ယာယီခွင့်ပြုထားခဲ့သော ပုဂ္ဂလိကပညာသင်ကျောင်းများအား ယခုနှစ်အတွက် ဖွင့်ခွင့်မပြုတော့

klnMay 24, 20101min1038

၂၀၁၀-၂၀၁၁ပညာသင်နှစ်အတွက် ယာယီခွင့်ပြုထားခဲ့သော ပုဂ္ဂလိကပညာသင်ကျောင်းများအား ရန်ကုန်တိုင်းအတွင်း အနည်းဆုံး၁ဝကျောင်းအထိ တရားဝင်ဖွင့်ခွင့်ပြုမည်ဟု မတ်လကထုတ်ပြန်ခဲ့ခြင်းအား ယခုနှစ်အတွက် ဖွင့်ခွင့်မပြုသေးဘဲ ရပ်ဆိုင်းထားဦးမည်ဖြစ်ကြောင်း ပုဂ္ဂလိကပညာသင်ယာယီဖွင့်ခွင့် ရရှိထားခဲ့သည့် ကျောင်းများမှ စုံစမ်းသိရှိရပါသည်။ အဆိုပါကျောင်းများအား ဘော်ဒါဆောင်များဟူ၍သာ ဆက်လက်ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း ၂၀၁ဝမေလ လယ်ပိုင်းက ရန်ကုန်မြို့ရှိအမှတ် (၃) အခြေခံပညာဦးစီးဌာနမှ ပုဂ္ဂလိက ကျောင်းအဖြစ်ပြင်ဆင်လုပ်ကိုင်ခွင့်ပေးထားသူအားခေါ်ယူ အသိပေးခဲ့သည်ဟုသိရသည်။ ထို့ပြင် ပုဂ္ဂလိက ပညာသင်ကျောင်းများဟူ၍ ခေါ်ဝေါ်သုံးစွဲခြင်းကိုလည်း ပြင်ဆင်သွားရမည့်အပြင် ဘော်ဒါဆောင်များအား ယခင်နှစ်များကကဲ့သို့ အစိုးရကျောင်းများနှင့် တွဲဖက်ကာ ကျောင်းတက်ရောက်ရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။ “ကျောင်းတွေကတော့ အကုန်လုံးကိုယ့်ဘက်ကပြင်ဆင်စရာရှိတာတွေပြင်ဆင်ထားပြီးပေမယ့်ဒီနှစ်ကို ခွင့်မပြုတော့ဘူးလို့သိရတယ်။ ကျွန်တော်တို့လက်ရှိလုပ်နေတဲ့ဘော်ဒါဆောင်အနေနဲ့ သာလုပ်သွားရတော့မယ့်အပြင် အခုကျောင်းဖွင့်ရာသီမှာသုံးနှုန်းထားတဲ့ ပုဂ္ဂလိကပညာသင်ကျောင်းဆိုတဲ့နာမည်အစား ဘော်ဒါလို့သာ သုံးနှုန်းရတော့မယ်” ဟု N-3 ဘော်ဒါမှ တာဝန်ရှိသူကပြောကြားခဲ့ပါသည်။ ယခု ပညာသင်နှစ်ဖွင့်လှစ်ရမည့် ပုဂ္ဂလိကပညာသင်ကျောင်းအဖြစ်ယာယီခွင့်ပြုထားခဲ့ပြီးသော ကျောင်းများမှ ကျောင်းသားအပ်နှံခြင်းအား ရပ်ဆိုင်းကာ အပ်နှံထားပြီးခဲ့သည့် ကျောင်းလခများကိုလည်း ပြန်လည် ထုတ်အမ်းသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ ထို့ပြင် ပဉ္ဓမတန်းမှ တက္ကသိုလ်ဝင်တန်းအထိလည်း ဘော်ဒါများမှ ခွင့်ပြုလက်ခံခြင်းမပြုရတော့မည့် အပြင် ဘော်ဒါဆောင်များအနေဖြင့် အစိုးရကျောင်းများဖြင့်သာ ယခင်ကကဲ့သို့ တွဲဖက်တက်ရောက်သွားရမည်ဟုသိရှိရသည်။ ယခုအခါ ယာယီဖွင့်ခွင့်ပြုထားပြီးသည့် ပုဂ္ဂလိက ပညာသင်ကျောင်းများသို့ အပ်နှံထားသည့် ကျောင်းသားဦးရေမှာ ကျောင်းအချို့၌ ထောင်ချီအထိပင်ရှိသည်ဟု သိရသည်။

