ဂေဇက်ဆီမီနာ(၁) ၏ရလာဒ် ကို အနှစ်ချုပ်ဆွေးနွေးခြင်း၊(ရာဘင်ဒြာနတ်သ်ဂိုး၊Human Development Index)

thit minDecember 22, 20117min42131

 တကယ်ကြီးကိုစိတ်အေးလက်အေးနဲ့ဖတ်ပါ။ ဝင်ရောက်ဆွေးနွေးပေးပါ။ ဘယ်သူကိုမှအပြစ်တင်ခြင်းမဟုတ်ပါဘူး။အားလုံးနိုင်ငံချစ်သူတွေမို့ ပြောပြချင်လို့ပါ။

ရလာဒ်များမှအဖြေရှာ

ကိုကြောင်လတ်

——————(ဝန်ထမ်းအားလုံးဟာလာဘ်စားရတာကို ပျော်ရွှင်ကျေနပ်နေတယ်လို့မထင်စေချင်ပါဘူး။

အရင်ဆုံးစပြင်ရမှာကစီးပွားရေးသမားလုပ်ငန်းရှင်တွေပါတဲ့)

(^^)

သူများတံတွေးကွက်ပက်လက်မျောပြီးသူများ မသထာရေစာကို ဘယ်သူမှမစားချင်ကြပါဘူး။

ကိုယ့်ဟာကိုဂုဏ်သရေရှိရှိနဲ့ သူများလေးစားခြင်းခံယူပြီးရပ်တည်ချင်တဲ့ဝန်ထမ်းတွေ

အများကြီးရှိနေတယ်ဆိုတာကိုနားလည်ထားစေချင်ပါတယ်။

အရင်ဆုံးစပြင်ရမှာကစီးပွားရေးသမားလုပ်ငန်းရှင်တွေပါ။

သူတို့အကျိုးအတွက်မမှန်တဲ့လမ်းကြောင်းကနေ အခွင့်အရေးရဖို့ လုပ်ပိုင်ခွင့်ရှိသူတွေကို

အတင်းလာဘ်ထိုးနေကြတာကျနော်ကိုယ်တွေ့ပေါ့။

ကိုယ်မလုပ်လဲသူများလုပ်စားသွားမှာပဲဆိုပြီးဈေးပြိုင်စံနစ်နဲ့အတင်းသွားလာဘ်ထိုးနေကြတော့

မခက်ဘူးလား၊အဲဒါကိုလုံးဝရပ်ပစ်ဖို့လိုပါပြီ။

ဒုတိယကအမှန်အကန်အလုပ်အတွက် အရစ်ခံနေရတဲ့ပြည်သူတွေ၊

မှန်နေမှန်းသိရင်ရဲရဲတင်းတင်းပြောသင့်ပါတယ်၊ ခင်ဗျားလုပ်ပေးရမယ့်တာဝန်ရှိတယ်၊

ငွေပေးမှလုပ်ပေးမယ်ဆိုတာထက်ခင်ဗျားတာဝန်ကို ထမ်းဆောင်လိုက်ပါ။ ပြီးရင်

ခင်ဗျားကိုကျေးဇူးတင်တဲ့အနေနဲ့ ကျနော်တုန့်ပြန်တာကိုလက်ခံတာက

ခင်ဗျားအတွက် ပိုဂုဏ်ရှိတယ်၊လုပ်မပေးရင် ခင်ဗျားကိုပြဿနာရှာမယ်ဆိုတာမျိုးပြောပြီး၊

လုပ်ပေးပြီးရင်လည်း တပ်နိုင်သလောက် တကယ်လည်းကျေးဇူးတုန့်ပြန်တာမျိုးက စရင် ဖြစ်နိုင်မလား။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုကြောင်ကြီး

———————(လမ်းကြောင်းမှန်ဖို့အရေးကြီးတယ်၊ကိုယ့်သားသမီးကိုယ် ငယ်စဉ်ကထဲက စည်းကမ်း၊ စိတ်ဓာတ်၊ ပညာ အခြေခံကောင်းအောင်လုပ်ထားမှ သူတို့ကြီးလာတဲ့အခါ စိတ်ချရမယ်။)

(^^)

နိုင်ငံအလိုက်သင်ကြားခဲ့ရတဲ့ အဆင့်၊ အတွေးအမြင်များ ကွာခြားနိုင်ပေမဲ့ တိုင်းပြည်တွင်း ပြန်လာတဲ့

အခါပိုသိပိုတတ် ပညာရှင်များ ဖြစ်နေပြီမို့ ပြန်လည်အသုံးချဖို့သာရှိတယ်။ သိပ္ပံပဲဖြစ်ဖြစ်

ဝိဇ္ဇာပဲဖြစ်ဖြစ် လူတယောက် တတ်မြောက်လာရင် အဲဒီပညာကို အသုံးချလိုစိတ် ပေါ်လာတယ်၊

ပညာတတ်မာနလို့လည်းခေါ်တယ်။ အရင်လို မည်ကာမတ္တဘွဲ့လက်မှတ် မဟုတ်တော့လို့

ကိုယ်ပိုင်ညဏ်နဲ့ တွေးခေါ်တတ်လာပြီ။အဲသလိုမျိုးလို့ ယူဆနိုင်ဖွယ်ရာ ရှိသူများ မြန်မာနိုင်ငံမှာ

တပုံကြီးပါ။ လက်ရှိပြည်ပရောက်နေသူပညာရှင်များရောက်လာမှ စလို့ရတာ မဟုတ်ဘူး။

စချင်ရင် ပြီးခဲ့တဲ့ ဆယ်စုနှစ်ကျော်ခထဲက စလို့ရနေပြီ။

ဆိုတော့…ပြောချင်တာ လမ်းကြောင်းကိစ္စ။။ လမ်းမမှန်တော့ ဘယ်သူမှ စွန့်မပြောရဲ၊ မလုပ်ရဲဘူး။

လုပ်ခဲ့သူများ ပြုတ်ကုန်တာ အရပ်ဖက်၊ စစ်ဖက်မှာ သာဓက အများကြီးရှိတယ်။ ဒီတော့ ကျန်သူများ

မလုပ်မရှုပ် မပြုတ် ရှေးထုံးကိုပြန်လွယ်ရတယ်။ စတင်ရာ လမ်းကြောင်းပိတ်နေ စောင်းနေမှတော့

သွားလည်းတလွဲဖြစ်ပါမယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုရင်မောင်

————–(နိုင်ငံတခုမှာအရေးအကြီးဆုံးကအများလက်ခံထားတဲ့တရားဥပဒေဘောင်အောက်မှာ

သမတကအစ အောက်ခြေပြည်သူတွေအထိ လေးစားလိုက်နာဘို့လိုပါတယ်)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အန်ကယ်ကြီး ၁၉၇၄

————–(အတိုဆုံးပြောရရင်လူတွေရဲ့စိတ်ဓာတ်ကိုကတနပ်စားဖြစ်နေပြီ
ပြင်ကြမယ်ဆိုရင်ဝန်ထမ်းတွေတင်မကပြည်သူတွေအားလုံးရဲ့စိတ်ဓာတ်တွေကစပြင်ရမယ်)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မခင်လတ်

————-(စီးပွါးရေးသမားတွေ က လဲ ပေးပျော်ပါတယ်။ တိုင်းပြည် ကို ပေးရမဲ့ အခွန်ငွေ တွေ ပေးစရာမှ မလိုဘဲ။)

————–(၁)စီးပွါးရေး သမားများ အတွက် ကံ-ကံ ၏ အကျိုး ကို သတိရပါ။

(၂)ပြည်တွင်း အားကို ယုံကြည်ပါ။ အားပေးပါ။

(^^) ဒီလို အောက်မှာ ဖြစ်နေတာကို သိသိ ချည်းနဲ့ အထက်ပိုင်း

ကလဲ ဘာမှ Action မယူ ပါဘူး။ သူတို့ ကိုယ်တိုင် အကြီးစား ခိုး နေလို့ပါဘဲ။ စီးပွါးရေး

သမားတွေ က လဲ ပေးပျော်ပါတယ်။ တိုင်းပြည် ကို ပေးရမဲ့ အခွန်ငွေ တွေ ပေးစရာမှ မလိုဘဲ။

မြန်မာပြည်မှာ အစိုးရ အကြီးအကဲ အမည်ခံ နဲ့ သူဌေးလို့ အမည်ခံနေသူ (အားလုံးကို မဆိုလိုပါ)

တွေထဲ က အတော်များများ ဟာ ကျေးလက် တောရွာ တွေ က မီးမရှိ၊ ရေမရှိ ၊ ပညာမသင်ရ၊ ဖုံတော

ထဲမှာ ညစ်ညစ်ပေပေ လေးတွေ နေနေရတဲ့၊ ကျန်းမာရေး အတွက် ဆေးမကုရ တဲ့ ပြည်သူတွေ၊

ခလေးငယ်တွေ နဲ့ သက်ကြီးရွယ်အို တွေ ဆီ က ရပိုင်ခွင့် တွေကို ခိုးနေ၊ ဓမြ တိုက် နေကြတာပါ။

တကယ်တော့ရှက်တတ်ရင် အတော်လေး ရှက်ဖို့ ကောင်းပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆရာမကြီးတီတီနု

———————(Incentive ပေးမယ်ဆိုရင် အားစိုက်ထုတ်မဲ့ သူတွေက ဆက်ထုတ်ချင်နေမြဲ။

ဘာကြောင့်လဲဆိုတော့ Inducing Labour ဖြစ်နေတော့ ..အလိုလို အားပါနေတယ်လေ။)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုလင်းဝေ(ကျော်)

———————(တစ်ယောက်တစ်လက်ရွှေ့တာကနေ “အရွေ့” ဖြစ်လာခဲ့ရင် အဲဒီ အရွေ့

ထိရောက်မှန်ကန်ဖို့ အတွက် “စနစ်” ရှိနေသင့်ပါတယ်။မြန်မာ့လူ့အဖွဲ့အစည်းက “စနစ်” နဲ့

အရမ်းဝေလွန်းတော့ စနစ် မှန်ကန်စွာပေါ်လာဖို့ သိပ်ကိုစိုးရိမ်မိပါကြောင်း။)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဦးဦး

——(ဝန်ထမ်းတွေမမှန်မကန်လုပ်ရပ်တွေလုပ်ခဲ့ရင်မီဒီယာတွေကဖေါ်ရပါမယ်…အထက်ကတာဝန်ရှိသူ

တွေကလိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေတကယ်လုပ်ရပါမယ်ဝန်ထမ်းတွေကိုလဲခေတ်နဲ့ညီတဲ့

လူနေမှုဖူလုံ တဲ့ လစာသတ်မှတ်ပေးဖို့လိုပါတယ်..)

(^^)မိသားစုစားလောက်ဖို့အရေးလာဒ်တောင်းသူလဲရှိရဲ့..ညနေရုံးဆင်းချိန်မှာအမောပြေဘီယာဆိုင်လေးမှာ

သုံးဖို့စွဲဖို့..ရှာဖွေကြသူကလဲမနဲ…အဲ့တာထက်ပိုပြီးမာဆက်တို့ကေတီဗီတို့ကိုချီတက်ဖို့အရေးကြိုးစားနေကြ

သူလဲရှိရဲ့..ဒီထက်ပိုတဲ့လူတွေအတွက်တော့.သားမယားတွေအသိုင်းအဝိုင်းမှာသုံးဖြုန်းနိုင်ရေး..အငယ်မလေးတွေ

ကိုထောက်ပံ့နိုင်ရေး…စသဖြင့်ကြီးရင်ကြီးတဲ့အလျောက်..ငယ်ရင်ငယ်တဲ့အလျောက်..ဘယ်တော့မှမပြည့်နိုင်တဲ့

ဆန္ဒလေးတွေအတွက်..ဆင်ခြေလေးတွေကတော

့အမြဲရှိနေမှာပါအုပ်ချုပ်မှုယန္တယားထဲကအဲလိုအခြေအနေတွေကိုပြုပြင်ဖို့ဆိုတာ..ကျနော်တော့

ဉာဏ်မမှီလို့မတွေးတတ်သေးပါ..အဲ့ဒီအပိုင်းကိုပြုပြင်နိုင်ပြီဆိုရင်ပြည်သူလူထုအပိုင်းမှာပြုပြင်

ဖို့ဆိုတာသိပ်ခက်မယ်မထင်တော့ဘူးဗျ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကိုပေါက်(မန္တလေး)

———–(လက်တွေ့လုပ်နေရတဲ့သူတွေရှိတယ်။ဒါပေမယ့်သီအိုရီမသိဘူး။အဲတော့ သီအိုရီရှိပြီး

လက်တွေ့မရှိသူနဲ့လက်တွေ့ရှိပြီး သီအိုရီမရှိသူတွေကို ပေါင်းပြီး“သားစိုး”လုပ်နိုင်မယ်ဆိုရင်ဖြင့်)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မအေးကေကေ

—————–(ရင်သွေးငယ်မျုားကို(၃၈)ဖြာမင်္ဂလာကိုရွတ်ဆိုချင်းထက်

အသိတရားဝင်အောင်ပုံသွင်းပေးကြစေချင်ပါကြောင်းအမြင်လေးသာပြောပြနိုင်ပါတော့တယ်..)

—————–(သံအမတ်ကြီးဦးအုန်းကလောကမှာအရေးအကြီးဆုံးဖတ်စာအုပ်နှစ်အုပ်ရှိတယ် ၊

တစ်အုပ်ကမိမိကိုယ်ဆိုတဲ့ဖတ်စာအုပ် ၊နောက်တစ်အုပ်ကမိမိပါတ်ဝန်းကျင်ဆိုတဲ့ ဖတ်စာအုပ်ဟုဆိုခဲ့ကြောင်း)

(^^)လူတစ်ဦး၏စွဲမြဲသောအကျင့်သည်စာရိတ္တအဖြစ် တည်ဆောက်နိုင်ပါက သမာဓိ

တရားကိုပင်ဖြစ်ပေါ်စေတော့၏ ။အကျင့်သည်စာရိတ္တဖြစ်လာသောအခါပညာ အဖြစ်

သို့ပြောင်းလဲနိုင်စွမ်းရှိပါသည် ၊ စာရိတ္တအချေခိုင်လာသောအခါသီလ ၊သမာဓိ

ပညာများအဖြစ်ပြောင်းလဲမြင့်မားနိုင်ပါသည်

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

inz@ghi

—————(ပညာရေးစနစ်ကောင်းလျင်ဖြင့် … safty needs တွေ ပြေလည်လာပြီး အဂတိတရား တွေ လျော့ပါးနိုင်ပါကြောင်း…)

(^^)သည်တော့
ပညာရေး စနစ်အရ ပြောရရင် …ကျုပ်တို့ ရွေးချယ်စရာ ၂ခု ရှိမယ်ဗျာ ….

၁၊ဂျာပွန်လို ဘာမဆို ကိုယ့်ဘာသာ ကို ပြန်ဆိုရေးသားကြမလား။

၂၊Eng ပိုကောင်းအောင် သင်ပေးမလား ..

၁ကိုရွေးဖို့တော့လက်ရှိ မလွယ်ဘူးဗျ ….အရမ်းကြီးရေရှည်သွားရမှာ … ပြီး …revolution လိုကို လုပ်ယူရမှာ..

