အံ့ဖွယ်ထူးခြား ” ရွှေကံကူ လေပျံသစ်တော်ဘုရား”

mandalarthuNovember 30, 20112min37035

ပြီးခဲ့တဲ့ တနင်္ဂနွေနေ ့(၂၇-၁၁-၂၀၁၁)နေ ့နေ ့လည် က မမျှော်လင့်ဘဲ ကျွန်မအလွန်ထူးဆန်းသော ဘုရားတဆူကို ဖူးခွင် ့ကြုံခဲ ့ရပါတယ်။ သူငယ်ချင်းရဲ အိမ်မှာ “ရွှေကံကူလေပျံသစ်တော်” ရုပ်ရှင်တော်မြတ် ပင့် ဆောင် ပူဇော်ပွဲ  နှင် ့ဘုရားအနေကဇာတင် တိုက်တက်ပွဲ ကို လာရောက် ရန် ဖိတ်ကြားခဲ ့သောကြောင့် သွားရောက်ခဲ ့ရာမှ အလွန်ထူးဆန်းသော“ရွှေကံကူလေပျံသစ်တော်” ဘုရား ကို ဖူးမျှော်ခွင် ့ရခဲ ့ပါတယ်။

နေရာက ၃၉x၄ဝကြား ၊၆၅x၆၆လမ်း ကြား၊နဝရတ်လမ်းသွယ်မှာ ဖြစ်ပါတယ်။အဲဒီမှာ (၂၆-၁၁-၂၀၁၁)နဲ ့(၂၇-၁၁-၂၀၁၁) ထိ နှစ်ရက် အပူဇော်ခံပြီး (၂၈-၁၁-၂၀၁၁)မှာ စိန်ပန်းမှာ (၁)ရက်အပူဇော်ခံကာဒီနေ ့ (၂၉-၁၁-၂၀၁၁)မှာတော ့ရန်ကုန်ကို ဒေသစာရီ ခရီးကြွမြန်းအပူဇော်ခံမှာဖြစ်ပါတယ်

“ရွှေကံကူလေပျံသစ်တော်” ဘုရားရဲ ့ထူးခြားမှုတွေကတော ့ အံ ့မခန်းပါဘဲ။ ့အထူးခြားဆုံး အချက်ကတော ့မိမိလိုသောဆုကို အဓိဌာန်တောင်းဆိုက ပြည် ့နိုင်ကြောင်းနှင် ့ကိုယ်ပိုင်အိမ်ပိုင်ဆိုင်လိုသူများကဘုရားပလင်တော်ကိုဘုရားကိုရည်မှန်းလှူဒါန်းပါကမကြာမီ ကိုယ်ပိုင်အိုးအိမ်ပိုင်ဆိုင်ကြကြောင်း သိခဲ ့ရပါတယ်။လြှူဒါန်းနေသူများကိုလည်း မြင်တွေ ့ခဲ ့ရပါတယ်။

ထိုနေ့ကကျွန်မမှာကင်မရာမပါသွားသောကြောင့်မှတ်တမ်းတင်မရိုက်ကူးနိုင်ခဲ့ပါ။ကံအားလျော်စွာ ဘုရားသမိုင်းနှင် ့ဓာတ်ပုံများဝယ်ယူပူဇော်ခွင် ့ရခဲ ့လို ့ယခုလို မျှဝေနိူင်ခဲ ့တာ ပါ။

     ရွှေကံကူလေပျံသစ်တော်ဘုရား၏

                        ဖြစ်တော်စဉ်သမိုင်း

ထူးဆန်းသော   သစ်ပျံတော်

  

၁၉၉၅  ခုနှစ်၊  မေလတွင်  စစ်ကိုင်းတိုင်း၊မော်လိုက်ခရိုင်၊  ဖောင်းပြင်မြို ့ နယ်၊  အထက်ချင်းတွင်း  သစ်ထုတ်ရေးဒေသ  မိုင်းချောင်း  အကွက် (၂၄)ရှိ  တွန်နိမ်ရွာနှင့်  မဲဒင်းလေးရွာတို ့ မှ (၅) မိုင်ခန် ့ ကွာဝေးသော တောတွင်း တစ်နေရာမှ  ရရှိခြင်းဖြစ်ပါသည်။  သစ်ပျံတော်သည်  ရေကြီးချိန်များ တွင်  မူလငုတ်ရင်းနေရာသို ့ ပြန်လည်ရောက်ရှိလေ့ရှိကြောင်း၊ ၎င်းတုံးကြီးပေါ်တွင် အဝတ်များ လျှော်ဖွတ်မိပါ က ဖျားနာခြင်း၊ ဝမ်းလျောခြင်းများဖြစ်ပွားကြောင်း၊ ၎င်းတုံးပေါ်တွင် သား၊ ငါးများ ခုတ်စင်းမိပါက ရောဂါဘယ  အမျိုးမျိုးဖြစ်ပွားခြင်း၊ ဘေးအန ္တရာယ် အမျိုးမျိုး ကျရောက်ခြင်းများနှင့် ကြူံတွေ ့ရကာ နောက်ဆုံးတွင်  အသက် ဆုံးရှုံးကြောင်းတို ့ကို ဒေသခံများမှ သတင်းပို ့ပြောပြကြပါသည်။

