Copyright မရှိသေးခြင်း၏ ကောင်းကျိုးများ နှင့် အနာဂါတ်၏ မရေရာခြင်းများ

ムラカミNovember 28, 20119min17233
ခေါင်းစဉ် သည်လို တပ်လို့တော့ ကျနော့်ကို ဗွေ မယူစေချင်ဘူးခင်ဗျာ..
intellectual rights နဲ့ ပါတ်သတ်ပြီးတော့ ဟုတ်ဟုတ်ငြားငြား မသိသော်ငြား
ကျနော် ရင်ဆိုင် ဖြတ်သန်းနေတဲ့ fields တွေထဲကမှ ကျနော်တို့ဆီမှာ
Copyright မရှိသေးတဲ့အတွက် ကောင်းနေသေးတာလေးတွေ
သူများထက် လုပ်လို့ရနေသေးတာလေးတွေ တင်ပြချင်လို့ပါခင်ဗျ..
အမှားပါရင် ဝေဖန် ထောက်ပြပါဦးနော် ....


ကျနော်တို့ ညီငယ်ညီမငယ်တွေ အတွက် တစုံတခုရမယ်ဆိုရင်ဖြင့်
ကျနော် အဆဲခံရမယ်ဆိုလည်း ..(မြို့မေတ္တာခံယူဦးမယ့် - အဘလေသံဖြင့်)
ဦးဖွတ်ကျား ....

ပီစီတွေ ကိစ္စက စပြောမယ်ဗျ ... ဦးဖွတ်ကျား ငယ်ငယ်က ပီစီဆင်တယ်..
မားသားဘုတ် ကအစ CPU အလယ် HDD အဆုံး ၁လုံးချင်းစီဝယ်ပီး
တခုချင်း ဆင်ယူတာ... နိုင်ငံတကာမှာတော့ ဒါကို clone pc လို့ခေါ်တယ်ဗျာ
P-II, P-III တွေခတ်က ပေါ့ဗျာ ...အဲ့သည့်တုန်းက အရောင်းစင်တာတွေမှာ
ဆင်ပြီးသား ပီစီတွေ အလွယ်တကူဝယ်လို့ရပေမယ့် customize လုပ်ကြတာ
ခေတ်စားတယ်ဗျ... ဆင်ပီးသားဆို လွန်ရောကျွံရော ram တိုးတာ လောက်ပဲ
လုပ်လို့ရတာကိုး ...

သည်တော့ budget user ဒါမှမဟုတ် power user(gamer)တွေအတွက်ကတော့
သီးခြား customize ဆင်ယူမှ အဆင်ပြေတာကလား ...
စာရှည်တော့မယ် သည်မှာ ဖြတ်ပါရစေ ...
အဲ့လိုဆင်ပြီးရင် operating system(windows)သွင်းတယ် driver တွေမောင်းတင်တယ်
နောက်ပြီး သုံးမယ့် software တွေ သွင်းတယ်ပေါ့ဗျာ...
ကျနော်တို့မှာ windows 98, me အခွေလေးတွေ ..လူသုံးများတဲ့ software
အခွေလေးတွေ ဆောင်ထားရတယ်ပေါ့ ....
(ခုနောက်ပိုင်းတော့ ရန်ကုန်က CDဆိုင် အတော်များများက DVDအနေနဲ့ ထုတ်ပေး
လာကြပါပြီ ...စက်ဆင်စရာရှိဆင် ပြီးရင် DVDတချပ်ထိုးထည့်ထား ...
သူ့ဘာသူ OSသွင်း restart ချ softwareသွင်း အစဉ်လိုက်သွား ...
သည်နေ့ခေတ် စက်ဆင်ဆြာတွေ အတော်သက်သာသဗျ ...)

အဲ့သည့်တုန်းက တကယ် မသက်သာခဲ့တာဗျ ...motherboard မှာ
jumper ချိုးရတာ နည်းနည်းမီလိုက်ဖူးတယ် တခွေချင်း တခုချင်း သွင်ယူရတာဗျ..
copyright ကိစ္စကတော့ အဲ့တုန်းကတော့ ဘာမှ သိတာမဟုတ်ဘူးရယ်လေ... 

ကိုယ်တိုင် pirate လုပ်နေတာ နားမလည်ဘူး ..အခွေထည့် သွင်း ...ပြီးရင်
ပိုက်ပိုက်ရတယ်ပေါ့ဗျာ .... တကယ်က ဒါတွေက ဝယ်ရတာ ဆိုတာ
နားမှ မလည်ခဲ့တာ ...ကိုယ့် CD အလွတ်ရှိရင် အလကား ကူးယူလို့
ရတယ် သွင်းလို့ရတယ် ဆိုတာ ပဲမှတ်ထားတာကိုး ...
နည်းနည်း ကြီးလာတော့မှ စာလေးဘာလေးဖတ်ပြီး intellectual rights
အကြောင်း နည်းနည်းနားလည်လာတာ ...CD key တွေ
key generator တွေဆိုတာ rights တွေကို override လုပ်ပြီး ခိုးသုံး
နေတာပါလား ဆိုပီး နားလည်လာခဲ့တယ်ဗျ....
သည်လိုနဲ့ ... နေလာလိုက်တာ (ခိုးသုံးနေလိုက်တာ)... 98,me ကနေပြီး XP, vistaနဲ့
windows 7 ခေတ်ကို ရောက်ရောဆိုပါတော့
လွန်ခဲ့တဲ့ ၄နှစ်က ဂျပွန် လာရင်း အဲ့မှာ windows update
လုပ်ထည့်လိုက်တာ (အဲ့သည့်တုန်းက XP ထင်တယ် ခင်ဗျ)
desktop ကြီးတခုလုံး မည်းသွားပြီး ဘာ themes မှ မရတော့
စာသားလေးတော့ပေါ်လာတယ် ...genuine windows ကိုသုံးပါ
ဘာညာ တက်လာတော့မှ ..စာလျောက်ဖတ်ကြည့်တော့မှ
လားလား ..တသက်လုံး လွဲလာလိုက်တာ ...သွားတွေ့တော့တယ်ဗျ...
ဒါပေမယ့် ရှက်တတ်ပြီလား ဆိုတော့ မရှက်တတ်သေးဘူးဗျ...
ကန့်သတ်လိုက်တာ တွန့်တိုလိုက်တာ ဘာညာ ဆိုပြီး
ကိုယ်ကပဲ တင်းလိုက်သေးတယ်...
ကိုယ်တိုင် IT Pro လုပ်စားတဲ့ သည်ဘက်ခေတ် ရောက်လာတော့မှ
intellectual rights ကို နားလည် ခံစားမိတော့တယ် ...
ကျနော်ကိုယ်တိုင်လည်း ကျနော် ကြိုးစားပမ်းစားရေးထားတဲ့
code ကို ခိုးသုံးမယ်ဆိုရင် မကြည်ဖြူနိုင်တာအမှန်ပါ
ကိုယ်ကတော့ တသက်လုံးခိုးသုံးခဲ့ပြီးတော့လေ ...
သည်လိုနဲ့ သည်နှစ်ထဲမှာ ကျနော် myanmartutorials.com
မှာ copyright နဲ့ ပါတ်သတ်ပြီး ဖတ်ဖြစ်တော့မှ ...
ဒါဟာ ရှက်သင့်တာပါလား ဆိုတာ သိလာတာဗျ....
အဲ့သည့်မှာ အတွေးပွားစရာလေးတွေလည်းရှိလာ..
အငြိမ် မနေတတ်တဲ့ ညဉ် အတိုင်း lateral thinking
တွေဘာတွေ နဲ့ တွေးကြည့်လိုက်တော့ လားလား ...
ကျနော်တို့မှာ အခွင့်အလမ်း တွေ ကျန်နေသေးပါပေါ့လား
ဆိုပြီး သိလာရတယ်ဗျ ....


