ခေါင်းစဉ် သည်လို တပ်လို့တော့ ကျနော့်ကို ဗွေ မယူစေချင်ဘူးခင်ဗျာ..
intellectual rights နဲ့ ပါတ်သတ်ပြီးတော့ ဟုတ်ဟုတ်ငြားငြား မသိသော်ငြား
ကျနော် ရင်ဆိုင် ဖြတ်သန်းနေတဲ့ fields တွေထဲကမှ ကျနော်တို့ဆီမှာ
Copyright မရှိသေးတဲ့အတွက် ကောင်းနေသေးတာလေးတွေ
သူများထက် လုပ်လို့ရနေသေးတာလေးတွေ တင်ပြချင်လို့ပါခင်ဗျ..
အမှားပါရင် ဝေဖန် ထောက်ပြပါဦးနော် ....


ကျနော်တို့ ညီငယ်ညီမငယ်တွေ အတွက် တစုံတခုရမယ်ဆိုရင်ဖြင့်
ကျနော် အဆဲခံရမယ်ဆိုလည်း ..(မြို့မေတ္တာခံယူဦးမယ့် - အဘလေသံဖြင့်)
ဦးဖွတ်ကျား ....

ပီစီတွေ ကိစ္စက စပြောမယ်ဗျ ... ဦးဖွတ်ကျား ငယ်ငယ်က ပီစီဆင်တယ်..
မားသားဘုတ် ကအစ CPU အလယ် HDD အဆုံး ၁လုံးချင်းစီဝယ်ပီး
တခုချင်း ဆင်ယူတာ... နိုင်ငံတကာမှာတော့ ဒါကို clone pc လို့ခေါ်တယ်ဗျာ
P-II, P-III တွေခတ်က ပေါ့ဗျာ ...အဲ့သည့်တုန်းက အရောင်းစင်တာတွေမှာ
ဆင်ပြီးသား ပီစီတွေ အလွယ်တကူဝယ်လို့ရပေမယ့် customize လုပ်ကြတာ
ခေတ်စားတယ်ဗျ... ဆင်ပီးသားဆို လွန်ရောကျွံရော ram တိုးတာ လောက်ပဲ
လုပ်လို့ရတာကိုး ...

သည်တော့ budget user ဒါမှမဟုတ် power user(gamer)တွေအတွက်ကတော့
သီးခြား customize ဆင်ယူမှ အဆင်ပြေတာကလား ...
စာရှည်တော့မယ် သည်မှာ ဖြတ်ပါရစေ ...
အဲ့လိုဆင်ပြီးရင် operating system(windows)သွင်းတယ် driver တွေမောင်းတင်တယ်
နောက်ပြီး သုံးမယ့် software တွေ သွင်းတယ်ပေါ့ဗျာ...
ကျနော်တို့မှာ windows 98, me အခွေလေးတွေ ..လူသုံးများတဲ့ software
အခွေလေးတွေ ဆောင်ထားရတယ်ပေါ့ ....
(ခုနောက်ပိုင်းတော့ ရန်ကုန်က CDဆိုင် အတော်များများက DVDအနေနဲ့ ထုတ်ပေး
လာကြပါပြီ ...စက်ဆင်စရာရှိဆင် ပြီးရင် DVDတချပ်ထိုးထည့်ထား ...
သူ့ဘာသူ OSသွင်း restart ချ softwareသွင်း အစဉ်လိုက်သွား ...
သည်နေ့ခေတ် စက်ဆင်ဆြာတွေ အတော်သက်သာသဗျ ...)

အဲ့သည့်တုန်းက တကယ် မသက်သာခဲ့တာဗျ ...motherboard မှာ
jumper ချိုးရတာ နည်းနည်းမီလိုက်ဖူးတယ် တခွေချင်း တခုချင်း သွင်ယူရတာဗျ..
copyright ကိစ္စကတော့ အဲ့တုန်းကတော့ ဘာမှ သိတာမဟုတ်ဘူးရယ်လေ... 

