ဟိုတယ် အသင်းကို မှတ်ပုံတင်ရန် နံမည်ပေးဘို့လည်းဆိုရော သူက ” မြန်မာ့ ဟိုတယ်လုပ်ငန်းရှင်များ အသင်း” အနေနဲ့ မဟုတ်ဘဲ “မြန်မာ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း” အနေနဲ့ မှတ်ပုံတင်လိုကြောင်းပြောတော့တာဘဲ။  သူက ဒါမှ စားသောက်ဆိုင်တွေ၊ ကားလုပ်ငန်းတွေ၊ နောက် ၀န်ထမ်းတွေ ကို အသင်းတွေ ဖွဲ့ခိုင်းပြီး  ဒီအသင်းရဲ့ အောက်ထဲ ထည့်မယ် ။  မြန်မာဟိုတယ်လုပ်ငန်းရှင်များ အသင်း ဆိုရင် ဟိုတယ်လုပ်ငန်းရှင်လောက်ဘဲ ဖြစ်သွားမယ်ဆိုပြီး  အသင်းနံမည်ကို ” မြန်မာ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်း” ဆိုပြီး မှတ် ပုံတင်ခိုင်းခဲ့တယ်။

အဲ့ဒီ့ အပြင် အဲ့ဒီ့ အချိန်က မြန်မာနိင်ငံ ခရီးသွားလုပ်ငန်း တိုးတက်ရေးအတွက်ဆိုပြီး လုပ်ဆောင်နေတဲ့ MMC (Myanmar Marketing Committee)ဟာ နိုင်ငံခြား ဟိုတယ်များမှ နိုင်ငံခြားသား အထွေထွေမန်နေဂျာများ၊ လေကြောင်းလိုင်း များမှ အထွေထွေမန်နေဂျာများ၊ ခရီးသွားကုမ္မဏီ အချို့မှ မန်နေဂျင်း ဒါရိုက်တာများ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့ပါ။ အဲ့ဒါကို  MHA ဟိုတယ် အသင်းအောက့်မှာ ရှိသင့်တယ်လို့တွင်တွင်  ပြောခဲ့ပါတယ် ။   Sedona , Trader , Hotel Nikko , Kandawgyi Hotel  တို့လို နိုင်ငံခြားသား ဟိုတယ်များက လည်း MHA အသင်း မ၀င်ခဲ့ပါဘူး ။ အဲ့ဒါကို သူ လုံးဝ မကျေနပ်ခဲ့ပါဘူး ။

အစည်းအဝေးတိုင်းလိုလိုမှာ သူ က “ကျွန်တော်တို့က သူဌေး ကြေးပန့် လုပ်နေရတယ်” “ကျွန်တော်တို့က တိုးရစ်များများဝင်အောင် ကြိုးပမ်းလုပ်နေရပြီး ၀င်လာရင် နိုင်ငံခြားသားပိုင် ဟိုတယ်တွေ သွားနေမှာ ” ဆိုပြီး အမြဲပြောလေ့ရှိပါတယ်။  ဒါပေမဲ့ တကယ်တန်းလုပ်တဲ့ အဖွဲ့ က MMC (Myanmar Marketing Committee) ပါ။ သူ ကလေနဲ့ဘဲ လုပ်နေသူပါ။

စကားစပ်လို့ပြောရရင် ဦးဇော်ဇော် (MAX) က နောက်ပိုင်းမှာ ချောင်းသာ ဟိုတယ်ဇုန် ဥက္ကဌ ဖြစ်လာပြီး CEC ဖြစ်လာပါတယ်။ ဟိုတယ် အသင်းအစည်းအဝေး တစ်ခါလာတက်ပါတယ်။ ဦးခင်ရွှေက ထုံးစံအတိုင်း နိုင်ငံခြားဟိုတယ်တွေ အသင်းမ၀င်တာနဲ့ ပါတ်သက်ပြီး သူ့ဓါတ်ပြားဟောင်း ပြန်ဖွင့်ပါတယ်။ အရင်သူပြောရင် ဘယ် CEC ကမှ ဘာ မှ မပြောကြပါဘူး။

