ကျနော်နှင့်ကဗျာတိုလေးများ

ကျနော်နှင့်ကဗျာတိုလေးများ
၂၀၀၅-၂၀၀၉ နှစ်ကာလများအတွင်း ကျနော်ကဗျာလောကထဲစီးဆင်းနေစဉ်တုန်းက ကဗျာမျိုးစုံကို မဂ္ဂဇင်း တွေမှာ ရေးသားခဲ့ပါတယ်။
အခုတင်ပြမယ့်ကဗျာလေးတွေက ၂၀၀၆-၂၀၀ရ တုန်းက စိတ်ထဲမှာရုတ်တရက်ပေါ်လာတဲ့ အတွေးကွက် လေးတွေကို ဖျတ်ခနဲရေးခြစ်ခဲ့ရုံသက်သက်ပါ။ လေးလုံးစပ် နဲ့ ဟိုက္ကူကဗျာလေးတွေပေါ့။
တခါတလေ ကဗျာတိုလေးတွေရေးရဖတ်ရတာ အားမရပေမယ့်၊ တခါတရံမှာတော့ ကဗျာတိုလေးတွေကို ကျနော်က တစ်ဖက်သတ်ချစ်မိနေပြန်ပါတယ်။
ရေးထားတာလေးတွေပြန်ရှာတော့ စုစုပေါင်း 10 ပုဒ်ပဲပြန်တွေ့ပါတော့တယ်။ ဒီထဲက ရ ပုဒ်က မဂ္ဂဇင်းတွေမှာ ဖော်ပြခဲ့ပြီးပါပြီ။ သောကြာစာစောင်နဲ့ အောင်လံမဂ္ဂဇင်းမှာပါ။
အကောင်းစားလေးတွေတော့မဟုတ်ပါဘူး။ ဒီလိုပါပဲ။ မရေးတတ်ရေးတတ်နဲ့ရေးထားတာ။
ကဲ……ခံစားကြည့်ပါဦး။

ဥက္ကာကိုကို(သံတွဲ)

ကဗျာတွေကို
လေထဲကိုတော့ လွှတ်တင်လိုက်ရဲ့
ဓာတ်ကြိုးနဲ့မှ လွတ်ပါ့မလား
ကိုယ့်မှာ
ရင်ဘတ်ကြီးကိုသာ မ,ထားရတယ်။

ရေပေါ်ဆီ

ဟေး…..
ကဗျာရေးရတာ အညောင်းပြေရဲ့လား
မိုးကလည်းကောင်းတုန်းပဲနော်
ကဲ…..ရွာလိုက်ကြစို့။
(11.6.2006)

ထူးအိမ်သင်

ကဗျာအလင်း
ချစ်ခြင်းဂီတ
ထိုနှစ်ဝဖြင့်
လောကအလှဆင်ခဲ့သူ။
(2.9.2006)

ညတစ်ည

တိမ်စိုင်ညိုရိပ်ကင်း
လမင်းရောင်စဉ် ထိန်ထိန်လင်း
ဝင်းပ ရွှေအဆင်း။
(25.10.2006)

တံခါး

အသီးသီး ဝင်လာ
ကိစ္စကိုယ်စီလုပ်ဆောင်ကာ
အလီလီထွက်ခွာ။
(10.7.2007)

မင်္ဂလာဦးည(၁)

တွဲဖက် တူပျော်ပြုံး
ရင်ခွင်သက်ကြွေ နမ်းဝေတုန်း
လမင်းရှက်ကာပုန်း။

မင်္ဂလာဦးည(၂)

ညည့်ယံခါဝေနှင်း
ရင်ခုန်သံအရည်ပျော်ဆင်း
မိုးသောက် ဖန်နေမင်း။

ဘဝဆိုတဲ့ဆုံမှတ်

ဘယ်သွားမှာလဲ
ဒီနားတင်ပါ…..
ရောက်ပါ့မလား
တရားတွေနာ…..
တို့အများ
ဆက်သွားလမ်းဖြာဖြာ…..။

တန်ခူးလ

မိုးစက်တို့ခုန်ဆင်း
ပိတောက်လုံမေ ဝါဝါဝင်း
သင်္ကြန်ခါမှီတွင်း။
(8.12.2006)

ညည်းချင်း

တစ်သက်မှာတစ်ယောက်
တစ်ယောက်မှာတစ်ခါ
ချစ်ခဲ့ပါလည်း
အမြဲတစေ
လွမ်းနေရလို့
ဘယ်သို့ဘယ်ပုံ ဖြစ်အံ့နည်း……။

ဥက္ကာကိုကို(သံတွဲ)