ဒီတလော ကြိုက်ဖြစ်တာလေးတွေ..

kaiNovember 28, 20111min31224

“ဒီတလော ကြိုက်ဖြစ်တာလေးတွေ..”ဆိုတဲ့ခေါင်းစဉ်အတိုင်းပဲ..။
ကြိုက်တာလေးတွေ.. ဖတ်စေချင်လို့  တိုက်ရိုက်ပဲကူးတင်ပါတယ်.။ ဝေဖန်..တွေးပေး..ဆွေးနွေးကြစေလိုပါတယ်..။ 🙂

အဲ.. ဆိုင်ရာဝက်ဘ်ဆိုက်.. စာရေးသူတွေကို ခရက်ဒစ်ပေးပါကြောင်းနဲ့.. လင့်ခ်များလည်း တင်ပေးထားပါတယ်ခင်ဗျား..။
=

ရွှေချဖို့ လိုပါသည်

Sunday, 27 November 2011 11:00 အောင်သင်း

ယခုတလောတွင် ရာသီဥတု ပူနွေးလာသည်။ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရမည်။ သစ်တော သစ်ပင်တွေကို စောင့်ရှောက်ရမည် ဟူသော အသံတွေကို ကျွတ်ကျွတ်ညံ အောင်ကြားနေရသည်။

ထိုသို့သော ကယ်ပါယူပါ အသံတွေ ထွက်လာသည်မှာ နည်းနည်းတောင် နောက်ကျနေပြီလားဟု စိုးရိမ်နေမိခဲ့သည်။ တကယ်တော့ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ် လောက်က ထွက်ခဲ့ဖို့ကောင်းသည်။

အရင်းရှင်စနစ်ကြောင့် မိုးခေါင်ရသည် ဟုပြောလိုက်လျှင် ကျွန်တော့်ကို ကွန်မြူနစ် လေသံပါလား၊ လက်ဝဲ ဆန်လှချည်လား၊ ဒီအရွယ်မှ ဘာတွေ ထကြောင်နေပြန်သလဲဟု ပြောကောင်း ပြောကြပါလိမ့်မည်။ ထို့ကြောင့် ရေလည်အောင် ပြောရပါတော့မည်။ ယခုပြောမည့် စကားတွေကို ကျွန်တော် ပြောခဲ့သည်မှာ နှစ်ပေါင်း ၄-၅ဝ လောက် ရှိပါပြီ။ လူကြားသူကြားထဲမှာ ပြောခဲ့သည်က နှစ်ဆယ်အစိတ်ရှိပါပြီ။ ထိုသို့ စဉ်းစားလိုက် သောအခါ စောစောစီးစီး အသိဉာဏ်ပွင့်ခဲ့ ပါကလားဟု ဘဝင်တောင် မြင့်လိုက်ရမလိုလို အောက်မေ့ လိုက်မိသေးသည်။

တကယ်ဆိုတော့ သစ်တောဘက် အရာရှိအမှုထမ်း တွေက ဟိုးအရင် အစောကြီး ကတည်းက သစ်တောနှင့် ရာသီဥတု ဆက်စပ်နေကြောင်း တဖွဖွပြောခဲ့သည်။ သို့သော် မည်သူကမျှ ဂရုမစိုက်ခဲ့ကြ။ သူတို့အသံကို နားစွင့်ရကောင်းမှန်း မသိခဲ့ကြ။ သူတို့ စိတ်ဝင်စားကြ သည်က ကျွန်း-ကျွန်းပင်ဆိုတဲ့ ကျွန်း။

ပင်လယ်ရပ်ခြား လှေသဘောင်္နှင့် ခရီးသွားကြသော အနောက်တိုင်းသားတို့က ကျွန်းသားကို သဘောင်္ တည်ဆောက်ဖို့ စိတ်ဝင်စားကြသည်။ အကြောင်းကတော့ ကျွန်းသားသည် အခြားသောသစ်များ နှင့်မတူ၊ ပင်လယ်ရေငန် နှင့် အလွမ်းသင့်သည်။ ပိုထိုးခြင်း၊ ဆွေးခြင်းမရှိ။ ထို့ပြင် ကျွန်းကထွက်သော ကျွန်းဆီသည် သံနှင့်လည်း သဟဇာတဖြစ်သည်။သံကိုု သံချေးတက်ခြင်းမှ ကာကွယ်ပေးသည်။

ယခုတလော ဤစကားမျိုးတွေကိုလည်း ကြားလာရပြန်သည်။ ကျွန်တော် ပထမဆုံးကြားခဲ့၊ ဖတ်ခဲ့ဖူးတော့ အသက်ဆယ်ရှစ်နှစ်လောက်ပဲ ရှိသေးသည်။ စာဖတ်သူ အံ့ဩသွားလောက်အောင် ပြောလိုက်ရပါအုံးမည်။ နယ်ချဲ့ခေတ် ပါလီမန်တွင် တရုတ်တန်းဘက်က တက်လာသည့် အောက်လွှတ်တော်အမတ် “မစ္စတာ အော်မျိုးရှု” ရေးသည့် “မြန်မာ့စီးပွားရေး” ဟူသော စာအုပ်ထဲတွင် ဖတ်ခဲ့ရခြင်း ဖြစ်သည်။ ထိုစာအုပ်ကို ယခုတော့ ရှာလို့မရအောင် ဖြစ်နေပြီ။

“ကျွန်း” စကားကို ပြန်ကောက်ရပါဦးမည်။ အထက်တွင် ပြောခဲ့သည့် အတိုင်း ပင်လယ်ရေငန်နှင့်လည်း အဆင်ပြေ၊ သံနှင့်လည်း အလွမ်းသင့်လေတော့ သင်္ဘောတည်ဆောက်မှုအတွက် အကောင်းတက့ာ အကောင်းဆုံး ထိပ်တန်းအကောင်းဆုံး “သစ်” ဖြစ်လာခဲ့ရသည်။ ဒီကျွန်းသစ်၏ နိုင်ငံခြား ဝင်ငွေကလည်း အထောကြီးထောလာသောကြောင့် မြန်မာရှင်ဘုရင်တွေလည်း “တော်ဝင်သစ်” အဖြစ် သတ်မှတ်ပြီး သာမန်ပြည်သူတို့ “သွားကြားထိုး နားပန်” ဖို့ပင် ကျွန်းပင်ကို မထိပါးရဟု အမိန့်တော် ထုတ်ပြန်ခဲ့သည်။

မြန်မာ့ “ကျွန်း” မျက်နှာပွင့်လွန်းသောကြောင့် မြန်မာတွေ “ကျွန်” ဖြစ်ခဲ့ ရပုံကို ကျွန်တော် မပြောချင်တော့ပြီ။ အားလုံးသိကြပြီးမို့ပါ။

မြန်မာတွေ ကျွန်ဖြစ်သွားတော့ ကျွန်းပင်တွေကို တွင်တွင်ကြီး ခုတ်ကြရောင်းကြသည်။ နိုင်ငံခြားသား သစ်ကုမ္ပဏီကြီးတွေ အလျှိုလျှို အပြိုင်အဆိုင် ပေါ်လာကြသည်။ “ကျွန်းပွဲတော်” ကြီးပေါ့။

သို့သော် –

ဤ “သို့သော်” က အတော်လေး အရေးကြီးပါသည်။

ကျွန်းပင်ဆိုသည်က မြေကြီးရှိတိုင်း- ရေပေါတိုင်း- မိုးရွာတိုင်း စိုက်လို့ရသည် မဟုတ်။ ပင်လယ်ပြင်အထက် အမြင့်ပေ ဘယ်မျှ ၊ မိုးရေချိန် ဘယ်လောက် စသည်ဖြင့် ရှိသေးသည်။ ထို့ပြင် မြေကြီးမှ အထက် ၅ပေ သာသာ၊ လူ၏ ရင်စို့လောက်တွင် လုံးပတ် ၈ ပေ၊ ၉ ပေ ရှိမှ ကျွန်းရင့်သည်။ ထိုအရွယ်အစားရောက်မှ “သင်းသတ်” ရသည်။

သင်းသတ်သည် ဆိုခြင်းမှာ ကျွန်းပင်အောက်ခြေတစ်ပေလောက် အမြင့်တွင် ကျွန်းပင်ပတ်မိအောင် အရစ်နက်နက် ထစ်ပြီး အပင်ကို သတ်လိုက်ခြင်းဖြစ်သည်။ သည်အတိုင်း ကျွန်းပင် ခြောက်သွားသည့်တိုင်း ထားရသည်။ ၂နှစ်တန်သည် ၃နှစ်တန်သည်ရှိမှ ခုတ်လှဲရသည်။

ဤသို့ တန်းဝင်အဆင့်မီဖြစ်အောင် ကျွန်းပင်၏ သက်တမ်းမှာ နှစ်ပေါင်း ငါးဆယ်မှ ရှစ်ဆယ် ထိအောင်ကြာသည်။

ယှဉ်ကြည့်ဖို့ ပြောလိုက်ရပါဦးမည်။

စပါးစိုက်သည်၊ ကောက်လျင်၊ ကောက်လတ်၊ ကောက်ကြီး စသည်ပေ့ါ။ လေးငါးခြောက်လဆိုလျှင် အသီးစားရပြီ။ ရာဘာခြံ ပျိုးလျှင်တောင် လေးငါးရှစ်နှစ် အစေးခြစ်ရပြီ။ သူတို့နှင့် ယှဉ်လိုက်တော့ ကျွန်းပင်က ပျင်းစရာကောင်းလောက်အောင် စောင့်နေရပြီ။ ကိုယ်စိုက်လိုက်သည့်အပင်ကို သားမြေးတို့လက်ထက်ရောက်မှ သင်းသတ်ရပေတော့မည်။ ဒီကြားထဲတွင် သစ်ပင်သစ်တော ကို နှစ်ကာလ ရှည်လျားစွာ စောင့်ထိန်းရသည့်တာဝန်၊ တောမီး၊ တောင်ယာမီးစောင့်ရသည့်တာဝန် ကုန်ကျစရိတ်တွေက ရှိသေးသည်။

ထိုသို့ ကုန်ကျသော ငွေအရင်းအနှီးထက် အချိန်အရင်းအနှီးကပိုပြီး ဝန်လေးသည်။ မည်သည့် ကုမ္ပဏီ ၊ မည်သည့်အရင်းရှင်ကမျှ စိတ်ဝင်စားမည်မဟုတ်။ ထို့ကြောင့် ရှိပြီး ၊ ရင့်ပြီး၊ အသင့်ဖြစ်ပြီး သစ်တွေကိုသာ တွင်တွင်ကြီး ခုတ်လှဲပြီး ယူကြသည်။ တရားဝင် မိမိတို့ရရှိပြီး သစ်ကွက်မှသာ မဟုတ်ဘဲ စည်းကျော်ပြီး ခိုး၍ ခုတ်သည်မှာလည်း မဟားတယားဟုပင် ဆိုလောက်သည်။ ခုတ်ထားပြီးသော သစ်ကွက်တွင် အသစ်ထပ်မံ စိုက်ပျိုးဖို့ တော့ဖြင့် ယောင်လို့မျှ မတွေးမိကြ။ ထို့ကြောင့်နိုင်ငံတော်အစိုးရကသာလျှင် ဒိုင်ခံပြီး ကျွန်းစိုက်ခင်း ပျိုးထောင်မှုတွေ လုပ်ကြရသည်။

သစ်တောထိန်းသိမ်းရေး၊သစ်တောပြုစုပျိုးထောင်ရေးအတွက်အလုပ်သမားတွေ၊ ကျွမ်းကျင်သူပညာရှင်တွေ မွေးကြရသည်။ ဤသို့အားဖြင့် မြေတိုင်းပညာသင်၊သစ်တောပညာသင်ကျောင်းတွေ ပေါ်လာရသည်။ မြန်မာပြည်တွင် အစောဆုံးပေါ်ခဲ့သည့် အသုံးချ သိပ္ပံကျောင်းတွေဟု ဆိုသင့်သည်။

ဤသို့လျှင် အစိုးရကသစ်တောကွက်လပ်တွေကို ကွက်လပ်ဖြည့်ဖို့ ကြိုးစားခဲ့ပါ၏။သို့သော် အလျဉ်မီအေင် ဤကွက်လပ်တွေကို မည်သို့လျှင် ဖြည့်နိုင်ပါမည်နည်း။

ဤသို့နှင့် ကျွန်တော်တို့တိုင်းပြည်မှာ “ကျွန်း” ကြောင့် “ကျွန်” ဖြစ်ခဲ့ရပြီး “ကျွန်းပြောင်” လို့ မိုးခေါင် ခဲ့ရသည်။ ထို့ကြောင့်အရင်းရှင် စနစ်ကြောင့် မိုးခေါင်ခဲ့ရသည်ဟု ဆိုခဲ့ခြင်းဖြစ်ပါသည်။

ဤသည်မှာ နိဒါန်း ပထမပိုင်းသာ ရှိသေးသည်။

ဒုတိယပိုင်း ဆက်လိုက်ရပါဦးမည်း။

ဒုတိယ ကမာ္ဘစစ်ကြီးဖြစ်တော့ မြန်မာပြည်သို့ ဂျပန်စစ်တပ်ကြီး ဝင်လာ ပါလေတော့သည်။ သူတို့ကလည်း စစ်ရေး အတွက် တံတားဆောက်ဖို့၊ စခန်းဆောက်ဖို့၊ လမ်းဖောက်ဖို့ သစ်တွေကိုခုတ်လိုက်သည်မှာ စည်းမရှိ ကမ်းမရှိ (တကယ့်ကို စည်းမရှိ ကမ်းမရှိ) ဖြစ်လာပါတော့သည်။

