မြန်မာနိုင်ငံ မြို့ပြများ၏ ဖွံ့ဖြိုးမှုအလားအလာ၊ စိန်ခေါ်မှုနှင့် ပုဂ္ဂလိက ကဏ္ဍ၏ အခွင့်အလမ်းများ

manawphyulayNovember 29, 20111min1555

Invitation

We request the pleasure of your company at the seminar on


” မြန်မာနိုင်ငံ မြို့ပြများ၏ ဖွံ့ဖြိုးမှုအလားအလာ၊ စိန်ခေါ်မှုနှင့်

ပုဂ္ဂလိက ကဏ္ဍ၏ အခွင့်အလမ်းများ ”

by

U Win Myint

Programme

Date : 3rd December (Saturday)

Time : 02:00 PM

Venue : UMFCCI (Head Office), No(29), Min Ye` KyawSwar Street, LanmadawTsp , Yangon.

5 comments

  • zaw min

    November 30, 2011 at 2:06 am

    ရန်ကုန်မြို့ကြီးကို စင်္ကာပူနိုင်ငံကဲ့သို့ဖြစ်အောင်ဆောင်ရွက်ရန် သမတကြီးဦးသိန်းစိန်မှညွန်ကြားထားကြောင်း၊
    ရန်ကုန်မြို့တွင်လေးလအတွင်း ဂုံးကျော်တံတား ၄စင်းတည်ဆောက်မှာဖြစ်ကြောင်း၊မိုးပျံရထားလမ်းများလည်းတည်ဆောက်သွားမှာဖြစ်ကြောင်းတို့ကို့ http://www.first-11.com မှာဖတ်လိုက်ရပါတယ်..အဲဒီမှာ ကွန့်မန့်လေးတွေကပိုပြီးဖတ်လို့ကောင်းသွားပါတယ်။

  • kai

    November 30, 2011 at 2:16 am

    အပေါ်က… မနောဖြူရဲ့ ဖိတ်စာနဲ့ စပ်ဟပ်တာမို့.. တပုဒ်လုံးကူးတင်ပေးလိုက်ပါတယ်..။ အီလဲဗံန်းကို ခရက်ဒစ်ပေးပါကြောင်း…။
    http://www.first-11.com/index.php?option=com_content&view=article&id=11242:2011-11-29-08-10-20&catid=43:2009-11-10-07-39-09&Itemid=111
    =

    ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်အောင် လုပ်ဆောင်ရန် နိုင်ငံတော်သမ္မတမှ လမ်းညွှန်ထားကြောင်း သိရ ၊ လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်နှင့် တာမွေ(၅ လမ်းခွ) လမ်းဆုံတို့အား ၄ လ အတွင်း ဂုံးကျော်တံတားများ အပြီးတည်ဆောက်သွားမည် PDF Print
    Tuesday, 29 November 2011 14:35
    AddThis Social Bookmark Button

    လူဦးရေ ၆ သန်းမှ ရ သန်းအထိ နေထိုင်လျက်ရှိသော ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ ဖြစ်အောင် လုပ်ဆောင်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ လမ်းညွှန်ထားကြောင်း အမှတ်(၁)၊(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုဝင်ဘာလ ၂၈ ရက်နေ့က ကျင်းပသော မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။

    နိုဝင်ဘာလ ၂၈ ရက်နေ့က နေပြည်တော်ရှိ အမှတ်(၂)စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲ၌ အမှတ်(၁)၊(၂) စက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ရန်ကုန်မြို့ရှိ ယာဉ်ကြောကျပ်တည်းလျက် ရှိနေသော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင် နှင့် တာမွေ(၅ လမ်းခွ)လမ်းဆုံများ တွင် ဂုံးကျော်တံတားများ တည်ဆောက်သွားမည် ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသည်။

    ၄ လနဲ့ အပြီးဆောက်မယ့် ဂုံးကျော်များ

    လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့် နောင်နှင့် တာမွေ(၅ လမ်းခွ)လမ်း ဆုံများတွင် ဂုံးကျော်တံတားများ တည်ဆောက်ရာတွင် ၄ လအတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး နိုင်ငံတော်အစိုးရ ဘတ်ဂျက်မှ ထုတ်ယူ သုံးစွဲတည်ဆောက်မည် မဟုတ်ပဲ ပြည်တွင်းရှိ ဘဏ်များငွေချေးယူ၍ လည်းကောင်း၊ တာဝန်ယူ တည်ဆောက်မည့် ကုမ္ပဏီမှ စိုက်ထုတ်သုံးစွဲ၍ လည်းကောင်း တည်ဆောက်မည် ဖြစ်သည်ဟုလည်း သိရသည်။

