ရန်ကုန်သွားမယ့် မောင်ပေ (၁)

မောင် ပေNovember 29, 20111min23032

“ တူနယ့် တဲ့နယ် တူနယ့် တဲ့နယ် ဗြောင်နောင်နောင် ပေပေဂျိ ”
အဆိုပါ စကားလုံးများသည် ၊ ကျွန်ုပ် ၏ ဖုန်း အသံ ဖြစ်သည် ။ များသောအားဖြင့် ၊ ကျွန်ုပ်သည် နေ ့လည် ပိုင်းဆိုလျှင် ခဏအိပ်လေ့ ရှိသည် ။ အိပ်လျှင်လည်း ဖုန်းကို ဆိုင်းလင့် လုပ်ပြီးမှ အိပ်သည် ။ ယနေ ့တော့ ၊ အိပ်ချင်လွန်းသဖြင့် ၊ ဖုန်းကို ဆိုင်းလင့် မလုပ်ခဲ့သောအခါ ၊ ကျယ်လောင်သော ဖုန်းသံကြောင့် ကျွန်ုပ် အိပ်နေရာမှ လန် ့နိုးမိတော့လေသည် ။
ဖုန်းကိုင်ဖို ့၊ ခေါ်ဆိုလာသည့် ဖုန်းနံပါတ် ကို ကြည့်မိလိုက်တော့ ဂဏန်း ၁၄ လုံးလောက် ရှိသည် ။ သေချာပြီ ၊ အိုဗာစီး ကောလ် ။
ကျွန်ုပ်လည်း ဝမ်းသာပျော်ရွှင်သွားပြီး (ရွှေလီကိုသွားသော မိတ်ဆွေ ကို ကျွန်ုပ် ပစ္စည်း ရောင်းဖို ့လူကြုံပါးထားသည် ဖြစ်ရာ ၊ သူဖုန်းဆက်လျှင် တရုတ်ဖုန်း နှင့် ဆိုတော့ ) ၊ ကမန်းကတမ်း နှင့် အန်းစား ခလုပ် ကို နှိပ်လိုက်တော့ ၊
“ ဟယ်လို….ကိုပေလား ”
“ ဟုတ်ကဲ့… မောင်ပေ ပြောနေပါတယ် ”
“ ကျုပ် က ဦးစိုးမြင့်ပါ ၊ ရွှေလီထဲက ဆက်နေတာပါ ”
“ ဟုတ်ကဲ့…ဦးစိုးမြင့် ပြောပါ ၊ ကျုပ် ဘာများ ကူညီပေးရမလဲ ဗျ ”
“ ကျုပ် ဆီမှာ ၊ ညီလေး မောင်ပေ့ ဘော်ဒါ ရောက်နေတယ် ၊ ညီလေး ပို ့လိုက်တဲ့ ကျောက်စိမ်းကော ပါတယ် ၊ သူကတော့ ၅ဝ ပြောနေတယ် ။ အဲဒါ ညီလေး ဘယ်ဈေးဆိုရင် ထုတ်မှာလဲ ၊ နောက်ဆုံးဈေးလေး သိချင်လို ့ပါ ”
“ အကို ဘယ်လောက်ကြိုက်တုန်း ၊ အကို ့ကြိုက်ဈေးပေးကြည့်လေ ”
“ ညီလေး..အကိုက ၁၅လောက်ဘဲ မှန်းတယ် ”
“ အာ ၁၅ တော့ မဖြစ်နိုင်ဘူး အကို ၊ ၂၅ နဲ ့ယူလိုက်ဗျာ ”
“ ၂၅ တော့ မလုပ်ပါနဲ ့၊ မိတ်ဖြစ်ဆွေဖြစ် ၂ဝ ဘဲ ယူလိုက်ပါ ၊ အဆင်ပြေလား ”
ကျွန်ုပ်လည်း ထခုန်မတတ် ပျော်သွားမိသည် ။ ဟုတ်တယ်လေ ၊ ၁ ကျပ် နဲ ့ဝယ်ထားသော ပစ္စည်းကို ၂ဝ ရမယ် ဆိုတော့ ၊ ဒါနဲ ့
“ ပွဲငြိမ်းဆိုရင် ထုတ်မယ်ဗျာ ”
“ ဟုတ်ပြီ ၊ ဒါဆိုရင် ၂ဝ နဲ ့ယူလိုက်တော့မယ်နော် ၊ ညီလေး ဘော်ဒါနဲ ့ပြောဦးမလား ”
“ ရတယ် အကို ၊ မပြောတော့ဘူး ၊ ဒီကောင် တန်းပြန်လာမှာဘဲ ၊ ဒီရောက်မှ တွေ ့တော့မယ် ၊ ကျေးဇူးပါဘဲနော် ”
ဖုန်းချ ပြီးနောက် ၊ ကျွန်ုပ်လည်း ပျော်ရွှင်ဝမ်းသာမိသဖြင့် ၊ ဆက်အိပ်လို ့မရတော့ဘဲ ၊ အိပ်ယာမှထ ၊ ရေချိုးအဝတ်လဲ ကာ ၊ အိမ်မှ ထွက်လာခဲ့သည် ။
အလုပ်မှ မြိုးမြိုးမြက်မြက်ကလေး ရမည်ဖြစ်သဖြင့် ၊ လူလဲ မြောက်ကြွ မြောက်ကြွ ။
စိတ်လက်ပေါ့ပါးစွာဖြင့် ပျော်တာလိုလို ၊ တစ်ခုခု လုပ်ချင်တာလိုလို ဖြစ်နေသည် ။