ဦးဇော်ဇော် ကတော့ ချက်ခြင်း ကန့်ကွက်ပါတယ်။ သူတို့ နိုင်ငံခြားဟိုတယ်တွေမှာလည်း သူတို့ဒုက္ခနဲ့ သူတို့ ၊ ၀င်တာ မ၀င်တာ ဟာ သူတို့ ဆုံးဖြတ်ချက်နဲ့ သူတို့ဖြစ်တယ်။ အသင်းလုပ်ရပ်တွေ မှန်ကန် အောင်မြင်ရင် သူတို့ဘာသာ မပြောလဲဝင်လိမ့်မယ်။ ကိုယ်ကသာ ကိုယ့်အသင်းအောင်မြင်အောင်လုပ်သင့်တယ် ဆိုပြီး ၀င်ရောက်ပြောကြားခဲ့ပါတယ်။ ဦးခင်ရွှေလည်း အရှိုက်ထိသွားပုံရတယ်။ ဦးဇော်ဇော် လည်း အဲ့ဒီကစပြီး နောက်ထပ် ထပ်မလာတော့ဘူး။ CEC ကနေ ပြန်နှုတ်ထွက်ခွင့်တောင်းတယ် လို့တော့ ပြောသံကြားမိပါတယ်။ သေချာတာတော့ သှု မလာတော့ပါ။

နောက် ဦးခင်ရွှေ အမြဲတန်းပြောလေ့ရှိတဲ့ စကား တစ်ခွန်းရှိပါတယ်။ ခရီးသွားလုပ်ငန်း ကုမ္မဏီတွေကိုပါ။ ခရီးသွားကုမ္မဏီတွေကိုလည်း သူအမြင်မကြည်လင်ပါဘူး။ အမြဲတန်းနှိမ်ချ ပြောဆိုခဲ့ပါတယ်။

ကျုပ်တို့က သိန်းပေါင်းများစွာ အကုန်ခံပြီး ရင်းနှီးထားရတာ၊ ဒင်းတို့က စားပွဲတစ်လုံးနဲ့ ဖုန်းတစ်လုံးရှိရင် အလုပ်လုပ်လို့ ရတယ်၊ လာပြီးဈေးနှုံးတွေ ချဖို့ဘဲကြိုးစားတယ်၊ ကျုပ်တို့နဲ့တူတာ မဟုတ်ဘူး ဆိုပြီးပြောလေ့ရှိပါတယ်။ အဲ သူပြောခဲ့တာတွေ ကို အသာထားပြီး အခွင့် အရေးလည်းရရော  သူ့သား ကိုရီးယား ခရီးသွားလုပ်ငန်း လုပ်ဖို့ဆိုပြီး စာချုပ်တာတွေ့လိုက်တယ်။

အဲဒီလို အမြင်ရှိတဲ့သူကို မြန်မာ့ ခရီးသွားလုပ်ငန်းအဖွဲ့ ဥက္ကဌ ၊ စီမံခန့်ခွဲမှု့နှင့် အုပ်ချုပ်မှု ဒါရိုက်တာ (မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအဖွဲ့ )၊ အကြံပေးတာဝန်ခံ ( မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာန နှင့် ၄င်းနှင့် သက်ဆိုင်သော လုပ်ငန်းအဖွဲ့) ဆိုပြီး ခေါင်းစဉ်တွေတပ်ပြီး ဘယ်သူကများ ရာထူးတွေ ပေးလိုက်လဲလို့ တွေးမနေပါနဲ့။ ဟိုတယ် နဲ့ ခရီးဆိုတာ ဘာမှန်းသိပ်မသိတဲ့ ၀န်ကြီးကို ဆရာကြီးလုပ်ပြီး ယူထားတာ ဖြစ်မယ်လို့ တွက်ဆလို့ ရပါတယ်။

ယခုဝန်ကြီး ဦးတင့်ဆန်း ဟာ သူ့ တပည့်ဖြစ်ခဲ့မှာပါ။ သူက ဆောက်လုပ်ရေးလုပ်ငန်းရှင် အသင်း ဥက္ကဌ ဖြစ်ချိန်မှာ ၀န်ကြီးက သူ့ အဖွဲ့ဝင် တစ်ဦး ဖြစ်ခဲ့ဟန် တူပါတယ်။ ဦးတင့်ဆန်း ဟာလည်းနောက်ပိုင်းမှ ဟိုတယ်တွေ ပိုင်လာ သူဖြစ်မယ်ထင်ပါတယ်။ ဟိုတယ် အသင်းစဖွဲ့တော့သူမပါခဲ့ပါဘူး ။ ဟိုတယ်လောကနဲ့ ခရီးသွားလုပ်ငန်းမှာ သူ့နံမည် မရှိခဲ့ပါဘူး။ ACE ဆောက်လုပ်ရေး လုပ်ငန်းပိုင်ရှင် အနေနဲ့လောက်ဘဲ သိကြပါတယ်။ နောက်ပိုင်းမှ နေပြည်တော် က ဟိုတယ်၊ ချောင်းသာ က ဟိုတယ်တွေ ရှိလာတာပါ။

