ဂီတပညာရှင် မိတ်ဆက်

ムラカミNovember 30, 201121min21745
သူကတော့ Paul Gilbert ဆိုသူပါ။ 

အမေရိကန်ပြည်ထောင်စု အိလိနွိုက် ပြည်နယ် အခြေစိုက် ဂစ်တာသမားပေါ့ဗျာ။GuitarOne magazine ရဲ့ အလိုအရ ကမာ္ဘ့ နံပါတ်၄
အဆင့်ရှိတဲ့သူပေါ့...။ကမာ္ဘ့အမြန်ဆုံး ဂစ်တာသမားတွေအကြောင်းပြောကြတဲ့အခါ သူ့ကို ချန်မထားစကောင်းဘူးရယ်လို့ သတ်မှတ်ခံရတဲ့လူပါဗျ။
ကျနော်အနှစ်သက်ဆုံး ဂစ်တာသမားလည်းဖြစ်တယ်ဗျ..
ထူးခြားချက်တွေ ပြောမယ်ဗျာ ... သူဟာ GIT ကျောင်းဆင်းခည....(MIT - Massachusetts Institute of Technologyမဟုတ်ပါ
GIT-guitar institute of technologyခည)အဲ့သည့်ကျောင်းမှာပဲ ဆြာပြန်လုပ်တော့ အသက် ၁၈နှစ်ဗျာ...
ပါရမီကို တွက်ကြည့်နိုင်မယ်ထင်ပါတယ်... သည်အတွက် သူဟာ California မှာ နေထိုင်စဉ်ကာလများမှာ
တခြား ချာတိတ်တွေလို Mc Jobs တွေလုပ်ကိုင်ခဲ့ရခြင်းမရှိပါဘူး နောက်ထပ် ထူးခြားချက်တခုကတော့ ဘာသာရေးကိုင်းရှိုင်းတဲ့
အလယ်အလတ်တန်းစား လူတန်းစားက ပေါက်ဖွားလာတဲ့ သူဟာ တခြား Rockerကြီးတွေလို ဆဲဆို တတ်ခြင်း မရှိပါဘူးခင်ဗျား...
မရိုင်းဘူးပြောရမယ်ပေါ့ ဟာသဉာဏ်တော့ အတော်ရွှင်ပါသည်... (သူ့ ဟာသဉာဏ်ကို အောက်မှာ သူ့သီချင်းလေးတွေနဲ့ မိတ်ဆက်ပေးပါမယ်)
နောက်ဆုံး ထူးခြားချက်ကတော့ သူတို့ band ဟာ ဂျပန်မှာ အလွန်အောင်မြင်ပြီး ...သူဟာ ဂျပန်မလေး Emi ကိုလက်ထပ်ထားပါတယ် ...
(Tokyo မြို့ပေါ်က Yotsuya-3-cho-me ဆိုတဲ့ နေရာမှာ ၁နှစ်ကျော်ခန့် နေထိုင်သွားဖူးပါတယ်..)
 
သူ့ ဂီတ အကြောင်းဆက်ရအောင်..
November 6, 1966မှာမွေးဖွားခဲ့တဲ့သူဟာ ခုဆို အသက် ၄၅နှစ်ရှိပါပြီ နာမည်ကျော် Shred Band- Racer X နဲ့
Hardrock band- Mr. Bigမှာ တီးခတ်သလို Solo Albums တွေလည်း ထွက်ရှိထားပါတယ်
ဒါကတော့ Racer X ရဲ့ မူရင်း line-upပါ (Wiki က ယူထားတာပါ)
Paul Gilbert (guitar),
Juan Alderete (bass),
Harry Gschoesser (drums)
Jeff Martin (vocals)


သူတို့ Style ကိုပြောရရင် Judas Priest ရဲ့ လွှမ်းမိုးမှု အတော်များပါတယ်...(Drums ကတော့ နောက်ပိုင်းမှာ Scott Travis ဆိုတဲ့
Judas Priest ရဲ့ drummer ဝင်တီးပါတယ်)Bruce Bouillet လည်း second guitar အဖြစ် ဝင်အားဖြည့်ပါတယ်။ သူဟာလည်း
အလွန်ကောင်းမွန်တဲ့ guitarist တယောက်ဖြစ်ပြီး Paul နဲ့ အပြိုင် အစွမ်းပြနိုင်သူပါ


Paul ဟာ သူ စတင်နာမည်ကျော်လာတော့ သည်ခေတ်ရဲ့ ကမာ္ဘ့အမြန်ဆုံး ဂစ်တာသမားYngwie Malmsteen ပေါက်စလေး အဖြစ်
တင်စားခြင်းခံရသူပါ .... Paul သည်လည်းပဲ အလွန်မြန်တဲ့ solos တွေနဲ့ အမြင့်ဆုံးlevel technique ကို ပြသနိုင်တဲ့လူပါ
သည်သီချင်းတွေကတော့ Paul ဟာ သူ့အရေအသွေးကို မှတ်ကျောက်တင်ခံခဲ့ရတဲ့ shred metal songs (အဆိုမပါ)တွေဖြစ်ပါတယ်...
သည်သီချင်းတွေကြောင့် ပဲ သူ့ကို ကမာ္ဘ့အမြန်ဆုံး ဂစ်တာသမားတယောက် အဖြစ် သတ်မှတ်ခံရတာပါ


"Technical Difficulties"
"Frenzy",
"Scarified",
"Y.R.O."
"Scit Scat Wah"
 
ကျနော့် personal အမြင်အရေပြောရရင်တော့ "Technical Difficulties" ရဲ့ technique ပိုင်း နက်ရှိုင်းခက်ခဲမှုကို
လေးစား သဘောကျပါတယ် မြင်အောင်ပြောပါဆိုရင်တော့"Technical Difficulties"မှာ 16th note picking
တီးနေရာကနေ ချက်ခြင်း tapping ပြောင်း တို့တယ်ဗျာ..  tap နေရင်းကနေ licks တွေပြန်ပြောင်းတယ်...
tap နေတုန်းမှာ pick ကို လက်ခလယ်ရဲ့ ဒုတိယ အဆစ်မှာညှပ်ပြီး tapတာခည ...
(ဂစ်တာသမားတွေ ပါရင် လုပ်ကြည့် လွယ်ဝူးရယ်) ကျနော် အနှစ်သက်ဆုံးကတော့ (ပိုမြန်တဲ့)"Scarified" ဖြစ်ပါတယ်


 
သည်ခေတ် နောက်ပိုင်း ကျော်ကြားတဲ့ သီချင်းတွေကတော့
"Curse of the Castle Dragon"
"Let the computer Decide"
"Get Out of my Yard"
"Silence followed by the Deftening Roar"
"Full Tank"
"You Kids"
"Paul Vs Godzilla"
"The Gargoyle"
"Fuzz Universe"
"Olympic"
စတာတွေ ဖြစ်ပါတယ် ကျနော် "Fuzz Universe" -album နားမထောင်ဖူးသေးပါ"Get Out of my Yard" ကိုတော့ အလွန်နှစ်သက်ပါသည်
ကြိုက်ဆို human capo သုံးပြီးတီးသွားတာကိုးဗျ..off-rules တွေ သိပ်လုပ်ပြထားတဲ့သီချင်းပါ "You Kids"ကတော့ notes အကျဲကနေ
အစိတ်ကိုတဖြည်းဖြည်းချင်းတင်ယူသွားပြီး တော်ရုံ လိုက်မတီးနိုင်တဲ့ သီချင်းပါ။Racer-X ဟာ ကမာ္ဘတလွှား multi-platinum ရထားတဲ့
နာမည်ကျော် shred band ဖြစ်ပါတယ်..mainstream music ထဲကမဟုတ်လို့ Dragon Force တို့လို မကျော်ကြားတာဖြစ်ပါတယ်။
Racer X ရဲ့ ထွက်ရှိထားတဲ့ Album စာရင်းဖြစ်ပါတယ်