    “နိုင်ငံတော်သမ္မတကြီးက ပြောကြားပါတယ်။ ရန်ကုန်မြို့ကြီးကို စင်ကာပူလို ဖြစ်အောင် ခင်ဗျားတို့ ကြိုးစားညှိနှိုင်းပြီး လုပ်ကြည့်ပါ။ ကိုယ့်အခြေအနေနဲ့ကိုယ် ကိုက်အောင်လုပ်ပါလို့ ပြောထားတယ်။ အခု ကျွန်တော်ပြောချင်တာက ကမာရွတ်လှည်းတန်းမှာ Traffic တွေ များလာလို့ ဂုံးကျော်တံတားကိုလာ မယ့်လေးလအတွင်းအပြီးလုပ်မယ်။ အလားတူ ရွှေဂုံတိုင်၊ တာမွေ ၅ လမ်းခွဆုံနဲ့ ဘုရင့်နောင်လမ်းဆုံမှာ လုပ်မယ်။ အကယ်၍ လေးလနဲ့အ ပြီးလုပ်မယ်ဆိုပြီး မပြီးရင်လည်း လူထုကို ကျွန်တော်တို့တောင်းပန် ရမှာပေါ့။ ခင်ဗျားတို့မြန်မြန်လေး လုပ်ပေးပါ။ Traffic သိပ်ကြပ်နေတယ်လို့ နိုင်ငံတော်သမ္မတကြီးက ပြောတယ်။ ကျွန်တော်ရန်ကုန်ကို သွားတုန်းကဆိုရင် မီးပွိုင့်မှာ သုံးလေးခါမိ အချိန်တော်တော်ကြာသွား တယ်။ ကျွန်တော်ကတော့ ဖုန်းရှိလို့ အလုပ်လုပ်လို့ရတယ်။ အလုပ်သမားတွေက အလုပ်ကပြန်ပြီး အိမ်ရောက်မှ ထမင်းချက်ရမယ့်သူမျိုး တွေအတွက်ဆိုရင်တော့ အရမ်းကြန့်ကြာနေလို့ မဖြစ်ဘူး။ အိမ်ကိုလည်း ပြန်ချင် မီးပွိုင့်ကလည်း အကြာကြီး မိမိနေတော့ အလုပ်သမားတွေ အတွက် အဆင်မပြေဘူး။ ထို့အတူ ဘုရင့်နောင်တံတားမှာလည်း ယာဉ်တွေကြပ်နေလို့ ဘုရင့်နောင်တံတားရဲ့မလှမ်းမကမ်းမှာ တံတားတစ်ခု ထပ်ထိုးမယ်။ ဒါကတော့ လေးလ နဲ့မပြီးဘူး။ တစ်နှစ်လောက်လည်း ကြာရင်ကြာမယ်။ အလားတူပဲ ရထားလမ်း ကွန်ယက်ကိုလည်း ရန်ကုန်မှာဆောင်ရွက်မယ်၊ ကားလမ်း ကွန်ယက်လည်း လုပ်မယ်။ လွတ်လပ်ရေးရပြီး ကာစကဆိုရင် စင်ကာပူက ကျွန်တော်တို့နိုင်ငံကို လာကြည့်ရတယ်။ အခုကျွန်တော်တို့က ပြန်ကြည့်ရတော့မယ်။ ကိစ္စမရှိပါဘူး။ ကောင်းတာတွေ ယူရမယ်။ အခုလက်ရှိ ရန်ကုန်မြို့ရဲ့လူဦးရေက ၆ သန်း နဲ့ ရ သန်းရှိလာတဲ့အခါမှာ မြို့ပြင်ကနေ အလုပ်လုပ်ဖို့ သွားလိုက်ပြန်လိုက် သွားလာနေရတဲ့ အလုပ်သမားတွေ အဆင်ပြေဖို့ ကျွန်တော်တို့ကုစားနေပါတယ်။ ကုစားတဲ့အလုပ်စပြီ လို့ပြောချင်တယ်။ ဂုံးကျော်တံတား တွေ အများကြီး ဖြစ်သင့်တာပေါ့။ လတ်တလောတော့ ၄ လလောက် အတွင်းမှာ ဂုံးကျော်တံတား ၄ ခုကို အမြန်ပြီးအောင်လုပ်မယ်။ ဂုံးတံတား တွေကို Pre card စနစ်နဲ့လုပ်ဖို့ စီစဉ်ထားတယ်”ဟု အမှတ် (၁)၊(၂) စက် မှု ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင် MIC ဥက္ကဋ္ဌ ဖြစ်သူ ဦးစိုးသိန်းက ပြောကြားခဲ့သည်။

