ခင်ရွှေ ..အုတ်ကထ ကြီး (3)

သံုးေလးNovember 26, 20111min1295

ဆက်မရေးတော့ဘူးဘဲနေတာ။ တံခါးစောင့်ကြီးရေးတဲ့ ကြားဖြတ်ဂဇတ် ဖတ်မိမှဘဲ  ဦးခင်ရွှေ အကြောင်း ဆက်ရေးချင်လာတယ် ။ တံခါးစောင့်ကြီး ကလည်းဆိုထားတာကိုဗျ။

“အရှိကိုအရှိအတိုင်းရေးကြဗျာ။ ကျွန်တော် ပြောတာ အရှိကို အရှိအတိုင်းရေးကြဘို့ပါ။ ဦးခင်ရွှေ ပြောတဲ့ စကားကို positive thinking နဲ့ကြည့်ရင် အမှန်ကို အမှန်အတိုင်းရေး ခိုင်းပါတယ်လို့ ကျွန်တော် တော့ ထင်မိတာပါပဲဗျာ။” ဆိုတော့ ..

တစ်တက်စားလည်း ကြက်သွန် နှစ်တက်စားလည်း ကြက်သွန် မထူးတော့ပါဘှုးဗျာ ။ အရှိ အရှိအတ်ိုင်းရေးလိုက်ပါသည်။

အဲ့ဒီ့ လူကြီးက ကျုပ်တို့နိုင်ငံကို ဖာနိုင်ငံ ဖြစ်အောင် လုပ်မလို့ ကြံစည်ခဲ့သေးတယ်။

ဦးသိန်းဇော် ဝန်ကြီး လက်ထက် ၊ မြန်မာပြည် နိုင်ငံခြားသား အဝင်နည်းတာ ဟာ ညဘက် ဖျော်ဖြေရေး မရှိလို့ ။ ညဘက်သွား စရာ နေရာ မရှိလို့။ ဒါကြောင့် နိုက်ကလပ်တွေ ဖွင့်ပေးသင့်တယ် ဆိုပြီး ဝန်ကြီးကို စည်းရုံးပြီး ကန်တော်ကြီးကို တောင်းဆိုခဲ့တယ်။ သူပြောသလို နိုက်ကလပ်တွေ သာ ဖွင့်ပေးခဲ့ ရင် ကျုုုပ်တို့ နိုင်ငံဘာဖြစ်သွားမလဲ စဉ်းစားကြည့်ပေါ့။ စီးပွားရေးတွေ အဝိစိ ရောက်နေချိန်  မိန်းကလေးတွေ လမ်းလွယ်လိုက်သွားရင် ကျုုပ်တို့ အိမ်နီးခြင်း နိုင်ငံလို ဖြစ်သွားမှာ။ သူကတော့ သူ့ ဟိုတယ် လူပြည့် ဖို့လောက်ဘဲတွေးပုံရတယ်။ နိ်ုင်ငံခြား သတင်းဌာနတွေ က အော်လို့ ပိတ်လိုက်ရတဲ့ မြရိပ်ညို က အနိူပ်ခန်း အမည်ခံ ဖာဘိ ကြီးကို ကန်တော်ကြီး မှာ ပြန်အသက်သွင်းမလို့နဲ့တူပါတယ် ။ ကန်တော်ကြီးကတော့ သူ့လက်ထဲရောက်သွားပါတယ်။

အခုလည်းကြည့် လုပ်ချလိုက်ပြန်ပြီ။

ဘယ့်နဲ့ဗျာ ၊ ဗုဒ္စဘာသာဝင် တစ်ယောက် က ပြောရမဲ့ စကားလားဆိုတာ။ လူကြီးမင်းတို့ဘဲ စဉ်းစားကြည့်စမ်းပါဦး။

ကျုပ်တို့ ဒီလောက် အထွဋ်အမြတ် ထားတဲ့ ဘုရားတွေ ပေါ်မှာ နိုင်ငံခြားသားတွေကို ဖိနပ် ပေးစီးဖို့လို့ ပြောသတဲ့ဗျာ ။

ဘယ် စစ်သား ဝန်ကြီး ကမှ ဘုရားပေါ် နိုင်ငံခြားသားတွေ ဖိနပ် ပေး စီးဖို့ မပြောခဲ့ဘူး။

