သော်ကြီးNovember 26, 20111min1426

ကျွန်တော်တို့ အိမ်မှ ထူးခြားသောရုပ်ပွားတော် ( ဓာတ်ပုံနှင့်အခြား ဗဟုသုတဖြစ်ဖွယ်ရာများကို ) ရွာသူ/သား များ လေ့လာနိုင်ရန်အတွက် တင်ပြလိုက်ပါတယ်။

6 comments

  • thit min

    November 26, 2011 at 6:03 pm

    မာမီသော်တို့ အိမ်တွင်လည်း ထူးခြားမှု တစ်ခုရှိပါကြောင်း။ အိမ်တွင်ကိုးကွယ်လျက်ရှိသော ရှေးဟောင်း -ပန်းမျိုးစုံ ( ပန်းပေါင်း ) ရုပ်ပွားတော် ဉာဏ်တော် ( ၄ ) လက်မရှိ ရုပ်ပွားတော်မှာ မွှေးညှင်းတော်များ ထွက်ရှိပါကြောင်း၊ မာမီသော်၏ မိခင်မှာ ထိုအမွှေးတော်များကို ဘရိတ်ဓားဖြင့် ရိတ်သတ် ဖယ်ရှားသော အခါ မာမီတော်မှာ ခွေးကိုက်ခံရပါကြောင်း၊ ဖယ်ရှားပြီးသော်လည်း ထိုအမွှေးများမှာ ထပ်မံထွက်ရှိလာပါ ကြောင်း။ ထိုသို့ ဖြစ်ပေါ်ခဲ့သည်မှာ ( ရ ) နှစ်ခန့်ရှိပြီ ဖြစ်ပြီး ယခုအချိန်ထိ ထိုအမွှေးတော်များမှာ ဆက်လက်ရှိနေပါကြောင်း။ ဓာတ်ပုံအား အခါအားလျှော်သည့်အချိန်တွင် တင်ပြပေး သွားမှာဖြစ်ပါတယ်။ ထိုသို့ဖြစ်သော်လည်း အကျွန်တို့အိမ်သို့ မည်သူမျှ အလှူခံလာမထည့်ကြကြောင်း လာရောက်လှူဒါန်းလိုသူများ ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    ဒီ စာသားလေးတွေ ရေးမှ နားလည်ကြပါလိမ့်မယ်။
    ပုံတွေကိုလည်း ပိုပြီးထင်ရှားသင့်ပါတယ်လို့ထင်မိပါကြောင်း။
    လေးစားစွာ(^^)

  • windtalker

    November 26, 2011 at 7:11 pm

    မင်္ဂလာပါ ကိုသော်ကြီး ရေ
    ဖူးမျှော်သွားပါတယ် နော

  • သော်ကြီး

    November 26, 2011 at 8:29 pm

    အခုလိုဖူးမျှော်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ဓာတ်ပုံတွေကို ဘယ်လိုတင်ရမယ်မှန်း မသိလို့ စမ်းတင်ကြည့်နေတာ။ ညနေ ( ၃ ) နာရီ ထဲကပါ။ အခုမှရပါတယ်။ရွာစွန် ရွာဖျားမှာ နေရတော့ Access ကတ်သုံးပြီး လုပ်နေရတာမို့လို့ပါ။ သင်ပြပေးမယ့်ဆရာလည်း မရှိပါ။ အားလုံး သင်ကြားပြသပေးကြပါလို့ ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