    ဆက်လက်၍ ၎င်းက “လှည်းတန်းဂုံးကျော်အတွက် ကမ္ဘောဇ ဘဏ်က ငွေချေးယူပြီး လုပ်မယ်။ တာမွေ ၅ လမ်းဆုံအတွက် ကျွန်တော်တို့ စက်မှုဘဏ်ကချေးယူပြီး လုပ်မယ်။ ရွှေဂုံတိုင်နဲ့ ဘုရင့်နောင် လမ်းဆုံဂုံးကျော်တွေ အတွက်ကတော့ တာဝန်ယူမယ့် ကုမ္ပဏီက အရင်းစိုက်ထုတ်လုပ်မယ်။ B.O.T စနစ်နဲ့ လုပ်သွားမှာပါ။ တည်ဆောက်တဲ့အခါ လမ်းတွေကို ပိတ်ပြီးမဆောက်ဘူး။ မလှမ်းမကမ်းမှာ တံတား အချပ်တွေကို အရင်လုပ်မယ်။ ပြီးရင် ဂုံးကျော်ဆောက်မယ့်နေရာမှာ ပိုင်တွေရိုက်ပြီး ကရိန်းတွေနဲ့ တပ်ဆင်မှာ ဖြစ်လို့ လမ်းလည်းမပိတ်တော့ဘူး”ဟု ပြောကြားခဲ့သည်။

    မိုးပျံရထားလမ်းအတွက် စင်ကာပူနဲ့ချိတ်ပြီး ရင်းနှီးမြှုပ်နှံသူရှာ

    ရန်ကုန်တွင် မိုးပျံရထားလမ်း တည်ဆောက်ရန်အတွက်လည်း စင်ကာပူနှင့် ချိတ်ဆက်ကာ ရင်းနှီးမြှုပ်နှံမည့်သူ ရှာဖွေနေပြီဖြစ်ကြောင်း၊ မြို့ပတ်ရထားလမ်း ကွန်ယက်အား တာဝန်ယူလုပ်ကိုင်မည့် လုပ်ငန်းရှင်များ ရှိပါကလည်း လာရောက်ဆွေးနွေး ရယူလုပ်ကိုင်နိုင်ကြောင်း သိရသည်။

    “စင်ကာပူနဲ့ချိတ်ဆက် ပြီးတော့လည်း Sky Rail လုပ်ဖို့ Investment လုပ်ဖို့ ရှာဖွေနေပါပြီ။ စင်ကာပူ သံအမတ်ကြီးကိုလည်း ပြောကြားထားပြီးပါပြီ။ မြို့ပတ်ရထားလမ်း လုပ်ကိုင်လိုတဲ့ လုပ်ငန်းရှင်တွေလည်း လာရောက်ဆွေးနွေးပြီး ရယူလုပ်ကိုင်မယ်ဆို ခွင့်ပြုပေးသွားဖို့ ရှိပါတယ်”ဟု အမှတ်(၁)၊(၂) စက် မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင MIC ဥက္ကဋ္ဌဖြစ်သူ ဦးစိုးသိန်းက ပြောကြားခဲ့သည်။

    လမ်းပျက်တွေကိုလည်းပြင် ရေဆိုးစွန့်ထုတ်တဲ့ စနစ်ကိုလည်းပြင်၊ ကားပါကင် ပြဿနာပါ ဖြေရှင်းမယ့် ရန်ကုန်

    ရန်ကုန်မြို့တွင်းအပြင် မြို့ပြင် မြို့နယ်များရှိ လမ်းပျက်များကိုလည်း ပြင်ဆင်ရန် ညှိနှိုင်းထားကြောင်း နှင့် ရေဆိုးစွန့်ထုတ်စနစ်၊ မိလ္တာစနစ်မှအစ ပြန်လည်ပြင်ဆင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

