အကြီးအကဲ၏ ယတြာနှင့် အာဏာ ( နေရဲနီ )

အိမ္လြမ္းသူNovember 27, 20111min14112

 

Than_Shwe_China_1

 

နေရဲနီ

ထကြွနိုးကြား သနားသည်းခံ
ဝေဖန်ထောက်ရှု ဤခြောက်ခု
ကြီးသူ ကျင့်ဝတ်သာ။ ဟု
ငယ်စဉ်က သင်္ဂဇာဆရာတော်၏
လူ့ကျင့်ဝတ် ဆုံးမစာကို ဖတ်ခဲ့ဘူးသည်။
မင်းကျင့်တရား ၁ဝပါး ကို
သီတဂူ ဆရာတော်ဟော၍
ရာဇောဝါဒသုတ္တန်မှာ ကြားနာခဲ့ဘူးသည်။

ကျွန်တော်တို့သည် န ဝ တ အဖွဲ့ဖြစ်သောကြောင့်
မင်းကျင့်တရား ၁ဝပါးနှင့် အကျုံးမဝင်ဟု
ဥက္ကဋ္ဌလုပ်သူမှ ဆင်ဝှေ့ရန်ရှောင် ပြောသံကို ကြားဘူးသည်။
သရဲနှင့်တစ္ဆေသည် တဘုံတည်းဖြစ်၍
ဘီလူးနှင့် သဘက်သည်လည်း ခွဲခြား၍မရပေ။
ထို့အတူဘီယာသည် အရက်မဟုတ်ပါဟု
ဆိုလာသောအခါ နဝတသည်လည်း
နအဖဟူ၍ ဖြစ်လာတော့သည်။

ထိုအခါမှစ၍ ဥက္ကဋ္ဌ ဟူ၍လည်းကောင်း
အကြီးအကဲ ဟူ၍လည်းကောင်း
အမျိုးမျိုးပြောင်း၍ ခေါ်ဝေါ်လာကြရာ
လက်အောက်ငယ်သားတို့က အဘ ဟူ၍
ကွယ်ရာတွင် အမိပေး၍ ခေါ်ကြသည်။

သောကြာနှင့်ဗုဒ္ဓဟူးနံ ပေါင်းစပ်ထားသော
အတိတ်က သာလွန်မင်းနှင့် ဓာတ်တူနံတူ ကျသောကြောင့်
ငါသည်ကား သာလွန်မင်း ဝင်စားသည်ဟု
မသူတော်တို့က မြှောက်ပင့် ပြောဆိုလာသောအခါ
မီးလောင်ရာ လေပင့်သကဲ့သို့
ဘဝင်ငယ်ထိပ် တက်ဆောင့်ကာ
အောက်ခြေလွတ်၍ ဘုရင်ရူးရူးတော့သည်။

ဘုရင်ရူးရူးသော်လည်း မင်းကျင့်တရားဆိုသည်ကိုကား
နားမှလေသံမျှပင် မကြားချင်။
ပြည်သူ့ဆန္ဒကို ဆန့်ကျင်ပြီး
တိုင်းပြည်ကို အာဏာနှင့် အုပ်ချုပ်၍
ယတြာနှင့် နပမ်းလုံး လေသောအခါ
ပြည်သူတို့မှာ ဆင်းရဲတွင်း နက်သထက် နက်လာကာ
တိုင်းပြည်သည်လည်း ဖွတ်ဖွတ်ညက်ညက် ကြေလေတော့သည်။

သာယာဝတီမင်း ရန်ကုန်သို့
စုန်သည့်ပုံစံအတိုင်း လှေသဘင်ပွဲတော်ကို
အင်းလျားကန်မှာ ကျင်းပသောအခါ
ကုန်ကျစရိတ်သည် ဧရာဝတီမြစ်ကို ဖြတ်ဆောက်သော
တံတားတန်ဘိုးနှင့် မတိမ်းမယိမ်းရှိ၏။

