောဖို့ကခက်တယ်..ကိုယ်ဘေးကဘယ်လောက်ကူညီကူညီ…ဘယ်လောက်ပြောပြောလုပ်ချင်ရင်လုပ်ကြမှာပဲ…ဘဘ၊ဦးဦး၊ကိုကို တွေကလည်း အားလုံးကို ထိန်းသိမ်းလိုက်တာနဲ့..ဒီတိုင်းအငြိမ်နေမယ်ထင်လို့လား…သူတို့လုပ်ချင်ရင်လုပ်ကြမှာပဲ…ဘယ်သူ့ကိုမှ ဘာမှသွားတားလို့မရဘူး… photo တွေ Insert လုပ်ချင်ရင် ခေါင်းစဉ်ရိုက်တဲ့ box ရယ် post ရိုက်တဲ့ box ရယ် ..အဲဒီ့နှစ်ခုရဲ့ကြားထဲကို ကြည့်လိုက်..အဲဒီ့မှာ …လေးထောင့်ကွက်လေးတွေတွေ့လိမ့်မယ်…arrow key လေးနဲ့လိုက်တင်ကြည့် add image ဆိုတာတွေ့လိမ့်မယ် click လိုက် ရင် photo တင်ဖို့…select file ကိုတွေ့လိမ့်မယ်…အဲ့ဒါကိုclick ပြီးကိုယ်တင်ချင်တဲ့ပုံကိုရွေး 100% ပြည့်တဲ့အထိစောင့် တော်တော်တော့ကြာတယ်…ပြီးရင်အောက်မှာ တင်တဲ့ပုံကို size ရွေးပေးထားတယ်…size ရွေးပြီး Insert into post ကို click လိုက်ရင်ရပြီ…ကိုယ့်ဘာသာကိုယ် ကြည့်ကျပ်လုပ်လိုက်လေ…အမလေးမောလိုက်တာ…. 🙂

    • Wow

      November 25, 2011 at 2:27 pm

      ကျေးဇူးပါနော် lone.
      ကော်နားရှင်ကလည်းမကောင်းတော့ ကြိုးစားတော့ကြည့်လိုက်ဦးမယ်.
      အားပေးတာ ကျေးဇူးပါ.
      🙂

  • king

    November 25, 2011 at 2:18 pm

    ပြောတော့ပြောပြချင်တယ် …
    ဆင်ဆာမလွတ်တဲ့ပုံတွေ ဖြစ်နေမှာစိုးလို့ … 😀 .. နောက်လူတွေ ဆက်ပြောပါလိမ့်မယ် ….
    ဘာစပွန်စာလုပ်ပေးရင် ကောင်းမလဲ စဉ်းစားလိုက်အုံးမယ်ဗျာ ….. 🙂
    အင်း ….. ဟိုဟာလုပ်ပေးရင် ဟိုဟာဖြစ်မှာစိုး ဒီဟာလုပ်ပေးရင်လည်း ဒီဟာဖြစ်မှာစိုးနဲ့
    သမီးလေးတွေ မွေးစားပြီး ကိုယ်ဖိရင်ဖိ သေချာလက်ထပ် သင်ပေးတာပဲကောင်းမယ်ထင်တယ်နော့ …. 😛

  • windtalker

    November 25, 2011 at 2:27 pm

    ဟင့်အင်း
    မော်ဒယ်တွေ / မင်းသမီးတွေ
    ဝတ်ချင်သလို ဝတ်တာ ကို
    ယဉ်ကျေးမှု ကို ထိခိုက်တယ် လို ့ဘယ်တုန်းက မှ မထင်ခဲ့ဘူး
    ဘာမှ မဝတ်လေ ကြိုက်လေ ဘဲ
    တစ်ခုရှိတယ်
    ကိုယ့် အသိအပတ်အသက် ဆွေမျိုးသားချင်း ထဲ က မိန်းကလေးတွေ ဝတ်ရင်တော့
    ပြင်းပြင်းထန်ထန် တားမြစ် ရလိမ့်မယ်

  • ရွာစားကျော် စိန်အောင်ဒင်

    November 25, 2011 at 2:30 pm

    ဒန်…တန်….တန် တွေဖြစ်မကုန်အောင်
    လက်တွဲပီးတော့ ခေါ်ချင်ပါတယ်..
    ပန်းခင်းလမ်းပေါ်လည်းလျှောက်စေချင်ပါတယ်လို့နော်..
    အမောတကော မန့်ပေးသွားတဲ့ lone ကိုလည်း ကျေးဇူးပါလို့ (ဒါက စကားချပ်.. :P)
    Wow လည်း နည်းသိပြီဆိုတော့ အင်း..ကိုယ့်ဘာသာကိုယ် ကြည့်ကျပ် ဆက်လုပ်လိုက်ပေါ့နော်..