8 comments

  • Shwemannmay

    May 24, 2010 at 5:55 am

    ပုဂ္ဂလိက လို ့ဆိုပေမယ့် ဒါကအများနဲ ့ပက်သတ်တဲ့လုပ်ငန်းတစ်ခုဖြစ်တာမို ့ အခုစာကလေးကြော် ၊ခုဆီထမင်းလုပ်ဖို ့ရာမသင့်တော်ပါဘူး။ လုပ်ငန်းတစ်ခုစတင်ဖို ့ရာမှာ ငွေတင်ရင်းနှီးရတာမပာုတ်ပါဘူး။ ကျောင်းတစ်ကျောင်းမပြောနဲ ့အိမ်မှာ ကလေး ၄ ယောက် ၅ ယောက် လောက်စာသင်ပေးမယ်ဆိုရင်တောင် ရေးဖို ့ ထိုင်ဖို ့ခုံရှာထားရတယ်။ စာသင်လို ့ကောင်းအောင် ပြင်ဆင်ထားရတယ် သန် ့ရှင်းထားရတယ်။ အလင်းရောင်မရရင် မီးချောင်းကအစပြင်ပေးထားရမယ် ။လူနည်းရင်မသိသာပေမယ် ့ထောင်နဲ ့ချီတဲ ့ကျောင်းသားတွေကိုလက်ခံထားတဲ့သူတွေအနေ နဲ ့တော့ အတော့်ကို အဆင်မပြေဖြစ်ကြမှာပါ။ တစ်ရာ နှစ်ရာကုန်တဲ ့ကိစ္စမျိူးလည်းမပာုတ်တော့ အခက်သားလားနော်

  • darkoosky

    May 24, 2010 at 7:50 am

    sin to ka ye dwe pae. Naut tala laud kyar yin pyan khun pyu naw

  • intro

    May 24, 2010 at 10:24 am

    ဟုတ်ပါတယ်… ရွှေမန်းမေ ပြောသလို ဒီကိစ္စက ခုတစ်မျိုး၊ တစ်မျိုး လုပ်ဖို့ မသင့်တော်ပါဘူး… ပုဂ္ဂလိကကျောင်းမှာ တက်ချင်တဲ့ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေ အတွက်ရော၊ ကျောင်းတွေ အတွက်ပါ နစ်နာမှုတွေ ဖြစ်စေပါတယ်… တာဝန်ရှိသူတွေ အနေနဲ့ နောင်တစ်ခါ သေချာမှ ခွင့်ပြုကြဖို့ လိုအပ်ပါတယ်…

  • banban

    May 26, 2010 at 8:51 am

    ပုဂ္ဂလိကကျောင်းတွေအတွက် ဥပဒေမူမရေးရသေးလို့လို့ ကြားရတာပဲ…. မကြာမီလာမည်ပေါ့…

  • SoeLin

    July 2, 2010 at 4:15 am

    ဥပဒေမရေးရသေးပဲနဲ့ ဘာလို့ ဖွင့်ခွင့်ပြုမည်ဆိုပြီး ကြြေုငာတာလဲ ..
    ကလေးကစားသလို ခုတစ်မျိုး .. တော်ကြာတစ်မျိုး လုပ်ဖို့တော့မသင့်ပါဘူး ..
    ကျောင်းများကလည်း ရင်းနှီးထားရတာမနည်းပါဘူး …
    ဒင်းကတော့ ဒီအချိုးမျိုးလုပ်နေကြပဲလေ…
    2010 ရွေးကောက်ပွဲဆိုတာကရော .. ယုံကြည်ရမှာလား ..

  • မန်း ရိပ်

    September 2, 2010 at 2:35 pm

    ကဲ ကြည့်လိုက်တော့ဗျာ

  • unclegyi1974

    September 2, 2010 at 3:18 pm

    ခုတမျိုးတော်ကြာတမျိုးလုပ်နေဒါအခုမှမဟုတ်ဘဲခုထိမသိကြသေးဘူးလာ
    ကျူရှင်ကျောင်းနဲ့ကျောင်းသားမိဘတွေသာခုဘဲဘာလုပ်ရမလို၊
    တော်နေဘာလုပ်ရမလိုနဲ့ ယောင်နေကြရတာ။
    နေဝင်းလက်ထက်နဲ့နဝတလက်ထက်တလျှောက်ကြည့်လေ ဝန်ကြီတယောက်
    ပြောင်း၊ ပညာရေးတမျိုးပြောင်းနဲ့ကျောင်းသားတွှေအစမ်းသပ်ခံနေကြရတာ

    ဟိုတုန်းက ၁ဝတန်းအောင်ရင်အင်းဂလိတ်စာအတော်ဖတ်နိုင်ပြောနိုင်ဆိုဘဲ
    အခုတော့ဘွဲ့ရဆိုတာတွေတောင်အတော်များများကအသံထွက်တွေက
    ကြားရနားဝမသက်သာ ဘယ်တော့များမှနိုင်ငံတကာစံမှီမယ်ဆိုတာ….

  • cruz

    October 24, 2010 at 8:16 pm

    ဒီဘဲကြီးတွေ အစကတည်းက ဗလောင်းဗလဲလုပ်လာခဲ့တာ ဘယ်လောက်တောင်ကြာပီလည်း.. လုပ်တဲ့သူတွေကလည်းလောကြီးတာကို သေချာမှလုပ်သင့်တာပေါ့.. ဒီ ဘဲတွေအကြောင်းလည်းမသိတာကျလို့

Leave a Reply