“ဌာပနာတော်များ” (ကိုစိန်သော့ရဲ့နောက်ကလိုက်ခြင်း………….အပိုင်း3)

“ဌာပနာတော်များ”

ဘုရားအရှေ့မှာရှိတဲ့အဆောက်အဦထဲကိုဝင်လိုက်တော့ မြောက်ဘက်ခြမ်းကမှန်ကောင်တာထဲမှာ

ပစ္စည်းအတော်များများထည့်ထားတာတွေကိုတွေ့ရပါတယ်။

အလုံပိတ်ကာထားတာတွေကိုဖွင့်လိုက်တော့ ဒီဌာပနာထားတဲ့ပစ္စည်းတွေကို

တွေ့ရတာပါ။

အရှေ့ဆုံးကောင်တာမှာတော့ အဦးဆုံးမြင်ရတဲ့ဘုရားကိုတည်ခဲ့သူ

ရသေ့ကြီးဦးခန္တီ(မန်းလေးတောင်ကိုပြုပြင်စောင့်ရှောက်ခဲ့သူ)လှူဒါန်းထားတဲ့

ရေတကောင်းတွေ သပိတ်တွေကိုတွေ့ရပါတယ်။

တကယ့်ရှေးဟောင်းလက်ရာဆိုတော့ တန်ဘိုးရှိလှပါတယ်။

(ပိဿချိန်ဈေးနဲ့တွက်ပြီး အကဲဖြတ်လို့တော့ မရပါဘူး။)

ဌာပနာတော်

1 ဌာပနာထားတာတွေကို အပူဇော်ခံထားတ့အခနး
2 ဦးခန္တီလှူထားခဲ့တဲ့ကြေးရေတကောင်းများနဲ့သပိတ်
3 မှန်ကောင်တာထဲမှာ သိမ်းထားတဲ့ တူးဖော်လို့ရတဲ့ ဌာပနာတော်တွေ
4 အနော်ရထာမင်းကြီးရဲ့ ရတနာလို့ယူဆပါသတဲ့
5 ဓါတ်တော်မွေတော်
6 ပုုဂံပြားထဲမှာထည့်ထားကတော့ပျက်စီးသွားတဲ့ ဆင်းတုုအသေးလေး
7 ဘုရားပြိုုသွားတဲ့အခါ တူးဖော်လို့ရတဲ့ လှူဒါန်းထားသမျှ
8 တူးဖော်လို့ရသမျှ ရှေးက ဒါန
9 ပျက်စီးနေတဲ့ဆင်းတုုတော်လေးတွေ

အဲဒီမှန်ကောင်တာထဲမှာတော့ ပစ္စည်းအစုံကိုတွေ့လိုက်ရပါတယ်။

လူတစ်ယောက်ကတော့ မှန်ကောင်တာကိုမီးထုးိပြီးလာရှင်းပြပါတယ်။

ဒါပေမယ့် ကျနော်က ဓါတ်ပုံတွေဘဲအသဲအသန်ရိုက်နေတော့ နားထဲမရောက်။

ဖန်ကြုပ်လေးနဲ့ထည့်ထားတဲ့လက်ဝတ်ရတာနာလေးတွေကိုတွေ့လို့မေးကြည့်

တော့ အနော်ရထာမင်းတရားလှူထားတယ်လို့ ယူဆရပါတယ်လို့ ဖြေပါတယ်။

 

ဒီမှန်ကောင်တာထဲမှာ ကျိုးပျက်နေတဲ့ဆင်းတုတော်တွေလဲအများကြီးပါ။

သိမ်းဆည်းလို့ရသမျှကို ပြန်လည်စုဆောင်းထားတာဖြစ်ပါတယ်။

 

ဘုရားနံရံ အနောက်ဘက်တန်းမှာတော့ ဆင်းတုတော်တွေကို

ဖူးမြင်ရပါတယ်။

တစ်ဆူကတော့ ထူးခြားတာလေးကတော့သွားဖြီးပြနေတဲ့အရုပ်

ကြီးတစ်ခုထဲမှာ ဘုရားပုံတော်ထည့်ထားတာပါဘဲ။

ဘုရားဆင်းတုတော်တွေအများကြီးတန်းစီထားပါတယ်။

10 လှူထားတဲ့ဆင်းတုတော်

မှန်ဘီးလူးထဲမှာထည့်ပြီး ထောင်ပြထားတဲ့အထဲမှာတော့ လက်စွပ်လို ဆွဲကြိုးလိုပစ္စည်းတွေ တွေရပါတယ်။