အခု အရပ်သားဝန်ကြီး ဖြစ်မ၊ှ အရပ်သား ဝန်ကြီး အကြံပေးကြီးက နိင်ငံခြားသားတွေ မှာ ဘုရားဝင်းနဲ့ ဘုရားပေါ် ဖိနပ် ပေးမစီးလို့ အဆင်မပြေပါဘူး ။ အဆင်ပြေအောင် ဖိနပ်ပေးစီးသင့်ပါတယ်တဲ့။  အဲ့ဒီ အစည်းအဝေးတက်တဲ့ သူတွေ ပါးစပ် အဟောင်းသားနဲ့ ဘာ ပြောရမှန်းမသိ ဖြစ်ကုန်တယ်တဲ့။

ရောမ ရောက်ရင် ရောမလို ကျင့်ရမယ်။ နိုင်ငံ တစ်ခုရောက်ရင် အဲ့ဒီ့နိင်ငံ ရဲ့ ယဉ်ကျေးမှု့ ဓလေ့ထုံးစံတွေ ကို လိုက်နာ ရမယ်ဆိုတာ လူယဉ်ကျေးတိုင်း နားလည် သဘောပေါက်လက်ခံကြ ပါတယ်။ ကြက်တူရွေးကတော်တော် မယ်ဘော်က ကဲကဲ ဖြစ်နေတာပါ။

ဖိနပ်ချွတ်လေ့ မရှိသူတို့ အဆင်မပြေ ကြဘူးဆိုတာ လည်းမှန်ပေမဲ့ ပိုက်ဆံ လိုချင်တာနဲ့ဘဲ ကျုပ်တ်ို့ အထွဋ်အမြတ် ထားတဲ့ နေရာတွေမှာ ဖိနပ်စီးခွင့် ပြု ရတော့မှာ လား ။ ကဲ ပြော လူကြီးမင်းပြော။

ဘုရားပေါ် ဖိနပ် မစီးရလို့ မြန်မာပြည် လာမလည်တော့ဘူးဆိုတဲ့ ုသူ ဘယ်နှစ်ယောက်များ ကြားဘူးလို့လဲ။ အဆင် မပြေဘူး ၊ ပူတယ် ၊ခြေထောက်နာတယ် ၊ ညစ်ပါတ်တယ်လို့ ပြောတဲ့သူများ မရှိ မဟုတ် ။ ရှိပါတယ်။

အဲ့ဒါတွေကို တစ်ခြားနည်းလမ်းနဲ့ ဖြေရှင်း ဖို့တော့ မစဉ်းစားဘဲနဲ့ ဖိနပ်ပေးစီးလိုက်လို့ပြောတဲ့ ပုဇွန်ဦးနှောက် နဲ့လူကို အကြံပေး နေရာ ထားတဲ့ ဝန်ကြီးကို လည်းအံ့ဩရပါတယ်။

သူအကြံပေး ကောင်းလိုက်တာ ကျုပ်တို့နိုင်ငံမှာ ကြယ်ငါးပွင့် ဟိုတယ်ဆိုတာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု့နဲ့ လာဆောက်တဲ့ ဟိုတယ်တွေဘဲ ရှိတော့မယ်။ သူပေးထားတဲ့ အမှတ်ပေးစည်းမျဉ်း အရဆိုရင် ကြယ်သုံးပွင့် သတ်မှတ် ထားတဲ့ Summit Prakview တို့ ၊ နိုင်ငံတကာမှာ ကြယ်လေးပွင့် အဆင့် ဟော်တယ်များ အဖြစ် တန်းတူ ညီတူ ဆောက်ထားတဲ့ Traders Hotel  ( Shangri-la အုပ်စုက ကမ္ဘာ မှာ Shangri-la Hotel ဆို ကြယ်ငါးပွင့် ၊ Traders နာမည်နဲ့ဆို ကြယ်လေးပွင့် အနေနဲ့ ဆောက်တာ) ကတော့ ကြယ်ငါးပွင့် အဆင့် သို့ ရောက်သွားလောက်တယ် ။

နိုင်ငံတကာမျက်စိနဲ့ကြည့်ရင် အေးအေးလေး ကြယ်ငါးပွင့် အဆင့်ရှိတဲ့ Aureum Hotels နဲ့ အခြား နံမည်ကြီး ဟိုတယ် တွေကတော့ ဒင်းလက်ချက်နဲ့ အဆင့်ကျသွားရှာလေရဲ့။

ကြယ်ငါးပွင့် ဟိုတယ်တောင်မဆောက်နိုင်တဲ့ နိုင်ငံ အဖြစ်သို့ နေ့ခြင်း ညခြင်း အဆင့် ကျသွားတာဟာ နိုင်ငံ ဂုဏ်သိက္ခာ ချပြစ်တာပါဘဲ။

ဂိုက်အသင်းကိုလည်းသူမွှေထားလို့ ကွန်မြူနစ်ခောတ် ပြန်ရောက်သွားရှာကြတယ် ။ တူညီ ဝတ်စုံ ဝတ်ရမယ်တဲ့။