၎င်းသစ် ထူးခြားပုံအား  မြန်မာ့သစ်လုပ်ငန်းမှ သွားရောက်သယ်ယူ၍ စစ်ဆေးခဲ့ရာတွင်  လွန်ခဲ့သော  နှစ်ပေါင်း (၉၀)ကျော်ကာလ  အင်္ဂလိပ်လက်ထက်  BBC(ဘုံဘေဘားမားကုမ္ပဏီ)၏  တံဆိပ်ဟောင်းပါရှိပြီး သစ်နံပါတ်မှာ( ၉၉၉)ဖြစ်ပါသည်။ အလျားမှာ ( ၂၇)ပေ နှင့် လုံးပတ် (၇)ပေ (၂) လက်မ ရှိကြောင်း တွေ ့ရှိ ရပါ သည်။ ထူးခြားသည့် သစ်ပျံတော်သည် ဆွေးမြေ့ခြင်း၊ ဟောင်းနွမ်းခြင်းမရှိဘဲ၊ လတ်ဆတ်လျက် ရှိပါသည်။

ရွှေကံကူလေပျံသစ်တော်ဘုရားအဖြစ်သို ့  

၎င်းထူးဆန်းသော သစ်အပိုင်းအား တစ်ဆင့် လက်ခံရရှိသော မော်လိုက်မြို ့မှ  ဦးမောင်မောင်  + ဒေါ်ညွန် ့ရီ(မောနင်းစတား- ကဖီး)တို ့သည် ဗုဒ္ဓရုပ်ပွားတော်(၂) ဆူနှင့် ရှင်သီဝလိ ရဟန ္တာရုပ်ပွားတော် နှစ်ဆူ ထုလုပ်ကိုးကွယ်၍ (၉.၉.၁၉၉၅) ရက်နေ ့တွင် မန ္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို  ့၊ ရန်အောင်မြင် ရပ်ကွက်ရှိ မိခင်ကြီး အမေကောင်း နှင့် ညီမ ဒေါ်နွဲ ့နွဲ ့အေး (ပညာရေးဌာန)၊ ဒေါ်ခင်ခင်ထွေး(ပညာရေးဌာန-ငြိမ်း) နှင့် ညီ ဦးဘိုဘို(ဘ/က ပညာရေးဌာန)တို ့ထံသို ့ဗုဒ္ဓရုပ်ပွားတော်တစ်ဆူနှင့် ရှင်သီဝလိ ရဟန ္တာရုပ်ပွား တော်တစ်ဆူတို ့ကို ပင့်ဆောင်ပေးပို ့ခဲ့ပါသည်။ ၎င်းရုပ်ပွားတော်များတွင် ဗုဒ္ဓဓာတ်တော်များ ကိန်းဝပ်နေခြင်း၊ ရုပ်ပွားတော် ထုလုပ်ချိန်တွင် ထူးခြားသော နက္ခတ်ကောင်းများနှင့် ကြုံကြိုက်ခြင်းတို ့ကြောင့်  တစ်နေ ့တစ်ခြား တန်ခိုးတော်များ  ကြီးမားလာကာ (၉.၉.၁၉၉၉)ရက်နေ ့မှစ၍  “ ရွှေကံကူလေပျံသစ်တော်” ဘုရားအဖြစ် ထင်ရှားစွာ ပွင့်ထွန်းပေါ်လာတော်မူခဲ့ပါသည်။

ထူးဆန်းသော  တန်ခိုးတော်များ

ဘုရားရှင်သည် အခါအားလျော်စွာ အရပ်မျက်နှာများသို ့ ပြောင်းကြွတော်မူလေ့ရှိခြင်း၊ တစ်နေရာမှ တစ်နေရာသို ့ကြွမြန်းတော်မူလေ့ရှိခြင်း၊ မျက်နှာတော် ပြုံးတော်မူလေ့ရှိခြင်း၊ မျက်လုံးတော် ဖွင့်တော်မူလေ့ ရှိ ခြင်း၊ နှုတ်တော်ဖွင့်တော်မူလေ့ရှိခြင်း၊ ကိုယ်နေရာအနှံ ရောင်ခြည်တော်များ ကွန် ့မြူးတော်မူလေ့ရှိခြင်း၊ ပင့် ဆောင် ဖူးမျှော်သူသာဝကများကိုအိမ်မက်ပေးတော်မူလေ့ရှိခြင်း၊ လှူဒါန်းသော ပန်းအဖူးအငုံ(သဘာဝပန်း၊ ပ လပ်စတစ်ပန်း၊ စက္ကူပန်းများ) စက္ကန် ့ပိုင်းအတွင်း ပွင့်တော်မူစေခြင်း၊ လှူဒါန်းထားသော သောက်တော်ရေများ ဆူဝေတော်မူခြင်း၊ ကျောင်းဆောင်သော့ခတ်ထားရှိရာမှ တန်ခိုးတော်ဖြင့် မှန်ဖွင့်ထွက် ကြွတော်မူခြင်း၊ ဓါတ်ပုံ ရိုက်ကူးပူဇော်ရာတွင် ပကတိမျက်စိဖြင့် မတွေ ့မြင်ရသော အစောင့်အရှောက် ပုဂ္ဂိုလ်များ ပေါ်ပေါက်လေ့ရှိခြင်း၊ ဘွဲ ့တော်သည် အိမ်မက်ဖြင့် ပေါ်ပေါက်လာခြင်း(၂၀၀၃ ခုနှစ်၊မေလ) ရန်ကုန်မြို  ့တွင်  မကိုဋ်စလွယ်တော် ရေ စက်ချ လှူဒါန်းချိန်တွင် တစ်ခန်းတည်း ငလျင်လှုပ်ခြင်း(၂၀၀၄ ခုနှစ်၊မေလ) ရန်ကုန်မြို  ့သမိုင်းဘူတာ ရပ်ကွက် ၊ မီးလောင်မှု ဖြစ်ပွားရာတွင် နိမ္မိတရုပ်ပွားတော် ပေါ်ပေါက်လာ၍ မီးငြိမ်းသတ်ခြင်း တို ့ဖြစ်ပါသည်။

