BLACK SUNDAY

black chawNovember 27, 20111min33925

သူကြီးက ဘလက် FRIDAY တဲ့။ ကျွန်တော်က ဘလက် SUNDAY ပေါ့ဗျာ။ ဒီနေ့ တနင်္ဂနွေနေ့ မနက်စောစောစီးစီး အရေမရ အဖတ်မရ ကိုပေ ရဲ့ ကွမ်းပို့စ်ကို အတုခိုးတယ်လို့ သဘောထားကြပါ အရပ်ကတို့။

အဖွဲ့အစည်း တစ်ခုမှာ အရည်အချင်း မရှိပါပဲ စီမံခန့်ခွဲသူနေရာကို ရောက်နေကြသူတွေ ရှိနေတတ်ပါတယ်။
မိဘက ကုမ္ပဏီထောင်လို့ သားက ဒါရိုက်တာ ဖြစ်နေတာမျိုးတို့၊
အဖေက လူကြီးနဲ့သိလို့ သားကို အစိုးရဌာနတစ်ခုခုမှာ ရာထူးတစ်ခုခု ရအောင် ပြောဆိုပေးထားတာမျိုး တွေကိုဆိုလိုတာပါ။
အဲဒီလို တကယ် အရည်အချင်း မရှိပဲ ရလာတဲ့ရာထူးရဲ့ POWER မျိုးကို POSITIONAL POWER လို့ ခေါ်ပါတယ်။
အဲဒီလိုမဟုတ်ပဲ တကယ်တော်တဲ့တတ်တဲ့ အရည်အချင်းရှိတဲ့ လူတွေမှာ ရှိတဲ့ ကိုယ်ပိုင် POWER မျိုးကို PERSONAL POWER လို့ ခေါ်ပါတယ်။
ဒီပို့စ်လေးကို ဖတ်နေသူတွေအနေနဲ့ POSITIONAL POWER နဲ့ PERSONAL POWER တို့ကို ဘယ်လို နားလည် ပါသလဲ။

နည်းနည်း စကားဝိုင်းလေး ဖွဲ့ကြည့်ရအောင်ပါ။ နမူနာလေးတွေနဲ့ ဖတ်ရရင် အရသာတော်တော်ရှိမှာဗျို့။

ဟဲဟဲ ပေါ့ပေါ့ပါးပါးပဲနော်။ တကယ် ပေါ့ပေါ့ပါးပါး ပါ။

25 comments

  • thit min

    November 27, 2011 at 10:15 am

    Positional Power is external to you. It is your important job title, the thick wad of money in your wallet, the fancy car you drive, your impressive house, your degree from that Ivy League college. Because these things are external to you, they may be taken away from you.

    Personal Power is internal to you. It is the skill set that earned you that important job title, it is the knowledge you gained studying hard to get into that Ivy League school. It is your ability to stay cool under pressure, it is your can-do mindset. It is your character, your resilience, your persistence, your patience, your intelligence. Because these things are internal to you, they cannot be taken away from you.

  • blackchaw

    November 27, 2011 at 10:27 am

    “they may be taken away from you.”
    “they cannot be taken away from you.”
    အဲဒါလေးတွေပဲ ဆွဲယူလိုက်တယ် ကိုသစ်ရေ။ ချက်ခြင်းကြီးကို
    တန်ဘိုးရှိတဲ့ ကွန်းမန့် လေး ချီးမြှင့်တာ ဝမ်းသာပါတယ်။
    ကျွန်တော်ကတော့ ဘိုလို ပြန်ပြီး ကွန်းမန့် မပေးနိုင်တာ ခွင့်လွှတ်ပါဗျို့။
    ကျေးဇူးတင်ပါတယ်ဗျာ အားလုံးအားလုံးအတွက်ပါ။

  • inz@ghi

    November 27, 2011 at 10:31 am

    တကယ်တော့
    positional power လည်း PP
    personal power လည်း PP
    so, this is that
    PP = PP
    Positional Power = Personal Power ဖြစ်ကြောင်းပါ…

    ဟုတ်ရယ်လေ ….
    ပိုက်ပိုက်ချိလို့ ခန်ပနီထောင်တဲ့ လူရီးက
    တူ့ (personal) ပိုင်းအရ ဖားသား အရင်းခေါက်ခေါက်ကြီး ဖြစ်တာကိုး…..
    ဖားသားရီးကလည်း သားတော်မောင်ကို personal အရ position ပေးဒလာ ဆိုဒေါ့…
    Positional Power = Personal Power လို့ဘဲ မြင်ဘာဒယ်….