ထိုင်နေကြ လဘက်ရည်ဆိုင်ကို ရောက်တော့ ၊ အိပ်ပက်လက် ကား ၂ စီး ထောင်ထားသူ ၊ မိတ်ဆွေ တစ်ယောက် ဖြင့် ဆုံမိရာမှ ၊ အလာပ သလာပ ထိုင်ပြောကြရင်း ၊ မနက်ဖြန်ည သူ ့ကား ရန်ကုန် ဆင်းမှာမို ့ပြန်ဦးမည် ဟု နှုတ်ဆက်စကား ဆိုလာသည် ။
( မကြာသေးမှီ က ဖြစ်ထားသော နယူးဂိတ်မှ ကားအက်ဆီးဒန် ့ကြောင့် ၊ သူရို ့ကားဂိတ်မှာ ခရီးသွားဖောက်သည်များ ထပ်တိုးလာသည် ဟု သိရသည် ။ သူရို ့ကားဂိတ်က နာမည်ရပြီးသား ဖြစ်သည် ။ ဒရိုက်ဘာ ၂ ဦး နှင့် ယာဉ်အကူ ၁ ဦး ပါမှ ကားဂိတ်က ထွက်ခွင့်ပြုသည် )
ရန်ကုန် ဆိုသည်ကို ကြားမိသည်နှင့် ၊ ကျွန်ုပ် ကို ဖိတ်ထားသော မင်္ဂလာဆောင် ဖိတ်စာတစ်စောင် ကို သတိရမိသွားသည် ။
သူငယ်ချင်းအရင်း တစ်ယောက် ၏ မင်္ဂလာဆောင် နှင့် မင်္ဂလာ ဆွမ်းကျွေး ကို ရန်ကုန်သို ့လာဖို ့ဖိတ်ထားသည် ။
နောက်ပြီး ကျွန်ုပ် ၏ မန်းဂေဇက်မှ မိတ်ဆွေဘော်ဒါများ ။
ရွှေလီက ဘော်ဒါ ပြန်လာလျှင် ၊ အာကေ ရမှာဆိုတော့ ၊ သူငယ်ချင်း မင်္ဂလာဆောင် ကို သွားရင်း ၊ ရန်ကုန်က ဂေဇက်ဝင် မိတ်ဆွေများကို လည်းတွေ ့ဖို ့ရန်ကုန် ကို သွားမည် ဟု ဆုံးဖြတ်လိုက်သည် ။
ကားပိုင်ရှင်မိတ်ဆွေ ကို လက်မှတ်ကျန်သေးလား လို ့မေးကြည့်လိုက်တော့ ၊ သူ ့ဂိတ်ကို ဖုန်းလှမ်းဆက်ပြီး ၊ အိုခေ တဲ့ ။ ဒါဆို ၂စောင် ချန်ထားပေး ၊ မနက်ဖြန် ဂိတ်ရောက်မှ လက်မှတ်ဖြတ်တော့မယ် လို ့။
ရန်ကုန်က ဂေဇက်ဝင်မိတ်ဆွေများအတွက် လက်ဆောင် ယူသွားဖို ့စဉ်းစားသည် ။ ဘာပေးရင် ကောင်းမလဲ ၊ ကျုပ်တို ့မြို ့က နာမည်ကြီး မုန် ့ဝယ်သွားရင် ကောင်းမလား ၊ အင်း..သူရို ့ဆီမှာလဲ မုန် ့အကောင်းစားတွေ တစ်ပုံကြီး ၊ နောက်ပြီး မုန် ့လက်ဆောင်ပေးလျှင် စားပြီးလျှင် ပြီးပြီ ။ အမှတ်တရ ဖြစ်မှာက မုန် ့စားလိုက်တဲ့ အချိန်ခဏတာလေး ဘဲ ။ ဒီတော့ ကိုယ်ပေးလိုက်တဲ့ လက်ဆောင် အတွက် အကြာကြီး အမှတ်တရ ဖြစ်နေမည့် လက်ဆောင် ၊ ဘာပေးရင်ကောင်းမလဲ ။
“ စာအုပ် ” ပေးရင်ကောင်းမယ် ၊ ဟုတ်ပြီ… စာအုပ်ဆိုတော့ ၊ မပျောက်မပြဲ ရေမစို မချင်း ၊ ကျွန်ုပ် ကို အမှတ်ရနေကြပေမည် ။ နောက်ပြီး စာအုပ် ဆိုတော့ သယ်ရပြုရ လည်း လွယ်သည် ။
“လူထု” စာအုပ်တိုက် သို ့သွားပြီး ၊ မိတ်ဆွေများကို လက်ဆောင်ပေးဖို ့စာအုပ် များဝယ်သည် ။
ကျွန်ုပ် အချိန်ပိုင်းကူညီ လုပ်ကိုင်ပေးနေသော အလုပ်ရှင် ဆီ သို ့သွားပြီး ၊ ခရီးထွက်မည့် အကြောင်း ပြောပြရသည် ။ ခွင့်တောင်းသည့် သဘော ။
ညနေရုံးဆင်းချိန် ရောက်တော့ ၊ မိန်းမ ကို သူ ့ရုံးသွားကြိုရင်း ၊ မနက်ဖြန် ရန်ကုန် သွားမည့်အကြောင်း ကို ပြောပြလိုက်တော့ ၊ မိန်းမ က အံ့ဩနေသည် ။