 

ယခုအခါ “ ရွှေကံကူလေပျံသစ်တော်” ရုပ်ရှင်တော်မြတ်သည်  မန ္တလေးတိုင်း၊ စဉ့်ကိုင်မြို  ့နယ်၊ ရန် အောင်မြင် ရပ်ကွက်၊ဘုရားအမကြီး  အမေကောင်း၏ နေအိမ်တွင် သီတင်းသုံး သပ္ပာယ်တော်မူလျက်ရှိသည်။ ပါရမီဆက် သာဝကများတို ့၏ ပင့်ဆောင်ပူဇော်ရာ မြန်မာနိုင်ငံ တစ်နံတစ်လျား တိုင်းနှင့်ပြည်နယ် မြို  ့ရွာအနှံ အပြားသို ့ ဒေသစာရီ ခရီးများ ကြွမြန်းတော်မူလေ့ရှိပါသည်။

၂၀၁၁ခုနှစ်ဒီဇင်ဘာ(၂)ရက်မှာတော့မန္တလေးကိုတဖန်ကြွရောက် အပူဇော်ခံမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ကြွရောက်မယ် ့နေရာကိုတော ့အတိအကျ ယခုထိ မသိရ သေးတာကြောင့်ထိုရက်ပိုင်းတွင်မန္တလေးသတင်းစာတွင်စောင့်မျှော်ဖတ်ရှုကာဖူးမြော်လိုသူအပေါင်း သွားရောက်ပူဇော်နိူင်ပါသည်။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


 

 

 

 

35 comments

  • koaung

    November 30, 2011 at 2:59 pm

    ကျေးဇူး္ပ္ပပါဗျိုးဒီလိုဖူးရတာတင် ဝမ်းသာမိပါတယ် သာဓု သာဓု သာဓု

  • laypai

    November 30, 2011 at 4:42 pm

    ထူးခြား ချက် ကတော့ အြ ချ လောက် အောင်ပါပဲ။
    ဖူးခွင့်ရ လို့ ကျေးဇူးပါ မန္တလာ သူရေ။

  • phantom

    November 30, 2011 at 5:17 pm

    ပြောရင်လည်း ဝိုင်းဆဲကြမယ်ထင်တယ်နော် ဒါပေမယ့် မနေနိုင်လို့ ပြောပြီဗျာ
    ဘုရားကိုလူတွေက လာဘ်လာဘ အတွက်ပဲ ကိုးကွယ်နေကြတယ်ထင်တယ် ဒီလိုမျိုးဘုရားဆို လှူတဲ့လူ အလွန်ပေါတာပဲ ကန်တော့ဗျာ မတတ်နိုင်ဘူး ဘုရားက ( လာဘ်ခေါ်ရုပ် ) မဟုတ်ပါဘူး လူတွေ အယူလွဲကုန်ကြပြီ ဘုရားဟောခဲ့တာက သံသရာက လွတ်ကြောင်းတရားတွေပါ ငွေရဂါထာတွေ မပါဘူး ထင်ပါတယ် နောက်ပြီး ရှိတဲ့စည်းစိမ်ချမ်းသာ ( ရှင်ဘုရင် နဲ့ စင်္ကြာဝတေးမင်းဖြစ်နိုင်ခွင့် ) တွေကို စွန့်ပယ် ဇနီးနဲ့သား မိသားစုတွေအားလုံးကို စွန့်ပြီး အများအကျိုးအတွက် ဘုရားအဖြစ်ရောက်ခဲ့တာကိုများ မစဉ်းမစားလူတွေ ဘုရားကိုယ်ပေါ်မှာ ရွှေတွေငွေတွေ ဆင်ထားလိုက်တာများ ကြည့်လဲ လုပ်ကြပါဦးဗျာ ကြည်ညိုတာက ကြည်ညိုတာပေါ့ ဒါပေမယ့် ဘာပဲပြောပြော အကျိုးလိုလို့ ညောင်ရေလောင်းတာကတော့ လွန်တယ်ထင်ပါတယ်

    • mandalarthu

      December 1, 2011 at 10:12 pm

      ခုလို ပွင် ့ပွင် ့လင်းလင်းနဲ ့ကိုယ် ့အမြင်ကို ဖော်ထုတ်ပြတဲ ့အတွက် ကျေးဇူးပါ။
      ဒီပို ့စ်တင် တဲ ့ရည်ရွယ်ချက်က အံ ့ဖွယ်ထူးခြားတဲ ့ဘုရားတဆူကို မသိသေးသူများ သိရှိစေပြီး
      သွားရောက်ဖူးမြော်စေချင်တဲ ့စေတနာ သက်သက် ပါ။
      အကျိုးမျှော်ပြီး ညောင်ရေ လောင်းဖို ့မဟုတ်ပါဘူး။
      ပုံတော်ကို အာရုံပြုပြီး ဖူးမြော်ကြည်ညိုတာထက် ဂုဏ်တော်ကို အာရုံပြုပြီး ဖူးမြော်တတ်မှသာ
      နှလုံးသားမှာ ဘုရားတည်တာဖြစ်တာမို ့
      မှန်ကန်စွာ ကြည်ညိုတတ်ဖို ့လိုပါတယ်။