Street Lethal (1986)
Second Heat (1987)
Extreme Volume Live (1988)
Extreme Volume II Live (1992)
Technical Difficulties (1999)
Superheroes (2000)
Snowball of Doom (2002)
Getting Heavier (2002)
Snowball of Doom 2 (2002)
 


Racer-X အကြောင်း သည်မှာ ရပ်ပြီးတော့ အထူးမိတ်ဆက်ပေးစရာမလိုတဲ့ Mr.Big band အကြောင်းသွားကြရအောင်ပါ
ဒါ Mr.Big ရဲ့ Original line-up ဖြစ်ပါတယ်
Eric Martin – lead vocals
Pat Torpey – drums
Billy Sheehan – bass guitar
Paul Gilbert – guitar

 
သူတို့ဟာ Hard-rock band လို့ အကြမ်းဖျင်း သတ်မှတ်နိုင်ပါတယ်... တခါတခါ soft ဖြစ်တာလေးတွေacoustic လေးတွေ လုပ်ပြတတ်ပါတယ်
(Paul ကို metal-guitaristတွေ လေးစားရတဲ့အချက် တခုရှိပါတယ် အဲ့ဒါ ကတော့သူဟာ Acoustic guitar touching လည်း
အလွန်ကောင်းမွန်သူဖြစ်လို့ပါ အလွန်မြန်တဲ့ Scarified ကို သူ့ နာမည်နဲ့ထုတ်တဲ့ Acoustic Samurai Albumမှာ တီးပြထားဖူးပါတယ်)


Mr. Bigကို သီချင်းလေးတွေနဲ့ တွဲပြီး မိတ်ဆက်ပေးရရင်(ထွက်ခဲ့သည့် နှစ်အလိုက် မဟုတ်ပါ .မြန်မာCopy ရှိသည့်မှတ်မှတ်ထင်ထင် များမှ စရေးပါမည်)

To Be With You (အချစ်ရူး ...ထွဏ်းထွဏ်း)
ကမာ္ဘတဝှမ်း က chart တွေထိပ်တက်ကပ်တဲ့ အင်မတန်လှတဲ့ acousticသီချင်းလေးဗျာ ...အဆိုရှင်ကလည်း အတော်ပညာပါတာ ...
(Eric ရဲ့ အသံကို soulful လို့ တင်စားကြတယ်ဗျ..) soloလေးကလည်း လှချက်. ...harmonic scale ကို E-major
open strings တွေ တွဲတီးသွားတာ .. harmonic vocals တွေအားနဲ့ သီချင်းရဲ့ ဒုတိယ နောက်ဆုံး Cho:မှာ
KeyG အထိမြှင့်ယူတာတော့ အကြိုက်ဆုံးပဲခင်ဗျ...

Green-tinted Sixties Mind(အရိုးဆုံးသော အချစ်ဇာတ်လမ်း ...မျိုးကြီး)
ဒါက Paul ရေးတဲ့သီချင်းဗျ ...၆ဝပြည့်လွန်နှစ်တွေလို old-fashioned ကောင်မလေးအကြောင်း ဆိုပါတော့ ... သည်သီချင်းရဲ့
အလှဆုံးနေရာက intro ခင်ဗျ ...သူလည်း open string tapping ပဲ ..တီးတတ်ဖို့ကျင့်ရင် မျက်စိစွေသွားမယ်
လို့ (Terrifying Guitar Trip ထဲမှာ )Paul ကနောက်ထားပါတယ်..



Nothing but Love(ဘာ့ကြောင့်လည်း အချစ်ရယ် နားမလည်ခဲ့ပါ ....ဆိုတဲ့စာသားနဲ့ဗျာ မျိုးကြီးဆိုတာပဲ ခေါင်းစဉ်မေ့နေလို့)
သူကတော့ simplicity ကိုပြတဲ့ သီချင်းဗျ...vocal နဲ့ပဲ တပုဒ်လုံး သယ်သွားတာsolo ကို ရိုးရိုးလေး ကျဲကျဲလေးပဲ တီးထားတယ် ..
bend တွေslide တွေတော့ ပါတယ်ပေါ့လေ....
 
Goin' Where the Wind Blows(သည်တပုဒ်လည်း နာမည်မေ့ပီ ..ဟီး.... မင်းဘက်ကကြိုနေတာ မိုးသက်မုန်တိုင်း .... မျိုးကြီး)
ဒါကလည်း နောက်ထပ် acoustic song ပဲဗျ...ထူးခြားတာက drums မသုံးဘဲ  percussion သုံးထားတော့
ပိုနုတာပေါ့ ...သည်သီချင်းမှာ billy က rhythm ဝင်တီးထားတယ်...


Stay Together(ဒါလည်း မျိုးကြီးသီချင်းဘဲဗျ)...
မျိုးကြီးဟာ အစောပိုင်းကာလတွေမှာMr.Big သီချင်းတွေ ပြန်အဆိုများတယ်ဗျ. ..များဆို သူ့အသံကာလာက Eric နဲ့ ဆင်တာကိုး...
Key အရပြောရရင် မျိုးကြီးပိုမြင့်တယ်ဗျrange ကျတော့ eric က ပိုကျယ်ပါသည် ဘယ်သံ ပါရတာကိုး ...color လည်းပိုလှတယ်ဗျ..
(အော် ကမာ္ဘကျော် ကိုး..)
နောက်
Seven Impossible Days (ညနေ မျိုးကြီး)
မောတယ် ရှင်းတော့ဝူးနော်.



ကျုပ်တို့ ဗမာတွေ ပြန်မဆိုကြတဲ့ နာမည်ကြီးသီချင်းတွေကတော့
Daddy, Brother, Lover, Little Boy
ကောင်မလေး လိုရာသုံးပေါ့ဗျာ ပုံစံအမျိုးမျိုးနဲ့ ချစ်ပြမယ်ပေါ့ ... ဒီသီချင်းက Heavy Metal ဗျ..ဆြာသမားတွေ အတော် ပညာပြထားတာ ...
အထူးခြားဆုံးက Solo မှာ Paul နဲ့ Billyက  Drills ထိပ်မှာ pick တွေ တပ်ပြီး တီးသွားတာ ...
အဲ့သည့် Solo ကအတော် နာမည်ကျော်တာဗျ..
 
နောက်တပုဒ်ကတော့ Just Take My Heart
Mr.Big မှာ ကျနော် အကြိုက်ဆုံးလို့တောင် ပြောလို့ရတယ်ဗျာ...အဲ့လောက်ကောင်းပါတယ်..
(မအောင်မြင်ခဲ့တဲ့ ဗမာ Rocker တယောက် ပြန်ဆိုဖူးပါသည် ..အမှတ်မမှားရင် Emperor ကတီးပေးတာပါ)
သည်သီချင်းရဲ့ acoustic intro က အတော်လှတယ်ဗျ ...ခံစားချက်ကို ဖွဲ့နွဲ့ထားတဲ့ အတော ဆိုပါတော့ ...Drop D tuning နဲ့
အတီးများပေမယ့် ဟိုတလောလေးက Standard tuningနဲ့ တီးတဲ့ notes ရထားလို့ လက်ရှိတော့ သည်အတိုင်းတီးပါသည်။
(Paul တီးသည့်အတိုင်း အတိအကျမထွက်ပါ)
တခြား ချန်လှပ်ခဲ့ရသည့် သီချင်းကောင်းများစွာ ရှိပါသေးသည်။

Mr.Big အကြောင်း တော်ဦးစို့ဗျာ Paul အကြောင်းဆက်မယ်..