“ ယောက်ျားက တော့ အမြဲစိတ်မြန်လက်မြန်ဘဲ ၊ ကြိုပြောရင် မိန်းမလဲ ခွင့်ယူပြီး လိုက်လို ့ရတာပေါ့ ”
“ အခုလဲ မိန်းမ လိုက်ချင် လိုက်လို ့ရတာဘဲဟာ ၊ လက်မှတ်က ၂ စောင် ဝယ်ထားတယ် ”
“ အခုလို ကပ်ပြောတော့ ၊ ခွင့်က ဘယ်လိုလုပ် လွယ်မလဲ ယောက်ျားရယ် ၊ ထားပါတော့ ၊ လက်မှတ်က ၂ စောင်ကြီးများတောင် ဆိုတော့ ၊ ဘာသဘောလဲ ၊ ပြောစမ်းပါဦး ”
“ ဪ..ငါ့မိန်းမနှယ် ၊ တစ်ကယ်လို ့လက်မှတ်တစ်စောင်ဘဲ ဝယ်တယ်ထားပါတော့ ၊ ဘေးခုံ က ယောက်ျားချင်း အတူသွားရမှာ ဆိုရင် ထားဦး ၊ ဘေးခုံက ခရီးသွားဖော် က မိန်းခလေး ချောချောလှလှလေးဆိုရင် ၊ မင်း အပြစ်တင်ဦးမှာလား ”
“ အင်း..ဟုတ်တယ်..ယောက်ျားပြောတာမှန်တယ် ၊ တော်တယ်တော့ ၊ ဒါနဲ ့ဟိုရောက်ရင် သူငယ်ချင်းတွေနဲ ့တွေ ့မှာ ဆိုတော့ ၊ သောက်ဦးမှာပေါ့ ”
“ အင်း..သောက်လဲ သုံးလေးခွက်ထက် ပိုမသောက်ပါဘူး ကွာ ၊ စိတ်ချပါ ၊ ယောက်ျားအကြောင်း မိန်းမ သိရဲ ့သားနဲ ့”
“ သိတာပေါ့တော်..သိလွန်းလို ့၊ ပြောနေရတာပေါ့ ၊ ကဲပါလေ…အခု ဘယ်ဝင်ဦးမှာလဲ ၊ အိမ်ရောက်မှ ယောက်ျားအဝတ်အိတ် စီစဉ်ပေးရဦးမယ် ၊ အိမ်ဘဲတန်းပြန်ကြရအောင်နော် ”
ညစာစားပြီးကြသောအခါ ခရီးသွားဖို ့လိုအပ်သည်များကို ပြင်ဆင်ကြသည် ။
အင်းကျီ ၊ ဘောင်းဘီ ၊ သွားတိုက်ဆေး ၊ ဆပ်ပြာ အစရှိသဖြင့် စီစဉ်ပေးပြီးသောအခါ ၊ ရန်ကုန်ရောက်လျှင် သွားဖို ့လာဖို ့တက္ကစီ ကိစ္စ ကို ပြောဖြစ်ကြသည် ။
ကျွန်ုပ် က အားနာတတ်သူ မို ့၊ မိန်းမ က တက္ကစီခ ပိုမပေးရန် အထပ်ထပ်မှာသည် ။
မန်းတလေးသား တွေ ရန်ကုန်ရောက်ရင် ၊ တက္ကစီ ဈေးဆစ်လို ့မရတာ တစ်ဒုက္ခ ဖြစ်သည် ။
ရန်ကုန်သူရန်ကုန်သားချင်းဆိုလျှင်တော့ ၊ ဘယ်တော့မှ ဈေးပိုပေးမစီးရ ၊ ဘယ်ရန်ကုန်သူ ရန်ကုန်သားမှ လည်း တက္ကစီ ငှားလျှင် ဈေးပိုမပေးပါ ။ ဘယ်နားသွားလျှင် ဘယ်လောက်ဘဲ ပေးရမည် ဆိုတာကို သိကြသည် ။
ကျုပ်တို ့မန်းတလေး က လူတွေများ ၊ ရန်ကုန်ရောက်လို ့တက္ကစီများ ငှားပြီဆိုလျှင် ၊ ဆရာ့ဆရာဒရိုက်ဘာများသည် ၊ ဈေးကို ၁ဆခွဲ ၊ ၂ဆ မျှ ပိုတောင်းကြတော့သည် ။
ဘယ်လောက်ဘဲ ရန်ကုန်သားပုံ ဖမ်းဖမ်း ၊ သူရို ့က လူမြင်လျှင် ၊ ရန်ကုန်က မဟုတ်မှန်း တန်းသိကြသည် ။
ဥပမာဆိုရလျှင် မန်းတလေးမှ ရန်ကုန်ကို အိပ်ပက်လက် ကားဖြင့် စီးသွားပြီး ၊ ရန်ကုန် အောင်မင်္ဂလာကားကွင်းရောက်ပြီ ဆိုပါတော့ ၊ ကားကွင်းထဲ ဂိတ်ဆုံးလို ့၊ ကားပေါ်က ဆင်းပြီဆိုတာနဲ ့၊ လူကို မဆွဲရုံတစ်မယ် တက္ကစီသမားများ ဝိုင်းအုံလာလိမ့်မည် ။