ကျွန်တော့်ဇာတိ တောင်တွင်းကြီးမြို့ အရှေ့ဘက်တွင် လေယာဉ်ပျံကွင်း ဆောက်သည်။ ကွင်းအတွက် မြေညှိသည်က အရေးမကြီး၊ လေယာဉ်ပျံဆိုက်နားထားဖို့ ခံတုတ်ဘန်ကာကြီးဆောက်တော့ ကျွန်းကိုပင် သုံးကြပြန်သည်။ အဲ့ဒီမှာတော့ ကျွန်းပင် နုရင့်မရွေးနီးရာခုတ်လှဲပြီး သစ်လုံးပေါင်းရာထောင်ချီပြီး သုံးကြလေတော့ နားလည်သည့် လူကြီးများကရင်တမမ စုတ်တသပ်သပ် နှမြောကြသည်ကို ကျွန်တော် မှတ်မိနေသေးသည်။

စစ်ကြီးပြီးလို့ မကြာမီမှာပင် ပြည်တွင်းသောင်းကျန်းမှုတွေက တစ်နယ်တစ်ဗိုလ် တစ်မြို့ တစ်မင်းသာမက နယ်စွန်ရပ်ကျေးလူမျိုးရေးတပ်မှူးတွေပါ ပေါ်လာကြပြန်သည်။ သူတို့အားလုံးကလည်း “မြေကြီး က ရွှေသီးသည်” ဟုသဘောထားပြီး ကျွန်းတွေကို ဖောဖောသီသီကြီး ခုတ်ပြီး နယ်စပ်က ထုတ်၍ တရားမဝင် တွင်တွင်ကြီး ရောင်းကြပြန်သည်။ တရားမဝင် ဆိုတော့ တိုင်းပြည်အတွက် “တစပြားမှမဝင်” လေတော့ပြီ။ တကယ့်ကို အလဟဿ ပျက်စီးခဲ့ရသည်ကို ပြန်တွေးကြည့်လျှင် အလွန်နှမြောဖို့ကောင်းသည်။ သို့သော် နှမြောရကောင်းမှန်း မသိခဲ့ကြ။

နှမြောရကောင်းမှန်းသိနေသူက “ထိုင်း” ဘုရင်မင်းမြတ် ဖြစ်သည်။

မြန်မာပြည် သောင်းကျန်းသူရောင်စုံက သစ်တွေခိုးပြီး နယ်စပ်က တွင်တွင်ကြီး ထုတ်ရောင်းနေသည်ကို အလွန်အကျွံ မလုပ်သင့်ကြောင်း ထိုင်းသစ်ကုန်သည်တွေကို သတိပေးခဲ့သည်။ မြန်မာပြည်ကို ချစ်လွန်းလို့ တော့မဟုတ်၊ မြန်မာပြည်ဘက်က တောပြောင်လို့ မိုးခေါင်လျှင် ထိုင်းမြေပြင် “အထိနာ” တော့မည်ဖြစ်ကြောင်း ကောင်းကောင်းကြီး နားလည်နေသာ ကြောင့်ဖြစ်သည်။

ကျွန်တော်၏ နိဒါန်းက စိတ်မရှည် နိုင်လောက်အောင် ရှည်နေခဲ့ပြီ ကျွန်တော်တို့တိုင်းပြည် ကျွန်ဖြစ်ခဲ့ရသည်မှာ ကျွန်းကြောင့်ချည်း သက်သက်မဟုတ်၊ ပညာဗဟုသုတနိမ့်ကျသောကြောင့်လည်း ဖြစ်သည်။ အတိုချူပ်ရလျှင် ပညာနည်းခဲ့ခြင်းမှာ ပဓာန အကြောင်းရင်းကြီးဖြစ်သည်ဟုပင် ဆိုချင်ပါသည်။

ပညာပျိုးခင်းနှင့် ကျွန်းပျိုးခင်းကလည်း ခပ်ဆင်ဆင်။

ကျွန်းပျိုးခင်းကလည်း “ခုရေတွင်းတူးခုရေကြည်သောက်” လုပ်ငန်းမျိုးမဟုတ်သကဲ့သို့ပညာရေးပျိုးခင်း ကလည်း ဒီနေ့ စိုက် နောက်နေ့ အသီးစားရသည် မဟုတ်။

နိုင်ငံတော် အစိုးရ၏ သုံးစွဲငွေများတွင် ရေထဲချလိုက်သလို ပလုံမြည်ရုံသာ မြည်သော ဌါနတွေရှိသည်။ ကျန်းမာရေးဌာန၊ ကယ်ဆယ်ရေးဌာန ဆိုတာမျိုးတွေဖြစ်သည်။သစ်တောရေးဌာန၊ ပညာရေးဌာနများ ကိုလည်း ထို “ပလုံ” စာရင်းသွင်းကြသည်။ သို့သော ရေရှည်အကျိုးကျေးဇူးကိုမျှော်ကိုးပြီး အစွမ်းကုန် ငွေကြေးမြှုပ်နှံ ကြရသည်။

ကျွန်းစိုက်ခင်းနှင့် ပညာပျိုးခင်း ခပ်ဆင်ဆင်ဟု ဆိုခဲ့ပါသည်။

မြန်မာပြည်သို့ ဒုတိယ ကမာ္ဘစစ်ကြီးဝင်လာတော့ စာသင်ကျောင်းတွေ အကုန်ပိတ်လိုက်ရတော့သည်။ ခဏတစ်ဖြုတ် မဟုတ်၊ စစ်ကာလတလျှောက်လုံးဆိုလောက်အောင် ပိတ်ထားခဲ့ရသည်။

ကျောင်းတွေကိုသာပိတ်ထားလိုက်လို့ရသည်။ “အရွယ်” ကိုပိတ်ထားလို့ရသည်မဟုတ်။ စစ်တွင်း ကျောင်းပိတ်သည်က ၄-၅နှစ်။ ဒီတော့ စစ်ပြီးသောအခါ ၁၂ နှစ်သားကောင်လေးက ၁ရ နှစ်ရွယ် ကာလာသားလေး ဖြစ်လာခဲ့ပြီ။ ၁၅ နှစ်သားကောင်လေးက အသက်၂ဝ အရွယ် ကာလသားကြီးပေါ့။ သို့သော်ပညာကောင်းကောင်းမသင်ခဲ့ရသော၊ကျောင်းပတ်ဝန်းကြီးနှင့်ဝေးနေခဲ့သောကာလသား လူငယ် များ ဖြစ်နေခဲ့ကြသည်။

ကျွန်တော်ဖတ်ဖူးသော စာလေးတစ်ပုဒ်ကို သတိရမိပြန်သည်။

“စစ်ပွဲကြီး တစ်ခုဖြစ်လိုက်လျှင် တပ်မကြီးသုံးခု ကျန် နေရစ်ခဲ့မြဲဖြစ်သည်။ ထိုတပ်များကား လင်သားဆွေမျိုး ဆုံးပါးခဲ့ရ၍ ငိုကြွေးနေရသော မျက်ရည်တပ်၊ ခြေပြတ် လက်ပြတ်ဖြစ်နေသော ဒုက္ခိတတပ်၊ စစ်အတွင်းက ကျန်ရစ်ခဲ့သော လက်နက်များဖြင့် သောင်းကျန်းနေသော သူခိုးဓားပြတပ်တို့ ဖြစ်သည်” တဲ့။

ကျွန်တော်က “ပညာမဲ့တပ်မကြီး” တစ်ခုပင် ဖြည့်လိုက်ချင်မိသေးသည်။

အကြောင်းက ခေတ်ကာလာ မငြိမ်မသက် ဖြစ်လျှင် ပထမဆုံးစပြီး ပိတ်ရသည်က စာသင်ကျောင်း၊ နောက်ဆုံးမှ ပိတ်ရသည်က ရဲစခန်း။ ခေတ်ကလေးငြိမ်စပြုလာလျှင် ပထမဆုံးဖွင့်ရသည်က ရဲစခန်း၊ နောက်ဆုံးမှ ဖွင့်ရသည်က စာသင်ကျောင်း။ “ကျောင်းပိတ်တော့” “ခေါင်းပိတ်” ခဲ့ရသည်။

လူငယ်တွေရဲ့ ခေါင်းက ကျောင်းပညာကိုသာ ပတ်ခဲ့ရသည်။ အခြားသော မဖွယ်မရာတွေကိုတော့ စစ်ကြီးကျေးဇူးကြောင့် ဆည်းပူးခဲ့ရသည်။ သေခြင်း၊ သတ်ခြင်း၊ လုယက်တိုက်ခိုက်ခြင်း၊ လက်နက်အားကိုးခြင်း စသည်တို့ကိုမူကား ယဉ်ပါးခြင်းကြီးမက ယဉ်ပါးလာခဲ့ကြသည်။

ကျွန်တော်တို့တိုင်းပြည်ကတော့ ဒုတိယ ကမာ္ဘစစ်ကြီးနဲ့တင်အားမရ သေးသောကြောင့် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းသောင်းကျန်းမှု သူငယ်နာက မွေးရာပါ ဖြစ်လာခဲ့ရသည်။ ထို့ကြောင့် ကျေးလက်တွေမှာဆိုလျှင် စာသင်ကျောင်းတွေမှာ ပိတ်ရက်က ဖွင့်ရက်ထက် များနေကြပြန်တော့သည်။

ကျွန်းပျိုးခင်းနှင့် ပညာရေးပျိုးခင်းတို့၏ အကျိုးသက်ရောက်မှုမှာ ချက်ချင်းမသိသာ။ ရေရှည်ကျမှ ခံစားကြရခြင်း ဖြစ်သည်။

ကျွန်းကြောင့် ကျွန်ဖြစ်ခဲ့ရသည်။ ကျွန်းပြောင်၍ မိုးခေါင်ခဲ့ရသည်။ ပညာရေးပျိုးခင်းပြောင်လျှင်တော့ မိုးတွင်းတောင် မနားရသည့် “အင်တာနေရှင်နယ်ကူလီ” “ဂလိုဘယ်လ်သူရင်းငှား” ဖြစ်မှာ သေချာသည်။

“ပြောပြန်ရင်လည်း အောင်သင်း လွန်ရာကျမယ်” ဟု ဟစ်လိုက်ချင်မိတာ ရှိသေးသည်။ လွန်ခဲ့သော ၁၅နှစ်လောက် ကတည်းက “စင်္ကာပူဟာ အရှေ့တောင်အာရှမှာ ကျူရှင်ဖွင့် လိမ့်မယ်”ဟု ကျွန်တော် ပြောခဲ့သည်။ စင်ပေါ်မှာကို ပြောခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ကျွန်တော့် မြေးဦးမလေးကိုတောင် စင်္ကာပူမှာ နောက်ထပ်ဘွဲ့သွားယူဖို့ သူ့မိဘများက လုံးပမ်းနေကြသည်။

စင်္ကာပူနှင့်စာလိုက်တော့ ကျွန်တော်တို့က ဘဝအကျိုးပေးအလွန်ကောင်းသည့် တိုင်းပြည်ဖြစ်သည်။ သူတို့မှာ အခြား သယံဇာတမဆိုထားနှင့် ရေတောင် “အင်ပို့” လုပ်ပြီး ဝယ်သောက်နေရခြင်း ဖြစ်သည်။

ထို့ကြောင့် ပညာရေးနှင့် ပညာရေးလောကကို ဦးဆောင်ဦးရွက်ပြုနေ သူများအား ပညာရေးကို သည်ထက် သည်ထက် တိုး၍ တိုး၍ အားပေး ကြစမ်းပါ။ ကျွန်တော်တို့ အိုးမင်းမစွမ်းဖြစ်ချိန်တွင် သားသမီးတွေ လက်ခမောင်း ခတ်သံကို မှန်းဆကြားယောင်ပြီး ခါးတောင်းကျိုက်ထားစမ်းပါဟု ပြောချင်မိသည်။

ကျွန်တော်တို့က ဘုရားကို ရွှေချသည်။ ရွှေခွက်မပြီး ရေစက်ချလိုက်မှ ကုသိုလ်ရသည်ဟု ထင်ကြသည်။ လူငယ်တွေကိုတော့ သစ္စေး ပဲသုတ်ထားသည်။ ဘုရားရွှေသင်္ကန်းကပ်ပြီး ပိုတဲ့လျှံတဲ့ ရွှေကလေးလောက် ကိုတော့ဖြင့် လူငယ်တွေကို ချပေးလိုက်စေချင်သည်။ “လူငယ်တွေကို ရွှေချမှ အနာဂတ် တောက်ပမည်” ဟူသော ကြွေးကြော်သံ မြည်နေစေချင်ပါသည်။

ဆောင်းပါလည်းရှည်လွန်းပြီ။ ရေးနေရင်း လက်ညောင်းလာသောကြောင့် ကျော်ကာချန်ကာ ရေးခဲ့သည်တို့ကို စာဖတ်သူများက စိတ်အညောင်း ခံပြီး ဖော်ကာကြံကာ ဖတ်ကြပါတော့ဟု တောင်းပန်လိုက်ရပါသည်။ ကျေးဇူးတင်ပါသည်။

အောင်သင်း

၁၂-၇-၂၀၀၇

http://www.maukkha.org/index.php?option=com_content&view=article&id=2001:2011-11-27-11-06-33&catid=library-&Itemid=272

====================

ဒို့မြန်မာတွေ ဘယ်တုန်းက တော်ခဲ့သလဲ

Sunday, 27 November 2011 00:25 လှရွှေ

ဒီကနေ့ မြန်မာစာပေလောကမှာ ခေတ်လူငယ်တွေကို အားမရလို့ မကြာမကြာ ဖတ်ရတဲ့ ဆောင်းပါး တပုဒ်ရှိပါတယ်။ “ဒို့ခေတ်ရောက်မှ ညံ့ကြတော့မှာလား” ဆိုတဲ့ ဆောင်းပါးလေး ဖြစ်ပါတယ်။

ကျနော် ဒီခေါင်းစဉ်းလေးကို ဖတ်တိုင်း ဘဝမကျစရာတွေ အမြဲတမ်း တွေ့ပါတယ်။

(၁) မြန်မာလူမျိုးတွေက ကြွားဝါချင်ကြတယ်

(၂) ကျရှုံးတာကို လက်မခံချင်ဘူး

မြန်မာလူမျိုးတွေ အောင်မြင်တဲ့လူမျိုး ဘယ်တုန်းက ဖြစ်ခဲ့သလဲ ဆိုတဲ့အချက်ကို အတိတ်သမိုင်း ကိုကြည့်ပြီး လေ့လာသင့်တယ်။