ကျုပ်သိသလောက် ဂိုက်တွေဟာ သူ့ ကိုယ်စားပြုတဲ့ သူ့ကုမ္မဏီတွေရဲ့ ဝတ်စုံတွေ ဝတ်ကြရပါတယ်။ ဒါကြောင့် ကမာ္ဘလှည့် အုပ်စုတစ်ခုတွေ့ရင် ဂိုက်ဝတ်စုံ ကြည့်လိုက်တာနဲ့ ဘယ်ကုမ္မဏီနဲ့လာတဲ့ အုပ်စုဆိုတာ သိပါတယ်။ အခုမှ အုတ်ရောရော ကျောက်ရောရော ဖြစ်တော့မှာ။ မသကာ ကုမ္မဏီနဲ့မဟုတ်ဘဲ ကိုယ့်ဟာကိုယ် သီးသန့်လိုက်တဲ့သူတွေ ကို အသင်းဝတ်စုံ ဝတ်ခိုင်းတယ်၊ ကုမ္မဏီနဲ့ဆို ကုမ္မဏီဝတ်စုံ ဖြစ်ရမယ် ၊ မြန်မာ ဆန်ရမယ် ဆို ဟုတ်တုတ်တုတ် ရှိဦးမယ်။

အခု နောက်တစ်ရစ်တက်ဦးမယ် လည်း ကြားပါတယ် ။ ဂိုက်ငှါး မယ်ဆို ရင် ကုမ္မဏီတွေက အသင်းကိုတောင်း။ အသင်းကမှ ဘယ်သူလိုက်ဆို ချပေးမယ်တဲ့။ ကုမ္မဏီတွေမှာ က သူ့ဟာနဲ့သူ ဘယ်သူက ဒီအုပ်စု အတွက်ဆို အဆင်ပြေမယ်။ ဘယ်သူ ကတော့ ဘယ်အုပ်စုနဲ့ မှဆိုတဲ့ ချိန်ဆ မှုတွေရှိသလို ၊ ကုမ္မဏီ နဲ့ ဂိုက် နဲ့ မတည့်တာတွေ လည်း အများကြီး။  ကုမ္မဏီ တစ်ခု ကောင်းတယ် ဆိုးတယ် ဆိုတာတွေ ဟာ ဧည့်သည်နဲ့တိုက်ရိုက်ထိတွေ့နေရတဲ့ ဂိုက်ပေါ်လဲ မူတည်တော့  ဂိုက်နဲ့ ကုမ္မဏီရဲ့ ဆက်ဆံရေးပေါ်မှာ လည်း အများကြီးမူတည်လာပါတယ် ။ ဒီတော့ ကြုံ ရာ ဂိုက်ကို ကုမ္မဏီက ဘယ်လို စိတ်ချပြီးထည့်ရဲမှာလဲ။

ပြောရရင်လည်း နောက်ထပ် မပြီးနိုင ်ရှိခြေမို့ လိုရာဘဲမေးလိုပါတယ်။

ကျုုပ်တို့ရဲ့ အထွဋ်အမြတ်ထားတဲ့  ဘုရားဝင်း ဘုရားပေါ်မှာ နိုင်ငံခြားသားတွေကို ဖိနပ်စီးခွင့် ပေးချင်သူ …..

ကျုုပ်တ်ို့နိုင်ငံ ဖာနိုင်ငံဖြစ်အောင် ကြံတဲ့သူ …..

မီဒီယာတွေကို သူကျွေးတာစား ၊ သူထားရာနေ၊ သူပြောတာထည့် ဆိုတဲ့သူ …………..

ကျုပ်တို့က သူဌေး ကြေးပန့် လုပ်ရမှာလား ဆိုပြီး နိုင်ငံခြား ရင်းနှီးမြုပ်နှံမူ ဟိုတယ် များကို အပြစ်မြင်သူ …

စားပွဲတစ်လုံးနဲ့ ဖုန်းတစ်လုံး ရှိရင် ခရီးသွား လုပ်ငန်းလုပ်လို့ ရတယ် ဆိုပြီး ခရီးသွားလုပ်ငန်းများကို နှိမ်ချသူ …

အဲ့ဒီလူဟာ ..

မြန်မာနိင်ငံ ခရီးသွားလုပ်ငန်း ဥက္ကဌ ၊  

စီမံခန့်ခွဲမှု့နှင့် အုပ်ချုပ်မှု ဒါရိုက်တာ (မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအဖွဲ့ )၊

အကြံပေးတာဝန်ခံ ( မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာန နှင့် ၎င်းနှင့် သက်ဆိုင်သော လုပ်ငန်းအဖွဲ့) ဖြစ်ထိုက်ရဲ့လား …..

