ရောင်နီဦး

manawphyulayNovember 27, 20111min917

မှုန်ဝါးဝါး လရောင်အောက်
တိုးမပေါက်တဲ့ စိတ်တောနက်ထဲ
ဆင်းရဲမှုများကို လွယ်ပိုးရင်း
သည်းခံခြင်းကို လက်ကိုင်ထွန်းညှိ
မျှော်လင့်ချက်ရှိရာ ဦးတည်
ရောင်နီမလာခင်တော့
မှောင်နေဦးမှာပဲ…..

ဘဝဆိုတာ ပြောတော့သာ လွယ်တာ
ရုန်းကန်ရတာ ပင်ပန်းသား
အတွေးက လက်တွေ့ကို ရင်ဆိုင်စေတယ်
သိက္ခာနဲ့ ချည်တုပ်ထားတဲ့ အတ္တ
စိတ်သွားတိုင်း ကိုယ်မပါချင်တော့ဘူး
မပြောချင်လို့ မပြောပဲနေတာ
မှန်နေတယ်လို့တော့ မထင်နဲ့
ကိုယ့်တစ်ယောက်ထဲ ဘဝဆိုတာ ရှိတာမဟုတ်
လူတိုင်းမှာ ဘဝရှိတယ်
ဟင်းရွက်ကန်စွန်းရွက် ဝယ်သလို
တတ်တဲ့ပညာ ခေါင်းပုံဖြတ်ခံရတဲ့အခါ
မာနကို ရိုက်ချိုး စိတ်ဓာတ်ကို ယိုယွင်းစေခဲ့
ခေါင်းပုံဖြတ်တဲ့ ဒီလောကမှာ
ပညာကို အလှူအတန်းပေးရင်တောင်
နောင်ဘဝအတွက်
ကုသိုလ်တရားတွေ ပါသွားနိုင်ပါရဲ့……
၂၁.၁၁.၂၀၁၁ ခံစားရေးဖွဲ့သည်။

7 comments

  • small cat

    November 27, 2011 at 8:21 pm

    မြန်မာပြည်ဟာ လောလောဆယ်တော့ ပညာသည်တွေအတွက် မခံ ချင်စရာ လောကကြီးဖြစ်နေမှာပါ။

    • manawphyulay

      November 27, 2011 at 8:27 pm

      ဒီလိုပါပဲ…. ပညာသည်မှမဟုတ်ပါဘူး။ ဘဝကို ရုန်းကန်နေသူများအတွက် လောကနဲ့ရန်ဖြစ်နေလည်း အလကားပါပဲလေ…

  • koyinmaung

    November 28, 2011 at 9:24 am

    ဒို့နိုင်ငံရဲအခြေအနေကဒီအတိုင်းဖြစ်နေတာကို
    ပညာမတတ်အရည်အချင်းမရှိတဲ့သူကအတတ်ပညာရှင်တွေကို
    ဆရာလုပ်ခိုင်းစားနေတဲ့ခေတ်ကြီးမဟုတ်လား
    မနောဖြူလေးရေ….

  • ကြောင်ကြီး

    November 28, 2011 at 12:12 pm

    နောင်ဘဝဆိုလာ
    ပြောင်ပြသလိုပါ
    အောင်ဗလငိုရှာ
    ယောင်နအပိုကွာ
    ခေါင်လှမလိုတမာ
    ကောင်မလျှိုတာ
    မောင်ဘအကိုစာ….။

  • True Answer

    November 29, 2011 at 2:32 pm

    ခေါင်းပုံဖြတ်ခြင်းဆိုတာ..
    ဒီလောကမှ မဟုတ်ပါ။
    ဟိုလောကမှာလည်း ရှိနေတာ…

    လောဘ၊ ဒေါသ၊ အဝိဇ္ဇာဆိုတာ
    အချိန်မရွေး ရှိနေမှာ…

    ငါ ငါဖို့ ပဲ အဓိကထားတတ်တာ…
    သဘာဝတရားရဲ့ သဘာဝတစ်ခုပါ။

    မတရားမှုများတွေ ရှိနေတတ်တာ
    လောကရဲ့ အစဉ်အလာ
    သဘာဝတရားထဲက သဘာဝတစ်ခု ……….

    အဓမ္မသည်ပင်လျှင် ဓမ္မသဘာဝ၏ အစိတ်အပိုင်းတစ်ခုဟု-
    နားလည်လိုက်မိသော တခဏ ဟာ………..

    • manawphyulay

      November 29, 2011 at 5:58 pm

      တစ်ခဏသာဆိုတဲ့ အတွေးကို တွေးပြီး စိတ်ချမ်းသာမှုကို ယူလိုက်ရင်တော့ အေးချမ်းမှုကို ဖြစ်စေပါတယ်ရှင်။

  • aye.kk

    November 29, 2011 at 5:59 pm

    ငရွှေဓားစက်အောက်မှာ
    ပညာတတ်တွေ အသက်ပျောက်ရရှာ..။

Leave a Reply