    တော်ထှာ….

  • blackchaw

    November 27, 2011 at 10:35 am

    တော်သေးတာပေါ့ အင်ဂျီးရယ်။
    PP = PP = GhiGhi လို့ မပြောလို့။
    HeHe.

  • Moe Z

    November 27, 2011 at 10:35 am

    မိုးစက်အမြင်တော့ နှစ်ခုစလုံးအရေးပါမယ်ထင်ပါတယ်
    personal power ကတော့ မရှိမဖြစ်ပေါ့နော်
    တစ်ချို့တွေမှာ အရည်အချင်းရှိပေမယ့် အသုံးမကျတဲ့လူကြီးအောက်ရောက်နေတော့
    ဘာမှလုပ်လို့မရဘူးလေ

    • inz@ghi

      November 27, 2011 at 10:38 am

      တူဝင်ပါ ပြန်ဘီ…
      လူဂျီး ဇဂါးဝိုင်းကို…

      အရည်အချင်းရှိပေမယ့် အသုံးမကျတဲ့လူကြီးအောက်ရောက်ရင် ဘာလုပ်ရလဲ
      တိလား …

      မတိရင် မှတ်ထား …. မီးဒုတ်ရှို့ရဒယ်
      သွပ်သွပ်…

      ပုံ
      Min Z

  • thit min

    November 27, 2011 at 10:42 am

    တကယ်တော့ ပါဝါဆိုတာ ( Categorize )အုပ်စုခွဲရင် ငါးမျိုးရှိပါသတဲ့ ….

    Expert Power
    Positional Power
    Reward Power
    Coercive Power
    Personal Power
    ကဲ…..ကျနော် နားထောင်တဲ့နေရာ၊ဖတ်တဲ့နေရာ၊ လေ့လာသူနေရာ ကနေကြည့်ပါရစေခင်ဗျာ။

    • ကြောင်ကြီး

      November 27, 2011 at 11:23 am

      ကျန်သေးတယ်ဗျ…
      fire power
      horse power
      steam power
      coal power
      gas power
      diesel power
      heat power
      battery power
      electrical power
      hydro power
      geothermal power
      wind power
      solar power
      nuclear power
      thermal power
      မျက်မှန်ပါဝါ 😎

      • thit min

        November 27, 2011 at 7:38 pm

        မနောက်ပါနဲ့ ဆရာကြောင်ရယ်။
        အဲဒီဟာတွေက ပါဝါလို့ခေါ်ပေမဲ့ (တွက်ချက်ဖော်ပြနိုင်သော) စွမ်းအင် တွေပါခင်ဗျာ။

  • blackchaw

    November 27, 2011 at 10:48 am

    ကိုသစ်က လုပ်ပြီ။
    စာမေးပွဲစစ်ပြီ။
    ဘလက်က နှစ်ခုပဲသိလို့ နှစ်ခုပဲ တင်ပြထားတာလေ။
    အဲဒီ ပါဝါ ငါးမျိုးအကြောင်းကို ကိုသစ် ပို့စ် ရေးပြီးတင်ပေးဘို့
    တောင်းဆိုပါရစေခင်ဗျား။ ကွန်းမန့် အနေနဲ့ကတော့ ပေါ့သွားမှာစိုးလို့ပါ။

  • inz@ghi

    November 27, 2011 at 10:50 am

    ဆြာသစ် ..
    ဒါလေး၂ထု အဆစ်ထည့်ပေးလို့ ရမားဟင်င်င်င်????
    Connection power
    Informational power (ဆက်ပြောကြမယ်ဆို တားတားက သည်တထု ဘက်ကဆွေးနွေးပါ့မယ်)