White_Elephant1

တိရိစ္ဆာန်ဖြစ်သော ဆင်ဖြူတစ်ကောင်၏
တစ်နေ့တာ ကုန်ကျစရိတ်သည်
သာမန်ပြည်သူ မိသားတစ်စု တစ်လစားစရိတ်နှင့် ညီမျှ၏။
မဆင်းရဘို့အရေး ပဲခူးမြို့၏ မဇင်းမည်သောအရပ်မှာ
သံမတူကြောင်းကွဲ မဆင်းဘုရားကို တည်၏။

မတ်ပဲအတွင်း ဆင်းရွှေကြာ မည်သောနေကြာကို
အတင်းအဓမ္မ ထည့်စိုက်ခိုင်းသောကြောင့်
လယ်သမားတို့ စိတ်ညစ်ရ၏။
ပြည်သူ့ခေါင်းဆောင်ကို နံနှိမ်ချင်သောကြောင့်
ကြက်ဆူနှင့် ကက်ကင်းရိုက်သော ယတြာမှာ အဆိုးဆုံးဖြစ်၏။

မိမိဘာသာမပျိုးရ။
ကြက်ဆူတစ်ပင် ကျပ်တစ်ရာနှင့် ရပ်ကွက်ဥက္ကဋ္ဌ ထံမှာဝယ်၍
တစ်အိမ်ထောင်လျှင် ဆယ်ပင်စိုက်ရ၏။
မြန်မာပြည်၌ လူဦးရေ ၅ရ သန်းရှိ၏။
မိမိဘာသာ တွက်ကြပါကုန်။
သဲထဲရေသွန်သော် အရာမျှ ထင်ကျန်ခဲ့မည်။
ရေထဲ သဲသွန်သော် ဘာမျှ မထင်ကျန်ခဲ့။

တေဇသမီးကို တိုင်းပြည် မပေးချင်သောကြောင့်
တေဇကို သမီးပေးခဲ့သည် ဟူ၍လည်း
တစွန်းတစ်စ ကြားဘူးခဲ့သည်။
မိန်းမ အုပ်ချုပ်မည်ဟု ဗေဒင်ဆရာက
မျက်နှာလို မျက်နှာရ ဆိုလာသောအခါ
နံ့သာဖြူလိမ်းကာ ထမီဇောက်ထိုးဝတ်၍ ၃ လအိပ်ခဲ့သည်။
လဒမဖြစ်၍သာ တော်တော့သည်။
ထမိန်ခြုံ၍ လဒမဖြစ်လေသောကြောင့်
ဒလမှ ဓနုတ်စေတီကို ထီးတင်သောအခါ
သံဃာကို သတ်ထားသောကြောင့်
ဘုရားသော်မှမခံနိုင် ပြိုကျလေ၏။

Zaw_Pho_Win

ထိုမျှနှင့် မလုံလောက်လေသောအခါ
ကြိုးကြီးချိတ်ကို တဖွဲ့လုံးဝတ်၍
ပြည်သူ့ရှေ့သို့ အရှက်မရှိ ထွက်ကြလေ၏။
မယားလုပ်သူက မိမိကို နဖားကြိုးထိုး၍
ကြိုးကိုင်နေသည်ကိုကား သတိမှ မူမိလေစ။

ခွေးနှင့်ခြင်္သေ့ကို ခွဲခြားရန်
ဉာဏ်မမှီလေသောကြောင့်
သူခိုးကို သားမက်ထင်၍ ပေါင်းမိလေသောအခါ
တိုင်းပြည်အဝှန်း ရှိရှိသမျှ သစ်တောတို့ကား
အငုတ်သော်မျှ မကျန်။

သားသမီး ထမင်းမဝခြင်းသည်
မွေးသော မိဘမှာ တာဝန်ရှိ၏။
ပြည်သူပြည်သား ငတ်မွတ်၊ ခေါင်းပါးခြင်းသည်
အုပ်ချုပ်သူမှာ တာဝန်ရှိ၏။
တိုင်းပြည် နိမ့်ကျ၍
နိုင်ငံတကာမှ ကဲ့ရဲ့ပြစ်တင်စကား ပြောဖန်များသော်
အရူးမီးဝိုင်းသကဲ့သို့ ကြံရာမရလေ၍
အဘနဖူး သိုက်တူးသကဲ့သို့
တိုင်းပြည်ကိုပင် ရောင်းစားရန်ကြံ၏။