မျက်နှာချိုချို စကားချိုချို နှင့် ကားငှားဖို ့ခေါ်ကြလိမ့်မည် ။
သဘောကောင်းမည့် ပုံစံမြင်လို ့၊ ဝမ်းသာအားရ လိုက်မသွားလိုက်နဲ ့ဦး ၊ ကားခ ဈေးအရင်မေးကြည့် ၊ ရန်ကုန်သူ ရန်ကုန်သား တစ်ယောက်ဆိုလျှင်တော့ ၄၀၀ဝကျပ် တန် ခရီးကို ၅၀၀ဝကျပ်ခန် ့ပြောပြီးမှ ဈေးဆစ်ခံမည် ။ ပြီးလျှင် ၄၀၀ဝ ကျပ် ဖြင့် လိုက်ပို ့မည် ဖြစ်သည် ။
အဲ..ကျုပ်တို ့လို နယ်က ၊ အခြားမြို ့က လာသူ ဆိုလျှင်တော့ ၊ ၄၀၀ဝ ကျပ်တန် ခရီး ကို ၈၀၀ဝ တွေ ၁၀၀၀ဝ တွေ လျှောက်အော်ပြီသာ မှတ်တော့ ။ ဆစ်လျှင်လည်း ၆၀၀ဝကျပ် အောက်ထစ်ဘဲ ။ ၂၀၀ဝ ခန် ့ပိုတောင်းသည် ။
ဟ..၄၀၀ဝ ဘဲ ပေးရတာပါဟ ၊ ငါ့ဘော်ဒါက သေချာမှာလိုက်တယ် ၊ ၄၀၀ဝ ထက်ပိုမပေးဖို ့၊ မင်းမလိုက်နိုင်ရင် တခြားကား ငှားမယ် ကွာ ၊ ဟု ဆိုပြီး မငှားလျှင် ၊ ပွစိပွစိ ရွတ်ပြီး အခြားခရီးသည်ဆီ ပြောင်းရွှေ ့သွားမည် ။ အချဉ်ထပ်ဖမ်းမည် ။
တက္ကစီပေါက်ဈေးမသိသည့် နယ်ကခရီးသွား ဆိုလျှင်တော့ ၊ ခံပေတော့ဘဲ ။
မိန်းမ ကို တက္ကစီခ ပိုမပေးပါဘူး ဆိုတာ ကို ပြန်ကတိပေးမှ ၊ မိန်းမ လည်း စိတ်အေးသွားသည် ။ ယခင်တစ်ခါ က ကျွန်ုပ် တို ့လင်မယား အတူသွားခဲ့တုန်းက ၊ တစ်ရက်ထဲ တက္ကစီခ တော်တော်ပေးခဲ့ရသဖြင့် မိန်းမ က ရန်ကုန်က မိတ်ဆွေများကို ၊ တက္ကစီဈေးနှုန်း မေးကာ အလွတ်မှတ်ထားခဲ့သည် ။
“ အေးပါကွာ ၊ တက္ကစီခ အများကြီး မပေးရအောင် သေချာ ဈေးဆစ်ပါမယ် ၊ ဟုတ်ပြီလား ”
ညအိပ်ရာဝင်တော့ ၊ တော်တော် နှင့် အိပ်မပျော် ၊ သဘက်ခါ ရန်ကုန်ရောက်လျှင် ဂေဇက်ဝင် စာရေးဖော် မိတ်ဆွေများ နှင့် တွေ ့ဆုံရတော့မည် ဟု တွေးကာ ပျော်နေမိသည် ။
29/11/2011 ညကြတော့ ၊ အားလုံးအသင့်ဖြစ်နေပြီ ။ မိန်းမ က လိုက်ပို ့မည် ဇွတ်ပူဆာသော်လည်း ၊ ကျွန်ုပ်တို ့လင်မယားမှာ ကားမရှိသဖြင့် ၊ မိန်းမ ကို လိုက်မပို ့ဖို ့ပြောရသည် ။ အိမ်နှင့်ကားကွင်း က အဝေးကြီး ။
မိန်းမ တစ်ယောက်ထဲ ညကြီး ဆိုင်ကယ်မောင်းဖို ့မသင့်တော် ။
သူငယ်ချင်း ကို ဆိုင်ကယ်နှင့်ဘဲ ကားကွင်း ပို ့ခိုင်းတော့မည် ဟု သူမ ကို လိုက်မပို ့ဖို ့ပြောရသည် ။
ကျွန်ုပ် သူငယ်ချင်း ရောက်လာတော့ ၊ ကျွန်ုပ်တို ့ကားကွင်း သို ့မောင်းထွက်လာခဲ့သည် ။
“ဪ…ရန်ကုန်ကို သွားမည် ။ ရန်ကုန်ရောက်လျှင် မင်္ဂလာဆောင် သွားပြီးတာနဲ ့၊ ဂေဇက်ဝင် မိတ်ဆွေများ နှင့် ဆုံမည် ။ ကဲမည် ။ လာပြီ.. ဘော်ဒါ တို ့၊ မောင်ပေ လာပြီ ၊ ကောင်းကောင်း ဧည့်ခံဖို ့သာ ပြင်ထားကြပေတော့ ”
( ဆက်လက်တင်ဆက်မည့် အပိုင်းကို ဓါတ်ပုံများနှင့် တင်ဆက်မည် ဖြစ်ပါကြောင်း )