    • Wow

      November 25, 2011 at 2:49 pm

      အများကမြှောက်စားတော့လည်း ရွာစားတို့အကြိုက် တောက်ကြွားတဲ့ပုံကလေးများ တင်ပေးရတာပေါ့။
      နောက်ထှာ (အစ်ကိုဂီရဲ့ လေငှားပြောလိုက်ခြင်း)

  • etone

    November 25, 2011 at 2:31 pm

    စပွန်ဆာ ဆိုလျှင် အသံတောင် မကြားချင်ဘူး … ။ မနာလိုလို့ မဟုတ်ဘူးနော် … ။ ရွံလွန်းလို့ … ။
    လက်နှစ်ဘက်ခြေနှစ်ဖက်နဲ့ … လူတန်းစေ့ ပါလာတာတောင် ကိုယ့်အား ကိုယ်မကိုးချင်ဘူး .. ကပ်စား ၊ နှပ်စား ၊ ကြောင်စားချင်တာ ဟာတွေမို့လို့ … ။ သူတို့အဖြစ်ကလည်း … ကိုယ်ခန္ဓာထဲက သံကောင်တွေလိုပဲ … ရွံစရာကောင်းတယ် … ။ ထွီးးးးးးးးး 🙄

    • nigimi77

      November 25, 2011 at 5:59 pm

      အီးဒုံး ရယ်

      ညည်းကလဲ အိုက်လို မပြောပါနဲ ့အေ

      ဒင်းရို ့ခမျာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ရှဉ့်လည်း ခါးနာ ပျားလည်း အားပါ ဆိုသလိုပေါ့

      ပြောမည့်သာပြောရတယ် ကျုပ်တို ့များကြတော့ လမ်းဘေးက အရူးမကိုတောင်

      စပွန်ဆာပေးနိုင်တဲ့ ဓန ပါဝါက မရှိပြန်ဘူး

      ဒီတော့ကာ ကျုပ်ကို စပွန်ဆာပြန်ပေးနိုင်မည့် Under 25 လေးတွေကို ရှာရပဂေါ ။

      ရှာသာရှာတယ် ဥပဒိက လည်း မလာဆိုတော့ စိတ်နာနာနဲ ့ ညည်းပြောတာကိုပဲ

      ထောက်ခံရမလိုပဲ

      ဟုတ်တယ် ဟေ့……ထွီးးးး…….သန်ကောင်တွေလိုပဲ ရွံစရာကောင်းတယ်

      ရွံလွန်းလို ့ ဘာနဲ ့ ထိုးတယ်ဆိုလား ကြားဖူးတာပဲ……

      လက်သီးးးးးးး။။။ ဟီးးးးးးးးးးးးးးးးးးးး……………………….။

      • inz@ghi

        November 25, 2011 at 6:05 pm

        တပ်မ၇ရ ကွ
        လက်နက်ကြီးနဲ့ကိုဆော်တာ ….
        အဲ့လို အရေးအသားဒွေကို ခိုက်တာ…..
        ယောက်ျားဘသားကွ ….ချထား

