မကြိုက်မိသော စာသားများ

water-melonNovember 29, 20111min26625

မြန်မာနိုင်ငံမှာ hip hop ရေစီးကြောင်းက တစ်ဖြည်းဖြည်းနဲ့ မြင့်တက်လာသလို လူငယ်အဆိုတော်များလည်း များစွာပေါ်ထွန်းလာပါတယ်။ သီချင်းတွေကလည်း မျိုးစုံပလူပျံအောင် ထွက်လာပါတယ်။ ပေါက်တဲ့အခွေတွေရှိသလို မပေါက်တဲ့ အခွေတွေလည်းရှိပါတယ်။ ကျွန်တော်လည်း သီချင်းနားထောင်ရတာ ဝါသနာပါပါတယ်။  စိတ်ညစ်နေတဲ့ချိန် ဝမ်းနည်းနေတဲ့ချိန် မှာ သက်ဆိုင်တဲ့ သီချင်းလေးတွေကို ဖွင့်ပြီး နားထောင်ရတာလဲ feel တစ်မျိုးဗျ။ တစ်ချို့သီချင်းတွေက ရိုင်းသလားလို့ ခံစားမိပါတယ်။ အစ်မတွေ ညီမတွေ အမေတွေကြားမှာ ဆို မဖွင့်ရဲဘူးဗျ။ သိချင်တာက ဘာလို့ sex ဆန်ဆန်သီချင်းစာသားတွေကို ရေးပြီးထည့်ကြတာလဲ။ အဲဒီစာသားတွေထည့်မှ ကောင်းတယ် မိုက်တယ် လူငယ်တွေ ကြိုက်မယ်လို့ ထင်နေကြသလားမသိကြဘူး။ ကျွန်တော် သိသလောက် မကြိုက်မိသော စာသားများကို ပြောပြလိုက်ပါတယ်။

နောက်ထပ်ရှိရင်လဲ ပြောပြကြပါအုန်း။

“ပြောနေရင်းနဲ့ စကားတွေကလည်းချော် ကောင်မလေးအနားဘဲ ပြန်သွားပြီခေါ်

တိတ်တိတ်လေးဘဲ အနားကပ်ပြီး လှော်

အော် ဂေါ်လိုက်ပုံများ လက်မြောက်တယ်နော်”  အဲဒီစာသားကတော့ ပျော်စရာကြီး အခွေထဲမှာ ပါတာပါ။

ဆိုသူကတော့ ကျော်ထွဋ်ဆွေပါ။

“ငါနဲ့ အွန်းအွန်းပြီးမှ မင်းကပိုပြီးမိုက်လာတယ်”အဲဒီစာသားကတော့ ချစ်တယ် အခွေမှာပါတယ်။

ဆိုသူကတော့ J-me နဲ့စန္ဒီမြင့်လွင်ပါ။

“အသံလေးက နားဝင်ချို ကပ်ကပ်ကာချွဲ ညီလေးတောင် တစ်ခါတစ်လေကျ မတ်မတ်လာတယ်”  SOLO Live Show ကပါ။ဆိုသူကတော့ Snare ဖြစ်ပါတယ်။

“နူးညံလွန်းတဲ့ အသားအရေနဲ့ လိုက်ဖက်လွန်းတဲ့ ရင်သား ကျန်တာတော့ မပြောတော့ဘူး ဒို့နှစ်ယောက်က လင်မယား” ဆိုသူက J-me ။

 