ကျနော် ဖြတ်သန်းလာခဲ့တဲ့ အကြောင်းတွေကို
အထက်မှာ ပြောပြရတာ ဒါကြောင့်ပါ ...
အရှည် လင်းပါဦးမည် ...
ကျနော်တို့ဆီမှာ ၂၀၁၃ ဆိုလား ၂၀၁၄ ဆိုလား
copyright ကျင့်သုံးရပါတော့မယ် ...
အဲ့ဒါမရှိသေးခင် (ကျနော်တို့ software နယ်ထဲမှာ)
သည်လိုပဲ သွင်းနေသုံးနေကြဦးမှာပါ ....
copyright မလာသေး သရွေ့ ..ကျနော်တို့ ဘာ
အကျိုးအမြတ် ရသလဲဆို ...
၁။ ဈေးသက်သက်သာသာနဲ့ သုံးနိုင်ပါတယ်..
ဟုတ်ပါတယ် ..ကျနော်တို့ဟာ hardware ဖိုး
တတ်နိုင်တာနဲ့ DVD ၂ ချပ်လောက်ရှိရင် သုံးချင်ရာ
သုံးလို့ ရနေပြီ ဗျာ ...
windows 7 home premium ကို အစိမ်း ၁၀ဝလောက်
ပေးရပါတယ် MS Office ကလည်း ၉၀- ၁၀ဝလောက်ပါ..
တခြား software တွေ game တွေထည့်ရင် သက်ဆိုင်ရာ
ဈေးတွေ သီးခြား ရှိပါသေးတယ်...
ပျမ်းမျှ ပြောရရင် ရန်ကုန်မြို့က လူငယ်တယောက် သုံးတဲ့
ပီစီ တလုံးဟာ ...(ဒက်စတွတ် နော် လက်ပကျွတ် မဟုတ်သေးဘူး)
၅သိန်း ဝန်းကျင် ပေးရတယ်ဆို ... သူသွင်းထားမယ့်
OS/ software ဖိုးဟာလည်း ၅သိန်း ထက် မနည်းပါဘူး
ဒါကို ပေးစရာ မလိုပဲ (ထက်ဝက်ဈေးနဲ့ ) သုံးနိုင်နေတာပါ..
ဒါကို သိထားတဲ့ အိမ်နီးနားချင်း တိုင်းပြည်တွေဟာ
လက်ပကျွတ်တွေကို OS အလွတ်တွေနဲ့ ထုတ်ပြီး
ကျနော်တို့ဆီ ကိုသွင်းပါတယ်...
ရန်ကုန်ရောက်မှ dealer ရဲ့ service center တွေမှာ
နောက်ဆုံးပေါ် OS (pirate ကိုသွင်းယူပါတယ်)
ပြီးတော့ မှ ဆိုင်ပေါ်တင် ရောင်းပါတယ်..(အားလုံးတော့မဟုတ်ပါ
အချို့လည်း license OS နဲ့ရောင်းပါသည်)
ဆိုတော့ OSမပါတဲ့ကောင်တွေက အနည်းဆုံး ၁သိန်းလောက် ဈေးချိုပါသည်
(localမှာကတော့ OS အမှန်သုံးတောင် software ကျရင် ခိုးကူးပဲသုံးကြတာများပါသည်)
သည်တော့ စလုံးနဲ့ အရှေ့ကျွန်းထက်စာရင် ကျနော်တို့တိုင်းပြည်သည်
လက်ပကျွတ် ဈေးအသက်သာဆုံးဖြစ်ပါသည်..(ကွာလတီတော့ မသိပါ)

၂။ နိုင်ငံတကာကို ရင်ဘောင်တန်းနိုင်တယ်..
Microsoft ကနေ windows 7 ultimate ထွက်တုန်းက
၁ပါတ်အတွင်း ...ယပက်လက်က ဒါမှမဟုတ် ကိုတရုတ်ကြီးဆီက
တဆင့် pirate အခွေတွေ ရန်ကုန်ကိုရောက်လာပါတယ်...
ကျနော်တို့ DVD တချပ်ဖိုး ရှိရင် ကမာ္ဘ့နောက်ဆုံးပေါ် နည်းပညာကို
စမ်းသပ် ထိတွေ့လို့ရပါတယ် ... ဒါ သင်ယူနေတဲ့ ကျောင်းသားတွေ
လေ့လာသူတွေ အတွက် အလွန်ကောင်းတဲ့ အခွင့်အလမ်း ဖြစ်ပါတယ်
ဘယ်မှာ မှ မရနိုင်ဘူးလို့ ထင်ပါတယ်..
ဈေးသိပ်ကြီးတဲ့ Adobe Suit တွေ Video 2D, 3D Software
တွေလည်း ထိုနည်းလည်းကောင်းဖြစ်ပါတယ်...၂၀၀၆လောက်မှာ
စလုံးသွားတဲ့ ကျနော့်သူငယ်ချင်းAutoCAD ဆြာသမားတယောက်ဟာ
AutoCAD 2005 ကို ရန်ကုန်မှာ Pirate နဲ့ပဲ ကျင့်သွားတာပါ ...

ဟိုမှာ အလုပ်ဝင်တော့ 2002/ 2003 လားပဲသုံးနိုင်ပါသေးတယ်..
(လိုင်စင် ဗားရှင်း) ... သူ့ကို အဲ့သည့်အလုပ်မှာnew tech ကို သိနားလည်သူ
စမ်းသပ် မြည်းစမ်းကြည့်ဖူးသူ ..အရင်နဲ့ အခု version ကြားက
ကောင်းတာ ညံ့တာ ဝေဖန်ပိုင်းခြားပေးနိုင်သူ
အဖြစ် နေရာပေးကြပါတယ် ...
ကျနော်ပြောချင်တာ ခိုးသုံးတာကို အားပေးတာမဟုတ်ပါ ...
သုံးခွင့်ရနေစဉ် အကျိုးရှိအောင် လုပ်တတ်ဖို့ ဖြစ်ပါတယ်..


hyperမြန်နှုန်းနိမ့် connection, hyper-poor infra structure နဲ့
သည်တခုလေးပဲ ကျနော်တို့ အားသာချက်ရှိတာပါ ...
ဖမ်းဆုပ်စေချင်ပါတယ် ...
တဆက်တည်း အမြင်မတော်တာ ပြောရရင် ...သာမန် အိမ်သုံး
user ကလည်း windows 7 professional တောင်မကတဲ့
windows 7 ultimate ကြီးနဲ့ ...တကယ်ဆို home premium
လောက်ပဲ သုံးသင့်တာပါ .. မလိုတဲ့ service တွေ လျောက် run
နေပြီး စက်ကြီးလေးတာသာ အဖတ်တင်တာပါ ...net framework
တွေဘာတွေလည်း သူသုံးတာမဟုတ်ပဲနဲ့ ....
ဆိုင်က သွင်းပေးလိုက်တဲ့ software တွေက တပုံတပင် ....
တကယ်သုံးတာက chattingနဲ့ Microsoft Word, Excelလောက်..
အလကား ရနေတော့ တန်ဖိုးမထားတတ်တာ များပြောပါတယ်..
ဒါတွေဝယ်သုံးရမယ်ဆို ဘာမှတောင် သွင်းမှာမဟုတ်ဘူး..
open office ပဲ ဒေါင်းလုပ်ချသွင်းမယ့် လူစားတွေ များပါလိမ့်မယ်..


computer သင်တန်းတွေပဲ ကြည့်ဦးမလား ...office သင်တာကအစ
MS Office 2010 နဲ့ ...သင်ကြားရေး နည်းစနစ်တွေ
သင်ထောက်ကူ အသုံးပြုမှုတွေသာ update မဖြစ်ရင်နေမယ်
သုံးတဲ့ version ကတော့ ကမာ္ဘနဲ့ အပြိုင် update ပါခင်ဗျား..
သည် software ကို အသုံးချတတ်အောင် သင်မှာလား
သည် software ရဲ့ နောက်ဆုံးပေါ်version ရဲ့ user preference
ကိုအသားကျအောင် သင်မှာလား .. ကျနော် မတွေးတတ်တော့...

ကျနော်သိသလောက် သင်တန်းတွေလည်း ဝယ်သုံးကြတာမဟုတ်ပါ
ခင်ဗျား ...လက်တလော အလကား ရတာတွေကို တန်ဖိုးထားတတ်စေချင်ပါသည်
ဆြာကြီး လေသံ လုပ်ပြောနေခြင်း မဟုတ်ပါ ...junior ထဲက ညီ ညီမတွေ

အဲ့လို Office သင်တန်းမျိုးကို version ပြောင်းတိုင်း တခါစီ update
လုပ်ကြတာတွေ ..Office သင်တန်းဆင်းလက်မှတ်ကိုပဲ
version အလိုက် 2003, 2007, 2010 ၃ခုစီ ကိုင်ထားတဲ့လူတွေတွေ့ရတော့
မှန်တာပြောရရင် စိတ်ပျက်ပါသည်ခင်ဗျား..

ဟုတ်ပါပြီဗျာ ဆက်ဆွဲရအောင်...
၃။ ကဲ ရှေ့လျောက် ဘာဆက်ဖြစ်မလဲ ..