      • phantom

        December 2, 2011 at 3:22 pm

        တင်ပေးတာကိုတော့ ကျေးဇူးတင်ပါတယ် ဒါပေမယ့် ကုသိုလ်မရ ငရဲရမှာစိုးလို့ပါ ဝေဖန်အပြစ်တင် တာတော့မဟုတ်ပါဘူး လူတွေက ဘုရားကို ဘုရားလို့မမြင်ပဲ တန်ခိုးရှင် လိုတရ ဖန်ဆင်းရှင်တစ်ဦးအနေနဲ့ မြင်သွားမှာစိုးလို့ပါ အခုလို အမြင်ရှိတဲ့အတွက်လည်း ဝမ်းသာပါတယ်

        • mandalarthu

          December 5, 2011 at 11:05 pm

          ဘုရားရှင်ပုံတော်တိုင်းကိုပူဇော်ကြည်ညိုရင်သက်တော်ထင်
          ရှားဘုရားကိုပူဇေါ်သလိုပဲအကျိုးပေးတယ်-လိုု ့ဆိုထားတယ်လေ။ကြည်ညိုပူဇေါ်တဲ့သူရဲ ့
          စိတ်ကသိပ်အရေးကြီးပါတယ်။ကြည်ညိုစိတ်အားကောင်းသလောက်အကျိုးပေးအား
          လည်းကောင်းတတ်ပါတယ်။

  • barnay

    November 30, 2011 at 5:35 pm

    ကောင်းမှု စိတ်ကလေးနဲ့ ခုလို တင်ပြထားတာတွေ့ရတော့ ကျေးဇူးတင်ပါတယ်
    ကိုယ်စိတ်နှလုံး ရွှင်ပြုံးချမ်းမြေ့ပါစေဗျာ ..။

  • alinsett

    November 30, 2011 at 8:35 pm

    ပြီး ပြည့်စုံသော ပို ့စ်လေးပါပဲ.။
    အခုလို ဘာသာရေး နဲ ့ ပက်သက်တာလေးတွေ ရွာထဲ မှာ လိုအပ်နေတာပါ။
    တင်ပြပေးလို ့ကျေးဇူးတင်ပါတယ်ဗျာ.။
    နက်ဆိုင် ထိုင်ရင်း..ဘုရားလည်း ဖူးလိုက်ရတယ် ။
    ဘုရားရဲ ့သမိုင်းဖြစ်စဉ်က အစ သိလိုက်ရပါတယ် ။
    အများ..အကျိုးရှိစေမယ့် ပို ့စ်တွေကိုသာ တင်တတ်တဲ ့ သူမို ့ Mandalarthu ကို လေးစားစွာ….ခင်မင်..ကျေးဇူးတင်နေပါတယ်ခင်ဗျ။

  • True Answer

    December 1, 2011 at 7:53 am

    ဘုရားဖူးခွင့်ရတဲ့အတွက် ကျေးဇူးအထူးပါ။

    – မျက်စိနှင့်မြင်နိုင်သော
    သမုတိသစ္စာ ဆင်းတု၊စေတီ ဘုရားများမှသည်
    ဝိပဿနာပညာ-မဂ်ပညာ-ဖိုလ်ပညာနှင့်သာ မြင်နိုင်သော
    ပရမတ် ဘုရား ကို ဖူးနိုင်အောင် ကျွန်ုပ်တို့ ထပ်ဆင့်ကြိုးစားဖို့လိုပါသည်။

    သဲအင်းဂူဆရာတော်ကြီးမှ စေတီလေးပါးတရားတော်တွင် ထိုသဘောတရားကို သင်ပြထားလေသည်။
    http://www.mediafire.com/?0wmmny5lyyy

    သမုတိသစ္စာဘုရားများကို အခွင့်ရရင် ဖူးမြော်ဖို့သင့်သလို….

    တရားကို မြင်သောသူ သည်သာ ငါဘုရားကို မြင်သောသူဖြစ်လေသည်။ ဟူသော ဓမ္မပဒ ဆုံးမစာကိုလည်း ကျွန်ုပ်တို့မမေ့သင့်ပါချေ။

  • mandalarthu

    December 1, 2011 at 10:24 pm

    ဖတ်ရှုဝေဖန်ကြတဲ ့ အတွက် အားလုံးကို ကျေးဇူးပါ။
    ဟုတ်ပါတယ်။မျက်စိနှင့်မြင်နိုင်သော
    ဆင်းတု၊စေတီ ဘုရားများမှ တဆင် ့တက်ပြီးမှ သာ
    ဝိပဿနာဉာဏ်မျက်လုံးဖြင ့် ့ မြင်နိုင်သော
    ပရမတ် ဘုရား ကို ဖူးနိုင်မှာဖြစ်လို ့ ကျွန်ုပ်တို့ ထပ်ဆင့်ကြိုးစားဖို့ လို ပါသေးတယ်။
    “‘တရားကို မြင်သောသူ သည်သာ ငါဘုရားကို မြင်သောသူဖြစ်သည်” ဟုဆိုတဲ ့ မြတ်ဘုရားဧ။် စကားအတိုင်း
    ကြိုးစားရမှာ အမှန်ပါဘဲ။