25 comments

  • blackchaw

    November 29, 2011 at 12:09 pm

    အော water-melon ရယ်။
    သူတို့ အသက်အရွယ်နဲ့ သူတို့ ရင့်ကျက်မှုကလည်း ဒီလောက်ပဲရှိတော့
    ဒါမျိုးစာသားတွေ ထွက်လာတာ အထူးအဆန်းမဟုတ်ပါဘူးကွယ်။
    အဘတောင် တစ်ခါတစ်ခါ ဟစ်ဟော့လေးတွေ ညည်းတတ်ပါတယ်။
    အိပ်ချင်သလိုအိပ် မျက်လုံးလေးတွေမှိတ် ဆိုလား
    အဲဒီသီချင်းလေးလည်း မိုက်တယ်။
    နည်းနည်းရင့်ကျက်လာကြရင် ပြောဘို့မလိုပဲ ပြောင်းလဲလာပါလိမ့်မယ်။
    ဟိုင်းလိုက် သွားမလုပ်ဘို့တော့လိုတာပေါ့။
    water-melon ပြောပြတဲ့ စာသားတွေထက် ရိုင်းတာတွေတောင် ရှိသေးတာပဲ။
    ဘဘဘလက်ကတော့ ဟစ်ဟော့ ဆို ဂျေးမီကို အကြိုက်ဆုံး။
    ဂျေးမီ ဆိုတဲ့ မင်းမကြိုက်တဲ့ ဟစ်ဟော့ ဆို ဘဘက သိတ်ကြိုက်တာ။
    snare ဆိုရင် Danger မိုက်တယ်။
    ဂျေးမီနဲ့ ဂျူးဆိုထားတဲ့ ဂန္တဝင် အချစ် ဆိုတဲ့ သီချင်းလေးက
    ဘဘဘလက် အခုလက်ရှိအကြိုက်ဆုံးသီချင်းလေးပေါ့ကွယ်။
    နားထောင်ကြည့်ပါလား။

    • ဦးဖွတ်ကျား

      November 29, 2011 at 12:17 pm

      ဟစ်ဟော့ ကြိုက်ဝူးဗျို့….

      ကျုပ်ကတော့ over-forties တွေနားထောင်တဲ့ ဟာဒွေဘဲကြိုက်တယ်…
      international over-forties ကိုပြောတာနော…
      ၁၉၈ဝ နဲ့ ၁၉၉ဝ တဝိုက်က သီချင်းတွေ …
      မနေ့ကအထိ Novenber Rain, I don`t wanna close my Eyes ဒါတွေပြန်နားထောင်တုန်း
      ကိုညီထွဋ် ရဲ့ အသည်းကွအနမ်းတွေဘာတွေ ညည်းတုန်း….

      မူးဇိ(music)အကြောင်း ရေးနေတယ်ဗျို့ …တတ်လို့တော့ ဟုတ်ဝူး ရင်နာလို့
      ပီးရင်တင်လိုက်မယ်…(သူများပိုစ့် ဝင်ကြော်ငြာတာ) ဟီး..

    • water-melon

      November 29, 2011 at 12:27 pm

      ဦး ဘလက်ကလည်း J-me သီချင်းတွေက တော်ရုံတန်ရုံနားထောင်လို့မရဘူးဗျ။ အဆင်မြင့်လို့ မဟုတ်ဘူးနော်။ ဘာတွေ ဆိုနေမှန်းမသိလို့ 😀

      • lone

        November 29, 2011 at 4:54 pm

        နောက်ပြီးရှိသေးတယ်…ဂျောက်ဂျက်တို့ ဆိုတာပိုဆိုးတယ်။…(သူ့ကိုယ်သူ အမှန်လေးပါတဲ့ ) တို့ (နင်တဖြည်းဖြည်းစိတ်ကိုလျော့ သိပ်စောဒက မတက်နဲ့နော်) တို့ (လူ ကိုမပြောနဲ့ .xxxကိုလာပြော) တို့…(ေ-ာက်ခွက်ကြီး xxx လာသွားမယ်) တို့ စုံနေတာပဲ.. ပြောပြရရင်ကုန်မှာမဟုတ်ဘူး…lone က Hip Hop နားထောင်တော့လေ။ တစ်ချို့ သီချင်းတွေက ကောင်းပါတယ်။ လွှမ်းပိုင် တော့ကြိုက်တယ်။ ရဲလေး သီချင်းလေးတွေလည်း ကောင်းတယ်။ တစ်ချို့တွေက အညစ်စာသားတွေနဲ့တက်လာပြီး နမည်ရလာတယ်။ အဲဒါကိုပဲ သူတို့ကိုယ်သူတို့ ဆရာကြီး design နဲ့ကြည့်လို့မရဘူး…snare တို့ဘာတို့ ။ သူကိုယ်သူ third generation လို့ပြောတဲ့ ဂျောက်ဂျက်ကတစ်မျိုး။

