ဝီကိ(Wiki) အကြောင်းပါ။ ။

ဘွဲ့လွန်သင်တန်းတွေ( မာစတာ၊ပီအိတ်ခ်ျဒီ) မှာ ဝီကိက “ကိုးကား” ကိုလက်မခံတဲ့

တက္ကသိုလ်တွေ တော်တော်ကြား လာရတယ်။

အခုရှိတဲ့ကျောင်းမှာအဲဒီလိုဖြစ်နေလို့…..

တခြား(အနောက်ဖက်)ကတက္ကသိုလ်ဆရာတွေနဲ့ ကွန်ဖရင့်တွေမှာဆုံလို့မေးကြည့်တော့

“Refernce-ကိုးကား”မသုံးသင့်လို့ သတ်မှတ်ထားတဲ့ကျောင်းတွေ ထပ်တွေ့လာရပြန်တယ်။

ဝီကိလိခ်ရဲ့တချိန်က ဂယက်များပါမလားတော့ မသိဘူးနော်လို့စဉ်းစားမိသေးတယ်။

အချက်တခုအနေနဲ့။။

ကျနော်ကတော့နဂိုထဲက စာအုပ်နဲ့ကိုးကားသူပါ။

“ပေါ့ပေါ့ပါးပါး စာတွေကလွဲရင်အွန်လိုင်း -ကိုးကား -သုံးလေ့မရှိတော့” ဘယ်လိုမှ မခံစားရပါဘူး။

ပြောရရင် သူ့(ဝီကိ)မှာလည်း “စာအုပ်ကိုးကားတွေ”ဟိုး အောက်ခြေမှာတွေ့နေရတာဘဲ။

ဖြစ်ပုံကဒီလို။

အွန်လိုင်းကိုးကား သမားတွေက ဝဒ်ဆိုဒ် တခုကို ကိုးကားရင် တော်တော်များများ

အကုန်ဒီအတိုင်းယူ(Retrieve)လား။

ဝင်ကြည့်ရုံ ဝင်ကြည့်ပြီး ရှိတဲ့စာအုပ်ထဲကဟာလေးနဲ့ “တူတယ်”လို့ ထောက်ညွန်းဖို့လေးဝင်

တာ(Access)ဆိုတာရေးရပါတယ်။

အဲဒီ လိုအမျိုးအစား ခွဲပြီးရေးရတဲ့အပြင် ကိုယ်ဝင်ကြည့်တဲ့ ” Date-နေ့ရက်” ကိုပါရေးရပါတယ်။

ဆိုတော့ကျနော်ဝင် ကြည့် တုန်းက”ရှိတယ်”။

ကျနော်ဝင်ကြည့်တုန်းက အဲဒီအသီး ဆိုတာ “ချို” တယ်လို့တွေ့တယ်။

ခင်ဗျားဝင်ကြည့်တဲ့အချိန်က မတူတော့ “မရှိဘူး”၊ မချိုဘူး “ချဉ်တယ်” ဖြစ်နေတာဖြစ်မယ်လို့။

ငြင်းစရာ “ရ” နေလို့ပါဘဲ။

အကယ်ဒီမစ်ပေပါ (စာတမ်း) တခု မှာ References-ကိုးကားရည်ညွန်းဆိုတာရယ်။

Own Finding-မိမိရဲ့ “အသစ်” ရှာဖွေတွေ့ရှိမှုတွေက အရေးကြီးတဲ့အပိုင်းပေါ့ဗျာ။

Literature Review-လစ်ထရေးချား ရီဗျူးလို့ခေါ်တဲ့ စာပေကိုးကားရည်ညွန်းကို

အွန်လိုင်းကဆိုရင်တကယ်အားပျော့ပါတယ်။

ရက်အလိုက်၊အချိန်အလိုက်

(အပေါ်မှာပြောခဲ့သလို ဒီနေ့ အရင်းရှင်စနစ်က ကောင်းတယ်၊ နောက်နေ့မကောင်းဘူးလို့)