ကိုယ်တိုင် pirate လုပ်နေတာ နားမလည်ဘူး ..အခွေထည့် သွင်း ...ပြီး၇င်
ပိုက်ပိုက်ရတယ်ပေါ့ဗျာ .... တကယ်က ဒါတွေက ၀ယ်ရတာ ဆိုတာ
နားမှ မလည်ခဲ့တာ ...ကိုယ့် CD အလွတ်ရှိရင် အလကား ကူးယူလို့
ရတယ် သွင်းလို့ရတယ် ဆိုတာ ပဲမှတ်ထားတာကိုး ...
နည်းနည်း ကြီးလာတော့မှ စာလေးဘာလေးဖတ်ပြီး intellectual rights
အကြောင်း နည်းနည်းနားလည်လာတာ ...CD key တွေ
key generator တွေဆိုတာ rights တွေကို override လုပ်ပြီး ခိုးသုံး
နေတာပါလား ဆိုပီး နားလည်လာခဲ့တယ်ဗျ....
သည်လိုနဲ့ ... နေလာလိုက်တာ (ခိုးသုံးနေလိုက်တာ)... 98,me ကနေပြီး XP, vistaနဲ့
windows 7 ခေတ်ကို ရောက်ရောဆိုပါတော့
လွန်ခဲ့တဲ့ ၄နှစ်က ဂျပွန် လာရင်း အဲ့မှာ windows update
လုပ်ထည့်လိုက်တာ (အဲ့သည့်တုန်းက XP ထင်တယ် ခင်ဗျ)
desktop ကြီးတခုလုံး မည်းသွားပြီး ဘာ themes မှ မရတော့
စာသားလေးတော့ပေါ်လာတယ် ...genuine windows ကိုသုံးပါ
ဘာညာ တက်လာတော့မှ ..စာလျောက်ဖတ်ကြည့်တော့မှ
လားလား ..တသက်လုံး လွဲလာလိုက်တာ ...သွားတွေ့တော့တယ်ဗျ...
ဒါပေမယ့် ရှက်တတ်ပြီလား ဆိုတော့ မရှက်တတ်သေးဘူးဗျ...
ကန့်သတ်လိုက်တာ တွန့်တိုလိုက်တာ ဘာညာ ဆိုပြီး
ကိုယ်ကပဲ တင်းလိုက်သေးတယ်...
ကိုယ်တိုင် IT Pro လုပ်စားတဲ့ သည်ဘက်ခေတ် ရောက်လာတော့မှ
intellectual rights ကို နားလည် ခံစားမိတော့တယ် ...
ကျနော်ကိုယ်တိုင်လည်း ကျနော် ကြိုးစားပမ်းစားရေးထားတဲ့
code ကို ခိုးသုံးမယ်ဆို၇င် မကြည်ဖြူနိုင်တာအမှန်ပါ
ကိုယ်ကတော့ တသက်လုံးခိုးသုံးခဲ့ပြီးတော့လေ ...
သည်လိုနဲ့ သည်နှစ်ထဲမှာ ကျနော် myanmartutorials.com
မှာ copyright နဲ့ ပါတ်သတ်ပြီး ဖတ်ဖြစ်တော့မှ ...
ဒါဟာ ရှက်သင့်တာပါလား ဆိုတာ သိလာတာဗျ....
အဲ့သည့်မှာ အတွေးပွားစရာလေးတွေလည်းရှိလာ..
အငြိမ် မနေတတ်တဲ့ ညဉ် အတိုင်း lateral thinking
တွေဘာတွေ နဲ့ တွေးကြည့်လိုက်တော့ လားလား ...
ကျနော်တို့မှာ အခွင့်အလမ်း တွေ ကျန်နေသေးပါပေါ့လား
ဆိုပြီး သိလာရတယ်ဗျ ....