    • Shwe Ei

      November 29, 2011 at 12:28 pm

      ဂန္တဝင်အချစ်တော့ ကျနော်လဲကြိုက်တယ်။ Carry on ဦးချော။

  • Moe Z

    November 29, 2011 at 12:21 pm

    ဟုတ်ပ .. တစ်ချို့သီချင်းတွေဆို night club ကို လူငယ်တွေမရောက်ရောက်အောင်
    ရေးထားတာတွေလည်းရှိတယ် အဲဒီသီချင်းခွေတွေဆို လုံးဝမဝယ်ဘူး
    အသက်ကစကားပြောလာတာဖြစ်မယ် 😀

    • ဦးဖွတ်ကျား

      November 29, 2011 at 12:27 pm

      အိမ်ထောင်သက်???

      • windtalker

        November 29, 2011 at 3:23 pm

        အဟမ်း
        ငါ့ညီမ နုချောစိန် လေး ကို
        ဘာဒွေ မေးနေတာတုန်း ဟ

        • Moe Z

          November 29, 2011 at 4:16 pm

          ကျောကျရိုက် ကိုကြီး ကျောကျရိုက် 😛

  • blackchaw

    November 29, 2011 at 12:24 pm

    အဲဒါပြောတာ။ ဘဘက
    ညီထွဋ် လည်း ကြိုက်တာပါပဲကွယ်။
    ငါ့ကိုချစ်ရင်မနမ်းပါနဲ့ ငါ့ကို ချစ်ရင်မနမ်းပါနဲ့
    ရာဇဝင် စီးရီးထဲက ဆိုက်ဘီ ရဲ့ နောက်ဆုံးသီချင်းလေးလေကွယ်။
    လေးဖြူလည်းကြိုက်တယ်။ အငဲလည်းကြိုက်တယ်။
    သီချင်းကိုတော့ ကောင်းရင် အကုန်ကြိုက်ပါတယ်ကွယ်။
    ခိုင်ထူး။ ကိုင်ဇာ။ အကုန်ကြိုက်တာနော်။
    ပို့စ်ရေးရင် ဖတ်ပြီး မန့် ဦး မှာ။

  • blackchaw

    November 29, 2011 at 12:26 pm

    အော မိုးစက်က အခု အသက် သုံးဆယ်နဲ့ ဘယ်လောက်………………….။

  • water-melon

    November 29, 2011 at 12:30 pm

    ဟုတ်တယ်ဗျ အသက်တွေက ကြီးလာပြီ။ တကယ်တန်းတော့ နေထိုင်ရမဲ့ အသက်က ကုန်နေပြီ ဗျ။ နာသက်က ကျန်နေသေးလို့ 😆

  • စုံ စုံ

    November 29, 2011 at 1:00 pm

    သီချင်းနားထောင်တာတော့အရမ်းကြိုက်တယ်
    မြန်မာသီချင်းထက်အင်္ဂလိပ်သီချင်းတွေဆိုပိုကြိုက်တယ်
    မြန်မာသီချင်းကအရမ်းကြိုက်လို့ခနခနနားထောင်ပြီးရင်အီသွားရော
    အင်္ဂလိပ်သီချင်းကျတော့ အရမ်းကြိုက်ရင်ဘယ်လောက်နားထောင်နားထောင်မအီသွားဘူး
    အရမ်းရိုင်းတဲ့မြန်မာသီချင်းတွေလဲနားထောင်ဘူးတယ်
    အရင်ကကြက်ဖတို့ဂျောက်ဂျက်တို့ဆိုတာတွေလဲကြားဖူးတာဘဲ
    နားထောင်ရတာရိုင်းလို့မကြိုက်တော့မကြိုက်ဘူးပေါ့
    ဒါပေမယ့်သူတို့ကလဲသူတို့စိတ်ကြိုက်လုပ်နေကြတာဆိုတော့ မကျေနပ်ရင်အပုဒ်ကျော်
    နားထောင်လိုက်တာဘဲ