      • etone

        November 26, 2011 at 9:24 am

        ကဏန်းကြီး 77ရေ .. တကယ်ဆ

        • etone

          November 26, 2011 at 9:30 am

          ကဏန်းကြီး 77ရေ .. တကယ်ဆို စပွန်ဆာတွေ ၊ ဖွန်တာတွေကို ကျွန်မအာရုံထဲ သိပ်မထားပါဘူး …သူကြိုက်လို့ သူလုပ်တာပဲ … ။ မျက်နှာလွဲနေလို့ရတယ် … အခုဟာက ..( မြင်နေရတဲ့ … ) စပွန်ဆာမတွေ မျက်စိထဲ လာလာဖလန်းထပြနေလွန်းလို့ .. ပေါက်ကွဲသွားတာမျိုးပါ … ။ မမြင်ချင် ၊ မကြားချင်လို့ မရဘူး … ။ အရင်ကတော့ ထမင်းတောင် နပ်မှန်ရဲ့လား ၊ အသားဟင်းတောင်စားရရဲ့လား မသိပဲ … အခုမှ … စပွန်ဆာတွေပါးစပ်က ဘာထွက်သလဲသိလား … အိမ်မှာ ပေါဆုံးက ပိုက်ဆံပဲတဲ့လေ … ။ ပိုက်ဆံနဲ့ အတူ ကိုယ်ကျင့်တရား ၊ သိစ္စာစောင့်သိမှုနဲ့ သန့်ရှင်းစင်ကြယ်မှုဆိုတာတွေ လျော့ပါးကုန်တာ သူတို့ မသိလေရော့သလား … ။ စိတ်ပိန်တယ် … ဝေးဝေးမှာကြွားလို့ပဲ ပြောလိုက်ချင်ပါတော့တယ် … ။

  • inz@ghi

    November 25, 2011 at 2:36 pm

    အင်း တယောက်တော့ လက်နှက်ကြီးနဲ့ စထုနေပြီ
    တပ်ချုပ်ကြောင်တို့ တပ်မ၇ရတို့ တက်လာရင် ဘာပြောဦးမယ်မသိ …
    ဒါနဲ့ ဘဖောကို သတိရထှာ …

    ပေါက်-ပေ-လူး-ဂီ-မှော်-တီ-စီ
    သိုင်းညီနောင် -ရဖော်မှလည်း အခြေအနေကြည့် အားဖြည့်ပေးမည် ဖြစ်ကြောင်း

    ပုံ
    လေသိုင်းသမားလေး ဂီဂီ

    • မှော်ဆရာ

      November 25, 2011 at 2:50 pm

      အသံ ၆ ကြားလား ကြားလား ကြားရင် ငြိမ်နားထောင်
      အခြေအနေကို စောင့်ကြည့်နေတယ်
      နိုင်လောက်တဲ့ဘက်က ဝိုင်းထုရအောင်
      စွတ်စက်မတက်နဲ့နော်
      လက်နက်ကြီးတွေ တအားပြစ်နေတယ်

      • inz@ghi

        November 25, 2011 at 2:57 pm

        ရထားဖြစ်လား ရထားဖြစ်လား
        ရထားဖြစ်ရင် ၅-၆ ပါ
        လေကြောင်းပစ်ကူ လိုတဲ့အခါ
        အချက်ပြပါ ..

        • etone

          November 25, 2011 at 4:05 pm

          ၅ ၆ တဲ့ ကြော်ငြာလာဝင်နေတယ် .. ဟား ဟား … ခြောက်နေလျှင် ရေစိမ်ပါဗျို့ … 😀

        • “ဘီလူးကြီး”ogre

          November 26, 2011 at 10:49 am

          တပ်မ(၇၇)က လက်နက်ကြီးနဲ့ထုနေပြီလားဗျ
          ဂီဂီရေ ရထားဖြစ်လို့ ၅-၆ ဆိုရင်တော့
          ရွာထိပ်မှာရောင်နီပြရင် အုတ်ခဲပုံပြီး ၃၂ ကိုင်ကြတာပေါ့
          အဲဒါကြောင့် ၃-၅ နဲ့ ခဏစောင့်ပါ
          ခြေမှုန်းရေးအတွက် စပယ် ၃ ပွင့်နဲ့ ဘီလူးတပ်မှုးကြီးလာမယ်
          အဲကျမှ ၇ဝ လုပ်မယ်ကွာ….ဒါဗျဲ 😛 🙂

  • AKKO

    November 25, 2011 at 2:39 pm

    စပွန်ဆာရှိတယ်ဆိုတာကလည်း အပျော်ရှာတတ်တဲ့ယောကျာ်းတွေရှိနေလို့ပါ ။
    မိန်းမတွေက အိမ်ထောင်ရေး သာယာအောင် မထားတဲ့အခါ အပျော်ရှာ စပွန်ဆာပေးတာတွေဖြစ်လာကြတယ် ။ နောက်ပိုင်း မဖုံးမဖိနိုင်တော့မှ စပွန်ဆာက အကြပ်ကိုင် အိမ်ပေါ်တက်နေတဲ့ကိစ္စတွေ ရှုပ်လာပါရော ။
    မိသားစုအပေါ် တန်ဖိုးထားတတ်ကြပါစေဗျာ ။

