မန္တလေးမြို့တွင် အပူချိန်မြင့်တက်ခြင်းကြောင့် ဟိုတယ်တိုင်း၌ အခန်းပြည့် လာရောက်တည်းခိုလျက်ရှိ

klnMay 24, 20101min542

နှစ်စဉ်သင်္ကြန်အပြီး ဧပြီလကုန်ပိုင်းနှင့် မေလများတွင် ဟိုတယ်များသို့ လာရောက်တည်းခိုသူ နည်းပါးလျက်ရှိသော်လည်း ယခုအခါ မန္တလေးရှိ ဟိုတယ်တို်င်း အခန်းပြည့်နီးပါး လာရောက်တည်းခိုကြကြောင်း သိရပါတယ်။ မေလဆန်းပိုင်းတွင် ရာသီဥတုအပူချိန် ၄၅ ဒီဂရီ စင်တီဂရိတ်ထိရောက်ရှိခဲ့ရာ အပူချိန်မြင့်တက်လာ၍ ဟိုတယ်များတွင် အဲယားကွန်း အချိန်ပြည့် တပ်ဆင်ပေးထားခြင်းကြောင့် အနားယူသူများ များပြားလျက်ရှိပါသည်။ ဟိုတယ်များတွင် မန္တလေးမြို့တွင်းရှိ ဈေနှုန်းသင့်တင့်သည့် ဟိုတယ်များသို့ လာရောက်သူ များပြားပြီး အဆင့်မြင့်ဟိုတယ်ကြီးများသို့ မြို့တွင်း အခန်းမရသူများနှင့် ငွေကြေးတတ်နိုင်သူများ သွားရောက်ကြကြောင်း သိရသည်။

2 comments

  • Shwemannmay

    May 24, 2010 at 6:38 am

    အခုရက်ပိုင်းတော့ မိုးရွာလို ့အေးနေတာလေ ။ ပြန်လာပီ တစ်ချိူ ့ ။ လူကြီးတွေကလည်း အိမ်မှာပဲပျော်ကြတာ ။ပာိုတယ်တွေက ကောင်းပေမယ့် မနေချင်ကြဘူး။ မုန်တိုင်းကုန်ပြီးနောက်ပိုင်း ပြန်ပူမှာပဲကြောက်ရတယ်

  • babyshan

    September 11, 2010 at 3:09 pm

    ဟုတ်ပါတယ် လူတွေကမကောင်းတော့ ရာသီဥတုတွေက ဖောက်လွဲဖောက်ပြန် ဖြစ်တယ်လို ့ထင်ပါတယ်။ လုပ်ငန်းရှင်တွေကတော့ စီးပွားရေး ကောင်းတာပေါ့ဗျာ

Leave a Reply