——- ဘာမှ မဟုတ်တဲ့ ၊ မောင်ပေ ခရီးသွားမည့်အကြောင်း ၊ ခရီးသွားသည့်အကြောင်း များကို သည်းခံဖတ်ပေးကြသည့်အတွက် လေးစားကျေးဇူးတင်ပါသည် ——-

32 comments

  • ကိုရင်စည်သူ

    November 29, 2011 at 8:02 pm

    လာခဲ့.. လာခဲ့.. မောင်ပေလာရင် ဒီကနေ
    ဆီ ၅ဝသားနဲ့ ဘီယာတစ်စည် အသင့်မှာပေးထားတယ်။
    ရပ်ကွက်ထဲက အထူးကျွမ်းကျင် အကြောပြင်ဆရာကို
    စားအုန်းဆီနဲ့ ခရီးပန်းနေတဲ့ ကိုပေ့အကြောတွေကို
    ဖြေခိုင်းဖို့ လက်သွေးခိုင်းထားတယ်… ဟီးဟီး.. 😆 😆
    ဘီယာတစ်စည်တော့ လောလောဆယ် စောင့်ရင်းနဲ့
    သောက်တာ ကုန်ခါနီးနေပါပြီ… 🙄 🙄

  • koyinmaung

    November 29, 2011 at 8:17 pm

    နောက်တင်မဲ့အပိုင်းကဓါတ်ပုံတွေနဲ့ဆိုပါလား
    မာဆပ်ခန်းတွေများပါသေးလားမောင်ပေ…
    စောင့်ဖတ်နေပါ့မယ်……..

    • ခရီးထွက်ရမှာဆိုတော့ သူ့ကို ဝအောင်ကျွေးလိုက်တယ်ထင်ပါတယ်
      ညစာလေးပေါ့ (ဟုတ်သေးပါဘူးလေ 😀 ) ကားပေါ်မှာ ဗိုက်မဆာအောင်ဖြစ်ပါလိမ့်မယ် လောက်ပေးရယ်.. နားလည်လိုက်စမ်းဘာာာာာာာာာ

      • မှော်ဆရာ

        November 30, 2011 at 12:08 am

        ဟယ် ခရီးသွားရင် ညစာ စောစောစားရတယ်လား … ကားကလဲ ထွက်ခါနီးပြီ ထမင်းကလဲ စားလို့မဝသေး … အဲလိုဆိုရင်တော့ ခက်တော့မှပဲ …
        လမ်းကျမှ ဝယ်စားမယ် မိန်းမရယ်လို့ မှာခဲ့ရင် ကော ..
        ရှင် ပြန်မလာနဲ့တော့လို့ ပြောမှာပေါ့နော် …
        ( မှတ်ချက် – ကိုပေ့မိန်းမသည် နှမျောတတ်သောကြောင့် ဖြစ်သည်)

  • Moe Z

    November 30, 2011 at 8:32 am

    ဒါကြောင့်အိမ်မက်တွေမကောင်းတာ 🙂

  • inz@ghi

    November 30, 2011 at 8:42 am

    ကပေကပေ …..
    နာ့ ဘော်ဘော်တွေ ကိုတောင် အညိုညင်ခံပြီး အထိမခံတဲ့ နာ့မယား..(ကျနော့် 550D လေးကို ဆိုလိုခြင်းဖြစ်သည်)
    နင့်ကို ငှားချင်တယ် ပြောတော့ …ရန်ကုန်သား စကား ဘာဖစ်တယ် ညာဖစ်တယ်နဲ့ …ဟွန်း…လူဇိုး…
    နင်တင်ဆက်မယ့် …..ဒါ့ပုံတွေ ခွာလထီ မကောင်းလို့ကတော့ …. တွေ့မယ် …

    ဟိတ်လူမှော်ဆြာ ..သည်လူရီးက ကပေါက်ဖော်နဲ့တွေ့ရင် စိတ်ချရဒါဟုတ်ဝူး…
    ပုဆိုးကွင်းသိုင်း ကျင့်မယ့် သိုင်းသမားတွေ…
    ခြေထောက်ကြီးပဲ ရိုက်လာတာတို့ …ခေါင်းမပါတာတို့
    တခြမ်းတည်းတို့ လုပ်လာမှာ ပူတယ်ဗျ…
    ခညားပါ လိုက်တွားပီး ရိုက်နှက်ပေးပါလားဂျာ….
    စိုးတယ် စိုးမိတယ် …စိုးထိတ်မိတယ်……..

    • E.T

      November 30, 2011 at 8:56 am

      ဟုတ်ဒယ်။ ဟုတ်ဒယ်။ ဒီလူကြီး ရန်ကုန်မှာ အပြတ်ကဲမယ်လို ့ ကြိမ်းဝါးသွားတယ်။ တခြမ်းတွေ၊ တပိုင်းတွေ ကတော့ သေချာသလောက်ပဲ။

  • lone

    November 30, 2011 at 9:04 am

    ဦးပေနဲ့တွေ့ချင်ပါသည်။ မုန့်လည်းဝယ်ကျွေးချင်ပါသည်။ ဦးပေ ရန်ကုန်ရောက်တုန်းကြာကြာတော့နေဦးနော်။ ၁ဝ ရက်လောက်တော့ အချိန်ရတယ်မလား။

    • lone

      November 30, 2011 at 9:21 am

      ဦးပေ ရဲ့ gmail လိပ်စာနဲ့ ဖုန်းနံပါတ်ပေးဦးလေ …ဒါမှဆက်သွယ်လို့ရမှာပေါ့….:)