၂ ကိုတော့ ပိုသဘောကျတယ်ဗျို့ …. ENG ပိုကောင်းဖို့ တအားလိုနေပြီ …

>>>>>>>>>>>>>>စိတ်ဓါတ်၊ စည်းကမ်း ၊ ပညာ ပါခင်ဗျား…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အကုန်ချုပ်ကြည့်လိုက်ပါတယ်။

(၁)ဝန်ထမ်းအားလုံးဟာလာဘ်စားရတာကိုပျော်ရွှင်ကျေနပ်နေတယ်လို့မထင်စေချင်ပါဘူး။

(၂)လမ်းကြောင်းမှန်ဖို့အရေးကြီးတယ်။

(၃)နိုင်ငံတခုမှာအရေးအကြီးဆုံးကအများလက်ခံထားတဲ့တရားဥပဒေကိုလေးစားလိုက်နာဖို့။

(၄)ဝန်ထမ်းတွေတင်မကပြည်သူတွေအားလုံးရဲ့စိတ်ဓာတ်တွေကစပြင်ရမယ်။

(၅)စီးပွါးရေးသမားတွေ က လဲ ပေးပျော်ပါတယ်။ တိုင်းပြည် ကို အမှန်ပေးရမဲ့ အခွန်ငွေ တွေ ပေးစရာမှ မလိုဘဲ။

(၆)Incentive ပေးမယ်ဆိုရင် အားစိုက်ထုတ်မဲ့ သူတွေက ဆက်ထုတ်ချင်မယ်။

(၇)မြန်မာ့လူ့အဖွဲ့အစည်းက “စနစ်” နဲ့ အရမ်းဝေလွန်းတော့ စနစ် မှန်ကန်စွာပေါ်လာဖို့ သိပ်ကို

စိုးရိမ်မိပါကြောင်း။

(၈)အထက်ကတာဝန်ရှိသူတွေကလိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေတကယ်လုပ်ရပါမယ်။

(၉)လက်တွေ့ရှိပြီး သီအိုရီမရှိသူတွေကို ပေါင်းပြီး“သားစိုး”လုပ်နိုင်မယ်ဆိုရင်။

(၁၀)ရင်သွေးငယ်မျုားကို အသိတရားဝင်အောင်ပုံသွင်းပေးကြစေချင်ပါကြောင်း။

(၁၁)ပညာရေးစနစ်ကောင်းလျင်ဖြင့်safty needs တွေ ပြေလည်လာပြီး အဂတိတရား တွေ

လျော့ပါးနိုင်ပါကြောင်း။

kai says:

ဤသုံးမျိုး (၁)- thit
min = https://myanmargazette.net/82369/business-economy

ဤသုံးမျိုး (၂)- thit min = https://myanmargazette.net/84347/business-economy

ဤသုံးမျိုး (၃)- thit min = https://myanmargazette.net/84454/business-economy

.. အကြံပေးအရာရှိများလည်းဖတ်ပေးကြစေလိုပါတယ်နော..။ 

အဲ.. အဓိကကတော့..ဒီရွာထဲက.. ရွာသူားများမေးကြဆွေးနွေးကြပါပေါ့..။

တယောက်ချင်းစွမ်းအား.. မယုံဘူးလား..။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရွာသားများရဲ့အတွေးအခေါ်များ ဖတ်ပြီးတော့ နဲနဲ အဟာရလေးဖတ်ကြည့်ပါအုန်းနော်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ကြက်တူရွေး၏ ပညာရေး

(မူရင်း – ရာဘင်ဒရာနတ်တဂိုး၊ ဘာသာပြန် – (ဆရာ)တိုက်စိုး)

တစ်ရံရောအခါ ကြက်တူရွေးတစ်ကောင်ရှိလေသည်။ ထိုကြက်တူရွေးသည် အသိပညာမဲ့၏။ သူသည်

တေးဆိုလေ့ရှိသော်လည်း တရားစာပေကိုဘယ်အခါမှ မရွတ်။ မကြာခဏ ခုန်စွေ့ ခုန်စွေ့ လုပ်တတ်သော်လည်း

အမူအရာ၌ မသိမ်မွေ့။ ဘုရင်မင်းကြီးသည် ဤသို့ တွေးလေသည်။ ပညာမဲ့ခြင်းသည် အကျိုးယုတ်ရာ

ယုတ်ကြောင်းသာ။ သူမိုက်နှင့် ပညာရှိ(သည်) အစားစားရာတွင် မကွာကြသော်လည်း

လောကစီးပွားဆောင်ရာတွင်ကား ကွာလှချေသည်။ မင်းကြီးသည် ဤသို့ တွေး၍ တူတော်များကို ရှေ့တော်သို့

ခေါ်ကာ၊ ကြက်တူရွေးကို ပညာကောင်းစွာ သင်ပေးရန် မိန့်လေသည်။ ထိုအခါ မင်းရင်ပြင်၌ သုခမိန်များ၏

အစည်းအဝေးသည် ဖြစ်၏။ သုခမိန်များသည် မဆိုင်းမတွပင် ပြဿနာ၏ ဇာစ်မြစ်ကို စိစစ်ကြပြီးလျှင်

ငှက်သတ္တဝါများသည် အသိုက်စုတ် အသိုက်ပဲ့တွင် နေလေ့ရှိသောကြောင့် အသိပညာမဲ့ရသည်။ ထို့ကြောင့်

ကြက်တူရွေး၏ ပညာရေးအတွက် ပထမ လိုအပ်ချက်သည် သင့်လျော်သော ကြက်တူရွေးအိမ်ပင် ဖြစ်သည်ဟု

ဆုံးဖြတ်ကြလေသည်။ သုခမိန်များသည် ဆုလာဘ်ကိုယ်စီဖြင့်အိမ်သို့ ပြန်ကြလေသတည်း။

ရွှေလှောင်အိမ်တစ်ခုကို အဆန်းတကြယ် လှပတင့်တယ်အောင် စီရင်ကြလေသည်။ အရပ်ရပ်မှ လူအများလည်း

ထိုလှောင်အိမ်ကို ကြည့်ရန် စုဝေး လာရောက်ကြလေသည်။ အချို့က လှောင်အိမ်ကို စူးစူးစိုက်စိုက်ကြည့်ရာမှ

‘ယဉ်ကျေးမှုဖြင့် အကျဉ်းကျပါပကော’ဟု ပြောဆို ငိုကြွေးကြလေသည်။ အချို့ကလည်း ‘ယဉ်ကျေးမှုမပါ

ဘာဖြစ်သမို့လဲ၊ လှောင်အိမ်က အကောင်အထည်နဲ့ ကျန်ရစ်ခဲ့မှာပဲ၊ ရွှေခဲကြက်တူရွေးတော့ ကံကောင်းတာပဲ’ဟု

မှတ်ချက်ချကြလေသည်။ ပန်းတိမ်သည်လည်း ငွေထုပ်ပိုက်၍ မိမိရပ်ရွာသို့ လွှင့်လေသတည်း။

ဆရာပဏ္ဍိတ်သည် ကြက်တူရွေးကို စာသင်ရန် ပြင်လေသည်။ သူသည် ဣန္ဒြေသမ္ပတ္တိဖြင့်

နှာတရှုပ်ရှူလိုက်ကာ ‘စာစုံမှပညာကုန်မယ်’ဟု မိန့်လေသည်။ ထိုအခါ ဘုရင့်တူတော်များလည်း စာရေးတော်

တသီချည်းခေါ်လာကြလေသည်။ စာရေးတော်များလည်း ကျမ်းအစောင်စောင် မှ ရေးကူးကြလေသည်။

ကူးသည့်စာမူမှတဖန် ရေးကူးကြပြန်လေသည်။

နောက်ဆုံး၌ အတိုင်းမသိ မြင့်မားသော စာအထပ်ကြီး ဖြစ်လာလေတော့သည်။

လူအများလည်း ‘အလိုလေး၊ ယဉ်ကျေးမှု ဘုံဗိမာန်ကြီးဟာ တိမ်တိုက်တွေအကြား ထိုးဝင်မတတ် မြင့်မားပါပေ

ရဲ့’ဟု ရင်သပ်ရှုမော ကြလေသည်။ စာရေးတော်များသည် အသပြာအိတ် အပြည့်ဖြင့် အရပ်သို့

ပြန်ကြလေသတည်း။ ဘုရင့်တူတော်များလည်း လှောင်အိမ်ကို အကျအန ဖြစ်အောင် ကြိုးစားကြပါပေ၏။

လှောင်အိမ်ကို သူတို့ ပွတ်တိုက်မွမ်းမံ အရောင်တင်ကြသည်ကို လူအများက ကြည့်ရင်း၊ ‘ဒါမှ

တကယ့်တိုးတက်ရေး’ ဟု ပြောကြလေသည်။ လောက၌ ဘယ်အရာတွင် ချို့တဲ့နေနေ၊ ကဲ့ရဲ့ သင်္ဂြိုဟ်

ဆိုတတ်သူ ဦးရေတွင်မူ မချိုတဲ့တတ်ပေ။ သူတို့က လှောင်အိမ်နှင့် ပတ်သက်သူမှန်သမျှ ကြက်တူရွေးက

လွဲလျှင် ကြီးပွားကြပါပေသည်ဟု လျှောက်၍ သတင်းလွှင့်ကြလေသည်။ မင်းကြီးလည်း ထိုသတင်းကို ကြားရ၍

တူတော်များကို မေးလေသည်။ တူတော်များက ‘ထမင်း မဝ တစ်ချက် ဝ တစ်ချက်နဲ့ လူများဟာ ပါးစပ်အားတိုင်း

သွားပုတ်လေလွင့် ပြောနေကြခြင်းပါ’ ဟု လျှောက်တင်ကြလေသည်။ လျှောက်တင်ချက်ကို သဘောတော် တွေ့

သဖြင့် ဘုရင်မင်းကြီးက တူတော်များအား ကျောက်မျက်ကျောက်မြတ်များ သဒ္ဓါတော်မူလေသည်။ တစ်နေ့သ၌

ဘုရင်မင်းကြီးသည် (မိမိ၏) ပညာရေးဌာနက ရွှေခဲကြက်တူရွေးအတွက် ဘယ်ပုံဘယ်နည်း စီမံနေသည်ကို

ကိုယ်တော်တိုင် မြင်လိုသဖြင့် ပညာရေး ခန်းမဆောင်သို့ ကြွလေသည်။ ထိုအခါ ဆိုင်ရာတို့က စည်းခရာ

ပတ်သာပုံမောင်း တီးမှုတ်၍ ကြိုကြလေသည်။ သုခမိန်များကလည်း ဂါထာမန္တရားကို တစ်ခဲနက်

ရွတ်ဆိုကြလေသည်။ ရွှေပန်းတိမ်တော်များ၊ စာရေးတော်များ၊ စာကြပ် စာမများ၊ ထိုသူအသီးသီး၏

အထောင်အသောင်းမကသော ဆွေမျိုး အရင်းအဖျားများကလည်း အုတ်အုတ်သဲသဲ ကောင်းချီးပေးကြလေသည်။

ဤတွင် တူတော်များလည်း အားရရွှင်ပြုံးစွာ မင်းကြီး၏ စိတ်ဆန္ဒကို မေးလျှောက် ကြလေသည်။ မင်းကြီးက

‘ပညာရေး မူဝါဒကဖြင့် ဟန်ဟန်ပန်ပန်ရှိတဲ့ ပုံသဏ္ဍာန်ပဲ’ ဟုမိန့်လေသည်။ ဘုရင်မင်းကြီးလည်း အလွန်ကျေနပ်၍

ဆင်တော်ပေါ်သို့ တက်တော့မည်အပြုတွင် ခြုံကွယ်၌ပုန်းနေသော အပြစ်ရှာသူတစ်ဦးက ‘အရှင်မင်းကြီး၊

ကြက်တူရွေးကော တွေ့ပါရဲ့လားဘုရာ့’ဟု ဟစ်အော်လိုက်လေသည်။ ထိုအခါမှ မင်းကြီးက ငါ

သတိချွတ်နေမိသည်ဟု ဆိုကာ သုခမိန်များဘက်လှည့်၍ ကြက်တူရွေးကို သင်ပုံသင်နည်းစုံစမ်းကြည့်လေသည်။

သူတို့က သင်ပုံသင်နည်းကို မင်းကြီးအား ပြလေသည်။ ဘုရင်မင်းကြီးလည်း အလွန် နှစ်ထောင်းအားရခြင်း

ဖြစ်လေ၏။ သင်ပြပုံနည်းစနစ်သည် ခန့်ထည်လှသဖြင့် ထိုနည်းစနစ်နှင့် စာလျှင်ကြက်တူရွေးမှာ နုပ်နုပ်ဖွဲဖွဲကဲ့သို့

ပင် ဖြစ်တော့သည်။ မင်းကြီးလည်း အစီအစဉ်ကို အပြစ်ပြောစရာ ဘာမှမရှိဟု ကျေနပ်မိလေသည်။ အကယ်၍

ကြက်တူရွေးက ထိုအစီအစဉ်ကို ဆင်ခြေဆင်လက် တက်မည်ဆိုလျှင်လည်း ဆင်ခြေတက်နိုင်စရာ

အကြောင်းမမြင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ့လည်မျိုတွင် စာရွက်တွေ နင့်နေသဖြင့် အသံသဲ့သဲ့ပင်

မထုတ်နိုင်ရှာသောကြောင့် ပေတည်း။ ကြက်တူရွေး၏အဖြစ်သည် ကြက်သီးထစရာပင် ကောင်းတော့သည်။

ဤအခါ၌မူ ဘုရင်မင်းကြီးသည် ဆင်တော်ပေါ်သို့တက်ရင်း အပြစ်ရှာသူများကို မလွတ်အောင် အပြစ်ဒဏ်

ခတ်ရန် အမိန့်ပေးလေသည်။ ကြက်တူရွေးလည်း ကျိုးနွံစွာ သင့်အံလေ့လာရင်း နမူးနထူးဖြစ်လာလေသည်။

အားရလောက်သည့် တိုးတက်ရေးပါပေ။ သို့သော် အကွပ်အညှပ် အစီအမံအကြားမှပင် အဖြစ်မှန်သည်

ပေါ်လာတတ်လေသည်။ လှောင်အိမ်တွင်း၌ နေရောင်ခြည်ကလေး မပြူတပြူ ရှိစအချိန်တွင်

ရွှေခဲကြက်တူရွေးသည် အနှောင်အဖွဲ့ကို ရုန်းကန်ငြင်းဆန်သည့်ပမာ အတောင်တဖျပ်ဖျပ် ခတ်လေသည်။

ထို့ပြင် ယုံချင်မှလည်း ယုံပေရော့။ နှုတ်သီးချည့်နဲ့နဲ့ဖြင့် သံတိုင်ကို သနားစရာ ဆိတ်လေသည်။ ထိုအခါ မြို့ကွပ်က

‘တယ်ရိုင်းပါကလား’ဟု ကြိမ်းဝါးလေသည်။ မကြာမီ ပန်းပဲသမားသည် ပန်းပဲဖိုကို သယ်ဆောင်၍ မင်းကြီး၏

ပညာရေးဌာနသို့ ရောက်လာလေသည်။ တူသံ ပေသံတွေလည်း ဆူညံမစဲ ရှိပါပေ၏။ တူသံစဲသည်နှင့်

တစ်ပြိုင်နက် သံကြိုးလည်း အဆင်သင့် ဖြစ်လေပြီ။ ကြက်တူရွေး၏ အတောင်နှစ်ဖက်ကိုလည်း ကိုက်ညှပ်၍

ပြီးခဲ့လေပြီ။ မင်းကြီး၏ ယောက်ဖတော်များက ‘ဒီငှက်သတ္တဝါတွေဟာ ဉာဏ်ကလည်းမွဲ ကျေးဇူးတရားကိုလည်း