သူ အာဏာရူးတာဆက်ပြော ရရင် နောက်နှစ်ရွေးကောက်ပွဲလုပ်ပြီး ရွေးမယ်ပြောထားတာ ကနေ ရွေးကောက်ပွဲ တော်တော်နဲ့ မလုပ်ပါဘူး ။ နောက်ဆုံး မလွဲသာ မရှောင်သာ လုပ်ရတော့မယ်လဲဆိုရော ကျုပ်တို့ ဆောက်လုပ်ရေး အသင်းမှာ ရွေးကောက်ပွဲ လုပ်လိုက်တာ ကုလားတွေ ၀င်လာပြီး စည်းလုံးမူ မရှိတော့ဘူး ၊ ဒီမှာ လည်းဒီလိုတော့ အဖြစ်မခံနိုင်ဘူးဆို ကုလား အကြောင်းပြပြီး ဒီလူတွေဘဲ ဆက်လုပ်ကြမယ် ဆိုပြီး ရွေးကောက်ပွဲကို မည်ကာမတ္တ လုပ်ပြပြီး ပထမနှစ်က လူတွေနဲ့ဘဲ ဆက်လုပ်တယ်လေ။

နောင်နှစ် နောင်နှစ်တွေမှာလည်း ဒီလိုနဲ့ဘဲ ဥက္ကဌ နေရာ က မဆင်းတော့ဘူးလေ။

ပြော ရင်းနဲ့မှ ကျွန်တော် ဆက်စပ်တွေးမိလာတာ တစ်ခုရှိတယ် ။ ဒါကတော့ ကျွန်တော့ အတွေးသက်သက်မို့ မှန်ချင်မှ မှန်မှာ နော်။ မှား ရင် လည်းမှားမယ်။ အဲ့ဒီ့ အချိန်တုန်းက ဒု ၀န်ကြီး က အခု အားကစားဒုဝန်ကြီး ဗိုလ်မှုးချုပ် အေးမြင့်ကြူ ပါ။ သူက ဟိုတယ် ခရီးကို ထဲထဲဝင်ဝင် တတ်ကြွမ်းနားလည် ယုံသာမက ဟိုးအောက်ခြေက ဟိုတယ်ဝန်ထမ်းတွေကနေ ပိုင်ရှုင်သူဌေးတွေ အထိ၊ ဂိုက်တွေ ကနေ ခရီးသွားလုပ်ငန်းပိုင်ရှုင်တွေ အထိ အားလုံးနဲ့ ခင်မင် ရင်းနှီးပြီး ဘယ်သူ က ဘယ်လို လူမျိုး၊ တကယ် လုပ်တဲ့သူလား ၊ အခွင့်အရေးသမားလား အားလုံး သိတဲ့သူ တစ်ယောက်ပါ။ ခရီးသွား ဟိုတယ် အကြောင်းစာတွေလည်းရေးတဲ့ အပြင် အရင် က မိုးတွင်းဆို မြန်မာပြည် ခရီးသွားလို့ မရဘူးဆိုတာတွေ အမြင်ပြောင်းပြီး စပိန် လူမျိုးတွေ မိုးတွင်း လာလည်အောင် ၊ လာ လည်နိုင်အောင် Pre-arrange Visa On Arrival ကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေနဲ့ တိုင်ပင်ပြီး လုပ်ဆောင်ပေးခဲ့သူပါ။ MMC ဟာ မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်အောင် အမှန်တစ်ကယ်ဆောင်ရွက်ခဲ့တဲ့ အဖွဲ့ အစည်းဖြစ်ပြီး MHA  Myanmar Hotelier Association ကတော့ ယောင်ဝါးဝါး အသင်းမှန် သိခဲ့လို့ ဒုဝန်ကြီး က အောက်ထဲဆွဲသွင်းခွင့် ပေးခဲ့ပုံ မရပါဘူး ။ အပေါ်မှာပြောခဲ့သလိုဘဲ MMC ( Myanmar Marketing Committee  ) ကို သူ့အောက်ထဲ ဆွဲသွင်းချင်တာ သွင်းလို့မရခဲ့ဘူးလေ။