    • nozomi

      November 25, 2011 at 2:51 pm

      ဟုတ်ကဲ့ အေကေကေအို ကတော့ ကြေငြာသွားပါပြီ
      “မိန်းမတွေက အိမ်ထောင်ရေး သာယာအောင် မထားတဲ့အခါ အပျော်ရှာ စပွန်ဆာပေးတာတွေဖြစ်လာကြတယ် ” သက်ဆိုင်သူများ အားလုံး ဖတ်မိပြီး သတိပြု ဆင်ခြင် နိုင်စေဘို့ပါ

    • Wow

      November 25, 2011 at 3:02 pm

      AKKO နဲ့ YKKO ဘာတော်လဲ…ဟင်….
      YKKO တော့ကြိုက်တယ်…
      🙂

      • etone

        November 25, 2011 at 3:29 pm

        Wow ရေ…. AKKO ကိုကြိုက်ချင်လျှင်တော့ … ဖြိုးပုတို့ အဖွဲ့ထဲ ဝင်လိုက်နော် ဟဲဟဲ … 😆

        • Wow

          November 26, 2011 at 11:18 am

          YKKO ပဲကြိုက်တာ အီတုံးရဲ့…သူရို့က အိမ်ကတစ်ယောက်တောင် ဇောက်ထိုးထားမှာတဲ့…ကျောင်းဆရာကြီး…
          😀

    • E.T

      November 25, 2011 at 3:38 pm

      AKKO ရေ အိမ်ထောင်ရေး သာယာအောင်ထားနိုင်တဲ့ အိမ်သူသက်ထားလေး ရပါစေဗျာ။

      • AKKO

        November 25, 2011 at 4:29 pm

        ပေးတဲ့ ဆုနဲ့ ပြည့်ပါစေဗျား ။ လောလောဆယ်တော့ အိမ်ပါ ဇောက်ထိုးလုပ်မယ့်သူနဲ့ ဆုံနေရသဗျာ 😀

        • E.T

          November 25, 2011 at 5:41 pm

          အိမ်ကိုတော့ ဇောက်ထိုး အဖြစ်မခံနဲ ့။ AKKO ကောင်မလေးကိုသာ ဇောက်ထိုးထားထားလိုက်။ 😀

        • inz@ghi

          November 25, 2011 at 5:43 pm

          ဝေ့ နင်ဟာက ကြောက်ဆြာရီးဝေ့

        • windtalker

          November 25, 2011 at 7:41 pm

          ဒီကွန်မင့် မြင်ရတော့ ဝင်မန် ့ရဦးမယ်
          အက်ကို ရေ
          အဲဒီ “ အိမ်ပါ ဇောက်ထိုးလုပ်မယ့် ကိစန ” ကို လုံးဝ လက်မခံနဲ ့နော်
          တစ်ခု ရှိတယ်ဗျ
          ဟိုကျမ်းကြီး ဗျာ
          နာမည်တော်တော်ကြီးပါတယ် ၊ ကျား/မ မရွေးဖတ်ကြတယ်
          အဲ့ကျမ်းအလိုအရ ဆိုရင်တော့
          လိပ်ကျောက်မြီး ဒါမှ မဟုတ် ၊ မြင်းမြီး နဲ ့လုပ်ထားတဲ့ အမွှေးတွေနဲ ့ရိုက်တံ ရှိတယ် ဗျ
          တစ်ရက် ကို သုံးကြိမ်
          မနက် တစ် နေ ့တစ် ည တစ်
          အစာစားပြီးတိုင်း
          တစ်ချက် မှ သုံးချက်
          စိတ်ကြိုက်သာ သုံး ပေတော့ဗျို ့
          ဟီဟိ

        • E.T

          November 25, 2011 at 7:54 pm

          ကိုပေ အဲဒါဘာနည်းတွေတုန်း။ ကိုပေသုံးတဲ့ နည်းတွေလား 😛

        • inz@ghi

          November 25, 2011 at 8:03 pm

          ရေ ရေ… ရေပေးကြပါ..
          ဆပ်ပြာမှုန့်ပါ လုပ်ပါ …သည်မှာ ဟိုလူရီးတွေ
          ညစ်ပတ်နေကြပါလယ် ဗျို့ …
          :D:D:D

  • kyawtheinmyint 23

    November 25, 2011 at 2:59 pm

    စပွန်ဆာ ဆိုလို့ မြန်မာနိုင်ငံက စပွန်ဆာပေးတဲ့bossတွေရဲ့ စေတနာက နေရာလွဲနေသလာလို့

    • Shanma TUmdy

      November 25, 2011 at 10:42 pm

      လွဲလည်း ကိုယ်ကဘာတတ်နိုင်လို့လဲဗျာ..

