လမ်းမှ ဖြတ်တားသူများအား ရပ်တန့်မှုမပြုရန်မော်လမြိုင်-ရန်ကုန်အဝေးပြေးမှန်လုံယာဉ်များကိုတားမြစ်ထား

klnMay 24, 20101min520

မွန်ပြည်နယ် မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ပြေးဆွဲနေသော မှန်လုံခရီးသည်တင်ယာဉ်များသည် လမ်းမှဖြတ်တား၍ ကုန်ပစ္စည်းတင်မည့် သူများကို လုံခြုံရေးအရ ရပ်တန့်မှု မပြုလုပ်ရန် တားမြစ်ထားကြောင်းပြည်နယ် မ.ထ. သ မှ သိရှိရသည်။ “ရန်ကုန်သင်္ကြန်ဗုံးပေါက်ကွဲပြီးတဲ့နောက်ပိုင်း၊ ယာဉ်နဲ့ခရီးသည်လုံခြုံရေးကို အလေးထားဆောင်ရွက်ပေးနေပါတယ်။ ယာဉ်တွေကို အချိတ်ဆက်မိမိ တစ်စီးနဲ့တစ်စီးထိန်းပြီးမောင်းစေပါတယ်။ လမ်းခရီးမြို့တွေက စီးမယ့်ခရီးသည်တွေကို သတ်မှတ်ဂိတ်တွေမှာ စီးစေပါတယ်။ လမ်းမှာကုန်ပစ္စည်းတွေနဲ့ လက်ပြတားတာမျိုးစိတ်မချရတာမို့ ကားရပ်မပေးဖို့ ညွှန်ကြားထားပါတယ်” ဟုပြည်နယ် မထသ တာဝန်ရှိသူကဆိုသည်။ မော်လမြိုင်-ရန်ကုန်နေ့စဉ်မှန်လုံခရီးသည်တင်ယာဉ် ၂ရစီးမှ ၃၅စီးပြေးဆွဲကြောင်း သိရသည်။