ဘာမှ မသိပါကလား’ဟု မသက်မသာ ခေါင်းရမ်းမိကြလေသည်။ ဆရာပဏ္ဍိတ်လည်း ကျမ်းထုတ်ကို တစ်ဖက်၊

ကြိမ်လုံးကို တစ်ဖက် ဆောင်၍ စာချလေသည်။ မြို့ကွပ်သည် အစောင့်အရှောက်ကောင်းသည့်အတွက်

လည်းကောင်း၊ ပန်းပဲသမားသည် သံကြိုးခိုင်ခိုင်လုပ်နိုင်သည့်အတွက် လည်းကောင်း ဘွဲ့တံဆိပ်

အသနားခံရပြန်လေသတည်း။ ရွှေခဲကြက်တူရွေးလည်း သေလေတော့၏။ ကြက်တူရွေး ဘယ်အခါက

သေလိုက်မှန်း သိသူမရှိကြ။ အပြစ်ရှာသူက ထိုသတင်းကို ပထမဆုံး လွှင့်လိုက်လေသည်။ ဘုရင်မင်းကြီးလည်း

တူတော်များကို ခေါ်၍ သတင်းမေးလေသည်။ တူတော်များက ကြက်တူရွေးကို စာသင်ပြီးကြောင်း

လျှောက်တင်ကြလေသည်။ မင်းကြီးက ‘သူ ခုန်သေးသလား’ ဟု မေးလေသည်။ တူတော်များက ‘မခုန်တော့ပါ’

ဟု လျှောက်သည်။ ‘ပျံသေးသလား’ ‘မပျံတော့ပါ’ ‘ကြက်တူရွေးကို ခေါ်ခဲ့’ ဟု မင်းကြီးက အမိန့်ပေးလေသည်။

မြို့ကွပ်လည်း ကြက်တူရွေးကို အစောင့်အကြပ်ဖြင့် ရှေ့တော်သို့ သွင်းလေသည်။ ဘုရင်မင်းကြီးလည်း

ကြက်တူရွေး၏ ကိုယ်ကို လက်ညှိုးနှင့် ထိုးစမ်းကြည့်လေသည်။ ရွှေခဲကြက်တူရွေး၏ ကိုယ်တွင်းမှ

စာရွက်မာကောက်ကောက် အသံတွေသာ ထွက်လာလေသတည်း။ ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

တိုက်စိုး (မူရင်း – ရာဘင်ဒရာနတ်တဂိုး၊ ဘာသာပြန် – ဆရာတိုက်စိုး) စာပေလောကစာအုပ် အမှတ် ၂၇၂ –

” တဂိုး၏ စာ “(ကဗျာ/စာရေးဆရာအစုံ မြန်မာပြန်သည်)၊ စာမျက်နှာ ၂၂၆ မှ ကူးယူမျှဝေသည်။

တဂိုး၏ စာ – ပုံနှိပ်မှတ်တမ်း ပထမအကြိမ် –

၁၉၆၆ (နှလုံးလှ စာပေတိုက်) ဒုတိယအကြိမ် –

စက်တင်ဘာ၊ ၁၉၈၈ (စာပေလောက စာအုပ်တိုက်)

——————————————

တဂိုး ၏ “ကြက်တူရွေး၏ ပညာရေး” ကို အင်္ဂလိပ်ဘာသာဖြင့် ဖတ်လိုသူများအတွက် အင်တာနက်လိပ်စာမှာ http://home.iitk.ac.in/~amman/soc748/tagore_parrot.pdf http://www.parabaas.com/translation/database/translations/stories/gRabindranath_parrot.html

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဆရာကြီး၏လက်ရာကဗျာတပုဒ်ကိုတင်ပြပါမည်။ဆရာမကြီးငွေတာရီ၏ဘာသာပြန်ကိုပါခံစားပါရန်။

The Gift
by Rabindranath Tagore
I want to give you something, my child, for we are drifting in the stream of the world.
Our lives will be carried apart, and our love forgotten.
But I am not so foolish as to hope that I could buy your heartwith my gifts.
Young is your life, your path long, and you drink the love webring
you at one draught and turn and run away from us.
You have your play and your playmates. What harm is there if
you have no time or thought for us!
We, indeed, have leisure enough in old age to count the days
that are past, to cherish in our hearts what our hands have lost for ever.
The river runs swift with a song, breaking through all barriers. But the mountain stays and
remembers, and follows herwith his love.
ဆရာမ ငွေတာရီ က
ရာဘင်ဒရာနတ် တဂိုး ( ၁၈၆၁ – ၁၉၁၄ )၏ The Gift ကဗျာ  ကို ဘာသာ ပြန်ထားခြင်းဖြစ်ပါသည်။
ကာမ လောက၊ဤ လောက ဟု
ဘဝ ကျယ်ပြော၊ပင်လယ် ကြော၌
မျောကာ ရွေ့ရွေ့၊တူဆုံ တွေ့စဉ်
တစ်နေ့ လွှဲစွာ၊တို့ ကွဲကွာက
စိတ်မှာ မပျောက်၊နောက်ကြောင်း လျှောက်၍
တွေးထောက် နိုင်မှု၊တစ်ခုခု ကို

မှတ်ရှု သင့်အား ပေးလို တကား။

သို့ပါသော်လည်း၊ချစ်မငြီး ၏

အသည်း နှလုံး၊ချိုချိုပြုံး ကို

သိမ်းကျုံး ပိုင်အောင်၊မျှော်ကိုးယောင်၍
လက်ဆောင်ကို ပြ၊ဝယ်သော် ရဟု

ဤမျှ ထွေထူး၊ငါ့စိတ်ကူး သည်

မရူး မမိုက် သေးပါတကား။
သင့် အသက ်ကား
ညွန့်ခက် နုကွေး၊အငယ်လေး တည့်။
သင့် ခရီးလည်း

မနီး မဆုံး၊ရှည်လျားတုန်း တည့်။

ငါ၏ ထံမှ၊အေး ကြည် လှသည့်

ချမ်းမြ ဝေမောက်၊ရေကြည်ပေါက် ကို

သောက်ကာ စို့ပြီး၊လို ခရီးသို့

ပြန်ပြီး တစ်ခါ ပြေးခဲ့ပါ၏ ။

အသင့် မှာကား

ရွှင်ရာ ရွှင်ကြောင်း၊ဖော်အပေါင်း နှင့်

သောင်းသောင်းညာညာ၊ပျော်နေ ပါ၍

တစ်နေ့ ယွင်းယို၊စိတ်နုပျို ဝယ်

တို့ကို သွေကွက်၊မေ့နေရက် လည်း

အတွက် ဘယ်မှာ ရှိပါအံ့နည်း ။

ငါတို့မှာမူ

နားယ ူကာသာ

လွန်လာသည့် သက်၊အရက်ရက် ကို

ပြန်လျက် တွေးရ၊မျှော်မှန်း ဆ၍

တမ်းတ ကာသာ နေရပါ၏ ။

မြစ်မ ငွေစင်၊ကြည် ရေပြင် ကား

ချိုလွင် သာယာ၊တေးလင်္ကာ ဖြင့်

လျင်စွာ ကျော်လွှား၊ဖြတ်၍ သွား၏ ။

မြင့်မား မောက်မို၊ဤ တောင်ညို မူ

နဂို မတ်မတ်၊မားမား ရပ်၍

တွက်မှတ် အောက်မေ့၊တစေ့စေ ့ဖြင့်

ချမ်းမြေ့ မေတ္တာ၊ရေစင်ဖြာ ကို

သွန်းကာ လောင်းလျက်ပင်တကား ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဘာသာပြန် – ငွေတာရီ
တဂိုး ၏ စာ ( ဒုတိယ အကြိမ် )
စက်တင်ဘာလ၊၁၉၉၈ – ခုနှစ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဆရာကြီး တဂိုးက ကိုလိုနီခေတ် မြန်မာနိုင်ငံသို့ ၃ ကြိမ် လာရောက်လည်ပတ်ခဲ့ဖူးသည်။
သူ၏ အာရှခရီးစဉ်များအတွင်း ရန်ကုန်မြို့သို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၁၆ မေလ ၅ ရက်တွင်
လာရောက်စဉ်က ရွှေတိဂုံဘုရားအား ဖူးမြော်ကြည်ညိုခွင့်ရခဲ့သလို သူ၏မွေးနေ့မေလ ၈ ရက်ကို
ရန်ကုန်မြို့ရှိ အိန္ဒိယတိုက်သားများကဂျူဗလီဟောတွင် ဂုဏ်ပြုကျင်းပပေးခြဲ့ကသည်။
၁၉၂၄ မတ်လ ၂၄ ရက်နေ့ ရန်ကုန်မြို့ ‘ဘင်္ဂါလီစာပေညီလာခံ’ သို့တက်ရောက်ပြီး ရန်ကုန်မြို့တွင် ၄ ရက်ကြာ

နေထိုင်သွားခဲ့ သည်။ သူနေထိုင်သွားခဲ့သည့်ကုန်သည်လမ်းအမှတ် ၃၉၂-၃၉၆ “ဂါးဒီးယန်းမဂ္ဂဇင်းတိုက်”

အရှေ့ဘက် အတွင်း နံရံကျောက်ပြားတွင် ၎င်းလာရောက်နေထိုင်သွားခဲ့သည့်အထိမ်းအမှတ်အဖြစ်

အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့်ရေးထိုးထားသည့်စာတမ်း ယနေ့ထက်တိုင် ရှိသေးကြောင်း သိရသည်။

၁၉၂ရ အောက်တိုဘာ ၂၂ တွင် တတိယအကြိမ် ရောက်ရှိလာပြီး ထိုနှစ်ဒေဝါလီနေ့ ၂၄ ရက်ထိ

ရန်ကုန်မြို့တွင်နေထိုင်သွားခဲ့ ကြောင်းမှတ်တမ်းများရှိခဲ့သည်။

ပထမကြိမ် လာရောက်စဉ်က ရန်ကုန်မြို့တွင် အိန္ဒိယ တိုက်သားများက အများစုဖြစ်ပြီး မြန်မာများက

နိုင်ငံခြားသား ကဲ့သို့ မြင်တွေ့ခဲ့ရပုံကို “ကျနော်ရောက်သွားသော အခါ မြန်မာပြည် ရောက်နေသည်နှင့်ပင်

မတူတော့။ ရန်ကုန်သည် မြေပုံပေါ်တွင်သာ ရှိပြီး မြေပေါ်တွင် တကယ်မရှိသလို ဖြစ်နေ၏။

တနည်းပြောရလျှင်မြို့သည် မြေဆီလွှာမှပေါက်လာသော သစ်ပင်နှင့်မတူဘဲ ရေစီးတွင် မျောလာသော

ရေမြှုပ်နှင့် တူနေသည်” ဟုတဂိုးက ခံစားမှတ်တမ်းတင် သွားခဲ့ဖူးသည်။

တဂိုး ၏ စာပေအနုပညာ မြတ်နိုးသူများက ၁၉၅၂ တွင်‘မြန်မာပြည်တဂိုးအသင်း’ ကို

ဖဲ့ွစည်းတည်ထောင်ခဲ့ကြသည်။

တဂိုး၏ စာပေလက်ရာများကို ဆရာပါရဂူက ၅ အုပ်ထက် မနည်း ဘာသာပြန်ခဲ့ဖူးပြီး မောင်ဖြူး၊ ဇော်ဂျီ၊

မင်းသုဝဏ်၊မြသန်းတင့်၊ မြင့်စိုးလှိုင်၊ ဟိန်းလတ် စသူတို့ကလည်း တဂိုး၏ ကဗျာ၊ ဝတ္ထုတိုစာအုပ်များ

မြန်မာဘာသာသို့ ဘာသာပြန်ဆို ပေးခဲ့ကြသည်။

တဂိုး၏ ထင်ရှားသော ကဗျာလင်္ကာများမှာ ‘ဂီတဉ္ဖလီ’၊ ‘ဥယျာဉ်မှူး’၊ ‘တေလေငှက်’၊ ‘သစ်သီးခူးကဗျာများ’၊

‘စိတြ’ တို့မှာ မြန်မာစာဖတ်ပရိသတ်နှင့် ရင်းနှီးသည်။

စာပေဆိုင်ရာ နိုဗယ်ဆုကို ၁၉၁၃ တွင်ပထမဆုံး ရရှိခဲ့သည့်အားရှတိုက်သား စာရေးဆရာကြီး ရာဘင်ဒရာနတ်

တဂိုး (၁၈၆၁-၁၉၄၁)သည် ကဗျာ ပေါင်း၃,ဝဝဝကျော် ရေးစပ်သီကုးံ ခဲ့သည်။ ပြဇာတ် ဆရာအဖြစ်လည်း

သရုပ်ဖော်ပြဇာတ်၊ ဘဲလေးဇာတ်၊ အပြောပြဇာတ်၊ အိမ်ပြောပြဇာတ်၊ အရိပ်ပြဇာတ် ပေါင်းများစွာ ရေးသားခဲ့သည်။

ဝတ္ထတို၊ဝတ္ထရှည်၊ စာတမ်း၊ ဆောင်းပါး များစွာကိုလည်း မိခင် ဘင်္ဂါလီ ဘာသာအပြင် အင်္ဂလိပ်ဘာသာဖြင့်ပါ

ရေးသားခဲ့ သည်။ စာသား/သံစဉ် စပ်ဆိုရေးဖဲ့ွနိုင်သော ဂီတပညာရှင်လည်း ဖြစ်သည်။ သူ၏ ပန်းချီကား ၄ဝဝ

ကျော်ကို ပြင်သစ်၊ အင်္ဂလန်၊ဂျာမနီ၊ရုရှားတို့ တွင်လှည့်လည်ပြသနိုင်ခဲ့သည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အဲဒီ ၁၉၁၃ ခုနှစ်ကစာပေနိုဗယ်ဆုရ ဆရာကြီးတဂိုးက သူ့ရဲ့သူငယ်ချင်းတယောက်ရဲ့သားကို

(မသေသော)သေခြင်းကင်းသော= အမတ (ဘင်ဂါလီဘာသာ=Amartya) လို့နာမည်ပေးခဲ့ပါတယ်။

မျိုးဆက်နာမည် Sen နဲ့ပေါင်းတော့Amartya Sen ပေါ့နော်။

အဲဒီ Amartya Sen က ဖွံ့ဖြိုးမှုဘောဂဗေဒ၊ လူမှုရွေးချယ်မှုစီးပွါးရေးဘာသာရပ်နဲ့၁၉၉၈ ခုနှစ်မှာ

စီးပွါးရေးနိုဗယ်ဆုကိုရပါတယ်။

United Nations Development Programme (UNDP)က ပါကစ္စတန်နိုင်ငံသား Mahbub ul Haq

ဆိုသူစီးပွါးရေးပညာရှင်ကဦးဆောင်ပြီး အခြားစီးပွါးရေးပညာရှင် ၆ ဦးပေါင်းပြီး

Human Development Index (HDI)=လူသားဖွံ့ဖြိုးမှုညွန်ကိန်း

ကိုတွက်ပြီးနိုင်ငံတွေရဲ့အခြေအနေတွေကို တိုင်းတာပါတယ်။

ပါဝင်ထဲ့သွင်းစဉ်းစားထားတဲ့အချက်အလက်တွေကတော့

(၁)မျှော်မှန်းသက်တမ်း (၂)စာတတ်မြောက်မှုနှုန်း (၃)ကျောင်းမှတ်ပုံတင်ဦးရေ (၄)တဦးကျဝင်ငွေတွေ ပါ။

အဲ ၂၀၁ဝ မှာတော့ ဆရာကြီးAmartya Sen ပါအဲဒီ အဖွဲ့ထဲဝင်ပါလာပြီး။ အောက်ပါအတိုင်းတွက်ချက်ပါတယ်။