    • Mr. MarGa

      November 26, 2011 at 5:45 pm

      အပေးချည်းပဲဆို မကောင်းဘူးလေ
      အပေးအယူ မျှ မှကောင်းတာ
      အဲဒါကြောင့် boss တွေက ပေးလဲပေးတယ် ယူလဲယူတယ်။
      (ငွေရှိတဲ့လူတွေ လုပ်ထားဦးပေါ့ကွာ ငါသာရှိရင်တော့လား…………………)

  • မှော်ဆရာ

    November 25, 2011 at 3:08 pm

    ဟေဟေ့ ဒီဘက်က ပြန်ပစ်ပြီဟေ့ ..
    မိန်းမတွေကြောင့် မဟုတ်ပြန်ဘူး ဘောစိတွေကြောင့်တဲ့ …

    • inz@ghi

      November 25, 2011 at 5:05 pm

      ဆြာသစ်နဲ့ ပြောခဲ့တဲ့ market demand theory ဂျီး ချရေးလိုက်ရ
      မကောင်း ချိလော့မယ်….ဟွန်း ..

      လောလောဆယ် ကြားနေဝါဒပါ …..
      သို့သော တပ်လှန့်ထားပြီး လုံခြုံရေး ကို အမြင့်ဆုံး သတ်မှတ်ချက်အထိ ဆွဲတင်ထားပါ
      သိုင်းညီနောင်တို့…
      ညင်းညင်း….

  • blackchaw

    November 25, 2011 at 4:43 pm

    ဟဲဟဲ။ သူကြီးရဲ့ ကွန်းမန့်တစ်ခုကို တိုက်ရိုက်ကူချ လိုက်တယ်ဗျို့။

    “ကျုပ်ကတော့ မြန်မာပြည်ကြီး ဒီလိုဖြစ်ရတာ.. ဘာကြောင့်လည်း ထပ်ခါတွေးနေမိတော့တာပဲ..။
    ဒါတွေဟာ.. စံနစ်ကြောင့်မဟုတ်ဖူး…နိုင်ငံရေး စံနစ်ကြောင့် မဟုတ်ပါဘူး…။”
    ဒါတွေဟာ စံနစ်ကြောင့်မဟုတ်ဖူး… နိုင်ငံရေး စံနစ်ကြောင့် မဟုတ်ပါဘူး…
    ဒါတွေဟာ စံနစ်ကြောင့်မဟုတ်ဖူး… နိုင်ငံရေး စံနစ်ကြောင့် မဟုတ်ပါဘူး…
    ဒါတွေဟာ စံနစ်ကြောင့်မဟုတ်ဖူး… နိုင်ငံရေး စံနစ်ကြောင့် မဟုတ်ပါဘူး…
    ဒါတွေဟာ စံနစ်ကြောင့်မဟုတ်ဖူး… နိုင်ငံရေး စံနစ်ကြောင့် မဟုတ်ပါဘူး…

  • Shanma TUmdy

    November 25, 2011 at 8:18 pm

    ကိုယ်တွေ့…ဟဲ့သမီး အဲဒီကောင်က ဘာကောင်ကြီးဟဲ့ အလွတ်မပေးနဲ့…သူ့မှာက ကောင်မကြီးရှိတယ်နော် ခွင်ဆင်ပြီး ကိုယ့်ဘက်ကိုရေလာအောင်လုပ်…ဒီကောင်ကြီးက ချီးထုတ်ကြီး ရေမလာဘူး ကန်ထုတ်လိုက်….
    စသည်ဖြင့် အမျိုးကောင်းသမီးလေးများ၏ လက်ဦးဆရာ သင်တန်းဖြစ်ပါသည်။ (မိဘအားလုံးကို မဆိုလိုပါ)
    ————————————————————

    အဲဒါပြောတာ မိဘတိုင်းလည်း ..သားသမီးအတွက်စံပြမဖြစ်နိုင်ပါဘူးလ်ို့ ..

