အများ နှင့် ဆိုင်သော…(၂)

nigimi77November 30, 20111min1245

အသံတွေ……ဘာသံတွေလည်း……ပလုပ်ကျင်းသံတွေ…… ။

အောင်မလေး ရွံစရာကောင်းလိုက်တာ …သူတို ့မို ့ မရွံမရှာ….။

သူတို ့စားပြီးသား ပန်းကန်ထဲကို သောက်ရေတွေ ထည့်ပြီး ကျင်း …။

ပြီးတော့ ပါးစပ်ထဲကို ထည့်ပြီး ငုံ ။ ဂလွိဂလွိ မြည်အောင် ပါးလုပ်ကျင်း…။

ဂလုဂလုနဲ ့နေအောင် မျိုချ သောက်လိုက်ကြ…..။

…………………………………………….

ပန်းကန်များ ဆေးပြီးသားကဲ့သို ့ မှတ်ရလောက်အောင် သန် ့ရှင်းသွားသည် ။ စားကြွင်းစားကျန် ဘေးထွက် အမှိုက် မရှိ ။

အာခံတွင်း စားကြွင်းစားကျန် မရှိ ။ သောက်ရေ အတွက် ထပ်ပြီး ပူပန်စရာ မလို ။ ထမင်းဆိုင်ရှင် အဒေါ်ကြီး ပန်းကန်ဆေးကြောရန်

ကမ္ဘာကြီး အောက်မှ ရေကို လိုသည်ထက် ပိုပြီး ဖြုန်းတီးရန် မလိုတော့ ။ သူ ့ အရပ်နှင့် သူ ့ဇာတ် အလွန် လိုက်ဖက်သည် ။

တစ်ချက်ခုတ် အချက်ပေါင်းများစွာ ပြတ်နေသည် ။ ဘာကြောင့် ဒီလို လုပ်ကြသလဲ ။ သူတို ့နိုင်ငံ အလွန် ဆင်းရဲ ရှားပါးခဲ့သည် ။

သူတို ့နိုင်ငံ အလွန် ဆင်းရဲ ရှားပါးခဲ့ခြင်းကြောင့် ” မရှိခြင်း ” ဟူသော အရာ အလွန်များပြားသည် ။

၁ ။ ကွမ်းစားသူ လုံးဝမရှိခြင်း ။

၂ ။ ကွမ်းစားသော မြန်မာများမှ လွဲပြီး အများနှင့် ဆိုင်သော နေရာများအား ညစ်ပတ်ပေရေအောင် ပြုလုပ်သူ လုံးဝမရှိ ။

၃ ။ အမှိုက်ပုံး ရှိလျက်နှင့် တွေ ့ကရာနေရာ ဆေးလိပ် ပီကေ အမှိုက် ပစ်သူ လုံးဝမရှိ ။

၄ ။ အမှိုက်ပုံး အနီးအနားတွင် မရှိသောကြောင့် ဟူသော အကြောင်းပြချက်ဖြင့် မိမိ၏ ဘောင်းဘီအိတ် ၊ လက်ဆွဲအိတ် တို ့တွင်

မိမိ ၏ အမှိုက်အား သိမ်းဆည်းထားခြင်းမရှိပဲ ကြုံရာနေရာ လွင့်ပစ်တတ်သူ လုံးဝမရှိ ။

၅ ။ အများနှင့် ဆိုင်သော ရုပ်ရှင်ရုံ ၊ ပန်းခြံ ၊ ဘတ်စ်ကား ၊ ရထားတို ့တွင် ဖုန်းကလိခြင်း Ring Tone အကျယ်ဆုံးထားပြီး

လူအများ ဝိုင်းကြည့်ပြီး အာရုံစိုက်လာသော အချိန်ကို ကိုက်ပြီး ဖုန်းကိုင်ခြင်း အော်ကြီးဟစ်ကျယ် ပြောသူများ လုံးဝမရှိ ။