    • windtalker

      November 26, 2011 at 9:00 pm

      ကိုသော်ကြီး ရေ
      ဓါတ်ပုံတင်တဲ့အကြောင်းလေး ကို သိသလောက်လေး နဲနဲပြန်ပြောပြပါရစေ ဗျ
      ပထမ ဆုံး အပေါ်တန်းမှာ ရှိတဲ့ “ Add New ” မှာ “ Post ” ကို ရွေးပြီးရင်
      ခေါင်းစဉ်တပ်ဖို ့စာရိုက်စရာ သေတ္တာ အသေး နဲ ့၊ စာရေးစရာ သေတ္တာ အကြီး ကြီး ကျလာတာ ကို တွေ ့ရမှာပါ ။
      အဲဒီမှာ မှ ကိုယ်တင်မယ့် စာနဲ ့ပတ်သက်ပြီး ခေါင်းစဉ်တပ် ။ ပြီးရင် အောက်က သေတ္တာထဲမှာ စာရေး ။ ဓါတ်ပုံကော တင်မယ် ဆိုရင် ၊ ကိုယ်ရေးလာတဲ့ စာ အဆုံး မှာ အန်းတား တစ်ချက် ခေါက်ဗျာ ။
      ပြီးရင်..သေတ္တာ နှစ်ခုကြားမှာ ၊
      “ Upload/Insert Add an ImageAdd VideoAdd AudioAdd MediaAdd Poll ”
      ဆိုတဲ့ ရွေးစရာ ဖန်ရှင်း ၅ ခု ပါတယ်ဗျ ။
      အဲဒီမှာ မှ “ImageAdd” ဆိုတာကို ကလစ် လိုက်ရင်
      နောက်ထပ် သေတ္တာ တစ်ခု ကျ လာမှာ ဖြစ်ပါတယ်
      “ Add an Image
      From Computer From URL Media Library
      Add media files from your computer ” ဆိုပြီး ၊ ကျလာမယ့် သေတ္တာ ထဲမှာ မြင်ရမှာပါ
      အဲဒီအခါကြမှ ၊ ကိုသော်ကြီး တင်ချင်တဲ့ ဓါတ်ပုံ ကို ရွေးပြီး “ အပ်လုပ် ” လုပ်ရုံပါဘဲ
      တစ်ပုံချင်းစီ ပေါ့ ဗျာ
      တစ်ပုံ ရွေးပြီး အပ်လုပ် လုပ်လိုက်တာ နဲ ့
      ကိုယ်တင်လိုက် ပုံ အတွက် အက်ဒစ် လုပ်စရာ / ပုံ ဆိုက် ပြင်စရာ ရွေးဖို ့တွေ ပေါ်လာမှာ ပါ
      ပုံအောက်မှာ နံမည်တပ်စရာ ၊ စာရေးစရာ အကွက်လေးတွေ လဲ ပါတယ်
      အဲဒီမှာ အားလုံး စိတ်ကြိုက် လုပ်ပြီး ပြီ ဆိုရင်
      “ Insert into Post ” ဆိုတာ ကို နှိပ်လိုက်ရုံပါဘဲ
      အဲဒါဆိုရင် ၊ အဲဒီ ဓါတ်ပုံ ဟာ ကိုသော်ကြီး ပို ့စ်ထဲ ကို ရောက်သွားတာ ကို မြင်ရပါပြီ ။
      နောက်တစ်ပုံ တင်ချင် ရင်
      အရင်တင်ခဲ့တဲ့ ပုံ အောက်မှာ အန်းတား တစ်ချက် ခေါက်ပြီးမှ
      ထပ်တင်ရုံပါဘဲ ။
      အန်းတားခေါက်ပြီးမှ တင်တဲ့အခါကြ ၊ ပုံတွေ ဟာ တစ်ပုံပြီး တစ်ပုံ အထက်အောက်လေး ဖြစ်နေမှာပါ ခင်ဗျာ ။

  • သော်ကြီး

    November 26, 2011 at 9:16 pm

    ကျေးဇူးတင်ပါတယ်ဗျာ။ ကိုကို windtalker ရေ။ ဒိုပို့စ် တင်တာ မရဘူးထင်လို့ နောက်တစ်ခု ထပ်တင်ပြန်တာ- ခေါင်းစဉ် တွေတော့ပါခဲ့တယ်။ ဓာတ်ပုံတွေကို တင်တော့ အန်းတား မခေါက်တဲ့အခါကျတော့ ဓာတ်ပုံက တစ်ပုံထဲပါလာခဲ့တယ်။ အခုလိုတင်ပြပေးတဲ့အတွက် အရမ်းကျေးဇူး တင်ပါတယ်။ ဝေါ်မီတော်ဖော်။ ဆလန်မာရီကွန်း ။

  • Gipsy

    November 27, 2011 at 1:39 am

    သွေ့ပုချိ နော်…. ဝေါ်မီတော်ဖော်၊ ဆလန်မာရီကွန်း မို့ တစ်ဝက်စီလား ဟင်…၊
    ရှင်းပြပေးရင် . . အာဂစ်ဆီမီတာ….။ 😆

Leave a Reply