    “ပျက်နေတဲ့ လမ်းတွေအမြန် ပြင်ဆင်မယ်။ သာကေတတို့လို မြို့ပြင်ဘက်က ပျက်နေတဲ့ လမ်းတွေကိုလည်း အမြန်ပြင်ဖို့အတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရယ်၊ မြို့တော်ဝန်ရယ်နဲ့ ညှိနှိုင်းပြီးအမြန်လုပ် သွားမယ်။ ကျွန်တော့်ဘက်က မြို့ တော်ဝန်ကို ညှိနှိုင်းထားတယ်။ နေ့ လည်ဘက်မှာ လမ်းတွေမပြင်ပါနဲ့ ညပိုင်းပဲပြင်ဖို့။ နေ့လည်ဘက်ပြင်တယ်ဆိုရင် ယာဉ်ကြောတွေ ပိတ်နေလို့ အလုပ်တွေတော်တော် ပျက်တယ်။ ဂျပန်၊ အင်္ဂလန်တို့ဆိုရင် ည သန်းခေါင်ကျော်မှပြင်တယ်။ ဒါတွေကိုလည်း စတင် အကောင်အထည်ဖော်မယ်။ နောက်ပြီးတော့ ရန်ကုန် မြို့အတွက် သန့်ရှင်းတဲ့ သောက်သုံးရေရရှိဖို့လည်း ဆောင်ရွက်မယ်။ နီးနီးနဲ့လွယ်လွယ်၊ ရေသန့်သန့်ရဖို့ ဆောင်ရွက်သွားမယ်။ ရန်ကုန်မြို့ ဟာ လွန်ခဲ့တဲ့ အင်္ဂလိပ်လက်ထက် ကတည်းက တည်ဆောက်ခဲ့တာဆိုတော့ အခုကျွန်တော်တို့ သန့်ရှင်း သပ်ရပ်အောင် လုပ်တော့မယ်။ ပြည်ပက အကူအညီရရင်လည်း ယူပြီး လုပ်သွားမယ်။ ရေဆိုးစွန့်ထုတ်တဲ့ စနစ်ဆိုရင် ပျက်နေတာတွေကို မပြင်တော့ဘူး အသစ်ပဲ လုပ်တော့မယ်။ ကားပါကင်ထားဖို့ အတွက်လည်း လုပ်ဆောင်ဖို့စီစဉ်ထားပါပြီ” ဟု လည်း ဆက်လက်ပြောကြားခဲ့ပါ သည်။

    ပင်စင်ယူပြီး အိမ်ပိုင်မရှိသည့် ဝန်ထမ်းများ မဖြစ်စေရေး ဝန်ထမ်းအိမ်ရာသစ်များ တည်ဆောက်မယ့် အစီအစဉ်ကောင်းပါရှိ

    “ဝန်ထမ်းတွေ အသက် ၆ဝ ကျော်လို့ ပင်စင်ယူပြီးရင် အိမ်မဝယ်နိုင်တာ များပါတယ်။ အဲဒီလိုမဖြစ်ဖို့တွက် ရန်ကင်းမှာလို ကျွန်တော်တို့ ဝန်ထမ်းအိမ်ရာတွေပါ တည်ဆောက် ပေးတဲ့ အစီအစဉ်လည်းပါ ပါတယ်။ မြို့ထဲမှာတော့ မရနိုင်ဘူး ဒါပေမယ့် သင့်တော်တဲ့နေရာရှာပြီး ဆောက်မှာပါ။ ဝန်ထမ်းတွေက လစဉ်ပေးရင်း ပေးရင်းနဲ့အပိုင် ဖြစ်သွားမယ့်မှာပေါ့။ အခုလိုလုပ်ရင် အိမ်ပိုင်လည်းရသွား မှာပေါ့”ဟု MIC ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားခဲ့သည်။

    ရန်ကုန်မြို့တော်တွင် နောက်ပိုင်း၌ စင်ကာပူကဲ့သို့ပင် ယာဉ်လိုင်းများနှင့် ယာဉ်စီးခပေးသည့် စနစ်များ အထိပါ တစ်ဆင့်ချင်းတစ်ဆင့်ချင်း ပြင်ဆင်လုပ်ဆောင်ရင်းဖြင့် ရန်ကုန်အား ကုစားပေးမည် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရန်ကုန်အတွက် အဓိကကျတဲ့ Yangon City Development Plan ရေးဆွဲပြီး လုပ်မယ်