အခဲအရာတွင် သဲသလဲမှ တွင်းထွက် ရတနာအဆုံး
အရည်အရာတွင် နွေးနွေးရှိ၍ နံသည်မှ
မြေမှထွက်သော ရေနံအဆုံး
မိခင်ဧရာဝတီပါ မကျန်
တရုပ်လက်သို့ ထိုးအပ်လေ၏။
မိမိသည်ပင် တရုပ်ပြည်သို့ ပြောင်းရန်အကြံနှင့်
သားမက်ကို တရုပ်ပြည်ပို့၍
တရုပ်ပြည်၌ အိမ်ခြံမြေတို့ကို ဝယ်၏။

သာလွန်မင်းသည်
ငါ၏သားတော်ကို ငါကိုယ်တိုင် ဆုံးမပါသည်။
မိမဆုံးမ ဖမဆုံးမ ဟူ၍မဆိုပါလင့် ဟူ၍
တူတော်မောင်အား
မိန့်ကြားသည်ကို ဖတ်ခဲ့ဘူးသည်။
ခါသာပိတ်ကို ဝတ်၍
နန်းတော်တိုင်ကို မှီနေသော သမီးတော်တို့အား
ပြည်သူ့ဘဏ္ဍာကို ဖြုန်းတီးရကောင်းလားဟု
ဆူပူကြိမ်းမောင်းခဲ့သည်ကို ပါးစပ်ရာဇဝင်ကြားဘူးသည်။

မျောက်မူးလဲ မွေးပြီးသည့်နောက်
ငါ ဤရာထူးရသည်။
ဤကလေး ဘာလုပ်လုပ် အရာအားလုံး
တင့်တယ်သည်။

လေမျှပင် မတိုးစေရ ဟု
အာဏာနှင့် ခြောက်၍ လက်အောက်ငယ်သားတို့အား
တိုးတိုးတိတ်တိတ်ကြိတ်၍ မိန့်ကြားလေသောအခါ
သိန်းရာချီတန်သော မဏ္ဍပ်ကိုဆောက်၍
သင်္ကြန်၌ ရေကစားသော်
ပုခုံးပေါ်၌ အပွင့်အခက်တို့ ဝေဆာနေသော ပုဂ္ဂိုလ်တို့က
အသက်စွန့်၍ စောင့်ရှောက်ကြရ၏။
သမီးတော်တို့ ကမြင်းကြောထ၍
ဖုံးဖိ မရလေသောအခါ
စိန်စီသော ညဟူ၍

ပြည်သူတို့က ဆိုကြလေသတည်း။

12 comments

  • blackchaw

    November 28, 2011 at 9:10 am

    ကျွန်တော် ဝင်ဖတ်သွားပါတယ်ဗျို့။

    • windtalker

      November 28, 2011 at 2:12 pm

      ကျုပ် လဲ ဖတ်ပြီး တော်တော်ကြိုက်မိတယ် ဗျို ့
      သို ့သော် ၊ ဘာပြောရမှန်း မသိပါကြောင်း

  • cryingsoul

    November 28, 2011 at 9:25 am

    တန်းချွေ တို. ခွေးအုပ်စု(မှားလို.) မိသားစု တို. ကတော.လူစကားပြောတက်လို.သာလူလို.သတ်မှတ်ထားတာပါ ခွေးလောက်တောင် $စောက်ဆင်. မရှိတော.ပါဘူး ဟိုခွေးတီတောင်းဂျား လေးက ဘဝင်တွေလေဟပ်ကာ ခွေးဇတ်တွေလဲ အမျိုးမျိုးခင်းတဲ.သတင်းတွေ ကြားရမြင်ရတာ မသက်သာတော.ပါဘူးအဲ.ဒီလို အမျိုးယုတ်တဲ.မိသားစုကို အပိုင်းပိုင်းခုတ်ကာ လမ်းဘေးသာ ပစ်ထားချင်ပါတယ်