သစ်သားနဲ့ထွင်းထုထားတဲ့အရုပ်တွေက တစ်ပိုင်းတစစီ။

ဘယ်လိုဘဲပြောပြော ကျနော်မသိမမှီခဲ့သော လွန်ခဲ့သောနှစ်ပေါင်းများစွာ

က ရှေးမြန်မာများရဲ့ စွန့်လွှတ်စိတ်အပြည့်နဲ့ လှူဒါန်းထားတဲ့ပစ္စည်းများလဲဖြစ်ပါတယ်။

ဒီပစ္စည်းလေးတွေရဲ့ တန်ဘိုးသည်လက်ရှိသုံးစွဲနေတဲ့ငွေကြေးပမာဏနဲ့တိုင်းတာရင်တော့

တန်ဘိုးတွက်လို့မရနိုင်လောက်ပါဘူး။

ရှေးဟောင်းပစ္စည်ုးဆိုတာကို ငွေနဲ့အလွယ်တိုင်းတာလို့မရတာတော့အမှန်ပါဘဲ။

11 ဌာပနာတွေထားတဲ့ကောင်တာ
13 သွားဖြဲနေတဲ့ အထဲမှာဆင်းတုအသေးလေးပါတယ်
14 ဒီပုံမှာတော့ ဘုရင်ရုပ်ပါ ပါတယ်

16 ကောင်တာထဲကရေတကောင်း
17 မှန်ဘီလူးထဲက လက်စွပ်တော်
18 အပိုင်းအစအကျိုးအပဲ့ ဒါပေမယ့် တန်ဘိုးကတော့ မနည်းဘူးရှေးဟောင်းကိုးဗျ
19 သက်မဲ့ပေမယ့် သူ့မှာပြောစရာတွေအများကြီးရှိတယ်လေ

ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက်လှူဒါန်းစွန့်လွှတ်ခြင်းဆိုတာကို မွန်မြတ်သောအလုပ်

အဖြစ်ခံယူထားကြပါတယ်။

ဂုဏ်ပကာသနအတွက်ဖြစ်စေ၊အပေးအယူဆန်ဆန်ဖြစ်စေလှူဒါန်းကြတာမျုးိရှိကောင်းရှိပေမယ့်

လှူဒါန်းတဲ့ဒါနကို မက်မက်မောမောနဲ့စိတ်ပါဝင်စားစွာဆောင်ရွက်တတ်ကြပါတယ်။

ဒါကြောင့်လဲ နန်းတော်ရှေ့ဆရာတင်ရဲ့ “သူဌေးဝါဒ” သီချင်းထဲမှာ

“စစ်ကိုင်းအနောက်ဘက်တောင်ပေါ်ဝယ် ဒို့ပစ္စည်းတွေ တွေ့နိုင်တယ်”လို့သီချင်းစပ်ဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာတွေရဲ့ပိုင်ဆိုင်သမျှတွေသည် စစ်ကိုင်းတောင်ပေါ်မှာ စေတီပုထိုးအဖြစ်လှူဒါန်းထားတာကိုဆိုလိုတာပါ။

 

အချို့သောလူတွေတွေးတောသလို လိုအပ်တဲ့ စာသင်ကျောင်းတွေ ဆေးရုံတွေဆောက်လိုက်ပါလားလို့ပြောရင် မှန်သလိုလိုရှိပေမယ့် အများအားဖြင့်တော့ကိုယ်ယုံကြည်ကိုးကွယ်တဲ့ သာသနာရေးကိစ္စတွေမှာဘဲလှူချင်

တဲ့စိတ်က ပိုအားသာပါတယ်။

 

မနေ့က တီဗွီသတင်းမှာ မြန်မာပြည်ကို ခေတ္တပင့်ဆောင်လာတဲ့ စွယ်တော်ကို လာရောက်ဖူးမျှော်ကြတဲ့သတင်းကို

ကြည့်နေရင်း လာရောက်တဲ့လူတွေထဲက မိမိပိုင်ဆိုင်တဲ့နားကပ် လက်စွတ် လက်ကောက် ဆွဲကြိုး တွေကို

ချွတ်ပြီးလှူနေတာကို မြင်ရပါတယ်။

အစက ကြိုတင်စီစဉ်တာမဟုတ်ဘဲ ဘယ်သူတိုက်တွန်းဖြားယောင်းမူ့မှမပါဘဲ သူများလှူတာကိုမြင်ပြီး

ဒီရောက်မှ သဒ္ဒါပေါက်ပြီးလှူကြတာဖြစ်ပါတယ်။

မရှိဘဲလှူရသလား………….