ပြောင်းလည်းရေးသားနိုင်လို့ခိုင်မာမှုမရှိဘူးလို့ ယူဆကြလို့ပါ။

ပြောရရင်စာအုပ်ညွန်း ဆိုရင်တောင် အဲဒီစာအုပ်ကို (Page Number)စာမျက်နှာပါ ညွန်းရပါတယ်။

တင်းကြပ်တဲ့ စည်းကမ်းရှိတဲ့ အကယ်ဒီမစ် ဘုတ်အဖွဲ့များဆိုရင်တော့ အဲဒီစာအုပ်နဲ့

စာမျက်နှာအထိလိုက်ရှာကြည့်ပြီးအတည်ပြုချက်ယူတတ်လို့ နာမည်ကျော် ပညာရှင်အဖွဲ့အစည်း

တွေကထုတ်တဲ့ဘာသာရပ်ဆိုင်ရာစာအုပ်များ၊ စာတမ်းများဟာ အတည်ပြုပုံနှိပ်ထုတ်ဝေပေးဖို့

တနှစ်လောက်ကိုကြာတတ်ပါတယ်။

အဲဒီတော့ဗျာ၊

အဲဒီ တနှစ်အတွင်းမှာ ဝီကိက “လေ” ပြောင်းသွားရင် စာတမ်း၊စာအုပ်ရေးထားတဲ့ သုတေသန

သမားခမြာအပယ်ခံရ(သို့) ပြန်လည်ရေးသားရတော့မှာမို့ ဆုံးရှုံးနစ်နာတာပေါ့။

အဲဒီတော့၊ အကယ်ဒီမစ်လိုင်းကလူတွေက Wiki-ဝီကိကိုပေါ့ပေါ့ပါးပါးစာများမှာဘဲ သုံးကြပါတော့တယ်။

အကယ်၍ပေါ့လေ။မသုံးမဖြစ် ကိုးကားတော့မယ်ဆိုရင်တောင် ။(ရှားရှားပါးပါးပါဘဲ အဲဒါမျိုးဆိုတာတောင်)

SecondaryLevel-စက်ကင်းဒရီလယ်ဗယ်မှာထားကြပါတယ်။

Primary-ပရိုင်မာရီ(မူလကိုးကား-Book) ရဲ့အဆိုကို Wiki-ဝီကိမှာလည်းတွေ့ပါကြောင်းပေါ့ဗျ။

နောက်တနည်းကတော့ ဝီကိမှာအကြောင်းအရာတခုကိုရေးထားရင် ဟိုးအောက်ခြေမှာရေးထားတဲ့

စာညွန်း( References ) ဆိုတာတွေ့ပါလိမ့်မယ်။

ဟုတ်ကဲ့ အဲဒီ စာညွန်းထားတဲ့ “စာအုပ်” ကိုလိုက်ရှာဖတ်ရပါတော့တယ် (ကိုးကားချင်ရင်)။

ပြောရရင် အကယ်ဒီမစ်ပေပါ (သုတေသနစာတမ်း) ရေးရတာ အရမ်းဂရုစိုက်ရတယ်ဆိုတာပါ။

စကားလုံးတလုံး ရဲ့ မူရင်း အဓိပ္ပါယ်နဲ့ သူ့ရဲ့ ဆက်နွယ်မှူ၊ဘယ်လို အမျိုးအစားဆိုတာအထိ သိ ရပါတယ်။

လွယ်လွယ်ပြောလိုက်၊ရေးလိုက်လို့မရပါဘူး။

ဥပမာ–(Society)ဆိုဆိုက်ရတီဆိုရင်ဘာအဓိပ္ပါယ်လဲ၊

သူ့ကိုဘယ်လိုအုပ်စုခွဲလို့ရလဲ၊သူကဖြစ်စဉ်လား၊အကြောင်းအရာလား၊အကြောင်းရင်းလား၊

အကျိုးဆက်လား၊လုပ်ဆောင်မှုလား၊လုပ်ဆောင်သူလား ..အဲဒီလိုမျိုးသိရ ပါတယ်။

ဆက်ပြီးပြောလိုက်တော့မယ်နော်…………..