လွှတ်တော် အမတ်မင်းဆိုတာနဲ့ ကော ထိုက်တန်ရဲ့ လား ……………………….

လူကြီးမင်းတို့ ရွာသူားတို့ဘဲ ပြောပါတော့ ။

ဒါ ကျုပ်သိတာ နဲနဲ လေးဘဲရှိသေးတယ် ။ ကျုပ်ထက် အတွင်းကျကျ သိတဲ့သူတွေ အများကြီး ရှိဦးမှာ။

အကြံ ရယူတဲ့ ဟိုတယ်ခရီး ဝန်ကြီးကို လည်း အံ့ဩမိပါရဲ့။

 

 

သုံးလေး

5 comments

  • htoosan

    November 26, 2011 at 8:59 pm

    သူ့ အကုသိုလ် နဲ့ သူသွားပါလိမ့်မယ်။
    သိမ်းမလို့ ကြံတာ တော့ ကန်တော်ကြီး တင် မက ဘူ း ၊ ထားဝယ် မောင်းမကန် ကမ်းခြေ တောင် သိမ်းလိုက်သေးတယ် ။ အဲ့ ဒီမှာ ပန္နက်တွေ ဘာတွေ တောင် သွား ရိုက်လိုက်သေးတယ် ။
    ဦးခင်ညွန့် ပြုတ်ပြီး ငြိမ်သွားပြီး ဘာ ဆက်ဖြစ်လဲတော့ မသိဘူး ။

  • inz@ghi

    November 26, 2011 at 10:36 pm

    ပိတ်သတ်ကြီး မင်ဂါဘာ …
    အဆင်ပြေမယ်ဆို လက်ခုပ်သံလေးကြားချင်ဒယ်. ..
    အိုခေ ..စရအောင်ပါ ….
    1…2…3…4…5…6…6…6…
    လိုက်ဆိုပေးလို့ ရမလား မသိဝူး…
    စပြီ..
    မီးဒုတ်… မီးဒုတ်… မီးဒုတ်… မီးဒုတ်… မီးဒုတ်… မီးဒုတ်… မီးဒုတ်…
    မီးဒုတ်… မီးဒုတ်… မီးဒုတ်… မီးဒုတ်… မီးဒုတ်… မီးဒုတ်… မီးဒုတ်…
    မီးဒုတ်… မီးဒုတ်… မီးဒုတ်… မီးဒုတ်… မီးဒုတ်… မီးဒုတ်… မီးဒုတ်…
    မီးဒုတ်… မီးဒုတ်… မီးဒုတ်… မီးဒုတ်… မီးဒုတ်… မီးဒုတ်… မီးဒုတ်…

  • သုံးလေး

    November 29, 2011 at 4:58 pm

    ဦးထူးဆန်းရေ ဟုတ်တယ်ဗျ။ မောင်းမကန်ကိုပါသိမ်းတာ ။ အဲ့ဒီလူကြီးဘာဆေးဆောင်ပြီး ဘယ်လိုပိုင်လဲတော့မသိဘူး ။ အစည်းအဝေး တစ်ခုမှာ မောင်းမကန်ကို ဦးခင်ညွန့် ဆီကတောင်းတော့ ဦးခင်ညွန့် က ခင်ဗျားတို့ ငပလီ လည်း ယူထားကြပြီး ဘာမှလည်း မလုပ်ကြဘဲနဲ့ ။ အဲ့ဒါတွေ အရင် ပြီးအောင်လုပ်ပါဦး။ နောက်မှ မောင်းမကန်လုပ်ပါလို့ ပြောသွားတာ ။ ဒါပေမဲ့ ဘာမှ မကြာဘူး ၊ ဘယ်သူ့ဆီက တောင်းလိုက်လဲ မသီဘူ း ၊ ခွဲဝေယူ ကြပြီး သွားပြီး ပန္နက် ရိုက်ကြတယ်။ ပြုတ်သွားတဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင် ကလည်း ထားဝယ်သားဆိုတော့ ထားဝယ် အသင်းအတွက် တစ်ကွက်ဆိုပြီး ဝေစုဝင်ခွဲလိုက်သေးတယ် ။ အခုတော့ ဘာဖြစ်သွားလဲ အနော်လည်း မသိတော့ဘူး ။
    ကျေးဇူးပါ ကိုဂီရေ .. ကိုဂီ အားပေးတာ။ ရွာသူားတွေ လက်ရှောင် ကြလို့ ဘာဖြစ်လို့ပါလိမ့် အတွေးပွားမိနေတယ် ။ သူများ မကောင်းကြောင်း ရေးမိလို့လား ။
    သူပြောခဲ့တာတွေ သူ့ကို အထင်ကြီးသူများသိအောင် အတွက်ပါဘဲ။

