သောက်တော်ရေခွက်တွင်ပေါ်သော့ပုံရိပ်နှင့် နောက်ဆက်တွဲပြဿနာ

fattyNovember 25, 20111min19212

ယနေ့ထုတ်ဂျာနယ် သတင်းစာ
များတွင်အထက်ပါသတင်းပါလာပါတယ် …။
အဲဒီနေရာမှာတော့ နေ့ရောညပါ
လာရောက်ကြည့်ရှု သူလှုဒါန်းကြသူများ များပြားနေပါတယ် ..။
အနီးနားဝန်းကျင်ကတဦးကမူ ကျမတို့ကအိမ်နားနီးတော့
ဘယ်အချိန်သွားသွားရတာဘဲဆိုပြိးနေလိုက်တာ
မနေ့ကမှဖူးဘို့သွားတော့ ည ၃ နာရီမှဖူးခဲ့ရပါတယ် ..။

လူကြီးတွေလာကြည့်ပါတယ် မြို့နယ်မှုးနဲ့
သက်ဆိုင်ရာ အာဏာပိုင်တွေလာစစ်ကြပါတယ် …။
သူတို့သောက်တော်ရေခွက်ထဲမှာ အဲဒီလို
စွယ်တော်ပုံပေါ်နေတော့ ဘာမပြောညာမပြောနဲ့
ရေခွက်ထဲလက်နှိုက်ပြီးမွှေလိုက်ကြတယ် ..။
ပြီးတော့ရေတွေသွန်ပစ်လိုက်တယ်။
ရေအသစ်ပြန်ထည့်တယ် ပေါ်နေတာဘဲ။

နေရောင်ထိုးလို့ပေါ်တာလို့ပြောရအောင်ကလည်း
ညပါပေါ်နေတာပါ ..။
နောက်လူကြီးတွေက မီးတွေမှိတ်ခိုင်းတယ်
တအိမ်လုံး မှောင်ကျသွားတယ် ..။
သူတို့ပါလာတဲ့လက်နှိပ်ဓာတ်မီးတွေနဲ့ အပေါ်ကထိုးကြည့်လိုက်အောက်ကထိုးကြည့်လိုက်
ဖန်ခွက်ကိုတည့်တည့်မထိုးဘဲ တခြားဘက်ကိုထိုးထားလည်း ပေးနေတာပါဘဲ ..။

အခုဆို အနယ်နယ်အရပ်ရပ်ကပါ ညပိုင်ရော မိုးအလင်းတန်းစီပြီးလာဖူးကြပါတယ်။
ထူးခြားတာတခုက တဖြေးဖြေးကြည်လင်နေတာကနေ ရွှေအဆင်းကိုပြောင်းနေပါပြီ။
နောက်တခုက လူတွေက လှုကြတန်းကြတယ်
ပထမနေ့က ၉ သိန်းလောက်ရတယ်။
နောက်နေ့ဆို ရေတောင်မရေနိုင်တော့ဘူး ဆာလာအိပ်နဲ့ ၂ အိပ်အပြည့်ရပါတယ် ..။
ကျမတို့ကဘာလုပ်ရမှာလည်း ဘုရားတည်ရမှာလား
ဘယ်အချိန်ထိဒီလိုရှိနေအုံးမှာလဲဆိုတာမပြောတတ်ဘူးလေ ..ဟု
အိမ်ရှင်ကပြောပြပါသည်။
အစိုးရကိုများ ဒီငွေတွေအပ်ရမလားမသိဘူးနော်
ဘုရားတည်ဆိုရင်လဲ ကျမတို့ပြောင်းပေးရမယ်ထင်ပါရဲ့
ဟုစိုးရိမ်မကင်းသံလေးနှင့်ပြောရှာသည် ….။

12 comments

  • inz@ghi

    November 25, 2011 at 5:46 pm

    စကားမစပ်
    ဦးဖက်

    ဂတိအတိုင်း ဂီဂီ ရေးထားတယ်နော် ဘရန်းဒင်း

  • kai

    November 25, 2011 at 5:52 pm

    အဲဒီပိုက်ဆံတွေနဲ့..ကျေးရွာဖက်က ကလေးတွေ.. သွားနဲ့ခံတွင်းရောဂါကုဖို့ ငွေမတည်ပေးနိုင်ရင်.. သာဓုခေါ်ပါမယ်..။ 🙂