ဒါတွေ ပြောရတဲ့ အချုပ်က ခုမှ လာမှာပါ ...
အထက်မှာ ဆိုခဲ့တဲ့အတိုင်း copyright က ၂၀၁၃ လား ၂၀၁၄လားပဲ
အဲ့ဒါ မလာသေးနဲ့ ထားလိုက်ဦး ..pirate ဆက်သုံးလို့ရတယ်ပဲ..
ခေတ်က တဆစ်ချိုးပါပြီ ခင်ဗျား ...SaaS ကြားဖူးမယ် ထင်ပါတယ်..
ဟုတ်ကဲ့ software as a service ပါ ...နောက်ထပ် ကွန်ပျူတာ တော်လှန်ရေး
လာပါပြီ ...(32 bit ကနေ 64bit အပြောင်းအလဲဟာ တော်လှန်ရေးမဟုတ်သေးပါ)

ရှင်းအောင်ပြောရရင် software တွေကို အရင်လို အခွေတွေထုတ်ပြီး
မရောင်းတော့မယ့် စနစ်ကို သွားနေတာပါ ... service ခေတ်ကြီးရောက်ပါတော့မယ်
ငှားသုံးမယ့် စံနစ်ပါ...ဘာမဆို ငှားသုံးပါမယ် pay per useပါ...
ဆိုပါတော့ Excel ကို ၁နာရီ ဘယ်လောက်ဆိုပြီး browser ပေါ်ကနေ ငှားသုံးမှာပါ
Visa card, master card, Paypal ဘာမှ မရှိသေးတဲ့ ရွှေပြည်ကြီးအတွက် ရင်လေးပါသည်


လွယ်လွယ်ရ လွယ်လွယ်သုံးနေတဲ့ user တွေအတွက်လည်း ရင်လေးပါသည်။
connection speed အတွက်လည်း ရင်လေးပါသည်...
သည်စနစ်ဟာ ဘာပိုကောင်းသလဲဆို ..ဘယ်သူမှ အပိုင် ဝယ်ယူစရာမလိုတဲ့အတွက်
ကုန်ကျစရိတ်သက်သာတယ် လို့ဆိုနိုင်ပါတယ်...သုံးသလောက်ပဲပေးရမှာ မို့လို့ပါ
ရောင်းတဲ့လူအတွက်ကလည်း end-user ဆီတိုက်ရိုက်ရောက်တာမို့ တွက်ခြေကိုက်ပါတယ်
CD, DVD တွေလို pirate လုပ်လို့ မရလို့ ဆုံးရှုံးမှုတွေ မဖြစ်တော့ပါ။

ဒါဟာ အသစ်တော့မဟုတ်ပါဘူး။ သဂျီးတို့ ဆီမှာ လုပ်နေတာကြာပြီဖြစ်ပါတယ်..
ဥပမာပြောရရင် Xerox ကိုပြရမှာ ဖြစ်ပါတယ် ... 

Xeroxဟာ US က ကျောင်းတွေ ရုံးတွေ ကို printer ရောင်းမစားတော့ပါ
ငှားစားပါတယ်...၂နှစ်တန်သည် ၃နှစ်တန်သည် စာချုပ်နဲ့ ငှားပါတယ်..
ပျက်ရင်ပြင်တာ မှင်ထည့်တာ တာဝန်ယူပေးပါတယ်။ စာချုပ်ပြည့်တဲ့အခါ
စာချုပ်သစ်ထပ်ချုပ်တဲ့အခါ မော်ဒယ် အသစ်နဲ့ လဲလှယ်ပေးပါတယ်..
ကျောင်း ရုံးဘက်က လည်း အရင်လို printer ဝယ်ယူရတဲ့စရိတ်..
ကိုယ့်ဘာသာ မှင်ထည့် ပျက် ပြင်ဆိုင်ပို့ မော်ဒယ်အောက်သွားလို့
မှင်ဘူးတွေ ရှားလာတဲ့အခါ အသစ်ဝယ် လဲ သည်ဒုက္ခတွေ ကင်းသွားပါတယ်.
network ချိတ်ဆက်ထားတဲ့ all-in-one printers တွေကို
server တွေကတဆင့် Xerox service center က မှင်ကုန်ခါနီး တာနဲ့
တန်းသိပြီး နောက်နေ့မနက်မှာ ရုံးတံခါးကို မှင်ဘူးပိုက်ပြီး လာခေါက်ပါလိမ့်မယ်
အလွန် အဆင်ပြေတဲ့ စနစ်ပါ



SaaS တခုတည်းလား ဆိုတော့ သည်ထက်ပို နက်နက်ရှိုင်းရှိုင်း ပြောရရင်
PaaS ဆိုတာ ရှိပါတယ် platform as a service ပါ.. အဲ့သည့်ထက်ပို
နက်ရှိုင်းတာကတော့ IaaS infrastructure as a service ပါ..
(သည်အကြောင်း ကျနော့်ဆြာ ဆြာ ဂီဂီနဲ့ တိုင်ပင်ပြီး ရေးပါဦးမည်)


အနာဂါတ် ပီစီတလုံးဟာ ကြည့်စရာ(monitor) နဲ့ နှိပ်စရာ(keyboard, mouse)
လောက်ပဲ လိုတော့မှာပါ..

သူ့အလုပ်လုပ်ပုံက သည်လိုပါ...
ပီစီစဖွင့်ပါတယ် browser ကျလာပါမယ်..
(windows loading မလာပါ)
အဲ့သည့်မှာ net ကတဆင့် ကိုယ်သုံးလိုတဲ့ Hardware spect, OS version,
software စတာတွေကို ရွေးချယ်ပြီး pay per hour/ day/ month
အစရှိသဖြင့် ရွေးသုံးရမှာပါ remote access ပုံစံမျိုးပါ..
storage အတွက်လည်း netပေါ်မှာ ကိုယ်ဝယ်ယူထားတဲ့ spaceပေါ်မှာပဲ
သိမ်းနိုင်မှာ ဖြစ်ပါတယ် ...
သည်အတွက် service provider ကြီးတွေဟာ serverကြီးတွေ
ထောင်ပြီး အဲ့သည့်က resourceတွေကို user တယောက်ချင်းစီအလိုက်
customize လုပ်ပြီး ငှားသုံးစေတာဖြစ်ပါတယ်..
ရုံးတွေ အလုပ်တွေမှာ server ခန်းသီးသန့်ထားပြီး server
ဝယ်ယူတပ်ဆင်ပြုပြင် ထိန်းသိမ်း စတာတွေ ဘာမှ ဒုက္ခခံစရာမလိုတော့ပါ


သည်လို စနစ် ကို ခြုံငုံပြီး Cloud Computing လို့ ဆိုနိုင်ပါတယ်..
အရင်လို ဘယ်သွားသွား လက်ပကျွတ်တွေဖလက်ရှ် ဒရိုက်ဗ်တွေ
ဆောင်သွားစရာမလိုတော့ပါ..ကွန်ပျူတာဆိုတာ ရထားဘူတာရုံက
အိမ်သာ သာသာလောက်ရှိတော့မယ့် အနေအထားပါ
တွေ့တဲ့ နေရာက စက်ကို ကိုယ့် စက်အနေနဲ့ စိတ်ကြိုက် customize
လုပ်သုံးနိုင်ပါလိမ့်မယ်.. ခုဆို securityအပိုင်းအရလည်း အတော်လေး
တိုးတက်ကောင်းမွန်နေပြီ ဖြစ်လို့ သည်ခေတ်ရောက်ဖို့ မဝေးတော့ဘူး
ဆိုချင်ပါတယ်..

developer တွေ ဘက်ကပြောရရင်လည်း အရင်လို
.net ရေးမယ်ဟေ့ ဆိုရင် visual studio သွင်း တခြားဟာပြောင်း ပြန်ဖြုတ်
Java ဟေ့ ဆိုရင် Struts သွင်း တခြားဟာရေး ပြန်ဖြုတ် မလိုတော့ပါဘူး
Gamer တွေ power user တွေ အနေနဲ့လည်း PC Upgrade လုပ်ရတဲ့
ဒုက္ခ ကင်းဝေးသွားမှာ ဖြစ်ပါတယ်
တခုပဲ ရှိပါတယ် ..အဲ့ဒါကတော့ သိတော်မူကြတဲ့အတိုင်း
Connection ကောင်းဖို့ပဲ လိုကြောင်းပါ. အဲ့သည့်ခေတ်ရောက်ရင်ဖြင့်
သည် Connection နဲ့ ဘာမှ လုပ်စားလို့ မရတော့မှာမို့ပါ ..
ကျနော် ဇူလိုင်လတုန်းက ရန်ကုန်တခေါက်ပြန်ပါတယ်..
နာမည်ကျော်Cloud Service တခု စမ်းဖြစ်ပါတယ် ..
တနေ့ သုံး ဗမာ ကျပ်ငွေ ၁၀၀ဝ သာကျမယ့် စနစ်ပါ
Storage က 1GB နဲ့ Windows Server 2008 ဖြစ်ပါတယ်..
သည်ပေါ် run မယ့်  applicationကတော့ pay per useဖြစ်ပါတယ်..
သူ့ data center တွေက US, Japan, Europe(ပြင်သစ်ထင်ပါသည်)
နှင့် စလုံးမှာ ရှိကြောင်းပါ။
ဝမ်းနည်းစရာကောင်းတာက အဲ့သည့် service ကို ရွှေပြည်ကြီးကနေ
access လုပ်လို့ မရကြောင်းပါ ..service unavailableပါ
အဲ့ဒါနဲ့ မွှေနှောက်ဖတ်ကြည့်တော့ service support လုပ်တဲ့တိုင်းပြည်စာရင်း
အခု၂၀ဝလောက်မှာ ကျနော်တို့ မပါပါ။