  • Diamond Key

    November 30, 2011 at 11:14 am

    ကိုပေ၊ ရန်ကုန်သွားမယ် ဆိုရင် မှာစြာလေးတွေ မှာလိုက်မယ် 😛
    ရောက်ရောက်ခြင်း ဆီ ၅ဝသားနဲ့ ဘီယာတစ်စည် စောင့်နေမယ့် ဟိုလူကြီးတွေနဲ့ မတွေ့ခင် အန်ဒရယ်ကင်းအောင် ဖန်ခွက် စွယ်တော်လေး သွားဖူး ၊ 😀
    မဒန်က Taxi ခပိုမပေးနဲ့ ဆိုလို့ ဆိုက်ကားလဲ စီးမနေနဲ့၊ စီးရင်လည်း စာရင်းစစ်ရုံးက ကားကြီးလာတာတွေ့ရင် ဆင်းပြေး 👿
    တစ်ကျပ်တန်ကို ၂ဝ ရလို့ မြောက်ကြွကြွနဲ့ မြောက်ဥက္ကလာဖက်က စားသောက်ဆိုင်တွေလဲ မထိုင်နဲ့၊ ဟိုဓါးသိုင်း ရဖေါ် (ဟုတ်ပေါင်) ဓါးသမားရာကျော်နဲ့ တွေ့နေအုံးမယ်………. 😆
    ဟူး……….မောထှာ………..မှာနေရတာ :mrgreen:

  • etone

    November 30, 2011 at 11:55 am

    ကပေတစ်ယောက်
    လမ်းတွေလျှောက်
    ရန်ကုန်မြို့ထဲရောက်
    ရောက်တုံးရောက်ခိုက်
    ဆုံကြဖို့ရာ
    ဖုန်းတွေ ဆက်ကြမှာ
    ကြားရက်ပေမယ့်
    ဆုံဖို့အတွက်
    ရုံးတွေလစ်ကာထွက် .. ဟီး ဟီး 😆

  • ကြောင်ကြီး

    November 30, 2011 at 12:15 pm

    ဟား ဟား…. နင်ဆီက ၂ဝနဲ့ ဝယ်လိုက်တဲ့ကျောက်ကို ဝယ်လိုက်တဲ့ တရုတ်ကြီးဆိုတာ ငါကွ။ တကဲ့တရုတ်အစစ်ကြီးကို ပြန်ရောင်းတာ ၂၀ဝတောင်ရတယ်။ 😀
    သူပြန်ရောင်းလိုက်တော့ ၂၀၀ဝတဲ့။ 🙁
    လက်လီစိတ် ပြန်ရောင်းတဲ့ တရုတ်ကုမ္မဏီက နောက်ဆုံးရသွားတာ ၂၀၀၀၀။ 😥
    ကြေးမုံလေးရေ…. နင့်အမျိုးတရုတ်ကြီးကို ငါမှမမုန်း ဘယ်သူမုန်းနိုင်မှာလဲ။ ကမာ္ဘမကြေ လက်စားချေမယ်ဟေ့… ကြေးမုံလေး ဂျီတော့မှာ ချက်ရအောင်နော်။ 😳

  • amatmin

    November 30, 2011 at 1:59 pm

    ကိုရင်ပေကြီး က ရန်ကုန်တောင် မရောက်သေးဘူး ရန်ကုန်သား (ကားသမားများ)တွေကိုဆော်သဗျ.. 🙂
    သူတို့မန်းလေး က ကားသမားတွေဆော်ချက်ကတော့..လွန်ခဲ့တဲ့ တပတ်က မူဆယ်ကို ဗင်ကားလေးစီးသွားမိတာ..
    ၂၅၀၀၀/ ကို ၃၅၀၀၀/ တောင်းတာ ခံလိုက်ရပါရော.. 🙁
    ဒီတော့ ကိုပေကြီးရေ ကားသမားမှန်ရင် ဘယ်မြို့ဘယ်ရွာ ကဖြစ်ဖြစ် အများစုက လူစိမ်းအပေါ် တနပ်စားတွေလုပ်တတ်ကြပါတယ်..
    ဒါနဲ့ ကိုပေ့ ရေ ဆီစိမ်တဲ့ နေရာလေးတွေ ပြန်ရှယ်ပေးနော်… ဖြစ်နိုင်ရင်လိုက်ပြုစုချင်ပါတယ်ဗျာ.. 🙂

  • koaung

    November 30, 2011 at 8:15 pm

    ရောက်ရင်သံချောင်းခေါက်လိုက်နော် (ရှောင်မလို့) 😀

  • fatty

    November 30, 2011 at 8:16 pm

    ကိုပေ၏လက်ဆောင်များအားနှစ်ခြိုက်ပါ၏။ သဘောကျပါ၏။
    ဓာတ်ပုံရိုက်ကြခါနီး xx နေရာမရသလိုဖြစ်ကြရသေးသည်ကိုလည်းအားနာရပါ၏။
    အမှတ်ရပါ၏။

    • ကိုရင်စည်သူ

      December 1, 2011 at 10:53 am

      ဟုတ်ဒလယ်.. ဘဘဖက်တီးရေ… လက်ဆောင်များအတွက်လည်း
      ကိုပေ့ကို ကျေးဇူးတင်ပါ၏။ အင်မတန်ရုပ်ခံကောင်းသာကြောင့်
      ဓါတ်ပုံနေရာအပေးမခံရတာကိုလည်း အားနာပါဒယ်..
      ဒဂုန်စင်တာ အသစ်ကြီးနှင့် ဘတ်ဂရောင်းထား ရိုက်ထားသော
      ကိုရင့်တို့ ဂေဇက်ဖိုက်တာပုံကို ကြည့်လိုက်ပါက..
      ရွာထဲမှ အမိုက်သားများ ပြန်ပြောဝံ့မည်တောင်မထင်… အဟီးး..
      ရုပ်ခံကောင်းပုံပြောပါဒယ်… 😆 😆 😆

