မြန်မာလူမျိုးတွေလည်းခြေမရှိလက်မရှိတဲ့ဦးဝင်းမျိုးတွေတော့ မဟုတ်ဘူးနော်

နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ယုဇနဂါးဒင်းဟိုတယ်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဦးခင်ရွှေက ထိုသို့ ပြောဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွေးတာ စားဖို့၊ ပေးတာယူဖို့ လာတာ မဟုတ်ဘူး၊ သတင်းယူဖို့ လာတာ။ သတင်း သမားဆိုတာ မေးခွန်းမေးမယ်၊ ဖြေတာ မဖြေတာက ခင်ဗျားကိစ္စ လို့ ချက်ချင်း ပြန်ပြောတော့ ခင်ဗျားတို့ နိုင်ငံခြားသတင်းထောက်တွေ ပြောတာ မဟုတ်ဘူး၊ ပြည်တွင်းဂျာနယ်က သတင်းထောက်တွေကို ပြောတာပါလို့ ပြန်ဖြေတယ်” ဟု Reuters သတင်းဌာနမှ ဦးအောင်လှထွန်းက ထိုသတင်းစာ ရှင်းလင်းပွဲ အဖြစ်အပျက်ကို ပြန်ပြောပြသည်။
(http://burma.irrawaddy.org/archives/2651)ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
သူပြောတာမှန်သင့်သလောက်မှန်ပါတယ်။ဘာလိုလဲဆိုတော့သူတို့လိုလူမျိုးတွေက တကယ်အစစ်အမှန်တွေလေ။
စစ်အစိုးရတဲ့ပေးတဲ့ projectတွေကိုယူ စစ်အစိုးရကောင်းတဲ့အကြောင်းတွေဘဲ ပြော၊လက်ပေးခိုင်းလက်ပေး။ခေါင်းငြိမ့်ခိုင်းတိုင်း ခေါင်းငြိမ့်တက်တာ
ဘာလည်းအများသိမှာပါလေ။အခုတော့သူကဘဲတဖန် မြန်မာmediaသမားစွပ်စွဲတယ်လေ။
မြန်မာလူမျိုးရှေ့လူကြီးတွေအရမ်းမှန်တယ်ပြောခဲ့တဲ့စကားပုံတွေနဲ့ အရမ်းကိုကိုက်ညီတယ်လေ။
“သူဆိုလိုတာကတော့ထမင်းကျွေးနေတဲ့လက် ပြန်မကိုက်နဲ့”ဆိုလိုသဘောလေ၊
နတ်သားလေးကလည်းပြန်ပြောမယ်နော်မြန်မာmediaသမားတွေဘက်နော်
“သူခိုးကလူပြန်မဟစ်နဲ့”မဟုတ်ဘူးလား၊
((ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသည့်နေရာဖြစ်သော ဝန်ကြီးများရုံးအား ဟိုတယ်အဖြစ် ပြောင်းလဲ လုပ်ကိုင်လိုသူ ရှိပါက ငှားရမ်းပေးမည်ဟု မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးခင်ရွှေက ပြည်တွင်း၊ ပြည်ပမီဒီယာများကို ပြောဆိုခဲ့သည်။
သို့သော်လည်း ဦးခင်ရွှေ၏ ကမ်းလှမ်းချက်အား ကန့်ကွက်ပြောဆိုမှုများ မီဒီယာတွင် ဖော်ပြခဲ့ကြပြီးနောက်တွင် သမိုင်းဝင် အဆောက်အအုံအား ဟိုတယ်အဖြစ် ပြောင်းလဲမည့် အစီအစဉ် ပျက်သွားခဲ့သည်။
ထိုအစီအစဉ် ပျက်သွားခြင်းကို ဦးခင်ရွှေက ကျေနပ်မှုမရှိကြောင်း၊ ထို့ကြောင့် မီဒီယာများသည် အဆိုးမြင် ဝါဒ ဖြင့်ရေးသားနေကြသည်ဟု မှတ်ချက်ခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သူ လူငယ်သတင်းထောက် တချို့က ပြောသည်။
ကွန်ရက်အဖွဲ့ကို ပြီးခဲ့သည့် စက်တင်ဘာလက ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်တို့မှ သတင်းသမားများ ပါဝင်သည်။ ကွန်ရက်အဖွဲ့၏ လတ်တလော အစီအစဉ်ကို သတင်းစာဆရာ မောင်ဝံသက ကြိုဆို လိုက်သည်။