တလောလေးက ဗမာပြည်ကနေ Google account အသစ်ဖွင့်မရဘူး
ဆိုတဲ့ အသံတွေညံဖူးပါတယ် ...voice service မရတာလည်းကြားဖူးပါတယ်
သည်သဘောပဲဖြစ်ပါတယ်..
ဆန်ရှင်လား ဘာလားတော့ ကျနော် ဉာဏ်မမီလို့ မသိပါ
Microsoft က Windows Azure ဆိုတဲ့ Web ပေါ်မှာ အလုပ်လုပ်တဲ့
Cloud OS ကို စနေပါပြီ Google ကလည်း web application တွေ
တပုံတပင်နဲ့ပါ Apple ကလည်း မခံ iCloud ကို စတင်ထားပါတယ်..
 
web ပေါ်မှာပဲ အလုပ်လုပ်ကြတော့မယ့်

သည်ခေတ်ရောက်ရင်ဖြင့် ဗမာ user တွေ ဗမာ developerတွေ
ပါဝင်ခွင့် မရတော့မှာကို  စိုးထိတ်ရင်း...
လက်တလော localမှာ ပိုက်ပိုက်မကုန်ပဲ  သုံးလို့ရတာလေးတွေကို
masterized လုပ်စေလိုကြောင်း ဆန္ဒပြုရင်း..

33 comments

  • windtalker

    November 28, 2011 at 7:37 pm

    အိပ်ချင်မူးတူးနဲ ့အွန်လိုင်းတက်လာ ပြီး ၊ ဂေဇက် ပထမ စာမျက်နှာ ခေါ် တော့
    ဦးဖိုးကျား ရေးတဲ့ ကော်ပီ ရိုက်ဆိုလို ့ဝင်ဖတ်ကြည့်တယ် ။
    ဦးဖိုးကျား ဆိုတာ ကျုပ် အင်မတန်ကြိုက်တဲ့ ဆရာပါ ။
    ကွန်ပျူတာ ဆင်တဲ့အကြောင်းကို အစပျိုးလို ့ရေးလာတာ ၊ ကျုပ် နဲ ့ဝေးတဲ့ အကြောင်းတွေ ချည်းဘဲ ။ ဒါပေမယ့် ဗဟုသုတ အများကြီး ရတယ် ဗျာ ။
    ဖတ်ရင်းနဲ ့ဆုံးတော့ စာရေးသူ နာမည် ကို ကြည့်တော့ ဦးဖိုးကျား မဟုတ်ဘူး ဗျ
    ဦးဖွတ်ကျား တဲ့ ..
    ဒါနဲ ့အသစ်များလား ပေါ့…
    ဘယ်ဟုတ်မလဲ ၊ သူ ့နာမည် အောက် ကို ကြည့်တော့ “ has written 55 post in this blog. ” တဲ့
    ဒါနဲ ့သူ ့အရင် ပို ့စ်တွေ ကို ကလစ်လိုက်တော့မှ
    အားလာလား
    ဇာဒူးကြီး…..ဇာဒူးကြီး

    • ဦးဖွတ်ကျား

      November 28, 2011 at 7:56 pm

      ဟုတ်ရယ်လေ. ..
      တူဂလေးဂ …တားတားကို တင်းပီး
      တားတားပိုစ့်လေးဒွေကိုပဲ ကွက်ချန်ပီး မန့်မန့်တွားလို့…
      တားတားလည်း ပလိုဖိုင်ချိန်းရဒါဘာလို့..

  • nozomi

    November 28, 2011 at 8:12 pm

    ကောင်းလိုက်တဲ့ ဖွတ်ကြား ၊ အင်ကြီးတုန်းကလဲ ကောင်း ဖွတ်ကြား ကျတော့လဲ ကောင်းပဲ

    ကျွန်တော်လဲ ဟိုတစ်လောက ခံလိုက်ရသေးတယ် အဘိဓါန် တစ်ခု တင်ထားတာ အမှောင်ထဲမှာတော့ ပြသနာ မရှိဘူး အလင်းထဲ ရောက်မှ ဒုက္ခပေးတော့တယ်

    ရေးတိုင်းကောင်း ဆရာလေး ရေး ဗဟုသုတ ရလို့ ဒါမျိုးလေးတွေ များများရေးပေးပါ ဗျာ

  • thit min

    November 28, 2011 at 8:22 pm

    ညီရေ
    အဲဒီ Cloud Computing System ကို၊ ကိုယ့်ရဲ့မြင်ဆရာ”အိခဲဂမိ 池上(ဂျော်နယ်လစ်)” တီဗီမှာပြောခဲ့တာ
    လွန်ခဲ့တဲ့ ၂နှစ်မရှိတရှိကကွ။
    ဟာ ….အဲဒါကြီးလာတော့မယ် လို့ထင်နေတာ။
    သုံးသလောက်ပေးရရင် ကိုယ်ကျတော့ မကိုက်ဘူးညီရ။
    Excel..
    ဘာလို့လဲဆိုတော့ (Calculation)ကယ်ကူလေးရှင်းတခုဆိုရင်စမ်းပြီး ရှောက်တွက်နေတတ်တာလေ။
    PCA Run ရမ်းတာတွေ၊Regression Run-ရီဂရက်ရှင်းရမ်းတာတွေကို Excel, SPSS အက်စ်ပီအက်စ်အက်စ်
    တခုခု နဲ့ အလကားနေရင်း Run နေတတ်တဲ့လူဆိုတော့လေ။
    Word…
    ပြီးတော့ ပေပါ တစောင်ရေးရင် Word ပြင်ရတဲ့အကြိမ်ပေါင်းကလည်း ရာဂဏန်းနီးပါးရှိမယ်ထင်ပ.။
    စိတ်တိုင်းကမကျနိုင်လို့။
    Powerpoint…
    ပါဝါပွိုင့်နဲ့လုပ်စားနေတာဆိုတော့ အဲဒါလေးကလဲ စာအုပ်တအုပ်ကို ဖတ်တိုင်း
    Flowchart-ဖလိုးချာတ်လေးဆွဲတာကလည်း ဝါသနာ။

    ကိုယ်လို မျိုးဘဲပေါ့၊အလားတူစာရေးလိုက်၊တွက်လိုက်၊ပြန်ဖျက်လိုက် ရေးလိုက်၊တွက်လိုက်လုပ်နေတဲ့သ ူ တွေနဲ့ဆို
    လွယ်ဘူးကွနော်။

    Data-ဒေတာတွေကလည်း Time Series-တိုင်းမ်စီးရီးဒေတာတွေ သုံးတဲ့လူကွ။
    အနှစ် ၆ဝ နဲ့အထက်ကို နိုင်ငံအလိုက်တွေတွက်တာဆိုရင် အာဆီယမ်လောက်ဆိုရင်တောင်
    တခါရမ်းရင် ပေ့ချ် က ရာဂဏန်းကွ ။
    အောကမ်းထရီး ဥပမာကွာ ၁၅၂ နိုင်ငံတွေဘာတွေ ရမ်းရင် ထောင်ချီသွားတယ်။ဟား ဟားဟား။
    ဆိုတော့…ပရင့်ကတော့ ကျောင်းမှာထုတ်ပေါ့ကွာ။အဆင်ပြေပါတယ်။
    ကျောင်းမှာတွက်လည်းရပါတယ်။
    ဒါပေမဲ့ စိတ်ထဲပေါ်လာရင် “ထ” ရမ်း ကြည့်တတ်တော့ အိမ်မှာတွက်တာကပိုများတယ်။
    သဘောတရားအရ။
    အိမ်မှာတွက်ချင်ရင်တော့ ခက်မယ်ပေါ့ကွာ။အဲဒီလို။
    ကြောက်တယ်။ Cloud- ကလောက်ရယ်လို့။

    ရှင်းပြအုန်းဘယ်လိုရှိမလဲ.???