    မင်ဇက်

  • blackchaw

    November 27, 2011 at 11:00 am

    အဟမ်းအဟမ်း (အော်ဒီချောင်းနှယ်)
    အသာလုပ်ပါ ဆရာတု့ိ
    ကျွန်တော် ဆွေးနွေးချင်တာ ပါဝါ အကြောင်းမဟုတ်ပါဘူးဗျာ။
    လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ ရလာတဲ့ ပါဝါနဲ့
    ရာထူးကြောင့်ရလာတဲ့ ပါဝါ အကြောင်း လေးပါ။
    ပေါ့ပေါ့ပါးပါးလေးပါ ဆရာဂီဂီ။ သိတ်လေးနက်တာကြီးတွေ ဆွဲထည့်ရင်
    ကွန်းမန့်ပေးမယ့်သူတွေ လန့်ပြီးပြေးရုံတင်မဟုတ်တော့ပဲ
    ပို့စ်တင်သူ ကျွန်တော် မျိုးကြီးပါ ပြေးရပါလိမ့်မယ်ဗျာ။ အသာလုပ်ပါ ဂီဂီ ရယ်။

  • thit min

    November 27, 2011 at 11:03 am

    ညီရေ့ အဲဒီ ပါဝါတွေက Power of Society တွေဖြစ်သွားပါပြီ။
    ကိုယ်က Individual Power ပါဝါတွေကိုပြောတာပါ။
    Power of Society ဆိုရင်တော့အရင်ပြောခဲ့ဘူးတဲ့ Hard Power, Soft Power, Political Power and son on… တွေ ပါဆက်ပြီးပြောရပါတော့မယ်။
    ခုတလော ပတ်ဘလိကေးရှင်းလုပ်ချင်တာတွေ အကြွေးရှင်းရမှာရယ်။
    ပါစင်နယ် ကိတ်စလုပ်စရာတွေများနေလို့ အများမှတ်သားသင့်တဲ့ ဘာသာရပ်ဆိုင်ရာများရေးသားခြင်းကို
    ခေတ္တရပ်နားထားချင်ပါတယ်။ အရင် ပေးစရာရှိတဲ့ စာတမ်း တစောင်လွတ်သွားဘူးပါတယ်။
    ဂေဇက်ဖတ် အားပါသွားလို့ (^^) ။
    နော် နော် လို့။
    ~~~~~~~~~~~~~~~~~~~~~~~~~~
    ဘာဘဲ ဖြစ်ဖြစ် ညီရေ့ ရေးပေးပါ။ ကို ကော်မန့်ပါမယ်။ အဆင်းတွန်းလောက်တော့ လုပ်နိုင်ပါသေးတယ်။
    ခင်မင်စွာ
    thit min (^^)

    • inz@ghi

      November 27, 2011 at 11:09 am

      ဆိုဆိုက်ရတီ ဆိုတာကတော့ ကီးမြင့်တွားဘီ …ဂါးဘမန့် တွေဘာတွေပါလာဘီ
      လိုက်နိုင်လော့ဝူး… တားတား တူးဆွလိုက်တာ …powers in the workplace လောက်ပါ…

      ဟီးဟီး …
      အင်ဖော်မေးရှင်နယ် ပါဝါကတော့ ရေးပါ့မယ်ဂျာ..(အကြွေးတင်တာများဘီ….)

      P.D ဒီနေ့ 後楽園 မှာ koyo သွားရိုက်ဖို့ စဉ်းစားထားတာ ရိုက်လော့ဝူး …ဆြာဘလက်သင်တန်းက
      ပညာရလယ် …ကိုရော် ကနောက်တပါတ်ရိုက်လည်းရတေးဒလယ်…

      • thit min

        November 27, 2011 at 11:17 am

        အေးရင် နှပ်မယ်
        ပွေးရင် ညပ်မယ်
        ဆွေးရင် ရပ်မယ်
        ဝေးရင် ပြတ်မယ်
        တွေးရင် တတ်မယ်
        ကဲ …ညီရေ့
        ရေးရင် ဖတ်မယ်ကွာ (^^)

  • windtalker

    November 27, 2011 at 11:04 am

    ဂွတ်ပြီ ဗျို ့
    ကျုပ် စိတ်ကူးယဉ်လေ့ ရှိတယ်ဗျ
    ကျုပ် သာ သိန်းပေါင်းထောင်ချီတဲ့ ကျောက်ထအောင်ခဲ့ရင်
    ဘာလုပ်မလဲ ပေါ့ ။
    အခုတော့ ကိုဘလက်ပို ့စ်ကို ဖတ်အပြီးမှာ ၊ ဘာလုပ်ရမလဲ ဆိုတာ သိပြီ
    ကန်ပနီ ထောင်မယ်
    ကိုဘလက်တို ့ကိုသစ်မင်း တို ့ဇာဇာ တို ့ လို လူစွမ်းကောင်းတွေ ကို ခေါ်မယ်
    Moe Z လေးကိုတော့ စက်ကတ်ထရီ ခန် ့မယ် ဗျာ
    ဟီဟိ