၆ ။ အများနှင့် ဆိုင်သော ပန်းခြံ ၊ ရုပ်ရှင်ရုံ ၊ ဘတ်စ်ကား အစရှိသော နေရာတို ့တွင် စုံတွဲများ ပူးခြင်း ၊ ထပ်ခြင်း ၊ ခွခြင်း ၊ နှိုက်ခြင်း

လုံးဝမရှိ ။

ရ ။ လူငယ်များအားလုံး ကျောင်းသားလျင်လည်း ကျောင်းသား အလျောက် မိဘထံမှ မုန် ့ဖို ့မတောင်းပဲ မိမိ၏ အသုံးအဆောင် ၊

အဝတ်အစား ၊ အသုံးစားရိတ် စသည်တို ့အား အချိန်ပိုင်း အလုပ်များဖြစ်သော သတင်းစာပို ့ခြင်း ၊ ပါဆယ်ပို ့ခြင်း ၊ အစားအသောက်

အိမ်တိုင်ရာရောက် ပို ့ပေးခြင်း ၊ ဓါတ်ဆီဆိုင်များတွင် ဝင်ရောက်လုပ်ကိုင်ခြင်း ၊ စားသောက်ဆိုင်များတွင် ဝင်ရောက်လုပ်ကိုင်ခြင်း အစရှိသော

အလုပ်များအား လုပ်ကိုင်ပြီး ရပ်တည်ကြသောကြောင့် မြန်မာနိုင်ငံတွင် ကဲ့သို ့ မိဘထံမှ လက်ဖြန် ့တောင်းခြင်း ၊ မိဘပေးသော ငွေကြေးဖြင့်

ချစ်သူရည်းစားအား ထောက်ပံ့ခြင်း ၊ ကလပ် တက်ခြင်း ၊ အဝတ်အစားဝယ်ခြင်း ၊ မူးရစ်သောက်စားခြင်း ၊ ကော်ဖီဆိုင် ၊ လမ်းဘေး လဖက်ရည်ဆိုင်

ဘီယာဆိုင်တို ့တွင် အချိန်ပြည့် အချိန်ဖြုံးနေသော လူငယ်များ လုံးဝ မရှိ ။(တစ်ပတ်လုံး အသည်းအသန် အလုပ်လုပ်ပြီး စနေနေ ့ညကျမှ ကိုယ်ပိုင်
ငွေကြေးဖြင့် အပီအပြင် ကဲကြသည် )

မရှိခြင်းများစွာကို ပြောရလျင် မဆုံးနိုင် ။

………………………………………………………

သူတို ့ဆီမှာ တွေ ့ကရာ နေရာမှ နေပြီး လက်ညိုးတစ်ချောင်းထောင်ကာ Taxi ငှားလို ့မရပါ ။

နေရာ အတော်များများမှာ Taxi Stand များ ရှိသည် ။ Stand မရောက်ခင် ဓါတ်တိုင် တစ်တိုင်စာလောက် အကွာအဝေးမှ စပြီး

စတီးလ် ပိုက်များဖြင့် လူသွား ပလက်ဖောင်းအား ကာရံထားသည် ။ Stand အဝမှ စပြီး လူအယောက် ၂ဝ စာ အရှည်နှင့် လူတစ်ယောက်စာ

အကျယ် ခါးစောင်းလောက် အမြင့်ရှိသော လျှောက်လမ်းသည် လူသွား ပလက်ဖောင်း နှင့် ဘေးချင်းယှဉ်ပြီး ပြုလုပ်ထားသည် ။

လူပါးဝဖို ့မကျိုးစားပါနှင့် ။ ထို လျှောက်လမ်းမှ စီးနင်းမည့် ခရီးသည်မှ လွဲပြီး ဘောင်ကျော်သော မည်သူ ့ကို မဆို နိုင်ငံကြီးသား ပီသသော Taxi

သမားများမှ စီးနင်းခွင့် မပြုပါ ။ နိုင်ငံကြီးသား ပီသသော ခရီးသည်များသည်လည်း မည်သည့်အခါတွင်မျှ ဘောင်မကျော်ပါ ။

