ကျတော်ရေးခဲ့တဲ့ဗုဒ္ဓဘာသာစစ် မစစ်စမ်းသပ်နည်းမှာ ကျတော်ဘာသာမပြန်ခင် ဗုဒ္ဓဘာသာဘုန်းကြီး တစ်ယောက်ပြန်ဖူးပါတယ်………. ကျတော်က ဘုရားလို့ပြန်ထားတဲ့နေရာမှာ ထာဝရတည်ရှိတဲ့ ဘုရားလို့ ဘာသာပြန်ထားပါတယ်…..
ကျတော်ပြောတဲ့ဘုရားနဲ့ ထာဝရတည်ရှိတဲ့ ဘုရားနဲ့ မတူဘူးဟုစောဒကတတ်ပါတယ်….. ဒါကြောင့်ကျတော်ဘက်က မှန်ကန်ရှင်းလင်းကြောင်း သက်သေပြရတော့မယ်….. ကျတော်အရင်ဆုံး မေးခွန်းနည်းနည်းလောက် ပြန်မေးချင်ပါတယ်…..

GOD က ထာဝရဘုရားလို့ ဘာသာပြန်ခဲ့ရင် မြန်မာလူမျိုးများသုံးသော ဘုရားကို အင်္ဂလိပ်လို ဘယ်လို ခေါ်ပါသလဲ ??????

ကျတော်တို့ မြန်မာလူမျိုးများက ဖခင်ကို အဖေလို့ခေါ်တယ် အာရဗ်လို အရ်ဘ်(أب )လို့ ခေါ်တယ် အင်္ဂလိပ်က ဖာသား(သ်)(Father)လို့ ခေါ်တယ် ဂျာမနီက ဗက်တာ (Vater) လို့ခေါ်တယ် အိန္ဒိယကုလားက ပါးပါးလို့ခေါ်တယ် ဒါပေမဲ့ ဒါတွေအားလုံးဟာ ဖခင်ကို ညွှန်းဆိုခြင်းတွေပါပဲ…..

ရှာဖွေကျွေးမွေးမူ မပြုတဲ့ဖခင်ဖြစ်တာနဲ့ ဖခင်လို့ မသတ်မှတ်ဘူးဟု ဆို၍ မရပါ….. ထာဝရမတည်၇ှိတာနဲ့ တည်ရှိတာနဲ့မဆိုင်ဘဲ ကိုးကွယ်မူပြုခံရသည့်အရာတိုင်းကို ဘုရားလို့ ခေါ်ဆိုလို့ရပါတယ်….. (ဥပမာ – လူတစ်ယောက်က နွားကို ကိုးကွယ်ရင် နွားကဘုရား(God)ပါပဲ…..

အာရ်ဗ်ကမ္ဘာမှလူများနှင့် အနောက်တိုင်းသားများက ဘုရား(God) ရဲ့ရှိရမဲ့အရည်အသွေးများကို ဂုဏ်ဖော် ပြောကြတဲ့အခါမှာ ဘုရားသခင်ဆိုတာ ဖန်ဆင်းရှင်ဖြစ်ရမယ် ထာဝရတည်တံ့ရမယ် မသေရဘူး……

ဒီလိုဂုဏ်များကို ဖော်ထုတ်ရေးသားကြတော့ ဂေါတာမက ဒီလိုဂုဏ်ဓာတ်တွေကို မပြည်စုံဘူးဖြစ်သွားတယ် သေတယ် ……ဖန်ဆင်းရှင်မဟုတ်ဘူး ………..ထာဝရလည်း မတည်တံ့ဘူး……. ဒီမှာ ဂေါတာမကို God အဖြစ်ခေါ်ဆိုဖို့ အယူတင်သွင်းခွင့် မရတော့ဘူး……….. ဂေါတာမကိုယ်တိုင်ကလည်း ဘုရားမဟုတ်ပါဘူးလို့ ဝန်ခံသွားခဲ့တယ်….. ဒါကြောင့် ဂေါတာမဟာ (God)ဘုရားမဟုတ်ကြောင်း ရှင်းလင်းစွာသိခွင့်ရသွားခဲ့ပါပြီ……….

ကိုးကွယ်မူခံရသူတိုင်းကို ဘုရားလို့ခေါ်ဆိုလို့ရပါသည်။ ဒီအထဲမှ ထာဝရတည်တံ့လို့ ထာဝရဘုရားလို့ခေါ်ဆိုခြင်းဟာ ဘုရား၏ဂုဏ်ပုဒ်တစ်ရပ်သာဖြစ်ပါသည်။ ကိုးကွယ်တာနဲ့ ဂုဏ်ပုဒ်ကိုမရောမိပါစေနဲ့ခင်ဗျာ။ (စကားချက်- အလ္လာဟ်ရှင်မြတ်သည် ထာဝရတည်တံ့သော ဘုရားဖြစ်ပါသည်။ ကျတော်တို့သည် မူရင်းအဓိပ္ပာယ်နဲ့ကွဲလွဲမူရှိမည်စိုးသောကြောင့် အလ္လာဟ်ရှင်မြတ်လို့သာ မူရင်းအသံထွက်တိုင်းသာ ခေါ်ဆိုနေကြခြင်းပင် ဖြစ်သည်ဟု ကျတော့်သူငယ်ချင်းတစ်ယောက်ကတော့ ဆိုပါတယ်……)

မြန်မာလို ဘုရားမှာ (၁) ဒေ၀ပုတ္တ မာရ် = မာရ်နတ်
(၂) ကိလေသမာရ် = ကိလေသာဆယ်ပါး
(၃) အဘိသင်္ခါရ မာရ် = ပြုပြင်စီရင်မှု
(၄)ခန္ဓမာရ် = ခန္ဓငါးပါး
(၅)မစ္စုမာန် = သေခြင်းတရား

လွတ်ကင်းအောင်နိုင်မှ ဘုရားလိုလည်း ပြောဆိုကြပြန်တယ်…..

မေးခွန်းနည်းနည်းမေးချင်တယ်……
(၁) လူတွေအားလုံးဟာ ဘုရားကို ဘာကြောင့် ကိုးကွယ်ကြပါသလဲ…..?

(၂) အောက်ကဟာကို ဘယ်လိုခေါ်ပါသလဲ ကျတော်က ပေ၊ လက်မနဲ့တွက်လို့ ပေတံလို့ ခေါ်ပြီး အခြားလူတစ်ဦးက မီတာ၊ စင်တီမီတာနဲ့တွက်ပြီး ရူလား(ruler) လို့ခေါ်လိုက်လို့ ကျတော်ခေါ်တာ ပေတံဆိုတာ မှားပါတယ်လို့ ပြောလို့ရမလား ??????

About rat

င ကြွက် has written 2 post in this Website..

   Send article as PDF