  • Zippo

    November 29, 2011 at 1:52 pm

    အသက်တွေလဲ ကြီးလာကြပြီ ၊ မန်းဂေဇက် ကို ခြေဦးလှည့်နေတာဖြင့်
    တစ်နှစ်နီးပါး ရှိလောက်ရောပေါ့ ၊ ဘာဖြစ်လို့ ဒီလောက်အချိန်တွေကုန်
    သွားရသလဲ ၊ ပြဿနာပဲဗျာ ။
    ကျနော်ကတော့ ဟစ်ဟော့ပ် အဆင်မပြေဘူး ၊ ကိုဘလက်ချော ရွတ်တဲ့
    အဆိုတော်တွေရဲ့ သီချင်းကို နှစ်သက်ပါတယ် ။

  • နွယ်ပင်

    November 29, 2011 at 2:12 pm

    သီချင်းတွေကို နားထောင်ရတာကို နှစ်သက်တယ်
    ဘယ်ဂီတမဆို လက်ခံနိုင်လောင်တဲ့ အနေအထားဆို
    အကုန်နားထောင်ဖြစ်တယ် Hip hop တွေဆိုလဲနားထောင်တာပဲ
    ဒါပေမယ့် တစ်ခါတစ်လေကျ ဒီHip hop သီချင်းစာသားတွေက
    တော်တော်ကြမ်းတာကိုး နားမထောင်ရဲတော့လည်း ကျော်ဖွင့်ပေါ့
    အကြိုက်ဆုံးဂီတကတော့ Rock ဂီတပဲ IC ပွဲဆိုရင်တော့ မလွတ်တမ်းအားပေးဖြစ်တယ် ….

  • chitlay

    November 29, 2011 at 2:26 pm

    တစ်ချို့ ဟစ်ဟော့ စာသားတွေက အရမ်းကြမ်းပြီး မောင်နဲ့နှမ သားနဲ့အမိ အတူတူ နားမထောင်သင့်တာတွေလဲ ပါပါတယ် …။ တစ်ခါတစ်လေကျရင်လည်း သူတို့ဘာဆိုလို့ ဆိုသွားမှန်းတောင် မသိလိုက်တာတွေလဲရှိပါတယ် ..။ 🙁 ဆယ်ကျော်သက်လေးတွေကတော့ ဟစ်ဟော့ဆို အရူးအမူးပေါ့ ..။

    • cryingsoul

      November 29, 2011 at 5:05 pm

      အရုးမူးဆိုတာလဲ ချစ်လေးရေ sex ပက်သတ်လို.ပွင်.လင်းမှုတွေရှိလို.ပါ ဟုတ်ပါတယ် မိသားစုနဲ.နားထောင်လို.မရတဲ.သီချင်းတွေကလဲများများလာတယ်လေ အဲ.တာကိုဆိုးတယ်ပဲပြောရမလား ကောင်းတယ်ပဲပြောရမလား ကျွန်တော်လဲမသိတော.ပါဘူးဗျာ ကျွန်တော်လဲ အကုန်နားထောင်ပါတယ် ကျန်တဲ. ဂီတ တွေက Hip Hopလောက်မရိုင်းသေးဘူးလို.ထင်တယ်ဗျ ကျွန်တော်မသိတာလဲပါမှာပေါ.နော် သိတဲ.သူရှိရင်လဲပြောပြပါဦးလို………………..

