ဝါယာရှော့ခ်ဖြစ်ကာ မီးလောင် (25-11-11)

etoneNovember 25, 20111min21222

မီးလောင်မှု သတင်းတစ်ခု ရထားပါတယ် … ။ အနော်ရထာလမ်းပေါ်က ဗိုလ်ချုပ်ဈေးသစ်အနီးက တိုက်တန်းလျားမှာပါ ။  သိမ်ကြီးဈေးနဲ့ ့လည်း မျက်စောင်းထိုးလောက် အ နေထာ း ၊ ကုံး တံတား အောက်က တိုက်ပါပဲ … ။ 8လွှာကနေ ဝါယာရှော့ဖြစ်ပြီး လောင်ကျွမ်းတာလို့ သိရပြီး  … ယခုထိတိုင် မီးငြိမ်း သက်ဆဲဖြစ်ကြောင်း သိရပါတယ် ။ (အမျိုးတွေ အဆွေတွေရှိရင် ပြေးကြနော် ) … ။ မီးသတ်ကား ခြောက်စီးခန့်  ရေပက်ဖျန်းနေသော်လည်း …. မီးလောင်ကျွမ်းဆဲဟုသိရပါတယ် … ။

ဝါယာရှော့နဲ့ ပတ်သတ်လို့ … လမ်းကြုံတုံး မေးခဲ့ဖူးတဲ့ အင်တာဗျူးလေးထဲက (ပို့စ်တင်ပြီးသား )စာသားလေးတွေပါ ပြန်ကူးချလိုက်ပါတယ် … ။ အားလုံးပဲ မီးဘေး အန္တရာယ်ကာကွယ်နိုင်ကြပါစေနော် … ။ မီးကို သတိထား ကိုင်တွယ်ပြီး … မပေ့ါဆမိဖို့လည်း သတိရကြပါလို့ တိုက်တွန်းချင်ပါတော့တယ် … ။

(မီးလောင်ကျွမ်းမှု ဓါတ်ပုံများကို မနက်ဖြန်မှ တင်ပေးပါဦးမယ် … )

%%%%%%%%%%%%%%%%%%%%%%%%%%

ဝါယာရှော့ဖြစ်လို့ မီးလောင် ကျွမ်းမှူဖြစ်ရတဲ့ အချက်က ခြောက်ချက်ရှိပါတယ် …

(၁) ကတော့ … ဆားကစ်ပြားတွေကနေ ရှော့ဖြစ်တာမျိုးပါ ။

(၂) ကတော့ … အိုဗာလုပ်ပေါ့လေ မနိုင်ဝန်ထမ်းရတဲ့အတွက် ကြိုးတွေပူပြီး ရှော့ဖြစ်တာမျိုးပေါ့ …။

(၃) ကတော့ သွယ်တမ်းထားတဲ့ ကြိုးတွေ ပလပ်တွေကနေ မထိတထိဖြစ်ပြီး … မီးကူး ၊ မီးလောင်တာမျိုးပါ ။

(၄) ကတော့ … မီးအားတွေ တက်လိုက်မြင့်လိုက်ဖြစ်တဲ့ အချိန် ကိုယ်က မီးအားမြင့်စက်တွေ သုံးထားမယ် .. ပြန်ချဖို့ မေ့နေမယ် .. ဒါမျိုးတွေကနေ ဖြစ်တတ်တဲ့ ရှော့ဖြစ်မှူပါ ။

(၅) ကတော့ …သွယ်တန်းထားတဲ့ လျှပ်စစ်မီးကြိုးတွေ ၊ ဟောင်းနွမ်းဆွေးမြေ့နေမယ် … ၊မိုးကြိုး စီးဝင်လွယ်မယ် … ၊ ပေါက်ပြဲနေမယ် …အ ဲ့ဒီအခါမျိုးမှာလည်း …. ရှော့ဖြစ်တတ်ပါတယ်။

(၆) ကျွန်မတို့ ယခုသုံးစွဲနေတဲ့ ဝါယာကြိုးတွေမှာ ကြေးနီနန်းကြိုးတွေပါဝင်ဖွဲ့ စည်းနေပါတယ် … ဒါကြောင့် ကြေးနီရဲ့ သဘော သဘာဝအရ …လျှပ်စစ်ဓါတ်ကူးနိုင်တယ် … ၊အပူလွန်ကဲ သိုလှောင် ချိန်မြင့်မှားလာလျှင် ရှော ့ဖြစ် လောင်ကျွမ်းနိုင်တယ် ။ အဲ့ဒီကနေဖြစ်တဲ့ လောင်ကျွမ်းမှူပါ … ။