  • etone

    December 2, 2011 at 3:37 pm

    အခုရော ဘယ်နားမှာ ကိန်းဝပ်စံပ္ပယ်နေပါလိမ့် … ။
    ထူးခြား လွန်းလို့ ကိုယ်တိုင် သွားဖူးချင်စိတ်ဖြစ်လာလို့ပါ 🙂

    • mandalarthu

      December 4, 2011 at 3:21 pm

      အိတုန်ရေ

      ဒီနေ ့ နေ ့လည် အခု နောက်ဆုံးရတဲ ့သတင်းက ဘုရားကို
      မန္တလေးမှာ ဒီနေ ည အထိ နောက်ဆုံး ဖူးတွေ ့နိုင်ပါတယ်။
      ယနေ ့တွင် ကိန်းဝပ်စံပ္ပယ်သီတင်းသုံးနေတဲ ့နေရာက- မ/ ၃၉၊ ရဲမွန်တောင် ၊ ၄၂-၄၃ ကြား၊၊ ၅၂×၅၃ ကြား။မန္တလေး။ မှာပါ။
      နေရာကို အလွယ်တကူ မတွေ ့နိုင် ပါက .- မယ်တော်ကြီး- ဝ၉-၂၁၅၀၃၀၅ ကိုဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

      • mandalarthu

        December 4, 2011 at 3:24 pm

        နက်ဖြန်ဆို ရန်ကုန်ကို ဘုရားက ကြွသွားတော ့မှာမို ့ပါ။
        အချိန်မီ လေး သတင်းပေးလိုက်တယ်နော ်
        အိတုန်ရေ။

        • etone

          December 5, 2011 at 4:06 pm

          အဲ .. .မန္တလာသူရေ .. ကျွန်မကရန်ကုန်ကပါ … ဟီး … ။ 🙂
          ရန်ကုန်ဘယ်နားကို ကြွသွားလဲ သိပါရစေ … ဘာလို့လဲဆိုတော့ … နီးလျှင် လိုက်ဖူးချင်လို့ပါ … ။
          အားတက်သရော သတင်းပေးတာ ကျေးဇူးအများကြီးတင်ပါတယ်နော် ။

  • mandalarthu

    December 2, 2011 at 10:49 pm

    ဟုတ်ကဲ ့ပါ အိတုန်ရေ….
    အိတုန်လို သွားဖူးချင်စိတ်ရှိတဲ ့လူတွေ အတွက်နောက်ဆက်တွဲ သတင်းကို စုံစမ်းထားပါတယ်။
    မန္တလေးကို ကြွမည် ့နေရာက -သိပ္ပံလမ်း၊ ဲ မြို ့တော်ဆေးရုံနောက်ကျောဘက်လမ်းမှာပါ။
    နေ ံ့ရက်ကတော ့- (၃-၁၂-၂၀၁၁၁)( သို ့)(၄-၁၂-၂၀၁၁) နေ ့ တရက်ရက်ပါ။
    နေ ့ရက်ကို အတိအကျသိရရင် နောက်ထပ်သတင်းပြောပေးပါ ့မယ်နော်။

    • manawphyulay

      December 5, 2011 at 6:12 pm

      ခုကော ရန်ကုန်မှာပဲလားရှင်။ ဘယ်ကိုပြန်ကြွသွားသေးလဲ။ ဖူးမြော်လို့ရရင်သွားရောက် ဖူးမြော်ချင်ပါတယ်။ လိပ်စာလေးပြောပြပါဦးနော်။

      • mandalarthu

        December 6, 2011 at 8:57 pm

        မနောနဲ ့အိတုန်ရေ
        ခုမှဘဲ ရန်ကုန်လိပ်စာကို စုံစမ်းသိရလို ့အချိန်မီ သတင်းပေးလိုက်တယ်။ဘုရားက အခု လက်ရှိ ရန်ကုန်မြို ့၊သာကေတ(၁၀)လမ်း ၊တောင်ရပ်ကွက်၊တက်လမ်းအိမ်ယာ၊တိုက်နံပတ် (၉) မှာ နက်ဖြန်(ရ-၁၂-၂၀၁၁)နေ ့နံနက် (၉)နာရီ အထိ သီတင်းသုံးမှာဖြစ်ပါတယ်။ နက်ဖြန်(၉)နာရီမှာတော ့ရန်ကုန်မှ သံတွဲကို ကြွရောက်ပြီး သံတွဲမှာ (၅)ရက် သီတင်းသုံးမှာ ဖြစ်ပါတယ်။
        (၁၂-၁၂-၂၀၁၁)နေ ့မှ ရန်ကုန်ကို ပြန်ကြွလာမှာဖြစ်ပါတယ်။နေရာရှာရတာ အဆင်မပြေရင်ဖြစ်စေ ၊ဘုရားသတင်းကို ထပ်မံ သိလိုလျှင် ဖြစ်စေ ဘုရားကြွရာနောက် လိုက်ပါပို ့ဆောင်နေသော
        မယ်တော်ကြီး- (ဖုန်း) 09-2150305 ထံ မည်သူမဆို ကိုယ်တိုင် ဆက်သွယ်မေးမြန်းစုံစမ်း နိူင်ကြပါတယ်။
        ကြည်ညိုစိတ်အားမှန်ကာ ဆိုက်ဆိုက်မြိုက် မြိုက်ဖူးတွေ ့နိူင်ကြပါစေ ။

