နေပြည်တော်ရဲ့ နေဝင်ချိန်ဆည်းဆာ

manawphyulayNovember 27, 20112min17716

ခေါင်းစဉ်ကြောင့် နေပြည်တော်ရဲ့နေဝင်ချိန်ဆိုတော့ ဘာလဲပေါ့။ အဲလိုတော့ မထင်လိုက်နဲ့ဦး။ နေပြည်တော်ကို ၂ ခေါက်ရောက်ခဲ့ပါတယ်။ ဒုတိယအခေါက်ကတော့ နေရာစုံလည်းရောက်သလို နေဝင်ချိန် နေထွက်ချိန်တွေလည်း ကြည့်မိတော့ ဘယ်နေရာမှာ ဘယ်လိုကွာခြားလဲလို့လည်း သုံးသပ်မိတယ်။ နေထွက်ချိန် နေဝင်ချိန်ရှိသလို ကိုယ့်လည်းပဲ နေဝင်ချိန်ဆိုတာ တစ်နေ့တော့ ရောက်လာမှာပဲလို့လည်း သုံးသပ်ရင်း နေဝင်ချိန် လှပအောင် ဘယ်လိုလုပ်ရမလဲလို့လည်း တစ်ဆက်တည်း တွေးမိတယ်။

နေပြည်တော်ရဲ့ ညနေဆည်းဆာအလှရှုခင်း တည်းတဲ့ဟိုတယ်ပေါ်ကနေ ရိုက်လိုက်တာပါ

နေပြည်တော်မှ ညနေဆည်းဆာအလှ
နေဝင်ချိန် ရဲ့အလှက ရင်ထဲတစ်မျိုး ခံစားရတယ်။ ငါရဲ့နေဝင်ချိန်ကရော ဘယ်တော့လည်း ဒီလို လှပနေပါ့မလားလို့ တွေးမိတယ်။
စွယ်တော်ဖူးမြော်ရင်း အေးချမ်းစေကြောင်း ဆုတောင်း မေတ္တာပို့လိုက်ပါတယ်။
နေပြည်တော်ရှိ Juction Center ကို ညမီးရောင်မှာ မြင်တွေ့ရတာ ဖြစ်ပါတယ်။
နေပြည်တော်ရဲ့ Capital မားကတ်ကြီးကိုလည်း သွားရောက် လေ့လာ ငေးမောပြီး ခြေညောင်းအောင် ရောက်ခဲ့ပါတယ်။

16 comments

  • Gipsy

    November 27, 2011 at 8:55 pm

    စိုပြေတောက်ပ နေပြည်တော်အလှ ကြည့်ခွင့်ရ….။
    နေဝင်ချိန်ဆိုတော့ စိတ်ဝင်တစား ဝင်ဖတ်မိတာ…။
    စိုပြေတောက်ပ ဓါတ်ပုံအလှ မနောဖြူက…။

  • ကြောင်လတ်

    November 27, 2011 at 9:10 pm

    ရွာထဲမှာဓါတ်ပုံဆရာတွေ တော်တော်ပေါတာပဲ၊
    ဆရာပေါက်၊တို့ဆရာစိန်တို့၊ နဲ့ အပြိုင် ခရီးသွားမှတ်တမ်းတွေ ရိုက်နေပါလား။

    • Shanma TUmdy

      November 27, 2011 at 9:14 pm

      ဗဟုသုတတိုးတာပေါ့.. မမြင်ဖူးတာတွေမြင်ရတာပေါ့..
      ကိုယ်သတိမထားမိတာတွေ သတိထားမိသွားတာပေ့ါ ..

  • king

    November 28, 2011 at 7:54 am

    မင်္ဂလာဆောင်ရင် ရွာထဲက ဓါတ်ပုံဆရာတွေ အကုန်ခေါ်ပြီး ရိုင်းခိုင်းဖို့ အကူအညီတောင်းလိုက်ရင် ….
    အင်း ……………………………….
    😀 😛 🙂

    • Diamond Key

      November 28, 2011 at 9:51 am

      လာ………………………………………………မယ်။ 😛
      အနားက တစ်ဖဝါးမခွာ ရိုက်……………………………………………….မယ်။ 😀
      ရိုက်ခိုင်းတာတွေကော၊ မရိုက်ခိုင်းတာတွေကော……………………………………ရိုက်မယ်။ :mrgreen:

      • inz@ghi

        November 28, 2011 at 9:59 am

        လာထား ရိုက်မယ်…..
        ဒါမိုးစောင့်နေတာ …
        မှော်ဆြာပါ ခေါ်ခဲ့မယ်

        အားပါးတရ ..မှတ်တမ်းတင်ပစ်မယ်….
        ဖိုက်ဒီ ၁လုံးပါ ငှားလာပီး
        ဘယ်၁လုံး ညာ၁လုံး အတွဲလိုက်ကိုရိုက်ပစ်မယ်….

