မိန်းကလေးများသတိချပ်စေရန်!!!!!

koyin sithuNovember 27, 20111min17826
စစ်တွေကမ်းခြေမှာ ဆေးခတ်ပြီး စိတ်လွတ်သွားသည့် အထားခံခဲ့ရသော အမျိုးသမီးလေး

 

 

 

 

 

 

 

 

 

ဒီ အမက ရန်ကုန်သူလေးလို့သိရတယ် အသက်က ၂ဝ ဝန်းကျင်ပါ….ဒါပေမဲ့ ရည်းစားတစ်ယောက်ရဲ့ မကောင်းတဲ့ စိတ်ဓာတ်နဲ့ စိတ်ကြွဆေးတိုက်ခံရပြီး ထားပစ်ခံရလို့ စိတ်မမှန်တော့တဲ့သူတွေပါ..ခုတွေ့နေရတာ စစ်တွေကမ်းခြေမှာပါ.ခုတော့ သူကိုရဲစခန်းက ထိန်းသိမ်းပေးထားတယ်လို့ သိရပါတယ်..ပါးစပ်သရမ်းဖို့ မပာုတ်ပါ.သနားစရြကောင်းတဲ့ သူ့ဘဝကို ကိုယ်ချင်းစာတတ်ကျပါစေ……………..မိဘတွေကတော့ ဘယ်သူမှန်း မသိရသေးပါတဲ့…..

Credit by : http://www.facebook.com/photo.php?fbid=270362606348697&set=p.270362606348697&type=1&theater

(ရွာသူားများ ခင်ဗျာ… လူ့ကျင့်ဝတ်ကို စောင့်ထိန်းကြပါ ပို့စ်ကျနော် ရေးအပြီး facebook က တက်လာတဲ့ သတင်းလေးတစ်ခုကို ဓါတ်ပုံနဲ့တကွ ဖော်ပြလိုက်ပါတယ်ဗျာ…။ နားနဲ့မနာ ဖဝါးနဲ့နာပါဗျာ…။ ဒီလိုသတင်းတွေ ကြားရတာ ကိုရင့်မှာ တော်တော်စိတ်မကောင်းဖြစ်ရသလို လူကမွေးပြီး လူစိတ်မရှိတဲ့ လူ့ငနွားတွေကို အမှန်ပင် ဒေါသထွက်မိပါတယ်။ ကိုယ်ကျင့်တရားကို စောင့်ထိန်းဖို့ အသိပညာပေးချင်တဲ့ စိတ်စေတနာကလွဲရင် ကိုရင့်မှာ ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ဒီသတင်းဟုတ်မဟုတ် မှန်မမှန်ကတော့ ရွာသူားများပဲ အဖြေထုတ်ပေးသွားကြပါခင်ဗျာ။)

 

26 comments

  • ကိုရင်စည်သူ

    November 27, 2011 at 2:56 am

    ကျွန်တော်တို့ လူကြီးသူမတွေက အစားမတော်တစ်လုပ်
    အသွားမတော် တစ်လှမ်းတဲ့ သတိပြုဖို့ ဆုံးမခဲ့တယ်။
    ယခုခေတ် မိကောင်းဖခင် သမီး မိန်းကလေးများလည်း ကိုယ့်ရည်းစားက
    ဘာနဲ့ မျှားမျှား ဘာနဲ့ မြူမြူ ကိုယ့်မိသားစုနဲ့မှ မဟုတ်ရင်
    ခရီးတို၊ ခရီးဝေးတွေ မသွားဖို့ နှမချင်း ကိုယ်ချင်းစာပြီး
    ဒီလိုအဖြစ်မျိုးတွေမကြုံရလေအောင် သတိပြုစေချင်ကြပါတယ်။
    ခေတ်တွေစနစ်တွေ တိုးတက်လာပေမယ့် လူဆိုတဲ့
    စိတ်ကလည်း ခန့်မှန်းရခက်တယ်ဗျာ.. သတိပြုကြပါ….

  • Gipsy

    November 27, 2011 at 3:22 am

    အင်းနော်… ယောင်္ကျားလေးကိုယုံမိလို့ဖြစ်တာလား…
    ဆေးပဲ စွဲနေတာလား… ဇတ်လမ်းကို သေချာမသိသေးတော့ ..
    လားပေါင်းများစွာ တွေးနေမိတော့တာ…။
    နက်ဖန်လောက်ဆိုရင်တော့ အစုံသိရမှာပါ…။

