ရေအားလျှပ်စစ်လျော့ကျမှုကြောင့် ရန်ကုန်မြို့ ဓာတ်အားပေးချိန် ထပ်လျှော့ဟုဆို

klnMay 24, 20101min451

မြန်မာနိုင်ငံတွင် အပူချိန်စံချိန်တင်မြင့်မားမှုကြောင့် မြစ်၊ ချောင်းနှင့် ဆည်မြောင်းတာတမံများတွင် ရေခန်းခြောက်မှုနှုန်းသိသိသာသာ မြင့်တက်လာသဖြင့် ရေအားလျှပ်စစ်ထုတ်လုပ်မှုလျော့ကျလာပြီး ရန်ကုန်မြို့တော်တွင် ဓာတ်အားပေးချိန်လျှော့ချထားကြောင်း ရန်ုကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေး အဖွဲ့ရုံးမှ တာဝန်ရှိသူတစ်ဦ၏ ပြောကြားချက်အရသိရသည်။ ရန်ကုန်မြို့တော်ကို အုပ်စုသုံးစုခွဲပြီး ယခုမေ ၁၅ ရက်နေ့မှ စတင်ကာ တစ်နေ့လျှင် လျှပ်စစ်မီးခြောက်နာရီ အလှည့်ကျစနစ်ဖြင့် ပေးဝေနေကြောင်း၊ မြစ်၊ ချောင်းများနှင့် ဆည်မြောင်းတာတမံများတွင် ရေအနည်းငယ်သာ ကျန်ရှိတော့သည့်အတွက် ရေအားလျှပ်စစ်ရရှိမှု ယခင်ကထက်လျော့ကျသွားသဖြင့် ရန်ကုန်မြို့တွင် မီးပေးချိန် လျှော့ချလိုက်ခြင်းဖြစ်ကြောင်း အဆိုပါတာဝန်ရှိသူ၏ အဆိုအရသိရသည်။ “ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်း တောင်ပေါ်နဲ့ လမိုင်းဘက်မှာ ပေါက်တယ်။ ပြီးတော့ အသစ်ဆောက်နေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လို်င်းတွေကလည်း မပြီးသေးဘူး။ ရေအားလျှပ်စစ်ကလည်း ဆည်မှာ ရေခန်းနေလို့ အရင်ရနေတဲ့ ရေအားလျှပ်စစ်ရဲ့ သုံးပုံတစ်ပုံပဲ ရတော့တယ် ” ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ဝန်ထမ်းတစ်ဦး၏ ရှင်းပြချက်အရသိရသည်။ လူနေရပ်ကွက်များကို အလှည့်ကျ မီးပေးနိုင်ရန်အတွက် ပါဝါမီတာအသုံးပြုသည့် စီးပွားရေးလုပ်ငန်းများနှင့် စက်မှုဇုန်များ၊ ဟိုတယ်များ၊ ပလာဇာများ အပါအဝင် လျှပ်စစ်ဓါတ်အားသုံးစွဲမှု များပြားသော စီးပွားရေးလုပ်ငန်းများအားလုံးကို မေလ ၁၄ ရက်နေ့မှ စတင်ပြီး ဓါတ်အားဖြတ်တောက်ထားကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းများထံမှ သိရှိရသည်။ “ စီမံချက်နဲ့ မီးဖြတ်တာလို့ ပြောတယ်။ လုပ်ငန်းသုံး ပါဝါမီတာတွေအကုန် မီးမပေးနိုင်လို့ မီတာမှာ သွယ်ထားတဲ့ ဓါတ်ကြိုးဖြုတ်သွားတယ် ” ဟု မေလ ၁ရ ရက် နေ့မှ စတင်မီးဖြတ်တောက်ခြင်းခံလိုက်ရတဲ့ မရမ်းကုန်းမြို့နယ်မှ အသေးစားစီးပွားရေးလုုုပ်ငန်းရှင်တစ်ဦးက ပြောကြားကြောင်း သတင်းရရှိသည်။

One comment

  • intro

    May 24, 2010 at 10:16 am

    အခုလောလောဆယ်တော့ ကျွန်တော်တို့ဘက်မှာ ၁၂ နာရီပေး၊ ၆ နာရီ ပျက် ပုံစံနဲ့ ပေးနေတာ ၃ ရက်ရှိပြီဗျ

Leave a Reply