ကုန်းဘောင်ခေတ် စတင်တည်ထောင်တဲ့ ၁၇၅၂ လောက်ကကြည့်မယ် ဆိုရင် ကုန်းဘောင်မင်းဆက်မှာ မြန်မာတစ်နိုင်ငံလုံးရှိ တိုင်းရင်းသားတွေကိုပါ သိမ်းသွင်းပြီး မြန်မာအင်ပါယာကို တည်ထောင်ခဲ့သူကတော့ ဘိုးတော်ဘုရား ဖြစ်ပါတယ်။ ၁၇၈၄ မှာ ရခိုင်ကို သိမ်းပိုက်ပြီးတဲ့ အချိန်မှာ မြန်မာတနိုင်ငံလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ၁၈၁၉ မှာ ဘိုးတော်မောင်ဝိုင်း နတ်ရွာစံတော့ ဘကြီးတော်က ထီးနန်းကို ဆက်ခံတယ်။ ကုန်းဘောင်မင်းဆက် ပျက်သုန်းရမယ့် အကြောင်းတရားတွေထဲက အချက်တချက်က ဘကြီးတော် ရဲ့ အရည်အချင်းညံ့ဖျင်းမှုနှင့် စစ်သူကြီး မဟာဗန္ဓုလရဲ့ ရန်လိုတဲ့အပြုအမှုတွေကြောင့် ဖြစ်ပါတယ်။ စစ်သူကြီး မဟာဗန္ဓုလဟာ အိန္ဒိယနိုင်ငံထဲက မဟာရာဇာတွေ အုပ်ချုပ်တဲ့ မဏိပူရ၊ ကချာ၊ ဂျိန်းတိယ နယ်တွေကို သိမ်းပိုက်နိုင်ခဲ့တာကို သိပ်အဟုတ်ထင်ပြီး အင်္ဂလိပ်တွေနဲ့ ထိပ်တိုက်တွေ့ရေးကို ရွေးချယ်ခဲ့တယ်။ မှတ်တမ်း တခုမှာဆိုရင် ဘကြီးတော်အပါအဝင် နန်းတွင်းအကြံပေးနှင့် ပြည်သူတွေက စစ်သူကြီးရဲ့ အရည်အချင်းကို ယုံကြည်တဲ့အတွက် အင်္ဂလိပ်ကျူးကျော်မှာကို မမှုဘူးလို့ ရေးထားတယ်။

ပထမ အင်္ဂလိပ် မြန်မာစစ် စစချင်းပဲ ဘကြီးတော်နဲ့ ပြည်သူတွေ အားကိုးခဲ့တဲ့ မဟာဗန္ဓုလ စစ်ရေးမဟာ ဗျူဟာမှာ အရေးနိမ့်ခဲ့တယ်။ စစ်သူကြီးထင်သလို အင်္ဂလိပ်တွေဟာ အနောက်ဖက် စစ်မျက်နှာက ဝင်ရောက်မယ်လို့ တွက်ချက်ခဲ့တာ တက်တက်စင်အောင် လွဲခဲ့တယ်။ မြန်မာတပ်တွေ အနောက်ဘက် စစ်မျက်နှာကို ရောက်နေတဲ့အချိန် အင်္ဂလိပ်တပ်တွေဟာ တောင်ဘက် စစ်မျက်နှာက ဝင်ရောက်ပြီး ပြည်မြို့အထိ သိမ်းပိုက်ခဲ့တယ်။ မဟာဗန္ဓုလ သတင်းကြားလို့ တောင်ဘက် စစ်မျက်နှာကို လိုက်လာတဲ့အချိန်က တနှစ်ကြာတယ်။

ဓနုဖြူမှာ စစ်သူကြီး ကျသွားတဲ့ သတင်းကိုကြားတော့ နေပြည်တော်က ဘုရင်နဲ့ မူးမတ်၊ ပြည်သူတွေ တအံ့တဩ ဖြစ်ခဲ့ရတယ်။ ဧရာဝတီ မြစ်ကိုဖြတ်ဖူးတဲ့ စစ်သူကြီးက အတ္တလန္တိတ် သမုဒ္ဒရာနှင့် အိန္ဒိယ သမုဒ္ဒရာနှစ်ခုကို ဖြတ်ပြီး နယ်ချဲ့လာတဲ့ အင်္ဂလိပ်ကို အထင်သေးတာဟာ စဉ်းစား တွေးတောမှု ညံ့ဖျင်းတာကို ပြတာဖြစ်တယ်။ ဒါကို ဒီကနေ့ မြန်မာတွေကကော လက်ခံရဲ့လား။

အိမ်နီးချင်း ထိုင်းနိုင်ငံ

ကုန်းဘောင်ခေတ် တလျှောက်လုံး မြန်မာတွေ အနိုင်ကျင့်ခဲ့တဲ့ နိုင်ငံကတော့ ထိုင်းနိုင်ငံပဲ ဖြစ်ပါတယ်။ မြန်မာတွေရဲ့ ကျူးကျော်မှုကို ငါးနှစ်တကြိမ်လောက် ကျူးကျော်တာ အမြဲ ခံခဲ့ရတယ်။ မြန်မာတွေရဲ့ ကျူးကျော်မှုကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်နေတဲ့ နိုင်ငံကို တရုတ်အနွယ်ဝင် (P’ya Taksin) ပျာတက်ဆင် က စုစည်းပြီး နိုင်ငံကို ပြန်လည်တည်ထောင်ခဲ့တယ်။

ဒါပေမဲ့ ထိုင်းမင်းမျိုးမင်းနွယ်တွေက မကျေနပ်တဲ့အတွက် ဗိုလ်ချုပ် ချက္ကရီဟာ ပျာတက်ဆင်ကို အပြတ်ရှင်းပြီး ထီးနန်းကို ရယူခဲ့တယ်။ ၁၇၈၂ မှာမြို့တော်ကို ဘန်ကောက်သို့ ပြောင်းရွေ့ခဲ့တယ်။ ဒီနေ့ ချက္ကရီ မင်းဆက်ဆိုတာ သူရဲ့အဆက်အနွယ်တွေ ဖြစ်ပါတယ်။

ဘန်ကောက် မင်းဆက်တွေက သံတမန် ဆက်ဆံရေးမှာ ကျွမ်းကျင်တယ်။ မိမိရဲ့ အားနည်းချက်နှင့် တဘက်သူရဲ့ အင်အားကြီးမားမှုကို နားလည်တဲ့အတွက် အနောက်အင်အားကြီးနိုင်ငံတွေနဲ့ သံတမန်ဆက်ဆံရေးမှာ ပြေလည်အောင် ပေါင်းသင်းခဲ့တယ်။

ပထမအင်္ဂလိပ် မြန်မာစစ်ပွဲအပြီး ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုတော့ အင်္ဂလိပ်တွေ တောင်းဆိုတဲ့ (၇) ချက်မှာ ယိုးဒယားကို ဝင်ရောက်ခြင်းမပြုရဆိုတဲ့ အချက်ပါတာဟာ စိတ်ဝင်စားစရာ ကောင်းတဲ့အချက် ဖြစ်ပါတယ်။

အင်္ဂလိပ်တွေဟာ ၁၈၂၄ မတိုင်မီကတည်းက ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေးတွေ ရှိခဲ့ပါတယ်။ အင်္ဂလိပ် ကုန်သည်တွေအပေါ် ထိုင်းဘုရင်ရဲ့ အလေးထား ဆက်ဆံမှုကြောင့် မြန်မာတွေနဲ့ စစ်ရပ်စဲရေး ငြိမ်းချမ်းရေး စာချုပ်ထဲမှာ ထိုင်းနိုင်ငံကို အကာအကွယ်ပေးတဲ့ အချက်တစ်ချက်ကို ထည့်သွင်းပေးခဲ့တယ်။ ဒါက ကုန်းဘောင်ခေတ်နဲ့ အပြိုင် တည်ရှိခဲ့တဲ့ ချက္ကရီ မင်းဆက်တွေရဲ့ သံတမန် ဆက်ဆံရေး ကျွမ်းကျင်တာကို နှိုင်းယှဉ်ပြတာ ဖြစ်ပါတယ်။

လွတ်လပ်ရေး ခေတ်ကြိုကာလ

လွတ်လပ်ရေး ခေတ်ကြိုကာလကို ပြန်ကြည့်ရင် ၁၉၂ဝ အမျိုးသားလှုပ်ရှားမှုက စတင်ရေတွက်မယ်ဆိုရင် မြန်မာတွေ အင်္ဂလိပ် လက်အောက်က လွတ်မြောက်ဖို့ ရုန်းကန်ရတာ နှစ် (၂၀) လောက်ပဲကြာတယ်။ အပြင်ပန်း သဏ္ဍာန် အရကြည့်ရင် တော်တော် အောင်မြင်တယ်လို့ ဆိုလို့ရပါတယ်။

ဒါပေမဲ့ အဲဒီနှစ် (၂၀) အတွင်း ဥရောပတိုက်မှာ မဟာအပြောင်းအလဲကြီး ဖြစ်ခဲ့တယ်။ ၁၉၁၈ မှာ ပထမ ကမ္ဘာစစ်ကြောင့် နေမဝင်ပြည့်ရှင် အင်္ဂလိပ် တော်တော်လေး အထိနာခဲ့တယ်။ လေးနှစ်တာ စစ်ပွဲကြောင့် ပြည်တွင်း နိုင်ငံရေး တည်ငြိမ်မှု နည်းပါးခဲ့တယ်။ စစ်ကြီးပြီးလို့ နှစ် (၂၀) အကြာမှာ နောက်ထပ်စစ်ပွဲ တခုကြုံရပြန်တယ်။

ဒုတိယ ကမ္ဘာစစ်ကတော့ ကိုလိုနီ လက်အောက်ခံ နိုင်ငံတွေကို လွတ်လပ်ရေး ပေးရေးဆီကို ဦးတည်စေခဲ့တယ်။ နိုင်ငံရဲ့ ဓနအင်အားနှင့် လူအင်အားက လက်အောက်ခံ နိုင်ငံတွေကို ထိမ်းသိမ်းနိုင်တဲ့ အနေအထား မရှိတော့ဘူး။ ပြည်သူတွေလည်း စီးပွားပျက်ကပ်ကြောင့် အစာရေစာကို ခွဲတမ်းစနစ်နဲ့ စားသုံးနေရတဲ့အချိန်မှာ ဒို့မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့ပါတယ်။ အဲဒါတွေက သမိုင်းထဲက သက်သေတွေပါ။

လွပ်လပ်ရေး ရပြီးကာလ

ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးတဲ့နောက် ၁၉၄၈ နောက်ပိုင်းမှာ တိုင်းပြည်လွတ်လပ်ရေးကို ဦးဆောင်ခဲ့ကြတဲ့ လူငယ်ခေါင်းတွေဟာ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် တိုင်းပြည်တိုးတက်ရေးကို ဆောင်ကြဉ်း ပေးနိုင်ခြင်းမရှိခဲ့ဘူး။ ပြည်တွင်းစစ်ကို ဦးတည်စေခဲ့တယ်။

လွတ်လပ်ရေး ခေတ်ကြိုကာလ လူတွေတော်ရင် ကျနော်တို့နိုင်ငံ ပြည်တွင်းစစ်ကို ကျရောက်စရာအကြောင်း မရှိပါဘူး။ နုနယ်လှတဲ့ နိုင်ငံခေါင်းဆောင်တွေမှာ လက်ဝ၊ဲ လကျင်္ာ နိုင်ငံရေးအပြင် ဗမာလူမျိုးကြီးဝါဒကလည်း ရှိသေးတော့ မျိုးဆက်သစ်တွေအပေါ် ပြည်တွင်းစစ်ကို အမွေပေးခဲ့တယ်။

မြန်မာ့သမိုင်းမှာ ဘကြီးတော်လက်ထက် ကတည်းက နိုင်ငံ့ ခေါင်းဆောင်တွေအပေါ် စစ်သူကြီးတွေရဲ့ ဩဇာလွှမ်းမိုးမှုကို ခံခဲ့ရတယ်။ တိုင်းပြည်တည်ဆောက်ရေးကာလ ၁၉၅၀-၆ဝ ခုနှစ်တွေ အတွင်းမှာလည်း နိုင်ငံ့ခေါင်းဆောင်တွေအကြား ညီညွတ်မှုကို မတည်ဆောက် နိုင်ခဲ့ဘူး။ ရဲဘော်သုံးကျိပ်ဝင်တွေ အကြားမှလည်း အယူဝါဒရေးရာ ကွဲပြားမှုကို တိုင်းပြည်တည်ဆောက်ရေးထက် ဇောင်းပေးခဲ့တဲ့အတွက် အကွဲအပြဲဇာတ်လမ်းက တိုင်းပြည်ကို နစ်နာစေခဲ့တယ်။ ကျနော်တို့နိုင်ငံရဲ့ ကျရှုံးတဲ့သမိုင်းဟာ လူမျိုးတွေရဲ့ စရိုက်လက္ခာနှင့်လည်း သက်ဆိုင်နေပါတယ်။ ၁၉၆၂ ကစပြီး နေဝင်းကို တော်လှန်နိုင်တဲ့ နိုင်ငံရေး၊ စစ်ရေး ခေါင်းဆောင် ဆိပ်သုဉ်းသွားခဲ့ပါတယ်။