    • inz@ghi

      November 27, 2011 at 11:33 am

      ခန်ပနီထှောင်တာတော့ဟုတ်ပါဘီ သထိန်း ရယ်
      သထိန်းက ဘာစီးပွားများ လုပ်မယ် စိတ်ကူးထားပါသဒုံး

      ကျုပ် ကပေါက်တိ ကပေါက်ချာ တွေးထားတာလေးတွေတော့ချိပါဒယ်…
      ၁) တရုတ်။ကုလားကြားမှာ နေတာဆိုတော့ ဝက်နဲ့ နွား ကို ရှယ်မွေးမယ်..(သဂျားစီးနေတဲ့ ကိုဘေး နွား
      မျိုးယူမွေးမယ်ဗျာ..) ဒါက အကုသိုလ် ဘစ်ဇနက်စ်

      ၂) ယာမာဟာ အိုင်ဘနိဇ် တွေ ခေါ်လာပီး ဂျွိုင့်ဘန်ချာ လုပ်မယ်ဂျာ …စန္ဒယားဒွေ ဂစ်တာတွေ ထုတ်ပစ်မယ်
      (ဟီး ..ဒါက သစ်တောပြုံးမယ့် ဘစ်ဇနက်စ်)

      လုပ်မား?

    • Moe Z

      November 27, 2011 at 11:33 am

      တော်ပါကိုပေရာ secretary ဆိုတာ တကယ်တမ်းတော့တောက်တိုမယ်ရပဲ
      မေးသမျှဖြေ ခိုင်းသမျှလုပ် မခိုင်းလည်းသူများတွေအတွက် အစစအရာရာအဆင်ပြေအောင်လုပ်ပေးရတာ
      သူများတွေအမြင်မှာတော့ လှပကျော့မော့နေမှာပေါ့
      မလုပ်ဘူး တခြားလူရှာ 😀 😀 😀

      • inz@ghi

        November 27, 2011 at 11:41 am

        တော်ထှာ ဇက်ကလေးရယ်….
        ကောင်းလိုက်တဲ့ ဆုံးဖြတ်ချက်….

        သူ့စက်ကပ်ကြေး မလုပ်နဲ့
        ဇက်ကလေးက ဇက်ကြီးရဲ့ မော်ဒလယ်ဂဲလေးပဲလုပ်
        ဟုတ်ရား…

        ဇက်ကြီး

  • ကြောင်ကြီး

    November 27, 2011 at 11:16 am

    ကျနော်သိတဲ့ positional power ဆိုတာ တရားဝင် ရာထူးနေရာအလိုက် ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့် အာဏာဖြစ်ပါတယ်။ personal power ကတော့ ကိုယ်ပိုင်အရည်အချင်း စည်းရုံးရေးစွမ်းအင်နဲ့ သူတပါးအပေါ် ဩဇာသက်ရောက်ခြင်းဖြစ်ပါတယ်။ တကယ်တော်ရင် နှစ်ခုစလုံးကို ပိုင်ဆိုင်ရပါမယ်။ (ကံဆိုတာ ဖယ်ထားရင်) positional power ရှိတိုင်း လူအများလက်ခံကြမှာ မဟုတ်ပေမဲ့ personal power ရှိရင်တော့ ဘာဖြစ်ဖြစ် လက်ခံလိုက်နာကြပါမယ်။ တပ်ရှုပ်ဂျီးနဲ့ ဒေါ်စုတို့ နှစ်ဦးကို မြင်ကြည့်ပါ။ ရွာထဲမှာတော့ သဂျီးနဲ့ ကြောင်ကြီး ဖြစ်ပါတယ်။ သဂျီးလက်မြှေက်ရတဲ့ သံတွဲဥပမာကိုပဲကြည့်ပါ။ 😀 သူ့နေရာမှာ ကြောင်ကြီးဝင်ပြောလိုက်မယ်ဆိုရင် တချက်ပါပဲ၊ သို့သော် အဲသလို အာဏာပြမှုမျိုးကို အလွန်စက်ဆုပ်လို့ ဝင်ဟန့်ဖို့ စိတ်တောင်မကူးမိပါဘူး။ 😐