သူက ၁၉၉ရမှာ Mr.Big ကထွက်တယ်ဗျ ..သူ့ solo career အတွက်ပါ...Mr.Big က ပျက်မသွားဘူး Richie Kotzen ဆိုတဲ့
 ဆြာသမားတယောက်ထည့်ပြီးဆက်ဆွဲတယ်..(နောက်၂ခွေလောက် လုပ်ပြီးမှ disbanded ဖြစ်သွားတာပါ seven impossible day,
 shine တို့က Richie လက်ရာတွေပါ)

Solo အနေနဲ့ Paul ဟာ
King of Clubs (1998)
Flying Dog (1998)
Beehive Live (1999)
Alligator Farm (2000)
Raw Blues Power With Jimi Kidd (2002)
Burning Organ (2002)
Paul the Young Dude/The Best of Paul Gilbert (2003)
Gilbert Hotel (2003)
Acoustic Samurai (2003)
Space Ship One (2005)
Get Out of My Yard (2006)
Tough Eskimo (limited edition EP)
Silence Followed By A Deafening Roar (2008)
United States With Freddie Nelson
Fuzz Universe (2010)
ဆက်တိုက် ထွက်တယ်ဗျ. .ကျနော် အကုန်နားမထောင်ဖူးတာ ဝန်ခံရမယ်..
ကြားထဲမှာ G3 Performance တွေလုပ်လိုက်သေးတယ်..၂၀၀ရမှာဗျ
G3ဆိုတာ ခေတ်ပြိုင် အကောင်းဆုံး ဂစ်တာသမား ၃ယောက်ပေါင်းပြီး ကမာ္ဘလှည့်တီးတာကိုပြောတာပါ... နှစ်အလိုက် liine-upတွေတော့
မတူကြဘူး ...သူ့band ကိုယ့်band ခေါ်လာကြ။ ပထမပိုင်းမှာ ကိုယ်ပိုင် လက်စွမ်းပြသီချင်းတွေတီး....ဒုတိယပိုင်း မှာ Jimie Hendrix တို့လို
ဆြာကြီး tribute တွေ တီး ပေါ့ဗျာနောက်ဆုံးပိုင်းကျရင် ၃ယောက်ပေါင်းတီး ...အဲ့လို ပွဲမျိုး...တကယ့် ပဂေးကြီး  Joe Satriani က
၁၉၉၆မှာ စလိုက်တာဗျ..၂၀၀ရထိ နှစ်စဉ် ပေါ့...ဘယ်သူတွေ ပါဖူး သလဲဆို Steve Vai , Eric Johnson, Kenny Wayne Shepherd,
Yngwie Malmsteen,John Petrucci, Robert Fripp, Paul Gilbert, Uli Jon Roth, Michael Schenker, Adrian Legg
တယောက်မှ အချဉ်မပါဘူးနော့် ....အဲ့သည့် ၂၀၀ရ show ကို ခုထိ မကြာမကြာ ကြည့်ဖြစ်တုန်း..


အဲ့သည့်နှစ်ရဲ့ Line-Up ကတော့
Paul Gilbert, John Petrucci , Joe Satriani ခင်ဗျ...Paul က သူ့ Racer-X band တခုလုံး မလာပြီး တီး ...
Petrucci ကလည်းဆြာတို့ ကြိုက်တဲ့ Dream Theater ကြီးမလာ..အတော်ကောင်းသဗျ...
Paul က G3လိုမျိုး အခြား ပွဲအတော်များများလည်း လိုက်တီးသေးတယ်ဗျ...တခါကြည့်ဖြစ်တာ Jamie Hendrix ရဲ့ ကမာ္ဘကို ကိုင်လှုပ်ခဲ့တဲ့
Blues/Rock သီချင်း Purple Haze (နေရာသစ် - ဇော်ဝင်းထွဋ်) ကိုVai, Joe, Paul ၃ယောက်ပြန်တီးတာ ..ရေရေလည်လည်
နားထောင်ကောင်းသဗျ...(တချိန်တုန်းက Vaiဟာ Joe တပည့်ဗျ. ...သည်လူက တနေ့၈နာရီ လေ့ကျင့်တဲ့လူ)
သူတို့ ဆြာတပည့် ထိပ်ကပိတ်တီးနေရင် တော်ရုံ ဂစ်တာသမား မတီးရဲဘူးရယ်......note တီးတာ သေသပ်သလောက် ပါဖောမန့်
မကောင်းတဲ့ Petrucci တောင် ပြာဖူးတယ်..ပြောကြတယ်ဗျVai ကမာ္ဘပါတ်ရင် အမြဲပါလာတတ်တာက Mr.Big က Bassသမား
Billy Sheehanဗျ..(သူက အရင် Mr.Big မတိုင်ခင် Vaiဝိုင်းမှာ တီးတယ်လေ..)


သည်တော့ Paul နဲ့ ပြန်တွေ့ ကျန်လူတွေပြန်ခေါ်နဲ့၂၀၀၉ မှာ Mr.Big ပြန်ပေါင်းထုတ်လေသတည်းပေါ့ဗျာ
(Original Line-up အတိုင်းဗျ ..Paul ထွက်သွားပြီး ဝင်တီးတဲ့ Richie Kotzenေတာ့ ပြန်မပါတော့ဘူးပေါ့)
၂၀၁၁မှာ သည်အဖွဲ့ အခွေသစ်ထွက်တယ်ဗျ What If တဲ့...(ခုထိတော့ ဘယ်သူမှ ပြန်မဆိုကြသေးဘူး ...)
ယနေ့ခေတ် Hard-Rock  ဆိုတာ ဒါမျိုးလို့ definition ချပြထားတဲ့ အခွေပေါ့ အချစ်သီချင်းချိုချိုလေးတွေ ကြိုက်သူတွေအတွက်တော့
အဆင်ပြေမှာမဟုတ်ပါဘူး ..(acoustics တွေမပါတော့ဘဲ power balladေတာင် ၁ပုဒ်ပဲပါတယ်ဗျ)

 


ဟာသဉာဏ်အတော်ကောင်းတဲ့ Paul ရဲ့ နာမည်ကျော် သီချင်းလေး တချို့ကို
တင်ဆက်ချင်ပါတယ်ဗျ သူကိုယ်တိုင် တီးပြီး ကိုယ်တိုင်ဆိုထားတာလေးတွေပါ သူ့နာမည်
Paul Gilbert ဆိုတဲ့ label နဲ့ပဲ ထုတ်တာပါ ..... ဖတ်ပေးကြပါဦး...
(Paul က အသံမကောင်းဘူးဗျ ဆိုတတ်တယ် ဆိုတဲ့အနေအထားပဲ ရှိတာပါ..)