ဟိုနေ့ကပြောတဲ့ ပါဝါဆိုတာမျိုးပေါ့။

ပါဝါဆိုတာ စဉ်းစားရင် ကိုယ်ပိုင်ပါဝါ၊လုပ်ငန်းပါဝါ၊ လူအဖွဲ့အစည်းပါဝါ၊ နိုင်ငံအဆင့်အာဏာပါဝါ၊

နိုင်ငံတကာအဆင့် ဂလိုဘယ်ပါဝါ၊ဆိုပြီး ရှိတာပေါ့ဗျာ။

(အဲ…စွမ်းအင် ကိုလဲပါဝါလို့ခေါ်တယ်ဆိုတော့၊ အင်ဂျင်ပါဝါတွေ၊ရေအား၊နေစွမ်းအားပါဝါတွေကို

စွမ်းအင်ဆိုတဲ့အုပ်စုမှာထားရမှာပါ။တိတိကျကျတိုင်းတာနိုင်သော၊သဘောရှိပါတယ်။

ထင်ထင်ရှားရှားဖြစ်အောင်”အချိန်မရွေး” ပြနိုင်ပါတယ်  အဲဒီ စွမ်းအင်ပါဝါ ကိုလည်းခွဲပြီး “သိ” ရပါမယ်။

သဘာဝလား၊လူလုပ်စွမ်းအင်လား၊ ဘယ်လိုကောင်းကျိုး ဆိုးပြစ်ဆိုတာမျိုးပေါ့။၊)

စွမ်းအင်မဟုတ်သော ပါဝါကို ဆက်မယ်နော် ……….

ဒီထက် နုရရင်ပန်းကလေး တပွင့်ရဲ့ ပါဝါ၊ မိန်းကလေးတဦးရဲ့ ချစ်စရာကောင်းသောအပြူအမူပါဝါ၊

အချစ်၏ပါဝါဆိုပြီး ပြောလို့ရသေးတယ်။

ပါဝါဟာရုပ်ဝထ္ထူပစ္စည်း ပိုင်ဆိုင်မှုတွေ၊အပြစ်ပေးအရေးယူမှု၊ဒါမှမဟုတ်အသားကိုနာကျင်ထိခိုက်

အောင်လုပ်ဆောင် နိုင်တဲ့ဟာမျိုးဆိုရင်တော့ ( Hard Power )ပါဝါအပြင်းစားပေါ့ဗျာ။

ကျောင်းမသွားလို့အရိုက်ခံရတာမျိုး ..က စလို့ …ကမ္ဘာ့စစ်ကြီးတွေအထိပေါ့။

အဲ..ခင်ဗျား အဖေကိုချစ်တယ်၊ အမေ့ကိုချစ်တယ်၊ ဘုရားကိုယုံကြည်တယ်၊ရိုသေတယ်။

မယုံကြည်ရင် ဖမ်းလို့လား။နိုး ပါ။ ခင်ဗျား ယူအက်စ်မိဒ်မှ သဘောကျတယ်။ ဂျက်လီကိုကြိုက်တယ်။

ကိုရီးယားကား မကြည့်ရရင် အိပ်လို့မရဘူး။ ဆွဲအားတွေရှိတယ်နော်။

ဘယ်သူမှလည်း မခိုင်းဘူး။ မလုပ်လဲရတယ်။ ဘာမှလည်းမဖြစ်ဘူး။

ဂေဇက် လာမဖတ်ရင် ဒါဏ်ကြေးဆောင်ရမှာမလို့ လာဖတ်နေတာလား။

သူငယ်ချင်း တယောက်ယောက်ရေးတာကို ကော်မန့်မပေးရင် ဘယ်သူကလာပြီး “စစ်ဆေးသတိပေး၊

အရေးယူမှာမလို့ ” အသဲအသန် ကော်မန့်ပေးတာလဲ။ ဘာမှဖြစ်ဘူး။ ခင်လို့။သံယောဇဉ်ကြောင့်။

တွေ့တယ်နော်။ပါဝါအပျော့ (Soft Power)။

ဥပါဒါဏ်နဲ့အာရုံတဲ့ဘုရားဟောထားပြီးသားနော်။

သံသရာမပြတ်စေသော(SoftPower)။ပြင်းသလားမမေးနဲ့။

(သံသရာကို မယုံကြည်သူများ ကျော်ဖတ်ပါ)