  • koaung

    November 28, 2011 at 9:34 am

    တကယ်တော့မဟာသူရဲကောင်းနိုင်ငံကြီးက အနှစ်၂ဝကျော်ကြာ(ဗေဒင်ဆရာ၊ပွဲစား၊ရိုက်စား) များကိုနေရာပေးပူဇော်ပသနေပြီး
    ပညာတတ်များ ကိုနိမ်နင်းခဲ့တာမို့ အခုတော့တိုင်းပြည်မှာရောင်းစရာလူဘဲ ကျန်ပါတော့တယ်

  • phantom

    November 28, 2011 at 11:53 am

    မျောက်မူးလဲ မွေးပြီးသည့်နောက်
    ငါ ဤရာထူးရသည်။
    ဤကလေး ဘာလုပ်လုပ် အရာအားလုံး
    တင့်တယ်သည်။
    လေမျှပင် မတိုးစေရ ဟု
    အာဏာနှင့် ခြောက်၍ လက်အောက်ငယ်သားတို့အား
    တိုးတိုးတိတ်တိတ်ကြိတ်၍ မိန့်ကြားလေသောအခါ
    သိန်းရာချီတန်သော မဏ္ဍပ်ကိုဆောက်၍
    သင်္ကြန်၌ ရေကစားသော်
    ပုခုံးပေါ်၌ အပွင့်အခက်တို့ ဝေဆာနေသော ပုဂ္ဂိုလ်တို့က
    အသက်စွန့်၍ စောင့်ရှောက်ကြရ၏။……….

    ဪဪ နိုင်ငံတော်ကြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတော်ကိုအသက်ပေးပြီး ကာကွယ်စောင့်ရှောက်ကြတယ်ပေါ့ ကောင်းလှောင့်တေးကောင်းလှောင့်တေး

  • Diamond Key

    November 28, 2011 at 11:54 am

    တိပါဘူး………….. ❗
    နော်ကြားဖူးတာ……….မပြောင်းချင်လို့……….ပြောင်းဖူးတွေကျွေး 😛
    ကြာကြာစံရအောင်…………ကြာဇံကြော် 😛
    လမ်းလည် အဝိုင်းကြီးမှာ ကြာဖူးရေပန်းလုပ်တာ…….ကြာဘူးလို့ တူငြားတွေဆိုနေလို့ ကြာပန်းဝိုင်း ဖြစ်တွားဆိုပဲ။ :mrgreen:

  • nozomi

    November 28, 2011 at 1:03 pm

    ပို့စ် လေးကို သဘောကျပါတယ် ၊

    ဦးသန်းရွှေ ကြီး ဘယ်လို စိတ်ထားနဲ့ လုပ်ခဲ့တယ် မသိပေမဲ့ ခံလိုက်ရတဲ့ နိုင်ငံရော ပြည်သူတွေရော
    ဖြူကာ ပြာကာ ကျသွားတာပဲ အိမ်နီးချင်း နိုင်ငံတွေကို မှီအောင်လိုက်ဘို့တောင် လမ်းကြောင်းလဲ မှန်မှ တနိုင်ငံလုံးကလဲ စည်းလုံးညီညွတ်စွာနဲ့ ကြိုးစားကျမှ နောက် နှစ် ၂ဝ ၊ နှစ်အစိတ် လောက်မှ ရင်ဘောင်တန်းနိုင်မယ် ၊ ဒါပေမဲ့ ကိုသစ် အမေ ပြောခဲ့တဲ့ ဒေါသတရားဆိုတာ မီးခဲနဲ့ တူတယ် ဆိုတာ တကယ်မှန်တယ် ဗျ ၊ ဦးသန်းရွှေ ကြီး လုပ်ရပ်တွေက ဒေါသဖြစ်စရာတွေချည်းပဲ ဆိုပေမဲ့ လောလောဆယ် ကိုယ်က ဒေါသဖြစ်ရ စိတ်ဆိုးရတော့ ကိုယ့်မှာ ပူလောင်ရတယ် ကိုယ့်မှာ သူ့ကို ဘယ်လို လက်စားချေရမလဲ ဆိုတာ တွေးနေတာနဲ့တင် ရှေ့ကို ဘယ်လို တိုးတက်အောင် လုပ်ရမလဲ ဆိုတဲ့ အကြံဉာဏ်တွေ မထွက်တော့ဘူး ၊ကျွန်တော်တွေးတာကတော့ နိုင်ငံအတွက် တိုးတက်ရာ တိုးတက်ကြောင်းတွေ လုပ်ကြမယ် ဗျာ ၊ အာဏာရှင်တွေ ထပ်မပေါ်အောင် ကို်ယ်လုပ်နိုင်တဲ့ အပိုင်းက လုပ်ကြမယ်ဗျာ ဦးသန်းရွှေကြီးနဲ့ ပတ်သက်လို့ကတော့ နိုင်ငံခြားရောက်နေတဲ့ ကျွန်တော့် သူငယ်ချင်း ပြောသလို သူတစ်ခုခု ဖြစ်တယ်သာ ကြားလို့ကတော့ ပုလင်းထောင်းပြီး အောင်ပွဲခံမယ်တဲ့ ဆိုတာလို အဲဒီကျမှ အောင်ပွဲ ခံကျတာပေါ့ သူ့လမ်းသူ သွားမှာပါ

