ရှေးရှေး အမွေ အနှစ် ထိမ်းသိမ်းသင့်

သော်ကြီးNovember 28, 20111min903

ဒီဓာတ်ပုံလေးတွေ ပြန်လည်ခံစား ကြည့်ရှုဖူးမျှော်နိုင်ပါရန် ထပ်ဆင့် ပြန်လည်တင်ပြလိုက်ပါတယ်။ နောင်စိတ်ဝင်စားဖွယ်ဓာတ်ပုံများကိုလည်း တင်ပြ ပေးသွားမှာ ဖြစ်သည့်အတွက် စောင့်မျှေ ာ်ရှုစားကြပါရန်။ ( မှတ်ချက်- ရှေးဟောင်းပစ္စည်းဝယ်ယူသူများကို အကြောင်းမကြားရ။)

 

 

 

 

 

 

 

ဒီဓာတ်ပုံလေးမှာ ရုပ်ပွားတော်မှာ မွှေးညှင်းတော်တွေ ပေါက်နေတာကို မြင်ရမှာဖြစ်ပါတယ်။ ဦးခေါင်းတော်နဲ့  လက်တော်တို့ကို ကြည်ပါ။ဟိုတစ်နေ့က တင်တဲ့ပုံထဲမှာ ပါပါတယ်။ ဒီရုပ်ပွားတော်လေးရဲ့ အောက်ခြေမှာ လိပ်၊ငါး၊ကြာပန်း၊စတဲ့ ပုံတွေပါပါတယ်။ပြန်ကြည့်လိုက်ပါ။ ကိုယ်တော်ရဲ့ ရင်ဘတ်နဲ့ လက်မောင်းနှစ်ဖက် စလုံးမှာ “ ဝ ” လုံးပုံလေးတွေပါပါတယ်။

 

ဒီပုံလေးက ကျွန်းသား ( အနက် ) ကျွန်းနက် ဟု ခေါ်သောအသားနဲ့ ထုထားတဲ့ ဘုရားပါ။ ဆင်စွယ်ဓားရိုးကိုတော့ ပြန်မတင်လိုက်တော့ဘူးနော်။ လိုက်ဝယ်နေမှာ စိုးလို့ ။ လွတ်လပ်ရေးမရခင် ဂျပန်တွေ မြန်မာနိုင်ငံမှာ အသုံးပြုခဲ့တဲ့ ဂျပန်ပိုက်ဆံ ( ဂျပန်စက္ကူ ) တွေလည်း ရှိသေးတယ်။ အဲ့ဒီ ဂျပန်ပိုက်ဆံတွေကိုတော့ ဈေးကောင်းပေးရင် ( ကြိုက်ဈေးရရင် ရောင်းမယ်။ ၂၀-တန်/၁၀-တန်/၅-ကျပ်တန် ) တွေပါ။ အလကားစတာနော်။

 

 

 

3 comments

  • thit min

    November 28, 2011 at 4:14 pm

    ကိုသော်ကြီးရေ
    ပလ္လင်ပေါ်မှာတော ့အမွှေးမထွက်ဘူးပေါ့နော်။အဲလိုလား။
    အမွှေးလေးကို အနီးကပ်ရိုက်ပြီး တင်ပေးရင်ပိုကောင်းမယ်။
    ကလေးလေး ခေါင်းက အမွှေးလိုလား။
    ဝါဂွမ်းအမျှင်အမွှေးလိုလား အဲဒီလိုလေးတော့ ခုမြင်နေရတာဘဲ။
    ရှေးဟောင်းတွေရှိနေတယ် ဆိုတော့ စိတ်ဝင်စားတယ်ဗျာ။
    ကျနော်ရှေးဟောင်းအင်ကာနဲ့ မာယာလူမျိုးတွေရဲ့ ရှေးဟောင်းတွေဝယ်မလားလို့စဉ်းစားနေတာ(^^)
    (နောက်တာနော်၊ သစ်မင်းဘဲ ဟောင်းမင်းဟုတ်ဘူးရယ်)

  • သော်ကြီး

    November 28, 2011 at 4:23 pm

    ကျွန်တော်လဲအစက မယုံဘူးဗျ။ ပန်းပေါင်းစုံနဲ့ လုပ်ထားတာဆိုတော့ မှိုလေးတွေ တက်တာလို့ ပဲထင်တာ။ အရင်ထွက်စက မေးစေ့အောက်က အမွှေးက ၂ လက်မလောက်ရှိတယ်။ အခု အဲ့ဒီအမွှေးက မရှိတော့ဘူး။ ပလင်အောက်ခြေတွေမှာလဲထွက်တယ်။ ဓာတ်ပုံကတင်ရတာ ကြာလို့ဒီလောက်ပဲ တင်ပေးလိုက်တာ။ ရှေးဟောင်းဆိုတော့ မှိုတက်တယ်လိုပဲ ထင်တာ။ ပန်းပေါင်းစုံဆိုတော့ နှစ်သက်တမ်း ကြာပြီး ဖြစ်လာတာလို့ ထင်တာပါပဲ။

  • windtalker

    November 28, 2011 at 8:32 pm

    ကိုသော်ကြီး အိမ်ကို ရှေးဟောင်းယဉ်ကျေးမှု တွေ ရောက်လာနေဦးမယ်
    ဒီပို ့စ်မှ ဘဲ
    ဆင်းတုတွေ ကို ကြည်ကြည်လင်လင် ဖူးမျှော်ခွင့်ရတယ်
    သာဓု သာဓု သာဓု ပါ ခင်ဗျာ

Leave a Reply