    ရန်ကုန်မြို့ကုစားရေးအတွက် အဓိကကျသည့် Yangon City Development Plan အား ရေးဆွဲကာ အဆိုပါ Plan အတိုင်း ပြည်တွင်း ပြည်ပ အကူအညီများဖြင့် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

    “Yangon City Development Plan ကိုရေးဆွဲပြီး လုပ်မှာ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန် မြို့တော်စည်ပင်တို့ ရှိပြီးဖြစ်တဲ့အတွက် သူတို့တွေနဲ့ ရေးဆွဲ လုပ်ဆောင်မှာပါ။ အဓိကျတာက Yangon City Development Plan ပါ” ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။

  • maungmoenyo

    November 30, 2011 at 8:45 am

    အင်း infra-structure ကိုဘယ်သူကထဲ့ပေးမှာလဲ…။ တရုတ်ကြီးတော့မဟုတ်ပါဘူးနော်။

  • small cat

    November 30, 2011 at 9:27 am

    ဝန်ထမ်းတွေအိမ်ပိုင်ဖို့ ကိုရန်ကုန်တင်မဟုတ်ပဲ နယ်မြို့တွေမှာလဲလုပ်ပေးသင့်ပါတယ်။
    နယ်တွေမှာမြေနေရာရဖို့က ပိုလွယ်ကူပါတယ်။
    အသက် ၆ဝ ပြည့်လို့ ပင်စင်ယူလိုက်ရတဲ့အောက်ခြေဝန်ထမ်းတော်တော်များများဟာ စားရမဲ့သောက်ရမဲ့ဖြစ်ပြီး
    ပုဂ္ဂလိက ဆိုင်တွေ၊ ဂိုထောင်တွေမှ ညစောင့် ဒလဝမ် ဖြစ်ကုန်ကြတာ ရေလို့တောင်မရပါဘူး။
    ဒါတောင် ဝန်ထမ်းမထွက်ခင်က ပြည်သူတွေ အရမ်းအော်နေကြတဲ့ လာဒ် စား နေလို့ ၊ အဲဒီလာဒ်ကိုသာမစားရရင် အသက်တောင်ရှင်စရာအကြောင်းမရှိတာအမှန်ပါ။

  • htoosan

    November 30, 2011 at 11:07 am

    လူကူး ဂုံးကျော်ဆိုရင်တော့ လေးလ နဲ့ ပြီးရင် ပြီးမယ်။ ကားလမ်းဂုံးကျော် လေးလ နဲ့ ဆိုတော့ တောင်းပန်ဖို့သာ ပြင်ထားပေတော့ ဝန်ကြီးရေ။
    လုပ်ဟ လုပ်ဟ ဆိုပြီး ဘယ်နေ့ အပြီး ဆိုတဲ့ အကျင့်တွေ ပြင်ပြီး ပညာရှင် စကားတွေ နားထောင် ၊ စံညွှန်းစံထား အတိုင်းပြီးသင့်တဲ့ နေ့မှာ ပြီး တာကို သည်းခံ စောင့်သင့် ကြပါတယ်။
    Survey , Design နဲ့တင် တစ်လနှစ်လလောက်သွားမှာ ။ နို့မို့ လို့ ကတော့ ဂုံးတော့ ကျော်သွားပါရဲ့ ။ ဘယ်နား ပြန်ဆင်းရမသိဖြစ်နေမှာ။
    “နေ့ လည်ဘက်မှာ လမ်းတွေမပြင်ပါနဲ့ ညပိုင်းပဲပြင်ဖို့။ နေ့လည်ဘက်ပြင်တယ်ဆိုရင် ယာဉ်ကြောတွေ ပိတ်နေလို့ အလုပ်တွေတော်တော် ပျက်တယ်။”
    ဝမ်းသာစရာပါ ။ အခု ကို စ နေပြီလို့ထင်ပါတယ်.။ ည လမ်းမထွက်တော့ မသိပေမဲ့ နေ့ဘက် လမ်းပြင်တာ သိပ်မတွေ့ဘဲ ၊ လမ်းပေါက်တွေကို ဆေး နဲ့ အမှတ်အသား လုပ်ထားတာတွေ တွေ့မိတယ်။ ပြင်ပြီးပြီလား သတိထားကြည့်လိုက် ဦးမယ်။

Leave a Reply