    weekly eleven မှာ ဦးသန်းရွှေနဲ့ ပတ်သက်တဲ့ သတင်းတစ်ပုဒ် မှာ phoehtet မန်းထားတာလေး ကူးထည့်ပေးလိုက်ပါတယ် “ ကျနော့် သဘောကတော့ ဒီလူကြီးက သူ့သမိုင်းကို သူရေးသွားပြီ..ကျနော်တို့ ရာဇဝင်တွေထဲက မင်းဆိုး မင်းညစ်တွေဖြစ်တဲ့ တရုတ်ပြေးမင်း၊ ပုဂံမင်း တို့လို ဖျက်မရတဲ့ အမဲစက်တွေနဲ့ ကျန်ခဲ့ပြီ..လုပ်ချင်တာတွေလဲ လုပ်သွားခဲ့ပြီ..တကယ် အငြိမ်းစားနားသွားတယ်ဆို၊သူ့လောင်းရိပ်က လွတ်ပြီဆိုရင်ကျန်ခဲ့တဲ့ သူတွေက ရှေ့ ကို ဆက်လျှောက်ကြပါစို့ရဲ့..လက်စားချေဖို့..ခုံရုံးတင်ဖို့တွေလဲ လုပ်နေတော့လဲ အိုကြီးအိုမကြီးကို ဗုဒ္ဒဘာသာလူမျိုးတွေပီပီ ခွင့်လွှတ်လိုက်ကြပါစို့ရဲ့ဗျာ..ဘဝတွေ ပျက်ရအောင် ခံခဲ့ရခဲ့သူတွေကို ကိုယ်ချင်းစာပေမယ့် အဲဒီခံစားခဲ့ရတဲ့ လူတွေလိုချင်တဲ့ ငြိမ်းချမ်းတဲ့၊ ကမ္ဘာ့အလည်မှာ မြန်မာလူမျိုးကွဆိုပြီး လက်မထောင်နိုင်တဲ့ လူမျိုးဖြစ်အောင် ကြိုးစားရင်း သူ့ကို ကျနော်တို့ စိတ်ထဲမှာ သတ်ပြစ်လိုက်ကြပါစို့..ဦးစော သားမြေးတွေလိုသမိုင်းမှာ ငါ ဦးစောအမျိုးအဆက်၊ ဦးနေဝင်း အမျိုးအဆက်၊ ဦးခင်ညွန့်အမျိုးတွေဗျ ဆိုပြီးတော့ ပြည်သူတွေကြားထဲမှာ မပြောရဲလောက်အောင် သူ့မြေးနဲ့ သူ့အမျိုးတွေကို ထားခဲ့ပါပြီ..ဒါက သူ့လုပ်ရပ်အတွက် သူပေးဆပ်လိုက်ရတာလို့ဘဲ ထင်ပါတယ်..ဗိုလ်ချုပ်သမီးဗျ..ဦးသန့်အမျိုးတွေဗျဆိုပြီး သူ့ရဲ့အမျိုးအဆွေတွေ ပြည်သူတွေကြားထဲမှာ ဝံ့ဝံ့စားစား လုံလုံခြုံခြုံ သွားရဲသလားဆိုတာတော့ သူတို့သိပါလိမ့်မယ်..ကျနော့်သဘောတစ်ခုကတော့ အမှားတွေကို မြင်အောင်ကြည့်ပြီး ခွင့်လွှတ်စိတ်နဲ့ အားလုံး လိုချင်တဲ့ ချစ်စရာကောင်းတဲ့ ၊လူမျိုးစုပေါင်းစုံ စည်းလုံးတဲ့၊ သမ္မတကအစ အိမ်သာကျွင်းတူးသူအဆုံး နိုင်ငံသား အခွင့်အရေး တန်းတူရည်တူရတဲ့ မြန်မာနိုင်ငံကြီးဆီကို သွားကြဖို့ လက်ရှိအစိုးရ ဘဲကြီးတွေ သိစေချင်လိုက်တာဗျာ..”