လူမရှိတဲ့ အိမ် ဝါယာရှော့ဖြစ်တာက …အိမ်သုံး လျှပ်စစ်ပစ္စည်းတွေ … မပိတ်မိတာမျိုးဖြစ်နိုင်ပါတယ် … တစ်ခါတစ်လေ …ရေခဲသေတ္တာနဲ့ အခြား အိမ်သုံး ဆော့ဗ်ဂတ်တွေ ၊ တွေးမြေ့နေတဲ့ … မီးကြိုးတွေကနေ … အပူလွန်ကဲပြီး လောင်ကျွမ်းမှူမျိုးတွေ ရှိတတ်တာမို့ … အိမ်မှာ လူမရှိပေမဲ့ ပေါ့ဆမှူလို့ ယူဆပြီး အရေးယူတာပါ … ။ အကောင်းဆုံးကတော့ အိမ်မှာ လူမရှိလျှင် မိန်းပိတ်ထားတာမျိုး လုပ်သင့်တယ်လို့ ကျွန်မထင်မိပါတယ် ။

သိချင်စိတ်နဲ့ … ” ဒါဆိုလျှင် အိမ်မှာလူမရှိချိန် ဝါယာရှော့လောင်ကျွမ်းမှူဖြစ်လည်း အရေးယူခံရမှာဆိုတော့ ထောင်ဒဏ်လား ၊ ငွေဒဏ်လား ဘယ်လို သတ်မှတ်သလဲသိပါရစေလို့ ” မေးမိပြန်ပါတယ် ။ ဟုတ်ပါတယ်တဲ့ … ပေါ့ဆမီးလို့ သတ်မှတ်ပြီး အရေးယူမှူတွေ ပြုလုပ်မှာပါတဲ့ … ထောင်ဒဏ်ချမှတ်တာမျိုးရှိသလို ၊ ငွေဒဏ်ချမှတ်တာလည်း ရှိပါတယ် … ထို့အတူ ထောင်ဒဏ်ရော ၊ ငွေဒဏ်ပါ နှစ်ရပ်စလုံးကျခံတာလည်း ရှိပါတယ် … ဆုံးရှုံးမှူ ၊ တန်ဖိုးပေါ် မူတည်ပြီး သတ်မှတ်တာဖြစ်လို့ … ထောင်ဘယ်နှနှစ် ၊ ငွေပမာဏဘက်လောက်လဲဆိုတာကတော့ … မီးသင့်လောင်ကျွမ်းမှူ ပေါ် မူတည်ပါတယ်လို့ ဖြေကြား သွားခဲပါတယ် … ။

https://myanmargazette.net/58518/arts-humanities/politician-musician-celebrity-interviews-profiles

အပေါ်ကလင့်မှာတော့ မီးလောင်မှုနဲ့ ပတ်သတ်လို့ … အနည်းငယ်ကို ရေးထားပါသေးတယ် … ။ MRTV-4 TALK SHOW အစီအစဉ်မှ မီးဘေးအန ္တရာယ် လေ့လာမိသမျှ  ဆိုတဲ့ ခေါင်းစဉ်နဲ့ပါပဲ .. ။

 

 

 

22 comments

  • parlayar46

    November 25, 2011 at 12:24 pm

    အခုပဲ ထွက်ကြည့်ပြီး ပြန်ဝင်လာတာ။
    မြန်လိုက်တဲ့ etone ပါပဲ။ တော်ပါပေ့။
    ငြိမ်းသွားပါပြီ။ မီးငြိမ်းပြီးမှ လှေခါးထောင်ပြီး (အသားယူ) ဓါတ်ပုံရိုက်နေကြလို့ ကြာသွားတာ။

    • etone

      November 25, 2011 at 12:52 pm

      အော .. ဂလိုလား …အဲ့လို ဒါ့ပုံ ရိုက်နေတာလေးကို ဒါ့ပုံပြန်ရိုက်ထားလိုက်ပါလား ကိုပါလေယာရေ ..ဟီး 😀

  • inz@ghi

    November 25, 2011 at 12:30 pm

    အဟမ်း ……
    ဒီသဒင်းကို နာ့ အမိန့်မရဘဲ ဘယ်တူ ရေးဒါရဲကွ ဟေ ….
    ကျောဇမ်း…..