    • ဦးဖွတ်ကျား

      November 28, 2011 at 8:56 pm

      ဟုတ်ပါတယ် အစ်ကိုရေ

      သူရို့ဆီမှာ CLOUD က ကီးမြင့်နေတာ
      ၂နှစ်လောက်ရှိပြီ …အစ်ကို သိတဲ့အတိုင်း ..
      အန်ကယ်ဆမ်ရော ဂျာပွန်ပါ စီးပွားမကောင်းတော့
      လက်ရှိစစ်စတမ်တွေကို မှိန်းလိုက်နေကြတာဗျ…

      psychology နဲ့ နည်းနည်း ဆက်စပ်ကြည့်ရရင် …
      ကျနော်တို့လူ ဆိုတဲ့ သတ္တဝါက ..ပိုကောင်းတယ်
      ပြောင်းကြပါဆို ..သိပ် မပြောင်းချင်ကြဝူးရယ်….
      အီနားရှားလို့ပြောမလား change manangement ပဲ
      လိုအပ်သလားတော့ မသိဝူးဗျ. …သည်တော့ မပြောင်းရင်လည်း
      ပြဿနာ မကြုံသေးဘူး ဆိုတဲ့ အများစုသော firm တွေက
      မပြောင်းဘူးဗျ. …သူတို့လည်း သူတို့အတွေးနဲ့ မှန်ပါတယ်လေ..
      ကိုယ့်ရုံးတွင်းမှာပဲထားလိုတဲ့ data ဆိုတာမျိုးရှိမယ်… HR, finance
      တို့ပေါ့ဗျာ ..အပြင်က cloud servie ကိုယုံကြည်စွာသုံးနိုင်မယ့်
      portions တွေလည်းရှိတယ်ပေါ့ …

      သည်မှာတင် Cloud က ၂ခြမ်းကွဲသွားပြီ ..
      public cloud နဲ ့ public cloud ဆိုပြီး….
      တချို့ အပြင်ထုတ်မယ် တချို့လည်း ကိုယ်ပိုင် cloud ဆောက်မယ်ေ့ပါ့
      (ကိုယ်ပိုင် cloud ရဲ့ အထာက သာမန်ရုံးတွင်း server ထောင်တာထက်
      သာတာတွေ အများကြီး ရှိသေးတယ်ဗျ…သည်အကြောင်းကတော့
      သီးခြား တူးဆွမှ ဖြစ်မှာ ဆိုတော့ ချန်ခဲ့မယ်ဗျာ….)

      အကျိုးသက်ရောက်မှုကိုပြောရရင် ဟုတ်ကဲ့ ထိပ်ဆုံး developer
      side မှာ အရမ်းပြောင်းလဲပါတယ် …ဥပမာ visual studio 2003
      နဲ့လက်ခံထားတဲ့ project အတွက် အဲ့သည့် system requirement
      နဲ့ပြည့်မီတဲ့ စက်တွေ စီစဉ်ရပါတယ်..
      (ကျနော် သည်ပိုစ့်မှာရေးခဲ့သလို ပြည်တွင်းမှာက software ပိုင်းက
      pirate ဖြစ်နေတာမို့… hardware ကို အမြင့်ဆုံး တွေ ဝယ်သုံးနေ
      နိုင်တော့ သည် ပြဿနာ မရှိသယောင်ထင်ရပါတယ်…တကယ်က
      နိုင်ငံတကာမှာ ရိုးရိုး 478 P4 CPU သုံးပြီး developလုပ်နေတဲ့
      လူတွေချည်းပါပဲ … ပြန်ကောက်ရရင် ..သည်လို projectလက်ခံထား
      ရင် သူနဲ့လိုက်လျောညီထွေဖြစ်မယ့် spec: update လုပ်ရပါတယ်..
      သည်နေ့ခေတ် IDE တွေအထိပါ…)

      cloud ဖြစ်သွားရင် ဒါတွေ ကင်းသွားပါတယ်..(Gamer တွေ
      အနေနဲ့လည်း ကျနော် ဥပမာပေးခဲ့သလို)
      project ဆိုတဲ့စကားအရ …စမယ်-ဆုံးမယ် အချိန်ကာလတခုရှိတယ်
      သူ့ size ပေါ်မူတည်ပြီး ၁ဝယောက်လား အယောက်၅ဝလား ၃လ
      လား ၆လလား ကွာပေမယ့် ……Cloud သာဖွံ့ဖြိုးလာရင်
      developing cost ကျပါတယ်ခင်ဗျား ….နောက်သုံးမလား မသုံးမလား
      မသေချာပေမယ့် သည် project ခေါင်းစဉ်နဲ့ ပီစီ update လုပ်ရတာ
      သက်သာသွားလို့ပါ…gaming လည်း သည်သဘောဆောင်ပါတယ်..

      နောက်ဆုံးအချက်ပြောချင်တာက ….ကျနော်က MS Office ကို
      ဥပမာပေးလိုက်တာပါ ….. ကျနော်တို့သုံးပုံမျိုးနဲ့ဆို မထူးပါဘူးလို့
      အစ်ကိုပြောချင်တာတွေ့ရပါတယ်. …ဟုတ်တယ်အစ်ကိုရေ့
      Benri ဖြစ်လွန်းတော့လည်း ကျနော်တို့ အကျင့်ပျက်ကုန်ကြရော..
      ကျနော်တို့ … draft ရေးတတ်တဲ့အကျင့်တွေ ..စီနီယာ
      designer တွေလို ပုံကြမ်း ကောက်ခြစ်ပြီးမှ ကွန်ပြူတာကိုင်တဲ့
      အလေ့အထတွေ ပျောက်ဆုံးကုန်ပါ့လားဗျာ…human-skills တွေ
      လျော့နည်းလာခဲ့ကြရတယ်ဗျ…ကျနော်တို့က know-how တွေနဲ့
      ဆက်သွားနေတာကိုး …

      သည်တော့ ..pay-per-use ဖြစ်လာမယ်ဆိုရင် ကျနော်တို့လည်း
      ပိုပြီး အကျင့် ကောင်းလာနိုင်ကြောင်းပါ..အရင်လို tools
      တွေဘဲ အားကိုးနေမှာထက်စာရင်…
      နောက်တခုက ကျနော် ပြောဖို့ကျန်သွားတာ ဥပမာ Adobe
      CS5 full versionဆို …တနေ့ကတွေ့တာ Mac OSမှာ
      ယန်း ၉သောင်းကျော်တယ်..ဗမာငွေ ၈သိန်းကျော်ဆိုပါတော့
      အလုပ်အရပြောပါတယ်… ကျနော့်လို ၃-၄လ တခါမှ သုံးဖြစ်မယ်
      သုံးရင်လည်း features အစုံခိုင်းတာမဟုတ်ဝူး
      သို့သော် မဝယ်မဖြစ်လို့ အလုပ်မှာ ဝယ်ထားရတယ်…
      မတန်ဘူးပေါ့ဗျာ ..မဝယ်ဘဲ ခိုးသုံးလို့လည်း ရမှမရတဲ့အခြေအနေကိုး..
      သည်အနေအထားမှာ pay-per-use က အတော်လေး ခရီးရောက်တာကိုး..
      B-2-B ကနေ စchange ပြီးမကြာခင် B-2-C ဖြစ်လာဖို့မြင်ကြောင်းပါ…

      ဟုတ်တယ်လေ…ကျနော်တို့ကလည်း giants တွေဆီက ဝယ်ပြီး
      အရှုံးခံ ပေးသုံးနေမှာမှ မဟုတ်ဘဲလေ..
      ကျနော်တို့ဆိုရင်လည်း …သူတို့ဖောက်တဲ့လမ်းအတိုင်းလိုက်ပြီး
      userကို ဒါတွေရှင်းပြပြီး ရောင်းဖို့ရယ်ကလွဲရင် မရှိဘူးပဲကိုး..

      ရှည်တွားဘီ..
      တော်သေးဘီ..