(၁)မျှော်မှန်းသက်တမ်း (၂)ပျမ်းမျှကျောင်းနေသက်တမ်း (၃)မျှော်မှန်းကျောင်းနေသက်တမ်း(၄)ဝင်ငွေ

တွေဘဲဖြစ်ပါတယ်။ကျောင်းနေတဲ့သက်တမ်းကို အဓိကထားတွက်လိုက်တဲ့ ညွန်ကိန်းပါဘဲ။

ဆရာကြီးအမတိရာဆဲန်းက ဆရာကြီးတဂိုးပေးတဲ့နာမည်ရပြီးတော့ နိုဗယ်ဆုလဲရတယ်။

ပြီးတော့ဆရာကြီးတဂိုးလိုဘဲ”ပညာရေး” ကိုဦးစားပေးစဉ်းစားတယ်ဆိုတာလားလို့တွေးမိလိုက်ပါတယ်။

((ဪ ပြောဘို့မေ့နေလို့ဗျို့။ ဆရာကြီးအမတီရာဆဲန်း ကလည်းမြန်မာပြည်ကိုလာဖူးတယ်ဗျ။

ဆရာကြီးဦးဂိုအင်ကာနဲ့ ခင်မင်ရင်းနှီးသူပါတဲ့ ခင်ဗျ။))

အဲဒီ HDI ညွန်းကိန်းဟာ 1 ရှိလျှင် ဖွံ့ဖြိုးမှုအပြည့်အဝရှိပါတယ်။

HDI ညွန်းကိန်းဟာ 0.79   မှ  1 လူသားဖွံ့ဖြိုးမှု အဆင့်မြင့်။

HDI ညွန်းကိန်းဟာ 0.5 မှ  0.79 ကြားဆိုရင် လူသားဖွံ့ဖြိုးမှု အလယ်အလတ်။

HDI ညွန်းကိန်းဟာ 0.5 မှ  0  ကြား ဆိုရင်တော့ လူသားဖွံ့ဖြိုးမှုနိမ့်ကျတယ်ပေါ့။

အဲဒီညွန်းကိန်းတွေကိုကြည့်ရအောင်နော်။

 Human Development Indicators

HDI Rank Country 1980 1990 2000 2005 2006 2007 2008 2009 2010
27 Singapore n.a n.a n.a 0.826 0.832 0.836 0.839 0.841 0.846
57 Malaysia 0.541 0.616 0.691 0.726 0.731 0.735 0.738 0.739 0.744
92 Thailand 0.483 0.546 0.6 0.631 0.637 .642 .646 0.648 0.654
97 Philippines 0.523 0.552 0.597 0.619 0.623 0.628 0.633 0.635 0.638
108 Indonesia 0.39 0.458 0.5 0.561 0.568 0.58 0.588 0.593 0.6
113 Vietnam n.a 0.407 0.505 0.54 0.547 0.554 0.56 0.566 0.572
122 Lao PDR n.a 0.354 0.425 0.46 0.467 0.475 0.483 0.49 0.497
124 Cambodia n.a n.a 0.412 0.466 0.475 0.484 0.489 0.489 0.494
132 Myanmar n.a n.a n.a 0.406 0.419 0.432 0.438 0.444 0.451

Note: n.a = Data not available

Source: Human Development Report series, UNDP.

ကျနော်တို့နိုင်ငံရဲ့ အဆင့်က 132 (စုစုပေါင်း 187 နိုင်ငံတွက်ထားတာပါ၊)။

ကဲ အဲဒါပါဘဲ။ ထိုင်းထက်အနှစ် ၂ဝ လောက်နောက်ကျတယ်လို့ပြောနေတာ အဲဒါပါ။

လူ့သက်တမ်း၊ပညာရေးနဲ့ ဝင်ငွေတွေရဲ့ ပုံရိပ်တွေကိုထင်ဟပ်ဖော်ပြထားတဲ့ အဲဒီကိန်းဂဏန်းတွေအရ

လာအို နဲ့ကန်ဘောဒီးယားတောင်အပေါ်မှာပါလား။

HDI_EN_Figure
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

လူမှုရေးလုပ်ငန်းတွေကို စိတ်ပါလက်ပါလုပ်ကိုင်နေတာတွေ။

အခမဲ့ကျောင်းတွေကိုဖွင့်လှစ်သင်ကြားပေးတာတွေကို အားပေးဘို့လိုနေပါပြီ။

နိုင်ငံရဲ့ ရပ်တည်မှုကိုခိုင်မာစေပြီး ကုန်သွယ်ရေး၊ နိုင်ငံခြားအရင်းအနှီး၊ အိုဒီအေအစရှိတာတွေ လမ်းပွင့်ဘို့

လိုနေပါပြီ။

အကယ်၍ အိုဒီအေလိုအလူအညီမျိုးတွေရမယ်ဆိုရင် လမ်းကြောင်းမှန်တွေကိုလည်းချပေးခဲ့မယ်ဆိုရင် ၊

လိုက်နာဆောင်ရွက်(စေ)ကြမယ်ဆိုရင်ကျနော်တို့ ဆီမီနာမှာဆွေးနွေးခဲ့ကြသလို

“ပညာရေးစနစ်လမ်းကြောင်းမှန်”

ပြီးလူတွေအကျင့်သီလ ကောင်းမွန်လာမယ်။လူတော်တွေလည်းပေါ်ပေါက်လာပြီး ပြည်တွင်းအားဟာ

ပြည်တွင်းမှာ “အသုံးချ”ခွင့်ရမယ်ဆိုရင် အနှစ် ၂ဝ မကြိုးစားရပါဘူး။

ဒီနေ့ခေတ်မှာ ဝင်ငွေ ၂ဆတိုးအောင် ၄ နှစ်နဲ့ လုပ်နိုင်တဲ့ နိုင်ငံတွေများစွာပေါ်ထွက်နေပါတယ်။

ကျနော် တို့ပွင့်ပွင့်လင်းလင်းဘဲပြောပါမယ်။

မြန်မာနိုင်ငံဆိုတဲ့ အိမ်ကြီးရဲ့ အိမ်ဦးခန်းမှာ ဘယ်သူမှ ထိုင်ဘို့မရည်ရွယ်ပါဘူး။

နောက်ဖေးချောင်က စားဝတ်နေရေး။အိမ်ရှေ့ကမြက်တွေကြောင့် ခြင် တွေပေါလို့ဖြစ်ရတဲ့ ကျန်းမာရေး။

အသိဉာဏ်မဲ့လို့ ဆိုးသွမ်းနေတဲ့ အိမ်သားတချို့အတွက် ပြောပြပေးရမဲ့ “ပညာရေး” တွေအတွက် ကူညီပေးပါ။

ကိုယ်အသိစိတ်နဲ့လုပ်ကိုင်ဆောင်ရွက်နေသူများကိုလည်း လုပ်ခွင့်လေးတွေ ပေးပါ။

နှုတ်၏ဆောင်မ ခြင်းဘဲဖြစ်ဖြစ်၊ တတ်နိုင်ရင်လက်၏ဆောင်မခြင်းပေါ့ဗျာ။ ပေးပါ။

ဒီနိုင်ငံကလူတွေလူကောင်းသူကောင်းတွေဖြစ်မယ်ဆိုရင်

ဒါဟာအိမ်ဦးခန်းမှာထိုင်နေသော လူကြီးများရဲ့ ဂုဏ်သိက်ခါလည်း တက်စေပါတယ်။

နီးစပ်ရာ သိကျွမ်းသူများရှိခဲ့ရင်လည်းပြောပြ ပေးပါ။

ခုချိန်မှာ “လုပ်နေသူ” တွေ၊ “လုပ်ချင်သူတွေ” အများကြီးပါ။

လိုအပ်နေတာ ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်ခွင့် နဲ့ အားပေးကူညီမှုပါဘဲ လို့ လေးစားစွာတင်ပြ အပ်ပါသည်ခင်ဗျား။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

အားလုံးကိုလေးစားစွာဖြင့်

(^^)မောင်သစ်မင်း

 

 

 

 

 

 

31 comments

  • kai

    December 22, 2011 at 12:05 am

    ဂေဇက်ခွန်အား-အတွေးများ (GSS-1)
    http://myanmargazette.net/86126/society-lifestyle
    အပေါ်ကလင့်ခ်ကနေ.. မူရင်းစာတွေ အရင်ဖတ်ကြစေလိုပါကြောင်း..။

    ဆိုတော့…
    ဒီစနေနေ့ကစလို့.. . အလုပ်ပိတ်ပြီလေ…။
    နောက်နှစ်မှ ပြန်ဖွင့်မယ်..။ အဲဒီတော့မှ စိတ်အေးလက်အေးဖတ်ရင်း.. မန်းမယ်တွေးထားလို့ပါ..။
    အကြွေးအကြီးကြီး ..မှတ်ထားပါတယ်လို့..သတင်းပို့ပါတယ်နော…။ 😆

    • thit min

      December 23, 2011 at 5:58 am

      Reply (1)
      ဟုတ်ကဲ့ပါ သူကြီးရေ။
      ဒါဆိုအတိုးပါ ရမယ်ပေါ့နော်။
      အားရပါးရ အကြံပေးဆွေးနွေးမှုကိုလိုလားပါတယ်ဗျာ။
      လုပ်ရမှာကိုလည်းသိကြပါတယ်။ ဘာအခက်အခဲအတားအဆီးတွေရှိနေတယ်ဆိုတာလည်း
      ပြောစရာကိုမလိုအောင်ထင်ရှားပြီးသားပါ။
      အဲဒီစိန်ခေါ်မှူတွေ၊အခက်အခဲတွေကို ကျော်လွှားဖို့ “ပူးပေါင်းအင်အား၊စည်းရုံးအား”လိုတယ်လို့မြင်ပါတယ်။

  • blackchaw

    December 22, 2011 at 12:40 pm

    ကိုသစ်ရေ။
    ခွင့်လွှတ်ပါဗျာ။
    ထိထိရောက်ရောက် ဝင်ဆွေးနွေးနိုင်ခြင်း မရှိခဲ့တာအတွက်ပါ။
    ပြေးရင်းလွှားရင်း ရေးရင်းသားရင်း အချိန်ကလည်း ခဏလေးနဲ့
    ကုန်ကုန်သွားသလိုပါပဲ။
    ကိုသစ် ရဲ့ ပထမဆုံးဂဇက်ဆီမီနာအတွက်
    ဂုဏ်ယူပါတယ်ဗျာ။
    ပထမဆုံးခြေလှမ်းဆိုတော့ အခက်အခဲအချို့ ရှိနေမှာပါ။
    ဒုတိယ ခြေလှမ်း တတိယခြေလှမ်းတွေ ဆက်လှမ်းဘို့
    ကျွန်တော် မျှော်နေမယ်ဗျာ။
    ဒီထက်ပို ပူးပေါင်းပါဝင်မယ်ဗျာ။ ကတိပေးပါတယ်နော။

  • TTNU

    December 22, 2011 at 1:47 pm

    ကိုသစ်ရေ…
    Congratulations! လို့ သာမာန်ပြောလေးထက် အဆများစွာ တင်ပြီး
    ပြောချင်ပါတယ်။ အမှန်အတိုင်း ဝန်ခံရရင် တီချာတို့လို လူမျိုးတွေက
    စီးပွားရေးလည်းနားမလည်၊ နှိုင်ငံရေးလည်း သိသလိုလို မသိသလိုလို
    ဟိုနည်းနည်း ဒီနည်းနည်း သာသိ။ စာသင်တယ်။ ကိုယ်သင်တဲ့
    ဘာသာရပ် နည်းနည်းလောက်ကိုသာပဲ My field လုပ်နေတဲ့လူတွေအဖို့
    ကိုသစ်ကို အားကျမိပါတယ်။

    You impressed me with your extensive knowledge of Business Economy!
    မေတ္တာဖြင့်
    တီချာနု

  • pooch

    December 22, 2011 at 3:03 pm

    ကိုသစ်မင်းရေ ခုလိုလေး အနှစ်ချုပ်လိုက်တော့ ပိုမြင်သာတာပေါ့နော် ……….
    ရလိုက်တဲ့ အတွေးတွေကတော့ ….

    ကိုယ်ပိုင် အက္ခရာတောင် မရှိလို့ သူများစာကိုကိုယ့်စကားယူပေါင်းရတဲ့ ဒေသတွင်းက တခြားတိုင်းပြည်များ က ကိုယ့်အထက်မှာ ရောက်နေတာကို အတော်လေး ယူကျုံးမရဖြစ်မိပါတယ်..

    ဖိလစ်ပိုင်ကို ကိုယ့်ထက် မသာနိုင်ဘူးလို့ ထင်နေခဲ့တာ .. ခုနောက်ပိုင်း ဒီမှာ ဈေးကြီးပေးတက်နေရတဲ့ ဘိုကျောင်းများမှာ တချို့ဆရာများက ဖိလစ်ပိုင်တွေ ပါ။ (ကိုယ်တိုင်မြင်ဖူးပါတယ်)

    နောက်တခုက အခုပြောနေတဲ့ ပညာရေး၊ ကျန်းမာရေး ၊ လူမှုရေး အသိတွေပါ…

    တနှစ်သော သီတင်းကျွတ်က ရွှေကျင်ကိုရောက်ခဲ့တော့ အဲ့ဒီဘက်က အညိုရောင်နယ်မြေဆိုတော့ အမှောင်နယ်မြေထဲက သူတွေက တောတွေထဲမှာ ဗုံးထောင်တယ်တဲ့ အဲ့ဒီက နယ်ခံများက မျှှစ်ချိုး ၊ဒညင်းရှာဆိုတော့ တောထဲသွားတော့ အခန့်မသင့်ရင် ဗုံးထိပါတယ်တဲ့ ….

    အဲ့ဒီမှာ သူတို့ကို တာဝန်အရဖြစ်စေ သွားရောက်တွေ့ဆုံပြီး အားပေး ကူညီထောက်ပံ့တဲ့အခါမှာ ခြေပြတ်လက်ပြတ်သွားတဲ့ အတွက် အဲ့ဒီလူများက ဘာမှမခံစားရပါဘူးတဲ့ ဒီလို မတော်တဆလိုမျိုးပဲ ပြီးပြီးရောပါတဲ့ ..

    အဲ့ဒီမှာ တာဝန်ကျတဲ့သူက ပြောပြတာပါ …အားလုံးက သိပ်မမှုပါဘူးတဲ့ …

    နောက် အဲ့ဒီ့မြို့ရဲ့ သန့်ရှင်းမှု ၊ ပြောမယုံ ကြုံဖူးမှ သိပါနော်… ဘယ်လိုပြောရမလဲတောင် မသိတော့ပါဘူး

    အဲ့ဒီမြင်ကွင်းကို မြင်မိတော့ ကိုသစ်မင်းပြောဖူးတဲ့ ငါးတွေပဲ ပေးနေရတယ် ဆိုတာ ငါးရှာနည်းကို သင်ပေးရင်တောင် လက်ခံနိုင်တဲ့ အနေအထားမရှိလို့ပါ လို့ ပြောတဲ့ စကားလေးကို သတိရမိပါတယ်…..

    သို့သော်မြို့ က ဆင်းရဲတာ မဟုတ်ဖူး ရွှေသူဋ္ဌေးတွေ ပေါမှပေါပါ ကျန်းမာရေးအသိ ပညာရေး အသိလုံးဝ ပျောက်နေတယ်လို့ ပြောရမလားမသိဘူး…….