  • windtalker

    December 4, 2011 at 7:12 pm

    ဘုရား ဒကာ မန်တလာသူလေးရေ
    သာဓု သုံးကြိမ်ခေါ်ဆိုပါတယ်နော်

  • mandalarthu

    December 4, 2011 at 7:47 pm

    ဟုတ်ကဲ ့ပါ ကိုပေရေ
    အားရင်လည်း သွားဖူးလိုက်ပါဦးနော်။

  • ကြောင်ကြီး

    December 5, 2011 at 11:33 am

    ဗျို့ ဆွံ့အနားမကြား သဂျီးမင်း….တခွန်းတလေလောက် ဟဖို့ အဘဘုရား တန်ခိုးတော်နဲ့ ခွင့်ပြုထားပါတယ်။ ပေါက်ကရတော့ မပြောနဲ့နော် ယက္ခဘီလူးပုံကြီးစောင့်တယ်။။။။ 😆

      • Paganini

        December 5, 2011 at 5:04 pm

        နစ်ကိုးက ပညာရှိ မျောက်၃ကောင် သတိရတွားဘီ …..

    • ဆူး

      December 5, 2011 at 4:20 pm

      ဦးကြောင်ကြီး ဖိတ်ခေါ်လိုက်တာ သဂျီးမနေနိုင်တော့ဘူး တယောက်တည်းတောင် မဟုတ်ဘူး အဖော် အပေါင်းနဲ့ မိသားစုလိုက် ကို မျက်နှာလာပြတာနဲ့ တူတယ်။

  • cobra

    December 5, 2011 at 1:41 pm

    တကယ်ကိုထူးဆန်းတာတွေပဲ
    ဒါကြောင့်လည်းငါတို့ရွာလေးက
    စည်ကားနေတာကို..

  • mandalarthu

    December 5, 2011 at 10:58 pm

    အိတုန်နဲ ့မနောရေ
    အခု ..ဘုရားကရန်ကုန်ကို ပြန်ကြွသွားပါပြီ။
    လိပ်စာကို စုံစမ်းပြီးသေချာ အကြောင်းပြန်ပေးပါ ့မယ်။
    ဖူးချင်သူ တွေကို တကယ်ကို ဖူးခွင ့်ရစေချင်ပါတယ်။

  • parlayar46

    December 5, 2011 at 11:55 pm

    ဘုရားရှင်ကတော့ လွန်ခဲ့တဲ့ နှစ် ၂၅၀ဝ ကျော်ကတည်းက ခန္ဓာဝန်ချုပ်ငြိမ်းလို့ ပရိနိဗ္ဗာန် စံဝင်တော်မူသွားပါပြီ။

    အခုမရှိတော့ပါဘူး။

    “နောင်ကို ဘယ်သို့ ဖြစ်ပါစေ” လို့ ဆန္ဒပြု အဓ္ဓိဌာန်ထားတာမျိုးကလွဲရင် တခြား ဘာမှ ထ မလုပ် တော့ပါဘူးထင်ပါတယ်။
    အခုဖူးတွေ့ရတာကတော့ ဘုရားရှင်ရဲ့ ပုံတော်ကိုရည်မှန်းထုဆစ်ထားတဲ့ ဥဒိဿက ရုပ်ပွားစေတီတော် သက်သက်မျှသာ ဖြစ်ပါတယ်။
    အဲဒီရုပ်ပွားတော်ကို ဟိုဟိုသည်သည် နေရာရွေ့အောင်တော့ တဦးဦးက လုပ်ရပါလိမ့်မယ်။
    ဥပမာ နတ်သော်၎င်း၊ ရုက္ခစိုးသော်၎င်း၊ အခြား ……သော်၎င်း …..၎င်း…..၎င်း။

    ကျုပ်စိတ်ဝင်စားတာက အဲသလိုလုပ်တာ ဘာရည်ရွယ်ချက်များဖြစ်နိုင်သလဲပဲ ???
    ဒါမှမဟုတ် ရည်ရွယ်ချက်မရှိပဲ အလကားနေရင်း နေရာလျှောက်ရွေ့နေတဲ့သဘောလား ???
    ဘုရားရုပ်ပွားတော်မှာ ဓါတ်တော်တွေ ကိန်းဝပ်နေလို့ တန်ခိုးတွေပြတယ်ဆိုရင်လဲ
    တန်ခိုးတွေမပြတဲ့ အခြားနေရာအသီးသီးက ဓါတ်တော်တွေက အစစ်မဟုတ်လို့လား ???
    ဓါတ်တော်တွေက နေရာတွေရွေ့တဲ့သဘော ရှိတယ်လား ???
    ပြီးတော့ ဓါတ်တော်တွေမှာ အဘိဓမ္မာနည်းအားဖြင့် ခန္ဓာ ဘယ်နှစ်ပါးရှိလို့လဲ ???

