မနေ့ညက.. Santa Monica ဆိုတဲ့.. ပင်လယ်ကမ်းခြေမြို့ကလေး သွားပါတယ်..။

အဲဒီနေရာက… ပစိဖိတ်ပင်လယ်ကမ်းခြေမှာရှိပြီး.. အမေရိကရဲ့ အနောက်ဖက်ကမ်းခြေတွေမှာ.. အလှဆုံးကမ်းခြေတခုပေါ့..။
မြောက်ဖက် နည်းနည်းတက်လိုက်ရင်.. ဟောလိဝုဒ်က ဆယ်လီဘရိတ်တီတွေ အများစုနေတဲ့.. Malibu ဆိုတဲ့မြို့ နဲ့ ကမ်းခြေရောက်ပါတယ်..။

ရောက်တော့ မှောင်နေပြီမို့.. ပင်လယ်လေနဲ့.. ရာသီဥတုက.. အေးစိမ့်နေပါပြီ..။
ဒါပေမဲ့.. လူတွေသွားသွားလာလာနဲ့.. စည်ကားနေဆဲပါပဲ..။
နွေရာသီများဆို.. လူတွေတိုးဝှေ့ကြပ်ညပ်နေတာပေါ့…

မြို့လေးက.. သဲသောင်ပြင်ကြီးအပေါ်မှာရှိတာပါ..။
ပစိဖတ်သမုဒ္ဒရာကို အပေါ်စီးကမြင်ရတဲ့.. တောင်ကုန်းမြင့်ပေါ်မှာဆိုပါတော့..။

ဆိုတော့.. တောင်ကုန်းရယ်.. ပင်လယ်ရယ်နဲ့ အတွဲညီညီ လှတဲ့မြို့မို့.. လူတွေအလယ်အပတ်လာကြတာဖြစ်မယ်ထင်မိပါတယ်..။
ထူးခြားတာတခုက.. ၃လမ်း(Third Street Promenade )ခေါ်တဲ့..  မြို့လမ်းလေးတခုကို.. ကားမ၀င်ရောအင်ပိတ်ပြီး.. ဈေးဆိုင်တန်းတွေနဲ့.. ထားတာပါပဲ..။
အဲဒီလမ်းကလေးဟာ.. ရာသီမရွေး.. လမ်းလျှောက်အပန်းဖြေသူတွေ.. ဈေးဝယ်သူတွေနဲ့.. ရှိပါတယ်..။
အဲဒီလမ်းမှာပဲ.. ၀ါသနာရှင်တချို့က.. ဂီတာတီး သီချင်းဆိုကြတယ်..။
အဲဒီလမ်းမှာပဲ.. ၀ါသနာရှင်တချို့က..ကပြရင်း  လမ်းသွားလမ်းလာတွေကို ဖျော်ဖြေကြတယ်..။
အဲဒီလမ်းမှာပဲ..ပညာရှင်တချို့က.. ပန်းချီပုံဆွဲရင်း.. ငွေရှာကြတယ်..။
အဲဒီလမ်းမှာပဲ.. ၀ါသနာရှင်တချို့က.. ကခုန် သီချင်းဆိုကြတယ်..။

အဲဒီလမ်းမှာပဲ.. တချို့က.. နိုင်ငံရေးတရားဟောကြတယ်..။
အဲဒီလမ်းမှာပဲ..  ဘာသာရေးဝါသနာပါသူတွေ.. ဘာသာတရားအကြောင်း စည်းရုံး ဟောပြောကြတယ်..။
အဲဒီလမ်းမှာပဲ..  အယူပြင်းထန်သူတချို့က.. ဘာသာတရားတချို့ကို.. စိန်ခေါ်ငြင်းခုန်ကြပါတယ်..။

အခုပြောချင်တာက… ခေါင်းစဉ်နဲ့အကိုက်.. “Santa Monica မှ လွတ်လပ်စွာ…” ခရစ်ယန်ဘာသာဖက်ကနေ.. အစ္စလမ်ဘာသာကို တိုက်ခိုက်နေသူ တယောက်အကြောင်းပါ..။
Truth Defenders တဲ့..။ တွီတာတော့ရှိပြီး.. အောက်မှာ.. အဲဒီလူလိပ်စာကြည့်ပါ..။
http://twitter.com/#!/TruthDefenders

အဲဒီလူကို စင်တာမော်နီကာမှာ.. မကြာခဏ တွေ့ဖူးပါတယ်..။
… လွန်ခဲ့တဲ့.. ၃-၄နှစ်လောက်က စတယ်ထင်တာပဲ..။ .. ခေါင်းမြီးခြုံထားတဲ့.. မွတ်စလင်မိန်းကလေးတယောက် အပြင်းအထန် ပြန်လှန်ပြောနေတာနဲ့.. ရပ်ကြည့်ရင်း သတိထားမိသွားတယ်ဆိုပါစို့..။

အစ္စလမ်ဘာသာဖက်က မခံနိုင်လို့ ငြင်းချင်ရင်.. ပုံမှာပြထားတဲ့အတိုင်းမိုက်ခ်ပေးထားပါတယ်..။ အဲဒီမှာရပ်ပြီး.. ပြန်ပြောပေါ့..။ ပရိတ်သတ်က အုံကြည့်ပြီး လက်ခုတ်တီး..ဘူးးးးဝင်လုပ်နဲ့.. ၀င်ပါတတ်ပါတယ်..။
အဲဒီလို..

ယူအက်စ်ရဲ့.. လွတ်လပ်စွာ စည်းရုံးပြောဆိုခွင့်နဲ့.. သူ့တို့ကိုအကာအကွယ်ပေးထားတဲ့… ဥပဒေတွေရဲ့ သက်ေ၇ာက်မှုကို ..  မြင်သာမဲ့ ဇတ်လမ်းဇတ်ကွက်လေးပဲ ဆိုပါတော့..။
ပုံတွေကြည့်ပါနော…။

 

စိန်ခေါ် ဟောပြောနေပုံ

ပြန်လှန်ပေးခွန်းထုတ်နေပုံ

ပြန်ငြင်းနေစဉ်

အဝေးမှမြင်ရပုံ.. ။ ရှေ့မှ အနက်ရောင်တီရှပ်နှင့် အုပ်စုမှာ အစ္စလမ်သာသနာအကြောင်း မေးချင်တာမေးပါဟု ဆိုင်းဘုတ်တင်ကာ ကိုရမ်ကျမ်းကို အခမဲ့ဝေနေသူများဖြစ်သည်။

kai

About kai

Kai has written 1001 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.

   Send article as PDF