၁၉၈၈ ခုနှစ်က စတင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုက ဦးနေဝင်းကို ဖြုတ်ချနိုင်ခဲ့ပေမဲ့ ကျောင်းသား ခေါင်းဆောင်တွေမှာ နိုင်ငံပြောင်းလဲရေး စီမံကိန်းတွေ စနစ်တကျ မရှိတာကြောင့် အင်စတီကျူးရှင်း အဖြစ် တခုတည်းတည်ရှိနေတဲ့ စစ်တပ်က နိုင်ငံရေးကို ဦးဆောင်လာပြန်တယ်။ နိုင်ငံပြောင်းလဲရေးကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်း ဆောင်တချို့ တောထဲရောက်ပြီး၊ တချို့ထောင်ထဲရောက် ခဲ့ရတယ်။ ကျောင်းသားလှုပ်ရှားမှုနှင့် အတူပေါ်ပေါက်လာခဲ့တဲ့ ခေါင်းဆောင်သစ် ဒေါ်အောင်ဆန်း စုကြည်ကိုလည်း မလှုပ်ရှားနိုင်အောင် လုပ်ထားလိုက်ပါတယ်။

၁၉၈၈ ကနေ ၂၀၁၁ ခုနှစ်ကလက အတွင်းမှာလည်း စစ်တပ်နှင့် လူထုခေါင်းဆောင်တွေအကြား ညှိနှိုင်းဆွေးနွေမှုနှင့် နိုင်ငံကို ပြန်လည်မတည်ထောင်နိုင်တာဟာ ကျနော်တို့ မြန်မာတွေ အကုန်လုံးညံ့လို့ ဖြစ်ပါတယ်။

ကမ္ဘာကျော်တဲ့ မြန်မာတွေကော ရှိသလား

နို်င်ငံရေး ခေါင်းဆောင်တွေအပြင် ကမ္ဘာကျော်တဲ့ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ စာပေအနုပညာ ပညာရှင်တွေကော ရှိသလားလို့ မေးရင်မရှိဘူလို့ ပြန်ဖြေရပါမယ်။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဖြစ်ခဲ့သူ ဦးသန့်က လွဲရင် ဘယ်သူမှ မရှိတော့ပါဘူး။ ခေတ်သစ်ကာလမှာလည်း ကမ္ဘာ့အဖွဲ့အစည်းတွေမှာ မြန်မာလူမျိုးတွေ တယောက်တလေမှ မရှိပါဘူး။ လွတ်လပ်ရေး ရပြီးကာလ မျိုးဆက်တွေမှာ ကမ္ဘာကျော်တဲ့ မြန်မာဆိုတာလည်း မရှိဘူး။ အလှည့်ကျစနစ်နဲ့ ရတဲ့တာဝန်ကလွဲရင် မြန်မာလူမျိုး စီးပွားရေး လူမှုရေး ခေါင်းဆောင်ဆိုတာ မရှိတော့ပါဘူး။

၂၀၀၄ ခုနှစ်က ထိုင်းနိုင်ငံ ချူလာလောင်ကောင် တက္ကသိုလ်က ဥပဒေ ပါမောက္ခ Vitit Muntarbhorn ကို ကုသမဂ္ဂက မြောက်ကိုးရီးယား နိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်အဖြစ် ခန့်အပ်တာ၊ ထိုင်းနိုင်ငံ ဒီမိုကရက်တစ်ပါတီက ဆူပါချိုင်း Supachai Panitchpakdi ကို WTO ဒါရိုက်တာ အဖြစ်ခန့်အပ်တာတွေက သူတို့ရဲ့ ပညာတွေ အပေါ်ကို အခြေခံပြီး ခန့်အပ်တာဖြစ်ပါတယ်။ ဒီလို နိုင်ငံဂုဏ်ဆောင် ထို်င်းလူမျိုးတွေ နေရာအနှံ့ ရှိနေပါတယ်။

ကျနော်တို့ မြန်မာလူမျိုးတွေ ဘယ်တုန်းကမှ မတော်ခဲ့ဘူးဆိုတာကို ဒီနေ့မြန်မာ လူ့အဖွဲ့အစည်းကို အခန်းကဏ္ဍပေါင်းစုံမှာ ဦးဆောင်နေတဲ့သူတွေ လက်ခံနိုင်မှာမဟုတ်ပါဘူး။ ကျနော်နဲ့အတူနေ မိတ်ဆွေတွေအပါအဝင် ပြည်တွင်း ပြည်ပ ခေါင်းဆောင်တွေ ပြောလေ့ရှိတဲ့စကားက ကျနော်တို့လူမျိုးဟာ သိပ်မညံ့ပါဘူး။ အခွင့်အရေး တန်းတူရရင် မညံ့ပါဘူးတဲ့။ အဲဒီအခွင့်အရေး တန်းတူရရှိရေးကို ရအောင်မတိုက်နိုင်တာကိုက ကျနော်တို့ညံ့လို့ ဖြစ်ရတာပါ။

ကျနော်တို့ မြန်မာလူမျိုးတွေ “ဘယ်တုန်းက တော်ခဲ့တာလဲ”။ မြန်မာ့လူ့အဖွဲ့အစည်းမှာ ဦးစီးဦးဆောင်ပြုနေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဒီနေ့မြန်မာလူငယ်တွေကို ကြွားဝါနေတာ၊ မခံချင်စိတ်နဲ့ပြောတာ၊ ပုံကြီးချဲ့ပြောတာတွေကို ခဝါချပြီး အဖြစ်မှန်ကို သိရှိနားလည်အောင် ချပြပြီး၊ ရှေ့လျှောက်ရမယ့် ခရီးအတွက် ပြင်ဆင်ပေးသင့်ပါတယ်။

လှရွှေ

Sources;

1. A History of South East Asia since 1500 by Gilbert Khoo.

2. History of Burma by Huge Tinker

http://www.maukkha.org/index.php?option=com_content&view=article&id=1998:2011-11-27-00-36-37&catid=opinion&Itemid=270

24 comments

  • thit min

    November 28, 2011 at 8:21 am

    “”ဤသို့ တန်းဝင်အဆင့်မီဖြစ်အောင် ကျွန်းပင်၏ သက်တမ်းမှာ နှစ်ပေါင်း ငါးဆယ်မှ ရှစ်ဆယ် ထိအောင်ကြာသည်။””

    ~~~~~~~~~~~~~~~~~~~~
    အနှီ ကျွန်းပင်ကို တမိနစ်လျှင် အလုံးပေါင်းများစွာထုတ်နိုင်သော ဟန်းဆက်လှလှလေးများနှင့်လှဲလှယ်
    ခဲ့ကြပါပေတကား။
    ထိုသည်ကား အင်းကလိပ်သတ္တဝါများခေတ်၊နိပွန် စန်ပွန်တို့ခေတ်မဟုတ်သော တွင်းကလိပ်
    (ကိုယ့်ဘက်ကိုယ်ယက်)များနဲ့ စပွန်စာခေတ်၏ ယနေ့လက်တွေ့ဖြစ်နေပြီ။ ကျွန်းပင်ဟူသည် ဓာတ်ပုံနှင့်
    အပင်ပေါက်သာဖြစ်ရလေတော့သည် ဗျ
    ဟင် …အဖြစ်ဆိုးလှချည်ရဲ့ အမယ်မင်း(ပလို့ ဂျိ)
    ~~~~~~~~~~~~~~~~~~~~
    ” ကျွန်တော်က “ပညာမဲ့တပ်မကြီး” တစ်ခုပင် ဖြည့်လိုက်ချင်မိသေးသည်။”
    ~~~~~~~~~~~~~~~~~~~~
    ကျနော်ကတော့ အချင်းချင်းပြန်သမ တပ်မကြီးဖြည့်ချင်ပါသည်။
    အင်မတန် မှ မေတ္တာတရားဟောကြားရာတွင် နာမည်ကျော်လှသော ဆရာတော်ဘုရားလေဆိပ်တွင်သွား
    ရောက်ကြိုဆို လိုက်လံပို့ဆောင်သူများသည် အချင်းချင်းမတဲ့ကြသော ဂေါပကအဖွဲ့ ၂ ဖွဲ့ဖြစ်လေပြီ။
    ဪ ဒီမိုကရေစီ သည် ဟစ်ပိုကရေစီကို ကျော်နိုင်ပါ့မလားကွယ်ရို့။
    ~~~~~~~~~~~~~~~~~~~~
    “”နို်င်ငံရေး ခေါင်းဆောင်တွေအပြင် ကမ္ဘာကျော်တဲ့ စီးပွားရေး၊ လူမှုရေး၊ နည်းပညာ၊ စာပေအနုပညာ ပညာရှင်တွေကော ရှိသလားလို့ မေးရင်မရှိဘူလို့ ပြန်ဖြေရပါမယ်။ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဖြစ်ခဲ့သူ ဦးသန့်က လွဲရင် ဘယ်သူမှ မရှိတော့ပါဘူး။ ခေတ်သစ်ကာလမှာလည်း ကမ္ဘာ့အဖွဲ့အစည်းတွေမှာ မြန်မာလူမျိုးတွေ တယောက်တလေမှ မရှိပါဘူး။ လွတ်လပ်ရေး ရပြီးကာလ မျိုးဆက်တွေမှာ ကမ္ဘာကျော်တဲ့ မြန်မာဆိုတာလည်း မရှိဘူး။ အလှည့်ကျစနစ်နဲ့ ရတဲ့တာဝန်ကလွဲရင် မြန်မာလူမျိုး စီးပွားရေး လူမှုရေး ခေါင်းဆောင်ဆိုတာ မရှိတော့ပါဘူး။””
    ~~~~~~~~~~~~~~~~~~~~~
    သူ့ တော်တယ်ဆိုတဲ့ ပေတံဟာ ဘယ်အတိုင်းအတာအထိ၊ ဘယ်စံနှုန်းနဲ့ သတ်မှတ်ထားလည်း ကျနော်မသိပါ။
    သူ့စံနှုန်းနဲ့ ဆို ဦးသန့် တယောက်သာဆိုရင်တော့နာမည်ကျော်ချင်းကိုတော်ခြင်းနဲ့ ပေါင်းစပ်စဉ်းစားနေသော
    ယင်းစာရေးသူ၏ ပေတံလို့သာမှတ်ပါမည်။
    တော် ခြင်းကိုဆိုလိုချင်တာလား၊ ကျော်ခြင်းကိုဆိုလိုချင်တာလားဟု မေးခွန်းရှိလာပါသည်။
    ထားပါတော့။သူ့သဘောသူဆောင်။
    မြန်မာလူတော်များ တကယ်ရှိခဲ့ကြောင်းကို အင်ဂလန်တက္ကသိုလ်၊ အမေရိကန်တက္ကသိုလ်များမှ
    နာမည်ကျော်ဆရာကြီးများ ပါဝင်သော ကွန်ဖရန့်များတက်ဘူးရင် သိပါလိမ့်မည်။
    စာတွင်ရေးသားထားခြင်းမျိုး မဟုတ်ပါ။ နားနဲ့ဆတ်ဆတ် အစိမ်းလိုက်ကြားရပါလိမ့်မည်။

    မြန်မာပညာရှိ ဆရာကြီးများရေးသားသော ကျမ်းများကိုပြဌာန်းသင်ကြားမှူများကို ကြားသိဘူးခြင်းမရှိ ဟုယူဆရပါမည်။
    ဪ မိမိတက်မိသာ အမြင့်လောက်နဲ့၊မိမိထောက်မိသော အတိမ်အနက်လောက်နှင့် ဒီလောက်ဘဲမြင့်တာပါ။
    ဒီလောက်ဘဲ နက်တာပါဟုဆိုခြင်းသည်ကား မလျှော်ကန်ပါပေသည်တကား။
    လူမသိ သူမသိ “တော်သော” သူများစွာပင်ရှိနေသေး ကြောင်း “စိတ်ကောင်းနှလုံးကောင်းလေး”ဖြင့်ရှာဖွေပါအံ့။
    နာမည်ကျော် နဲ့ လူတော် ကို မကွဲသော သဘောရှိသည်။

    ~~~~~~~~~~~~~~~~~~~~~~~~

    “အဲဒီအခွင့်အရေး တန်းတူရရှိရေးကို ရအောင်မတိုက်နိုင်တာကိုက ကျနော်တို့ညံ့လို့ ဖြစ်ရတာပါ။”

    ~~~~~~~~~~~~~~~~~~~~~~~~
    ဟုတ်ကဲ့ အဲဒီစကားကိုဘဲဖြည့်ရပါတော့မယ်။
    လူတယောက်ဟာ တော်တာနဲ့ အခွင့်အရေးကို ရအောင်တိုက်နိုင်တယ်လား။
    အံ့ဘွယ်သုတ။
    ဒါဆို အခွင့်အရေးကိုရအောင်တိုက်နိုင်ရင် လူတော်လား။
    ဟို သစ်ပင်တွေကုန်အောင်ခုတ်တဲ့လူကြီး။
    သတင်းစာဆရာတွေကို ပြစ်တင်ဝေဖန်တဲ့လူကြီး တွေက မညံ့ဘူးလို့ဆိုလိုတာလား။
    လွဲပြန်ပြီ။
    အခွင့်အရေးသမား နဲ့ လူတော်ကို ရောပြန်ပြီ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    စာလုံးတလုံးစီ ၏ မူရင်းကို ကိုယ်လိုရာဆွဲတွေး ပြီးရေးသားထားခြင်းပါပေ။
    အဲ တခုတော့ အားရပါသည်။ တိုင်းပြည်ကိုချစ်၍ အားမလိုအားမရဖြစ်၍ရေးသားသော စာ တပုဒ်လို့တော့
    ခံစားရပါသည်။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    လေးစားစွာ