“ဦးခင်ရွှေရဲ့ ပြောဆိုမှုဟာ မီဒီယာတွေ အဆင့်အတန်း မရှိဘူးလို့ ပြောတာနဲ့ အတူတူပဲ၊ သတင်းစာ လုပ်လာတာ နှစ် ၅ဝ ရှိပြီ၊ ဒီလိုပြောတာမျိုး လုံးဝ သည်းမခံနိုင်ဘူး၊ အဲဒီတော့ ဒီလိုပြောတာတွေ ရပ်တန့်ဖို့၊ နောက်ထပ် မလုပ်ဖို့ ဆိုတာတွေကို ကျနော်တို့က ချေပဖို့၊ ရှင်းလင်းဖို့ လိုအပ်တယ်၊ ဒါကြောင့် သတင်းထောက်ကွန်ရက်က လုပ်တာကို ထောက်ခံတယ်” ဟု ဆရာ မောင်ဝံသက ဆိုသည်။
ထိုကိစ္စနှင့်ပတ်သက်၍ ဧရာဝတီမှ ဦးခင်ရွှေအား မေးမြန်းရာ “ပုတ်ခတ်တာ မဟုတ်ပါဘူး၊ မိဘက သားသမီးကို ပြောတဲ့၊ ဆုံးမတဲ့ သဘောမျိုး ပြောပြတာပါ၊ ကိုယ့်ရဲ့ ရရှိထားတဲ့ စတုတ္ထမဏ္ဍိုင်ကို မဆုံးရှုံးရအောင် ကောင်းတာတွေလည်း ရေးကြ ဦးပေါ့၊ အဆိုးတွေချည်းပဲ ရေးမှ မီဒီယာမဟုတ်ပါဘူးလို့ ပြောတာပါ” ဟု ဆိုသည်။
နိုင်ငံတော်အစိုးရ သွားနေသော လမ်းကြောင်းသည် ကောင်းမွန်နေကြောင်း၊ သမ္မတကလည်း စတုတ္ထမဏ္ဍိုင်ကို အလေးထား ပြောဆိုနေကြောင်း၊ ထို့ကြောင့် ကောင်းသည့်အရာများကို အဓိက ရေးသားရန် လိုအပ်ပြီး အဆိုးများရေးနေပါက လမ်းကြောင်း ပြောင်းသွားမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ပြောဆိုရခြင်းဖြစ်ကြောင်း ဦးခင်ရွှေက ရှင်းပြသည်။
သတင်းစာဆရာ မောင်ဝံသက “အဲဒီလို ပြန်ချေပတာက ပိုပြီး ခံပြင်းတယ်၊ ထပ်ပြီး စော်ကားလိုက်သလိုပဲ၊ အလကားနေရင်း ဘာကြောင့် ကျနော်တို့က သူ့ သားသမီးတွေ ဖြစ်သွားရတာလဲ၊ သူ့ကို မိဘလို့လည်း မသတ်မှတ်နိုင်ဘူး၊ လုပ်ငန်းရှင် တယောက် လို့ပဲ နားလည်တယ်၊ မြင်တယ်” ဟု ဆိုသည်။
မောင်ဝံသက “စတုတ္ထမဏ္ဍိုင်အား မထိပါးပါနဲ့” ဟူသော ဆောင်းပါးတပုဒ်အား ယနေ့ ထုတ်ဝေသည့် ပြည်သူ့ခေတ်ဂျယ်နယ်၌ ရေးသား ဖော်ပြထားသည်ဟု သိရသည်။
ထိုဆောင်းပါးသည် ဦးခင်ရွှေ တဦးတယောက်တည်းကို ရည်ရွယ်ခြင်းမဟုတ်ဘဲ အားလုံးကို ရည်ရွယ်ရေးသားထားကြောင်း၊ စတုတ္ထမဏ္ဍိုင်သည် ပြည်သူ အားလုံး အတွက် လုပ်ကိုင်နေခြင်းကြောင့် မထိပါးစေရေး အတွက် ရေးသားရခြင်း ဖြစ်ကြောင်း ပြည်သူ့ခေတ်ဂျယ်နယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ပြောသည်။
သတင်းထောက်များ သမ္မတထံ တိုင်ကြားရန် စီစဉ်နေခြင်းနှင့် ပတ်သက်၍ ဦးခင်ရွှေ “ဒါကတော့ သူတို့ အလုပ်ပေါ့၊ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်တွင်းမီဒီယာတွေက နုသေးတာကော၊ အတွေ့အကြုံက နည်းသေးတယ်” ဟု ဆိုသည်။
ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ်သည်။))
(http://burma.irrawaddy.org/archives/2651)ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။
ဦးခင်ရွှေချမ်းသာတဲ့သူတယောက်ပါ။သူလုပ်တိုင်းသာဖြစ်ရမယ်ဆိုရင်တော့။ မြန်မာလူမျိုးတွေလည်းခြေမရှိလက်မရှိတဲ့ဦးဝင်းမျိုးတွေတော့ မဟုတ်ဘူးနော်။
ဦးခင်ရွှေမှာမဟုတ်ဘူးဘိုတေဇလည်းအတူတူဘဲနော်။ကိုယ်ကိုယ်အရင်မှန်တဲ့ကြည့်ပြီးပြန်ပေးကြ။
အသင့်နဲ့အပေါင်းအပါတစုပေါေ့နာ်
(မစားကောင်းတဲ့အသီးတွေအသင့်တို့စာလိုက်ကြပြီးပြီနော်။အချိန်တန်လို့အဆိပ်မိမှာတော့ ကူပါဦးကယ်ပါဦးမအော်ကြနဲ့နော်)နတ်သားလေးမှာတမ်း