        • M-Lulin

          November 28, 2011 at 10:45 pm

          Lighting အတွက်. . မီး ၂ လုံး … အဲဒါမှ မရရင် လေးလုံး … ခေါင်းမီး ပါ ငှားခဲ့မယ်။ ကိုင်မယ့် လူတွေကိုတော့ အစ်ကို King မင်ဂါဆောင် မှာ အဝကျွေးမယ်။ …

  • Moe Z

    November 28, 2011 at 9:07 am

    နေထွက်ချိန်နဲ့ နေဝင်ချိန်ကို မမ မနောနဲ့ လေးလေးပေါက်တို့တင်ပေးမှပဲကြည့်ဖြစ်တယ် 😀
    မမ မနောရေ ဘဝရဲ့နေဝင်ချိန်လည်းလှအောင် ကြိုးစားရဦးမှာပေါ့

    • inz@ghi

      November 28, 2011 at 9:56 am

      ဘွ နေဝင်တော့မလို့လား …
      နေလို့ရပါသေးတယ်ကွယ် နေပါဦး…

      ဂီ့ စာထဲမှာ ဆိုလည်း ကိုကိုကြောင်တို့ ကပေ့
      တို့ကိုသာ လုပ်ရက်တာပါ
      ဇက်ကလေးကို တော့ အသက်ပေးပီး ကာကွယ်သွားမှာပါကွယ်…

      ဂီဂီ

  • Diamond Key

    November 28, 2011 at 9:53 am

    မိုးစက်လေး……………..တူတို့နှစ်ယောက်က ဇီးကွက်မျိုးတွေ နေမှာနော……………………….. 😀

  • blackchaw

    November 28, 2011 at 9:43 pm

    အင်း မနောဖြူလေးရိုက်တဲ့ ဒါ့ပုံအကြောင်းလည်း မပြောကြဘူး။
    အေးလေ ရှင်တို့က ရဲတွေပဲ။

    • manawphyulay

      November 29, 2011 at 9:34 am

      အင်းလေ… ဝေဖန်ရေးနဲ့ လေကန်ရေးများလုပ်မလားလို့ ဘာတွေပြောနေကြလဲသိဘူးနော်။ ဟင့် စိတ်ညစ်ပါတယ်။

  • True Answer

    November 29, 2011 at 1:15 pm

    နေဝင်ချိန် ဓါတ်ပုံလေးတွေ က တစ်နေ့တာရဲ့ နိဂုံး ကို ဖော်ညွှန်းပြနေပါတယ်။

    နေဝင်ချိန်ဓါတ်ပုံလေးတွေကြည့်ပြီး ကျွန်တော်တို့ရဲ့ ဘဝနေဝင်ချိန်အတွက် ဘာတွေများ
    ကြိုတင်ပြင်ဆင်ထားပြီးပီလဲ ဆိုတာ…….ကျွန်တော့်အတွေးထဲ…………..?????

    တစ်နေ့ထက်တစ်နေ့ …..နေဝင်ချိန် ဆီကို ပိုပို နီးနီး သွားပြီဆိုတာကို………

    အပေါ်သုံးပုံ နေဝင်ချိန်ဆည်းဆာပုံလေးတွေ သဘောကျတဲ့အတွက် ကူးယူသွားပါတယ်။

  • snow white

    July 11, 2012 at 12:43 pm

    သွားတော့သွားချင်တယ် နေပြည်တော်မှာလည်း စည်တဲ့နေရာစည်တယ် မစည်တဲ့နေရာတော်တော်လေး ခြောက်ကပ်နေတယ်တဲ့လေ။။။

  • နှင်းဆီ ငုံ

    July 11, 2012 at 12:58 pm

    မလာချင်ပါနဲ့စနိုးရယ် … နေပြည်တော်မှာ နေပူတဲ့ညတွေဆို တစ်ညလုံး အိပ်မရဘူး .. မနောလက်ရာတွေကောင်းလို့ ပျော်စရာကောင်းနေတာပါ … 3 ရက်လောက်လည်ပတ်ပြီးရင် ဒီနေပြည်တော်က နေချင်စရာရှိတော့ဝူးး … တိလား ….

  • mamanoyar

    July 11, 2012 at 1:03 pm

    မရောက်ဖူးတော့ အခုလိုကြည့်ခွင့်ရတာ ကျေးဇူးတင်ပါတယ်
    လာလည်ဦးမယ်နော် တစ်နေ့နေ့

Leave a Reply