  • E.T

    November 27, 2011 at 4:42 am

    ဆေးဆို ဘာဆေးမှ မစမ်းတာ အကောင်းဆုံးပဲ။ စွဲသွားရင် ဘဝပါပျက် သွားဦးမယ်။

    • moethidasoe

      November 27, 2011 at 12:07 pm

      သူက စမ်းကြည့်တာ မဖြစ်နိုင်ဘူး .. ဆေးခပ်တာ ခံလိုက်ရတာ ဖြစ်မှာပါ

  • Don Juan Ronald

    November 27, 2011 at 5:49 am

    ဒါမျိုးသိတတ်စိတ်တွေကို၊ကျောင်းမှာသင်ပေးသင့်သည်။

    အထူးသဖြင့်ယခုအချိန်မှာ internet တဖြေးဖြေးအသုံးများလာတဲ့အခါ၊
    နက်ပေါ်မှာခင်သွားတဲ့မောင်ဖြူ၊မောင်မဲ၊သဆေ၊သရဲမှန်းမသိတဲ့ကောင်နဲ့လျှောက်ချိန်းတွေ့၊
    ပြီးတော့မကောင်းမှုတွေ၊ပြဿနာတွေလျှောက်ဖြစ်၊
    သူများနိုင်ငံမှာကျောင်းတွင်းကာကွယ်နည်းတွေအကုန်သင်ပေးသည်၊
    guidebook လေးတွေလုပ်ပြီးကလေးတွေကိုပေးထားသည်၊
    မိန်းကလေးတင်မဟုတ်ဘဲယောကျာ်းလေးများကိုလည်၊ရာဇဝတ်မှုမကျူးလွန်မိရန်သတိပေးထားသည်။

  • htoosan

    November 27, 2011 at 8:24 am

    ကိုရင် စည်သူ ရေ .. စစ်တွေ ကဆိုတာတော့ သံသယ ဖြစ်မိပါတယ် ။
    စစ်တွေက Beach က ဒီလောက် မကြီးသလို ဒီလောက် မလှဘူးလို့ ထင်ပါတယ်။ သန့်လည်းသန့်နေပါတယ်။
    စစ်တွေ ကမ်းစပ်က မသန့်တဲ့ အပြင် သဲ သောင်လည်း ဒီလောက်မကျယ်၊ သဲလည်း မဲပါတယ်။
    ရပ်ကြည့်သူများထဲမှာလည်း လုံချည်လေး ၊ ထမိန်လေးတထည်တလေတောင်မပါ( ဒါကတော့ ချွင်းချက်ထားလို့ရပါတယ်)
    ပုံတွေ သေးလို့ တပ်အပ် မပြောနိုင်ပါ။
    ကောင်မလေးက လည်း အသား အရမ်းဖြူ နေပါတယ်။ နိုင်ငံခြား က ပုံ တစ်ခု လို့ထင်ပါတယ်။

    ဒါပေမဲ့ ဘာဘဲ ပြောပြော ဘယ်နေရာက ဘဲ ဖြစ်ဖြစ် မိန်းကလေးများ သတိထားစရာ ပါ။

  • အမှားတစ်ခုရယ်လို့ကြုံလာရင် တစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူးဆိုတာသေချာပါတယ်။
    မမှားခြင်ရင် အားလုံးဆင်ခြင်ရမှာ အမှန်တရားပါ။

  • htet way

    November 27, 2011 at 9:10 am

    မိန်းကလေးများမညံ့စေချင်ပါသို့သော်
    တချို့အဝေးသင်တက္ကသိုလ်တက်နေပါပြီ ဗဟုသုတဘာမှမရှိပါ
    လေ့လာမူအားနည်းကြပါသည်။
    ဤသို့ဆေးဝါးသုံးစွဲမူကိုတချို့ခံနေရသည်။
    ယုတ်မာသူကိုပေါင်းမိ၍၎င်း
    ကိုယ်တိုင်အနေအစားမတတ်၍၎င်း
    ဖြစ်ခဲ့ကြသည် ပျက်ခဲ့ကြသည်

  • windtalker

    November 27, 2011 at 11:11 am

    ကစူသီ ရဲ ့စေတနာ ဟာ
    မိန်းခလေး တွေအတွက်
    လွန်သတိထားကြ ပါကွာ
    ဘဝမပျက်ဖို ့အရှက်

  • blackchaw

    November 27, 2011 at 11:25 am

    ကယ်တင်ရှင်လိုပါတယ်
    ကယ်တင်ရှင်လိုပါတယ်
    ကယ်တင်ရှင်လိုပါတယ်
    ခင်ဗျာ အော် ဟုတ်ကဲ့ပါ ကရင်စည်သူ
    အော် ကယ်တင်ပေးရမယ်ပေါ့နော်
    အော် ဟုတ်ကဲ့ ပြောလိုက်ပါ့မယ်ခင်ဗျာ
    ကိုရင် စည်သူ တဲ့ ကယ်တင်ရှင်လုပ်ပေးပါတဲ့
    အော် လက်ခုတ်တီးပြီး အားပေးဦးမှာတဲ့ ခင်ဗျာ။ ဟားဟား။
    နောက်တာနော် ကိုရင် အတည်မယူနဲ့ဦး။