    • ကြောင်ကြီး

      November 28, 2011 at 11:10 am

      “”ဤသို့ တန်းဝင်အဆင့်မီဖြစ်အောင် ကျွန်းပင်၏ သက်တမ်းမှာ နှစ်ပေါင်း ငါးဆယ်မှ ရှစ်ဆယ် ထိအောင်ကြာသည်။””
      ~~~~~~~~~~~~~~~~~~~~
      အနှီ ကျွန်းပင်ကို တမိနစ်လျှင် အလုံးပေါင်းများစွာထုတ်နိုင်သော ဟန်းဆက် လှလှလေးများနှင့်လှဲလှယ် ခဲ့ကြပါပေတကား။
      ~~~~~~~~~~~~~~~~~~~~
      အမယ်လေး…. မြန်မာတွေ မငတ်ရအောင် အနစ်နာခံ ကုန်သွယ်ရောင်းဝယ် ပေးနေတဲ့ တရုတ်ကြီးသမီးတော် ကြေးမုံလေးရဲ့….. ကိုကြောင်ကြီးတို့ မြန်မာတွေ အဖြစ်ကို လာကြည့်လှည့်ပါအုံး။…. 😥
      Aပေး တရုတ်ကြီး၊ နင်နှစ်ပေါင်းများစွာ ပြုစုပျိုးထောင်လဲခဲ့တဲ့ သမီးကို ငါ တရက်ထဲနဲ့ ဟိုဒင်း……. မင်္ဂလာဆောင်ပစ်မယ်။ နေနှင့်အုံးပေါ့ကွာ… 😡
      ————————————–
      “ခေတ်သစ်ကာလမှာလည်း ကမ္ဘာ့အဖွဲ့အစည်းတွေမှာ မြန်မာလူမျိုးတွေ တယောက်တလေမှ မရှိပါဘူး။ လွတ်လပ်ရေး ရပြီးကာလ မျိုးဆက်တွေမှာ ကမ္ဘာကျော်တဲ့ မြန်မာဆိုတာလည်း မရှိဘူး။ အလှည့်ကျစနစ်နဲ့ ရတဲ့တာဝန်ကလွဲရင် မြန်မာလူမျိုး စီးပွားရေး လူမှုရေး ခေါင်းဆောင်ဆိုတာ မရှိတော့ပါဘူး။”
      ~~~~~~~~~~~~~~~~~~~~
      သိပါဘူး၊ သဂျီးမန်းဂေဇက်သတင်းစာကို တကမာ္ဘလုံး ဖြန့်တယ်၊ အွန်လိုင်းမှာလည်း တကမာ္ဘလုံးက နေ့စဉ်ဝင်ဖတ်သူ ထောင်ချီရှိတယ်ဆိုလို့ ကိုယ့်ကိုယ်ကို ကမာ္ဘကျော်ပြီမှတ်နေတာ အခုတော့ ….. 😥 လူလိမ်ဂျီး၊ ငါ့ဘဝကို ဖျက်ဆီးတယ်။ ဒင်း အနှစ်နှစ်အလလ ပြုစုပျိုးထောင်လာတဲ့ ….. ဟိုဥစ္စာ…. ခြံထဲက သစ်ခွပန်းအိုးကို ငါလာယူမယ်။။။။။။ 👿
      —————————————

  • aye.kk

    November 28, 2011 at 8:44 am

    တစ်ဆွေမျိုးလုံးကိုရွှေချ အားမရတဲ့ငမိုက်သား အာဏာရှင်သူခိုးတစ်စုရယ်..
    သံသေတပြေဝ မင်းတို ့တစ်ဆွေဝဖို.ငါတို ့ပြေပြာကျမှ အားရမှာလား..။

  • blackchaw

    November 28, 2011 at 9:05 am

    “ကျွန်တော်တို့က ဘုရားကို ရွှေချသည်။ ရွှေခွက်မပြီး ရေစက်ချလိုက်မှ ကုသိုလ်ရသည်ဟု ထင်ကြသည်။ လူငယ်တွေကိုတော့ သစ္စေး ပဲသုတ်ထားသည်။ ဘုရားရွှေသင်္ကန်းကပ်ပြီး ပိုတဲ့လျှံတဲ့ ရွှေကလေးလောက် ကိုတော့ဖြင့် လူငယ်တွေကို ချပေးလိုက်စေချင်သည်။ “လူငယ်တွေကို ရွှေချမှ အနာဂတ် တောက်ပမည်” ဟူသော ကြွေးကြော်သံ မြည်နေစေချင်ပါသည်။”

    ဆရာကြီးအောင်သင်း ပြောတာနဲ့ သူကြီးတွေးတတ်တာနဲ့ တော်တော် ကိုက်တယ်နော…။
    ပိုတဲ့လျှံတဲ့ ရွှေကလေားလောက်ကိုတော့ဖြင့် တဲ့ မြန်မာလူငယ်တွေဘဝက…..ဘာပြောရမှန်းတောင်မသိ။

  • small cat

    November 28, 2011 at 10:13 am

    သူဂျီး ခင်ဗျာ တခြားဆိုဒ်က အကျိုးရှိတဲ့စာတွေတင်ပေးတဲ့ အတွက် ကျနော်လိုမသွားတတ်မလာတတ်သူတစ်ယောက်အနေနဲ့ ကျေးဇူးတင်ပါတယ်။

    • windtalker

      November 28, 2011 at 1:52 pm

      ကြောင်လေး ပြောတဲ့အတိုင်းပါဘဲ ခင်ဗျ
      အထူး ကျေးဇူးတင်ရှိပါ၏

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 28, 2011 at 10:54 am

    ကြားဘူးတာက ထိုင်းမှာဆိုရင် ကျွန်းပင်နဲ့ပတ်သက်ရင်
    တော်တော်လေးပြစ်ဒဏ်ကြီးတယ်လို့ဆိုတယ်
    ပြစ်ဒဏ်သာကြီးတာ ထိုင်းနိုင်ငံထည်းကနေ အိပ်စပို့ သွားတဲ့ ကျွန်းအချောထည်တွေ
    တော်တော်များတယ်
    ဈေးလည်းတော်တော်ကြီးတယ်
    ကျုပ်သိသလောက်တော့ သူတို့ပို့နေတဲ့ ကျွန်အချောထည်တွေ သူတို့နိုင်ငံထွက်သစ်ဆိုလို့
    1% တောင်ရှိပါ့မလားဘဲ မယုံမရှိနဲ့
    ကျုပ်ဘော်ဘော်ဒဂေါင်တောင် ကျုပ်ကို တစ်ခါ အဲ့သည်ကျွန်းအချောထည်တွေ
    နဲ့ပတ်သက်ပြီး ဝမ်းနည်းပက်လက်ပြောပြတာလေး ရှိခဲ့ဘူးတယ် သူ့လုံခြုံရေးတွက်မို့
    အသေးစိတ်မပြောတာ
    ပြန်ပြောရရင်တော့ ဘယ်ကောင်ကိုဆဲလို့ဆဲရမှန်းတောင်မသိတော့ဘူး
    လီးဘဲကွာ 😀 မကောင်းသူထိပ် ကောင်းသူထိပ်
    မြဝတီဖက်က ထိုင်းမြန်မာနယ်စပ် သောင်ရင်းမြစ်ထဲမှာ ရေလယ်ကျွန်းလို့ခေါ်တဲ့
    ဟိုဖက်ဆိုင် ဒီဖက်ဆိုင် နေရာတစ်ခုရှိတယ်
    အကြောင်းအမျိုးမျိုးနဲ့ ခုတ်လာတဲ့ကျွန်းတွေကို အဲ့သည်နေရာမှာ အကြမ်းထည်တွေလုပ်ပြီး
    ထိုင်းဖက်ကိုပို့တယ် သောက်သောက်လဲ ဝင်ငွေတွေရကြတာပေါ့
    အကြမ်းထည်းဆိုလို့ပြောရဦးမယ် လွန်ခဲ့တဲ့ဆယ့်လေးငါးနှစ်လောက်ကတည်းက
    ပြည် .. မရောက်ခင် ဘာရွာလား ဘာမြို့လားကျုပ်လည်းသေခြာခေါ်တတ်ဘူး
    အဲ့သည်မှာလည်း ကျွန်းတံခါးတွေကို အပီလုပ်ပြီး မွန်ပြည်နယ်ဖက်ပို့တယ်
    အဲ့သည်ကနေတစ်ဆင့် ထိုင်းတို့ စင်္ကာပူတို့ကို ပို့တယ်
    အဲ့သည်ချိန်တုန်းက မွန်ပြည်နယ်မှာ မှောင်ခိုခေတ်ကြီးထွားတဲ့အချိန်ပေါ့
    သူတို့စီက အစောက်အဦးတစ်ခုတွက် မြန်မာပြည်ကို အော်ဒါမှာလိုက်ရင်
    မှောင်ခိုလှေတွေနဲ့တင်ပြီးသွားတာ အဲ့သည်ကျွန်းတံခါးတွေကို မှောင်ခိုလှေနဲ့တင်သွားလို့
    အမြတ်က ကောင်းကောင်းရတာမဟုတ်ဘူး
    သူတို့မှောင်ခိုလှေဇဂါးနဲ့ဆို ဆီဖိုးရတယ်လို့ခေါ်တယ်
    ဆိုလိုတာက မြန်မာပြည်ကနေ စင်္ကကာပူကို လှေတွေက ဘာကုန်မှမပါဘဲ ခါလီသွားရတာ
    အော်ဒါရတဲ့အခါ လမ်းစရိတ်ရယုံလေး ကျွန်းတုံးတွေ တံခါးပေါက်တွေကိုတင်သွားရင်
    ဆီဖိုးသက်သာတယ်
    အိုက်ဒလို အိုက်ဒလို ငါလိုးမသားတွေလုပ်ပုံ
    ပိုပြီးငါလိုးမသားတာကတော့
    ငါလိုးမသားသန်းရွှေတို့ မောင်လိုးမသား ခင်ညွှန့်တို့ ကိုယ်မေကိုယ်လိုးနယ်စပ်က
    ဘာကောင်တွေညာကောင်တွေ သေနတ်ရှိတဲ့ကောင်အကုန်လုံး လီးဘဲ
    ဦးနှောက်ကလည်းအတော်ကောင်းတာဘဲ အကျင့်ယုတ်တာလေး တစ်ခုဘဲပြောစရာရှိတယ်
    နယ်စပ်က သစ်တောတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ကို ဖျက်ဆီးပြစ်လိုက်တာ
    သစ်တောတွေကို ဖျက်စီးလိုက်တော့ တိုင်းရင်းသားလက်နက်ကိုင်တွေ နယ်မြေကျဉ်းသွားမယ်
    သစ်တောကနေ ဝင်ငွေမရတဲ့အခါ ဘိုင်ပြတ်မယ်
    အိုက်ဒလို အိုက်ဒလို
    တစ်ခြားနေရာတော့မသိဘူး လက်ရှိ KNU ထိမ်းချုပ်တဲ့နေရာတွေလောက်ဘဲ သစ်တွေနည်းနည်းပါးပါး
    ကျန်တော့တယ်
    မဆီမဆိုင်ပြောရရင်တော့ ဘုရားဒဂါတောင် ဘုရားပိုက်ဆံခိုးသေးတာနော 😀
    ( အားလုံးဟုတ်ဘူး )
    တိုင်းရင်းသားခွဲထွက်ရေးတွေအနေနဲ့ သူတို့ဆိုင်ရာဒေသက သစ်တွေရောင်းစားတာကတော့
    ပြောရတော့ခက်သား
    ကြုံလို့ပြောရရင် မြန်မာလား ဘားမားလား ဆိုတဲ့ အကြောင်းမှာ
    ခင်ဗျားတို့ ဗမာတွေရဲ့ ခံယူချက်အကြောင်းတွေဘဲဦးတည်ပြောကြပြီး
    တိုင်းရင်းသားတွေဖက်က ဘယ်ကောင်မှ ခံစားမပြောကြတာကတော့ လီးဘဲပေါ့

    • Gaint

      November 28, 2011 at 11:08 am

      ရိုင်းလှချည်လား၊ ဘာဘဲဖြစ်ဖြစ် ယဉ်ယဉ်ကျေးကျေး ပြောသင့်တာပေါ့။
      မိဘ မျက်နှာထောက်အုန်းလေ။
      မန်းဒလေး ဂေဇက်မှာ ဒီလိုလူမျိုးတွေ ရှိနေတာကို အဒ်မင်များကြည့်မနေသင့်ပါဘူး။
      အသက်ကြီးသူတွေ ရဟန်းတွေပါ ဖတ်နေတဲ့ နေရာဖြစ်နေပါတယ်။

      • ကြောင်ကြီး

        November 28, 2011 at 11:28 am

        သူ့အကြောင်းကတော့ ပြောမနေနဲ့တော့၊ ဖြိုးလင်ဆို (ပြောင်းပြန်မဖတ်ရ) ရွာထဲမှာ အော့ကြောလန်။ အသေဝနာစ အောင်ပုနံ 👿