Older Guy - အသက်ကြီးလာပြီး မစွံတဲ့ လူမပျိုကြီး အကြောင်းရေးထားတာဗျ… သီချင်းအဆုံး
ကစာသားလေးက သူ့ ဟာသဉာဏ်ကိုပြပါတယ် ….
For chasing younger girls in leather boots
But I am harmless as can be
I'll show you if you want to see
My gun will aim, but it no longer shoots
Koto Girl – 18ကျိုးတပ် ဗျပ်စောင်းတီးတဲ့ တရုတ်မလေးအကြောင်းဖွဲ့ထားတာဗျ …
I met her here
Drinking cold ASAHI beer
Or could have been
A grass of tsing tao
I walked up and asked her please
She replied hello in Cantonese
လှတယ်နော …
Girlfriend’s Birthday - ရည်းစားမွေးနေ့ကို မေ့သွားလို့ ဒုက္ခရောက်ရပုံလေးပါ
she's gonna kill me
Don't need a bullet or a gun
She's gonna drop me
After a year of havin' fun
Nothin' I can do, nothin' I can say
'Cause I just forgot my girlfriend's birthday


Individually Twisted - ကောင်မလေး တယောက်ကြောင့် စိတ်ရှုပ်ရတဲ့အကြောင်းလေးပါ
Individually twisted like a pretzel
Feel the salt right on my wounds
Individually twisted
Like a python
With a knot I can't undo
Individually Twisted
Twisted over you


Just in Love- ချစ်မိတဲ့အခါ လူဟာ ပျင်းရိ ညံ့ဖျင်း သွားတတ်ပါတယ်ဆိုပဲ...
Mama if you think I'm too crazy
I'm just in love
Mama if you think I'm too lazy
I'm just in love


I am Satan- ကိုယ်ဟာ လူဇိုးပေါ့ကွယ်....
You run as fast as you could go
You need not fear me I won't follow
You'll always have respect from me
Now what do I see
You're walking back to me

Suicide Lover - ညှို့အားပြင်းတဲ့ မိန်းမလှလေးအတွက် အဖွဲ့အနွဲ့ ပါ
She was the best girl that I ever kissed
How was I to know she was a terrorist
But she didn't mean to hurt me
Yeah, in fact she looked surprised
When her love exploded right into my eyes
Three Times Rana- ကျနော်လည်း တခါတခါ စိတ်လွတ်လက်လွတ် ညဘက်လျောက်လည်ချင်ပါတယ်ဗျ..
Australia is in the south
A girl there kissed me in the mouth
I want to take her out tonight

I Like Rock - နည်းနည်း pank ဘက်ရောက်တဲ့ color တွေချိန်ထားတဲ့သီချင်းပါ...solo ကတော့ အလန်းစား...
I like rock
Music will never stop
Gimme electric shock
I like rock

Be My Wife -  တိုက်ဆိုင်မှုတွေ ရှိလို့ မကြာမကြာ နားထောင်မိကြောင်း......
She could be an actress
Future movie star
Whorkin' as a waitress
At the local bar


Down to Mexico - (Paul ကိုယ်တိုင်တီး ကိုယ်တိုင်ဆိုထဲမှာ)ကျနော် အကြိုက်ဆုံးသီချင်းဗျ ...သူ့ riff တွေက ရေလည်လန်းတယ်...
acoustic နဲ့လည်း အတော်လေးလှတဲ့ သီချင်း..စာသားကိုလည်းကြည့်ပါဦး...
You don't need to buy your friends
They're just glad to meet ya
Maybe even meet yourself
A friendly senorita
If you never try it you will never know
You could run down to Mexico
 တကယ် မြိုင်တဲ့သီချင်းလေးပါဗျာ...

Paul က
သူများသီချင်းတွေလည်း တခါတလေ ယူဆိုတယ်ဗျ...
Dancing Queen
2 Become 1
Time to Let You Go
တွေက ထင်ရှားတဲ့ သီချင်းတွေပါ
Enuff Z'Nuff ရဲ့ Time to Let You Go ကတော့ ကျနော် အနှစ်သက်ဆုံးပါ..
နောက်ထပ် ပြောပြချင်တဲ့ Paul အကြောင်းကတော့ သူဟာ ကမာ္ဘပါတ်ပြီး Guitar Clinic တွေ Workshop
တွေလိုက်လုပ်လေ့ရှိပါတယ်..အဲ့သည်တွေမှာလည်း demonstration တွေကို Aerosmith အစ
Christina Aguilera အဆုံး သီချင်းတွေ သုံးပြီး ရှင်းလင်း သင်ကြားပေးနိုင်သူဖြစ်ပါတယ်.Music Vocalbulary ကြွယ်ဝမှု
ဟာ သူ့ရဲ့အားသာချက်ဖြစ်ပါတယ်...beethoven အစ Beatles အလည် Green Dayအဆုံး အစုံနားထောင်တဲ့ သူဖြစ်ပါတယ်....


နောက်ဆုံးပိုင်းအနေနဲ့ကတော့ Paul အသုံးပြုတဲ့ Gear ကို မိတ်ဆက်ပေးချင်တာပါ....

1. Guitar
Paul ရဲ့  signature ဂီတာတိုင်းမှာ မပါမဖြစ်ပါတာကတော့ "F-holes" တွေပါပဲ
ဒါကတော့ လက်ရှိ အသုံးပြုနေတဲ့ Ibanez "Fireman" model ဖြစ်ပါတယ်... သူ့အတွက် သီးသန့်
customized ထုတ်ပေးထားတာဖြစ်ပါတယ် .... model name ကတော့ PGMFRM100 ဖြစ်ပါတယ်..



2. Amp
လက်ရှိ အသုံးပြုနေတဲ့ အမျိုးအစား ဖြစ်ပါတယ်
Marshall Vintage Modern 2266c combo amps


3. DiMarzio PAF Pro Pick 3ခုပါ


 ၄. အသုံးပြုတဲ့ ကြိုးအမျိုးအစား

 ၅. သူအနှစ်သက်ဆုံး pick ပါ.. အရောင်ကတော့ လိမ္မော်ပါတဲ့ ..... ပရိတ်သတ်တွေကိုလက်ဆောင်ပေးလေ့ရှိတာကတော့ အဖြူဖြစ်ပြီး
သူ့ sign ကို permanent marker နဲ့ ရေးထိုးလေ့ရှိသူပါ


6. သူအသုံးပြုခဲ့တဲ့ effects တွေကတော့ အောက်ပါအတိုင်းပါ
Home Brew Electronics Bajo Mos
Home Brew Electronics Detox EQ
TC Electronic Nova Delay
Home Brew Electronics Compressor Retro
MXR Phase 100
MXR Phase 90
BOSS DD-3 Digital Delay
Ibanez AF2 Airplane Flanger
MXR Blue Box
Home Brew Electronics THC Chorus
Robert Keeley Nova Wah LE
Electro-Harmonix Deluxe Electric Mistress
Korg Pitchblack tuner or Boss Chromatic Tuner (depending which is more visible in stage lighting)
Majik Box Fuzz Universe (as of 2010)
X-otic AC Booster
Jim Dunlop 535Q Crybaby (as of 2010)

(PGMFRM1)

လွန်ခဲ့တဲ့၂နှစ်ကျော်လောက်အထိ သုံးခဲ့တဲ့ Fireman model ဖြစ်ပါတယ်..တကယ်တော့ fireman model

ဆိုတာ Ibanez ရဲ့ နာမည်ကျော် Iceman model ကို reverse ပြန်ချိုးထားတဲ့ design ဖြစ်ပါတယ်…

 

သူယခင်က တောက်လျောက် သုံးလာခဲ့တဲ့  Guitar Series ကတော့နောက်ထပ် သူ့ customized series ဖြစ်တဲ့ PGM seriesပါ

PGM300s ကတော့ …. အဖြူရောင် မော်ဒယ် ဖြစ်ပြီး PGM301 ဟာ လူကြိုက်များပါတယ် …

PGM401 ကတော့ သစ်သားရောင်ဖြစ်ပါတယ်…

 

 PGM 300re ရဲ့ကြော်ငြာပါ ...နှစ်သက်ကြလိမ့်မယ် ထင်ပါတယ်...

သည်အောက်က link ကတော့ ကျနော်အပါအဝင် လူ၆သန်းကျော် ကြည့်ရှုထားတဲ့ Paul ရဲ့ နာမည်ကျော် Scarified သီချင်းဖြစ်ပါတယ်
ခံစားနားစဉ်ကြည့်ကြပါဗျ....


