ယုံချင်ယုံမယုံချင်နေ။ ဒိကိစ္စကမနေ့ကပြီးသွားတဲ့ မြန်မာနိုင်ငံတော်သံဃနာယကအဖွဲ့ကြီးရဲ့ (၄၇)ပါးစုံညီ အစည်းအဝေးမှာ၊ တညီတညွတ်ထဲဆုံးဖြတ်လိုက်တဲ့ သတိပေးတားမြစ်ချက်တွေပါ။ အဲ့ဒီအပြင်ဒီကိစ္စတွေပါပညတ်လိုက်ပါတယ်။

–       ဒါယကာ/မ များအထင်ကြီးအောင် ထင်ယောင်ထင်မှား အစွမ်းအစရှိသယောင်ဟောပြောခြင်း။

–       ဒေါသ၊ မာနကြီးခြင်း။

–       ဗေဒင်၊ ဆေးကု၊ ဓါတ်ရိုက်ဓါတ်ဆင်၊ အင်းအိုင်လက်ဖွဲ့များစီရင်ခြင်း၊  ချဲထီအစရှိသောကိစ္စများ ဆောင်ရွက်ပေးခြင်း

–       ယင်းကိစ္စများနှင့်အသက်မွေးဝမ်းကျောင်းပြုခြင်း။

–       လာဘ်ပါသကလက်ခံ၍ ဆောင်ရွက်ပေးခြင်း ကိစ္စများ။

–       မြှူဆွယ်ဖြားယောင်၍ ကိစ္စပြီးမယောင် ထင်ယောင်ထင်မှား လုပ်ခြင်း။ ဆောင်ရွက်ပေးမည်ဟုပြောဟောပြီး ဆောင်ရွက်ခြင်း။

–       ကိလေသာတရားနှင့် ၀ိနည်းနှင့်မညီညွတ်သော အကြံအစည်အပြုအမူ ပြုလပ်ခြင်း။

မောင်မိုးညို မနေ့ကသတင်းစာမှာဖတ်လိုက်ရတော့ ကိုယ့်မျက်စိကိုယ်မယုံနိုင်သလိုဖြစ်သွားပါတယ်။ ခုတလော မြန်မာနိုင်ငံရဲ့ နိုင်ငံရေးတိမ်တောင်ပြောင်းလဲမှုတွေ ခြေလှမ်းသွက်လာနေတဲ့ကြားထဲက၊ ဒိသတင်းထွက်လာတော့ တော်တော်အံ့သြသွားသလို၊ စိတ်ချမ်းသာစရာ သာသနာသန့်စင်ရေး ခြေလွမ်းတခုအနေနဲ့ အဖြစ်မြင်လိုက်မိပါတယ်။ ကြိုဆိုမိလိုက်ပါတယ်

ဒီကနေ့ ဘာသာရေးလောကမှာ (ဗုဒ္ဓဘာသာတင်မကပါဘူး။ ခရစ်ယန် နဲ့ မူစလင်ရော၊ ကက်သလစ်ဘာသာတွေမှာ) ဘာသာရေးခေါင်းဆောင်မျာူရဲ့ ကိုယ်ကျင့်တရားပျက်မှုတွေက မမြင်ချင်မကြားချင်အဆုံးဖြစ်လာနေပါတယ်။ မြန်မာဘုန်းကြီးတွေထဲမှာလဲ မဖုံနိုင်မဖိနိုင်အောင်ဖြစ်နေပါတယ်။ ဘယ်သူ။ ဘယ် media ကမှာ မထိရဲလို့ ဒီကိစ္စတွေကသိသာသိစေမမြင်စေနဲ့ ဆိုတဲ့ ကိစ္စဖြစ်နေပါတယ်။ ဒီကျူးလွန်ချက်တွေ ပါတဲ့စာရင်းကိုကြည့်လိုက်တော့ မောင်မိုးညိုအပါအ၀င် စာဖတ်ကြသူ အပေါင်းတို့က ကိုယ်ဘုန်းကြီးကရောဒီလိုပညတ်တွေနဲ့ ကင်းရဲ့လားဆိုတဲ့ မေးခွန်းတွေ သံသယတွေ ထိမ်းမနိုင်သိမ်းမရ ပေါ်လာပါလိမ့်မယ် ဆိုတာတွေးကြည်ရုံနဲ့သိနိုင်ပါတယ်။ ဒီကိစ္စကထိပ်ဆုံက စဖေါက်လို့ ဖြစ်ကြရတာပါ။ ဘုန်းကြီးရောတကာတွေမှာပူးတွဲတာဝန်ရှိပါတယ်။ ခုတော့ ဒီကိစ္စတွေထိထိရောက်ရောက်လုပ်တော့မဲ့ပုံပါဘဲ။ ပွဲပြီးမီးသေမဟုတ်ဘဲ၊ သာသနာတခုလုံးမှာတပြေးညီ အရေးယူဆောင်ရွက်လာနိုင်သည်နဲ့အမျှ၊ ဗုဒ္ဓသာဿနံစီရံတ္ထိထု ဖြစ်နိုင်ကြောင်းပါ။

About maungmoenyo

မောင်မိုးညို has written 57 post in this Website..

   Send article as PDF