“အဆင့်ဆင့် အထပ်ထပ်” (ကိုစိန်သော့ရဲ့နောက်ကလိုက်ခြင်း………….အပိုင်း၂)

“အဆင့်ဆင့် အထပ်ထပ်”
(ကိုစိန်သော့ရဲ့နောက်ကလိုက်ခြင်း………….အပိုင်း၂)

(၁) အဆင့်ဆင့် အထပ်ထပ် (၅)ထပ်ရှိတယ်လို့ပြောကြတဲ့ ရှင်ပင်ဆပ်သွားဆင်းတုုတော်

ဝင်ဝင်ခြင်းတွေ့ရတဲ့ဆင်းတုကြီးအောက်ကနေကြည့်လိုက်တဲ့အခါ အထဲမှာစေတီတော်ကိုမြင်ရပါတယ်။
အထပ်ထပ်ငုံတည်ထားတဲ့ဘုရားဖြစ်ပါတယ်။
အခုအတွင်းထဲမှာမြင်ရတဲ့ဘုရားကို အရင်က အခုလိုမတွေ့ခဲ့ရပါဘူး။
ဒီဘုရားပလ္လင်တော်နဲ့ကွယ်ထားတာဖြစ်ပါတယ်။
တစ်ရက်ဘုရားသန့်ရှင်းရေးလုပ်ရင်း ဆင်းတုနောက်ဘက်ကနေ လင်းနို့တစ်ကောင်ထွက်လာတာကိုမြင်ကြရပါသတဲ့။
အဲဒါနဲ့လင်းနို့ထွက်တဲ့အပေါက်ကနေ ချောင်းကြည့်တော့
အခုမြင်ရတဲ့ ဓါတ်ပုံထဲကစေတီတော်ကိုမြင်ရပါတယ်တဲ့။
(ဒီပုံကတော့သူများပုံကို ကူးပြီးတင်ပေးတာပါ)
(၂)စတွေ့ရတဲ့ မူရင်းပုံတော်(ဘုရားထဲက ဓါတ်ပုံကိုကူးပြီးပြန်တင်ပေးတာပါ)

ဘုရားလာဖူးသူတွေကိုဒီဘုရားရဲ့ရာဇဝင်ကိုမမောနိုင်မပန်းနိုင်ရှင်းပြနေတဲ့
သူရဲ့ပုံပါ။
(၃) ဘုရားသမိုင်းကိုရှင်းပြပေးနေတဲ့ သူ

လင်းနို့ထွက်လာတဲ့အပေါက်က အတော်လေးမြင့်တဲ့နေရာမှာရှိပါတယ်။

အပေါ်ဆုံးမှာမြင်ရတဲ့ဘုရားက အတွင်းထဲမှာရှိတဲ့တစ်ဆူုကိုငုံပြီးတင်ထားတာပါ။
ဒီဆင်းတုတော်တွေထူးခြားချက်က တစ်ဆူပြီး တစ်ဆူငုံပြီးတည်သွားကြတယ်လို့ဆိုပါတယ်။
အောက်ဆုံးမှာရှိတဲ့ဘုရားကတော့ အနော်ရထာဘုရားတည်ထားခဲ့တယ်လို့ပညာရှင်များက
အကဲဖြတ်ကြပါသတဲ့။
နောက်ဒီဘုရားကိုတွေ့တဲ့ မင်းများက နုဂို်ရ်ကိုငုံပြီး အထပ်ထပ်တည်သွားခဲ့တဲ့အတွက်
အခုလို့အဆင့်ဆင့်ဖြစ်နေတာပါ။
(၅) ထင်ထင်ရှားရှားမြင်ရတဲ့ပထမတစ်ဆင့် ရင်ခွင်ထဲမှာတော့ ဒုတိယတစ်ဆူ

ပထမတစ်ဆင့်ကတော့ အလွယ်တကူဖော်လို့ရလိုက်ပါတယ်။
ပထမတစ်ဆင့်ပြိုကျသွားတော့အောက်မှတစ်ဆူထပ်ပေါ်လာပါတယ်။
(၆) ထင်ရှားစွာမြင်ရတဲ့ ဒုတိယ တစ်ဆူနီးကပ်ပုံ

ဒါနဲ့ဘဲအထဲမှာရှေးဘုရားရှိတော့ အပေါ်ကဆင်းတုတော်အောက်က ပလ္လင်ကိုဖျက်လိုက်တဲ့အခါ
အထဲမှာ ဆင်းတုတော်ကိုတွေ့ရပါတယ်။