      • etone

        December 1, 2011 at 3:44 pm

        ဟီးဟီး .. ဘာဖြစ်ဖြစ် ရန်ကုန် နဲ့ မန္တလေးတွေ့ဆုံခြင်းပါပဲ …. ပထမတစ်ခါကတော့ …မန်းလေးသားကြီးလေးပေါက် … အခုတော့ ..ကိုပေ … ။ 😀

        ဂေဇက်က နာမည်ကြီးတစ်ယောက်ရန်ကုန်ရောက်လာတုန်း .. အမိအရ ဓါတ်ပုံရိုက်ထားလိုက်ရတယ် ဟီးဟီး 🙂

  • inz@ghi

    November 30, 2011 at 8:22 pm

    ကိုရင် အီးတီရေ … မနာလို ဖစ်လိုက်တာနော်…
    ကပေတယောက် ဘယ်လောက်တောင် ဖလန်းဖလန်း ထခဲ့မယ်….
    ကိုယ်တွေအကြောင်း ဘယ်လောက်တောင် ဝိုင်း အာဟိ လိုက်ကြမယ် ..
    မသိဝူးဗျ နော့် …. 😀

    ဒါမျိုးပွဲတော့ အလွန်ဆင်နွှဲလိုပါ၏ ဗျာ …
    ဂယ်ပါ…
    သည်အကြောင်းတွေ ဘယ်သူ ပို့စ့်အရင် ရေးတင်လာမလဲ မျှော်နေမိပါသည်….

    • E.T

      December 1, 2011 at 3:24 am

      ဟုတ်ပါ့။ ပြန်လာပါတော့မယ်ဆိုမှ ဒီလူကြီးတွေ ၁၅ ရက်လောက်တောင် မစောင့်ဘူး။ ၃လပိုင်း ရောက်ရင်တော့ ကျွန်တော်တို ့ အလှည့်ပေါ့ဗျာ 😀

    • E.T

      December 1, 2011 at 7:44 am

      အိပ်နေတဲ့ ၄နာရီ အတွင်းမှာ ဘယ်သူက အနီတွေပြသွားပါလိမ့်။ အနီထိတဲ့သူတွေ အများကြီးပါလား။ တခြားပိုစ့်တွေမှာပါ အနီတွေပေးသွားတယ်။ မနေ ့ကတွေ ့ဆုံပွဲလေးကို မကျေနပ်လို ့ထင်ပါတယ်။ ကျွန်တော်လည်း မသွားရပါဘူးဗျာ အားမငယ်ပါနဲ ့ 😀

  • alinsett

    November 30, 2011 at 8:54 pm

    ဘာပဲ..ပြောပြော…ကိုပေ သွားမယ့် ခရီးစဉ်ထဲမှာ ကျွန်တော်တို ့လည်း လိုက်ပါလာပါပြီ။

    1 ပြီးရင် 2 တွေ 3 တွေ နဲ ့ဆက်ပါဦးဗျ။

    စောင့်ဖတ်နေပါတယ်။

    လေးစားစွာ ခင်မင်လျက်
    အလင်းဆက်

  • naywoonni

    November 30, 2011 at 9:14 pm

    ရုန်ကန်….အဲ…ဟုတ်ပါဝူး ယောင်ရို့….ရန်ကုန်က အဖွဲ့တွေ မေပောင် မောင်ပေရောက်လာရင် ဝမ်းတန်းနှုတ် ပြီးရင် ကောက်ညှင်းပေါင်းအဝကျွေးထား……။ နေ့မကူးစေနဲ့…..။ ဟာ ….ဟုတ်သေးပါဘူး ငါ့မောင်ပေလေး သနားပါရဲ့ ….။ အဲဂလိုမလုပ်ကြနဲ့နော်………….. နေပြည်တော်လာမှ ငါလုပ်မယ်……..အဲဂလို……..ဟင်းးးး ငါ့နားက ဖြတ်သွားပြီး ဝင်နှုတ်ဆက်မသွားဘူး…။ ချိတ်ရှိုးတယ်…။ ထော်တော့ဘူး

  • ပေါက်ဖော်

    December 1, 2011 at 10:36 am

    ကိုပေရီးကျေးဂျူးနဲ ့..အနော်လဲ. ရွာထဲက..ဒိတ်ဒိတ်ကျဲတွေနဲ ့ ဆုံခွင့်ရလို ့….
    အားရီးပျော်မိပါ၏ဂျာ

    ညက ဆွဲခဲ့တဲ့ ခွက်တွေ ဖောင်လုပ်စီးရင်တောင် သမုတ်ဒယာဂျီးဖြတ်ပြီး..
    သဂျီးဆီ အလည်သွားလို ့ရတယ်….. 😀