  • king

    November 29, 2011 at 7:09 pm

    လက်ရှောင်တာ မဟုတ်ပါဘူးဗျို့
    ဘာရေးရမှန်းမသိလို့
    ဖတ်ကြည့်မိရင်း အတွေးပွားပြီး ဘာမှမရေးဖြစ်တော့ပါဗျ
    နောက်ပြီး တစ်ခါမှ အဲဒီလောက် အဲဒီလူတွေကို စိတ်မဝင်စားမိသလို သူတို့အကြောင်းတွေလည်း မသိတော့
    အံ့အားသင့်ကာ မှင်တတ်နေမိကြောင်းပါ ..
    ကဲကွာ ….. 😛

  • KING

    December 1, 2011 at 9:38 pm

    အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ကြီး ဦးခင်ရွှေခင်ဗျား

    လူကြီးမင်းသည် နိုဝင်ဘာ ၁၅ရက်နေ့က ကျင်းပခဲ့တဲ့ မဟာမဲခေါင်ခရီးသွားလုပ်ငန်း အစည်းအဝေးတွင် မီဒီယာများသည် အဆိုးမြင် သဘောဖြင့် ရေးသားနေကြပြီး ကြောက်မက်ဖွယ်ကောင်းသည်ဟု စွပ်စွဲပြောဆိုခဲ့ပါသည်။ ထိုသို့ စွပ်စွဲပြောဆိုရခြင်းမှာ လူကြီးမင်း တာဝန်ယူထားသည့် ခရီးသွားလုပ်ငန်းမှ မြန်မာနိုင်ငံ၏ သမိုင်းဝင် အမွေအနှစ်တစ်ခုဖြစ်သည့် ဝန်ကြီးများရုံးကို အမဲဖျက်သလိုဖျက်၍ ဟိုတယ်အဖြစ်ဖန်တီးပြီး စီးပွားရှာခွင့် မရလိုက်မှုကြောင့်ဟုလည်း ထပ်မံသိရှိရပါသည်။ အဆိုပါပွဲတွင်ပင် ဝန်ကြီးများရုံးနှင့် ပတ်သက်၍ အသက်ပေးကာကွယ်မည်ဟု ဆိုကြသူများကို အသက်ပေးစရာမလိုဘဲ တစ်ဦးလျှင် တစ်သိန်းသာ ထည့်ဝင်ကြပါဟုလည်း ငွေဂုဏ်မောက်စွာ ပြောဆိုခဲ့ကြောင်း သိရပါသေးသည်။

    လူကြီးမင်းခင်ဗျား၊ ပိုက်ဆံရှိသူဖြစ်စေ၊ မရှိသူဖြစ်စေ တိုင်းပြည်ကို ချစ်ကြတဲ့နေရာမှာတော့ အတူတူပါပဲခင်ဗျာ။ ကျွန်တော့်အမြင်တော့ ပိုက်ဆံ မရှိတဲ့သူကတောင် တိုင်းပြည်အတွက် ပိုပြီးစွန့်လွှတ်အနစ်နာခံနိုင်တယ်လို့ ထင်မိပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့မှာက မက်မောတွယ်တာစရာ ဥစ္စာ ပစ္စည်းမရှိလေတော့ တိုင်းပြည်အတွက် ပိုပြီး ကိုယ်ကျိုးစွန့်နိုင်စွမ်းများတာပေါ့ခင်ဗျာ။ ဒါကို အငြင်းမပွားလိုပါဘူး။ လူကြီးမင်းအနေနဲ့လည်း မြန်မာနိုင်ငံ သားတစ်ဦးဖြစ်တဲ့အတွက် မြန်မာနိုင်ငံကိုချစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ဒါပေမယ့် လူကြီးမင်းရဲ့ ငွေဂုဏ်မောက်တဲ့ စကားအရတော့ တိုင်းပြည်နဲ့ ငွေနဲ့ ယှဉ်ရင် ငွေကသာ လူကြီးမင်းအတွက် အဓိကဖြစ်ပါလိမ့်မယ်။ နိုင်ငံချစ်စိတ်ကို ငွေနဲ့တိုင်းလို့ မရနိုင်တာကို လူကြီးမင်း သဘောမပေါက်နိုင်တာ ဖြစ်ပါလိမ့်မယ်။

