ကိုယ်ကြိုက်တာကိုယ်လုပ်…

who whoNovember 28, 20111min28426

တစ်ခါက မုဆိုးလင်မယား နှစ်ယောက်ရှိတယ်။ မိန်းမ ဖြစ်သူက မုဆိုး အလုပ်လုပ်နေတဲ့ ယောက်ျားဖြစ်သူကို ဒီအလုပ်လုပ်တာ မကြိုက်ရှာဘူး။ ဒါနဲ ့တစ်နေ ့တော့ သူ ့ယောကျာ်းကို ရှင် ဥပုသ်လေး ဘာလေး စောင့်ပြီး တရားလေး ဘာလေးလုပ်ပါဦးလား။ ရွာထိပ်က ဘုန်းကြီးကျောင်း သွားပေါ့ ဆိုပြီးလွတ်လိုက်တယ်။ အဲဒီမှာ မုဆိုးကြီးကလည်း စိတ်လိုလက်ရ သွားရှာတယ်။
ဘုန်းကြီးကျောင်း ရောက်လို့ ဘုန်းကြီးကို ကန်တော့ပြီး တပည့်တော်ကို တရားတစ်ပုဒ် လောက် တိုတိုတုပ်တုပ်လေးဟောပေးပါဘုရားလို့ တရားတောင်းတယ်လေ။ ဒီတော့ ဘုန်းကြီး ပေးလိုက်တဲ့ တရားလေး က “ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ ” တဲ့ ။ ဒါအတိုဆုံး တရားပဲတဲ့။
ဒီတော့ မုဆိုးကြီးက အံ့ဩသွားတယ်။ အရှင်ဘုရား တပည့်တော်ဟာ ဒီမုဆိုး အလုပ် ကို ကြိုက်နှစ်သက်လို ့ပဲ တောလိုက်မုဆိုးဘဝနဲ ့ ရပ်တည်လာတာ(၅၅)နှစ်တောင် ရှိပါပြီ။ ဒါပေမယ့် ခုချိန်ထိ ဘာတိုးတက်မှုမှ မရပါလားဘုရား။ ခုလည်းဘုန်းဘုန်းက ကိုယ်ကြိုက်တာ ကိုယ်လုပ် ဆိုတော့ ဘယ်နှယ့်များ လုပ်ရပါ့လို ့ လျှောက်တော့။ ဆရာတော်က ဒီနားလာခဲ့လို့ခေါ်ပြီး သူ ့ကို အပ်နဲ့ ထိုးလိုက်တယ်။ ဒီတော့ မုဆိုး က “ အား ” လို ့ထအော်တာပေ့ါ။ အဲဒီမှာ ဆရာတော်ကမေးတယ်။ မင်းကို အပ်နဲ ့ထိုးတာကြိုက်လား? တဲ့။ ဒီတော့ မုဆိုးက ပြန်ဖြေတယ်။ ဘယ်ကြိုက်ပါ့မလဲ ဘုရား။ တပည့်တော်က အပ်နဲ ့မပြောပါနဲ ့၊ မျက်စောင်းထိုးရင်တောင် ကြိုက်တာမဟုတ်ဘူးလို ့ပြောသတဲ့။ ဒီမှာပဲ ဆရာတော်က ဒါဆို မင်းကိုအပ်နဲ ့ထိုးတာတောင် မကြိုက်ဘူးဆိုရင် လေးနဲ ့ပစ်၊ မြှားနဲ ့ပစ်ပြီး အသက်ကို သတ်ဖြတ်နေတာဟာ ကိုယ် မကြိုက်တဲ့ အလုပ်ကို သူများကို သွားလုပ်နေတာပဲပေ့ါ။
လူတော်တော် များများဟာလည်း ဒီအတိုင်းပါပဲ။ ကိုယ့်ကို သတ်မှာကျ မကြိုက်ဘူး။ သူများ အသက်ကျသတ်တယ်။ ကိုယ့်ကို ညာပြောတာကျ မကြိုက်ဘူး။ သူများကျတော့ ညာပြောပြန်တယ်။ တကယ်တော့ ကိုယ်မကြိုက်ဘူးဆိုတဲ့ အလုပ်တွေတိုင်းကို သူများအပေါ်မှာလုပ်နေတတ်တယ်လေ။ ဒါကြောင့် ဆရာတော်ဟောတဲ့ “ကိုယ်ကြိုက်တာ ကို်ယ်လုပ်ပါ။”ဆိုတဲ ့ တရားလေးဟာ ပညာပါပြီး ထိရောက်လှပါတယ်။
ဒီတရားလေးကို သိခွင့်ရသွားကြကုန်သော စာဖတ်သူအပေါင်းတို့လည်း နေ့စဉ် ကိုယ်ကြိုက် သောအရာများကိုသာ သူတစ်ပါးအား ပြုမူပြောဆို ဆက်ဆံ လုပ်ကိုင်နိုင်ကြလို့ အကောင်းကံများကို သာ ဖန်တီးနိုင်ကြပြီး ကောင်းကျိုးတွေရရှိခံစားနိုင်ကြပါစေသော်။