  • naywoonni

    November 25, 2011 at 9:13 pm

    အဲဒါကြောင့် ဆရာကြီးနန္ဒာသိန်းဇံကပြောခဲ့တာပေါ့……….။ မိဘစကားနားထောင်တိုင်းမကောင်းဘူးတဲ့ဗျ…။ မိဘစကားတိုင်းသာနားထောင်ခဲ့ကြမယ်ဆိုရင် သိဒ္ဓတ္ထ မင်းသားတောင် ဘုရားဖြစ်ခဲ့မှာမဟုတ်ဘူးတဲ့…။ အဲဒိတော့ ရိုးရာအစဉ်အလာသမားလေးတွေ ကိုယ့်ဖာသာကိုယ်ပြန်လည်ဆန်းစစ်သင့်ပြီ…။

  • Sonny

    November 25, 2011 at 10:02 pm

    ဝေါင်းရေ(wow)
    လျှာပေါ်မျက်ပေါက်ပေ့စေ စပွန်စာ ဆိုသူတွေ ပေးတဲ့ စပွန်စာကြေးကို တွန်းလှန်နိုင်အောင်စိတ်ဓါတ်မွေးမြူရမယ်။
    ..စပွန်စာရှိလည်း ဘယ်လောက်မွဲမွဲ မိန်းကလေး တွေ..လက်မက္ခံ.ဘို့ ကိုယ့်ကိုကိုယ်
    တန်ဖိုးထားရမယ်။ အဓိက က self-value ရှိဖိုု့ လိုပါတယ်။ ငွေမရှိ ရင် နောက်ဆုံးအဆင့် တောင်းစားလို့ ရပါတယ်။ စပွန်စာ လက်က္ခံ လိုုက်ရင် ဘဝ ပျက်ပြီပေါ့။ weaker sex တွေကို ကူညီကြစေချင်ပါတယ်။
    အူမ မတောင့် လို့ ခန္ဓာ ရင်း ပြီး ပျက်ရတဲဝ မိန်းကလေးများ စိုးစင် မျှ မရှိစေချင်ပါ။
    ချစ်ခြင်းအားဖြင့်…..ကိုဆန်နီ……

  • cobra

    November 26, 2011 at 12:42 am

    ပြောလည်းပြောပေါ့
    ဟိုလူကြီးတွေတော်တော်ညစ်ပတ်ကြတယ်နော်

  • inz@ghi

    November 26, 2011 at 11:02 am

    ကွင်းလယ်ကစားသမား ကိုကင်း နဲ့ အပေးအယူလုပ်ပြီး
    တောင်ပံတိုက်စစ်မှူး တပ်မ၇ရ က ညာတောင်ပံကနေ
    ဒလမန်းကြမ်း …ဂိုးဧရိယာ ထဲကို ဆွဲပြေးလာပါတယ်ခင်ဗျား…

    ကွင်းလယ်အဖျက် ကစားသမား ဝိုး … တောင်ပံခံစစ်မှူး မိုးဇိ တို့ကို
    ထိုးဖောက်ဖြတ်ကျော် လာပါပြီ….

    ဒါပေမယ့် စကစ်ပါ အိတုန် က sliding tackle နဲ့ အနာခံဖျက်ထုတ်လိုက်တာကြောင့်
    ယခု ဆိုရင် ထောင့်ကန်ဘော …ပေးလိုက်ရပါတယ်ခင်ဗျား…

    ကွင်းလယ်ကစားသမား ဂီဂီ ဟာညာထောင့်ကန်ဘော ကို ဘယ်ခြေနဲ့ ခုတ်တင်လိုက်ပါပီ…

    (ဟဲဟဲ ဆက်ဆွဲကြတော့ဗျာ…)