    အဲ့ဒီမှာ တာဝန်ကျနေတဲ့ အသိ လူကြီးတယောက်ကို မေးကြည့်တော့ အခုတော်သွားတာပါတဲ့ … …

    ဒါမျိုးက ရပ်ရွာအုပ်ချုပ်ရေးတွေကို အဆင့်ဆင့်ပညာပေး ခိုင်းရင်ရောဆိုတော့ အသိက ရီပါတယ်…
    ဘာကို ပူးပေါင်းပါဝင်မယ်လို့ မျှော်လင့်နေတာလဲလို့ အမေးခံရပါတယ်…… ဘာပဲဖြစ်ဖြစ် စမ်းကြည့်သင့်တာပေါ့လို့ ပြောတော့ .. သူက စကား အရှည်ကြီးနဲ့ ရှင်းပြပါတယ်… ..

    စနစ် ကိုသစ်မင်းရဲ့ စနစ် …. အဲ့ဒီ စနစ် အမှားကြီး က လူတွေကို ဟိုးအောက်ထိရောက်အောင် ဆွဲချသွားတာ ……တကယ့်အခြေနေမှန်ကို သိလို့ ပြင်ချင်စိတ် လုပ်ချင်စိတ်ရှိတဲ့ သူကို လုပ်ပိုင်ခွင့်မပေးပဲ ဘာဆိုဘာမှန်းမသိတဲ့ အထက်က ဘာမှန်းမသိတဲ့ အရာများနဲ့ ချုပ်ကိုင်ထားတာပါတဲ့။

    သူက တာဝန်အရ တချို့သော ဒေသတွင်းတိုုင်းပြည်များကို လေ့လာရေး သွားခဲ့ဖူးပါတယ်

    အဲ့ဒီမှာ ယိုးဒယားက သူတို့ နဲ့ တန်းတူ အဆင့်တူသူများရဲ့ လုပ်နိုင်ကိုင်နိုင်ခွင့် ရထားတဲ့ အခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေက ဒီမှာတော့ ခုထိရေးရေးတောင် မမြင်နိုင်ပါဘူးတဲ့….

    သူတို့ ဘာလို့ တိုးတက်လည်း ဆိုတော့ တကယ် လက်တွေ့ လုပ်ကိုင်နေရတဲ့ သူများကို တကယ် လုပ်ပိုင်ခွင့်ပေးထားလို့ပါတဲ့….

    အခုဝန်ထမ်းတွေ ဘာလို့ ဒီလိုတွေ အပြောခံ ဖြစ်နေရတယ် ဆိုတာလေးကိုလည်း အတော်လေး ကျယ်ကျယ်ပြန့် ပြန့် ပြောပြခဲ့ပါတယ်….

    နှစ် ၃ဝ ကျော် ၄ဝ နီးပါး ဝေးလံခေါင်သီလှတဲ့ အရပ်ဒေသများမှာ တာဝန်ထမ်းဆောင်ပြီး ခုတော့ ပင်စင်ယူတော့မှာပါ……….

    ဒီလိုမျိုး အတွေးကို ဆရာကြီး လူထုစိန်ဝင်းကလည်း ” က ၊ ကညစ် ပေမှာ ခြစ် မဖြစ်ရအောင် ” ဆိုပြီး ဆောင်းပါး တပုဒ် ရေးခဲ့ဖူးပါတယ်…..

    မူလတန်း ပညာသင်ကြားရေး ဆွေးနွေးပွဲမှာ မူလတန်းမှာ တကယ်သင်နေရတဲ့ ဆရာ၊ ဆရာမတွေရဲ့ အမြင်တွေ စာတမ်းတွေ ပါဝင်ဆွေးနွေးနိုင်ခွင့်တွေ မပေးပဲနဲ့ တကယ် မသိနားမလည်တဲ့ နယ်ပယ်က သူများနဲ့ ဆွေးနွေးနေသမျှှ ကာလပတ်လုံး …….

    ” က ကြီး ကစွန်းပင် ရေမှာရွှင် ” ဆိုတဲ့ စာက ကလေးတွေ နားလည်ရမဲ့အစား
    ” က၊ ကညစ် ပေမှာခြစ်ဆိုတဲ့ ” ဆိုတဲ့ ကလေးတွေ နားမလည်နိုင်တဲ့ မရှိတော့တဲ့ ပေတွေ ကညစ်တွေနဲ့ နားမလည်နိုင်တော့တာပါတဲ့……

    အဲ့ဒါကြောင့် ကျမ တွေးမိတာက ခုလို ပညာရေး ၊ ကျန်းမာရေး၊ စီးပွားရေး ၊ လူမှုရေး ကိန်းညွှန်းတွေ အောက်ဆုံး အဆင့်ကို ရောက်နေရခြင်းရဲ့ အဓိက ပြသာနာက တကယ်လုပ်ပိုင်ခွင့်မပေးခြင်းနဲ့ ” က ၊ ကညစ်ပေမှာ ခြစ်ဆိုတဲ့ “စနစ်ဆိုးကြီးကြောင့်လို့ ထင်တာပါပဲ……

    အဲ့ဒီရဲ့ နောက်ဆက်တွဲ အနေနဲ့ ကျမတို့တွေ သူများနောက်ကျန်နေခဲ့ရတော့တာပါပဲ….
    အဲ့ဒီမှာ ဘယ်လို နောက်ကျကျန်နေခဲ့တာလည်း ဆိုတာကို ကျမ ကိုယ်တွေ့လေးနဲ့ စာတပုဒ်ရေးဖို့ အတွေးလေးရခဲ့ပါတယ်…..

    ဘယ်လိုပဲ ဖြစ်ဖြစ် ဒီလို သုံးသပ်ပြတဲ့ စာလေးဟာ မသိတာထက်စာရင်တော့ သိသွားစေတာမို့ ကိုသစ်မင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်….

    နောက်တီချယ် ပြောတဲ့စကားလေးကိုလည်း ထပ်ဆင့် ထောက်ခံလိုက်ပါတယ်..

  • ကိုရင်စည်သူ

    December 22, 2011 at 3:33 pm

    ဆရာသစ်ရဲ့ ဆီမီနာ အနှစ်ချုပ်ဖတ်လိုက်တော့မှပဲ..
    ပထမဆီမီနာမှာ နည်းနည်း နဝေတိမ်တောင်ဖြစ်နေတဲ့
    ကိုရင်ခမျာ နည်းနည်းရှင်သွားပါတယ်…
    ဝင်ရောက်မဆွေးနွေးနိုင်ပေမဲ့.. ဖတ်ရှူ့မှတ်သားသွားပါတယ်..
    ကိုသစ်ပို့စ်မှ ရွာထဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ထူးချွန်ကဝိများစွာ
    ရှိနေကြောင်း သိရပါတယ်…
    အပင်ပန်းခံပြီး အသိပညာဗဟုသုတတွေပေးကြတဲ့
    ဆီမီနာတက် ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်မိပါတယ်ဗျာ…

  • MaMa

    December 22, 2011 at 5:11 pm

    သဂျီး ရေ-
    ဂေဇက်ဆီမီနာ(၁) ၏ရလာဒ် ကို အနှစ်ချုပ်ဆွေးနွေးခြင်း ကို stick လုပ်ဖို့ သတိမေ့နေတယ် ထင်တယ်။

    ဦးဆောင်ဆွေးနွေး ဖြေကြားပြီး လူတန်းစားအစုံပါဝင်နိုင်အောင် နားလည်အောင် အားသွန်ခွန်စိုက်ကြိုးစားပေးတဲ့ ဆရာသစ်ကို လေးစားပါတယ်။

    ကိုယ်တတ်နိုင်တာကတော့ အပြန်ပြန်အလှန်လှန်ဖတ်ပြီး နားလည်အောင် ကြိုးစားနေပါတယ် ဆရာသစ်ရေ။

  • Khin Latt

    December 22, 2011 at 7:46 pm

    ဆရာ ဦးသစ်မင်း ရဲ့ စွမ်းဆောင်နိုင်မှု တွေ ကတော့ Awesome ပါဘဲ။
    အမြဲဝင်ဆွေးနွေး နိုင်အောင် ကြိုးစားပါမည်။
    မမ ပြောသလိုပါဘဲ။ ဒီလို ပါနိုင်ဖို့ ကျွန်မ လဲ စာတွေပိုဖတ် ရပါဦးမယ်။
    ကိုယ်ပြောတာ တွေ ကို ကိုယ်ကိုယ်တိုင် လက်တွေ့ ကျင့်ကြံ နေသူ ဖြစ်အောင်လဲ ကြိုးစားရပါဦး မယ်။

    လေးစားစွာဖြင့်
    မလတ် (ဆရာမကြီး တီတီနု ပေးသော အမည် – what an awesome name!!!!! Thanks Teacher Gyi)

  • Oo Oo

    December 22, 2011 at 8:07 pm

    ကိုသစ်မင်းရေ..
    ဆက်လက်အားပေးသွားပါတယ်
    တကယ့်အနှစ်ချူပ်ရဲ့အနှစ်တွေပါပဲ
    နောက်ဆုံးစာပိုဒ်လေးထဲက…

    (“မြန်မာနိုင်ငံဆိုတဲ့ အိမ်ကြီးရဲ့ အိမ်ဦးခန်းမှာ ဘယ်သူမှ ထိုင်ဘို့မရည်ရွယ်ပါဘူး။

    နောက်ဖေးချောင်က စားဝတ်နေရေး။အိမ်ရှေ့ကမြက်တွေကြောင့် ခြင် တွေပေါလို့ဖြစ်ရတဲ့ ကျန်းမာရေး။

    အသိဉာဏ်မဲ့လို့ ဆိုးသွမ်းနေတဲ့ အိမ်သားတချို့အတွက် ပြောပြပေးရမဲ့ 「ပညာရေး」 တွေအတွက် ကူညီပေးပါ။

    ကိုယ်အသိစိတ်နဲ့လုပ်ကိုင်ဆောင်ရွက်နေသူများကိုလည်း လုပ်ခွင့်လေးတွေ ပေးပါ။

    နှုတ်၏ဆောင်မ ခြင်းဘဲဖြစ်ဖြစ်၊ တတ်နိုင်ရင်လက်၏ဆောင်မခြင်းပေါ့ဗျာ။ ပေးပါ။

    ဒီနိုင်ငံကလူတွေလူကောင်းသူကောင်းတွေဖြစ်မယ်ဆိုရင်

    ဒါဟာအိမ်ဦးခန်းမှာထိုင်နေသော လူကြီးများရဲ့ ဂုဏ်သိက်ခါလည်း တက်စေပါတယ်။”)

    ဒါလေးကိုအရမ်းကြိုက်တယ်ဗျာ
    လေးစားလျက်..

  • ဦးဘဇင်းဘဒ္ဒ န္တမိုက်ကယ်ဂျော်နီအောင်ပု

    December 22, 2011 at 8:14 pm

    ဒီပိုစ့် ကတော့ တော်တော် မိုက်တယ်ဗျာ
    ဒါမှ ရပ်ကွက်လူကြီးတွေ မသာအိမ်ဖဲဝိုင်းဘေးမှာ နိုင်ငံရေးပြောနေကြသလို
    ရေလည် ဟတ်ထိတယ်
    ဆက်ပြောကြဗျာ

  • weiwei

    December 22, 2011 at 9:25 pm

    ဆီမီနာတွေကို အနားမကပ်ရဲလို့ ပတ်ရှောင်နေခဲ့မိတယ် …
    အခုတော့ ရွာထဲမှာ ဆီမီနာဆိုတော့ တာဝန်အရ တက်မိပါတယ် … အားလုံးဖတ်သွားပါတယ် … အများကြီးလဲ တွေးမိသွားပါတယ် … ဘယ်လိုဆွေးနွေးရင်ကောင်းမလဲလို့ စဉ်းစားနေပါတယ် … ပညာရေးကဏ္ဍအပိုင်းကို ဆွေးနွေးနိုင်ဖို့ ကြိုးစားကြည့်ပါအုန်းမယ် …

  • ငပေါက်ဖော်

    December 22, 2011 at 9:41 pm

    အချိန်ရှိတုန်းကတော့..အရက်သောက်..ဖဲရိုက်…ဖားရိုက်..
    ကြက်တိုက်.ဂဏန်းနှိုက်.ငါးရှဥ့်ထောင်လုပ်ခဲ့သမျှ
    ခုချိန်မှာတော့..ငပေါက်ဖော်..ဆွေးနွေးဖို ့နေနေသာသာ..
    နားမလည်တာမေးဖို ့တောင်..ဘယ်ကစမေးရမှန်းမသိ…
    မေရို ့.ဖေရို ့..တားကို မကယ်ပါနဲ ့..တော့.. 🙄

    ဖြစ်စေချင်လွန်းလို ့..အကစ်သိုက ဂုတ်ဆွဲပြီး..အတင်းခေါ်တာတောင်..
    ငပျင်း..ငဖော..ငပွ ငပေါက်ဖော်တစ်ကောင်ခမျာ.. Self-awareness ပေါ်မလာသဖြင့်
    ဆီမီနာ နောက်ပေါက်ကပဲ ပြစ်တူပြစ်တူနဲ ့..ချောင်းနေပါကြောင်း.. အကိုသစ်ရေ..

    အာစိရဲ့..မေတ္တာ..စေတနာ..ဂရုဏာတွေနဲ ့ရင်းပြီး… ဆွဲတင်ရသောအားကြောင့်..
    အနော်တို ့လို ..အာပေတူးလေးတွေ..မြောင်းထဲမှ..လျင်မြန်စွာခုန်တတ်နိုင်ကြပါစေခင်ဗျား..
    ပုံ၊
    အကစ်သိုရဲ့ငမိုက်သားရီး ငပေါက်ဖော်
    😯

  • nature

    December 22, 2011 at 10:29 pm

    ကျနော်ကတော့ သီအိုရီတွေသိပ်မသိပါဘူး။ သစ်မင်းရဲ့ ပိုစ်တခုမှာ sketcher ကို မသိလို့မေးထားတာကိုတွေ့တဲ့ရွာသားတယောက်က sketcher တောင်မသိဘူးလား ။နောက်နေတာလားတဲ့။ တကယ်မသိကြောင်းပြောလိုက်တော့မှ.. sketcher ဆိုတာ အမေရိကန်က နာမည်ကြီး branded ဈေးကြီးတဲ့ အကောင်းစားဖိနပ်လို့ပြောလိုက်တော့မှ ပဲ ရှင်းတော့တယ်။
    အကြောင်းကြောင့်အကျိုးဖြစ်တာပါ။ အကြောင်းတရားနဲ့ကင်းသောအကျိုးတရားဆိုတာမရှိပါဘူး။ ကိုယ်လိုချင်တဲ့ အကျိုးတရားတွေ မရသေးဘူးဆိုကတည်းက မှန်ကန်တဲ့ အကြောင်းတရားတွေကို မလုပ်နိုင်သေးဘူးလို့ အကြမ်းဖျင်း ဆိုချင်ပါတယ်။