  • weiwei

    November 28, 2011 at 8:46 pm

    အိပ်ချိန်ကလွဲပြီး ကွန်ပျူတာသုံးရတာဆိုတော့ ပိုက်ပိုက်နဲ့သာ ရှင်းရရင် သေပြီပဲ ….
    ဆော့ဝဲလ်တွေအကုန်လုံးလဲ ခိုးထားတာဆိုတော့ … အလျှော်များလာတောင်းရင် ဒီတစ်သက်တောင် ကျေအောင်ဆပ်နိုင်မယ်မထင် …. 😛

    • ဦးဖွတ်ကျား

      November 28, 2011 at 9:07 pm

      မဟုတ်ဝူး အန်တီဝေရ …

      လက်ရှိစနစ်ကသာ ပို ကုန်ကျနေတာ…
      ခုချိန် ..လက်ပကျွတ် ဒက်စတွတ် ဝယ်သုံးရတယ်မလား…
      နေ့ ၈နာရီဘဲသုံးသုံး ၁၆နာရီပဲသုံးသုံး …သူက ၈သိန်းဆို ၈သိန်း
      ၁ဝသိန်းဆို၁ဝသိန်း ပုတ်ပြတ်ပေးရတာလေ…
      သည်မော်ဒယ်ကိုပဲ
      အန်တီက တနေ့ ၈နာရီလေးဘဲသုံးတာပါ…
      ကပေါက်ဖော်က တနေ့ ၁၆နာရီတောင် သုံးတာပါ ဆိုပြီး
      စောဒကတက်ခွင့်မရှိဝူး…

      ဆိုပါတော့ ၃နှစ်ကြာပြီးနောက်…
      အန်တီဝေ့ အနေနဲ့ …နည်းပညာအသစ်တွေကြားမှာ အန်တီ့ပီစီက ပိန်းတယ် အသစ်လိုမယ်လို့ခံစားရမယ်
      ဆြာပေါက် အနေနဲ့လည်း …နောက်ဆုံးပေါ်ဂိမ်းတွေ မကစားရလို့ …ပီစီ အသစ်ဝယ်ချင်တယ် …

      ကဲ ၂ယောက်လုံး အသစ်ဝယ်ဖြစ်တယ်ထားပါတော့ …ကပေါက်ဖော်က အန်တီ့ထက် ၄ပုံ၁ပုံလောက် ပိုသုံးရလို့
      ပိုမြတ်တယ်ဆိုနိုင်ဦးမယ် …
      သည် ပီစီ၂လုံးလုံး မပျက်သေးတဲ့အတွက် အဟောင်းဆိုင်ပြန်ရောင်းခဲ့ကြတယ်ဆိုရင်တောင်
      သူတို့နဲ့ သက်ဆိုင်တဲ့ ဈေးကွက်မှာ အသုံးတော်ခံဦးမှာပါ……

      Cloud ခေတ်မှာ ဒါတွေမရှိတော့ပါ …ကြိုက်သလောက်သုံး ကြိုက်သမျှသုံး…
      အိုခေ ..သုံးသလောက်ရှင်း…
      အန်တီဝေဝေက office လောက်ပဲသုံးလို့ တနာရီ ၁၅ကျပ်တန် service ကိုသုံးတယ်ထား
      နောက်ဆုံးပေါ် ဂိမ်းကစားတဲ့ ကပေါက်ဖော်က တနာရီ ၅ဝတန် service ကိုယူတယ်ဆိုပါတော့…
      အဲ့လိုတွေနည်းနည်းစီ ကွာသွားတာကနေ …ရောင်းတဲ့ service ပေးတဲ့ဘက်လည်း
      အပြည့်အဝ အကျိုးအမြတ်ရ ..
      သုံးတဲ့လူတွေလည်းဘဲ hotel bookingလုပ်သလို ၂ယောက်စာ ၄ယောက်စာ အယောက် ၅ဝစာ
      စိတ်ကြိုက် customize လုပ်နိုင်တဲ့အတွက် အလွန် ထိရောက်တဲ့ MODEL ပါခင်ဗျား..

      ဟုတ်ကဲ့ ..ကျနော်တို့ အဲ့သည့်ခေတ်ကို သွားနေတာပါ…..

      • Shanma TUmdy

        November 28, 2011 at 9:33 pm

        ကောင်းပါပေ့.. မြန်မြန်ရောက်ချင်လာပြီ.. ရောက်ချင်တယ်ပဲထား ..
        နိုင်ငံတကာက ဘယ်တော့လဲ.. နိုင်ငံတကာစပြီပဲထား ..
        မြန်မာနိုင်ငံဘယ်တော့လဲ.. မြန်မာနိုင်ငံရောက်ပြီပဲထား . .
        အရင်ဆုံး နေပြည်တော် ရန်ကုန် မန္တလေး .. နယ်တွေက ဘယ်တော့ဘယ်တော့လဲ. .
        နယ်တွေရောက်ပြီပဲထား .. connection တွေဘာတွေကဘယ့်နှယ့်လဲ..
        ထားထားထား … ဟူး.. မောလှပါဘိ.. 😛 😛

      • weiwei

        November 29, 2011 at 10:01 am

        ဘယ်လိုပဲပြောပြော အဲဒီခေတ်ကို မရောက်ချင်သေးဘူး … အခုလက်ရှိ အလုပ်အတွက်သုံးနေတာတွေက ဒေါ်လာသောင်းချီတန်တာတွေကို ခိုးသုံးနေတာလေ .. 😛
        အလကားသုံးရတာ အကျင့်ပါနေပြီမို့ …..

        ီဦးဖွတ်ကျားကြီးက ရောင်းသူဘက်ကနေ ပြောနေတာမို့ ကန့်ကွက်ပါတယ် .. 😛

        • ဦးဖွတ်ကျား

          November 29, 2011 at 10:57 am

          အဲ့ခေတ် မရောက်ချင်လည်း များမကြာမီရောက်သွားနိုင်ပါတယ်ကွယ်
          သူတို့ဆီက စပြောင်းပါဘီတဲ့ …ကိုယ်ကလိုက်မပြောင်းလို့မှ မရတာ…
          ဦးဖွတ်ကျားက ရောင်းသူဘက်ကပြောတာ မဟုတ်ပါဝူး
          သုံးရသခိုက်လေး တန်ဖိုးထား သုံးတတ်စေချင်တာပါ..
          ဝံဂျီး စေတနာဒွေဘာ…..

  • Shanma TUmdy

    November 28, 2011 at 9:02 pm

    ဖတ်သွားပါတယ်.. ဟိုဒင်း .. 😀
    ((((((ကွန်ပျူတာဆိုတာ ရထားဘူတာရုံက
    အိမ်သာ သာသာလောက်ရှိတော့မယ့် အနေအထားပါ
    တွေ့တဲ့ နေရာက စက်ကို ကိုယ့် စက်အနေနဲ့ စိတ်ကြိုက် customize
    လုပ်သုံးနိုင်ပါလိမ့်မယ်.. ခုဆို securityအပိုင်းအရလည်း အတော်လေး
    တိုးတက်ကောင်းမွန်နေပြီ ဖြစ်လို့ သည်ခေတ်ရောက်ဖို့ မဝေးတော့ဘူး
    ဆိုချင်ပါတယ်..))))))))

    ဒါတကယ်လားဟင်.. အိုင်ပက်တွေတော့ ..ရောင်းအားကျကုန်တော့မယ်ထင်တယ်.ဟီဟိ

    • ဦးဖွတ်ကျား

      November 29, 2011 at 9:19 am

      မန်သ့်လေးက ရှမ်းမလေးရေ …

      နိုင်ငံတကာမှာ စနေပါပြီကွယ် …
      B2B sector မှာပေါ့….B2C က ရှိတော့ရှိပြီ
      နည်းသေးတယ်ပြောရမယ် ….Google Document Applications
      တွေကို မြင်ယောင်ကြည့်လိုက်ပါကွယ်…

      local မှာဘယ်တော့ စမလဲဆို…
      International က B2C တွေ Cloud
      ကြပြီဆို ကိုယ်တွေလည်း လိုက်မလုပ်လို့မရတော့လို့
      အဲ့သည့်ချိန်ဆို မပြောင်းမဖြစ် ပြောင်းကြရပါလိမ့်မယ်..

      iPAD ရောင်းအားနဲ့တော့ တိုက်ရိုက်မသက်ဆိုင်ပါဘူး
      (iPad သေဆုံးခဲ့မယ်ဆိုရင်တောင် အခြားသော factorတွေကြောင့်သာ
      ဖြစ်မှာပါ…)

      • htoosan

        November 29, 2011 at 10:02 am

        မသိတာတွေ သိခွင့်ရလို့ ကျေးဇူးပါ။

  • blackchaw

    November 28, 2011 at 9:28 pm

    အဟမ်း အဟမ်း အဟမ်း (အော် ဒီချောင်းနှယ်)
    အဆင့်မြင့်မြင့် ကွန်းမန့်လေး ပေးမယ် စဉ်းစားတာတောင်
    ဘယ်ရောက်သွားပါလိမ့်။
    အင်း ဖတ်သွားတယ်။ ဒါဗျဲ။ ဗျန်းဗျန်းဗျန်း။

