အမေသို့

koaungNovember 28, 20111min13111

အမေသို့
သားသည့်အမေ၊မိုင်ရှည်တာဝေး အပြေးသမား
သားသမီးချစ် သက်လုံဖြစ်အောင် ပြောင်းဖြစ်သလား

ကဗျာဆရာကြည်အောင်

 

လောကဓံ
ဘာမထီ ဇာနည်သားမို့ကြောက်ဖူးကွဲ့ လောကဓံရယ်
အံကြိတ်ကာမန်တင်းလို့ ရှေ့ကိုဘဲဆက်ရှောက်မယ်
ဇာတိကစခဲ့ တယ်ကွယ် မရဏထိဒီလမ်း
အမှောင်ကိုကာရှင်းလို့ အလင်းကိုကွဲ့ ဒို့ဆောင်မယ်
ဖြောင့်ဖြောင့်ဆက်လှမ်း
မွေး(ဖေ၊မေ) ရဲ့ ကျေးဇူးကိုကွယ် တို့တတွေ
ရည်မျှော်စူးလို့
တို့တတွေရင်ဆိုင်ကြမယ်ကွဲ့ ဒူးမထောက်စတန်း

ကိုယ်ပိုင်ခံစားချက်ဖြစ်ပါသည်(နိုင်ငံခြားရောက်ခါစခံစားခဲ့စဉ်)

 

 

 

 

 

 

 

11 comments

  • Diamond Key

    November 28, 2011 at 12:01 pm

    အမေ၊
    သားကလေ မိုင်ရှည်တာဝေး အပြေးသမားလဲမဟုတ်၊
    အံကြိတ်ကာမာန်တင်းလို့ လမ်းဆက်ရှောက်မယ်ဆိုကာ၊
    ဖြောင့်ဖြောင့်ဆက်လှမ်းနေပေမယ့်၊
    ညောင်းညောင်းလာနေလို့၊
    သားသမီးကိုချစ်တဲ့ သက်လုံပြဖြစ်အောင်၊
    အပေါ်က ဘီးလေးမျိုး (စက်ဘီး)၊
    ခုမနှေး ဝယ်ပေးပါနော်……………………နော်လို့။ :mrgreen:
    (ဆြာကိုအောင်….နောက်တာ…..နော် :D)

  • Sonny

    November 28, 2011 at 1:34 pm

    ကိုအောင်ရေ
    ကျွန်တော့် အမေပြောတဲ့စကားလေးပါ။
    “ငါ့ဘဝမှာ ငါ့အတွက် နင် မရှုပ် ပါဘူး..နင်ဘဝမှာသာ ငါ ရှုပ် မှာပါတဲ့”
    ဒီနေရာလေးကြိုက်ပါတယ် “ဇာတိကစခဲ့ တယ်ကွယ် မရဏထိဒီလမ်း”
    င်္From the cradle to the grave ပေါ့နော်။။
    အဝေးရောက်မေမေချစ်တဲ့သားကိုအောင် ရွှင်လန်းချမ်းမြေ့ပါစေ…
    ချစ်ခြင်းအားဖြင့် … ကိုဆန်နီ………

  • windtalker

    November 28, 2011 at 1:44 pm

    မှန်တာပြောရရင်
    မောင်ပေ နဲ ့ သူ ့အမေ က တော့
    နေ ့စဉ် နားလည်မှုတွေ လွဲချော်နေကြတယ်
    ကိုအောင်ရေ

  • MaMa

    November 28, 2011 at 3:53 pm

    ကဗျာကို သေသေချာချာ မဖတ်မိပဲ မျက်စေ့က ထူးခြားလှပတဲ့ ဓာတ်ပုံတွေဆီ ရောက်သွားတယ်။ 🙂

    • Moe Z

      November 28, 2011 at 4:33 pm

      ဟုတ်တယ် ပုံထဲကစက်ဘီးလေးသဘောကျတယ် 🙂

  • thit min

    November 28, 2011 at 4:28 pm

    ရေတံခွန်လို အကြင်နာတရား အဆက်မပြတ်စီးဆင်းတဲ့ သီတာရေစင် အမေ့ မေတ္တာ။

    စက်ဘီးလေးတစင်းလို အားလဲစိုက်တတ်အောင်၊ခရီးလဲပေါက်အောင်
    သက်တောင့်သက်သာ အလင်းရောင်ပြ သင်ကြားပေးခဲ့တဲ့ သော်တာငွေစင် အမေ့ စေတနာ။