ကျနော် ဖြတ်သန်းလာခဲ့တဲ့ အကြောင်းတွေကို
အထက်မှာ ပြောပြရတာ ဒါကြောင့်ပါ ...
အရှည် လင်းပါဦးမည် ...
ကျနော်တို့ဆီမှာ ၂၀၁၃ ဆိုလား ၂၀၁၄ ဆိုလား
copyright ကျင့်သုံးရပါတော့မယ် ...
အဲ့ဒါမရှိသေးခင် (ကျနော်တို့ software နယ်ထဲမှာ)
သည်လိုပဲ သွင်းနေသုံးနေကြဦးမှာပါ ....
copyright မလာသေး သရွေ့ ..ကျနော်တို့ ဘာ
အကျိုးအမြတ် ရသလဲဆို ...
၁။ ဈေးသက်သက်သာသာနဲ့ သုံးနိုင်ပါတယ်..
ဟုတ်ပါတယ် ..ကျနော်တို့ဟာ hardware ဖိုး
တတ်နိုင်တာနဲ့ DVD ၂ ချပ်လောက်ရှိရင် သုံးချင်ရာ
သုံးလို့ ရနေပြီ ဗျာ ...
windows 7 home premium ကို အစိမ်း ၁၀၀လောက်
ပေး၇ပါတယ် MS Office ကလည်း ၉၀- ၁၀၀လောက်ပါ..
တခြား software တွေ game တွေထည့်ရင် သက်ဆိုင်ရာ
ဈေးတွေ သီးခြား ရှိပါသေးတယ်...
ပျမ်းမျှ ပြောရရင် ရန်ကုန်မြို့က လူငယ်တယောက် သုံးတဲ့
ပီစီ တလုံးဟာ ...(ဒက်စတွတ် နော် လက်ပကျွတ် မဟုတ်သေးဘူး)
၅သိန်း ၀န်းကျင် ပေးရတယ်ဆို ... သူသွင်းထားမယ့်
OS/ software ဖိုးဟာလည်း ၅သိန်း ထက် မနည်းပါဘူး
ဒါကို ပေးစရာ မလိုပဲ (ထက်ဝက်ဈေးနဲ့ ) သုံးနိုင်နေတာပါ..
ဒါကို သိထားတဲ့ အိမ်နီးနားချင်း တိုင်းပြည်တွေဟာ
လက်ပကျွတ်တွေကို OS အလွတ်တွေနဲ့ ထုတ်ပြီး
ကျနော်တို့ဆီ ကိုသွင်းပါတယ်...
ရန်ကုန်ရောက်မှ dealer ရဲ့ service center တွေမှာ
နောက်ဆုံးပေါ် OS (pirate ကိုသွင်းယူပါတယ်)
ပြီးတော့ မှ ဆိုင်ပေါ်တင် ရောင်းပါတယ်..(အားလုံးတော့မဟုတ်ပါ
အချို့လည်း license OS နဲ့ရောင်းပါသည်)
ဆိုတော့ OSမပါတဲ့ကောင်တွေက အနည်းဆုံး ၁သိန်းလောက် ဈေးချိုပါသည်
(localမှာကတော့ OS အမှန်သုံးတောင် software ကျရင် ခိုးကူးပဲသုံးကြတာများပါသည်)
သည်တော့ စလုံးနဲ့ အရှေ့ကျွန်းထက်စာရင် ကျနော်တို့တိုင်းပြည်သည်
လက်ပကျွတ် ဈေးအသက်သာဆုံးဖြစ်ပါသည်..(ကွာလတီတော့ မသိပါ)

၂။ နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်တယ်..
Microsoft ကနေ windows 7 ultimate ထွက်တုန်းက
၁ပါတ်အတွင်း ...ယပက်လက်က ဒါမှမဟုတ် ကိုတရုတ်ကြီးဆီက
တဆင့် pirate အခွေတွေ ရန်ကုန်ကိုရောက်လာပါတယ်...
ကျနော်တို့ DVD တချပ်ဖိုး ရှိရင် ကမ္ဘာ့နောက်ဆုံးပေါ် နည်းပညာကို
စမ်းသပ် ထိတွေ့လို့ရပါတယ် ... ဒါ သင်ယူနေတဲ့ ကျောင်းသားတွေ
လေ့လာသူတွေ အတွက် အလွန်ကောင်းတဲ့ အခွင့်အလမ်း ဖြစ်ပါတယ်
ဘယ်မှာ မှ မရနိုင်ဘူးလို့ ထင်ပါတယ်..
ဈေးသိပ်ကြီးတဲ့ Adobe Suit တွေ Video 2D, 3D Software
တွေလည်း ထိုနည်းလည်းကောင်းဖြစ်ပါတယ်...၂၀၀၆လောက်မှာ
စလုံးသွားတဲ့ ကျနော့်သူငယ်ချင်းAutoCAD ဆြာသမားတယောက်ဟာ
AutoCAD 2005 ကို ရန်ကုန်မှာ Pirate နဲ့ပဲ ကျင့်သွားတာပါ ...