ကိုယ့်မိသားစု ကိုခင်တွယ်တတ်သော (Soft Power )။

ကိုယ့်အသိုင်းအဝိုင်းကိုခင်တွယ်တတ်သော(Soft Power )။

သူကြီးကိုလေးစားခင်မင်ကြသော (Soft Power)။

ကောင်မလေး ငယ်ငယ်ဟုထင်ပါက ဝိုင်း “အားပေး” တတ်သော (Soft Power)။

ဪ….  မန်းဂေဇက်ကို ခင်တွယ်နေကြသော (Soft Power )။

Soft Power များကို ကိုယ်တိုင်ကြုံတွေ့နေရတယ် ဆိုတာ စိုးစဉ်းမျှ မသိလေရော့သလား …

ချစ်မိတ်ဆွေအပေါင်း သူတော်ကောင်း တို့။

သုတေသနကိုဆက်သွားရရင် …

အဲဒီလို စကားလုံးတွေကို Categorize-ကတယ်ဂိုရိုက်(အုပ်စုခွဲ)

Classification-ကလပ်စိဖိကေးရှင်း(အမျိုးအစားခွဲ) ပြီး “သိ” မှ

သုတေသန စာစောင်ကောင်း တစောင်ဖြစ်ပါတယ်။

အဲဒီတော့ ဗျာ “စာလုံး” တလုံး တောင် အရေးကြီးတယ်ဆိုတော့ အဲဒီ “ရည်ညွန်းကိုးကားရာနေရာ”

ဟာဘယ်လောက်အရေးကြီးတယ်ဆိုတာ သိသာပါတယ်။

ဒီ မန်းဂေဇက်မှာတော့ “ဘာမဆို” ကိုးကားလဲ ဖြစ်မယ်ထင်ပါရဲ့။

စာတမ်းလဲမဟုတ်။သုတေသနလဲမဆိုင်ဆိုရင်ပေါ့။

ကိုယ့်စိတ်နဲ့ ကိုယ် ဝီကိ ကိုးကားသူများကို ကန့်ကွက်ပြောဆိုနေတာမဟုတ်ပါဘူးလို့လဲ ပြောပါရစေနော်။

(ဟဲဟဲ ….သူကြီးမင်းကိုယ်တော်တိုင် ဝီကိနေတော့၊ တောင်းပန်ပါတယ်၊ လေးစားစွာပါ)

ဘာဘဲဖြစ်ဖြစ် ကျနော်လဲ ဝီကိ ဖတ်ပါတယ်။

အွန်လိုင်း (World Bank, Asian Development Bank, World Trade Organization, IMF)

Data-ဒေတာတွေ၊စာတမ်းတွေလည်း ဖတ်ရပါတယ်။နဲနဲ ပါးပါး ကိုးကားလည်း ကိုးကားပါတယ် ။

အဲ..သာတာက အဲဒီ အဖွဲ့အစည်းတွေရဲ့ စာတွေက အပြင်မှာလဲ တကယ် Publication-ပတ်ပလိကေးရှင်း

ရှိတော့  Rely-ရီလိုင်း(အားကိုး)လို့ ကောင်းတယ်ပေါ့ဗျာ။

ဟုတ်ကဲ့..

ဝီကိလဲ ကောင်းပါတယ်လို့ သာ………………….။

~~~~~~~~~~~~~~~~~~~~

အားလုံးကိုလေးစားပါသည်

မောင်သစ်မင်း (^^)

 

About thit min

thit min has written 94 post in this Website..

   Send article as PDF