P.S Akihabara လို့ခေါ်တဲ့ လျှပ်စစ်မြို့တော်မှာ PGM300re လေး၁လုံး တင်ထားတာ ... မဝယ်နိုင်ပေမယ့် ကြုံတိုင်း သွားသွား ငန်းနေတာ ..
တနေ့ကမှ မတွေ့တော့ဘူး ..တယောက်ယောက် ဝယ်သွားပြီလေ ...အရှေ့ကျွန်း ၁ကျွန်းလုံးမှာမှ အလုံး၄ဝပဲ ထုတ်တဲ့ ဂီတာလေး.....
ဈေးက ယန်း၂၆သောင်း ဆိုတော့ အစိမ်း ၃ထောင်ကျော်ပေါ့ .....အင်း ..ဝယ်နိုင်တဲ့ကောင်တွေ ဝယ်ထားကြဦးပေါ့ကွာ .......
အဲ့ဒါလေး ခံစားရလို့ ချရေးလိုက်တာပါဗျာ...

45 comments

  • inz@ghi

    November 30, 2011 at 6:10 pm

    Paul သီချင်းတွေထဲက နားထောင်ချင်တာ ရှိရင် PM ပို့ပြီး …တောင်းနိုင်ပါတယ်ဗျ…
    MG ပေါ်တင်စေချင်ရင်တော့ သဂျိုင်ခီး ကိုသာညှိကြပါတော့ဗျို့….

  • blackchaw

    November 30, 2011 at 6:18 pm

    ဂီဂီရေ။ အေးအေးဆေးဆေး ဖတ်ခွင့်ပြုပါ ခင်ဗျား။
    အော်ရီဂျင်နယ် ဂီတနဲ့ ဘဘက နည်းနည်းလည်း ဝေးလို့ပါ။
    ပြီးမှ အေးအေးဆေးဆေး မန့်တာပေါ့နော။
    ခင်ဗျားကတော့ စွယ်စုံပဲဗျာ။

  • blackchaw

    November 30, 2011 at 6:36 pm

    မဟားဒယားပဲပြုပြု ဘလက်ကာယပဲလုပ်လုပ်
    ဂီတ ဗဟုသုတ ရလို့ ကျေးဇူးတင်ပါတယ်။
    ဘဘဘလက်က The Beatles ကြိုက်တယ်။
    Gerard Jolling ကြိုက်တယ်။ Chris De Burgh ကြိုက်တယ်။
    Gerard Jolling ရဲ့ Hearts on Fire ဆိုတဲ့ သီချင်းကို ဂီဂီ နားထောင်စေချင်တယ်ဗျို့။
    အရမ်းမိုက်ပါတယ်။

  • alinsett

    November 30, 2011 at 8:29 pm

    သိပ်ကောင်းတဲ ့ပို့စ်ပါ။တင်ပေးတာ ကျေးဇူးတင်ပါတယ်။
    အနုပညာရှင်ကြီး တစ်ယောက် ရဲ ့ ဘဝ ကို တော်တော်လေး သိလိုက်ရတယ်။
    နောက်ကိုလည်း..အဲဒီလို အနုပညာရှင်တွေရဲ ့ထူးခြားချက်တွေ နဲ ့ပုံတွေ…ဖော်ပြပေးပါဦးလို ့တောင်းဆိုပါရစေ.။

    စာပေပညာရှင်တွေ အကြောင်းဘက်..လည်း လှည့်မယ်လို ့မျှော်လင့်ပါတယ်နော်။

    လေးစားစွာ..ခင်မင်လျက်
    အလင်းဆက်

    • inz@ghi

      November 30, 2011 at 8:34 pm

      ကျေးဇူး ပါ ကို အလင်းဆက်..
      ကျနော့် Post တွေအတွက် ဆြာ့ ပထမဆုံးသော
      comment ဖြစ်လို့ ကျေးဇူးပါ. ..(စာပေဝေဖန်ရေးဆိုလို့ ဖတ်သွားပါတယ်) ဆိုတာကိုတော့
      ရေးထားတဲ့ အကြောင်းအရာနဲ့ ပတ်သတ်ပြီး မမန့်ထားလို့ မန့်တယ်လို့ မယူဆပါရစေနဲ့ခင်ဗျား…

      လူမှန်းသိတတ်စကနေ ယနေ့အထိ စွဲလမ်းနှစ်သက်ခဲ့ရတဲ့
      အနုပညာရှင်အကြောင်းကို ကိုယ် တတ်စွမ်းသလောက် ဖွဲ့နွဲ့ လက်ဆင့်ကမ်းရတာ
      ဂုဏ်ယူပါသည်ခင်ဗျား….

      အားပေးတဲ့ ဆြာ့ကိုလည်း ကျေးဇူးပါ..
      ဆြာ့ အနုပညာသမိုင်းမှာလည်း ဆြာ့ ပရိတ်သတ်တယောက်ယောက်က
      ဆြာ့အကြောင်းကို တခုတ်တရ ဖွဲ့နွဲ့ တင်ဆက်မှုမျိုး ခံစားရရှိပါစေလို့
      ဆန္ဒပြုရင်း….

      ခင်တဲ့
      Inz@ghi

  • alinsett

    November 30, 2011 at 8:44 pm

    ဟုတ်ကဲ. ကိုယ် ့ရဲ ့ဝေဖန်မှု ကို ကြိုဆိုလို ့ ကျေးဇူးပါပဲ။
    ကိုယ်က အချိန် မရတာက များနေတော့ ရွာထဲ သိပ်မရောက်ဖြစ်ပါဘူး။
    ဒါကြောင့် ရွာသူရွာသားတွေကို အားရပါးရ မိတ်ဆွေ ဖွဲ ့ ( comment ပေးချင်ပေမယ့် )
    စိမ်းနေပါတယ် ။
    ကိုယ် အရမ်းကို စိတ်မကောင်းဖြစ်ရပါတယ် ။
    ကိုယ်လည်း နောက်ပိုင်းမှာ ရွာသူရွာသားတွေ အတွက် အချိန်ပေးနိုင်အောင် ကြိုးစားပါဦးမယ်ဗျာ။

    ကိုယ်က မန်းတာ နည်းပေမယ့်…. ပို ့စ် တင်သူတွေ ရဲ ့စာတွေကိုတော့ အမြဲ.စောင့်ဖတ်ပါတယ် ။
    ကိုယ် ့သဘာဝကိုက စာဖတ်တာက များနေတယ်လေ..။

    ခင်မင်စွာ…

  • မှော်ဆရာ

    November 30, 2011 at 9:43 pm

    နင် ဒါမျိုးလဲ ရပြန်တာပဲလား …။

    • inz@ghi

      November 30, 2011 at 9:44 pm

      ဟိတ်လူ တိုးတိုး …
      ဒါကရည်းစားဦး ..ဟီး..

    • inz@ghi

      November 30, 2011 at 10:02 pm

      ဟိတ်လူရီး
      ပေါက်ကရ မပြောနဲ့
      3လပိုင်းပြန်လာမယ် jamရအောင်ဗျာ ….နော. …
      ကျုပ်ကို နည်းနည်းအခွင့်အရေးလေး ပေးစမ်းဘာဗျာ…
      ပညာယူပါရစေ ….