26 comments

  • Diamond Key

    November 28, 2011 at 1:06 pm

    whowho ရေ၊ ဆရာတော်ဟောတဲ့ “ကိုယ်ကြိုက်တာ ကို်ယ်လုပ်ပါ”ဆိုတဲ ့ တရားလေးကို ကြိုက်သဗျို့။
    ဒါကြောင့် …….လုပ်သွားပြီ။ (အဲ မန့်သွားပြီ)။ 😛

    • whowho

      November 28, 2011 at 5:25 pm

      ဟုတ်ကဲ့ပါ။ ခုကစလို့ ကိုယ်ကြိုက်တတ်တဲ့အကောင်းဆုံးတွေကိုပဲ ပေးကြပါစို့။

  • cobra

    November 28, 2011 at 2:03 pm

    ကောင်းပါတယ်
    ကျေးဇူးပါ whowho
    နောက်ဆို ဆင်ခြင် ပါ့မယ်ခင်ဗျာ့

  • Sonny

    November 28, 2011 at 2:17 pm

    who who,
    ကိုယ်ကြိုက်တာကိုယ်လုပ်ရင်
    ကိုယ်လုပ်တာ ကိုယ့်ထံပြန်လာမှာ ပါ။ အဲဒါ ဘုရားရှင်ဟောတဲ့
    တူသောအကျိုးပေးလိမ်မည်တဲ့။ ခင်မင်လျှက်..ကိုဆန်နီ..

  • Shwe Ei

    November 28, 2011 at 4:34 pm

    တိုတိုတုတ်တုတ်တရားကို တိုတိုတုတ်တုတ် ပို့စ်နဲ့ရှင်းပြသွားတာ ကောင်းလိုက်တာဗျာ။ သာဓုပါ။

  • pooch

    November 28, 2011 at 4:50 pm

    who who ရေ ဒီလိုလေး သတိပေးလိုက်တဲ့ အတွက်ကျေးဇူးတင်ပါတယ်..

  • မှော်ဆရာ

    November 28, 2011 at 5:09 pm

    ရွာတစ်ရွာကို ဗီဒီယို ရိုက်ဖို့ ရောက်ရင်း ဦးပဥွင်းလေးတစ်ပါးကို ဖူးဖူးပါတယ် …။
    ဆုံးမစကားလေးချီးမြင့်ပါ…ဘုရားဆိုတော့
    :: ခန္ဓာကိုယ်မှာရှိတဲ့ အရိုးမပါတဲ့ ဘီလူးနှစ်ကောင်ကို နိုင်အောင်ထိမ်းပါ တကာလေးတဲ့…။ ::
    အဲဒီလောက်တော့ မတိုပါနဲ့ နဲနဲတော့ အကျယ်ဟောပေးပါဆိုတော့
    အထက်လျှာနဲ့ အောက်လျှာကို နိုင်အောင်ထိမ်းပါတဲ့ …။ ပြဿနာ အားလုံးရဲ့ အစဟာ အဲဒီ့နှစ်ကောင်က စတာ များပါတယ် တဲ့..။

    • whowho

      November 28, 2011 at 5:24 pm

      ဟုတ် ကျနော်အဲဒီတရားလေးလည်းမှတ်သားဖူးပါတယ်။ စိတ်ထဲတန်းစွဲသွားသလို တန်းပြီးလည်း ကြောက်သွားပါတယ်။ ရွံကြောက်ကြီးဖြစ်လို့ပါပဲ။