  • မင်းပြည့်ရှိန်

    December 23, 2011 at 12:14 am

    ကိုသစ်ရေ…
    လေးစားတယ်ဗျာ။ ကောင်းလိုက်တာ။
    ကျွန်တော်လည်း ကိုယ့်အမြင်လေးကိုယ် ပြောသွားကြည့်ပါဦးမယ်။
    ကျွန်တော်တို့ ဘာပဲ လုပ်လုပ်ပါ ရိုးသားကြရမယ် ခင်ဗျ။
    ခုလို ရွာထဲမှာ ပြောကြဆိုကြ ဆွေးနွေးကြရာမှာတောင် ရိုးသားမှုက အရေးကြီးသလို
    ဘဝတစ်ခု တည်ဆောက်ရာမှာ နိုင်ငံ တစ်ခု ခရီးဆက်ရာမှာ ရိုးသားကြရမယ် လို့ ထင်ပါတယ်။
    ပြီးတော့ ကြိုးစား ကြရမယ်လို့ ထင်ပါတယ်။ ဘာပဲ လုပ်ကြ လုပ်ကြ ကြိုးစား ပမ်းစားပေါ့။
    နောက် လုပ်ရင်း ကိုင်ရင်း အခက်အခဲ တွေ ကြုံလာကြရင်လည်း ဇွဲ ရှိရှိနဲ့ ဆက်ပြီး ချီတက်ကြရမယ်. ဒါကြောင့် ကျွန်တော်တို့ ဇွဲရှိရမယ် ခင်ဗျ။
    အဲဒီ လို ဇွဲ ရှိနေဖို့ အပြင် ကြုံလာတဲ့ အခက်အခဲ နဲ့ အမြီး အမောက်မတည့်မှုတွေကို သည်းခံနိုင်ရမယ် လို့ ထင်ပါတယ်။ ဒုက္ခတွေ အခက် အခဲတွေကို သည်းခံနိုင်ရမယ်ခင်ဗျ။
    ပြီးတော့ သစ္စာရှိရမယ် လို့လည်း ယုံကြည်တယ်။ ကိုယ့်ကိုယ်ကို သစ္စာမဖောက်သင့်သလို ကိုယ့် အလုပ်ကိုယ်လည်း သစ္စာ မဖောက်သင့်ဘူး ခင်ဗျ။ သစ္စာမဲ့ခြင်း ဟာ ဦးတည်ရာကို ပျက်ပြားစေတယ်။
    ဒါကြောင့် ကိုယ့်နဲ့ ကိုယ့်အဖွဲ့အစည်း ကိုယ့်ဒေသ ကိုယ့်အလုပ်အပေါ် သစ္စာရှိရမယ်။

    ကျွန်တော်တို့ အားလုံး ဘယ်လို နည်းလမ်းနဲ့ ဘယ်လို ပဲ လျှောက်ကြ လျှောက်ကြ ဦးတည်ရာဟာ အတူတူပဲ ဖြစ်တာကြောင့်မို့ သတိ ပညာ ဦးစီးလျှက်
    ၁။ ရိုးသားခြင်း
    ၂။ ကြိုးစားခြင်း
    ၃။ ဇွဲ ရှိခြင်း
    ၄။ သည်းခံခြင်း
    ၅။ သစ္စာစောင့်သိခြင်း တွေနဲ့ ခရီးဆက်ရင် ပန်းတိုင် ရောက်မယ်လို့ ယုံကြည်မိပါတယ် ခင်ဗျာ။
    ပြီးတော့ အဲဒါက လက်ရှိ လိုအပ်နေတဲ့ အခြေခံ အချက် အလက်လို့လည်း ထင်ပါတယ်။
    ဘာကြောင့်ဆို အခြေခံ အဆောက်အဦ ဖြစ်တဲ့ လမ်း၊ တံတား စက်ရုံ စတာတွေက ပြည်ပ အကူအညီနဲ့ တည်ဆောက်နိုင်ပေမယ့် ဒါတွေကိုတော့ ကိုယ်တိုင် တည်ဆောက်မှပဲဖြစ်နိုင်မှာဖြစ်လို့ပါပဲ။

  • small cat

    December 23, 2011 at 5:44 am

    ဆရာသစ်ရေ ကျနော်ကတော့ ပြည်ပသတင်းအချက်အလက်၊ ဖစ်ဂါတွေ ကိုမသိလို့ အချက်ကျကျမဆွေးနွေးနိုင်ပါ။ ပြည်တွင်းမှာလက်တွေ့ဖြစ်ပေါ်နေတဲ့ ကိုယ်တွေ့လေးတွေ ကိုရေးချ ဆွေးနွေးချင်တာ အေးကေကေပြောသလိုဘယ်ကစပြောရမှန်းမသိအောင် ပြည့်နှက်နေပါတယ်။
    ဒါပေမဲ့ အခွင့် (ရေးခွင့်) မသာသေးဘူးလို့ထင်ပါတယ်။

  • thit min

    December 23, 2011 at 7:03 am

    Reply (2)
    ကိုဘလက်ရေ
    နားလည်ပါတယ်ဗျာ။ ဘာဘဲဖြစ်ဖြစ် အမြင်တခုခုလောက်ရေးနိုင်ရင်တော့ရေးပေးပါ။
    ပေါင်းစုစဉ်းစားတာက အမှားနဲတယ်ဆိုတဲ့ မူအရသွားချင်တာမို့၊ ဘယ်သူကတတ်တယ်။
    ဘယ်သူက မတတ်ဘူးရယ်လို့ မရှိပါဘူး။ လူသားရဲ့ “ပကတိတန်ဘိုး”အပေါ်မှာဘဲ စဉ်းစားပါတယ်။
    ပကတိတန်ဘိုးဆိုတာက ကောင်းသောစိတ်နှလုံးပါဘဲဗျာ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~
    တီချယ်ကြီးတီတီနုရေ
    လွန်စွာကျေးဇူးပါ။
    ကျနော်ကတော့”Jack of all trades, master of none” လို့ ကိုယ်ကိုကိုယ်သုံးသပ်လျှက်ပါ။
    ဘာဘဲဖြစ်ဖြစ်တီချယ်ကြီးတို့လို တစုံတခုကိုပိုင်ပိုင်နိုင်နိုင်သိသူတွေကအများကြီး သာ ပါတယ်လို့
    ကျနော်ခံယူထားပါတယ်ခင်ဗျား။
    ခင်မင်လေးစားလျှက်
    မောင်သစ်မင်း
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    မပူးချ်ရေ
    စိတ်ရှည်လက်ရှည်ရေးပေးလို့ကျေးဇူးပါ။
    ကျနော်လည်း အဲဒီဟာတွေ စိတ်ထဲမှာရှိနေတာဗျ။
    ” Awareness ” မရှိကြဘူး။
    တောကလူတွေ လက်ကိုစင်အောင်ဆေးရမယ်။အိမ်သာသေခြာသုံးရမယ်၊တကိုယ်ရေသန့်ရှင်းမှုရှိရမယ်၊
    စာရေးတတ်ဖတ်တတ်ရမယ်၊ဆိုတဲ့အခြေခံလေးတွေက ဒီနှစ်ပိုင်းမှာ အဲဒီ လာအိုနဲ့ ကမ်ဘောဒီးယားက
    တက်လာတယ်ဗျ။
    အချက် ၂ချက်က အားပေးတာပေါ့။
    (၁) အစိုးရမူဝါဒအရ အားပေးတာ(ပြည်တွင်းအား)
    (၂) ပြည်ပအဖွဲ့အစည်း ပရော်ဂျက်တွေကိုလွတ်လပ်စွာလုပ်ကိုင်ခွင့်ပေးတာ(ပြည်ပအား)
    ဆိုပြီး အား ၂ခုနဲ့ တင်သွားတာဗျ။ ငွေရော၊ပညာရော၊ ကျန်းမာရေးရောအဆင့်မြင့်လာလို့သာ
    ကျနော်ပြထားတဲ့ “ညွန်ကိန်း”တွေတက်လာတာပေါ့နော်။
    အားကျစရာကြီးပါ။ ဒါ့ကြောင့် “လွတ်လပ်စွာလုပ်ခွင့်” နဲ့ “အားပေးကူညီမှု”
    ဆိုတာ အရေးအကြီးဆုံး လိုအပ်ချက်လို့မြင်တာပါ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကိုရင်စည်ရေ
    ကျေးဇူးပါနော်။
    နားလည်ရင်ဝင်ဆွေးနွေးပါ။
    “စေတနာ” ရှိရင် ပြောလို့ရမှာမို့၊ ညီအကိုမောင်နှစ်မတွေဘဲ နော်။
    ပြောစရာရှိပြောပါလို့။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    မမရေ
    အားပေးတာကိုအရမ်းဝမ်းသာရတယ်ဗျာ။
    မမနဲ့တကွ ဂေဇက်ဝင်မိသားစုအာလုံးကိုလည်း ကျနော်ကလေးစားလျှက်ပါ။
    အကြံကောင်း ဉာဏ်ကောင်းလေးတွေလဲ မ စ ချီးမြှင့်ပေးပါအုန်းခင်ဗျာ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    မခင်လတ်ရေ
    ဆရာသော်တာဆွေရဲ့ မခင်ကျော့ရေပြောရအုန်းမယ်ဆိုတဲ့ “စာတွေ” ကိုသွားသတိရတယ်ဗျို့။
    ဟုတ်ကဲ့ပါ၊ ကျနော်တို့ ဆွေးနွေးနိုင်သလောက်ဆွေးနွေးအဖြေထုတ်ကြည့်ရအောင်ပါ။
    “မရဘူး၊ မဖြစ်နိုင်ဘူး”လို့လူတိုင်းပြောနေခဲ့ကြတာမျိုးမဟုတ်တာကို သွားချင်တာပါ။
    နောက်ဆုံးလုပ်လို့မရသေးရင်တောင် “ပြင်ဆင်ထားသင့်သောအရာ”များပေါ့ဗျာ။ကျေးဇူးပါနော်။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ဦးဦးရေ
    တကယ်စိတ်ရင်းအမှန် လူတော်တော်များများမှာအဲဒီအတိုင်းကိုရှိနေတာပါ။
    ပြောရရင် တဦးတယောက်ထဲကောင်းကောင်းနေ ကောင်းကောင်းစားနေရတာနဲ့ နေလို့”သင့်”တဲ့
    ခေတ်မဟုတ်တော့ဘူးဗျို့။ “အတ္တ” ကြီးတယ် ဆိုတာ ခေတ်နောက်ကျနေတာဘဲ လို့ပြောချင်တယ်ဗျာ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကိုအောင်ပုရေ
    ထူးထူးခြားခြားကော်မန့်လေးနဲ့မို့ ကျေးဇူးတင်ပါတယ်ဗျာ။
    ခင်ဗျား လေ နဲ့ ဆွေးနွေးပေးပါအုန်း ဆရာကိုအောင်ပုရေ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    မဝေဝေရေ
    မရှောင်ပါနဲ့ဗျာ။
    လာပါဗျာ။ ရော့ ကော်ဖီသောက်(^^)
    ပြီးတော့ ဆွေးနွေးပေးအုန်းနော်။
    စိတ်ကူးစိတ်သန်းလဲ ကောင်း လက်ရှိအနေအထားတွေကိုသိနေသူကိုအားကိုးလို့ပါနော်။
    ကမ်းအွန် မဝေဝေရေ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ညီပေါက်ဖော်ရေ
    ငါးရှဉ့်နှိုက်ပြီးကင် အရက်နဲ့မြည်းပြီးရင်လည်း လာပေါ့ညီလေးရာ။(စားတောင်စားချင်လာပြီ)(^^)
    စေတနာစကားဆိုရင် ဘယ်အချိန်ပြောပြော နားထောင်ရမှာပေါ့။
    သိသလောက် နားလည်သလောက် မြင်သလောက် ပြောပါအုန်းညီရေ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကိုနေးချားရေ
    ကျနော် ကိုနေးချားရဲ့အဲဒီမေးလာတာကို “စူပါပါဝါဖြစ်ဖို့ဆိုရင်”မှာ သေသေချာချာကိုပြန်ဖြေထားပေး
    ပါတယ်ခင်ဗျာ။ ဘွတ်အမျိုးအစားအများဆုံးထုတ်တဲ့ ဘရဲန်းပါ။ အစီးခံအကြမ်းခံလို့ ကြိုက်တာပါ။
    ကျနော်တို့က ဖိနပ်စီးကြမ်းလို့ပါ။
    ဒီဆီမီနာအတွက်လည်း ဆွေးနွေးပေးပါအုန်းခင်ဗျာ။
    လေးစားစွာဖြင့်
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    မင်းပြည့်ရှိန် ရေ
    တကဲ့ လိုအပ်ချက်တွေပါ။
    အဲဒါတွေဖြစ်လာဖို့
    ” Pull factor ” = ဆွဲအားနဲ့ ” Push factor “= တွန်းအားဆိုပြီး ၂မျိုးရှိပါမယ်။
    အချစ်ရေး ဆွဲအားရှိ၊ မင်းလေးဟာဆွဲအားရှိ ဆိုတာ “Pull factor ” ပေါ့ဗျာ။
    တစုံတခုသော စိတ်ပိုင်း၊ရုပ်ပိုင်း လိုအပ်ချက်အတွက် ကြိုးစားစိတ်လို့ပြောရမှာပေါ့။
    တယောက်ထဲနေတဲ့သူ က နေ မိသားစုရယ်လို့ဖြစ်လာရင် ” Push factor “တွန်းအား တခု ရှိသွားတာမျိုးပေါ့ဗျာ။
    အဲဒီလို မှမရှိရင် သာမန်အားဖြင့် လုပ်လေ့မရှိပါဘူးတဲ့။
    မန်းဂေဇက်က ဆွဲအားနဲ့ အသိတရားရှိသူတွေပူးပေါင်းလာအောင် လုပ်မယ်ပေါ့ဗျာ။
    ကဲ တွန်းရ ဆွဲရ အောင် ဗျာ။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ကိုကြောင်လေးရေ
    ပြောလို့ရတဲ့နေရာ ပြောချင်တဲ့နေရာကသာ စပြောပါ။
    စ လိုက်ရင်တော့ အရှိန်ရလာမှာပါ။ ကြိုဆိုပါတယ်ဗျာ။
    ကျေးဇူးပါခင်ဗျ။
    လေးစားစွာဖြင့်
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    ဝင်ရောက်ဆွေးနွေးပေးသူများအားလုံးနဲ့ ဝင်ဖတ်ရုံ ဝင်ကြည့်ရုံကြည့်သွားသူများကိုပါကျေးဇူးအထူးတင်ရှိပါသည်။
    ဆက်လက်ပါဝင်ဆွေးနွေးပေးကြပါအုန်းလို့။(^^)

  • လင်းဝေ

    December 23, 2011 at 9:44 am

    အခုရက်ပိုင်း ဂျာပွန်တစ်အုပ်ရောက်နေတယ်။ အဲဒီအထဲက ကိုယ့်လူရင်းတစ်ယောက် နိုင်ငံပေါင်းစုံလှည့်နေတဲ့ သူက ပြောတယ်။ Myanmar is Paradise တဲ့။ အဲဒီလိုမျိုး အရင်က ကုလားပြည်က လေယာဉ်နဲ့ ချော်ပါ စင်းလုံးငှားလုပ်ငန်းထောင်ထားတဲ့ သူဌေးကုလားကလည်းပြောပါဘူးတယ်။ This country is Paradise တဲ့။ ကုလားဖြူတွေ ကုလားဖြူမတွေလည်း your country is very nice ဆိုပြီး ပြောကြပါရဲ့။ တကယ်တမ်း မြန်မာပြည်မှာ အေးအေးဆေးဆေး နေလို့ရတယ်။ ငြိမ်းချမ်းပြီး ဖိအား နည်းတယ်။(relatively).
    ဒီလို အေးချမ်းပြီး လူဦးရေနဲ့ ရေမြေသယံဇာတ အချိုး အိုကေနေသေးတဲ့ တိုင်းပြည်လေးကို အမြန်နေကောင်းပြီး စည်းမူနဲ့ စနစ်တကျ ဖြစ်စေချင်တာပါပဲဗျာ။ အဲဒါဆိုရင် ပိုလို့ ငြိမ်းချမ်းတဲ့ နေရာလေးဖြစ်လာမှာပေါ့။ အခုတော့ ငြိမ်းချမ်းမှုနောက်ကွယ်မှာ ပညာမတတ်လို့ မသိနားမလည်မှုတွေ၊ စိတ်ဓါတ်နဲ့ အတွေးအခေါ် နိမ်ကျလို့ လောဘ၊ မောဟ၊ အတ္တတွေ နဲ့ ညစ်ပတ်ပြီး အနိုင်ကျင့် နှိပ်စက်ခံနေရတာတွေ။ ဆင်းရဲလို့ လူမှု စောင့်ရှောက်မှု အကာအကွယ်မရှိလို့ ဘဝတွေ နစ်မွန်းနေတာတွေ။ သောကတွေ….။ အဲဒါတွေ အားလုံး အမြန် ချုပ်ငြိမ်းဖို့ရာ….. ဒီလူ့အဖွဲ့အစည်းကို ဦးဆောင်မယ် ဆိုတဲ့ အားကောင်းမောင်းသန်ကြီးများ၊ ကိုယ်မှ မကယ်ရင် တိုင်းပြည်ကော လူမျိုးကော ရေတိမ်နစ်လို့ လုံးလုံးကြီး ကျွန်သပေါက်ဘဝ ရောက်ပါလိမ့်မယ် ဆိုသူများ … ထိုသူများမှာ တာဝန်ရှိပါသကောဗျာ။