    မိုးလင်း မိုးသောက်မှသည် မိုးချုပ်ဆည်းဆာ ဘယ်အခါမဆို သားကိုချစ်သော အဲဒီမေတ္တာ ..
    မိုးလင်း မိုးသောက်မှသည် မိုးချုပ်ဆည်းဆာ ဘယ်အခါမဆို သားကိုချစ်သော အဲဒီစေတနာ..
    နှစ်ဖြာသော အကြင်နာဓာတ်တို့နှင့် ဤလောကတွင်ရှိ ရှိသမျှ သော သား၊သမီးများ လုံခြုံနွေးထွေးနေရမည်သာ။

    ချစ်ခင်လေးစားလျှက်ပါအမေ
    (^^)
    P.S
    (ဆရာချို (ဆရာအောင်) ရေ ခပ်ပါးပါးလေး ပုတ်သွားပြီး၊ လေးနက်တဲ့အရာတွေအများကြီးသယ်ဆောင်သွားတဲ့
    ဆရာရဲ့ဓာတ်ပုံနဲ့ကဗျာလေး ကို လေးစားစွာဂုဏ်ပြုလိုက်ပါကြောင်း)

  • koaung

    November 28, 2011 at 5:44 pm

    ဆရာကိုသစ်မင်း
    သူကြီးကိုလဲလေးစားသည်နှင့်အမျှဆရာကိုလဲလေးစားပါကြောင်း ဆရာရေးသမျှ ပြောသမျှတွေဟာ ပြည့်စုံလှပလွန်းလှတာမို့ (ဝေဖန်စရာထက် သင်ယူစရာများလို့)ကျောင်းခန်းထဲ (ကျနော်ကိုယ်ကျနော်) ကျောင်းလာတက်တဲ့ကလေးငယ်လို ဆရာ့စာများကိုအားပေးလေ့လာနေပါတယ် ဒါကြောင့်နုတ်စိတ်နေတာပါ (မြန်မာစာကလဲဘာဂလစ်ကလွဲလို့မသုံးတတ်ပါ)အခုလိုဖေးမခေါ်ယူမူ့ကိုလဲလေးစားတန်ဘိုးထားပါ၏

    ကိုဆန်နီနဲ့ကိုကိုဝင်းရေ
    ဘဝမှာအောင်မြင်ချင်လွန်းတဲ့အချိန်(နိုင်ငံခြားမထွက်မီ) အမေ့ကိုအိပ်ရာဝင်ခါနီးတိုင်း ထိခြင်း၅ပါးနဲ့ခြေစုံမှာကန်တော့ခဲ့ပါတယ်
    အခုလိုအချိန်မှာတော့ အရင်ကပြုခဲ့တာလေး သတိတယ ရှိခဲ့ပေမဲ့ တာဝန်နဲ့ဝတ်တရားတွေကချည်နောင်ထားတာမို့ စိတ်နဲ့ပဲကန်တော့ရပါတယ် ဒီကဗျာလေး(ကိုယ်တိုင်ခံစားထားတာလေး)က အခုအချိန်မှာ တွေ့ရတဲ့ ညီငယ်ညီမငယ် များကိုမျှဝေခံစားစေချင်လို့ပါ (နတ်စီတဲ့အိမ်မက်လှလှများလွယ်လွယ်နဲ့မရ)စိုင်းထီးစိုင်သီချင်းလိုပေါ့ဗျာ ကိုကိုဝင်းရေ အမေဟာအမေပါပဲ ခင်ဗျားခံစားမိသလိုကျနော်ခံစားမိတဲ့အချိန်(တံတွေးပဲမြိုချလိုက်ပြီး စိတ်ထဲမှာဖျောက်လိုက်ပါတယ်(ငရဲကြီးမှာကြောက်လို့)