အဲဒီဆင်းတုတော်ကိုတွေ့တော့ ဖုန်တွေပိတ်ဆိုနေတာကိုရှင်းကြရင်း
အထဲမှာကြွက်ဆွဲလို့ ရောက်နေတဲ့ပန်းခြောက်တွေကို ဖယ်လိုက်တဲ့အခါ
ဆင်းတုရဲညာဘက်ခြမ်းက ပြိုကျသွားပြန်ပါတယ်။
အဲဒီအခါမှာ မှ ပထမမြင်ရတဲ့ဆင်းတုထဲမှာနောက်ထပ်ဆင်းတုတွေရှိတာကိုမြင်ရပြန်ပါတယ်။

(၈) အတွင်းဝင်လိုက်တဲ့အခါမြင်ရတဲ့ဘုရားအနီးကပ်

အပေါ်ဆုံးမှာမြင်ရတဲ့ဘုရားက အတွင်းထဲမှာရှိတဲ့တစ်ဆူုကိုငုံပြီးတင်ထားတာပါ။
ပထမတစ်ဆင့်ကတော့ အလွယ်တကူဖော်လို့ရလိုက်ပါတယ်။
ပထမတစ်ဆင့်ပြိုကျသွားတော့အောက်မှတစ်ဆူထပ်ပေါ်လာပါတယ်။
ဒုတိယအဆူပေါ်လာပြန်တော့ သူ့အောက်မှတစ်ဆူကျန်နေတာကိုတွေ့ရပြန်ပါတယ်။
တတိယအဆူကိုတော့ ပြန်ဖော်လို့ မရနိုင်ပြန်ပါဘူး။
အောက်ခြေမှာ တင်ပလ္လင်ခွေထားတဲ့ဒူးတော်နေရာကိုတွေ့ရပါတယ်။
(၉)အောက်ဆုံးဘုရားက ဒူးတော်နေရာ

(၁၀) ဒးတော်နေရာအနီးကပ်

ဒူးတော်နေရာနဲ့လက်တော်နေရာကြားမှာကွက်လပ်ဖြစ်ပြီး အတွင်းမှာအခေါင်းပေါက်ကိုတွေ့ရပါတယ်။
ပုံတော်ကတော့ တင်ပလ္လင်ခွေပြီးထိုင်နေတဲ့ပုံစံပါဘဲ။
(11) ဒူးနဲ့လက်နဲ့တွဲမြင်ရတဲ့နေရာလေးပါ

(၁၂)မဖော်ရသေးတဲ့ဆင်းတုုတော်မှလက်တော်
ဘုရားကလူတွေရဲ့အပြောအရတော့ နောက်တစ်ဆူကိုထပ်ဖွင့်ခက်မယ်လို့ပြောတာကိုသိရတော့
ဒီအတိုင်းဘဲ အခေါင်းပေါက်အတိုင်းထားမယ်လို့ယူဆရပါတယ်။
(၁၄)ဖောက်ထားတဲ့နေရာရကနေ ဆင်းတုုတော် အတွင်းပိုင်းကို မြင်ရတဲ့ပုံလေးပါ

အတွင်းပိုင်းကိုရိုက်ကြည့်တော့ အတော်လေးကိုနေရာလွတ်ကျန်နေတာတွေ့ရပါတယ်။
(၁၅) မဖွင့်ရသေးတဲ့ ဆင်းတုုအတွင်းပိုင်း
(၁၆) အတွင်းပိုင်းမြင်ကွင်း

ဘုရားနှစ်ဆင့်ကိုတောင်ဘက်ခြမ်းကပင့်ရိုက်ထားတဲ့
ကိုပေါက်ရဲ့ အမြင်ဒေါင့်စောင်းစောင်းလေးပါဘဲ။

(18) ကိုပေါက်ရဲ့ အမြင်ဒေါင့်စောင်းစောင်းလေး

19 အမြင်ဒေါင့်စောင်းစောင်း

ဒီဘုရားသမိုင်းကိုပြောပြတဲ့ ဆရာကြီးကိုမေးကြည့်တဲ့အခါမှာ
ရှေးဘုရင်တွေက သူတို့ရှေ့က တည်ခဲ့တဲ့ဘုရင်များရဲ့ ဘုရားပေါ်မှာငုံတည်ရခြင်းရည်ရွယ်ချက်က
ရှေ့ကလူရဲ့ တန်ခိုးကို အခံအဖြစ်ယူတယ်လို့ဆိုပါတယ်။
အခုခေတ်စားတဲ့စကားလုံးလေးသုံးရရင်တော့ ပဌာန်းဆက်ကြောင့်လို့လဲဆို်ပြန်ပါတယ်။
ဘယ်လိုရည်ရွယ်ချက်နဲ့ပြုမူတယ်ဆိုတာကတော့ သူတို့ဘဲသိကြမယ်ထင်ပါတယ်။
ဘာဘဲဖြစ်ဖြစ် ရှေးလက်ရာအမွန်တွေကတော့ ခုခေတ်လူများ မစဉ်းစားမိလောက်အောင်
ကို ရှေ့ပြေးနေပါတယ်။
ဘုရားသီချင်းတပုဒ်ရဲ့စာသားလေးလိုပါဘဲ။
“ထူးထွေတည့် အံ့ရာသောဝ်”