    • thit min

      December 25, 2011 at 3:13 pm

      ကိုလင်းဝေရေ
      အပေါ်ပိုင်းပြောင်းလဲရေးကတော့ လူတကာပြောနေလုပ်နေကြတာပါဘဲ။
      သင့်သလောက်လဲ ရှိလာတတယ်ပေါ့ဗျာ၊။ဘယ်လိုမှမှန်းလို့မရခဲ့တဲ့ကျနော်တို့တွေရဲ့
      “သံရုံးအခွန်”လိုဟာမျိုးပေါ့။
      ကျနော်စိုးရိမ်တာက အစိုးရကိုမဟုတ်ဘူးဗျာ။
      လူတွေရဲ့ “အင်နားရှား” ကိုပါ။
      မဟုတ်တာတွေလုပ်မှ ချမ်းသာတယ်ဆိုတဲ့ စိတ်ကြီးနဲ့ကျနော်တို့နိုင်ငံဘယ်လိုဆက်သွားလို့ရမှာလဲနော်။
      တဦးချင်းစိတ်ဓာတ်တွေ ပြင်နိုင်မှအဆင်ပြေမှာ။
      အဲဒါကတော့ အုပ်ချုပ်သူနဲ့ဆိုင်တာနဲနဲ ကျနော်တို့ကိုယ်တိုင်နဲ့ဆိုင်တာများတယ်ခင်ဗျ။ကျနော်တို့ပြင်ကြရမယ်လို့
      မြင်မိပါတယ်။

  • ကြောင်ကြီး

    December 23, 2011 at 11:05 am

    ိdata analyze လုပ်တဲ့အခါ garbage in garbage out လို့ပြောလေ့ရှိတယ်။ ကွန်ပြူတာ သမားတွေလည်း သုံးကြတယ်။ စက်ထဲအမှိုက်လို ပေါက်ကရတွေထည့်ပြီးထုတ်ရင် အမှိုက်လို သုံးမရတာတွေပဲ ထွက်လာမှာပေါ့နော်။ ကုန်ကြမ်းကောင်းမှ ကုန်ချောဖြစ်ပါတယ်။ ဆင်းရဲတဲ့နိုင်ငံအတော်များများမှာ မူလစာရင်းကိန်းဂဏန်း ပြည့်စုံမှုအားနဲပြီး ဘူးလေးရာ ဖရုံဆင့်ဆိုသလို တာဝန်ရှိပုဂ္ဂိုလ်များက တမင်ထိန်ချန်ပြီဆိုရင် မမှန်ကန်တဲ့ အစီရင်ခံစာသာ ထွက်ပါတော့တယ်။ မြန်မာနိုင်ငံမှာ စီအက်စ်အိုလို့ခေါ်တဲ့ ဗဟိုစာရင်းအင်းအဖွဲ့က (အဲဒီနာမည် သုံးသေးလားမသိဘူး) ကိန်းဂဏန်းအချက်အလက် အစီရင်ခံစာများ ပြုလုပ်တယ်လို့ အကြမ်းအားဖြင့် နားလည်ထားတယ်။ စစ်တမ်းကောက်ယူမှု တခုလုပ်ရင် စားရိတ်စက ကုန်ကြမှုများလို့ တနိုင်ငံလုံးအတိုင်းအတာနဲ့ဆို အစိုးရများသာ တတ်နိုင်ပါတယ်။ အဲဒီကမှ သက်ဆိုင်ရာကော်ပိုရေးရှင်းများ၊ တက္ကသိုလ် အဖွဲ့အစည်းများ၊ ပညာရှင်များက ပြန်မျှသုံးကြတာပါ။ အောက်ခြေစစ်တမ်း ကောက်ယူသူများ၊ အချက်အလက်များ တာဝန်ခံပေးပို့ရသူ ဒေသဆိုင်ရာအမှုထမ်းများ အရည်အချင်း ပြည့်မှီမှ၊ တာဝန်သိတတ်မှ၊ လုပ်ပိုင်ခွင့် ခံစားခွင့်ရှိမှ မှန်မှန်ကန်ကန် ဖြစ်ကောင်းပါမယ်။ မြန်မာနိုင်ငံ အခြေအနေမှာ အောက်ခြေဝန်ထမ်းများကလည်း အကြောင်းအမျိုးမျိုးကြောင့် အဆင့်အတန်းမှီ စစ်တမ်းမကောက်နိုင်၊ အချက်အလက် မတင်သွင်းနိုင်ဘူး။ သူတို့ဆီက တက်လာတဲ့ သတင်းအချက်အလက်များကို အကဲဖြတ်ထုတ်ပြန်ရသူများကလဲ ဖြစ်ရင်ပြီးရော အစိုးရဖြစ်စေချင်တဲ့ ပုံစံဘောင်ဝင်အောင် လုပ်ပေးရတယ်။ လေ့လာသူ ပညာရှင်များကလည်း ငတုံးများ မဟုတ်လို့ ပြောတိုင်းလက်မခံ၊ သင့်တော်ရာ နည်းလမ်းပေါင်းစုံနဲ့ ပြန်လည်သုံးသပ်ပါတယ်။ ဒီတော့ အနီးစပ်ဆုံး မရနိုင်ပါဘူး။ အသင့်တော်ဆုံးသာ ဖြစ်ပါမယ်။ ဥပမာ မြန်မာနိုင်ငံသည် အဆင်းရဲဆုံးစာရင်းဝင် နိုင်ငံတခုသာ ဖြစ်တယ်လို့ သိနိုင်ပြီး တဦးချင်းဝင်ငွေ ဘယ်လောက်ရှိတယ်ဆိုတာ အနီးစပ်ဆုံးသိနိုင်ဖို့ မဖြစ်နိုင်ပါ။ အချက်အလက် အနီးစပ်ဆုံးဖြစ်ရမဲ့ ပို့ကုန်၊ သွင်းကုန် အချက်အလက်များမှာတောင် တရားမဝင်ကုန်သွယ်မှုများစွာရှိနေလို့ ခန့်မှန်းတွက်ချက်ရပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်က ဘီဘီစီမှာကြားလိုက်ရတာ ရယ်စရာကောင်းပါတယ်။ ထိုင်းအစိုးရရဲ့ မြန်မာပြည်သို့ပို့ကုန်စာရင်းနဲ့ မြန်မာအစိုးရရဲ့ ထိုင်နိုင်ငံမှသွင်းကုန်စာရင်း တန်ဖိုးချင်း အတော်ကွာနေလို့ပါ။ လူကိုယ်တိုင် လိုက်မေးရလို့ မပြည့်စုံတာထားတော့၊ တနေရာထဲမှာ ကွန်ပြူတာထဲထည့်ရတဲ့ စာရင်းတောင် အဲသလောက်ကွာနေတယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ တိုင်းပြည်တိုးတက်ဖို့ဆိုတာ ဖင်လှန်ပုဆိုး ခါးမြှောင်ကျိုက်လုပ်နေရုံနဲ့ မပြီးဘူး၊ တိကျမှန်ကန်တဲ့ ကိန်ဂဏန်းများ လိုအပ်တယ်။ ပြင်လွန်းတော့ ဖင်ချွန်းဆိုသလို သိပ်အကဲဆတ်လွန်းပြန်ရင်လည်း ဗျူရိုကရေစီယန္တရား သိပ်ကြီးသွားနိုင်တယ်၊ သို့သော် ကိန်းဂဏန်းအချက်အလက် ပြင်ဆင်မှုမှာ အဲဒီအခြေအနေရောက်ဖို့ အဝေးကြီးလိုပါသေးတယ်။
    အရေးကြီးတာ အောက်ခြေပိုင်းကို ဘယ်လို လေ့ကျင့်သင်ကြားပေးမလဲ၊ လုပ်ရဲ လုပ်တတ် လုပ်နိုင်အောင် ဘယ်လိုစီမံကြမလဲ။ နောက်တပိုင်းက တက်လာတဲ့ အချက်အလက်တွေကို တကယ်အကျိုးရှိအောင် ဘယ်လိုလုပ်ယူကြမလဲ လုပ်ယူနိုင်မလဲ။ တခုနဲ့တခု မချိတ်ဆက်မိရင် သတင်းအချက်အလက်များ မှန်မှန်ကန်ကန် တက်လာလည်း သုံးခွင့်မရှိ၊ ဒါနဲ့ပဲ အောက်ခြေလူများလည်း စိတ်ပျက်သွား၊ ဒါမှမဟုတ် အပေါ်ကလူများ တကယ်လုပ်မယ်ဆိုပြန်တော့ အောက်ခြေလူများ ဖြစ်ကတတ်ဆန်းလုပ်လို့ အမှိုက်တွေတက်လာပြီး အမှိုက်ပဲပြန်ထွက်ပါမယ်။

    • thit min

      December 23, 2011 at 10:24 pm

      Data နဲ့ပါတ်သက်ပြီးပြောရရင် IMF-(International Monetary Fund)အိုင်အမ်အက်ဖ်နဲ့
      World Bank ဒေတာတောင် ကွဲလွဲတာရှိပါတယ်။
      တကယ်တော့ ဒေတာသဘောကိုက Estimation အတ်စတိမေးရှင်းပါ။ အသေးစိတ်ကောက်လို့ရတဲ့
      ဒေတာမရနိုင်ရင်Survey-ဆားဗေးကောက်ပြီး Sampling Theory-နမူနာကောက်သီအိုရီကိုသုံးရပါတယ်။
      နမူနာကောက်သီအိုရီဆိုတာ ဥပမာ ပြောရရင် ၁ စတုရန်းပေအတွင်းမှာရှိတဲ့ ကျောက်ခဲအရေအတွက်
      ကိုသိပြီးတမိုင်ပါတ်လည်မှာရှိတဲ့ ကျောက်ခဲအရေအတွက်ကိုတွက်ယူတာမျိုးပါ။
      အားလုံးကိုအတိအကျရဘို့ဆိုတာမဖြစ်နိုင်ပါဘူး။
      ဒါ့ကြောင့် တရုတ်ကေ့စ်မှာ တုန်းက ဂျီဒီပီ အရ ဂဘာ့နံပါတ်နှစ် ဆိုပေမဲ့ “Norminal GDP”
      နော်မီနယ် ဂျီဒီပီ” ကြီးလေ။
      အင်ဖလေးရှင်းနဲ့မညှိရသေးတာ (ဂျီဒီပီဒီဖလေတာလို့ခေါ်တဲ့ဟာနဲ့ ညှိလေ့ရှိတယ်) မျိုးပေါ့ဗျာ။
      အဲဒါကြောင့် ဒေတာ အရ ပြောတယ်ဆိုတာ တကယ်တော့ခန့်မှန်းခြေတွေဖြစ်တတ်လို့ ညှိနှိုင်းကိန်းတွေနဲ့
      ပြန်ပြင်လေ့ရှိကြပါတယ်။
      ကုန်သွယ်ရေးဒေတာ ကတော့ ဘော်ဒါထရိတ်အပြင်၊ Informal Sector-အင်ဖော်မယ်စက်တာရဲ့ ဒေတာကိုပါပေါင်းပြီးစဉ်းစားလေ့ရှိပါတယ်။
      ပြောရရင် ဒေတာဟန်းတား တွေ ကို အေဒီဘီ၊ အိုင်အမ်အက်ဖ်တို့မှာခန့်ထားပါတယ်။
      HDI ဒေတာလို ပြန်လည်တွက်ချက်ဒေတာ ကိုတော့ သုတေသန သမားများက အားကိုးကြရတာတော့အမှန်ပါ။
      အဲဒီလို ဒေတာတွေနဲ့ ဘဲခန့်မှန်းပြီး တွက်ချက် နိုင်ငံတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုပရော်ဂျက်တွေကို ဆွဲပြီး
      လုပ်ဆောင်ကြလို့အထိုက်အလျှောက်တော့ အကျိုးရှိခဲ့တာပါဘဲ။
      ဆိုတော့ကာ တကဲ့ပညာရှင်ကြီးတွေတောင် သုံးကိုသုံးနေရပါတယ်။
      သာမန်လူတွေအတွက် ဘာမှတန်ဖိုးမရှိတဲ့ အဲဒီကိန်းဂဏန်းတွေဟာ ကျနော်တို့လို လက်တွေ့သုံးနေရသူ
      တွေအတွက်တော့ “စိန်တုံးလေး”တွေပါဘဲ။
      အိုင်အမ်အက်ဖ်ဒေတာ စီဒီ တချပ်ကို မြန်မာငွေနဲ့ သိန်း ရာဂဏန်းပေးပြီး သုတေသနအဖွဲ့တွေက ဝယ်ရကြောင်းပါခင်ဗျာ။