ဟိုမှာ အလုပ်ဝင်တော့ 2002/ 2003 လားပဲသုံးနိုင်ပါသေးတယ်..
(လိုင်စင် ဗားရှင်း) ... သူ့ကို အဲ့သည့်အလုပ်မှာnew tech ကို သိနားလည်သူ
စမ်းသပ် မြည်းစမ်းကြည့်ဖူးသူ ..အရင်နဲ့ အခု version ကြားက
ကောင်းတာ ညံ့တာ ဝေဖန်ပိုင်းခြားပေးနိုင်သူ
အဖြစ် နေရာပေးကြပါတယ် ...
ကျနော်ပြောချင်တာ ခိုးသုံးတာကို အားပေးတာမဟုတ်ပါ ...
သုံးခွင့်ရနေစဉ် အကျိုးရှိအောင် လုပ်တတ်ဖို့ ဖြစ်ပါတယ်..


hyperမြန်နှုန်းနိမ့် connection, hyper-poor infra structure နဲ့
သည်တခုလေးပဲ ကျနော်တို့ အားသာချက်ရှိတာပါ ...
ဖမ်းဆုပ်စေချင်ပါတယ် ...
တဆက်တည်း အမြင်မတော်တာ ပြောရရင် ...သာမန် အိမ်သုံး
user ကလည်း windows 7 professional တောင်မကတဲ့
windows 7 ultimate ကြီးနဲ့ ...တကယ်ဆို home premium
လောက်ပဲ သုံးသင့်တာပါ .. မလိုတဲ့ service တွေ လျောက် run
နေပြီး စက်ကြီးလေးတာသာ အဖတ်တင်တာပါ ...net framework
တွေဘာတွေလည်း သူသုံးတာမဟုတ်ပဲနဲ့ ....
ဆိုင်က သွင်းပေးလိုက်တဲ့ software တွေက တပုံတပင် ....
တကယ်သုံးတာက chattingနဲ့ Microsoft Word, Excelလောက်..
အလကား ရနေတော့ တန်ဖိုးမထားတတ်တာ များပြောပါတယ်..
ဒါတွေဝယ်သုံးရမယ်ဆို ဘာမှတောင် သွင်းမှာမဟုတ်ဘူး..
open office ပဲ ဒေါင်းလုပ်ချသွင်းမယ့် လူစားတွေ များပါလိမ့်မယ်..


computer သင်တန်းတွေပဲ ကြည့်ဦးမလား ...office သင်တာကအစ
MS Office 2010 နဲ့ ...သင်ကြားရေး နည်းစနစ်တွေ
သင်ထောက်ကူ အသုံးပြုမှုတွေသာ update မဖြစ်ရင်နေမယ်
သုံးတဲ့ version ကတော့ ကမ္ဘာနဲ့ အပြိုင် update ပါခင်ဗျား..
သည် software ကို အသုံးချတတ်အောင် သင်မှာလား
သည် software ရဲ့ နောက်ဆုံးပေါ်version ရဲ့ user preference
ကိုအသားကျအောင် သင်မှာလား .. ကျနော် မတွေးတတ်တော့...