    • king

      November 26, 2011 at 2:48 pm

      ဒီ Comment ကလေးကိုမြင်မှ ဟိုပြက်လုံးကို သွားသတိရမိတယ် … (ဒီပို့စ်နဲ့တော့ မဆိုင်ဘူးပေါ့ဗျာ)
      မြန်မာနေရှင်နယ်လိဂ် အသင်းကြီးနှင့် နိုင်ငံပေါင်းစုံအသင်းကြီးတို့၏ ချစ်ကြည်ရေး ဘောလုံး ပွဲစဉ်တဲ့ဗျ …
      အဲဒီမှာ မြန်မာနိုင်ငံအသင်းဘက်ကနေ မြောက်ကိုရီးယား၊ တရုတ်၊ အိနိ္ဒယ။ ထိုင်းတို့က ကူပြီး ကစားပေးတယ်ဗျ …
      ထုံစံအတိုင်း မြန်မာအသင်း နောက်တန်းမှာပဲ အပေးအယူလုပ်ပြီး မြောက်ကိုရီးယားဆီ လှမ်းပို့လိုက်တယ် (ဆန်တွေ) တစ်ခါ ဘောလုံးက မြန်မာဆီ ပြန်ရောက်လာပြီး တရုတ်ဆီကို ဓါးလွယ်ခုတ်ကလေး လှမ်းထိုးပေးတယ် (ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျောက်စိမ်း ….. ) တရုတ်က မြန်မာ ဆီ အသာလေး လှိမ့်ထိုးပေးလိုက်တယ် (တရုတ်ပစ္စည်းစုတ်တွေ …..) မြောက်ကိုရီးယား ရသွားပြီ … ရသွားပြီ သူက ကန့်လန့်ဖြတ် မြန်မာနိုင်ငံကို လှမ်းပို့တယ် (လက်နက်တွေ …)အဲ အဲဒီမှာပဲ အမေရိကန်က ကြားကနေဖျက်လိုက်လို့ မြောက်ကိုးရီးယား လက်ထဲ အဲ ခြေထဲ ပြန်ရောက်သွားတယ် …. ဟူးးးးးးးးးးးး မောတယ်ဗျာ …. ကိုယ်ဖာသာ ဆက်ကန်ကြတော့ဗျာ …. 😀 😛

  • ကြောင်ကြီး

    November 26, 2011 at 11:53 am

    ထောက်ခံပါတယ်။ မြန်မာ့ယဉ်ကျေးမှုကို ထိခိုက်စေတဲ့ လိင်အသားပေး ဓာတ်ပုံမတင်သင့်ဘူး။
    Wow ရေ ဓာတ်ပုံတွေ တင်မယ်ဆိုလည်း မြန်မြန်တင်လေကွာ၊ မတင်ဖြစ်ရင်လည်း ဂျီမေးလ်ကတဆင့် ပို့လိုက်။ အားပေးလိုက်ကြတာ၊ ငါ့မန်းတာနဲ့ဆို တရက်ထဲမှာ ကွန်မန့်၄၅ခုတောင် ရှိနေပြီ။ ကြောင်ကြီး လံကွတ်တီနဲ့ ကော့ကန်ကား လုပ်ပြနေတဲ့ပုံ ကြည့်ချင်သူများ ရှိရင် ပြောကြပါဗျို့…..။ 😉

  • cryingsoul

    November 26, 2011 at 2:51 pm

    ရှောင်နေမှ တော်တော်ပြင်းထန်နေပြီ ကြောင်ကြီးပြောတဲ.ပုံတော.ကြည်.ချင်ပါသေးတယ်

  • ကိုရင်စည်သူ

    November 26, 2011 at 6:55 pm

    ဪ.. ကိုရင် ရွာထဲဝင်မရလို့ ရွာထိပ်ကညောင်ပင်ကြီးအောက်မှာ
    တရားမှတ်နေတုန်း… ရွာထဲမှာ စပွန်ဆာကိစ္စရှူပ်သွားတယ်ထင်ပ…
    ဘာပဲဖြစ်ဖြစ် ဘီဘီစပွန်ဆာလေးရှိရင်တော့… အဘ ဘုဉ်းပေးပါ့မယ်ကွယ်… 😀 😀 😀

  • naywoonni

    November 26, 2011 at 8:17 pm

    ကိုရင်နော်…။ ကိုယ့်ကျောင်းမှာကိုယ်မနေဘူး…။ ဟိုသွားဒီသွား …. ဟိုပြောဒီပြော… နဲ့……… ဟင်းး ဆွဲချွတ်ထားလိုက်ရ (သင်္ကန်းပြောတာ) 😛 😛

Leave a Reply