သင် အလျင်လို်နေပါသလား မိတ်ဆွေ ။ Call Taxi ခေါ်လိုက်ပါ ။

………………………………………………………

ဘတ်စ်ကား သည်လည်း ထိုနည်းတူစွာ ။

အလွန်အလုပ်များသော သူတို ့နိုင်ငံသားများ အလွန်ပင် အလျင်လိုကြသည် ။

သို ့ရာတွင် အများနှင့် ဆိုင်သော နေရာများတွင်မူ ထိုသို ့မဟုတ် ။

အားလုံးသော ဘတ်စ်ကားစီးသူများ သည် သတ်မှတ်ထားသော မှတ်တိုင် ဧရိယာ အတွင်းတွင်သာ ရပ်ပြီး အလှည့်ကျ တန်းစီ

စီးနင်းကြသည် ။ မည်သူမှ လူပါးဝစွာ သတ်မှတ် မှတ်တိုင် မရောက်မီ ရှေ ့အကြိုနေရာများတွင် စောင့်ဆိုင်း စီးနင်းခြင်း မပြုသလို

မှတ်တိုင် အထိရောက်အောင် မလျှောက်ပဲ ကြုံရာနေရာ ကားတားစီးသော အကျင့်ပျက် သူများ လုံးဝ မရှိပါ ။ ဘတ်စ်ကားများကလည်း

အကျင့်ပျက်သူများအား ရပ်တန် ့တင်ဆောင်ခြင်း မပြုပါ ။

……………………………………………..

မြေအောက် ရထားလည်း အလားတူ ။

လူတိုင်းလူတိုင်း သတ်မှတ်နေရာ သတ်မှတ် စည်းပေါ်တွင်သာ တန်းစီပြီး စီးနင်းသည် ။ မည်သူ တစ်ဦးတစ်ယောက်ကမှ လစ်လျင်လစ်သလို မလုပ် ။

………………………………………………

5 comments

  • inz@ghi

    November 30, 2011 at 3:18 pm

    အင်း … တွေးစရာ ဆွေးနွေးစရာလေးတွေ ထွက်လာပါလားဟရို့….
    တပ်မ၇ရ ရေ့… ဆြာဘလက်ရေ့ ကိုသစ်ရေ့ ဥကြောင်ရေ့ သဂျိုင်ခီး ရေ့..ရေ့… ရေ့…..

    တားအိပ်တော့မယ်..
    ဝှား …….

    😀

  • naywoonni

    November 30, 2011 at 6:10 pm

    အိပ်တော့ ဂီရေ့………. ။ အိပ်မက်ထဲကျမှ ဆက်ပြောတော့မယ်….။ အိပ်ပျော်သွားရင်လှမ်းပြောလိုက်ဦး…။

  • aye.kk

    November 30, 2011 at 6:29 pm

    စည်းကမ်းသည်လူ၏တန်ဘိုး..
    စည်းကမ်းရှိမှတိုးတက်မည်..လိုက်နာကျင့်သုံးလိုအပ်၏..။

  • Shwe Tike Soe

    December 1, 2011 at 12:42 pm

    ကျွန်တော်တို.ဆီမှာ စည်းကမ်းက ဆိုင်းဘုတ်တွေပေါ်မှာပဲရှိတယ်…
    အခုပြောနေတဲ့ နိုင်ငံမှာရော… လမ်းဘေးဈေးမရောင်းရ၊ လမ်းသွားရင်းဆေးလိပ်မသောက်ရ၊ စုံတွဲများ အမြင်မတင့်မတယ်မနေရ ဆိုတဲ့ဆိုင်းဘုတ်တွေများ တွေ.မိသေးလားဗျာ..
    ဒီလောက်စနစ်တကျ စည်းကမ်းရှိအောင် ဘာတွေလုပ်ထားလဲမသိဘူးနော်.. 🙂

  • windtalker

    December 3, 2011 at 9:21 pm

    ဆေးလိပ်တိုက်ပြီး ဟိုဒင်း ဟိုဟာ လေးတွေကော ပါဦးမလား ဗျို ့
    သည် အက်ဗင်းချား အော့ဖ် 77 လေးတွေ ဖတ်ချင်လိုက်တာဗျာ

Leave a Reply