ကျနော်သိသလောက် သင်တန်းတွေလည်း ၀ယ်သုံးကြတာမဟုတ်ပါ
ခင်ဗျား ...လက်တလော အလကား ရတာတွေကို တန်ဖိုးထားတတ်စေချင်ပါသည်
ဆြာကြီး လေသံ လုပ်ပြောနေခြင်း မဟုတ်ပါ ...junior ထဲက ညီ ညီမတွေ

အဲ့လို Office သင်တန်းမျိုးကို version ပြောင်းတိုင်း တခါစီ update
လုပ်ကြတာတွေ ..Office သင်တန်းဆင်းလက်မှတ်ကိုပဲ
version အလိုက် 2003, 2007, 2010 ၃ခုစီ ကိုင်ထားတဲ့လူတွေတွေ့ရတော့
မှန်တာပြောရရင် စိတ်ပျက်ပါသည်ခင်ဗျား..

ဟုတ်ပါပြီဗျာ ဆက်ဆွဲရအောင်...
၃။ ကဲ ရှေ့လျောက် ဘာဆက်ဖြစ်မလဲ ..

ဒါတွေ ပြောရတဲ့ အချုပ်က ခုမှ လာမှာပါ ...
အထက်မှာ ဆိုခဲ့တဲ့အတိုင်း copyright က ၂၀၁၃ လား ၂၀၁၄လားပဲ
အဲ့ဒါ မလာသေးနဲ့ ထားလိုက်ဦး ..pirate ဆက်သုံးလို့ရတယ်ပဲ..
ခေတ်က တဆစ်ချိုးပါပြီ ခင်ဗျား ...SaaS ကြားဖူးမယ် ထင်ပါတယ်..
ဟုတ်ကဲ့ software as a service ပါ ...နောက်ထပ် ကွန်ပျူတာ တော်လှန်ရေး
လာပါပြီ ...(32 bit ကနေ 64bit အပြောင်းအလဲဟာ တော်လှန်ရေးမဟုတ်သေးပါ)

ရှင်းအောင်ပြောရရင် software တွေကို အရင်လို အခွေတွေထုတ်ပြီး
မရောင်းတော့မယ့် စနစ်ကို သွားနေတာပါ ... service ခေတ်ကြီးရောက်ပါတော့မယ်
ငှားသုံးမယ့် စံနစ်ပါ...ဘာမဆို ငှားသုံးပါမယ် pay per useပါ...
ဆိုပါတော့ Excel ကို ၁နာရီ ဘယ်လောက်ဆိုပြီး browser ပေါ်ကနေ ငှားသုံးမှာပါ
Visa card, master card, Paypal ဘာမှ မရှိသေးတဲ့ ရွှေပြည်ကြီးအတွက် ရင်လေးပါသည်


လွယ်လွယ်ရ လွယ်လွယ်သုံးနေတဲ့ user တွေအတွက်လည်း ရင်လေးပါသည်။
connection speed အတွက်လည်း ရင်လေးပါသည်...
သည်စနစ်ဟာ ဘာပိုကောင်းသလဲဆို ..ဘယ်သူမှ အပိုင် ၀ယ်ယူစရာမလိုတဲ့အတွက်
ကုန်ကျစရိတ်သက်သာတယ် လို့ဆိုနိုင်ပါတယ်...သုံးသလောက်ပဲပေးရမှာ မို့လို့ပါ
ရောင်းတဲ့လူအတွက်ကလည်း end-user ဆီတိုက်ရိုက်ရောက်တာမို့ တွက်ခြေကိုက်ပါတယ်
CD, DVD တွေလို pirate လုပ်လို့ မရလို့ ဆုံးရှုံးမှုတွေ မဖြစ်တော့ပါ။

ဒါဟာ အသစ်တော့မဟုတ်ပါဘူး။ သဂျီးတို့ ဆီမှာ လုပ်နေတာကြာပြီဖြစ်ပါတယ်..
ဥပမာပြောရရင် Xerox ကိုပြရမှာ ဖြစ်ပါတယ် ... 