    • windtalker

      November 25, 2011 at 8:32 pm

      သဂျီး ဆန္ဒ အတိုင်း
      လှူဒါန်းစေ လို ပါသည် ။
      ကျေးဇူးပြုပြီး အကြံသွားပေး ပေးပါ ဦးဖက် ခင်ဗျား

  • ငွေလင်းယုန်

    November 25, 2011 at 7:09 pm

    ခေါင်းစဉ်က အောက်ကမြင် ကို ဖျက်ပေးရင်ကောင်းမယ်ထင်တယ်
    သော့ပုံမဟုတ်ပါဘူး
    သိတဲ့သူတောင်ဖတ်ပြီး မျက်စိလည်သွားတယ်

  • သော်ကြီး

    November 25, 2011 at 8:15 pm

    မာမီသော်တို့ အိမ်တွင်လည်း ထူးခြားမှု တစ်ခုရှိပါကြောင်း။ အိမ်တွင်ကိုးကွယ်လျက်ရှိသော ရှေးဟောင်း -ပန်းမျိုးစုံ ( ပန်းပေါင်း ) ရုပ်ပွားတော် ဉာဏ်တော် ( ၄ ) လက်မရှိ ရုပ်ပွားတော်မှာ မွှေးညှင်းတော်များ ထွက်ရှိပါကြောင်း၊ မာမီသော်၏ မိခင်မှာ ထိုအမွှေးတော်များကို ဘရိတ်ဓားဖြင့် ရိတ်သတ် ဖယ်ရှားသော အခါ မာမီတော်မှာ ခွေးကိုက်ခံရပါကြောင်း၊ ဖယ်ရှားပြီးသော်လည်း ထိုအမွှေးများမှာ ထပ်မံထွက်ရှိလာပါ ကြောင်း။ ထိုသို့ ဖြစ်ပေါ်ခဲ့သည်မှာ ( ရ ) နှစ်ခန့်ရှိပြီ ဖြစ်ပြီး ယခုအချိန်ထိ ထိုအမွှေးတော်များမှာ ဆက်လက်ရှိနေပါကြောင်း။ ဓာတ်ပုံအား အခါအားလျှော်သည့်အချိန်တွင် တင်ပြပေး သွားမှာဖြစ်ပါတယ်။ ထိုသို့ဖြစ်သော်လည်း အကျွန်တို့အိမ်သို့ မည်သူမျှ အလှူခံလာမထည့်ကြကြောင်း လာရောက်လှူဒါန်းလိုသူများ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

    • windtalker

      November 25, 2011 at 8:36 pm

      သော်ကြီးနှယ်
      အဲဒီ ရှေးဟောင်း ရုပ်ပွားတော် ကို ဓါတ်ပုံရိုက် ။
      ပြီးရင် စကိုးကွယ်ခဲ့ပုံ သမိုင်းကြောင်းလေး ရေး
      သော်ကြီးတို ့အိမ်လိပ်စာ အတိအကျ လေး နဲ ့
      ဂေဇက်မှာ တင်လိုက်ရင်
      သေချာပေါက် လာလှူကြမှာပါကွယ်
      မြန်မာလူမျိုးတွေ ပါ
      အလှူအတန်းဆို သဒ္ဒါထက်သန် ကြပြီးသားပါကွယ်

  • inz@ghi

    November 25, 2011 at 8:35 pm

    ၁ပို့စ် တင်မယ်ဗျာ
    ခေါ်ဖီ ဖေစ့် ထဲမှာ …
    ဖေ့စ်ဘုတ်ပေါ်က ဂီ့ သူငယ်ဂျင်းတွေ
    အဲ့လာရီးကို လောင်ထားတဲ့အကြောင်းဒွေ
    စုပီး…….

    အားပေးကြပါဦးနော

    စကားမပီတဲ့ ထှာဂိုဏ်းချုပ်
    မင်ဇက်(MIN Z)

  • fatty

    November 25, 2011 at 8:38 pm

    မဆိုင်ပေမဲ့ဒီမှာဘဲရေးလိုက်ပါမယ် ဂီဂီ ကတိတည်တဲ့အတွက်ကျေးဇူးပါ။
    အတုံးလိုက်အတစ်လိုက်ရေးတာလေးကို နဲနဲနဲ့ ပါးပါးလေး နောက်ဆိုရင်ရေးစေချင်ပါတယ် ။
    ဂီဂီလေးအတော်အားတွေစိုက်ထုတ်ထားတာဘဲ။
    ဆရာခိုင်ရေ ပိုင်ရှင်တွေက ရှေးရိုးတွေပါ။ တတ်သိနားလည်သူတွေက လမ်းညွှန်ပေးမှ သူတို့ဆီကပြန်ပြီး
    အချို့ခွဲပြီးအလှုခံ လက်တွေ့အကျိုးရှိမယ်ထင်တာကိုသုံး မိသားစုစားဝတ်နေရေးအတွက်လဲယူ
    သာသနာအတွက်လဲလှူပေါ့ အဲလိုရှင်းပြမှရမယ် …။