        • ချစ်စ/ဆ ရာ

          November 28, 2011 at 12:59 pm

          ဘရားသားကိုကြောင်ကြီးရေ အဲ့သည် ငခြောက်ကောင်ကို ဆုံးမပါခင်ဗျ
          အပ်ပါတယ် ( သတိထားနော် ဘက်စုံထူးချွန်တဲ့ စံပြမောင်ကြီး )
          ဒီလိုရှိတယ် မိန်းမလိုလို ဂန်ဒူးလိုလို ငခြောက်ကောင် မိုက်ကယ်ဂျော်နီအောင်ပုရဲ့
          အဟမ်း ( အနည်းငယ်ရှိန်သွားစေရန် စတိုင်လ်ထုတ်သည် )
          ကိလေသာကို မဂ်ပညာဖြင့် မပယ်ရသေးတဲ့ သတ္တဝါတွေမှာ
          ဆုတ်နစ်ဒေါသ လို့ဆိုတဲ့ စိတ်မချမ်းသာခြင်း
          တက်ကြွဒေါသ လို့ဆိုတဲ့ ဒေါသချောင်းချောင်းထွက်ခြင်းအကြောင်းတွေဆိုဒါ
          ကိလေသာတွေကို လိုခြင်တက်မက်မှု့လွန်ကဲသူတွေမှဖြစ်တာဆိုတော့
          ဆိုခဲ့ပြီးသလို မဂ်ပညာဖြင့် မပယ်နိုင်သေးတဲ့
          အနုသယ ကိလေသာတွေ မိမိသဏ္ဍာန်မှာ သူသူငါငါ ရှိကြတယ်လို့တော့
          အကြမ်းအားဖြင့်ပြောနိုင်တာပေါ့
          အဟမ်း ( စက်ကမ်း ဖိတ် )
          ဆိုတော့ကာ
          ပရိယုဋ္ဌာနကိလေသာလို့ဆိုတဲ့ စိတ်ထဲမှာဖြစ်နေတဲ့ ကြမ်းတမ်းတဲ့ စိတ်ရိုင်းတွေကို
          ဝီတိက္ကမကိလေသာ လို့ဆိုတဲ့ ကိုယ်နှုတ်ဖြင့် ခက်ထန်စွာ ပြုမူခြင်းကို
          ရှောင်ရှားရပေမကွဲ့ .. အဟွတ်ဟွတ်
          ဒါ့ကြောင့် မိန်းမလိုလိုယေက်ျားလိုလို နပုန်းပ မိုက်ကယ်ဂျော်နီအောင်ပု
          သေခြာစွာမှတ်သားလော့
          မိမိစိတ်ကိုကောင်းစွာ စောင့်တည်ခြင်းဖြစ် သမာဓိရသောအခါ
          ပရိယုဋ္ဌာနကိလေသာ တို့ငြိမ်းအံ့
          မိမိ၏ မျက်စေ့ နား နှာခေါင်း လျှာ ကိုယ်စိတ်တို့၏ စောင့်စည်းအပ်သည်ကို
          ထိမ်းသိမ်းခြင်း သီလကို စောင့်တည်ခြင်းကြောင့်
          ဝီတိက္ကမကိလေသာ တို့ကို ငြိမ်းစေအပ်နိုင်တယ်ကွဲ့
          သံသရာဆိုတာကို ဝါသနာပါရင်တော့
          မင်းဂျီးဓေါ်ကြီး ညဖက် ရှူရှူးပေါက်တဲ့အိုးကြီးကို
          ရေတွင်းထဲမှာ မြုပ်ခဲ့လေလော
          နောင်နှစ်ပေါင်း ရှစ်သောင်းကျော်ကျော်ကြာတဲ့အခါ
          ရှေးဟောင်းအိုးကြီးအနေဖြင့် ဈေးကောင်းရလတ္တံ့
          ပုံ..
          အလွန်ချစ်စရာကောင်းခြင်းကြောင့် ချစ်စရာ
          အချစ်တို့၏ ဆရာကြီးဖြစ်သောကြောင့် ချစ်ဆရာ
          ………………………………………………………ချစ်စ/ဆရာ

        • မိုက်ကယ်ဂျော်နီအောင်ပု

          November 28, 2011 at 3:36 pm

          ဒီလိုဆိုရင်လည်း
          ခင်ဗျားတို့ဖင်တွေကို ဆီရွှမ်းရွှမ်းလေးစွတ်ပြီး
          နေပြည်တော်ဖက်ကို ဟန်ပါပါလေး
          ဖင်လှည့် ကုန်းထားလိုက်ကြလေ
          ဒါလေးများ 🙁 🙁 🙁

        • Gaint

          November 28, 2011 at 5:05 pm

          လူကမွေးတာကောဟုတ်ရဲ့လားကွာ။ ပြောလို့ရပါတယ်။မင်းဘယ်သူပြောပြောပါ။
          ဒါပေမဲ့ မင်းဆဲနေပုံကရွာထဲလာနေတဲ့ လူကြီး၊ရဟန်းတွေဖတ်နေတယ်ဆိုတာ ဂရုမစိုက်သလို
          ဖြစ်နေလို့ ပြောတာပါ။ မင်းအကုသိုလ်နဲ့ မင်းပါဘဲကွာ။
          အဒ်မင်များကတော့လဲ မနိုင်လို့လား၊ဘာလို့များ မပြောကြပါလိမ့်။

        • မိုက်ကယ်ဂျော်နီအောင်ပု

          November 28, 2011 at 6:22 pm

          မှန်ရာကိုသစ္စာဆိုပါသှ်
          ဒီတစ်ဆိုဒ်လုံးမှာ
          ခင်ဗျားအသနားစရာအကောင်းဆုံးဘဲ
          မလိမ္မာတာက ကျုပ် တော်တော်ခံစားနေရတာက ခင်ဗျား
          ပိုဆိုးတာက ခင်ဗျားရဲ့သံသယကြောင့် ခင်ဗျားတော့ဒုက္ခရောက်ပြီ
          ရဟန်းရှင်လူတွေဖတ်တဲ့နေရာမှာ
          ရဟန်းရှင်လူတွေနားလည်အောင်ရေးထားတဲ့စာကိုဖတ်ပြီး
          ကျုပ်ကိုလူကမွေးတာလားလို့သံသယဖြစ်တော့
          ဒီစာကိုဝင်ဖတ်တဲ့ ရဟန်ရှင်လူတွေကရော သံသယဖြစ်စရာတွေဖြစ်ပြန်ရော
          သွားB သွားB ခင်ဗျား မြေမျိုခံနေရတုန်းမှာ
          ခေါင်းကို မိုးကြိုးအပြစ်ခံရတော့မယ်
          ခင်ဗျားကျုပ်ကိုမြန်မြန်တောင်းပန်လိုက်
          ခင်ဗျားတောင်းပန်ပန်မပန်ပန်ကျုပ်ကခင်ဗျားလို
          သတ္တဝါကို ခေါင်းထဲမထည့်ထားဘူး
          ခွင့်လွှတ်ဒယ်
          မှတ်ချက်။ ။ ကိုယ့်ကိုယ်ကိုယ် လူယဉ်ကျေးလို့ မှတ်ယူရင်
          ရဟန်းရှင်လူတွေဖတ်နေတဲ့နေရာမှာ
          မင်း ဆိုတဲ့အသုံးနှုံးကို မသုံးရဘူးကွဲ့
          လူကလေးရဲ့
          လူကလေးကလည်း ယဉ်ကျေးဟန်ဆောင်ပြီး
          တော်တော်မိုက်ရိုင်းတာဘဲ
          တွား
          လူဂျိုး 😀 😀 😀

  • PaTheinTharr

    November 28, 2011 at 11:36 am

    အိုးးးးးးးးးးးးး
    အထွေထွေဗဟုသုတတွေ
    တလှေကြီးရတဲ့နေရာပါလားဗျို့…..

  • koyinmaung

    November 28, 2011 at 4:08 pm

    ဖြိုးရေ…ညီးလင်ကြီးရွာထဲမှသောင်းကြမ်းနေတယ်
    ကြားရာအရပ်ကအမြန်လားခေါ်ပေတော့……ဟားဟားဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • မှော်ဆရာ

    November 28, 2011 at 4:40 pm

    ဦးခိုင်
    မသိတာလေး မေးပါရစေ ..
    ပိုစ်ကို ပြုပြင်လို့ ရခြင်း မရခြင်း အဆင့်အတန်းကို ဘာနဲ့ ခွဲခြားထားပါသလဲ ..။(ဥပမာ – ပွိုင့် – ပိုစ်အရေအတွက် – ရွာသက်)
    ကျွန်တော် ရွာထဲကို ဝင်ခါစက ကိုယ်တင်ပြီးသား ပိုစ်ကို ပြန်လည် ပြုပြင်လို့ ရပေမယ့်
    အခု မရတော့ပါဘူး။
    all post က ကိုယ့်ရေးထားတဲ့ ပိုစ်တွေ အောက်မှာ view ပဲ ပါပြီး edit တို့ quick edit တို့ မပါတော့ပါ …။
    တခြားလူတွေကြတော့ ပါတယ်.. ပြန်ပြင်လို့ ရတယ်ဟု ဆိုကြပါတယ် ..။
    point လဲ တူတူလောက်ပါပဲ… ရွာသက်ကြတော့ သူတို့ကတောင် နောက်ကျနေပါသေးတယ် ..။
    edit မပါတော့ စာလုံးပေါင်းမှားတာက အစ ပြင်ပြင်လို့ ခက်နေပါတယ် …။
    နဲနဲလေး ပြန်ကြည့်ပေးပါခင်ဗျား ..
    (PM ပို့ထားပါသေးတယ် … မဖတ်ဖြစ်လိုက်ဖူးထင်လို့ သူကြီးရေးတဲ့ ပိုစ်အောက်မှာ ရေးတင်လိုက်ပါတယ်။ )

    • Gipsy

      November 28, 2011 at 6:20 pm

      သဂျီးပြောထားတာလေးက edit လုပ်ခွင့်က ရွာသက်တမ်းကြာသူကိုအဓိက
      မဟုတ်ဖူးတဲ့ဗျ..
      “သဘာ” ရင့်သူကို အခွင့်ပေးတယ် လို့ သိရပါတယ်…
      ဟိုးအရင်ကတော့ edit လုပ်ခွင့်ပေးထားပေမဲ့ အခု ပြောင်းလိုက်တဲ့ အနေထား
      အရ မရတော့ဘူးလို့ သိရပြန်ပါတယ်…
      ကျုပ်လဲ Mandalaygazette သတင်းကို ဝင်ဖတ် ဝင်ရေးလာခဲ့တာ ၁၂ လပိုင်း
      ၂၀၁ဝ ကတည်းကပါ….
      သဘာ မရှိလို့ edit မရသေးတာနေမှာ…
      ပြုပြင်ခွင့်လေးတော့ ရချင်မိသားဗျာ…. ကြိုးစားရဦးမှာပေါ့လေ…။

    • မှော်ဆရာ

      November 30, 2011 at 7:55 pm

      ကျေးကျေးပါ ဦးခိုင် …

  • လင်းဝေကျော်

    November 28, 2011 at 4:41 pm

    တကယ်တော့ ကိုယ်ပါ ဝင်ပြီးဆဲချင်လာတယ်။
    အဲဒီ သောက်အမြင်ကျဉ်းပြီး ကိုယ့်ကိုကိုယ်အထင်ကြီးလို့ တိုင်းပြည်ကို ဖျက်သွားတဲ့ ခွေးမသား အမျိုးယုတ်တွေကို။ အားရပါးရသာ ဆဲစမ်းပါ အောင်ပုရေ။

  • kai

    November 28, 2011 at 4:42 pm

    မြန်မာဆိုတာ ဘယ်တုန်းကမှ မညံ့ခဲ့ဘူး။ [ သွန်းနေစိုး ]
    by Thorn Nay Soe on Sunday, November 27, 2011 at 7:18pm

    [Facebook ကို ဖွဘုတ်လို့ ပြောနေကြသလိုပဲ။ ခုတလော ပုတ်ခတ်တာတွေ တော်တော်တွေ့နေရတယ်။ နောက်ဆုံး ကိုယ့်နိုင်ငံသမိုင်းပါ ပုတ်ခတ်လာတယ်။ ဒါဟာ တိုင်းပြည်ချစ်တဲ့လူငယ်တစ်ယောက်ရဲ့ ရှောင်တခင် ခုခံချေပချက်ဖြစ်တယ်။]

    အင်္ဂလိပ်ကို ပထမဆုံးစစ်ရှုံးရတာ ကုန်းဘောင်ခေတ်မှာဖြစ်ပါတယ်။ ဒီ့အတွက် မဟာဗန္ဓုလကပဲ ညံ့သလိုလို အပြစ်ပြောချင်ကြတယ်။ မဟာဗန္ဓုလရဲ့ တပ်သားတွေဟာ အရေးတော်ကြုံမှ ထောင်ပြုမြို့၊ ဆယ်ပြုမြို့ စတာတွေကနေ စုဆောင်းထားရတဲ့ တပ်သားတွေ။ နယ်ချဲ့တပ်ကတော့ ကြေးစားတပ်တွေ။

    ဒီကတည်းက စကွာနေပါပြီ။ ပြီးတော့ လူအင်အားချင်းလဲ မယှဉ်သာ လက်နက်အင်အားကလည်း တခြားစီ။ ဒါတောင်မှ `မြန်မာတပ်တွေဟာ ပန်းဝါစစ်မျက်နှာမှာ ဘင်္ဂလားခြေလျှင်တပ်ရင်းကြီးတစ်ခုလုံး ပြုတ်ပြုတ်ပြန်းအောင်နှိမ်နင်းနိုင်ပြီးတဲ့နောက် ဆက်သာ စစ်ချီမယ်ဆိုရင် စစ်တကောင်းနဲ့ ဘင်္ဂလားနယ်အထ် အလွယ်တကူ သိမ်းနိုင်လိမ့်မယ်´

    လို့ အဲဒီတုန်းက နယ်ချဲ့ဘက်က တိုက်ခိုက်ခဲ့သူ လက်ဖ်တင်နင် De Rhe Phillipe က ရေးခဲ့တယ်။

    ပထမအင်္ဂလိပ်မြန်မာစစ်ပွဲမှာ အင်္ဂလိပ်ဘက်က ခေါင်းဆောင်က General Morrison ဒုဦးစီးက Brig: Gen: Mc Bean သူတို့အောက်က တပ်မဟာမှုးတွေက Brig: Gen: W. Richards, Brig: Gen: C. Grants. C. B., Brig: Gen:Fair

    သူတို့နဲ့အတူ ပါလာတဲ့ တပ်တွေက …

    26th Native Infantry

    54th Regiment

    10th Madras Native Infrantry

    44th Regiment

    26th Bengal Native Infrantry

    42nd Bengal Native Infrantry

    49th Bengal Native Infrantry

    62nd Bengal Native Infrantry

    16th Bengal Native Infrantry

    Bengal Artillery 8-9 pounders, 4-12 pounders

    4-5 howitzers

    Madras Artillery 4-9 pounders

    Six Companies of Pioneers

    Levy of Mugh Pioneers

    1st light Lnfantry Battalion

    2nd Regiment Local Horse

    ဒါ့အပြင် ရေတပ်တွေပါသေးတယ်။ မဟာဗန္ဓုလက ကြည်းတပ်တစ်ခုတည်းအားကိုးနေရချိန်မှာ အဘက်ဘက်အသွယ်သွယ်က စစ်ဆင်လာတဲ့ ကြေးစားတပ်တွေရဲ့ အင်အားကို သူဘယ်လို ရင်ဆိုင်နိုင်မလဲ?