      • ကြောင်ကြီး

        December 24, 2011 at 11:33 am

        ဟုတ်ကဲ့ပါ ဆြာသစ်။ sampling ရွေးတယ်ဆိုတာကလည်း ရှိပြီးသား မူရင်းမှတ်တမ်းတွေကို အခြေခံ သတ်မှတ်ရတာမဟုတ်လား။ ဖွားသေစာရင်း၊ အိမ်ထောင်စုစာရင်း မှတ်တမ်းများမှာ မရိုးသားမှု၊ လုပ်ကြံဖန်တီးမှုတွေ ရှိနေရင် သူတို့ကို အခြေခံပြီး ရွေးရတဲ့ နမူနာအချက်အလက်များ လွဲသွားပါပြီ။ တလောကပဲ တောင်ပြုံးကမောင်ရှုံး ရေးထားပါသေးတယ်။ သူ့အဖေက မှတ်ပုံတင်မှာ ရှမ်းဗမာ ဖြစ်ပေမဲ့ ဗမာလို့ ဖြည့်ပေးတယ်ဆိုတဲ့အကြောင်း၊ ဒီလိုပဲ နောင်ရေးအတွက် ကိုးကွယ်ရာဘာသာ၊ လူမျိုး စတာတွေကို အများစုနဲ့တူအောင် ပြင်ဆင်ထားတာမျိုး အများကြီးရှိတယ်။ မှတ်မိသလောက် ၂၀၀ဝခုနှစ် အစောပိုင်းလောက်တုံးက မြန်မာနိုင်ငံ လူဦးရေကိုတောင် အစိုးရထုတ်ပြန်ကြေငြာတာနဲ့ ယူအန်အဖွဲ့သိထားတာနဲ့ မတူဘူး။ ဂျီဒီပီ၊ ဂျီအန်ပီတို့ဆိုတာ လူဦးရေအပေါ် အခြေခံတွက်တာလေ။ အဲဒီကမှ တဆင့်ပွားပြီး လူမျိုး၊ ဒေသအလိုက် ထပ်ခွဲတော့ ဘယ်ကခွဲမှာလဲ။ အစိုးမရထုတ်ပြန်တဲ့ဆီကပဲ ယူရမှာပေါ့။ ဂြိုလ်တုကနေ တဦးချင်း လိုက်ရေတွက်နေလို့မှ မရတာ။ မရှိတာထက် စာရင် ရှိတာတော်သေးတယ်ဆိုပေမဲ့ တကယ်တိုးတက်အောင်လုပ်မယ်ဆိုရင် ပင်မအချက်အလက်များ ပြည့်စုံမှန်ကန်ဖို့ overhaul ပြန်လုပ်ရမယ်ထင်ပါတယ်။ ယူအန်လို အဖွဲ့မျိုးကလည်း အရင်ကထဲက အစိုးရကို နည်းပညာ၊ သင်တန်း၊ ကွန်ပြူတာ စတာတွေ ထောက်ပံ့ပေးပါတယ်။ အရှေ့တောင် အာရှမှာ မြန်မာနိုင်ငံကို ယူအန်က ပထမဆုံး ကွန်ပြူတာမိန်းဖရိန်ထောက်ပံ့ပေးတယ်ဆိုလား မှတ်ထားဖူးတယ်။ အချက်အလက် ပြည့်စုံဖို့ပြင်မယ်ဆို အကုန်လိုက်ပြင်ရမယ်ဗျာ။ data integrity ဖြစ်ဖို့ အစိုးရရုံးဌာနများ၊ စာရင်းစစ်ရုံး၊ ဗဟိုစာရင်းအင်းအဖွဲ့ အားလုံးစပ်ဆက်နေတယ်။ သူတို့အပေါ်က ဝန်ကြီးဌာန၊ အစိုးရအဖွဲ့ မူဝါဒချမှတ်သူများက နောက်တပိုင်းဖြစ်သွားပြီ။။

        • thit min

          December 24, 2011 at 10:24 pm

          ဟုတ်ပါတယ်ခင်ဗျာ။
          ဒါပေမဲ့ (မြန်မာ) ဆိုတော့ အက်စတီမိတ်တွေ ကိုတော်တော်မြင့်မြင့် မှန်းပြီးရေးထားတာပါ။
          စီအက်စ်အိုရဲ့ အစီရင်ခံစာ ဆိုနိုင်ငံတော်ကို ကောင်းပါတယ်လို့ “ပြ”လို့ရအောင် “တမင်တင်”ထား
          တဲ့ ဒေတာ တွေတောင် အဲဒီလောက်လောက်လို့ပြောချင်တာပါ။
          အမှန်ဒေတာက အဲဒီထက် ဆိုးပါလိမ့်မယ်။
          အခုနောက်ပိုင်း စီအိုင်အေ ဖက်စ်ဘွတ်ဆိုပြီး ဒေတာတွေ တွေ့လာရပေမဲ့ ရီဆာ့ချာတွေကတော့
          ယူအဲန်နဲ့ သူ့လက်အောက်ခံအဖွဲ့အစည်းတွေက ဒေတာတွေကိုဘဲ လက်ခံသုံးစွဲနေကြတာပါ။
          အားလုံးသော တတ္ကသိုလ်တွေကတော့ တညီတညွတ်တည်းလက်ခံ ဘွဲ့ပေးနေတဲ့အနေထားတော့ရှိနေတာဘဲ။
          လက်တွေ့မှာတော့ပေါ့နော်။

  • super

    December 23, 2011 at 11:21 am

    ကျနော် ကိုသစ်ပိုစ့်တွေဝင်ရောက်ဆွေးနွေးဖို့ ကြိုးစားပါတယ်၊ ဒါပေမယ့် ကျနော်ညဏ်မမှီတဲ့အတွက် ညဏ်မှီသလောက်လေးပဲ ပြောပြခွင့်ပြုပါ………….
    စနစ်အမှားတွေနဲ့ ကျနော့်တို့ နိုင်ငံတည်ဆောက်ခဲ့ကြတယ်၊ ပညာရေးဘက်မှာနိမ့်ကျခဲ့တယ်၊ ကျနော့်အခုရောက်နေတဲ့နေရာက ကျောင်းသားတွေဆိုရင် သူတို့ ဘာလိုချင်တယ်ဆိုတာကို မသိပါဘူး၊ သင်တန်းတစ်ခုကို တက်လိုက်တာပဲ၊ ဘာအတွက်လာတက်တာလဲလို့မေးရင် Certificate ရဖို့အတွက် အလုပ်ရဖို့အတွက် သင်တန်းလာတက်ကြပါတယ်၊ ကွန်ပျူတာ တက္ကသိုလ်ကကျောင်းသားတစ်ယောက်က အပြင်မှာ သင်တန်းတက်မှ သူ့အတွက် အဆင်ပြေပါတယ်၊ အဲ့လိုမှမဟုတ်ရင် Computer တစ်စုံမှာပါတဲ့ ကြိုးတွေ အပေါက်တွေကို တောင်မတတ်တတ်ပါဘူး၊ တကယ်ဆိုရင် ကွန်ပျူတာ ကျောင်းတွေမှာ အခြေခံကျတာတွေကို စနစ်တကျ သင်ကြားပို့ချသင့်ပါတယ်၊ အခုတော့ ကွန်ပျူတာ နဲ့ကျောင်းပြီးတဲ့ ကျောင်းသားတစ်ယောက်က အပြင်သင်တန်းမှာ အခြေခံကစပြီး တက်နေရပါတယ်၊ အဲ့လိုပဲ ဘာသာရပ်ဆိုင်ရာ ကျောင်းတွေမှာ မိမိဘာသာရပ်ကို မကျွမ်းကျင်တဲ့အတွက် ကျောင်းပြီးဘွဲရလည်း တခြားသင်တန်းတွေထပ်တက်ရပါတယ်၊ အဲ့လိုမတက်နိုင်တဲ့ လူအတွက် ဘွဲ့လေးတစ်ခုရပြီး သုံးလို့မရဖြစ်နေရပါတယ်၊ သို့သော် အပြုသဘောဆောင်တဲ့ ပြောင်းလဲမှု့တွေ အစပျိုးချိန်မှာ နောက်ထပ် အမှားတွေကို တတ်နိုင်သမျှ ရှောင်နိုင်အောင် ကြိုးစားကြရင်း တစ်ယောက်တလက်ဝိုင်းလို့ကူ လုပ်သားပြည်သူကောင်းဖို့ကောင်းဖို့ဆိုတဲ့ ကျနော်ငယ်ငယ်က သံချပ်တိုက်သံကို ကြားခဲ့ဘူးသလို ကျနော်တို့ ပြည်သူတွေဘက်ကလည်း ပြုပြင်ပြောင်းလဲရေးတွေမှာလည်း တတ်နိုင်တဲ့ဘက်က ကြိုးစားပါဝင်ကြရင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဖော်ဆောင်ပြီး တိုင်းပြည်နဲ့လူမျိုးအတွက် တတ်နိုင်တဲ့ဘက်က ကိုယ်ထူကိုယ်ထစနစ်နဲ့ ဝိုင်းဝန်းကြိုးစားကြရင် ကျနော်တို့နိုင်ငံကြီး မနှေးခတ်မှီတိုးတက်စည်ပင်လာနိုင်မယ်လို့ ယုံကြည်ပါကြောင်း……………………
    သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေသည် အခြေတိုးမြှင့် ကျန်ကောင်းသင့်၏ ဆိုတဲ့ ဆရာမင်းသုဝဏ်၏ တို့တိုင်းပြည်ကဗျာလေးနဲ့ ဆီမီနာကို တက်သွားပါသည်………………..

  • char too lan

    December 23, 2011 at 1:20 pm

    အကုန်လုံးဖတ်ကြည့်ပီး အကုန်လုံးမှတ်သွားတယ်
    ပြောသလောက်သာ ပြင်သွားကြရင်တော့.. အားလုံးရှယ် !!
    ဆြာသစ်ရေ……….. Post ရော Comment တွေပါ ကူးယူထားခွင့်ပြုပါဗျာ….

  • နီကီတာ

    December 23, 2011 at 1:41 pm

    ဝင်ဖတ်ရုံပဲ ဖတ်နိုင်တယ်
    ဝင်ရောက် ဆွေးနွေးဖ်ို့ကြတော့
    ပါရမီမပြည့်မီသေးဝူး…. 😀

  • tt lay

    December 23, 2011 at 2:05 pm

    ကိုသစ်မင်းရေ……………. ကိုသစ်မင်းတို့လို “လုပ်ပေးချင်သူတွေ” အများကြီးရှိသလို ကျွန်မတို့လို “ထောက်ပံ့ပေးမယ့်သူတွေ” လည်း အများကြီးရှိမယ်လို့ ထင်ပါတယ်။ ကိုသစ်မင်းရဲ့ပို့စ်ကနေ ဗဟုသုတ တော်တော်လေးရခဲ့ပါတယ်။ တစ်ခါတစ်လေ သင်တန်းမှာ သင်ခဲ့ရတာတွေနဲ့ စပ်ဆက်ပြီးတွေးခေါ်တတ်ခဲ့ပါတယ်။ ဂဇက်ရဲ့ ဆီမီနာကို စိတ်ဝင်တစား ဖတ်ရှုခဲ့ပါတယ်။ မှတ်သားစရာလေးတွေ ရခဲ့တဲ့အတွက် ကျေးဇူးတင်စွာဖြင့် ………………….

  • koyinmaung

    December 23, 2011 at 8:33 pm

    ကိုသစ်မင်းရေ…..
    လူတွေရဲ့မနော် လူတွေရဲ့သဘော
    ဒီအကြောင့်လေးကိုရေးထားတဲ့ပုံပြင်တပုဒ်ဖတ်ခဲ့ဘူးပါတယ်
    တခါတုန်းကပေါ့ ကချင်ပြည်နယ်ကရွာကြီးတရွာမှာပွဲတော်ကျင်းပဘို့
    ရွာသူကြီးက ပွဲတော်ကျင်ပမဲ့တောင်ပေါ်ကိုခေါင်ရည်ဝါးချည်ထောက်နဲ့တလုံးစီ
    ပို့ရမယ်လို့ဆော်ဩလိုက်သတဲ့…
    ဒီတော့ရွာသားတွေကလဲဝမ်းသာအားရနဲ့တောင်ပေါ်ကစဉ်းအိုးထဲကို
    ခေါင်ရည်ဝါးချည်ထောက်တလုံးစီသွားပို့ကြတာပေါ့…
    အဲ့ဒီအချိန်မှာကပ်စီးနည်းတဲ့ရွာသားတယောက်ကစဉ်းစားတယ် ဒါလောက်လူအများ
    ခေါင်ရည်သွားပို့ကြတာငါတယောက်လောက်ခေါင်ရည်မပို့ဘဲ ရေ ဝါးချည်ထောက်တလုံးလောက်
    ကတော့သူကြီးဘာသိမှာမှတ်လို့လဲဆိုပြီး ရေဝါးချည်ထောက်တလုံးသွားပို့လိုက်သတဲ့…
    ပွဲတော်ကျင်းပမဲ့နေ့ရောက်တော့တောင်ပေါ်မှာပွဲတော်ကျင်းပယင်းခေါင်ရည်သောက်ကြတဲ့အခါ
    ခေါင်ရည်မဟုတ်ဘဲရေတွေဖြစ်နေတာကိုတွေ့ရပါတော့တယ်…..

    • ငပေါက်ဖော်

      December 23, 2011 at 8:45 pm

      အရမ်းကောင်းတဲ့ ပုံပြင်ပဲ
      တိုတိုတုတ်တုတ်နဲ ့ ထိတယ်ဗျာ ရေလည်ပဲ

  • Sonny

    December 23, 2011 at 10:02 pm

    အကိုသစ်မင်းရေ
    နောက်တစ်ခါဆွေးနွေးပွဲကျရင် အရောက်လာခဲ့ပါ့မယ်။တစ်ပိုင်တစ်နိုင်တတ်သလောက်လေးဝင်ဆွေးနွေးပါ့မယ်။
    အားခဲထားတာ….
    ဖိတ်ထားတာမလေးစားတာမဟုတ်ပါ။ ဘဝပေးနဲ့ချည်းနှောင်ခံထားရတဲ့
    အချိန်ဆိုတဲ့ ကြိုးလေးကြောင့်ပါ။
    ချစ်ခြင်းအားဖြင့်….ကိုဆန်နီ…

  • Khin Latt

    December 24, 2011 at 6:39 am

    ဆရာသစ် ရေ – စကားများတဲ့ ကျွန်မ ကြက်တူရွေးပုံပြင် လေးကို ဆွေးနွေးချင်ပါတယ်။
    —— ထိုကြက်တူရွေးသည် အသိပညာမဲ့၏။ သူသည်တေးဆိုလေ့ရှိသော်လည်း တရားစာပေကိုဘယ်အခါမှ မရွတ်။ ——–

    ကြက်တူရွေး ဆိုတာ သူများ ပြောတာ နားထောင်ပြီး ကို လိုက် အတုခိုး တတ်တယ် လို့ကြားဘူးပါတယ်။
    သူ့ရှေ့မှာ တေးဆို သူတွေ ဘဲ ရှိပြီး တရားစာပေရွတ် တဲ့ သူ မရှိလို့ များလားလို့ ကျွန်မ တွေးကြည့်မိပါတယ်။
    ဒီပုံပြင်ဟာ
    (၁) ရှင်းရှင်းလေး နဲ့ ပြီးရမဲ့ အကြောင်းကို မရှုပ်ရှုပ် အောင်လုပ်၊ မကြာကြာအောင် လုပ်ပြီး ကိုယ်ကျိုးရှာတတ်ကြ တာ
    (၂) ကိုယ့်အလုပ် အရေးပါမှု ကြီးကျယ်မှု ကို ပြချင်တာနဲ့ အသေးလေး ကို ပုံကြီး ချဲ့တတ်ကြတာ
    (၃) ဒါမှမဟုတ် ဘာလုပ်ရမယ်၊ ဘာလုပ်သင့် တယ် ဆိုတာကို ညဏ်ပညာ နဲပြီး မသိတာကြောင့် အလုပ်ဖြစ်သယောင် ရမ်းတီး နေတတ်ကြတာ
    (၄) ဘုရင်ကိုယ်တိုင် က ကိုယ်ပိုင်ညဏ် နဲ့ အမှားအမှန် ဆင်ခြင်နိုင်စွမ်း မရှိတာ
    အဲဒါတွေကိုဘဲ ဆရာကြီး ရာဘင်ဒြာနတ်သ်ဂိုး က သရော် ထားတာထင်ပါရဲ့။

    BTW – ကို Sonny ရဲ့ “ဘဝပေးနဲ့ချည်နှောင် ခံထားရတဲ့အချိန်ဆိုတဲ့ ကြိုးလေးကြောင့်ပါ။”
    ဆိုတာလေးကို သဘောကျမိပါ၏။ 🙂

  • wathenmoe

    December 24, 2011 at 9:50 pm

    အရမ်းကောင်းတဲ့ ပုံပြင်ပဲ
    တိုတိုတုတ်တုတ်နဲ ့ ထိတယ်ဗျာ ပို့အသစ်တင်တိုင်းwathanmoe.it@gmail.com
    ကိုmailပို့ပေးပါနော်
    wathanmoe.it@gmail.com

Leave a Reply