Xeroxဟာ US က ကျောင်းတွေ ရုံးတွေ ကို printer ရောင်းမစားတော့ပါ
ငှားစားပါတယ်...၂နှစ်တန်သည် ၃နှစ်တန်သည် စာချုပ်နဲ့ ငှားပါတယ်..
ပျက်ရင်ပြင်တာ မှင်ထည့်တာ တာဝန်ယူပေးပါတယ်။ စာချုပ်ပြည့်တဲ့အခါ
စာချုပ်သစ်ထပ်ချုပ်တဲ့အခါ မော်ဒယ် အသစ်နဲ့ လဲလှယ်ပေးပါတယ်..
ကျောင်း ရုံးဘက်က လည်း အရင်လို printer ၀ယ်ယူရတဲ့စရိတ်..
ကိုယ့်ဘာသာ မှင်ထည့် ပျက် ပြင်ဆိုင်ပို့ မော်ဒယ်အောက်သွားလို့
မှင်ဘူးတွေ ရှားလာတဲ့အခါ အသစ်ဝယ် လဲ သည်ဒုက္ခတွေ ကင်းသွားပါတယ်.
network ချိတ်ဆက်ထားတဲ့ all-in-one printers တွေကို
server တွေကတဆင့် Xerox service center က မှင်ကုန်ခါနီး တာနဲ့
တန်းသိပြီး နောက်နေ့မနက်မှာ ရုံးတံခါးကို မှင်ဘူးပိုက်ပြီး လာခေါက်ပါလိမ့်မယ်
အလွန် အဆင်ပြေတဲ့ စနစ်ပါ



SaaS တခုတည်းလား ဆိုတော့ သည်ထက်ပို နက်နက်ရှိုင်းရှိုင်း ပြောရရင်
PaaS ဆိုတာ ရှိပါတယ် platform as a service ပါ.. အဲ့သည့်ထက်ပို
နက်ရှိုင်းတာကတော့ IaaS infrastructure as a service ပါ..
(သည်အကြောင်း ကျနော့်ဆြာ ဆြာ ဂီဂီနဲ့ တိုင်ပင်ပြီး ရေးပါဦးမည်)


အနာဂါတ် ပီစီတလုံးဟာ ကြည့်စရာ(monitor) နဲ့ နှိပ်စရာ(keyboard, mouse)
လောက်ပဲ လိုတော့မှာပါ..

သူ့အလုပ်လုပ်ပုံက သည်လိုပါ...
ပီစီစဖွင့်ပါတယ် browser ကျလာပါမယ်..
(windows loading မလာပါ)
အဲ့သည့်မှာ net ကတဆင့် ကိုယ်သုံးလိုတဲ့ Hardware spect, OS version,
software စတာတွေကို ရွေးချယ်ပြီး pay per hour/ day/ month
အစရှိသဖြင့် ရွေးသုံးရမှာပါ remote access ပုံစံမျိုးပါ..
storage အတွက်လည်း netပေါ်မှာ ကိုယ်ဝယ်ယူထားတဲ့ spaceပေါ်မှာပဲ
သိမ်းနိုင်မှာ ဖြစ်ပါတယ် ...
သည်အတွက် service provider ကြီးတွေဟာ serverကြီးတွေ
ထောင်ပြီး အဲ့သည့်က resourceတွေကို user တယောက်ချင်းစီအလိုက်
customize လုပ်ပြီး ငှားသုံးစေတာဖြစ်ပါတယ်..
ရုံးတွေ အလုပ်တွေမှာ server ခန်းသီးသန့်ထားပြီး server
ဝယ်ယူတပ်ဆင်ပြုပြင် ထိန်းသိမ်း စတာတွေ ဘာမှ ဒုက္ခခံစရာမလိုတော့ပါ


သည်လို စနစ် ကို ခြုံငုံပြီး Cloud Computing လို့ ဆိုနိုင်ပါတယ်..
အရင်လို ဘယ်သွားသွား လက်ပကျွတ်တွေဖလက်ရှ် ဒရိုက်ဗ်တွေ
ဆောင်သွားစရာမလိုတော့ပါ..ကွန်ပျူတာဆိုတာ ရထားဘူတာရုံက
အိမ်သာ သာသာလောက်ရှိတော့မယ့် အနေအထားပါ
တွေ့တဲ့ နေရာက စက်ကို ကိုယ့် စက်အနေနဲ့ စိတ်ကြိုက် customize
လုပ်သုံးနိုင်ပါလိမ့်မယ်.. ခုဆို securityအပိုင်းအရလည်း အတော်လေး
တိုးတက်ကောင်းမွန်နေပြီ ဖြစ်လို့ သည်ခေတ်ရောက်ဖို့ မဝေးတော့ဘူး
ဆိုချင်ပါတယ်..