(ဆက်လက်ဖော်ပြပါမည်)
ကိုပေါက်လက်ဆောင်ပုံစာတွဲ
(25-11-2011)

10 comments

  • TTNYခင်ဗျား။
    အမှတ်စဉ်တပ်ဘို့ကြုးိစားသော်လည်း လုပ်နေမကျ၍
    ဒီတစ်ခေါက်ခွင့်လွှတ်ပါနော်။

  • thit min

    November 26, 2011 at 1:20 pm

    လုပ်ပြီ ဆရာပေါက်ကတော့။
    TTNU ပါဗျ။ TTNY ကြီးဖြစ်နေပြီဆရာရေ့။

  • Diamond Key

    November 26, 2011 at 1:33 pm

    ဆြာပေါက်၊ ပုံတွေ ရိုက်လာတာ ကောင်းသဗျနော်။
    တီတီနယူးယောက်ကြီး ခိုင်းလို့ တပ်ထားတဲ့ ပုံနံပါတ် နဲ့ပြောရရင် (၃) ပုံက “မှောက်ချည်လှန်ချည်” မဟုတ်တဲ့ “လွင့်ချီပျံချီ” များ ဖြစ်နေသလားလို့ 😀

  • blackchaw

    November 26, 2011 at 1:34 pm

    ဓါတ်ပုံတွေ ဝင်ကြည့်သွားပြီ ကိုပေါက်ရေ။
    အထူးအဆန်းပဲဗျို့။

  • windtalker

    November 26, 2011 at 1:38 pm

    မနေ ့ည က
    ကိုပေါက်တင်တဲ့ ပထမပို ့စ် မှာ
    မြတ်စွာဘုရား ရုပ်ပွားတော် ကို အားရပါးရ ဖူးမျှော်ပြီး ဆုတောင်းခဲ့တာ ပြည့်တယ်ဗျို ့။
    အားတဲ့ တစ်ရက်မှ ၊ ကျုပ်တို ့လင်မယား ၊ ကိုယ်တိုင်ကိုယ်ကျ ရောက်အောင် သွားဖူးမယ် ဗျာ ။

  • အစက ဘုရားဖူးနေတဲ့မိန်းကလေးတစ်ယောက်ပုံပါလို့ဖယ်ရင်းနဲ့အဲဒီလိုဖြစ်သွားတာ။
    တော်တယ် မြင်တတ်တယ်။

  • koyinmaung

    November 26, 2011 at 4:52 pm

    ဆရာပေါက်ရေ ရွာသူားများအတွက်ခုလိုအသေးစိတ်ရိုက်ကူးတင်ပေးတဲ့အတွက်ကျေးဇူးဗျာ
    မန်းလေးကိုရောက်လို့ကတော့ အရောက်သွားဖူးလိုက်မယ်ဗျို့……
    ကိုစိန်သော့ကြီးရဲ့လက်ရာကိုအားဖြေ့ပေးလိုက်တာပါဘဲ…

  • TTNU

    November 26, 2011 at 11:19 pm

    ကိုပေါက်ရေ…
    ဒီဘုရားကိုပြောတာ။ တီချာတို့ရောက်တုန်းကတူးဖော်ခါစလေ။
    ပုံ(၁၄) ကိုမတွေ့ခဲ့ရဘူး။ ခုမှသေချာကြည့်ရ ဖူးရတယ်။ကျေးဇူးတင်ပါတယ်နော်။
    ပုံ(၃) ကိုနည်းနည်းနားမလည်ဘူး။ အတွင်းဆင်းတုတော်ကညာဘက်ခြမ်းမှာမဟုတ်လား။
    ကိုပေါက်ရေ ကုသိုလ်တွေ အများကြီးရသွားပြီ။

    ကျန်းမာပါစေ။ချမ်းမြေ ့ပါစေ ကွယ်။

  • အမှတ်သုံးပုံလေးက လက်ဆော့တာလွန်သွားတော့ မူရင်းပုံနဲ့ပြောင်းပြန်ဖြစ်သွားပါတယ်။
    တောင်းပန်ပါတယ်ခင်ဗျာ။

Leave a Reply