  • aye.kk

    November 28, 2011 at 5:12 pm

    who who..ရေ
    ရှင်းပြလိုက်တာ..ရှင်းရှင်းလေးပါ..နှစ်သက်မိပါတယ်..။

  • E.T

    November 28, 2011 at 5:45 pm

    ကျွန်တော်ကတော့ မလုပ်ခင် ဟိုဘက်ဒီဘက် စဉ်းစားကြည့်တယ်။ တစ်ခါတလေကြတော့လည်း မုသားမပါလင်္ကာမချောဆိုတဲ့ အတိုင်း နည်းနည်းတော့ လိမ်မိတယ် :mrgreen: နောက်ဆို ဆင်ခြင်ပါ့မယ် ခင်ဗျာ။

    • whowho

      November 29, 2011 at 9:52 am

      ဟုတ်ကဲ့ပါ။ အဓိကကတော့ ကိုယ်နေ့စဉ်လုပ်ကိုင်နေတဲ့ ကံသုံးပါးထဲကမှ ကာယကံနဲ့ ဝစီကံ အတွက် ရည်ရွယ်ထားတဲ့ပို့စ်မို့ သီလအတွက်ဆိုလည်း မမှားဘူးပေါ့။

  • Gipsy

    November 28, 2011 at 5:51 pm

    ဆင်ခြင်နိုင်ဖို့ ကြိုးစားပါ့မယ်..၊
    ကိုယ်ကြိုက်တာကိုယ်လုပ် ပါတော့မယ်…။

  • koyinmaung

    November 28, 2011 at 6:35 pm

    တခါမှဒီလိုအတွေးမတွေးမိဘူး..
    ကျေးဇူးတင်လိုက်တာwho who ရေ
    ပုဆိုးဝတ်တယ်သာသိကြတာ
    ပုဆိုးထဲလူဝင်သွားတယ်လို့သိသူရှားသားနော်….

  • ထာဝရ

    November 28, 2011 at 6:41 pm

    ခလေးတွေအော်သလိုအော်လိုက်မယ်
    ဗိုလ်…ကျား… သေနတ်…ကိုယ်ကြိုက်တာကိုယ်လုပ်….

  • windtalker

    November 28, 2011 at 8:08 pm

    ဝှူဝှူး တင်သမျှ တရားတွေ ထဲမှာ
    ဒီတရားလေး ကို သဘောအပေါက်မိဆုံး ၊ အကြိုက်ဆုံး ဘဲဗျာ ။
    လေးစား ကျေးဇူးတင်ပါတယ် နော်

  • TTNU

    November 29, 2011 at 12:34 am

    (၁) ကိုယ်မကြိုက်ဘူး။ ( ကျောင်းမတက်တဲ့၊ စာမကျက်တဲ့ ကျောင်းသားတွေ
    အချိန်ဖြုံးနေတာမကြိုက်ဘူး)
    (၂) ဒါပေမဲ့ ကိုယ်လုပ်နေရတယ်။ ( ဒါပေမဲ့ ကိုယ်သူတို့ကို ခွင့်လွှတ်နေရတယ်၊
    သူတို့ညာတာနားထောင်ပြီး အချိန်ဖြုံးနေရတယ်။)

    (ကိုယ်မကြိုက်ဘူးဆိုတဲ့ အလုပ်တွေတိုင်းကို သူများအပေါ်မှာလုပ်နေတတ်တယ်လေ။) ဆိုတဲ့
    ဟူးဟူးရေ… ဘာဆက်လုပ်ရမယ်ဆိုတာ အကြံပေးပါ။

    Reading Class မှ Advice Column ကို ပုံစံတုပါသည်။ 😳

    • whowho

      November 29, 2011 at 9:36 am

      ကျောင်းမတက်တာ စာမကျက်တာ ကိုယ်မကြိုက်ဘူး။ ဒါကြောင့် ကိုယ်အဲလို မလုပ်ခဲ့ဘူး။
      ကိုယ့်တုန်းက ကျောင်းမှန်မှန်တက်တယ်။ စာကြိုးစားခဲ့တယ။် ကိုယ်ကြိုက်တာကိုယ်လုပ်ခဲ့ တယ်။
      ကိုယ်သာ အပျင်းထူပြီး ကျောင်းပျက်ခဲ့မယ်။ စာမကျက်ခဲ့ဘူးဆိုရင် အဲဒီတပည့်နေရာမှာသာ ကိုယ်ဖြစ်ကြည့်ခဲ့ရင် ကိုယ်အပြစ်လုပ်ခဲ့ပေမယ့် အဲဒီအပြစ်ကို ဆရာမ မဆူပါစေနှင့်။ နားလည်ပေးနိုင်ပါစေ။ ခွင့်လွှတ်ပေးရင်ကောင်းမှာပဲလို့ တွေးပြီး အဲလိုလုပ်မှာကို ကြိုက်ခဲ့မှာပဲလေ။ ခုလည်း ဆရာမအနေနဲ့ ကိုယ့်တပည့်တွေအပေါ် ခွင့်လွှတ်နားလည်ပေးနေတာကိုက ကိုယ်ကြိုက်တာကိုယ်လုပ်နေရတာပါပဲ။