    • Diamond Key

      November 25, 2011 at 12:39 pm

      ဂျာနယ်လစ်ကြီးရဲ့ညီမ ဂျာကလေးetone ရေးတာပါခင်ည။ 😛
      ပုံတွေတော့ အကိုဆီက ခိုးရအုံးမှာမို့ မနက်ဖြန်မှတဲ့။ (အိပ်ဆေးတွေ ဝယ်နေလေရဲ့) :mrgreen:

      • etone

        November 25, 2011 at 12:50 pm

        ဟား ဟား .. ဟုတ်ဖူး .. ဒီတခါတော့ .. ဦးစိန်သော့ကြီးမှားသွားပြီ … ။
        ကျွန်မအစ်ကိုက ဘယ်တော့မှ သူသိတဲ့ သတင်းကို ပြောမပြဘူး … ။ သူ့ဟာသူပဲ ရေးတာ … ။ (အကျင့်ကပုပ်တယ် 🙁 ) အခုသတင်းပေးတဲ့ လူက အလိမ္မာ အိမ်ပါလေး .. ဟဲဟဲ …
        သူ့ခမျာ … ကြိုးစား ပမ်းစား လူတွေကြားတိုးပြီး ဓါတ်ပုံရိုက်နေရင်း ….. ဖုန်းခအကုန်ခံပြီး သတင်းလှမ်းပေးတာ … ..ဟဲဟဲ … ။ 😀

        • inz@ghi

          November 25, 2011 at 12:52 pm

          သိဘီ သိဘီ ဖြိုးလေး ကိုပြောတာ မဟုတ်လားဟင်
          အလိမ္မာ အိမ်ပါလေး…;P

        • etone

          November 25, 2011 at 12:57 pm

          ဟွန့် … နှိုင်းစရာရှားလို့ … ။ ယောကျာ်းအရင့်မာကြီးကို ဂျော်တကီးတဲ့ .. ဟွန့် 😡

        • Diamond Key

          November 25, 2011 at 1:13 pm

          ဩော…….သတင်းပေးတာ သူလား 😛 ၊ အပြင်မှ ” ၂၀ဝ ” ကုန်မှာစိုးလို့ အိမ်အထိတောင် အောင့်လာနိုင်တဲ့သူ။ (တော်ထှာ၊ မကုန်သင့်တာ မကုန်ရအောင်) 😀
          သူ့ခမျာ … ကြိုးစား ပမ်းစား လူတွေကြားတိုးပြီး ဓါတ်ပုံရိုက်နေရလို့ အိမ်ထိမအောင့်ထားနိုင်ရင် 😡 တော့ ဒုက္ခ 😉

        • etone

          November 25, 2011 at 1:47 pm

          ဦးစိန်သော့ကြီးနော ်…ဟွန့်….. ။
          အဲ့ဒီအသုံးမဝင်တာတွေတော့ အိမ်မသယ်/ပါမလာနဲ့… တွေ့တဲ့နေရာမှာ ဝင်ရှင်းလို့ပြောထားတယ် .. ဟဲဟဲ 😆

        • E.T

          November 25, 2011 at 2:09 pm

          နောင်တော် ဂီ့ သူများ ဘဲဘဲ ကို ဂျော်တဂီ့ လို ့ပြောရဘူးလေ။ ဒေါ်တုန်က ဖြေရှင်းချက်ပေးနေပြီ အရင့်မာကြီးပါတဲ့။ ရွာထဲမှာ ညီနောင် ရ ဖော်လို နုနုထွတ်ထွတ်လေးတွေ ရှိတာကို ဒေါ်တုန်က အရင့်မာကြီးကို ရွေးတယ် 😛

        • inz@ghi

          November 25, 2011 at 2:15 pm

          ဂလိုရှိတယ် ကိုရင်တီ ရ…
          ယောက်ျား အရင့်မာ ကြီး ဆိုတဲ့စကားကြီးက ဘာကိုဆိုလိုမှန်းမသိ
          ယောက်ျား စစ်စစ်ကြီး လို့ပြောလည်း ရတာပဲကို
          [ရင့်] ဒါဂျီး နဲ့ [မာ] ဒါကြီး ဂ ..အဟီး ….