    မန့်ချင်တဲ့လူတွေအားလုံးမန့်ပြီးပြီထင်လို့ (တစုံတယောက်ကပေးခဲ့ဘူးတဲ့တာဝန်အရ) အဆုံးသတ်ကွန်မင့်လေး ရေးရပါတယ်။ ဖတ်မိသူများ စိတ်အနှောက်အယှက်ဖြစ်ရင် ဆောရီးပါ။

    • ကြောင်ကြီး

      December 6, 2011 at 12:14 pm

      ရုပ်ပွားတော်များ တန်ခိုးပြတယ်၊ မစတယ်ဆိုတာ အစောင့်အရှောက်နတ်များ ပြုလုပ်တယ်လို့ထင်ပါတယ်။ သူတို့ချစ်ခင်နှစ်သက်ရင် ကူညီမစနိုင်ပါတယ်။ လူဆိုတာ လောဘသားလေ၊ နေရင်းထိုင်ရင်း ပွပေါက်တိုးရင် ဘယ်သူဝမ်းမသာဘဲ ရှိပါ့မလဲ။ ဘုပြောနေသူများလည်း ကိုယ်တိုင်မကြုံရသေးလို့ပါ၊ အမအစခံရရင် သဘောထားပြောင်းသွားပါမယ်။ သို့သော် ဦးပါလေရာ ပြောသလို ထပ်မံမျှော်ကိုးပြီး အလွန်အကျွံသဘော ဖြစ်သွားမိကြပါတယ်။ သဂျီးလေသံနဲ့ပြောရရင် များမျာ အမအစခံရတော့ လူတွေ ချမ်းသာလာပြီး သုံးစွဲနိုင်ကြရင် တိုင်းပြည်စီးပွားရေး မတိုးတက်ပေဘူးလား။ ဒါကြောင့်မို့ များများကိုးကွယ်ကြပါ…. 😛

    • mandalarthu

      December 7, 2011 at 12:00 pm

      ကိုပါလေရာရှင် ့
      ဘုရားဖူးတာက ကုသိုလ်အလုပ်ပါ။
      ဉာဏ်ရချင်ရင်တော့ကိုယ်တိုင်ပဲကြိုးစားအားထုတ်ပါ၊
      လက်တွေ ့အားထုတ်တာဖို ့ပဲလိုတာပါ။
      ကျွန်မ က ဘုရားဖူး သူ အများ ကုသိုလ်ယူနိုင်အောင် တင်ပြပေးတာပါ၊
      ဉာဏ်ရဖို ့ကတော့ အားလုံးလက်တွေ ့ကြိုးစားရမှာပါရှင်၊၊

  • နေမဝင်

    December 9, 2011 at 10:41 am

    ယူတတ်လျှင်ဆေးပေါ့…..မယူတတ်ရင်တော့ဘေးလေ ……လို ရာ ယူဆပေါ့ မဟုတ်ဘူးလား။ တင်တဲ့သူ ကို ကျေးဇူးမတင်ချင်ရင်တောင် ဗုဒ္ဓဘာသာ ဝင်တွေဆိုရင်တော့ ဘုရားဂုဏ်တော်မှန်းပြီး ကြည်ညိုနိုင်တာပါပဲ။ ဘာသာခြား ဆိုရင်တော့ ဒီလို ဘုရားပုံတော်မြင်ရင် ကို ဝင်မဖတ်နဲ့လေ ။မကောင်းတော့လာမပြောနဲ့။သဘောပေါက်လား။ကိုယ့်စည်းနဲ့ကိုယ်နေလေ။ ဝဋ်လည်မယ်မှတ် !!!

  • နေမဝင်

    December 9, 2011 at 10:52 am

    ယူတတ်လျှင်ဆေးပေါ့…..မယူတတ်ရင်တော့ဘေးလေ ……လို ရာ ယူဆပေါ့ မဟုတ်ဘူးလား။ တင်တဲ့သူ ကို ကျေးဇူးမတင်ချင်ရင်တောင် ဗုဒ္ဓဘာသာ ဝင်တွေဆိုရင်တော့ ဘုရားဂုဏ်တော်မှန်းပြီး ကြည်ညိုနိုင်တာပါပဲ။***phantom *** ဆိုတဲ့ အကောင့်က ဘာသာခြားတွေ ကဲ့ရဲ့ အောင် ကိုယ်က အရင်လမ်းကြောင်းပေးနေတာလား။ ဘာသာခြား ဆိုရင်လည်း ဒီလို ဗုဒ္ဓဘုရားပုံတော်မြင်ရင် ဝင်မဖတ်နဲ့လေ ။