  • blackchaw

    November 27, 2011 at 11:16 am

    အင်း ကိုပေ ကိုပေ ခုပဲ ကိုကြောင်ကြီးပို့စ်မှာ
    ဂီဂီ နဲ့ ကျုပ် မျိုးဆက်ကွာဟလို့ အကြိုက်မတူကြတာလေးကို
    သရုပ်ပြတင်ဆက်ခဲ့ကြပြီးပြီဗျို့။
    ကိုပေတို့ မျိုးဆက်ရဲ့ အကြိုက်လေးများလည်း သိခွင့်ရရင် သိချင်ပါတယ်ဗျို့။

  • blackchaw

    November 27, 2011 at 11:19 am

    ကိုကိုကြောင်ကြီးလုပ်မှ တို့သဂျီးလည်း ရစရာကို မရှိတော့ဘူးဗျို့။

  • blackchaw

    November 27, 2011 at 4:08 pm

    နည်းနည်းပွားမယ်ဗျို့။ ပွားခွင့်ပြုပါနော။
    ထုံးစံအတိုင်း စာအုပ်ဖတ်ပြီးရလာတာလေးတွေ ရှယ်ပေးတာပါ။
    ဘလက်ချော အာဘော်တွေ မဟုတ်ကြောင်းလေး ဝန်ခံထားပါတယ်။
    Positional Power ဆိုတာ ရာထူးရှိနေစဉ်လေးမှာသာ
    အဲဒီရာထူးကပေးထားတဲ့ ဩဇာအာဏာကို ဆိုလိုတာဖြစ်ပါကြောင်း။
    Personal Power ကတော့ ကိုယ်ပိုင် အရည်အချင်းနဲ့ ရလာတဲ့
    ကိုယ်ပိုင်ဩဇာအာဏာမျိုး ဖြစ်ပါကြောင်း။
    ဘယ်နေရာ ဘယ်ဒေသ ရောက်ရောက် ရှိနေတဲ့ ပါဝါမျိုးပါ။
    ဥပမာလေးလည်းထည့်ပေးပါရစေ။
    Apple က Steve Job ထွက်ခဲ့ဘူးပါတယ် တဲ့။
    တကယ်တော်တကယ်တတ်တဲ့ Steve Job ကို တခြားကုမ္ပဏီတွေက
    အထင်တကြီးနဲ့ နေရာပေးဘို့ ကမ်းလှမ်းကြပါတယ် တဲ့။
    Steve Job က iPhone ထုတ်မယ်လို့ သတင်းစာရှင်းလင်းပွဲလုပ်လိုက်ရုံနဲ့
    တခြားနာမည်ကြီး Mobile Phone ထုတ်လုပ်သူတွေရဲ့ ရှယ်ယာဈေးကွက်
    ဝုန်းကနဲ ကျသွားပါတယ်တဲ့။ Steve Job နေရာမှာ တခြားလူတစ်ယောက် ဆိုရင်
    အဲဒီလို ဂယက်ရိုက်ခတ်မှာ မဟုတ်ပါဘူးတဲ့။
    Steve Job ရဲ့ Personal Power ကြောင့် သုံးစွဲသူတွေရဲ့စိတ်ထဲမှာ သူလုပ်ရင်ကောင်းမှာပဲ
    ဆိုတဲ့ ယုံကြည်မှုကရှိနေကြလို့ ဖြစ်ပါတယ်တဲ့။ အချုပ်ကတော့ဗျာ
    ကိုယ့်လက်အောက်ဝန်ထမ်းတွေ ခေါင်းညှိတ်နေကြတာဟာ
    Positional Power ကြောင့်လား၊ Personal Power ကြောင့်လားဆိုတာ
    စီမံခန့်ခွဲမှုတွေကို တာဝန်ယူနေကြသူများ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ကြဘို့ ပါတဲ့။
    ရန်ကုန်မြို့မှ ၁၀၉/၁၁ဝ ဘလက်က စာအုပ်ထဲတွေ့တာတွေ ဖတ်ပြီး စွတ်ရွှီးသွားပါကြောင်း။