    • ကြောင်ကြီး

      November 26, 2011 at 11:23 am

      ဘယ်လှူလှူပါ။ အဓမ္မဝါဒီ သဂျီးဆီ မရောက်ရင် ကျေနပ်ပါပြီ။။။ 😀
      ဦးဖက်ရဲ့ ပါစင်နယ် အမြင်လေးရော ထည့်ပေးပါလား။ ဒါမှ (သဂျီးလှောင်တာခံရ 😛 မှားလို့) ပြည့်စုံသွားမှာပေါ့။

  • ba gyi

    November 26, 2011 at 9:42 am

    ကိုဖက်ရေ။ပုံလေးပါတင်ပေးလို့ ကျေးဇူးပါဗျား။သည်ပုံကတော့ နေရောင် ဖြတ်လာတဲ့ ရေထဲကအလင်းယိုင်တာနဲ့တော့မတူဘူးဆိုတော့ အထူးအဆန်းပဲ၊ ရေခွက်နောက်ခံ/ဖန်ခွက်အောက်ခံတို့မှာ၊(ဖန်ခွက်အပြင်မှာ)သံသယဖြစ်စရာမရှိဘူးဆိုရင်ပေါ့။
    သည်ရက်ပိုင်း ထူးထူးဆန်းဆန်းတွေပဲနော်၊ ကချင်ဘက်မှာလည်း အဝါရောင် မိုးတွေရွာသတဲ့။ အက်ဆစ်မိုးလား၊ဓါတုလက်နှက်မိုးလား၊သဘာဝမိုးလား၊(ကချင်ဘက်ကတော့) အဲသည်မိုးရေကိုယူထားတယ်၊
    ဘာလည်းလို့စစ်ဆေးမယ်ကြားတာပဲ။

  • thit min

    November 26, 2011 at 12:41 pm

    အဲဒီ ဖန်ခွက် အပြင်ယူသွားရင် ပေါ် မလားဗျ။
    ရေ မဟုတ်ဘဲ တခြားအရည် တခုခုဆိုပေါ်မလားဗျ။
    အရေထဲကိုငါးလေး တကောင်ထဲကြည့်ရင်ဘယ်လိုဖြစ်မလဲဗျ။
    ဒီ ဖန်ခွက်ကိုအခုအတိုင်း ဖရီဇာထဲထဲ့ပြီး ခဲ လိုက်ရင်ပေါ်မလားဗျ။
    အပူပေးလိုက်ရင်ပေါ်မလားဗျ။
    အယ်ကာလီ၊ အက်ဆစ် တခုခုရောကြည့်ရင်ပေါ်မလားဗျ။
    နဲနဲ ချင်းရေကိုရှော့ကြည့်သွားရင် ဘယ်လောက် ရေပမာဏ မှာပေါ်သလဲဗျ။
    အပေါ်တဲ့တဲ့က ရိုက်တဲ့အခါ ဘယ်လိုပေါ်သလဲဗျ။အောက်ကရိုက်ရင်ကောဗျာ။
    စမ်းကြည့်ချင်လိုက်တာ။တကယ်ဆိုရင်ပိုခိုင်မာသွားတာပေါ့။
    ရေနဲ့ ပါတ်သက်တဲ့ World Standard Reseracher တွေကိုခေါ်ပြီး၊ အတည်ပြုချက်ယူပြီး၊ဒီလိုထူးဆန်းတာကွဆိုပြီး
    ဝင်ကြေးနဲ့ “ပြ” မယ်။
    ဘီလီယံဘိဇနက် ဖြစ်သွားမယ်။(^^)
    (ခေတ်အခါအရမီလီယံဆိုနည်းလို့ စိတ်မဝင်စားဘူး ဟီးဟီး၊ခင်လို့စတာပါသူကြီးမင်းရယ်)

  • cobra

    November 26, 2011 at 3:50 pm

    ထူးတော့ထူးဆန်းနေပီ
    ဘာတွေဖြစ်နေကြတာလဲတော့မသိဘူး

Leave a Reply