          ဝင်ဂျီးနော် ဘာမှတ်တုန်း. …စလုံးဆန်းဆန်းဒွေ
          သုံးလို့ ဆင်ဆာမကျ ဖစ်တွားမယ်

        • မှော်ဆရာ

          November 25, 2011 at 3:16 pm

          အော် မအိတုန်က ကိုယ်ပိုင် သတင်းထောက်နဲ့ကိုး. ။
          လုပ်ပေါ့လေ ရှင်တို့က ရဲကိုး ….

  • nozomi

    November 25, 2011 at 12:38 pm

    ဟို သတင်း ကြားပြီးပြီလား
    လာမပြောနဲ့ အီးဒုံးဆီက သိပြီးသား

  • Shwe Tike Soe

    November 25, 2011 at 1:49 pm

    အဲဒါပြောတာပေါ့ အသွင်တူ အိမ်သူမဖြစ်ဆိုတာ့
    သတင်းပေးတဲ့သူက ပေး ရေးတဲ့သူကရေး… ကဲဘယ်လောက်များ အတိုင်အဖောက်ညီသလဲ…
    ဟေဟေ့ အလိမ်မာအိမ်ပါလေးဆိုတော့ အိမ်ခေါ်ထားချင်လိုက်တာ အဟိ

    • etone

      November 25, 2011 at 1:56 pm

      ဟိတ်ကောင်လေး … အိမ်ခေါ်ထားချင်တယ်ဟုတ်လား … ။ ဘုရား ဘုရား … ။
      လူကြည့်တော့ … တည်တည်တံ့တံ့ယောကျာ်း ပီပီသသပါ … ဘယ်တုန်းက … ဘာဖြစ်သွားပါလိမ့်… ။ ဘင်္ဂလား မမနဲ့တွေ့မှပဲ မေးကြည့်ရတော့မယ် .. ဟဲဟဲ :mrgreen:

  • ဆူး

    November 25, 2011 at 1:54 pm

    စောစောက နေ့လည် ၁၂နာရီ ဝန်းကျင်လောက်တုန်းကတော့ ဗိုလ်ချုပ်ဈေး ရှေ့တော့ ရောက်သား မီးသတ်ကားက ဘာလို့ ဈေးသစ်ရှေ့က မီးသတ်ပိုက်ကနေ ရေဖြည့်နေတာလဲလို့ တွေးနေတာ.. မီးလောင်လို့ ရေဖြည့်တယ်လို့ မတွေးမိလိုက်ဘူး။

  • windtalker

    November 25, 2011 at 2:40 pm

    အတုန်ရေ
    အဲဒီ မီးလောင်တဲ့ နေရာမှာ
    ပေါက်ဖော် တစ်ယောက် ရောက်နေတာ မမြင်မိဘူးလားလို ့
    သူပျောက်နေလို ့ပါ
    ဟီဟိ

  • AKKO

    November 25, 2011 at 3:34 pm

    တကယ်မရေးလောက်ဖူးထင်လို့ပွားလိုက်တာပါ ။ တကယ်ရေးတာပဲ ။ 😛

  • alinsett

    November 25, 2011 at 7:43 pm

    သတင်း တစ်ခု သ်ိရပြီ။
    ကျေးဇူးပါပဲ။

  • “ဘီလူးကြီး”ogre

    November 26, 2011 at 10:57 am

    အတုန်ရဲ့ အလိမ်မာအိမ်ပါကိုတော့
    တားတားကြောက်တယ် ဂယ်လုပ်မဲ့ရုပ်ကြီးဂျ
    “ရင့်”တာကြီးနဲ့ “မာ”တာကြီး ကိုတွေးမိပြီးပြောပါတယ်…….. 😛

  • etone

    December 10, 2011 at 3:01 pm

    ဒါ့ပုံက ခုမှပဲ အက်ဒစ်လုပ်ပြီး တင်လို့ရတော့ဒယ် .. ဟီး :mrgreen:

    • E.T

      December 10, 2011 at 3:17 pm

      လှေကားကြီးက အမြင့်ကြီးပါလား။ ခုခေတ်ကောင်မလေးတွေ စကတ်တိုတို ဝတ်တာများတယ်နော်။ အဲဒီလှေကားကြီးနဲ ့ဆို ဒုက္ခ :mrgreen:

Leave a Reply