ဒါကြောင့် သူ့တပည့် ၀န်ကြီးလည်းဖြစ်ရော အမှန်တစ်ကယ် တတ်ကြွမ်းနားလည်တဲ့ ဒု ၀န်ကြီး ကို အားကစားဘက်ပို့ပြီး သူကတော့ တံခါးမရှိ ဓါးမရှိ ၀င်ရောက်သောင်းကျန်းတော့တာဘဲ နေမှာ။

တပည့်ကျော် ၀န်ကြီးလည်းဖြစ်ရော မအောင့်နိင်ဘဲ လျင်လျင်မြန်မြန်နဲ့  မြန်မာ့ ခရီးသွားလုပ်ငန်းအဖွဲ့(Myanmar Tourism Board) ဆို ကောက်ဖွဲ့လိုက်ပြီး သူ့ အောက်ကို အကုန်ဆွဲသွင်းတော့တာဘဲ။ MMC (Myanmar Marketing Committee)  လည်းသူံအောက်ရောက် ၊ UMTA (Union of Myanmar Tourist Association) လည်း လာခဲ့ ၊ MHA (Myanmar Hotel Association) ကတော့ ပြောစ ရာ မလိုဘူးပေါ့။

နောက်ထပ် ဖွဲ့လိုက်တဲ့ အသင်းတွေဆိုတာလည်း မနဲ။ စားသောက်ဆိုင် ပိုင်ရှင် အသင်း  ၊ ဧည့်လမ်းညွှန် အသင်း ၊ ဟိုတယ်ဝန်ထမ်းများအသင်း ၊ ပို့ဆောင်ရေးအသင်း နဲ့ နောက်ဆုံး နိုင်ငံခြားသားများအား တောင်းစားသူ များ အသင်းဆို ပြီး သူတောင်းစားတွေတောင် အသင်းဖွဲ့ခိုင်းပြီး ဆရာ ကြီး လုပ်ဦးမလား မသိဘူး။

အဲ့ဒီလို MTB ဆိုပြီးဖွဲ့ ဥက္ကဌ လည်း တက်လုပ်ပြီးရော အဲ့ဒီ့ကျမှ MHA (Myanmar Hotelier Association) ကို အမှန်တစ်ကယ် အချိန်ပေးလုပ် ချင်သူများ ရှိလျင် CEC အဖြစ် ၀င်ရောက် အရွေးခံ နိုင်ပါတယ် ဆိုပြီး စိတ်ကောင်းရှိသလိုလိုနဲ့ ကြေညာတော့တယ်။

အခု နေရာ လည်းရပြီဆိုရော ဟိုတယ် တွေ မလောက်တော့ ဘူး ။ ဟိုတယ်တွေ ထပ်တိုးချဲ့ ရမယ်။ ဟိုတယ်ဇုံတွေ ဖော်မယ်ဆိုပြီး ရိုက်စားလုပ်ဖို့ စပြီလေ။

ရန်ကုန် က ရှေးဟောင်း အဆောက်အဦးတွေ လည်း လက်ညိုးထိုး ပြီး ကြားပွဲစားလုပ် ရိုက်စား လုပ်မလို့ဟာ ဂျာနယ်တွေ က လူထု သဘောထားတွေ ကောက် ဖော်ပြလိုက်တော့ သူ အရှက်ကွဲ တော့ ဂျာနယ်တွေကို ရမ်းတော့တာပေါ့။

အသင်းတွေမှာ လည်း ပေါက်တတ် ကရ စည်းမျဉ်း စည်းကမ်းတွေကြောင့် အားလုံးဘာလုပ်ရမှန်းမသိတော့ဘူး။

ပြော မယ်ဆို ပြောစရာတွေ အများကြီး ရှိသေးပေမဲ့ တစ်ထောင့် တစ်ည ဇာတ်လမ်းဖြစ်သွားမှာ စိုးလို့ ဒီမှာဘဲ အဆုံးသတ်လိုက်တော့မယ်။ တစ်လွဲ လုပ်တာတွေ ပြောစရာ အများကြီး ရှိသေးတယ်။

ကျွှန်တော် အရေးအသားမညက်ညော တာ စိတ်ဝင်စားအောင် မရေးတတ်ရင်တော့ ခွင့်လွှတ်ပါ။

သုံးလေး

 

 

About သုံးလေး

has written 4 post in this Website..

   Send article as PDF