    မဟာဗန္ဓုလရဲ့တပ်က အာသံကနေရန်သူတွေကို မောင်းထုတ်ဖို့သွားတယ်။ သူတာဝန်ကျေပွန်ခဲ့တာပဲ။ အင်္ဂလိပ်က စစ်ကြောင်းကြီးသုံးကြောင်းအပြင် ရေတပ်ပါညှပ်ပြီး စစ်ဆင်လာတော့ အင်းဝကို ကာကွယ်ဖို့ရခိုင်ရိုးမဖြတ်ပြီး ပြန်လာရပြန်တယ်။ အဲဒီတုန်းက အင်္ဂလိပ်ဘက်က Colonel Bowen ရဲ့အစီရင်ခံစာကို ကောက်နုတ်တင်ပြပါ့မယ်။

    They Fought with a bravery and obstinancy I never witnessed in any troops. They fought desperately, reserving their fire to the last moment and seldom missing their object. Little is known of the march of Mahabandula’s forces a cross the mountains of Arakan to the Irrawaddy;

    a distance, by the Shortest rouths, of upwards of two hundred miles, at a season of the year when none but Burmans could have kept the field for a week , much less have attempted to pass the insalubrious jungles and pestilential marshes of Arakan, which rivers, arms of the sea and mountain torrents opposing their progress at every step.

    မြန်မာ့သတိ္တနဲ့ ဇွဲကို နိုင်ငံခြားသားတစ်ယောက်ရဲ့ စာမှာတောင် မြင်နို်င်ပါတယ်။

    အစားထိုးစရာ လူမရှိလို့မို့ ရခိုင်ရိုးမကြီးကိုဖြတ်ပြီး စစ်ပြန်ဆုတ်လာရတာ မဟာဗန္ဓုလ မှားသလား? သူ့ရဲ့ အပင်ပန်းအဆင်းရဲခံခဲ့မှုကို မငဲ့တောင် သူ့သမိုင်းကိုတော့ မဖျက်သင့်ပါ။ ရန်သူက အဝိုင်းခံနေရလို့ လက်နက်ချဖို့ ရာဇသံအပေးခံနေရချိန် (နောက်ဆုံးအချိန်) မှာ မင်းကြီး မဟာဗန္ဓုလဟာ ဟော့ဒီလို စာပြန်ခဲ့တယ်။

    `ကျွန်ုပ်တို့ နှစ်ဦးလုံးဟာ ကိုယ့်နိုင်ငံအတွက် ကိုယ်တိုက်ခိုက်နေခြင်းဖြစ်သည်။ အသင့်ဂုဏ်သိက္ခာကို အသင်ထိန်းသိမ်းသလို ကျွန်ုပ်ဂုဏ်သိက္ခာကိုလည်း ကျွန်ုပ်ထိန်းသိမ်းရပေမည်။ မိတ်ဆွေတစ်ေဦးအနေနှင့် ဓနုဖြူမြို့ကို လာကြည့်လိုပါလျှင် ကျွန်ုပ်ကိုယ်တိုင်လိုက်ပြပါမည်။ ရန်သူအနေနှင်လာလိုက တက်ခဲ့ပါ´ လို့ စာပြန်ခဲ့သူကိုမှ ရန်လိုတယ်လို့ စွပ်စွဲချင်နေတာဟာ အမျုိုးကို စော်ကားတာပါပဲ။

    တစ်ချိန်က ရွှေထီးဆောင်းခဲ့တာကို ပြန်တမ်းတတာ မဟုတ်ပါ။ မြန်မာတွေ ညံ့တယ်လို့ စွပ်စွဲချင်ရင် ဘုရင့်နောင်ခေတ်ကို မသိချင်ယောင်ဆောင်ပြီး ကျော်မသွားပါနဲ့လို့ ပြောချင်တယ်။

    `ဒီကမ္ဘာမြေပြင်မှာ ပဲခူး(ဟံသာဝတီ) ဘုရင်လောက် တန်ခိုးအင်အား ကြီးမားသူ မရှိ´ လို့ရေးခဲ့တာ မြန်မာ့သမိုင်းမှာ တမင်ကြွားရေးထားတာ မဟုတ်။

    Samuel Purchas ရဲ့ Hakluytus or Punrhas His Pilgrimes ဆိုတဲ့ စာအုပ်က စကားဖြစ်တယ်။

    နောက်ထပ် ပြစရာ အထောက်အထားတွေ၊ ကျနော်တို့ရဲ့ တောက်ပြောင်ခဲ့တဲ့အတိတ်သမိုင်းတွေ တောင်ပုံရာပုံရှိပါသေးတယ်။ လတ်တလောဆိုတော့ ခပ်သွက်သွက်ပဲ ပြပါ့မယ်။ ဟော့ဒါက ကနောင်မင်းသားကြီးအကြောင်းရေးထားတာပါ။

    `မင်းသားသည် ရည်မှန်းချက်ကြီးတစ်ခုကို မဖြစ်မနေ ဆောင်ရွက်ရန စိတ်ဓာတ်ခိုင်မာလှသူ ဖြစ်လေသည်။ ထိုရည်မှန်းချက်မှာ ဥရောပမှာ ခေတ်ပညာများ တတ်မြောက်၍ မြန်မာနိုင်ငံခေတ်မီလာစေရေးပင်တည်း။ …. မိမိတို့ လူမျိုး အဆင့်အတန်းတက်ရန် ပညာလိုသည်ကို သူ ထိုးထွင်း၍ သိလေသည်။ …. သူကဲ့သို့ ယောက်ျားကောင်းသည် ရှာမရှားလောက်ပေသည်´

    တဲ့။ အဲဒီလို ရေးသူကတော့ Paul Amrose Bigandet ပါ။ An Outline of the History of the Catholic Burmese Mission from the year 1720 to 1887 စာအုပ်မှာ ရေးခဲ့တာဖြစ်ပါတယ်။

    ကုန်းဘောင်ခေတ်မှာပဲပေါ်ပေါက်ခဲ့တဲ့ မက္ခရာမင်းသားကြီးကိုလည်း ကာနယ်ဗာနေးက `မင်းသားကြီးကဲ့သို့ ပညာဗဟုသုတပြည့်စုံ၍ ဉာဏ်ထက်မြက်သောပုဂ္ဂိုလ်မျိုးကို မတွေ့ဘူးပါ။ ဤမင်းသားကြီးကဲ့သို့ ပညာဗဟုသုတအရာတွင် ငတ်မပြေ သိကျွမ်းလိုသော သူမျိုးကို မတွေ့ဘူးပါ´ လို့ ရေးခဲ့တယ်။

    ပြီးတော့ ထိုင်းကို သိပ်အထင်ကြီးပြီး မြန်မာကိုပုတ်ခတ်တာလဲတွေရပြန်တယ်။ ထိုင်းရဲ့ အင်မတန်ထင်ရှားတဲ့ သမိုင်းဝင်ဘုရင် ဖရနရေစူဝမ်ဟာ ဘယ်နိုင်ငံမှာ စစ်ပညာသင်ခဲ့တာလဲ? အသေအချာ ဆန်းစစ်ကြည့်ပါ။

    ကုလသမဂ္ဂအတွင်းရေးမှုးချုပ်လုပ်ခဲ့တဲ့ ဦးသန့် တော်ကြောင်းသိကြသလို တခြား ပြစရာ မြန်မာအများကြီးရှိသေးတာကိုလည်း သတိပြုသင့်ပါတယ်။ လက်လှမ်းမီရာ အမြန်ပြောရရင် ဦးတင်ထွဋ်ဟာ အောင်ဆန်း-အက်တလီစာချုပ်ချုပ်ရာမှာ အတော်အရေးကြီးတဲ့ အခန်းကဏ္ဍက ပါခဲ့တာပါ။ နောက်ထပ်မြန်မာပညာရှင်တွေ အများကြီးရှိပါသေးတယ်။

    စာမှာတင်မဟုတ်ပါဘူး။ ဦးဘဉာဏ်တို့ ဦးဇော်ဝိတ်တို့လို အနုပညာ၊ အားကစားဘက်တွေမှာလဲ မြန်မာ့အစွမ်းပြခဲ့သူတွေအများကြီးရှိပါတယ်။ အခုခေတ်စားနေတဲ့ ဘောလုံးမှာဆိုလဲ တစ်ချိန်က မြန်မာဟာ အာရှအဆင့်ရှိခဲ့မှန်းလူတိုင်းသိပါတယ်။

    ကျနော်က မြန်မာတွေ တော်လှချည့်လို့ မျက်စိမှိတ်ဇွတ်ငြင်းနေတာ မဟုတ်ပါ။ ဒါပေမဲ့ မြန်မာကို ညံ့တယ်လို့ ဘယ်လို ဆင်ခြေမျိုးနဲ့ ပြောချင်ပါသလဲ? တော်တယ် ညံ့တယ်ဆိုတာကို ဘယ်လို စံနှုန်းမျိုးနဲ့ သတ်မှတ်မလဲ?

    ပြောနေရတာကတော့ ထိုင်းလောက်ကို သိပ်ကိုးကွယ်ချင်နေတာတွေ တွေ့နေရလို့ပါ။

    Howard Malcom ရဲ့ Travels in South Eastern Asia စာအုပ်မှာ မြန်မာဆိုတာ လုပ်စရာကိစ္စပေါ်လာရင် ဖင်မလေးတတ်ကြောင်း၊ လူစုလူဝေးနဲ့ လုပ်ကိုင်ရရင်လည်း ညီညီညွတ်ညွတ်နဲ့လုပ်ကြ သည်းခံကြ တစ်ဦးကိုတစ်ဦး ပံ့ပိုးကြကြောင်း အဝမြို့ကို လှေနဲ့ ဆန်တက်ရတဲ့ခရီးမှာ သူကြုံခဲ့ရပုံကို ရေးပြခဲ့တယ်။

    ဟော့ဒါက Albert Fytche ရဲ့ Burma Past and Present ဆိုတဲ့ စာအုပ်က ကောက်နုတ်တင်ပြချက်။ `မြန်မာလူမျိုးဟာ အနေအစားရိုးရှင်းသည်။ လောဘစိတ်နည်းသည်။ သူတို့သည် ကမ္ဘာမြေပြင်ကို အလုပ်ရုံအဖြစ် ပြောင်းလဲလိုစိတ်မထား´ တဲ့။

    ကျနော်တို့မြေပေါ်မှာ ကျနော်တို့ လွတ်လပ်အေးချမ်းစွာနေထိုင်ခဲ့ကြတယ်။ ဒါကို ညံ့တယ်လို့ ဆိုချင်သလား? ပေတံဆိုတာက သူ့ပေတံကိုယ့်ပေတံအမျိုးမျိုးရှိပါလိမ့်မယ်။ အရာရာကို ထိုင်းအထင်ကြီးတဲ့ မျက်မှန်ကြီးတပ်ပြီး စွပ်မရမ်းချင်ပါနဲ့။

    အခုလို အချိန်မှာ ကျနော်တို့ဟာ ရောင်ခြည်ကလေးပျို့လာတာကို မြင်ရကာစဖြစ်ပါတယ်။

    အတိမ်းအစောင်းမခံတဲ့အခြေအနေပါ။

    ဒီအချိန်မှာ သေချာတာကတော့ လူငယ်တွေရဲ့ စိတ်ကို အားတက်အောင် လုပ်ပေးရမှာဖြစ်ပါတယ်။

    သမိုင်းမှာလဲ တို့တော်ခဲ့တယ်။ ခုခေတ်မှာပိုတော်အောင်ကြိုးစားကြမယ်လို့ တိုက်တွန်းတာ ကောင်းသလား?

    ငါတို့က ဘယ်တုန်းကမှ မတော်ခဲ့ပါဘူးလို့ ပုတ်ခတ်ချင်နေတာ ကောင်းသလား?

    နားလည်လွယ်အောင် ထပ်ပြောပါ့မယ်။

    လူငယ်တစ်ယောက်ကို …

    သားရေ၊ မင်းက တော်ပါတယ်ကွာ၊ ကြိုးစားလိုက်စမ်းပါလို့ပြောတာ ကောင်းသလား?

    ဟေ့ကောင် မင်းညံ့တယ်ကွ၊ ဒါပေမဲ့ တော်အောင်ကြိုးစားစမ်းလို့ပြောတာ ကောင်းသလား?

    တကယ်တော့ သမိုင်းကြောင်းကြီးတစ်ခုလုံးကို ဒီလိုကောက်ချက်လွယ်လွယ်ပေးဖို့ဆိုတာ စာတစ်အုပ်နှစ်အုပ်ထဲနဲ့ဖြစ်နိုင်မယ့် ကိစ္စမဟုတ်ပါ။ လုပ်လည်း မလုပ်သင့်ပါ။

    ကျနော်လည်း မပြောအပ်သလို။ အခု မြန်မာကို ပုတ်ခတ်ချင်နေတဲ့ ယိုးဒယားအလံရှုးတွေလည်း မလုပ်အပ်ဘူး။

    သမိုင်းကြီးတစ်ခုလုံးနဲ့ ချီပြောရရင် ဘယ်နိုင်ငံမှ တော်လည်း မတော်ဘူး ညံ့လည်း မညံ့ဘူး။

    ဒီလောက်နှစ်ကာလများစွာ ဖြတ်သန်းခဲ့စဉ်မှာ ကောင်းကွက် တော်ကွက်တွေရှိသလို ရှော်ကွက် ညံ့ကွက်တွေလည်းရှိမှာပါပဲ။

    ကျနော်တို့က တော်ကွက်ကောင်းကွက်ကို ရွေးပြောတယ်။ ဘာလို့ဆို

    စိတ်ပညာမှာ အညွှန်းခံစိတ်ဆိုတာ ရှိပါတယ်။

    `တို့ကဗီဇမှာ တော်ပါတယ်´ ဆိုတာက လူတော်ဖြစ်လာအောင် ညွှန်းဆိုမှုပေးလိုက်ခြင်းဖြစ်ပြီး

    မြန်မာတွေ ညံ့ပါတယ်ကွာလို့ ပြောချင်သူကတော့ လူငယ်တွေရဲ့ အနာဂတ်ကို အညွှန့်ချိုးခြင်းသာဖြစ်ပါလိမ့်မယ်။

    ဒီစာဟာ တောင်းဆိုလာသူတွေ ရှိလို့သာရေးရခြင်းဖြစ်ပါတယ်။

    ကျနော်ကတော့ ကိုယ့်အလုပ်ကိုယ်လုပ်နေကြတာပဲ အကောင်းဆုံးလို့ ခံယူသူပါ။

    လောလောဆယ် နိုင်အောင် မတိုက်နိုင်သေးလို့ ငါတို့ ညံ့တယ်လို့ ပြောချင်ရင် တကယ်လုပ်နေသူတွေရဲ့ မျက်နှာကို အိုးမဲသုတ်ချင်နေသလို ခံစားရပါတယ်။

    အပြင်ကနေတော့ လေပန်းမနေပါနဲ့။ သိပ်သတိ္တရှိရင် လာပါ၊ အတူစွန့်ကြရအောင်။

    သေချာတာကတော့ ကျနော်တစ်ခွန်းတည်းပြောမယ်။

    မြန်မာဆိုတာ ဘယ်တုန်းကမှ မညံ့ခဲ့ဘူး။

    ဘယ်နေရာမှာ တော်သလဲ?