ဒီစွယ်တော်ကိုမလှူဘဲ အခြားနေရာကိုလှူရင်မရဘူးလားလို့မေးလာစရာရှိပါတယ်။

လှူဒါန်းတဲ့နေရာမှာ ဘုရားကိုဖြစ်စေ သံဃာတော်ကိုဖြစ်စေလှူဒါန်းရာမှာ

ကုသိုလ်ဆိုတဲ့ကောင်းသောအလုပ်ကိုဆောင်ရွက်တယ်လို့ စိတ်မှာမှတ်ပြီးလှူတာဖြစ်ပါတယ်။

အပေးအယူအရ လှူချင်တာ တို့ ကြွားချင်လို့လှူတာတို့ကတော့ တစ်မျိုးပေါ့။

အဲလိုလှူတာကို အသုံးဝင်တဲ့နေရာမှာမလှူရကောင်းလားလို့ သွားပြောလို့မရပါဘူး။

လှူတယ်ပေးတယ်ဆိုတာကို က သူပေးချင်တဲ့သူ သူလှူချင်တဲနေရာမှာဘဲလှူမှာဖြစ်လို့ပါဘဲ။

ဒီတော့ လဲ ဟိုလိုလှူပါလား ဒီလိုလှူပါလားလို့ သွားဆရာလုပ်ဘို့ မသင့်တော်ပါဘူး။

ဒီလိုလှူထားတဲ့ ဆင်းတုတွေကိုလဲ ဒီလိုလှူတော့ ဘာအကျိုးရှိလဲလို့မေးရင်

စိတ်ချမ်းသာအောင်လှူခဲ့ကြတာလို့ဘဲဖြေရမှာပါဘဲ။

သေချာတာတစ်ခုကတော့ နေရာတကာမှာ ရုပ်ဝတ္တုသက်သက်နဲ့တိုင်းတာလို့မရတဲ့

စိတ်ပိုင်းဆိုင်ရာခံစားချက်တွေရှိနေတယ်ဆိုတာပါဘဲ။

အခုခေတ်စားနေတဲ့စကားနဲ့ပြောရရင် တော့

လူ့အခွင့်အရေးအရ ကိုယ်လှူချင်တာကို ကိုယ်လှူချင်တဲ့နေရာမှာ လွတ်လပ်စွာ

လှူပိုင်ခွင့်ရှိတယ်ဆိုတာပါဘဲ။

ဒါလေးက စိတ်ကူးပေါက်လာလို့ပွားကြည့်တာပါ။

 

 

 

(ဆက်လက်ဖော်ပြပါမည်)

ကိုပေါက်လက်ဆောင်ပုံစာတွဲ

(26-11-2011)

 

 

 

6 comments

  • thit min

    November 26, 2011 at 6:21 pm

    စိတ်အင်အားကို မွေးယူတဲ့ သဘောပါဘဲနော့။
    ကောင်းတယ်ဆိုတဲ့အရာတွေလို့ ဘာသာတရားကရော၊
    သာသနာ အဓွန့်ရှည်ရေးဆိုတဲ့ သဘောကိုတော့ ဆောင်တာရယ်..
    လူအများ(မြန်မာပြည်က)ကလဲသတ်မှတ်ထားလေတော့။
    အဲဒီလို လှူလိုက်ရင်ဖြင့် ဆိုတဲ့စိတ်အင်အားလို့ ထင်မြင်ပါတယ်။
    (^^)

  • windtalker

    November 26, 2011 at 7:53 pm

    ဘယ်လို/ဘာကြောင့် ဘဲ လှူလှူ
    လှူတဲ့ အလှူ အတွက်
    ကောင်းကျိုး အနည်း အများ ကို
    မလွဲမသွေ ပြန်ခံစားရမှာ ပေါ့ နော်

    • မှော်ဆရာ

      November 26, 2011 at 10:16 pm

      မှန်ပါ့ ကိုပေါက်ခင်ဗျား

  • TTNU

    November 26, 2011 at 10:20 pm

    ကိုပေါက်ရေ..
    ဌာပနာတိုက်ထဲဝင်ဖူးရတဲ့အတိုင်းပါလားကွယ်။ ( သာဓုပါနော်)
    ပုံ(၁၃) ပါးစပ်ဖြဲနေတာ ဘာရုပ်လဲကွဲ့။
    ပုံ(၃) အကြိုက်ဆုံးပဲ။ စိတ်ဝင်စားစရာကောင်းတယ်။

  • TTNU ရေ
    ပါးစပ်ဖြဲနေတဲ့ပုံက ကျနော်လည်း မသိဘူး။
    ဒါကြောင့်သိတဲ့သူများရှိမလားဆိုပြီးတင်ပေးလိုက်တာပါနော်။
    ဘီလူးရုပ်ဖြစ်မယ်ထင်ပါတယ်။

Leave a Reply