    မမနဲ့မိုးဇက်ရေ
    ငယ်ငယ်ကထဲက ကျန်းမာရေးလိုက်စားတတ်လို့ အားတိုင်းစက်ဘီးစီးနေတတ်တာပါ (ကီလို၆ဝ ကို၃နာရီခရီး) စီးလေ့ရှိပါတယ်
    မြန်မာပြည်မှာတော့ ဆရာဦးမောင်လေးနဲ့ဆရာကိုစိုးမင်း ဆရာကိုညွန့်ဝေ တို့ကကျနော့ဆရာတွေပါ(သေနတ်မှာ မောင်းပြန်သိုင်းမှာပြောင်းပြန်)(သိုင်းပြောင်းပြန်)
    ကိုရစ်ချတ်(ဗမာ့လက်ဝေ့) အခုတော့ စီးတော်မြင်း(စက်ဘီး)လေးကိုပဲအဖော်ပြုရပါတယ်(ကြုံတုံးလေးဆရာတွေကိုဂါရဝပြုတာပါ)
    ဆရာဒိုင်းမွန်းရေဝယ်ပေးမယ်လေ့ နောက်ပိုင်း အသက်အရွယ်အလိုက် လေ့လာလိုက်စားသင့်တဲ့ အစားအစာ၊့စောင်ရန်နဲ့ရှောင်ရန်များကိုကျနော်လေ့လာမိသမျှ တင်နိုင်အောင်ကျိုးစားပါ့မယ်(သည်းခံအားပေးကြပါ)
    ရည်ရွယ်ချက်ကတော့မန်းဂဇက် ကို တတပ်တအား သိတာလေးဝေမျှချင်းပါ(ပြည်ပမှ)
    ရွာသူရွာသားများအားအစဉ်လေးစားလျှက် 😀

  • blackchaw

    November 28, 2011 at 5:49 pm

    ဟေ့လူကြီး ကိုချို။ ခင်ဗျားဟာခင်ဗျား ဘာနာမည်ပြောင်းပြောင်း ကိုချိုပဲခေါ်မယ်ဗျို့။
    ကျေးဇူးတာင်တာ ကျွန်တော့်ကိုတောင် မစောင့်ဘူး။
    ထပ်တင်ပေးဦးဗျို့။ ပန်းပုံလေးတွေလည်း ကြည့်ချင်သေးတယ်ဗျို့။

  • E.T

    November 28, 2011 at 5:57 pm

    စက်ဘီးသရဲကို စက်ဘီးပုံလာပြနေတယ်။ လိုချင်လိုက်တာ။ ဘယ်လောက်ပေးရလဲဟင်။ ဘာတံဆိပ်လဲ။

    • koaung

      November 28, 2011 at 6:32 pm

      ညီလေးအီးတီရေ ဝယ်တာ၃ရီးရားရှိပါပြီ GIANT (disk break) တာရာကလဲထားတယ်(အဝေးစီး)တော်တော်နဲ့ဘီးမပေါက်ပါ(ဝယ်ပြီးကထဲကလုံးဝမပေါက်ပါ)ဝယ်တုံးကဒေါ်လာ၇၀ဝပါ အခုဆိုဒေါ်လာ၃၀ဝဆိုရပါပြီ စက်ဘီးနော် ဒီမှာဈေးပေါတယ်

  • koaung

    November 28, 2011 at 6:01 pm

    ကိုကိုချောရေ တစိမ်းတွေမှမဟုတ်တာ ခင်ပြီးသားချစ်ပြီးသားလူတွေပဲဗျာ ကြုံတုံးလေးရွာသူရွာသားများနဲ့ မန်းဂဇက်ပရိတ်သတ်အား
    အန်တီဒေါ်မာမာအေးရဲ့ သီတာရေစင်သီချင်းလေးအားဝေမျှပါ၏

    http://www.youtube.com/watch?v=DXV51RCnpzI

Leave a Reply