    ကျနော်ရိုက်ပေးထားတဲ့ ပုံတွေတင်ရင်တင်လိုက်ပါ……
    ကဇာဂီ ကြိတ်ခိုက်သွားလိမ့်မယ်

    အမောင်ပေ၏ ရန်ကုန်ခရီးစဉ် အဆင်ပြေပါစေနော့

  • ကိုရင်စည်သူ

    December 1, 2011 at 10:58 am

    သိုင်းညီနောင် ရဖော်မှ
    ပေါက် ပေ လူး စည် အနက်ရောင် သိုင်းသမားလေးယောက်သာ ဆုံပေလို့
    ဘီယာခွက်တွေကို ဖောင်လုပ်ပြီး
    သဂျီးဆီမှာ ပွိုင့်သွားတောင်းလို့ရတယ်…။
    သိုင်းသမားလေးယောက်သာ ဆုံပေလို့နော်..
    ရ ဖော်ဆုံသွားရင်တော့ သင်္ဘောဆောက်ပြီး ကမာ္ဘပတ်လို့ရတယ်.. အဟီးး 😀 😀 😀
    စကားမစပ်… (သဂျီးလေသံဖြင့်)
    ကိုပေ တိုက်ပေးထားတဲ့ live up အသဲအားဆေးကြောင့်
    ခုဆို ကိုရင် ထောင်ထောင်မတ်မတ် ပြန်ဖြစ်လာကြောင်း
    ကျေးဇူးတင်သတင်းပို့ပါတယ်ဗျာ..

    • “ဘီလူးကြီး”ogre

      December 1, 2011 at 3:55 pm

      ဟမ်းမာလေး..ဟမ်းမာလေး..
      ကိုပေနော် အရမ်းသောက်တယ်
      ပေါက်/လူး/စည်/ကမ်း/ချော/…လိုက်လို့မမှီဘူး 77တပ်မနဲ့ ဝင်ဝိုင်းတာတောင်
      အသောက်မပျက်ဘူး …..အားကီးကြောက်လယ်။။ 😛
      ***အထူးသတင်း****
      အထက်ဖော်ပြပါ မန်တလေး မှကျောက်စိမ်းသူဌေးဦးဆောင်ကာ ပဲလင်းမွေသီး၏ မြှောက်ထိုးပင့်ကော်လုပ်မှုကြောင့်
      မန်းဂေးဇက်၏ ရွာတွင်းရွာပြင် ရွာစဉ်ရွာထိပ် ရွာတစ်ပိုင်စားကြီးပါမကျန် နေထိုင်ကြကုန်သော
      ရွာသူရွာသားတို့အတွက်………..
      ဘီယာဆိုင် မီတင်မှ ပေါက်/ပေ/လူး/စည်/ကမ်း/ချော နှင့်77တို့မှ
      အောက်ပါဆုံးဖြတ်ချက်ကို တစ်ညီတစ်ညွတ်ထဲ
      အော်ကြီးဟစ်ကျယ် မဲခွဲဆုံးဖြတ်လိုက်သည်။
      သတင်းအပြည့် အစုံအား SB မဲချောမှ ဆက်လက် တင်ပြပေးမည်ဖြစ်ကြောင်းးးးးးးးး 😛

  • လင်းဝေကျော်

    December 1, 2011 at 1:29 pm

    အိပ်ယာက နိုးလာကြပြီကိုး။ တို့တော့ ခေါင်းတွေကိုက်လို့ မျက်စိတွေလေးနေပြီ။
    ညက ဘယ်နှခွက်တောင် ခွက်လိုက်မိသလဲမသိပါဘူး။ ဘီလူးကြီးတောင် လန့်ပြီးပြေးသွားတာပဲ။

    • etone

      December 1, 2011 at 3:46 pm

      မဆုံလိုက်ရမရှိအောင် … ဦးလေးဖုန်းနံပါတ်ကို ကိုဘီလူးဆီပေးခဲ့တာ …. ခေါင်းကိုက်သွားတာကိုး ဟီးဟီး 😆

  • “ဘီလူးကြီး”ogre

    December 1, 2011 at 4:01 pm

    အဲလူကြီးပေါ့
    ပြန်ဒေါ့မယ် ပြန်ဒေါ့မယ်နဲ့
    အရမ်းစွတ်ချတာလေ ဘီယူး ကတော့ ဘီယာနဲ့အတည့်လိုမသောက်တော့ပဲ
    “တားတား” ဖာသာ ပြန်ယာတာပေါ့ ဒီလူကြီး အပြောကောင်းအရစ်ကောင်းကြီး…ကြောက်ကြောက်
    🙁 အေ့……ခေါင်းကိုက်တာနော် 🙂 😛

  • လင်းဝေကျော်

    December 1, 2011 at 4:49 pm

    သူစတဲ့ ဇာတ်လမ်း သူက ပြေးပြီးတော့။
    ဘီယာနဲ့မတည့်တာလား မိန်းမ ဆူမှာကြောက်တာလားမသိဘူး။
    မတည့်လို့ပဲ တည့်များတည့်ရင် ဘောက်ဆာဘေးထားပြီး သောက်မယ်ထင်တယ်။
    အနှုတ်ပေးထားလိုက်တယ်။ မှတ်ပြီလား။
    ဘာများရစ်မိလို့လည်းဗျာ…။ မူလကိုက မရစ်တတ်ပါဘူးဗျာ။
    ကလေးတွေနဲ့ ထိုင်တာဆို ပိုတောင် ဘာရစ်ရမှာလည်း။
    ပျော်စရာကောင်းတယ်။

  • comegyi

    December 4, 2011 at 3:04 pm

    ကိုပေရေ့ ကျုပ်လည်း မန်းလေးကိုဆင်းခဲ့တော့မယ် ပြီးမှ မန်းလေးမှာ ကိုရမ်ဘိုကြီးဆိုင်ကိုကြွမယ်နော…..

Leave a Reply