  • warr

    November 30, 2011 at 9:47 pm

    ဂီတာဈေးက ယန်း၂၆သောင်း ဆိုတာကိုဖတ်လိုက်ရလို့တော်တော်စိတ်မကောင်းဖြစ်သွားပါတယ်

    ကိုပေါအကြောင်းတွေတစ်ပွေ့တစ်ပိုက်နဲ့အိမ်ကိုပြန်သွားပါပြီရှင့်

  • pooch

    November 30, 2011 at 11:17 pm

    သီချင်းလေးတွေ ရသလောက် pm ထဲက တဆင့်မျှစေချင်ပါတယ် ဒီဘက်မှာ ပြန်ပြီး မဆိုရသေးဘူးဆိုတဲ့ ထဲကပါ… ဒီကကော်နက်ရှင်နဲ့ ရှာရတာ အဆင်မပြေလို့ပါ
    dowonload ဆွဲလို့ မြန်မဲ့ file ဆိုဒ်လေးတွေဆို ပိုကျေးဇူးတင်ပါတယ်…

    အိမ်မှာ ဂစ်တာဝယ်ပြီး ကိုယ်တိုင်တီးကြည့်တာ ပါရမီရော ဝါသနာရော ဇွဲပါ နည်းလွန်းတော့ လက်နာလာတာနဲ့ ရပ်လိုက်ပါတယ်…အခုတော့ အလှ ချိတ်ထားတယ်
    သီချင်းသံ မပါဘဲ ဂစ်တာသံ၊ စန္ဒယားသံ တီးလုံးသီးသန့်လေးတွေကိုတော့ ဆိုင်ဖွင့်တုန်းက အမြဲဖွင့်ပြီး နားထောင်ပါတယ်
    နောက်များ ကြုံရင် စန္ဒယားထဲ က ခုနာမည်ကြီးတာ အာယုမိလား မသိဘူး သူတို့ အကြောင်းလေးများကြုံရင်ရေးပါအုန်း …

    ဒီလို လူတွေ အကြောင်းကို သေသေချာချာလေး အခုမှ ဖတ်ဖူးတာပါ.. မျှဝေတဲ့ အတွက် ကျေးဇူးတင်ပါတယ်

    ဒီလို နယ်ပယ်အစုံမှာ ကျွမ်းဝင်တဲ့လူမျိုးကတော့ ရှားပါတယ်…

  • E.T

    December 1, 2011 at 3:08 am

    PGMFRM100 ကြိုက်တယ်။ ၃လပိုင်း ပြန်လာရင် ဝယ်လာပါလားဟင် 😀

    • inz@ghi

      December 1, 2011 at 4:38 am

      ရွာထဲမှာ ဂီတာပုံတွေတင်တင်နေတဲ့ ရွာသူတယောက်ရှိတယ်ဗျ…
      တားတားတို့လို မရှိဆင်းရဲသား ဝါသနာရှင်လေးဒွေကို
      ဂီတာလှူတယ် ကြားတယ် ….. သူ့ပူဇာကြည့်ပါလား….

      • E.T

        December 1, 2011 at 7:35 am

        စစ်ကိုင်းအိုး ဂစ်တာလေးကိုပြောတာလား။ ဂစ်တာတွေထဲမှာ စစ်ကိုင်းအိုးက အသံကောင်းတယ်လို ့ပြောတယ်။ ဂစ်တာပိုင်ရှင်လေးက ကပ်စေးနှဲလေးပဲ ဖြစ်မှာပါ 😀 နောက်တာ။ ကော်မန် ့တိုင်းမှာ နီရဲလို ့ပါလား။ ဂီ နဲ ့တီ ကိုမကျေနပ်တဲ့ သူတွေ ရှိနေပြီ။ အော်မေ့ဂိုဏ်းကလား မသိ ဟီဟီးး

        • MaMa

          December 1, 2011 at 9:17 am

          ဘယ့်နှယ် အော်မေ့ဂိုဏ်းကို ရမ်းသမ်းပြီး စွပ်စွဲနေရတာတုန်း..
          ကိုယ့်ဖာသာ လူချစ်လူခင်များတာကို 😛

        • Moe Z

          December 2, 2011 at 1:08 pm

          စွပ်စွပ်စွဲစွဲ ဘာအော်မေ့ဂိုဏ်းလဲ
          မိုးစက်လည်းရဲတောက်နေတာ မတွေ့ဘူးလား
          ဂီတာတော့မရဘူး ပုံစံတူဘူးသီးခြောက်တွေတော့ရှိတယ် ယူမလား 😛

        • ဆူး

          December 2, 2011 at 2:04 pm

          မိုးဇတ် ဆီက ဘူးသီးခြောက် ဆိုတာ တခြား မဟုတ်ဘူး သူ့ကို ဘူးတဲ့ ကောင်တွေ ခြောက်သွားတာတွေ တပုံကြီးလို့ ပြောတာ.. ဘူးရဲ့ ဘူးကြည့် ခြောက်သွားမယ်။ မီးဒုတ်ကိုင်ပြီး ကင်ပလိုက်လို့ ခြောက်သွားတာ တခြား မတွေးနဲ့အုန်း။

        • inz@ghi

          December 2, 2011 at 2:07 pm

          …………………….ကြိမ်းမောင်းပြောဆို အိမ်ထောင်ချပေးသည်…
          ကျုပ်ချွေးမ သားရည်းစားက အမှန်အကန် တွမ်ဘွိုင်းကြီး …………

          တွမ်ဘွိုင်းကြီး ဆိုရင်တော့ ………ဟံမာမင်း…..

          ပုံ
          တွမ်ကတ်ကြီး ….

        • ပေါက်ဖော်

          December 2, 2011 at 8:08 pm

          ကန်ကလေး..
          မယ်ဒလင်ကဖော်ရီးအကြောင်းကိုကော ဘယ်တော့ မိတ်ဆက်ပေးမှာတုန်း
          🙄

          ဇိကိုထိရင်တော့ မီးပွင့်တွားမယ်နော်..ဒါဗျဲ..

        • inz@ghi

          December 3, 2011 at 7:47 am

          မယ်ဒလင် ကဖော်ရီးကတော့ …
          သိပ် ကလပ်စစ်ကယ်လ်မဖြစ်သေးလို့ …
          မိတ်မဆက်ပေးသေးဒါဘာ ….
          ဆိုက်ဂျဲရိုး တိုက်ပီး မာလကီးယားတွားရင်ဒေါ့
          သတင်းထူး အနေနဲ့ တင်ဆက်ပေးဖို့ ရှိပါကြောင်း…..

          ခင်တဲ့ …
          စီစီလီယာ အင်ဇာဂီ , အိန်ဂျယ်လီနာ အင်ဇာဂီတို့၏ဖခင်
          ဂိုင်း အင်ဇာဂီ …..

  • kai

    December 1, 2011 at 5:11 am

    ဂစ်တာဆို.. ဒီလိုလေးလုပ်ရင်.. “တိန်”.. ဟိုလိုလေးဆို..” တောင်” ထွက်တာပဲသိသူမို့.. စာတွေက..ကျွဲပါးစောင်းတီးပြတာ ဖြစ်နေပါတယ်..။
    ဒါပေမဲ့.. အယ်ဒီတာချွိုက်စ်အဖြစ် ရွေးလိုက်ပါတယ်နော..။

    တနေ့ကတင်.. ဂစ်တာစင်တာ(http://www.guitarcenter.com) သွားပြီး.. အသံသွင်းစက်ကလေး သွားယူတာ…လက်တည့်စမ်းနေတဲ့.. ဂွီဂွမ်တွေကြား.. အသာလျှိုလစ်လာရသေးတယ်..။
    မြန်မာပြည်က လည်လည်လာတဲ့ ဂီတသမားတွေ သေချာပေါက် သွားကြည့်တဲ့ ဆိုင်ပါ…။
    အင်း… ဈေးတွေကလည်း.. ကြီးပါ့ဗျား…။ 😆

  • weiwei

    December 1, 2011 at 8:37 am

    ငယ်ငယ်တုန်းက ဂစ်တာအရမ်းတီးချင်ခဲ့တယ် …. နယ်မှာနေတာဆိုတော့ သင်တန်းလဲမရှိဘူး. … ဂစ်တာတစ်လုံးဝယ်ပြီး တီးနည်းစာအုပ်ဝယ်ပြီး အိမ်မှာ တစ်ဒေါင်ဒေါင်ခေါက်နေတာ လက်တွေလဲနာ၊ တစ်အိမ်လုံးလဲ နားငြီးပြီး ဘယ်လိုမှ ပါရမီပါပုံမပေါ်တာနဲ့ လက်လျော့ခဲ့ရတာ … အခုထိ စိတ်က မလျော့ချင်သေးဘူး …

