“အတွင်းအပြင်စေတီတော်တစ်ခွင်” (ကိုစိန်သော့ရဲ့နောက်ကလိုက်ခြင်း………….အပိုင်း၄)

  “အတွင်းအပြင်စေတီတော်တစ်ခွင်”

         (ကိုစိန်သော့ရဲ့နောက်ကလိုက်ခြင်း………….အပိုင်း၄)

 

     “အတွင်းအပြင်စေတီတော်တစ်ခွင်”

(ကိုစိန်သော့ရဲ့နောက်ကလိုက်ခြင်း………….အပိုင်း၄)

 

16 အဝင်ဝမှာမြင်ရတဲ့ သာယာတဲ့ ပုရဝုဏ်

ဒီဘုရားပုရဝုဏ်ကအတော်လေးကျယ်ပြန့်ပါတယ်။

ကျနော်ရောက်တဲ့နေ့ကနေလဲသာဆိုတော့ ကောင်းကင်ကြီးကပြာပြာ

စေတီတော်ရွှေရောင်ဝင်းဝင်းအင်မတန်ကိုလှပပါတယ်။

ပုရဝုဏ်ကနေအရှေ့ဘက်ကိုကြည့်လိုက်တော့ စိမ်းစိုတဲ့လယ်ကွင်းတွေနဲ့သစ်တောအုပ်အုပ်

ကမြင်သူမျက်စေ့အေးစရာ။

 

 

1 အပြာရောင်ကောင်းကင်အောက်က ရှင်ပင်ဆပ်သွားစေတီတော်

ဘုရားတောင်ဘက်ခြမ်းမှာတော့ ခြေတော်ရာ။

ပိုသဘောကျမိတာကတော့ သစ်တစ်လုံးထဲကိုဖြတ်ထားတဲ့ ခြေတော်ရာကိုတင်ထားတဲ့ခုံကြီးကိုပါဘဲ။

 

2 ခြေတော်ရာ

 

3 ကျောက်ပြားပေါ်မှာထွင်းထားတဲ့ခြေတော်ရာ

ဒီဘုရားကိုထီးတော်အသစ်ပြန်တင်ထားတာ သိပ်မကြာသေးဘူးလို့ပြောပါတယ်။

ဘုရားပြိုပျက်သွားတုန်းက ရလာတဲ့ဌာပနာပစ္စည်းတွေကို စေတီတော်ထဲပြန်ထည့်မယ်ဆိုပြီး

စေတီတော်ဖောင်းရစ်လောက်မှာဖောက်လိုက်တာ အထဲမှာ ထီးတော်တွေ့လို့ ဆက်မဖောက်တော့ဘူးလို့

ဘုရားထဲကလူတစ်ယောက်ကပြောပြပါတယ်။

ဟုတ်ပါ့ သေချာကြည့်မှာစေတီတော်မှာလေးထောင့်အကွက်ကလေး တွေ့လိုက်ရပါတယ်။

 

4 ဒီစေတီဖောင်းရစ်မှာအပေါက်လေးရှိတယ်

ဒီဘုရားမှာတော့ နေရာတော်တော်များများကပြန်ပြင်ထားတာကိုတွေ့ရပါတယ်။

ဘုရားပါတ်ပါတ်လည်မှာလည်းဇရပ်အကြီးကြီးတွေ တွေ့ရပါတယ်။

ဘုရားတောင်ဘက်ခြမ်းမှာတော့ ကျောက်စာတစ်ချပ်တွေ့တော့ ရသလောက်

မှတ်တမ်းတင်မိပါတယ်။

5 ကျောက်စာဟောင်း သုတေသီတွေအတွက်တော့အလွန်အသုံးဝင်ပါတယ်

သူ့အနောက်ဘက်မှာတော့ ဂူလေးတစ်ခု။

အထဲဝင်ပြီး အပေါက်သေးသေးလေးရှိတဲ့ဘက်လှမ်းကြည့်တော့ ဟိုဘက်မှာတော့

အဆင့်ဆင့်ဆင်းတုတော်။

နောက်တစ်ဖက်ကိုဝင်ကြည့်တော့ ကျောက်ဆင်းတုအသေးလေးတစ်ဆူ။

မြောက်ဘက်ခြမ်းမှတော့ ရွှေချထားတဲ့ဆင်းတုတော်။

 

 