      • windtalker

        May 26, 2012 at 10:13 am

        ဝှုဝှုး နဲ့လက်တွေ့ မျက်နှာချင်းဆိုင်ပြီး နားထောင်ချင်မိသဗ

        • ကြောင်ကြီး

          May 26, 2012 at 10:39 am

          ကြိမ်လုံးနဲ့ အဆော်ခံရဂျင်သလား ကပေ..။ ဟိုဂ ပြောမရရင် တီးဒါ အကျင့်ပါနေဘီ..။

  • small cat

    November 29, 2011 at 7:25 am

    မှတ်သားသွားပါတယ်အန်တီဝေ၊လိုက်နာနိုင်ဖို့ကြိုးစားမှာပါ။

  • blackchaw

    November 29, 2011 at 9:21 am

    အော် ကိုရင်ကြောင်လေးတို့ကတော့ လုပ်တော့မယ်။
    ဘယ်က အန်တီဝေက ပါလာတာတုန်းဗျို့။
    who who ပါ ကြောင်လေးရေ။

  • True Answer

    November 29, 2011 at 4:41 pm

    ကိုယ်ကြိုက်တာကိုယ်လုပ်။
    ကိုယ်လုပ်တာ ကိုယ်ခံရမယ်။ (စွန်းလွန်းဆရာတော်ကြီး)

  • ကြောင်ကြီး

    May 26, 2012 at 10:05 am

    သဂျီးပေါဒေါ့ တိယိစာ္ဆန်ဒွေမှာ လူလိုခံဇားဒတ်တဲ့ အသိဆိတ် ရှိဘူးဆိုဘာလားဗြ..။ လူဒွေဂ ဆိတ်ကူးရင် အပိုလုပ်နေဒါဒဲ့..။ မြားများမွေး များမြားသတ်ရင် မြားများစားယလို့ ကုသိုလ်ပိုတောင် ယသေးဆိုဘဲ…။ ကိုကျိုက်တာကိုလုပ်တဲ့..သူ့အသားဂို အပ်နဲ့လာထိုး မနာဒတ်ဖူး မကျိုက်ဆယာလဲရှိဗူးဒဲ့.. လာလုပ်ကြိ ပျုံးပျုံးလေးခံပြမယ်ဒဲ့..။ 🙄

  • ssa

    May 26, 2012 at 12:20 pm

    ကို ဝုဝု ..(whowho) ကျေးဇူးပါဗျာ.
    ဒါမျိုးလေးတွေဖတ်ရတာ ကျေးဇူးတင်ပါတယ်..နော်..

  • manawphyulay

    May 26, 2012 at 12:46 pm

    အင်း တရားတော်ကလည်း ရှင်းရှင်းလေးပဲ ကိုယ်ကြိုက်တာ ကိုယ်လုပ်ဆိုတော့ ကောင်းတာပေါ့ လူတော်တော်များများက ကိုယ်ကြိုက်တာ ကိုယ်လုပ်နေကြတာများတယ်လေ သူများ ကြိုက်လား မကြိုက်လားဆိုတာကို ထည့်မစဉ်းစားတတ်ကြတာ များတယ်… ဂွတ် ကောင်းတယ် မှတ်သားစရာလေးပဲ..

  • R Ga

    May 26, 2012 at 3:26 pm

    ကိုယ်ကြိုက်တာ ကိုယ်လုပ်။
    ==============
    ကိုယ်ကြိုက်တာက သူများမကြိုက်တာမဖြစ်စေနဲ့။
    သူများမကြိုက်တာ က ကိုယ်ကြိုက်နေတာလည်း မဖြစ်စေနဲ့။
    သူများလည်း မကြိုက် ။ကိုယ်လည်း မကြိုက်ရင် မလုပ်နဲ့။
    ===============================

Leave a Reply