  • ကြောင်လတ်

    November 28, 2011 at 11:30 pm

    ကူးထားတယ်ဗျာ…..
    ပရင့်ထုတ်မယ်ဗျာ………
    နားမလယ်တဲ့ဟာတွေ အလွတ်ကျက်မယ်ဗျာ။

    နာမယ်က……ဖွတ်ကျား
    တတ်တာက…….စွတ် များ
    ရေးတာကျ ………..အလွတ်မထား
    နည်းပညာမှန်သမျှ ……………ဇွတ်ပွား
    အိုဗျာ………………………….ဂီဂီ ဆိုသူဟာ
    ကျနော်တို့အတွက်…………..ဂွတ် ဘရားသား။ ။

  • Shwe Tike Soe

    November 29, 2011 at 12:45 pm

    အဲဒီ copyright လာရင်တော့ ကျွန်တော်တို. Software ရေးတဲ့ သူတွေ ဒုက္ခတော့ရောက်ပြီ ဟိဟိ
    အခုဆို ဘယ်ဟာ အသစ်ထွက်ထွက် ငါးရာ တစ်ထောင်နဲ. ဝယ်သုံး.. ပြီးရင် Software လေးရေး ရောင်းစား.. လိုင်စင်နဲ.ဆိုလို.ကတော့.. အဟင့်

    • ဦးဖွတ်ကျား

      November 29, 2011 at 2:27 pm

      ဒုက္ခရောက်မှာများ ဟီဟိဆိုပဲ

      Open source တွေ ပြောင်းရေးပေါ့ဗျာ
      အဲ့သည့်ခေတ်ကျတော့ “လာထား ဂျာဗား” ပြန်လုပ်ကြတာပေါ့
      (အဲ့ဒါတွေ ကြိုမြင်နေလို့ စောစောစီးစီး သိုင်းလောက က နှုတ်ထွက်ထားတာ…)
      😀

  • Moe Z

    November 29, 2011 at 2:24 pm

    ဟုတ်ကဲ့ …. လေ့လာမှတ်သားသွားပါကြောင်း 🙂
    နာမည်ကို pirate လုပ်ထားတာသိတယ်နော်

    • ဦးဖွတ်ကျား

      November 29, 2011 at 2:28 pm

      အင် …
      နားလည်ဝူးဂျ…
      ဘာကျောရာလဲ ဟင်င်င်င်င်

  • အေမီ

    November 29, 2011 at 4:01 pm

    ထင်တယ်….ထင်တယ်………ဖတ်ကြည့်လိုက်တည်းက ထင်နေတာ၊ ရေးလည်းရေးနိုင်တဲ့ ဟိုလူကြီးထင်တယ်လို့၊ ကွန်မန့်ဖတ်လိုက်တော့ သေချာသွားတာပဲ။ ရေးလည်းရေးတတ်ပါပေ့ရှင်၊ နောက်လည်း ဤသို့ဤနှယ် စာလေးတွေ ရေးပါဦးရှင် ခုလိုရေးတဲ့သူရှိမှ အေမီတို့က သိနိုင်တာပါ………………..

    • ဦးဖွတ်ကျား

      November 29, 2011 at 4:55 pm

      အင် …..
      သည်ရက်ပိုင်း သိပ်ရေးဖစ်တော့မှာ မီဟုတ်လော့ပါ….
      😀

    • ကိုရင်စည်သူ

      November 29, 2011 at 8:12 pm

      ဒင်းကြီး… ဒင်းကြီး..
      အင်ကြီး.. ဂီ့ကြီး…
      တွေ့ပီလား… အဲ့လူကြီးကို
      မယုံနဲ့ဆို…
      သူက အမျိုးမျိုး..
      ခုမုန်လာဥ.. ခု ကြက်မောက်သီး သိပ်တတ်တာ… 🙄 🙄
      ဂီ့ပျောက်လို့ရှာ
      ဖွတ်ကျားနဲ့တွေ့
      သိပြီ.. ကျားကြီးက သိုင်းပြောင်းပြန်တွေ စကျင့်နေပြီ..
      မကြာခင် စိတ်ပြောင်းပီး.. ဒန်တန့်.. တန့်… ခစ်ခစ် 😆 😆 😆

  • E.T

    November 29, 2011 at 4:48 pm

    သိဘူးဗျာ ကွန်ပူတာတို ့ လက်ပကျွတ်တို ့ဆို မန်းဂေဇက်ဖတ်ဖို ့ပဲ သိတယ် 😀

  • kai

    November 30, 2011 at 6:31 am

    အဲဒီတိမ်ပေါ်တက်ဖို့ ကိစ္စ..
    ပြောရရင်.. လူတွေက.. သူတို့ဘဝတွေ.. တိမ်ပေါ်မှာချည်းတက်ထားနေကြတာကလား..။
    အီးမေးလ်တွေ..။ ဒါ့ပုံတွေ.။ အလုပ်ဖိုင်တွေ.. ငွေစာရင်း..ဘဏ်စာရင်းတွေ..။
    အိမ်ကကွန်ပြူတာက.. အခွံပဲကျန်တာ… အထဲ..ဘာမှသိပ်မရှိတော့ဘူးလေ…။

    ဒီမန္တလေးဂေဇက်ဝက်ဘ်ကြီးလည်း.. အမေဇုံတိမ်ပေါ်ရွေ့လိုက်တာ.. ဝင်တဲ့လူ….သုံးတဲ့ပမာဏနဲ့ ငွေတွေ ကရက်ဒစ်ကဒ်က ဖြတ်လို့.. မျက်ဖြူဆိုက်ပြီး ပြန်ဖြုတ်လိုက်ရသေးတယ်…။
    http://aws.amazon.com/ec2/

    ဆိုတော့..
    http://www.google.com/chromebook/#index
    ဂိုဂယ်ရဲ့ အပေါ်ကဟာလေး.. ရုံးကတချို့သုံးနေလေရဲ့..။
    တိမ်ပေါ်တက်တာ… အမည်သာလှတာ.. ဈေးတော်တော်များနေသေးတယ် ထင်မိတယ်..။
    ဒါပေမဲ့.. နောက်ပိုင်းခေတ်ပိုစားမလားပဲ…။

    မြန်မာပြည်အတွက်တော့… သူတပါးပစ္စည်းခိုးသုံးတဲ့ ကံကျုးလွန်သူတွေနည်းသွားမှာပေါ့..
    အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ။

    အာဟိ..။

    • inz@ghi

      November 30, 2011 at 6:43 am

      လာဘီ ဒီလူရီး ……
      မန့်လိုက်ရင် …ဟွန်း….
      ဈေးမကြီးဘူးဗျ …ဈေးချိုဒယ်…security အရ ကွိုင်တက်နေလို့ ကြန့်ကြာနေတာ….
      ကျနော့် စာထဲမှာလည်း ရေးထားတယ်.. ..windows 2008 server version ကို configure လုပ်သုံးတာ ..
      တနေကုန်24hours သုံးမှ ဗမာငွေ ၁၀၀ဝ ပဲကျတယ် ….နာမည် မရေးဂျင်ရို့ ချန်ထားဒါ …. ဂုဒေါ့ရေးလိုက်ဘီ
      အဲ့လာ အိုင်ဘီအမ် ကလောက်ခည….(သဂျီးက ဘာသထေး ကလောက် တွားသုံးလို့ ဈေးကြီးတယ်ပြောလဲမှမသိဒါ)

      ဗမာပြည်မှာ အင်တာနက် ဆိုင် ဂိမ်းဆိုင် ၁နာရီသုံး ၃၀ဝ ကန် ၅၀ဝကြား ကျတယ်ဗျာ … တွက်သာကြည့်တော့..
      ဝီကီ ဒဲကဟာဒွေ ထုတ်မလာနဲ့နော် …..သဂျီး …..(ရွာထဲမှာ cloud war ဖစ်တွားမယ်. ..ဟွန့် ….)

      ကျုပ်ပြောချင်ဒါက ခေတ်အရ စနစ်အရ …..ခိုးသုံးလို့ ရနေသေးရင် သုံးရမှာဘဲ
      (နောက်ဆုံး မတတ်သာလို့ပြောင်းရဒေါ့လည်း ပြောင်းပေါ့ဂျာ..)
      သုံးရတုန်းလေး တန်ဘိုးထားပီး ကျွမ်းကျင်အောင်သာ သုံးကြစမ်းဘာ …
      ၁တက်စားလည်း အဟွာဘဲ တခြင်းလုံးမျိုလည်းအဟွာဘဲမလား..