    စိတ်ဓာတ် သတိ္တ ဇွဲမှာ တော်တယ်။

    ကျနော်တို့ သူများ ကျွန်ဖြစ်ခဲ့ရတာ မှန်တယ်။

    ဒါဟာ ကျနော်တို့ချည်းအပြစ်မဟုတ်ဘူး။ အာရှတစ်ခုလုံးနီးပါး ဥရောပ အလွှမ်းမိုးခံခဲ့ရတာ။

    နောက်ပြီး နောက်ထပ် ခါးသီးတဲ့ တိုင်းပြည်ကံကြမ္မာတွေနဲ့ ကြုံခဲ့ရလို့ ကျနော်တို့ နာလန်မထူနိုင်အောင်ဖြစ်ခဲ့ရတယ်။

    လောလောဆယ် ပတ်ဝန်းကျင်နိုင်ငံတွေက ကျနော်တို့ထက် သာနေတာ မှန်တယ်။

    ဒါဟာ သာနေခြင်းသာ ဖြစ်တယ်။ သာသွားခြင်းမဟုတ်။

    ဒီလို သာနေခြင်းမှာလဲ ကျနော်တို့ဆီမှာ ပိတ်နေလို့ သူတို့က အသာရနေခြင်းတွေ အများကြီး ပါတယ်။

    ကျနော်တို့ကြောင့် ကောင်းကျိုးရနေတာတွေ အများကြီးရှိတယ်။

    ဒါပေမဲ့ အခု ကျနော်တို့ ပြန်လာနေပြီ။

    လောလောဆယ် ကျနော်တို့မှာ အားထားစရာ စိတ်ဓာတ်ပဲ ရှိတယ်။

    အဲဒီစိတ်ဓာတ်ကိုတော့ ဘယ်သူထိပါးတာမှ မခံကြနဲ့။

    အဲဒီ စိတ်ဓာတ်နဲ့ပဲ အားလုံးရအောင်ပြန်ယူမယ်။

    ဒါကြောင့် မြန်မာတစ်ယောက်ပီပီ မြန်မာတွေကိုယ်စား ကြွေးကြော်လိုက်ချင်တယ်။

    မြန်မာဆိုတာ ဘယ်တုန်းကမှ မညံ့ခဲ့သူတွေဖြစ်တယ်။

    မြန်မာဆိုတာ လူတော်စာရင်းဝင်ခဲ့တယ်၊ အနည်းဆုံး အာရှမှာဆိုရင်ပေါ့။

    နောက်ကို ဒီ့ထက်တော်ဖို့ ကျနော်တို့ခေတ်မှာ ကြိုးစားကြမယ်။

    Ref:

    (တမင် အင်္ဂလိပ်စာအုပ်တွေက အကိုးအကားထုတ်ရတာဟာ မြန်မာဆရာတွေရေးတဲ့စာအုပ်ဆိုရင် မြန်မာချင်း ပင်းပြောတယ်ထင်မှစိုးလို့ပါ။ ညတွင်းချင်းရှာရတာမို့ စိတ်ရှိသလောက် မပြနိုင်ဘူး။ အရေးထဲ Connection ကကျနေတော့ Internet ပေါ်က လုံးဝ ယူမရခဲ့ဘူး)

    Hakluytus or Punrhas His Pilgrimes by Samuel Purchas

    An Outline of the History of the Catholic Burmese Mission from the year 1720 to 1887 by Paul Amrose Bigandet

    History of the British Residency in Burma 1826-1840 by W. S Desai

    History of Burma by G. E. Harvey

    The Making of Burma by Dorothy Woodman

    Travels in South Eastern Asia by Howard Malcom

    Burma Past and Present by Albert Fytche

    သွန်းနေစိုး Thorn Nay Soe
    http://www.facebook.com/notes/thorn-nay-soe/%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%86%E1%80%AD%E1%80%AF%E1%80%90%E1%80%AC-%E1%80%98%E1%80%9A%E1%80%B9%E1%80%90%E1%80%AF%E1%80%94%E1%80%B9%E1%80%B8%E1%80%80%E1%80%99%E1%80%BD-%E1%80%99%E1%80%8A%E1%80%B6%E1%80%B7%E1%80%81%E1%80%B2%E1%80%B7%E1%80%98%E1%80%B0%E1%80%B8-%E1%80%9E%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%B1%E1%80%94%E1%80%85%E1%80%AD%E1%80%AF%E1%80%B8-/238493732884183

    • inz@ghi

      November 28, 2011 at 5:53 pm

      သဂျီးလည်း ဆြာသွန်း စာတွေ ဖတ်သကိုး…
      ဟိုနေ့ကတောင် မဟာဖေ့စဘုတ်တော်ကြီးမှာ
      စကားပြောလိုက်ရသေး…

      ရွာထဲဖိတ်ထားတယ်ဂျ…စာလာရေးပါဦးလို့…
      သူဝင်တော့ ဖတ်ဖြစ်တယ်ပြောပါသည်…

      (ဦးဖိုးကျားအားကျလို့ ခနမဲ့ မားကတ်တင်းဆင်းခြင်း)
      ပုံ
      ဦးဖွတ်ကျား

  • naywoonni

    November 28, 2011 at 6:22 pm

    ကျွန်တော်တို့က ဘုရားကို ရွှေချသည်။ ရွှေခွက်မပြီး ရေစက်ချလိုက်မှ ကုသိုလ်ရသည်ဟု ထင်ကြသည်။ လူငယ်တွေကိုတော့ သစ္စေး ပဲသုတ်ထားသည်။ ဘုရားရွှေသင်္ကန်းကပ်ပြီး ပိုတဲ့လျှံတဲ့ ရွှေကလေးလောက် ကိုတော့ဖြင့် လူငယ်တွေကို ချပေးလိုက်စေချင်သည်။ “လူငယ်တွေကို ရွှေချမှ အနာဂတ် တောက်ပမည်” ဟူသော ကြွေးကြော်သံ မြည်နေစေချင်ပါသည်။)))) ရွာသားတွေ ကြားတယ်နော်…။ အလှူ…. အလှူ….. လှူတိုင်းကောင်းတာမဟုတ်ဘူး…..။

  • pooch

    November 28, 2011 at 7:02 pm

    ဒို့မြန်မာတွေ ဘယ်တုန်းက တော်ခဲ့သလဲလို့ မေးခဲ့သူက သူပြောချင်တာကိုကွက်ပြီး သူတိုင်းချင်တဲ့ ပေတံနဲ့ ကောက်တိုင်းပြီး ၊ သူလိုချင်တာလေးကို ကောက်ပြီး ပြောသွားတယ်လို့ ခံစားမိတယ် ..

    လူမျိုးတမျိုးကို မျိုးနဲ့ရိုးနဲ့ ချီပြီး ကောက်ချက်ချမယ်ဆိုရင် ဘယ်လောက်လေ့လာခဲ့တာလဲ? ဘယ်လိုလေ့လာခဲ့တာလဲ…? ဘယ်စံတွေနဲ့ တိုင်းပြီး ပြောမှာလဲ…?

    ဘာကို ပြောမှာလဲ…? ထောင့်ပေါင်းစုံကပြောမှာလား ?…..တခုထဲလား?…. ယေဘုယျလား?….
    စာအုပ် ၂ အုပ်ကိုပဲ ကြည့်ပြီး ပြောလို့ရသလား ?

    သမိုင်းကိုပြောတာ လူမျိုးနဲ့ချီပြီးကာမှ ဘာဖြစ်လို့ ဘကြီးတော်ခေတ်နဲ့ နောက်ပိုင်းခေတ် ကိုပဲ ရွေးပြောသွားတာလဲ?
    မြန်မာဆိုတာ စတင်ဖြစ်တည်တဲ့ ဟိုးကနဦးခေတ်တွေကို ဘာဖြစ်လို့ ချန်ခဲ့တာလဲ ?
    အဲ့ဒီခေတ်တွေတုန်းက ညံ့ခဲ့တာတွေကို ရှာမရသေးလို့လား?
    တကယ်တော်ခဲ့ဖူးတာကို ပြန်ပြောရမှာစိုးလို့လား?
    အသေအချာမသိလို့လား?

    ခုချိန်ထိလည်း တော်တဲ့သူတွေ မရှိသေးဘူးလို့ပြောရင် အဲ့ဒီလိုပြောတဲ့သူရဲ့ ပညာဉာဏ်ရယ် ဗဟုသုတရယ် လေ့လာမှုအားရယ် ကောက်ချက်ချမှုရယ် ခံယူချက်ရယ် တွေးခေါ်နိုင်စွမ်းရယ် စိတ်ဓာတ်ရယ် က စဉ်းစားစရာပဲ…….

    အဲ့ဒီလူက ပညာတတ်တယောက်ဆိုရင်တောင် စိတ်ဓာတ်ကတော့ အတော်လေး သေးသိမ်တာပဲ…..

    အဲ့ဒီလူ ခုထိမြန်မာပြည်မှာပဲနေသေးတယ်ဆိုရင် အခုချိန်မှာ သူနေတဲ့ သူနင်းနေတဲ့ မြေက ဘယ်သူ့ ကျေးဇူးနဲ့ ခုချိန်ထိ ရှိနေခဲ့တာလဲ .. ဘိုးဘွားမြေဆိုတာ အလကားရှိခဲ့ ရခဲ့တာမဟုတ်ဘူး ….
    သမိုင်းဆိုတာ အလကားလျှောက်ရေးခဲ့ကြတာမဟုတ်ဖူး…..

    ကိုယ့်အမျိုးတွေသာ ညံ့ရင် ခုချိန်မှာ ခြေချစရာနေရာတခုတောင်ထားပေးခဲ့မှာ မဟုတ်ဖူး….
    စာစီစရာ စကားလုံးတွေလည်း ထားခဲ့မှာ မဟုတ်ဖူး….

    အဓိကက အဆက်ဆက်က ထိန်းသိမ်းခဲ့တဲ့သူတွေရယ် အကြောင်းအရာမျိုးစုံတွေရယ်ကြောင့်…

    ကမာ္ဘမှာ သိပ်တော် သိပ်တတ်သိပ်ထင်ရှားပါးတယ်ဆိုတဲ့ လူတွေ တိုင်းပြည်တွေတောင် အတိတ်အမျိုးမျိုးမှာ အမှားအမျိုးမျိုး၊ သင်ခန်းစာအမျိုးမျိုးနဲ့ ရှေ့ဆက်ခဲ့တာ …..

    စင်းလုံးချောတဲ့ အပြစ်ပြောစရာတခုမှ မရှိတဲ့ တိုင်းပြည် ၊ လူ ဆိုတာ အရင်ကလည်း မရှိဘူး ၊ အခုလည်း မရှိဘူး၊ နောင်လည်း ရှိမှာ မဟုတ်ဘူး ……..

    ကိုယ့်တိုင်းပြည်က တိုးတက်မှုနောက်ကျနေတယ် ကောင်းစေချင်လို့ပါဆိုတဲ့ စေတနာတခုထဲနဲ့ မြန်မာဆိုတာ ဘယ်တုန်းကမှ မတော်ခဲ့ဖူးလို့ ပြောတာကိုတော့ လုံးဝ လုံးဝ လုံးဝ လက်မခံဘူး…….

    ကိုယ်တွေလည်း ဒီလိုစကားတွေ ကြားရလေလေ သတိဝီရိယတွေ စိုက်ထုတ်ပြီး နို်းနို်းကြားကြားနဲ့ ကိုယ့်တာဝန်ကိုယ်ကျေအောင် နိုင်ငံသားကောင်းပီသအောင်လုပ်ကြဖို့တော့ လိုပြီ…..
    ဒီထက်ပိုပြီး အပြောမခံရအောင် ကြိုးစားကြရအောင်ပါ……

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 30, 2011 at 8:06 pm

    ဘယ်သူမှ မပြောတာလေး ပြောခွင့်ပြုပါနော
    ဗန္ဓုလနဲ့ ကိုင်ပေါက်ပြီး
    ကိုယ်
    စောက်သုံးမကျတာလေး
    ကိုယ့်ကိုယ်ကိုယ် မြင်အောင်ကြည့်ဘို့ တိုက်တွန်းပါတယ်
    အဘိဓမ္မာနဲ့လည်းကိုက်တယ် 😀
    ကိုယ့်ကိုယ်ကိုယ် ဘာကောင်လည်း မသိဘဲနဲ့
    ဟိုလူ့ကိုပြော ဒီလူ့ကိုပြော
    အင်းးးးးးးးးး
    အနိစ္စ
    ဒုက္ခ
    အနတ္တ

Leave a Reply