    • inz@ghi

      November 27, 2011 at 4:30 pm

      အဟမ်း …
      စတိဗ် ပါဘီ ဆိုတော့ ဂီ့လာ ပီ လို့ပဲ ပြောပါရစေခည…

      ဗမာလိုဆို ဟိတ် ဆိုတဲ့ စလုံးနဲ့များ
      ကိုယ်စားပြုမလားဘဲ …
      steve ဟာ သိပ် ဟိတ်ဟန်ကောင်းလွန်းတယ်..
      presentation တွေလုပ်တဲ့အခါ
      သူ့လက်ချောင်းတွေကိုကြည့်ရင်သိသာတယ်
      (ဂီလည်းသူ့အားကျလို့ လက်ညိုးလက်လယ် ၂ချောင်းပြူး ထိုးတယ်…)

      Softpower လားဘာလားတော့ ဆြာသစ် ဆွေးနွေးမှာပါ …
      ဆြာချော ပြောသလို သူလုပ်ရင်ကောင်းမှာပဲဆိုတာ လူတွေယုံကြည်အောင်
      ၁ဝမိနစ်စာ presentation အတွင်းမှာတင် ကောင်းကောင်း brainwash လုပ်နိုင်တဲ့လူ
      ဖြစ်ပါတယ်…marketing point of view ကဆို ..artistic approach ရတဲ့လူပါဗျာ..
      steve ကို State-of-mind လို့တောင် ပြောကြပါတယ်…

      http://www.youtube.com/watch?v=SKwmsqt0l2M

      ဒါသူ့နောက်ဆုံးသော business meeting ပါ..
      ကြည့်လို့ရရင် ကြည့်ကြပါ…
      သေခါနီးမှာတောင် သူ့ စကားသံဟာ မာန်ထန်အပြည့်နဲ့
      တက်ကြွလန်းဆန်းနေဆဲပါ…..
      (ကျနော် စိတ်အထိခိုက်ရဆုံးသော ….meeting video တခုပါ)

      နောက်ဆုံးပြောချင်တာက Steve ဟာ သေဆုံးသွားတယ်
      ဆိုတာထက် သေခြင်းတရားကို အောင်နိုင်ခဲ့သူပါ
      သူ့နောက်ဆုံးအချိန်ကို သူ့ product တွေအတိုင်း
      ကျကျနန ခင်းကျင်းသွားနိုင်ခဲ့လို့ပါပဲ …….

      Thank You and RIP Steve…

  • aye.kk

    November 27, 2011 at 5:24 pm

    လူတိုင်းမှာ..သူ ့ရဲ ့ပင်ကိုယ်အရည်အချင်းဆိုတာရှိပြီးသားပါ..ကိုယ်ပိုင်အလင်းရောင်ဆိုရင်လဲမှန်ပါတယ်
    မှန်ကန်စွာအသုံးမချတတ်ရင်တော့ ဆုံးရှူံးရမှာဘဲ..သူများနှာခေါင်းနဲ ့အသက်ရှူရင်တော့ ကိုယ်ကျိုးနည်း
    ရလိမ့်မှာ အမှန်မလွဲပါဘဲ..ကိုယ်ပိုင်လုပ်နိုင်တဲ့စွမ်းအားခွန်အားကိုအသုံးပြုပြီးလုပ်နိုင်တဲ့အရည်အချင်းရှိသူ
    (personal power) ၊လို ့ဘဲမြင်ပါတယ်..
    နေရာတစ်ခုကိုသတ်မှတ်ပြီးရလာတဲ့အရည်အချင်းကို(စံ) ဘာပေတံနဲ ့တိုင်းမှာလဲ ၊တစ်ခုခုတော့လွဲမှားနေ
    မယ်လို ့ဘဲမြင်ပါတယ် ၊အဲဒီသတ်မှတ်ပေးသူလူကြီးကိုယ်တိုင်က(personal power) မရှိတဲ့အတွက် အဲဒီ
    နေရာမှာရောက်ရှိတာဝန်ယူနေသူကို(positional power)လို ့ဘဲခေါ်ဆိုရမှာလား.. အဖြေကိုမရှင်းတဲ့အတွက်..
    ပြန်ရှင်းပြပေးစေချင်ပါတယ်..ကျမအနေနဲ ့နားလည်တာက.. ကိုယ်ပိုင်အရည်အချင်းစွမ်းအားခွန်အားမရှိပါဘဲ..
    သူများနှာခေါင်းနဲ ့အငှားတောင်းပြီးရပ်တည်အသက်ရှူသူများကို(positional power)လို ့ဘဲခေါ်ဆိုရမှာဖြစ်
    ပါကြောင်း ကိုယ့်အမြင်နဲ ့ဘဲပြောပြလိုက်ပါရစေ..။

Leave a Reply