ချစ်သူမျက်ဝန်းများရဲ့အဝေးမှာ

htet wayNovember 28, 20111min1157

ဒီအချိန်ဆိုမြို့ကလေးပေါ်
နှင်းစက်တွေခုန်ချ
လမ်းမပေါ်မှာဖွေးဖွေးလှုပ်လို့ ….။
ဝရံတာလေးကိုမေးထောက်လို့
ချစ်သူအလာကိုမျှော်နေပြီလား
အဆင်ပြေခြင်းတွေနဲ့မသင့်မြတ်လို့
သောကတွေနဲ့ မိတ်ဖွဲ့နေပြီလား
ကောင်မလေးကတော့
ချစ်သူမျက်ဝန်းများရဲ့အဝေးမှာ….။

သောကနဲ့ကြုံတိုင်း
ချစ်သူဆံနွယ်လေးပင့်သပ်ပါရစေ
ကောင်မလေးကတော့
ချစ်သူမျက်ဝန်းများရဲ့အဝေးမှာ…။

ညနေခင်းဆို မြိုပြင်ထွက်လမ်းလျှောက်နေမလား
လမ်းမပေါ်မှာကြေကွဲနေမလား
သူ့အခန်းကျည်းလေးထဲတွန့်ကြေပြီးလွမ်းနေမလား
ကောင်မလေးကတော့
ချစ်သူမျက်ဝန်းများရဲ့အဝေးမှာ

တောင်အရပ်မှာမှိုင်းညို့လာပြီလားဆိုရင်
အဝေးပြေးကားကြီးတွေဖြတ်မောင်းသွားပြီလားဆိုရင်
ရထားဥဩသံကိုကြားပြီလားဆိုရင်
ဝေးကွားခြင်းဓါးရှည်နဲ့ပိုင်းဖြတ်ခံရတဲ့ကောင်မလေးလေ
ချစ်သူကိုမြင်ချင်လွန်းလို့
အလွမ်းတွေရှိုက်ကြီးတငင်တဖွဲဖွဲကျ
ချစ်သူမျက်ဝန်းများရဲ့အဝေးမှာ……..။ ။

ဝေးကွာခြင်းဓါးရှည်နဲ့ပိုင်းဖြတ်။ ။ ကဗျာဆရာဒေါင်းနွယ်ဆွေ၏ စကားလုံးကိုယူသုံးထားမိပါသည်

7 comments

  • windtalker

    November 28, 2011 at 8:59 pm

    ကိုထက်ဝေး ရေ
    “ ချစ်သူနှစ်ဦးကြား ဝေးကွာခြင်း ကို
    ခိုးပြေးခြင်း ၊ လက်ထပ်ခြင်း ဆိုတဲ့
    ခြေမြန်လက်မြန် ဆုံးဖြတ်ခြင်း ဖြင့် ဖြတ် ” ဗျာ

  • small cat

    November 29, 2011 at 7:35 am

    ဘာကြောင့်ဝေးကွာနေသလဲဆိုတာလဲ စဉ်းစားရမယ်၊
    နှစ်ယောက်လုံးအစိုးရဝန်ထမ်းဆိုရင်ခိုးပြေးပြီးလဲ ပြန်ဝေးနေကြဦးမှာပဲ။
    တစ်ယောက်အလုပ်ထွက်လိုက်တာကောင်းတယ်။

  • aye.kk

    November 29, 2011 at 8:02 am

    ဝဋ်ကြွေးကြမ္မာ..
    ရှိခဲ့ပါမူ..ပြေပါစေသား
    ရှေးပြုထားလာ
    ရေစက်ပါက
    ရှောင်လွှဲမရ ဤဖြစ်အင်..။

  • Moe Z

    November 29, 2011 at 11:05 am

    ဝေးနေတော့လည်းတစ်မျိုးကောင်းတာပေါ့
    ရန်ဖြစ်စရာမလိုတော့ဘူး
    ပြန်တွေ့တော့မှအလွမ်းသယ်လိုက်
    (ကောင်းတဲ့ဘက်ကတွေးပေးတာ) 😀

    • ဦးဖွတ်ကျား

      November 29, 2011 at 11:14 am

      ရက်စက်လိုက်တာ ဂဏန်းရယ်..
      အဲ့လေ. ..ဇက်ကလေးရယ်…

      • Moe Z

        November 29, 2011 at 11:23 am

        အဲလိုရုပ်ကြီးဆို ဝေးလေကောင်းလေပဲ 🙁

  • manawphyulay

    December 1, 2011 at 10:24 am

    ဘယ်လောက်ပဲ ဝေးဝေး စိတ်ချင်းနီးနေဖို့သာ အဓိက ကျပါတယ်ရှင်

Leave a Reply