  • MaMa

    December 1, 2011 at 9:11 am

    ဟားးးးးး အရမ်းမိုက်တယ်။
    ဒီခေတ်သီချင်းတွေနဲ့ ဝေးနေတာကြာပြီ။ ကာရာအိုကေလို စာသားပါ ပါရင်တော့ လိုချင်သား.. 🙂

  • လင်းဝေကျော်

    December 1, 2011 at 9:39 am

    အင်ဇာရေ ဘာမှန်းတော့မသိဘူး။ ဂစ်တာတီးတာ အိမ်မှာအကုန်တီးတတ်တယ်။ ကိုယ်တစ်ယောက်ပဲ သီချင်း ၃-၄ပုဒ် လက်ကွက် လေးငါးကွက်ထက်ပိုမတတ်ဘူး။ ဂစ်တာတီးတတ်တာ တော်တော်ကောင်းတဲ့ကိစ္စလို့လက်ခံပြီး တီးတတ်ချင်မိပါရဲ့။
    စကားမစပ် – မဝေနဲ့ ဂစ်တာ ဘယ်ဟာက ပိုကြီးတုန်း။ း)

    • ကြောင်ကြီး

      December 1, 2011 at 10:11 am

      မဝေက ပိုကြီးတာပေါ့ဗျ…အသက် အသက်။။။
      မစ္စတာဂီရေ… မြန်မာပတ္တလားနဲ့နှဲ ဆရာများ အကြောင်းလည်း သိချင်ပါတယ်။။။။

  • laypai

    December 1, 2011 at 10:02 am

    ဟုတ်နေ တာပဲ သိတဲ့ သူများ ရေးသွား လိုက်တာ ဒေတာ စုံစုံ လင်လင် စေ့စေ့ စပ်စပ် နဲ့။
    နည်းပညာ ပိုင်း အရ မဟုတ်ပေ မဲ့ ဗဟုသုတ ပိုင်းအရ တော်တော် လေးပြည့်စုံ တဲ့ ပို့ တခု ပါဘဲ။
    ဝါသနာရှင် တွေ ကော်ပီ ကူးထားဖို့ ကောင်းတယ်။
    ဝါသနာ ဆိုလို့ ဝါသနာလား သူများယောင် လို့ ယောင်တာ လား မသိ ရ တန်းလောက် က ဂီတာ တလုံး ဝယ် ပြီး ရူး လိုက်သေး တယ်။
    ခုတော့ လက်ကွက် နှိပ်တာတာင် ပိအောင် မနှိပ်နိုင် တော့ဘူး။

  • Diamond Key

    December 1, 2011 at 2:03 pm

    ဖတ်ကောင်း၊ ကြည့်ကောင်းပ့ါ ဆြာ့။

  • thit min

    December 1, 2011 at 5:19 pm

    ရေးမလို့ဘဲဟ။
    ဒီရက်တွေ အလုပ်ရှုပ်နေလို့ညီရေ့။
    ကိုယ်ကတော့ သီချင်းကောင်းရင် နားထောင်တဲ့လူမျိုးကွ။
    မြန်မာရော၊အင်းဂလိတ်ရော၊ဂျပန်ရောပေါ့ကွာ။
    ကိုဘလက်ပြောသလိုပေါ့ ဘီးတယ်က သီချင်းတွေ နားစွဲလွယ်တယ်။
    ပြီးတော့ အက်ဘား၊ ဂီတာကြိုးတောင် မဝယ်နိုင်တဲဘဝကနေ ကားဘမ်ပါကိုစိန်စီစီးတဲ့အထိ
    အောင်မြင်သွားတဲ့ ပရက်စလေ၊ ဟိုတုန်းက စန်ဒါလ လုပ်ဘူးလို့ဆိုပြီး ရိုလ်းရွိုက်စ်စီးလို့ မရတဲ့
    “ဟိုအဆိုတော်”၊ ပြီးတော့ အနောက်တိုင်း တွံတေးသိန်တန် ဂျွန်ဒဲန်းဗား၊Louis Armstrong
    ဆိုရင် What a Wonderful World ၊Unchained Melody ရဲ့ Righteous Brothers၊
    ခုနောက်ပိုင်းတော့ Celine Dion ပေါ့ကွာ။ ခပ်အေးအေးတွေဘဲ ကွ။
    ကို က ဆူ ရင် အိုကေတယ်။
    သူများလာ ဆူနေရင် ရဘူးကွ။ နားက။ဟားဟားဟား။
    အဲဒီတော့ ဂျေလို လောက်အထိဘဲ။ မိုက်ကယ် တို့မက်ဒေါနားတို့ခေတ်စားတုန်းက နားကိုမထောင်တာဟေ့။
    ဘာ ဘရစ်နေစပီးယား လား။ထားလိုက်ပါတော့။
    စိတ်ထဲရောက်လာတာတွေ ရေးလိုက်တယ်ကွာ။ ခုတလော နဲနဲ ရှုပ်နေလို့ဝေ့။

    • inz@ghi

      December 3, 2011 at 7:57 am

      ကြိုက်တတ်ပ … ကစ်သိုရယ်…ဂျေလို လောက်အထိဘဲ ဆိုပဲ ….
      မာ့ခ် အန်ထော်နီ မျောက်ခေါင်းရုပ် ပေါက်နေတာလေးလည်း သတိချပ်ပါခည …အာဟိ….

      တခြား ကျနော် ကြိုက်တဲ့ ဂစ်တာရစ်စ် တယောက် ရှိသေးတယ်ခည….
      သူက နူနိူဗက်တင်ကောက် ….ပေါ်တူဂီစ့် ဗျ. ……..
      (သူ့အကြောင်း အားရင် ရေးဦးမယ် ..ဗျာ ..ကတိတော့ မပေးနိုင်သေးဝူး)
      ထင်ရှားတာပြောဆို … WESTLIFE ဆိုတဲ့ …(ကောင်မလေးဒွေ အသည်းစွဲ …ယောက်ျားလေးတွေ အုတ်ခဲဆွဲ Band)
      ပြန်ဆိုထားတဲ့ More Than Words ရဲ့ မူရင်း band က မူရင်း guitarist ဖြစ်တော့သကိုး ….

      ကျနော်တို့ချစ်တဲ့ ကိုငှက် လည်း …အဲ့သည့်band(Extreme) ကို အတော် နှစ်ခြိုက်ခဲ့ဟန်ရှိသဗျ
      more than words ကို … စကားလုံးမရှိတဲ့ကောင်းကင် ပြန်လုပ်ခဲ့ပြီး …
      သူရေးပေးခဲ့တဲ့ IC ရဲ့ အသစ်ကမာ္ဘသို့က …Extreme-Hole Hearted ဖြစ်ခဲ့ကိုးဗျာ…
      ကြုံရင် နားထောင်ကြည့်စေချင်တယ်ဗျာ …..Extreme ရဲ့ Gary Cherone ကခေသူမဟုတ်လို့ပါပဲ
      Extremeအပြင် …Van Halen မှာ ပါဆိုတဲ့လူဗျ ..အချာပင်မဟုတ်…
      (ကျုပ်သာ westlife ဝိုင်းတော်သားဖြစ်မယ်ဆိုရင် သည်ဘဲ သီချင်း ပြန်ဆိုရဲလောက်အောင်
      မိုက်မဲမည်မဟုတ်….ဒါတောင် ဝယ်ဆိုတာနော် ….copyright နဲ့ မရောနဲ့ဦး ..ခစ်ခစ်…)