    လူကြီးမင်းအနေနဲ့ ပြည်ပမှာထွက်ပြီး မီလျံနာလို နေနိုင်တယ်၊ နိုင်ငံချစ်လို့သာ ဒီမှာဆက်နေတာလို့ ဆိုတဲ့စကားကတော့ ရယ်စရာ ကောင်းပါတယ်၊ လူကြီးမင်းအနေနဲ့ အခုအချိန် ပြည်ပမှာထွက်ပြီး မီလျံနာလုပ်နိုင်ပေမယ့် အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒါမှမဟုတ် အရင်းအနှီးလေး အနည်းငယ်လောက်နဲ့ ပြည်ပမှာ ကြီးပွားနိုင်မယ်လို့ ယုံကြည်ပါသလား၊ လူကြီးအခုလို မီလျံနာဖြစ်နိုင်အောင် ပြည်တွင်းမှာပဲ ရှာဖွေရရှိခဲ့တာပါ။ ပြည်တွင်းမှာ ရှာဖွေရရှိတဲ့ ငွေတွေဟာလည်း ကိုယ့်အရည်အချင်းကြောင့်လား စိန်နားကပ်ရောင်နဲ့ ပါးပြောင်ခဲ့တာလား လူကြီးမင်းပဲ အသိဆုံးဖြစ်မှာပါ။ လုပ်ငန်းရှင်တစ်ယောက် အောင်မြင်တယ်ဆိုတာ အဲ့ဒီလုပ်ငန်းရှင်ရဲ့ အလုပ်ဘယ်လောက်အောင်မြင်လဲဆိုတာနဲ့ပဲ ဆုံးဖြတ်ပါတယ်။ စတိဂျော့တို့၊ ဘီလ်ဂိတ်တို့ ကိုယ်ဒူးကိုယ်ချွန်အောင်မြင်ခဲ့တာ လူကြီမင်းတို့ စာဖတ်တတ်ရင် သိမှာပါ။ လူကြီးမင်းရဲ့ ဇေကမာ္ဘကုမ္ပဏီကနေ ကမာ္ဘတလွှားကို ဖြန့်နေတဲ့ ကုန်ပစ္စည်း ဘယ်နှစ်မျိုးရှိပါသလဲခင်ဗျာ။ ဇေကမာ္ဘတံဆိပ်နဲ့ ကမာ္ဘကို ဖြန့်နေတာ ငပိတို့ ပုဇွန်ခြောက်တို့တောင် မရှိပါလားခင်ဗျာ။ လူကြီးမင်းအပါအဝင် ခေတ်ပျက်သူဌေးလို့ခေါ်ရမယ့် ခရိုနီအများစုဟာ တိုင်းပြည်က သယံဇာတတွေကို အာဏာရှင်နဲ့ပေါင်းပြီး ရောင်းစားခဲ့လို့သာ ဒီနေ့အခြေအနေ ရောက်လာခဲ့တာပါ။ လူကြီးမင်းတို့ အနေအထားနဲ့ဆိုရင် ဒေဝါလီခံရတာ ကြာပြီပေါ့ခင်ဗျာ။ လုပ်ပိုင်ခွင့်တွေယူလိုက်၊ သူများတွေ စိုက်လို့ပျိုးလို့ အဆင် ပြေတယ်ဆိုရင် အာဏာရှင်နဲ့ပေါင်းပြီး လက်ဝါးကြီးအုပ်သိမ်းလိုက်နဲ့ သမာအာဇီဝနဲ့ ကိုယ်ပိုင်လုံ့လ တစ်စက်မှကိုမပါဘူးလို့ပဲ ဆိုရမှာပါ။ ဒါကြောင့် လူကြီးမင်းတို့ဟာ ငွေကို လွယ်လွယ်ရတယ်၊ လွယ်လွယ်ရတဲ့အတွက် ငွေစကားကို ပဲ ပြောတတ်တော့တာဖြစ်မှာပါ။