  • မှော်ဆရာ

    November 29, 2011 at 2:54 pm

    ကျွန်တော်လဲ အနုပညာဆိုတဲ့အကြောင်း ခေါင်းထဲမှာ ရေးထားတာ ရှိတယ် ..
    ရေးတင်လိုက်ပါမယ် …
    အားပေးကြပါဦး …

  • cryingsoul

    November 29, 2011 at 5:20 pm

    MRTV-4 ကကျင်းပသွားတဲ့Acoustic Hip Hop Showပွဲဆိုရင် နိုက်ကလပ်နဲ.တောင်တူပါတယ်ဖြစ်ချင်တိုင်းဖြစ်နေကြတာများမြင်တောင်မကောင်းဘူး ကျွန်တော့်ဆီမှာ Video ရှိပါတယ် မတင်တက်လို.ပါ ကြည်.ချင်တင်ချင်တဲ.သူများရှိရင် blackfoker17@gmail.com ကိုဆက်သွယ်တောင်းယူနိုင်ပါတယ် ကြာတော.ကြာပြီပေါ.နော် မကြည်.ရသေးတဲ.သူပြောပါတယ်

  • king

    November 29, 2011 at 6:41 pm

    တဖြည်းဖြည်းစိတ်ကိုလျော့ သိပ်စောဒကမတက်နဲ့တော့ (အင်း ….)
    မျက်လုံးလေးမှိတ်ကာ လှဲနေအိပ်စမ်းပါ
    သက်ပျင်းလေးချကာမော့ ရေတစ်ခွက်လောက်သောက်ချင်ပြော ………………
    မင်းအတွက် ငါ့အချစ်တွေ သိပ်ပြင်းထန်လို့သွားလား ဒီတစ်ခုတော့ နားလည်ပေးပါ ……..
    ရှေ့တိုးနောက်ဆုတ် ဝင်လိုက်ထွက်လိုက် ငါ့အသက်ရှူသံများ .. (အင်း ….. )
    စာကြွင်း။ အင်း …. = ဘယ်လိုအသံလဲဆိုတော့ ပြောပြတတ်ဘူးဗျာ .. 😀

  • Ko Ko Aung

    November 30, 2011 at 2:35 pm

    ရိုင်းတာရယ် ညစ်ညမ်းတာရယ်က
    ခေတ် နဲ့မဆိုင်ပါဘူး။
    လူရဲ့ စိတ်ဓါတ်နဲ့
    အလေ့အကျင့်နဲ့ ပဲ ဆိုင်ပါတယ်။
    အရင် Hiphop မပေါ်ခင်ကမွေးတဲ့ အဲသလိုလူမျိုးတွေက လမ်းဘေးမှာဆဲတယ်။ လမ်းဘေးမှာ ညစ်ညမ်းတာတွေ ပြောတယ်။ အုတ်နံရံမှာ အိမ်သာနံရံမှာ ညစ်ညမ်းရိုင်းစိုင်းတာတွေ အာသာပြေအောင်ရေးတယ်။
    အခု Hip Hop ပေါ်လာတဲ့အချိန်မှာ လူလားမြောက်တဲ့ အဲလိုလူတွေက အဲသလို ရိုင်းစိုင်း ကြမ်းတမ်း ညစ်ညမ်းတာတွေကို သီချင်းလုပ်ဆိုတယ် ။ အဲဒါပါပဲ။
    အဲဒါဟာ အမေရော နှမ ရော ရှိတဲ့ မြန်မာလူမျိုး တယောက်ရဲ့ အမြင်နဲ့ ခံစားချက်ပါပဲ။

  • အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ် ချစ်တလင်းခေါ်မယ် ချစ်ဗျုဟာကျင်းတဲ့ တူမောင်မယ်
    (သီချင်းအမည် ချစ်ဗျုဟာ ဆိုသူ ပြည်လှဖေ ရေးသူ မြို့မငြိ်မ်း)

  • “လို်က်လျောခြင်းရဲ့ အဆုံးစွန်ရောက်တဲ့ခဏလေး
    လိမ်း တဲ့သနပ်ခါး ပျက်ကျန်လို့နေ……………..”
    အပြာရောင်မျက်ရည် ရေးသူ စိုင်းခမ်းလိတ် ဆိုသူ စိုင်းခမ်းသီ ပြန်ုဆိုတာဘိုထီး။
    “နူးညံ့တဲ့ အထိအတွေ့ကို ပြန်အောက်မေ့မိတဲ့အခါတိုင်း
    (ရာသီပြောင်းချိန် ရေးသူ စိုင်းခမ်းလိတ် ဆိုသူဘိုထီး

Leave a Reply