    • phantom

      December 9, 2011 at 3:08 pm

      ကျွန်တော်က ဗုဒ္ဓဘာသာစစ်စစ်ပါ ကိုရင်လဲဝတ်ခဲ့သလို ပဉ္ဖင်းလည်း တက်ပြီးသားပါ။ ကျွန်တော်ရေးခဲ့တာကို ကြိုက်သလို သဘောကွဲလွဲလို့ရပါတယ် ကျွန်တော်က တိတ္ထိအမြင်နဲ့ ရေးတာမဟုတ်ပါဘူး တကယ်တော့ ကိုနေမဝင်ပြောသလို ဘာသာခြားတွေ ကဲ့ရဲ့အောင်လမ်းကြောင်းပေးတာက ကျွန်တော်လား ဒါဆိုကျွန်တော်တစ်ခုပြောပြပါမယ် ရေသန့်ဘူးမှာ ဘုရားစွယ်တော်ပေါ်တယ်ဆိုတဲ့ကိစ္စ ဒါမျိုးတွေကို ဘုရားဂုဏ်တော်ကို ရည်မှန်းပြီး ကြည်ညိုနိုင်ပါတယ် ဒါပေမယ့် ဘာသာခြားတွေအမြင်မှာ ကျွန်တော်တို့ရဲ့ မျက်ကန်းယုံကြည်မှုနဲ့ အသိဉာဏ်နုံနဲ့မှုတွေကို မရီဘူးလို့ ပြောနိုင်ပါလား။ ဒါကို ကျွန်တော်က ထောက်ပြရင်ရော ကျွန်တော့်ကို ဒီလိုပဲပြောမှာလား။ ကျွန်တော်တို့တွေ ဘယ်အရာကိုဖြစ်ဖြစ် ဘုရားတန်ခိုးတော်လို့ မျက်စိမှိတ်ယုံနေတာနဲ့ အကုန်လုံးက ဘုရားတန်ခိုးတော်ပဲဖြစ်တော့မှာလား “ သစ်ပျံတော်သည် ရေကြီးချိန်များ တွင် မူလငုတ်ရင်းနေရာသို ့ ပြန်လည်ရောက်ရှိလေ့ရှိကြောင်း၊ ၎င်းတုံးကြီးပေါ်တွင် အဝတ်များ လျှော်ဖွတ်မိပါ က ဖျားနာခြင်း၊ ဝမ်းလျောခြင်းများဖြစ်ပွားကြောင်း၊ ၎င်းတုံးပေါ်တွင် သား၊ ငါးများ ခုတ်စင်းမိပါက ရောဂါဘယ အမျိုးမျိုးဖြစ်ပွားခြင်း၊ ဘေးအန ္တရာယ် အမျိုးမျိုး ကျရောက်ခြင်းများနှင့် ကြူံတွေ ့ရကာ နောက်ဆုံးတွင် အသက် ဆုံးရှုံးကြောင်းတို ့ကို ဒေသခံများမှ သတင်းပို ့ပြောပြကြပါသည်။ ” ကဲ ဒီစာသားကို ပြန်ဖတ်ကြည့်ပါဦး ဒီရဲ့ သစ်သားက ဘုရားမထုခင်ကတည်းက ထူးခြားချက်ရှိပြီးသားပါ။ ဒါပေမယ့် ကျွန်တော်တို့ဘုရားရှင်က ဘယ်သူ့ကိုမှ ဒုက္ခ မပေးခဲ့ပါဘူး သူ့အသက်ကိုရန်ရှာခဲ့တဲ့ ဒေဝဒတ်ကိုလည်း ချမ်းသာပေးခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ ကျွန်တော်တို့တွေ စိတ်သန့်သန့်နဲ့ ဘုရားရှင်လို့ ရည်မှန်းကိုးကွယ်လို့ရပါတယ်။ ဒါပေမယ့် ဘာသာခြားတွေ ကဲ့ရဲ့စရာဖြစ်မယ့် မျက်ကန်းယုံကြည်မှုနဲ့ ဘာပဲဖြစ်ဖြစ် ဘုရားတန်ခိုးဆိုတာမျိုးကတော့ ဘယ်တစ်ခုက ကဲ့ရဲ့စရာကောင်းမယ်ဆိုတာ ပြန်စဉ်းစားကြည့်ပါဦးလို့ပဲ ပြောချင်ပါတယ်။

    • phantom

      December 9, 2011 at 5:36 pm

      အခုလိုမြင်တာကို ကျေးဇူးတင်ပါတယ်ဗျာ

  • Ko Ko Aung

    December 9, 2011 at 11:28 am

    phantom -က
    ကျွန်တော်တို့ (သူများငြိုငြင်မှာစိုးလို့) သိပ်မပြောရဲတဲ့ အကြောင်းအရာကို ပြောပေးတာပါ။
    ဗုဒ္ဓဘာသာဝင်တွေကို အယူသန့်စင်စေလိုတဲ့စေတနာကို အထင်းသားတွေ့ရပါတယ်။
    ဗုဒ္ဓဘာသာဝင်တွေကိုယ်စား သူ့ကိုကျေးဇူးတင်ထိုက်ပါတယ်။

  • နေမဝင်

    December 9, 2011 at 4:59 pm

    အိုကေပါ။ ကျေးဇူးတင်ပါတယ် ။သဘောပေါက်သွားပြီ။

  • နေမဝင်

    December 10, 2011 at 2:03 pm

    ကျွန်တော်ဆိုလိုတာက ….. ဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ဂုဏ်တော်ကိုမှန်းပြီးတော့ ပူဇော်ကြတာပါ။ လက်ထဲမှာ ပိုက်ဆံရှိရင် ငွေလှူဖြစ်မယ်။ ပန်းရှိရင် ပန်းလှူမယ်။ရေချမ်းရှိရင်ရေချမ်းလှူဖြစ်မယ်။ တတ်နိုင်သူများက တတ်နိုင်သလောက်လှူကြတာပါ။ ရွှေတွေငွေတွေ ဆင်ထားတယ်လို့မပြောကောင်းပါဘူး။
    ကျွန်တော်လည်း သူများနဲ့ဆန့်ကျင်ဖို့ရေးတာမဟုတ်ပါဘူး ။ဒါပေမဲ့ တင်ပေးတဲ့သူနဲ့ မိမိနဲ့ အမြင်ချင်းမတူ တာမျိုးတော့ရှိနို်င်တာပဲလေ။
    ဘာသာခြားကဲ့ရဲ့မယ်ဆိုတာက …..ကျွန်တော်တို့ဘုရားက ရွှေငွေ ဝတ်ထားတာ မဟုတ်ဘူး။ အမျိုးမျိုးသော ပူဇော်အထူးကိုခံယူ တော်မူ ထိုက်သော မြတ်စွာဘုရား လို့ မြင်စေချင်တာပါ။ ကျွန်တော့်စာ ကိုဖတ်ရင်း တမျိုး ထင် သွားတယ်ဆိုလည်း မကန့်ကွက်ပါဘူး ။ လွတ်လပ်စွာကွဲလွဲခွင့်ရှိပါတယ် ။

Leave a Reply