      ပုံ
      အဒိုဘီ ခရီအေးတဗ့်ဆု နှင့် ဗစ်ဇျူရယ် စတူဒီယိုကို
      နှစ်ပေါင်းများစွာ ခိုးသုံးလာသော ပင်လယ်ဓါးပြ
      ကတ်ပီတန် ဇာ စပဲရိုး…

      • kai

        November 30, 2011 at 7:03 am

        ကျုပ်ကတော့ တိမ်ပေါ်မှာဆို အလကားလောက်ရမှ…။
        စကားမစပ်..
        အဒိုဘီ ခရီအေးတဗ့်ဆု စီအက်၅ကို ပိုင်ရ်ိတ်သုံးနိုင်တယ်ဆိုရင် ချီးကျူးရမယ်..။
        ကျုပ်မှာတော့.. ခိုးသုံးနေရင်း.. ဘာဖြစ်မှန်းမသိ.. ပျက်ပျက်ကျသွားလို့.. ဝယ်ထားလိုက်ရတာ.. ထောင်ဂဏန်း…။

        ပုံ။
        ပိုင်းရိတ်အော့ဖ်ကာရစ်ဘီယန် ရုပ်ရှင်ဒါရိုက်တာ.. ဂိုး ဗာဘင်စကီ 😆

        • inz@ghi

          November 30, 2011 at 7:25 am

          ပေါ်ဘီ ပေါ်ဘီ …
          သူလည်း ခိုးသုံးမရတော့လို့ ဝယ်သုံးနေဒါကို…
          (အဟီး …အနော်လည်း အလုပ်မှာတော့ ဝယ်သုံးပါတယ်..အိမ်မှာသာ….)

          ဂလိုဖစ်မယ် သဂျီးရ ….automatic update ကို on ထားမိတာဖြစ်မယ်..
          အဲ့သည့် update တွေက တကယ် update မလုပ်ပေးခင် …license valid ဖြစ်မဖြစ်
          authenticate လုပ်တယ်…ဘယ် software မဆို သည်အချိုးချည်းပဲ…
          တချို့များ လူကို အသိတောင်မပေးဘူး …run လိုက်တာနဲ့ internet connection
          ရှိနေရင် company site ကို ချိတ်ပြီး ဒါ အစစ်ဟုတ်မဟုတ် စစ်တယ်လေ…

          ဘယ်ဟာနဲ့ ညိသလဲတော့ မသိဘူး …ကျုပ် ခိုးသုံးနေတဲ့ lightroom လေးက
          တခါဖွင့် တခါ ဝယ်ခိုင်း …. လိုင်စင်ကီးထည့်ခိုင်း …လုပ်လုပ်နေတယ်….
          (ဟဲဟဲ …တနားဘာဒယ် … အဲ့လိုလုပ်လည်း ခိုးလို့ရနေတာဘဲကို)
          ဒါလည်း ရှင်းရလွယ်ပါတယ် ….serial key တွေရေးပေးထားတဲ့ forum
          တခုခုကို bookmark ပေးထားပီး တခါလာ တမျိုးထည့်နဲ့ …ဒင်းကို
          ဖြစ်ညှစ်သုံးလို့ ရသေးတာရော် ….ဒါမှမဟုတ်လည်း key generator တခုခု
          ဒေါင်းပြီး …ကစ်ပေတော့ဗျို့ ..(key gen ကို antivirus က trojen ပါဆိုပီး
          သတ်ဖြတ်မပစ်အောင်တော့ reigai လေး ပေးထားပေါ့ဗျာ…)
          ပိုင်းရိတ်တွေ သုံးတဲ့အချိန် LAN cable ဆွဲဖြုတ်ထားတာလည်း
          အလွန်အသုံးဝင်တဲ့နည်းပဲဗျို့……

          ခင်တဲ့ …
          ပိုင်းရိတ်အော့ဖ် နာကာနို…

  • MaMa

    November 30, 2011 at 7:40 am

    ဦးဖွတ်ကျားရဲ့ စာတစ်ပုဒ်လုံးဖတ်ပြီး (Xerox service center က မှင်ကုန်ခါနီး တာနဲ့

    တန်းသိပြီး နောက်နေ့မနက်မှာ ရုံးတံခါးကို မှင်ဘူးပိုက်ပြီး လာခေါက်ပါလိမ့်မယ်) ကို သဘောအကျဆုံးပဲ။
    နဂိုကတည်းက ကွန်ပြူတာ ဝ လုံးတန်း (ကိုယ်နဲ့ အတန်းတူတွေလည်း ရှိသေးတယ် 😀 ) ပါဆိုမှာ တိမ်ပေါ်တက်သွားရင်တော့ မူကြိုပြန်ဆင်းပြီး ကျောက်သင်ပုန်းနဲ့ ကျောက်တံပဲ သုံးတော့မယ်။ 😀

    • inz@ghi

      November 30, 2011 at 7:49 am

      အဲ့လို မဟုတ်ပါဘူး အန်တီမမရဲ့ …
      ခေတ်ပြောင်းလာရင် သုံးရတောင် ပိုလွယ်သွားဦးမှာ
      (အန်တီ့စကားငှားသုံးရရင် အတန်းတက်ဖို့သာပြင်ပေတော့ဗျို့)

      တိုက်ဆိုင်လို့ ပြောရရင်….
      အရင်က website တခု လွှင့်တင်ဖို့ဆိုတာ အတော် ခက်ခဲခဲ့တာကလား
      design တွေရေး …hosting အတွက် domain တွေဝယ် …blahblahblah…
      professional skillလိုတယ်ပေါ့ဗျာ ….ကိုယ့်မှာမရှိရင် ရှိတဲ့လူ ပိုက်ပိုက်ပေးခိုင်းပေါ့

      ခုကတော့ လွယ်တယ်လေ… နာရီဝက်အတွင်း တင်လို့ရတယ်….free domain တွေလည်း
      ပေါမှပေါ …. design ပိုင်းဘာညာလည်း အုံးစားစရာမလိုတော့ဘူး click လုပ်ရုံ ရွေးရုံနဲ့
      ချက်ခြင်း သုံးလို့ရမယ့် template တွေ တပုံတခေါင်း ….(FOCတွေလည်းများချက်….)

      ဗမာစာ Unicode အခိုင်အမာ ရသွားပြီမို့ …Mac OS Lion မှာ ဗမာစာ ပါလာပါပြီ..
      Microsoft ကလည်း Windows 8 မှာ ဗမာစာ ထည့်သွင်းပေးမယ် ကတိပြုထားလေတော့
      နောက်ပိုင်း English အခက်အခဲရှိသူတွေပါ …computer သုံးစွဲလာနိုင်တော့မှာဖြစ်လို့…..
      ကျနော်တို့ အတန်းတက်ရမှာ သိပ်သေချာတာပေါ့ဗျာ….

  • NK

    November 30, 2011 at 12:15 pm

    သတင်းဆိုတော့ ဟုတ်ချင်လည်းဟုတ်မယ် ဟုတ်ချင်မှလည်းဟုတ်မှာပါ….အဲအတိ်ုင်းတာဆိုရင် ခုသုံး
    နေကြတဲ့ ကွန်ပျူကြက်တွေကို လွင့်ပစ်ရုံပဲရှိတယ်… မဖြစ်နိူင်ဘူး….

    • inz@ghi

      November 30, 2011 at 12:23 pm

      တိန်…..

      လေးစားစွာ မှတ်သားဖတ်ရှုသွားပါသည်ခင်ဗျား..

  • amatmin

    November 30, 2011 at 4:50 pm

    တကယ်ပါပဲ အတော်လေး ကိုတော်တဲ့လူ..သိနိုင်လွန်းပါ့ဗျာ..
    ကိုယ့် ဖိုင်တွေကို တိမ်ပေါ်မှာ သိမ်းထားတဲ့ အကြောင်းကို ခုမှပဲသေချာရှင်းတော့တယ်..
    google documents စမ်းသုံးတာတောင် လည်တယ်တယ် ဖြစ်နေတာ…
    ကိုဇာဂီ တို့ရေးလိုက်ရင်တော့ လွှတ်ကိုကျေးဇူးတင်ရတော့တာပဲ..
    ဘာပဲ ဖြစ်ဖြစ် ကွန်နက်ရှင်ကောင်းလို့ကတော့ တိမ်တွေပေါ် မြန်မြန်တက်ချင်သား.. 🙂

  • ဦးဖွတ်ကျား

    March 8, 2013 at 8:26 pm

    တိုက်ဆိုင်လို့ဒီပိုစ့်ပြန်ဖတ်ဖြစ်သွားတယ်
    အဲ့သည့်နေ့တွေသတိရနေကြောင်း အမှတ်တရပေါ့

    ထပြ်န်လာခဲ့ပါအုံးမယ်ဗျာ

    ခင်တဲ့

Leave a Reply