  • cobra

    November 27, 2011 at 2:23 pm

    ခွေးတောင်မှရိုးရိုးခွေးမဟုတ်ဘူး
    ခွေးသူတောင်းစား
    လူလိုမကျင့်တဲ့ကောင် ယောက်ျားတွေသိက္ခာကျတယ်
    အဲဒီလိုကောင်မျိုးကိုဖမ်းပီး ဖြတ်ပစ်ရမှာ
    ကျွန်တော်ကိုယ်တိုင်ဖြတ်ပေးမယ်

  • zaymdy

    November 27, 2011 at 3:23 pm

    အလိုမျိုး လူစားတွေကို ကောင်းကောင်း အရေးယူသင်.ပါတယ် မိန်းကလေး တစ်ယောက်ကို အညွှန်.ချိုးဘဝပျက်အောင် လုပ်တည်းသူတွေ.ပါ အမျိုးသမီးဘဝလုံခြုံဖို.အတွက် ကောင်းမွန်သော ဥပဒေများ ရှိစေချင်ပါတယ်.. ဒါတွေကို လွတ်တော်တက်ထိုင်နေသော အမျိုးသမီးများ ဆွေးနွေးသွားလား မသိဘူးနော် မြန်မာနိုင်ငံ အမျိုးသမီးရေးရာအသင်းကြီးက လူကြီးကတော် အင်းးးး ပြောတော.ပါဘူး 7ရက်သားသမီးများ စိတ်ချမ်းသာကြပါစေ …

  • jmaungmg

    November 27, 2011 at 6:40 pm

    စစ်တွေသားတွေကတော့ဒီအကြောင်းသိကြမှာဟုတ်မဟုတ်ပြန်လည်ဖြေကြားပေးကြပါ

  • Gipsy

    November 27, 2011 at 7:09 pm

    အား .. ဟုတ်ကဲ့ဗျ ..
    စစ်တွေမြို့မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက် အမှန်ပါ ..၊ အနောက်စံပြရပ်ကွက်
    စစ်တွေဟော်တယ်ရှေ့ ပွိုင့်ကမ်းခြေ အနီးမှာ ဖြစ်ခဲ့ကြောင်း သတင်းအမှန်ပါခင်ဗျ…၊
    မိန်းကလေးကတော့ ရသေ့တောင်မြို့ ကလိုလို၊ တောင်ကုတ်မြို့ကလိုလို ဇဝေဇဝါ
    ပြောနေကြကြောင်းပါ…၊ ကိုရင်စည်သူပြောသလို လောလောဆယ် ရဲစခန်းမှ ထိန်း
    သိမ်း ပေးထားပါကြောင်း မေးမြန်းစုံစမ်း သိရှိရပါတယ်ခင်ဗျ….။

  • water-melon

    November 27, 2011 at 7:14 pm

    အော် ဒုက္ခ

  • ဟိုက် ဘယ်တုန်းကဖြစ်သွားတာလဲဗျာ။အရင်တခါလဲ စစ်တွေမြို ့မရုပ်ရှင်ရုံမှာ
    ခပ်ဆင်ဆင်ပြဿနာတက်သွားတယ်နော်။မိန်းကလေးများ သတိကြီးစွာထား၍ ဆင်ခြင်ကြဖို ့
    တွက် ကိုရင်စည်သူ ကိုကျေးဇူးတငါပါတယ်နော့။

    • Shanma TUmdy

      November 27, 2011 at 9:11 pm

      စစ်တွေတွေချည်းပါလား ..ဟရို့ .. အဲသတင်းတွေသာတကယ်အမှန်ဆိုရင်..
      စစ်တွေမှာ အဲလိုဆေးတွေခေတ်စားနေတာ ထင်တယ်..
      ဒါဖြင့်..လူမသိသူမသိဇာတ်လမ်းတွေလည်း ရှိဦးမယ်ထင်တယ်.. 🙁 🙁

  • Gipsy

    November 27, 2011 at 7:47 pm

    ဆင်ခြင်ကြဖို့ အရမ်းလိုအပ်နေတာအမှန်ပါ…၊
    သူ့နှမ ၊ ကိုယ့်နှမ ဖြစ်မယ်ဆိုခဲ့ရင် အတွေးနဲ့ ကိုယ်ချင်းစာရင်နာမိတယ်..။
    အခုပဲ ကြည့်လေ ဆေးအရှိန်နဲ့ အရှက်တောင် မလုံရှာဘူး….၊
    သတိရလာတဲ့အခါ ဘယ်လောက်ရှက်စရာ ကောင်းလိုက် မလဲဗျာ…။

