“အမြင်ယူဆ”

aye.kkNovember 26, 20111min13610

စေတနာပင်

ပြောပြချင်သည်

အမြင်ယူဆ

တွေးခေါ်ကြသော်

မဟော်သဓာ

အမရာထုံး

နှလုံးမူရန်

ညဏ်မျှော်မြင်၍

တွေ ့မြင်ကြစဉ်

ပိုင်ရှင်ရှိနှင့်

သိချင့်မေးခက်

လက်သီးပြင်ဆုပ်

ထုတ်၍မဟော်

ပြသော်လေတည့်

မြင်သည့်မရာ

ခြင်ကာတွေးဆ

ဖြန် ့လက်ဖဝါး

မရှိပေငြား

ထောင်ထားပြမူ

ဘေးလူကလျှင်

အမြင်လက်သီး

ထင်ပြီးတွေးဆ

တယောက်ကလျှင်

ပါးချချင်ဟု

မုချတွေးမြင်

ထင်ကြချေမည်

ဤတွင်သဘော

လူ ့လောကတွင်

အမြင်ယူဆ မတူကြက အမှန်ပင်..။

 

 

 

10 comments

  • windtalker

    November 26, 2011 at 8:40 pm

    ဟုတ်ပ မှန်ပ
    ဟိုနေ ့က
    ကျုပ်မောင်ပေ
    ကိုယ့်ဟာကိုယ်
    ညာလက်နဲ ့ပါးစပ်ကို ဖုံးထားရာကနေ
    ရုတ်တရက် လက်ကို ပါးစပ်နဲ ့ဝေးရာဆီသို ့ခွါမိသွားရာ
    ကျုပ် အဖြစ်ကို တွေ ့မြင်သွားသော
    ၁၆ နှစ်အရွယ် စကီအလန်းလေးက
    သူ ့ကို “ဖလိုင်းကစ်” ( fly kiss ) ပေးပါတယ်ဆိုပြီး
    ပြန်ကြည်နေလို ့
    ဟီဟီ..ဟီဟိ..
    ဒီအတိုင်း လှည့်ပြန်ခဲ့ပါတယ် လေ

    • Shanma TUmdy

      November 26, 2011 at 8:52 pm

      ဒီတိုင်းလှည့်ပြန်ခဲ့တာကော. ဟုတ်ပါရဲ့လား .. 😛

    • inz@ghi

      November 26, 2011 at 9:20 pm

      ဟိုက ပါးပိတ်ရိုက်ဖို့ ရှိုးနေတာ…
      တူက ရှိုးတဲ့အထိပဲရေးထားတာ
      အဆော်ခံရတာ ပါဝူး ..ဟီး….

  • သော်ကြီး

    November 26, 2011 at 8:49 pm

    လက်သီးပြရင် လက်ဝါးပြန်ပြတယ် ဆိုတော့ သတိတော့ ထားစရာပေါ့နော်။ ဆင်ခြင်စရာလေးပေါ့။

  • naywoonni

    November 26, 2011 at 10:16 pm

    “လက်သီးဆုတ်မလား လက်ဝါးဖြန့်မလား … ကြိုက်တာကို ရွေးစမ်းကိုယ့်လူ xxxx မင်းလည်းယောက်ျား ငါယောက်ျား …..စွမ်းမယ်ထင်စမ်းကြည့်လိုက်လေ….။” တစ်ချိန်တုံးက ကိုင်ဇာ ဆိုခဲ့တဲ့ သီချင်း…။ လွမ်းတတ်ရင်တော့ တော်တော် လွမ်းစရာကောင်းတယ်…။ ခုတော့ အဲဒိလို အဓိပါ္ပယ် ပါတဲ့ သီချင်းအသစ်လေးတွေ မကြားရမိတာ ကြာပေါ့…………..။

  • inz@ghi

    November 26, 2011 at 10:21 pm

    ရှိပါတယ် အဘနီ ရ

    ကြွားလာလို့ကတော့ ခါးကအရိုး..
    သွားကြားထိုးပီး ငါ ဝါးစားမလို့
    မဖြုံသေးဘူးဆို ပလာယာထိုး
    သွားပါချိုးပြီး ဆားပါတို့ …

    ချောက်ချက် သီချင်းဆိုပြတာပါ…

    😀

  • thit min

    November 26, 2011 at 10:50 pm

    အမြင်အယူအဆ
    အသွင်တူမှ
    သဇင်ဖြူလွှ
    အကြင်သူက
    သခင်ကူမ
    ဘဝင်ဆူကြွ
    ဪ …လင်ယူရ။
    (^^)

  • small cat

    November 26, 2011 at 11:22 pm

    ဪ….
    လင်ယူရ
    အသွင်မတူသမျှ
    ဘဝင်ဆူကြွ
    ရင်ပူရတာလည်းအခါခါ၊
    အခုများတော့
    တမင်အပူကြွ
    ရင်ပူမက
    ကျမမှာတော့လေ
    ဝမ်းပါပူနေရပါပြီတော်ရေ…………။

  • E.T

    November 27, 2011 at 5:28 am

    ပိုင်ရှင်မရှိဘူးဆိုတော့ လက်ဝါးပြတယ်။ ပိုင်ရှင်ရှိတယ်ဆို ဘာပြန်ပြမှာလည်းဟင်။ ခုခေတ်မှာတော့ လက်စွပ်ပြတယ်ထင်တယ်။

  • aye.kk

    December 10, 2011 at 6:08 am

    တစ်ဦးနဲ ့တစ်ဦးအမြင်မတူတဲ့အခါပဋိပက္ခအသွင်ဆောင်နိုင်ပါတယ်..
    တစ်ဦးအပေါ်တစ်ဦးမကျေလည်နိုင်တာလေးတွေကိုတွေးမိကာခံစားမိလို့ ရေးဖွဲ ့မိပါတယ်..
    အားလုံးကိုအကောင်းဘဲမြင်ပါတယ်..နားလည်မှုလေးလွဲမှားကြရင် ခွင့်လွတ်ပေးစေချင်ပါတယ်..။

Leave a Reply