    လူကြီးမင်းကို စီးပွားရေးမလုပ်တတ်ဘူး၊ အရည်အချင်းမရှိဘူးလို့ ပြောရတာက အကြောင်းရှိပါတယ်၊ စီးပွားရေးသမားဆိုတာ အကွက်မြင် တတ်ရတယ်ဆိုပေမယ့် ရေရှည်အကျိုးကိုလည်း တွက်ဆတတ်ရပါတယ်။ ကျွန်တော်ဟာ တစ်နေ့ဝင်ငွေ ငါးထောင်တောင် မပြည့်တဲ့ သာမန်အောက်ခြေ လူတန်းစားပါ။ ဒါပေမယ့် နိုင်ငံတကာမှာ ရှေးဟောင်းအဆောက်အအုံတွေရဲ့ တန်ဖိုးကို ဘယ်လောက်အထိ ထားကြတယ်ဆိုတာကိုတော့ တီးမိခေါက်မိ ရှိပါတယ်ခင်ဗျ။ အဲ့လို အဆောက်အဦးကြီးတွေကို ဟိုတယ်ဆောက်ရင်တောင် ပုဂ္ဂလိကပိုင် အဆောက်အဦကြီးတွေ ဖြစ်လေ့ရှိပါတယ်။ ဥပမာ ရိုမေးနီးယားက မြို့စားကြီး ဒရက်ကူလာရဲ့ ရဲတိုက်လိုမျိုးပေါ့ခင်ဗျာ။ ပိုင်ရှင်ကရောင်းတယ်၊ ဝယ်သူကဝယ်တယ်။ ဒီထိပြဿနာမရှိပါဘူး။ ဒါပေမယ့် ပြည်သူပိုင်၊ နိုင်ငံပိုင် ပစ္စည်းတွေကိုတော့ ရောင်းလို့လည်းမရသလို လက်ဝါးကြီးအုပ်ခွင့်လည်း မရှိပါဘူးခင်ဗျား လူကြီးမင်းကတော့ လိုချင်တာကို လက်ညှိုးထိုးတာနဲ့ ရခဲ့တဲ့ ကလေးလို ဖြစ်ခဲ့ဖူးတော့ နိုင်ငံပိုင်ပစ္စည်းကြီးကို လက်ဝါးကြီး အုပ်ဖို့ကြံမိတာ မဆန်းဘူးပေါခင်ဗျာ။

    ဟုတ်ကဲ့ ဝန်ကြီးများရုံးကို ဟိုတယ်ဆောက်မှ ကျွန်တော်တို့နိုင်ငံချမ်းသာမှာလားခင်ဗျာ။ ပြတိုက်ဖွင့်စားရင်ရော အဆင်မပြေဘူးလား လို့ပါ၊ ဒီနေရာဟာ သမိုင်းဝင်နေရာဖြစ်တယ်၊ ဗို်လ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင် ကြီးတွေ ကျဆုံးခဲ့တဲ့နေရာကြီးဖြစ်တယ်။ ကမာ္ဘလှည့် ခရီးသွား တွေလည်း စိတ်ဝင်စားစရာဖြစ်တယ်။ ဟိုတယ်ဆောက်လို့ ရမယ့်ငွေက ရေရှည်မှာ များနိုင်တယ်ဆိုပေမယ့် ကျွန်တော်တို့နိုင်ငံမှာ ဟိုတယ်ဆောက်လို့ရမယ့် မြေ နေရာတွေ မရှားပါဘူးခင်ဗျာ။ သမိုင်းဝင်အဆောက်အဦးကတော့ ရှားပါးသွားနိုင်ပါတယ်။ နောက်ပြီး ဒီဟိုတယ်က ရတဲ့ငွေက နိုင်ငံရဲ့ဂျီဒီပီထက် လူကြီးမင်းရဲ့ဂျီဒီပီကိုပဲ ပိုတက်စေပါလိမ့်မယ်။ ပြတိုက်ကတော့ နိုင်ငံပိုင်ဖြစ်တဲ့အတွက် နိုင်ငံတော်က ပိုပြီးအကျိုးရှိမှာပါ။ ခရီးသွားလုပ်ငန်း ပွင့်လန်း လာတာနဲ့အမျှ ဟိုတယ်တွေလဲ ပေါများလာမှာပါ၊ ဟိုတယ်တွေပေါပြီး လေ့လာလည်ပတ်စရာ မရှိရင် ဘယ်ခရီးသွားက ရန်ကုန်မြို့ကြီးကို တကူးတက လာလည်မှာလဲခင်ဗျာ။ အင်္ဂလိပ်တွေဟာ သူတို့အင်ပါယာကြီး တန်ခိုးထွားစဉ်တုန်းက အခြေအနေတွေနဲ့ ကမာ္ဘတလွှားက ခရီးသည်တွေဟာလည်း သူတို့ငယ်ငယ်က သင်ခန်းစာမှာ သင်ခဲ့ရတဲ့ ရန်ကုန်မြို့ကြီးရဲ့ ပုံရိပ်တွေကို ပြန်လည်ခံစားချင်ကြမှာ သေချာပါတယ်။ ခေတ်မှီဖွံ့ဖြိုးတိုးတက်ပြီးတဲ့ နိုင်ငံကြီးတွေက ကမာ္ဘလှည့်တွေဟာ ရန်ကုန်မြို့ကြီးက နယူးယောက် လောက်ခေတ်မှီနေရင်တောင် သူတို့အတွက် အထူးအဆန်း ဘယ်ဖြစ်တော့မလဲ ခင်ဗျာ။ ဒီလို စီးပွားရေးအရ ရွေးချယ်တတ်မှုဆိုတာကိုတောင် ကောင်းကောင်းနားမလည်တဲ့ လူကြီးမင်းကို စီးပွားရေး မလုပ်တတ်ဘဲ အချောင်ကြီးပွား လာတာလို့ ပြောရင် ကျွန်တော်မလွန်ဘူးလို့ ထင်မိပါတယ်။