7 တစ်ဖက်က အဆင့်ဆင့်ဆင်းတုုနဲ့ဆက်နေတဲ့ ဂူပေါက် နောက်တော့ဖွင့်မယ်ပြောတယ်
8 အတွင်းထဲကလက်ရာ
9 အတွင်းထဲမှာရှိတဲ့ရှေးလက်ရာ ဆင်းတုတော်
10 အနောက်ဘက်က မြင်ရတဲ့စေတီတော်

 

(11 စေတီတော်ရဲ့အောက်ထဲမှာရှိတဲ့ ရှေးလက်ရာ ဆင်းတုအသေးလေး)
13 အဝင်စက မြင်ရတဲ့စေတီ အချို့နေရာက ပြင်ထားပြီးပါပြီ

ရှင်ပင်ဆပ်သွားနဲ့ တမုတ်ရွှေအင်ပင်မှာ တူသလိုလိုနဲမတူတာတွေရှိခဲ့ပါတယ်။

ဒီဆပ်သွားကတော့ ဂူအားလုံးက အပိတ်။

တမုတ်ကတော့ ဂူအတွင်းထဲမှာရှိတဲ့လျှောက်လမ်းကျဉ်းလေးထဲကနေ

နောက်တစ်နေရာကို ကူးလို့ရပါတယ်။

ရှင်ပင်ဆပ်သွားမှာတွေ့ရတဲ့အထပ်ဆင်းတုတော်ကတော့ တစ်ဆူပေါ်မှာ တစ်ဆူငုံပြီးတည်ထားပါတယ်။

တစ်ဆူတည်ပြီးသားအပေါ်နောက်မှ ထပ်တည်တာလို့ယူဆမိပါတယ်။

တမုတ်အင်ပင်ကတော့ ဆင်းတုစတည်ကတည်းက သုံးဆင့်တည်ခဲ့တယ်လို့ ထင်မိပါတယ်။

 

တူညီတဲ့အချက်ကတော့ ဒီဘုရားနှစ်ဆူစလုံးက ပုဂံခေတ်လက်ရာများနဲ့ဆင်တူပြီး

ပင်းယခေတ်ကလက်ရာများလို့ သိရတာပါ။

နောက်ရှင်ပင်နဲ့တမုတ်နှစ်ဆူစလုံးက အတွင်းမှာရှိတဲ့ဆင်းတုတွေကို အလွယ်တကူမမြင်နို်င်အောင်

ဖုံးအုပ်ထားခဲ့ကြတဲ့အပြင် လူသူအလွယ်တကူမရောက်နို်င်တဲ့နေရာမှာတည်ထားခဲ့ကြတာပါ။

ဘယ်လိုရည်ရွယ်ချက်နဲ့များတောခေါင်ခေါင်မှာတည်ထားကိုးကွယ်ခဲ့တာကိုတော့စဉ်းစားလို့ဉာဏ်မမှီ

ပါဘူး။

တည်ထားပုံကလဲ ပါချိပါချက်ပြီးစလွယ်မဟုတ် တကယ့်ကိုအကျအန။

ရှေးမြန်မာများပိသုကာပညာ မညံ့ဘူးဆိုတာကို သက်သေပြနေသလိုပါဘဲ။

တကယ်လို့များကျောက်ဆည်ကိုရောက်မယ်ဆိုရင်ဖြင့် ဒီဘုရားနှစ်ဆူကို

ဝင်ရောက်ဖူးမျှော်သင့်တယ်လို့ တို်က်တွန်းလိုက်ပါတယ်။

 

 

(ပြီးပါပြီ)

ကိုပေါက်လက်ဆောင်ပုံစာတွဲ

(26-11-2011)

3 comments

  • ပုံတွေကနံပါတ်မှတ်ရင်း တင်တာတွေထပ်ကုန်တော့ မသေမသပ်ဖြစ်နေတာကိုတော့ ခွင်လွှတ်စေချင်ပါတယ်။

  • windtalker

    November 27, 2011 at 11:22 am

    ခွင်တော့ မလွှတ်တတ်ဘူး
    ခွင့်တော့ လွှတ်တတ်ပါတယ် ခင်ဗျ
    ဟီဟိ
    စတာနော်

  • blackchaw

    November 27, 2011 at 12:04 pm

    ဝင်ရောက်ကြည့်ရှု အားပေးပြီးသကာလ
    ကျောက်ဆည်ဘက်ရောက်လျှင်တော့ဖြင့်
    ဖူးဖြစ်အောင် သွားဖူးပါမည် ကိုပေါက်ရေ။

Leave a Reply