  • kai

    November 28, 2011 at 2:59 pm

    အင်း…
    အထင်မမှားဘူးဆိုရင်.. အခုဇတ်က,ကွက်တွေအားလုံးရဲ့ ဇတ်ဆရာက.. သူပဲ..။
    ဟတ်.. ဟတ်… ဟတ်ချိုး…
    နှာစေးနေပဟ..။ ဆေးသောက်ဦးမှ..။ 😆

    • phantom

      November 28, 2011 at 3:30 pm

      သူကြီးကတော့ ဖွပြီး နှာစေးနေပြီ 😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 28, 2011 at 3:29 pm

    သာကီတွေ သာကီတွေ
    သောက်ပြောကတော့ ရွှေမန်းတင်မောင် က တော့ ချိုမိုင်မိုင်
    သန်းရွှေကို စောက်ရူးတို့ ဘာဦးနှောက်မှ မရှိဘူးတို့ ဆိုပြီး စွတ်ပြောနေကြ
    သန်းရွှေဆော်ထားတာ ကိုယ့်တစ်မျိုးလုံး လိမ့်နေတာ ခင်ဗျားတို့တွေ အိုလို့ဘဲသေတော့မယ်
    ကိုယ့်ဖင်မှာ ရေရွှမ်းရွှမ်းစိုနေတာတောင် ခုထိမပေါက်ကြသေးဘူး
    ဆိုတော့ကာ
    သန်းရွှေကို စူပါ ဖိုက်တာကြီးလိုသဘောထားကြဘို့ တိုက်တွန်းပါတယ်
    ဘာရယ်တော့ ဟုတ်ပါဘူး
    သူများနဲ့မတူအောင်ပြောရတာပါ သဂျီးမင်းရဲ့ဘောတော်အတိုင်းပါခင်ဗျ
    ကျုပ်ဘောဟုတ်ဘူး
    သဂျီးဘော သဂျီးဘော 😀 😀 😀

  • aye.kk

    November 28, 2011 at 4:52 pm

    ယတြာကောင်းလျှင်..
    မင်းလောင်းပျောက်၏..
    မင်းကောင်းပျောက်ဖို ့မင်းညီမင်းသားတွေကိုဝါးရင်းတုတ်နှင့်ရိုက်သတ်ရ၏..
    ငါကားအာဏာရဘို ့ယတြာတွေစီရင်ရတာအပြစ်မဆိုသာပေ..ငရွှေကားဤသို ့တွေး၏..
    ငရွှေတက်လာပြီးလျှင်..
    ငလျှင်ကြီးများလှုပ်၏ ..
    နေပြည်တော်တွင်တစ်ရက်တည်းမိုးကြိုးငါးကြိမ်ပစ်ချ၏..
    ရေဘေးဒုက္ခအားပြည်သူတို ့မရှုမလှခံကြရ၏..
    မီးဘေးကြုံရ၏..
    လေဘေး(နာဂစ်)ဒုက္ခကိုအကြီးအကျယ်ခံစားကြရ၏..
    ကပ်ရောဂါတို ့ကျရောက်၏..
    မချစ်မနှစ်သက်သောတရုတ်တို ့ရက်စက်မှုကိုပြည်သူအပေါင်းတို ့ခံစားကြရ၏..
    ငရွှေကားမသနားသည့်အပြင်မဲပါထပ်လိမ်၏..သေလျှင်ငရဲသို ့သွားမည်ဟုကြိမ်းဝါး၏..။

Leave a Reply