    ပြီးတော့ မီဒီယာတွေကို စော်ကားတဲ့ကိစ္စပါ။ တိုင်းပြည်ရဲ့ဥသျှောင် သမ္မတကြီး၊ အဓိကမဏ္ဍိုင်ကြီးနှစ်ရပ်ဖြစ်တဲ့ လွှတ်တော်ကြီးနှစ်ရပ်ကို ဦးစီးနေရတဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးတွေ၊ ဒီမိုကရေစီမှာ ပြည်သူသာ အဓိကလို့ ခံယူထားတဲ့ ပြည်ထောင်စုဝန်ကြီးတွေတောင် မီဒီယာရဲ့ အခန်းကဏ္ဍကို အလေးအနက်ထား ဆက်ဆံနေတာကို တွေ့ရမှာဖြစ်ပါတယ်။ မြစ်ဆုံစီမံကိန်းကြီးကိုတောင်မှ အင်အားကြီးတရုတ်နိုင်ငံကို ရဲဝံ့စွာဆန့်ကျင်ပြီး သမ္မတကြီးကိုယ်တိုင် ရပ်တန့်ပေးခဲ့တဲ့ ကိစ္စကိုကြည့်ရင် မီဒီယာဆိုတာ ပြည်သူ့အသံ ပြည်သူ့အသံကို အစိုးရနဲ့ လွှတ်တော်က ဆောင်ရွက်ပေးရမယ် ဆိုတာကို နိုင်ငံ့ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင် သဘောတူလက်ခံထားတယ်ဆိုတာကို သိသာနိုင်ပါတယ်။ ဒါကြောင့် မီဒီယာဟာ ပြည်သူကို ကိုယ်စားပြုပြီး မီဒီယာကို စော်ကားတဲ့ လူကြီးမင်းဟာ ပြည်သူကိုလည်း စော်ကားလိုက်တာနဲ့ အတူတူပါပဲခင်ဗျား။

    လူကြီးမင်းခင်ဗျား ကျွန်တော်ရေးတာလဲ တော်တော်များသွားပါတယ်။ ကျွန်တော့်အနေနဲ့ ရိုးသားစွာ ပြောရရင် လူကြီးမင်းအပါအဝင် တိုင်းပြည်ရဲ့ သူဌေးကြီးများကို အခုထက်ပိုပြီး ချမ်းသာစေချင်ပါတယ်။ ရေမြင့်ရင် ကြာတင့်တယ်ဆိုတဲ့အတိုင်းပဲ သူဌေးကြီးတွေများလာတာနဲ့ တိုင်းပြည် လည်း ချမ်းသာလာမယ်။ သူတို့လုပ်ငန်းတွေမှာ လုပ်ကိုင်နေရတဲ့ ပြည်သူတွေချောင်လည်မယ်၊ လူမှုရေးကဏ္ဍတွေမှာ ပိုပြီးအား ကောင်းလာမယ်ဆိုတာ သေချာပါတယ်။ ဒါကြောင့် လူကြီးမင်းကို ဒီထက်ပိုပြီး ချမ်းသာစေချင်တာ ကျွန်တော့်ရဲ့ ဆန္ဒအမှန်ပါ။ ဒါပေမယ့် သူခိုးနွားကောင်းမှန်းမသိ အသား ပေါ်ရောင်းဖို့လောက်သာ စဉ်းစားထားတဲ့ ချမ်းသာမှုမျိုးမဖြစ်စေချင်ဘဲ ဘီလ်ဂိတ်တို့လို၊ လီကာရှင်းတို့လို ကိုယ့်အရည်အချင်းနဲ့ ကြီးပွားနေတဲ့ ငါတို့ မြန်မာနိုင်ငံက သူဌေးကြီးတွေလို့ လက်မထောင်ချင်တဲ့ စေတနာသာ အမှန်ဖြစ်ပါတယ်ခင်ဗျား။

    Credit : http://transparencymyanmar2010.blogspot.com/

Leave a Reply