developer တွေ ဘက်ကပြောရရင်လည်း အရင်လို
.net ရေးမယ်ဟေ့ ဆိုရင် visual studio သွင်း တခြားဟာပြောင်း ပြန်ဖြုတ်
Java ဟေ့ ဆိုရင် Struts သွင်း တခြားဟာရေး ပြန်ဖြုတ် မလိုတော့ပါဘူး
Gamer တွေ power user တွေ အနေနဲ့လည်း PC Upgrade လုပ်ရတဲ့
ဒုက္ခ ကင်းဝေးသွားမှာ ဖြစ်ပါတယ်
တခုပဲ ရှိပါတယ် ..အဲ့ဒါကတော့ သိတော်မူကြတဲ့အတိုင်း
Connection ကောင်းဖို့ပဲ လိုကြောင်းပါ. အဲ့သည့်ခေတ်ရောက်ရင်ဖြင့်
သည် Connection နဲ့ ဘာမှ လုပ်စားလို့ မရတော့မှာမို့ပါ ..
ကျနော် ဇူလိုင်လတုန်းက ရန်ကုန်တခေါက်ပြန်ပါတယ်..
နာမည်ကျော်Cloud Service တခု စမ်းဖြစ်ပါတယ် ..
တနေ့ သုံး ဗမာ ကျပ်ငွေ ၁၀၀၀ သာကျမယ့် စနစ်ပါ
Storage က 1GB နဲ့ Windows Server 2008 ဖြစ်ပါတယ်..
သည်ပေါ် run မယ့်  applicationကတော့ pay per useဖြစ်ပါတယ်..
သူ့ data center တွေက US, Japan, Europe(ပြင်သစ်ထင်ပါသည်)
နှင့် စလုံးမှာ ရှိကြောင်းပါ။
ဝမ်းနည်းစရာကောင်းတာက အဲ့သည့် service ကို ရွှေပြည်ကြီးကနေ
access လုပ်လို့ မရကြောင်းပါ ..service unavailableပါ
အဲ့ဒါနဲ့ မွှေနှောက်ဖတ်ကြည့်တော့ service support လုပ်တဲ့တိုင်းပြည်စာရင်း
အခု၂၀၀လောက်မှာ ကျနော်တို့ မပါပါ။


တလောလေးက ဗမာပြည်ကနေ Google account အသစ်ဖွင့်မရဘူး
ဆိုတဲ့ အသံတွေညံဖူးပါတယ် ...voice service မရတာလည်းကြားဖူးပါတယ်
သည်သဘောပဲဖြစ်ပါတယ်..
ဆန်ရှင်လား ဘာလားတော့ ကျနော် ဥာဏ်မမီလို့ မသိပါ
Microsoft က Windows Azure ဆိုတဲ့ Web ပေါ်မှာ အလုပ်လုပ်တဲ့
Cloud OS ကို စနေပါပြီ Google ကလည်း web application တွေ
တပုံတပင်နဲ့ပါ Apple ကလည်း မခံ iCloud ကို စတင်ထားပါတယ်..
 
web ပေါ်မှာပဲ အလုပ်လုပ်ကြတော့မယ့်

သည်ခေတ်ရောက်ရင်ဖြင့် ဗမာ user တွေ ဗမာ developerတွေ
ပါဝင်ခွင့် မရတော့မှာကို  စိုးထိတ်ရင်း...
လက်တလော localမှာ ပိုက်ပိုက်မကုန်ပဲ  သုံးလို့ရတာလေးတွေကို
masterized လုပ်စေလိုကြောင်း ဆန္ဒပြုရင်း..

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011

   Send article as PDF