2 comments

  • water-melon

    November 27, 2011 at 7:37 pm

    ဒီချီးထဲက ဒီလောက်ပါဘဲ။ အတူတူနဲ့အနူနူတွေကြည့်ဘဲ။
    မနိုင်လို့ကြည့်နေတာ။
    ဒို့ သတင်းမီဒီယာကို စော်ကြားလိုက်တာ

  • koyinmaung

    November 27, 2011 at 8:30 pm

    (သတင်းစာဆရာ မောင်ဝံသက “အဲဒီလို ပြန်ချေပတာက ပိုပြီး ခံပြင်းတယ်၊ ထပ်ပြီး စော်ကားလိုက်သလိုပဲ၊ အလကားနေရင်း ဘာကြောင့် ကျနော်တို့က သူ့ သားသမီးတွေ ဖြစ်သွားရတာလဲ၊ သူ့ကို မိဘလို့လည်း မသတ်မှတ်နိုင်ဘူး၊ လုပ်ငန်းရှင် တယောက် လို့ပဲ နားလည်တယ်၊)
    ဒီစာသားလေးတော့ကြိုက်တယ်နတ်သားလေးရေ..
    ဒါနဲ့( မြန်မာလူမျိုးတွေလည်းခြေမရှိလက်မရှိတဲ့ဦးဝင်းမျိုးတွေတော့ မဟုတ်ဘူးနော်။)ဆိုတဲ့
    ခြေမရှိလက်မရှိဦးဝင်းမျိုးဆိုတာဘယ်သူတုန်းဗျ…လုပ်စမ်းပါအုံး..

Leave a Reply