      ခံစားနားဆင်ကြည့်ပေးကြပါခညား…

      ခင်တဲ့ …

  • ကိုရင်စည်သူ

    December 1, 2011 at 5:33 pm

    ဆြာ.. ဦးဖွတ်ကျားရဲ့ ဂစ်တာတွေကို ဖတ်ပြီး
    လန်းသွားပါတယ်.. ဂစ်တာနဲ့ပတ်သက်ရင်
    နဝေးတိမ်တောင်ဖြစ်နေလို့… စာပေတော်လှန်းရေးမှာပဲ
    လောပန်ကိုရင် အပြည့်အားထည့်မယ် စိတ်ကူးးထားပါတယ်..
    ဒီဂလူကြီး ငြိမ်နေတယ်.. ဘာတွေကြိတ်ကြံနေလဲမသိဘူး…
    စိုးတယ်… စိုးမိတယ်… စိုးရိမ်မိတယ်… 😳 😳 Zကလေးရယ်

  • Mg Lazie

    December 1, 2011 at 11:59 pm

    steve vai solo တော့ကြည့်ဘူးတယ်.. တော်တော်မိုက်တယ်

    • inz@ghi

      December 2, 2011 at 10:12 am

      Vai ကို ကျနော်လည်း အလွန်နှစ်သက်ပါသည်ခင်ဗျား ..
      (တခါတခါ big-headed လုပ်လွန်းတာကလွဲလို့)
      ၁ပုဒ်ထဲ ရွေးပြောရရင်တော့ for the love of God ကို အနှစ်သက်ဆုံးပါလို့

      ခင်တဲ့
      Inz@ghi

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 2, 2011 at 6:42 pm

    ဪ … ပိုပြီးရသစုံသွားအောင်
    မျှစ်ကိုစားပြီးဝါးမှန်းမသိဒယ် ဆိုတဲ့ သီချင်းနဲ့ နာမည်ကြီးလာတဲ့
    တွံတေးစိုးအောင် ရဲ့ ဆရာ တွံတေး အောင်ပု အကြောင်းပါထည့်လိုက် ပြီးရော

  • windtalker

    December 3, 2011 at 1:20 pm

    ဒီကင်မလာမန်းက စွယ်စုံတော် တတ် ထူးချွန်တာပါကလား
    ဂျပန်မလေးနဲ ့ရိုက်ထားတဲ့ ပုံထဲမှာ မျက်နှာချင်း ဆင်တယ်နော်
    ဒါကြောင့်မို ့ခလေဇီ ဖြစ်တာများလား လို ့
    အောက်ဆုံးပုံထဲက ကလေးမနှယ်
    အဝတ်အစားဆင်းရဲရှာတယ်
    ကိုပေ က သနားနေမိကြောင်းလေး သူလေးကို ပြောပြပေးစမ်းဘာ

    • inz@ghi

      December 3, 2011 at 1:42 pm

      တိန် သည်လူရီး အတော် အမြင်စူးရှချက်……

      နောက်တာပါဗျ..ကျုပ်က ကိုပေါနဲ့
      ရုပ်မဆင်ပါဝူး…..နူနိုဗက်တင်ကောက်နဲ့သာ …အာဟိ
      ဂျာပွန်မ ယူဘာဘူးဗျာ …..

      မိမိုးကို …blah blah blah ……………..
      မိမိုးကို …blah blah blah လေ….
      ကိုကိုင်ဇာ ကြီး သတိရလို့ပါ ..ခစ်ခစ်….

      • windtalker

        December 3, 2011 at 1:55 pm

        ကိုယ့်လူ က တင်ကောက် တယ်ပေါ့လေ ဟီဟိ
        ကဲ ကဲ ရွာသားတို ့ရေ
        ဟောဒီက ကင်မလာမန်းလေးကတော့ တင်ကောက်ကြောင်း ဖွင့်ဟ လိုက်ပြီနော
        ဇာဇာတင်ကောက် ၊ ဇာဇာတင်ကောက်
        အစစ်ကြီးလား ဟင်
        ဟီဟိ

        • inz@ghi

          December 3, 2011 at 1:58 pm

          ဟိတ်လူရီး … အထအန မကောက်နဲ့ … နူနိုဗက်တင်ကောက်…..ဆို ..
          ရီဟန်းနား…. i love the way you lie…………
          တီးပေးတဲ့ ဆြာမှန်း …. အားလုံးသိဒလယ် ဟွန်း…

          ဒါနဲ့ ဘယ်မလဲ ဒါ့ပုံ????

  • NAJA

    December 4, 2011 at 5:18 pm

    ဆဂီကိုတော့ မလေးစားပဲမနေနိုင်ပါဘူး… ကျွန်တော်က ကိုယ်ပျောက်ရွာသားတစ်ယောက်ပါ… ဆဂီ ဂေဇတ်ထဲရောက်လာကတည်းက ကလောင်စွမ်းထက်မှန်းတော့ သတိထားခဲ့မိပါတယ်… ဒါပေမဲ့ အခုလောက်ထိတော့ မမျှော်လင့်ခဲ့မိဘူးခင်ဗျ… တစ်ကယ့်စွယ်စုံဗျာ… data တွေ store လုပ်နိုင်စွမ်းကိုလက်လန်ပါတယ်… (အွန်လိုင်းကနေ အချက်အလက်အချို ့ကို မဟားဒယားပြုတယ် ဆိုပေမဲ့.. ပြုချင်တိုင်းပြုလို့ရကြတာမှာမဟုတ်တာနော့လေ)… အခုတော့ လေးစားနေတာကြာပြီဆိုတော့.. မနေနိုင်လို ့ ဝင်ပြီး ဆလံပေးတာပါ.. ဆဂီ…
    မားကတ်တင်းပို့စ်တွေ ကိုလဲ အမှန်အကန်စောင့်ဖတ်နေပါကြောင်းနဲ ့… အပန်းမကြီးရင်.. ဆဂီ့အသက်ကလေးတဆိတ်လောက်… မွှတ်ပါ..

    • Paganini

      December 5, 2011 at 2:21 pm

      ဘာလုပ်မို့လဲဟင် …
      တားတား အသက် ကိုမေးတာ …
      ဇက်ကြီးက ကပေ့ထက်ငယ် အီးတီနဲ့
      မတိမ်းမယိမ်း ဖြစ်ပီး ဇက်ကလေးထက်တော့ ၁နှစ်ခန့်ကြီးကြောင်းပါ

      😀

      • ကိုရင်စည်သူ

        December 5, 2011 at 7:39 pm

        ဆာ့ဂီ့ အမွှေးကြီးတကားကားနဲ့ အသက်ရောက်နေပါပီ..
        ဒကာကြီး နာဂျာ… ဘယ်သွားသွား တုတ်ကောက်ကို
        အဖော်အဖြစ်သုံးနေရတယ်လဲ နီးစပ်ရာသတင်းတွေက
        ကြားနေရပါတယ်… 😆 😆

  • comegyi

    December 4, 2011 at 5:33 pm

    ကျေးဇူးပဲကိုအင်ဇာဂီ
    နောက်ထပ်လည်း ဂစ်တာသူရဲကောင်းကြီးတွေအကြောင်း ဖြစ်နိုင်ရင်တင်ပေးစေချင်ပါတယ်ဗျာ ……

  • eaintme

    December 5, 2011 at 1:58 pm

    ဗဟုသုတတွေရလို ့ ကျေးဇူးပါ

    • Nishida

      December 5, 2011 at 10:48 pm

      ဘဘ ပေါက်…
      ရေးချင်သော်လည်းဘဲ ..data တွေ ဘယ်က ယူရမလဲ စိုးထိတ်မိပါတယ်ကွယ်..

Leave a Reply