  • သော်ကြီး

    November 27, 2011 at 10:10 pm

    အခုလဲလာပြန်ပြီ။ ဟိုတစ်ခေါက်က မုံရွာက ကောင်မလေး အင်တာနက်ထဲမှာ ခင်ပြီး ရန်ကုန်လိုက်သွားလို့တဲ့။ အခုလာပြန်ပြီ ဆေးမိလို့တဲ့။ ကြောက်စရာကောင်းတဲ့ ခေတ်ဖြစ်နေပြီ။ အရာရာ အားလုံးသတိထားကြရင် ပိုကောင်းလိ်မ့်မယ်။စေတနာ များစွာဖြင့်။

  • nigimi77

    November 27, 2011 at 11:13 pm

    မဟုတ်ဘူး ဆိုတာ လုံးဝ ယုံကြည်တယ် ။

    သတင်းမှန် သိရလို ့တော့ ပေါက်ကရ ရေးတဲ့ မအေရိုးတွေ အကုန် မအေရိုးပြစ်မယ် ။

    မှတ်ချက် *** ရှင် စည်သူ မပါ ။ 😛

    ဆေးက အဲလောက် စွမ်းလို ့ကတော့ သူ ့နှမ ကိုယ့်နှမ အကုန်လုံး ညွန် ့ပေါင်း အစိုးရ ဖြစ်လောက်ပြီ။

    အဲဒီ စိုက်တွေ မှာလဲ ဖာတလူလူ ဖြစ်လောက်ပြီ ။

    ကြားထဲက ကြောင်သူတော် လူရိုးတွေက အမျိုးသမီးကောင်းလေးများ သိကောင်းစရာ ဆိုတဲ့

    မှော် ဆိုဒ်တွေထောင်ပြီး လူရိုသေ ရှင်ရိုသေ အပူဇော်ခံ အမြတ်ထုတ်နေတာပဲ အဖတ်တင်တယ်။

    • etone

      November 28, 2011 at 4:46 pm

      အဲ .. ဒီလူဂျီးကတော့ လုပ်ပြန်ပြီ … ။
      ကောင်းကောင်းပြောလည်း ဒီစကားကို … ဖြည်းဖြည်းမပြောဘူး … နားထဲ ကန့်လန့် ကြီး … အဲ .. မျက်စိထဲ ကန့်လန့်ကြီး … ။ ဒါကြောင့် သူ့ယောက္ခမက … သမီးထိ ဓါးကြည့်လုပ်နေတာ အဟီး :mrgreen:

  • ပေါက်ဖော်

    November 28, 2011 at 11:07 am

    ကြည့်ရတာ..ချိတ်ပြတ်ချရာကြီး…..
    အောမီးတောဖော
    😳

  • Shwe Tike Soe

    November 28, 2011 at 1:38 pm

    ဟုတ်ပဗျာ ယောင်္ကျားလေးတွေများလဲ မိန်းကလေးတွေကို ဆေးကျွေးပြီးမှ ရမယ်ထင်နေကျလားမသိပါဘူး…
    ကိုယ့်ပါလေးနဲ. ကိုယ်စိတ်ဝင်စားအောင်လုပ်ကျစမ်းပါ… ယောင်္ကျားလေးသိက္ခာ ကျသကွာ…
    မိန်းကလေးတွေကလဲ ပြောတိုင်းယုံကျွေးတိုင်းစားနေကျတော့တာပဲ.. ရင်လေးပ.

  • မိုးချမ်းမြေ့

    November 28, 2011 at 2:13 pm

    လစ်ရင်တော့…သုတ်ကြတာချည်းပဲ..။ လုပ်သမျှတွေကျတော့…ကောင်းသလားဆိုးသလား…မစစ်ကြ
    ဘူး….။ ဟူး….တရားမသိလို့ကတော့…ခံရတဲ့သူပဲဖြစ်ဖြစ်..စံရတဲ့သူပဲဖြစ်ဖြစ်…ဒုက္ခပါပဲ…။

  • Sonny

    November 28, 2011 at 2:18 pm

    ကိုရင်စည်သူရေ…
    ဇကောလောက်မှ ဇောက်မနက် အကြံ ပက်စက်ပါပေ့နော်။။
    ချစ်ခြင်းအားဖြင့် ..ကိုဆန်နီ………..

  • ကြေးမလောင်

    November 28, 2011 at 2:46 pm

    ဟယ် ဖြစ်မှ ဖြစ်ရလေ ဘယ်လိုကြီးလဲ မသိဘူး ကြောက်စရာ ကောင်းလိုက်တာ။
    ဒါမျိုးတွေ လူကြီးတွေ ကြည့်ပြီး ဟိုနား မသွားရဘူး ဒီနား မသွားရဘူး ဆိုပြီး ပိတ်လှောင် ချုပ်ချယ် နေကြရင် ဒုက္ခပါပဲ။

Leave a Reply