တရားရုံးများ လာဘ်ပေးလာဘ်ယူ ပပျောက်ရေး စီမံချက်

chatsuNovember 30, 20111min13714

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးတစ်ရုံးချင်းစီအတွက် လာဘ်ပေးလာဘ်ယူမှုများ ပပျောက်ရန် အထူးစီမံချက် ချမှတ်ဆောင်ရွက် လျက်ရှိကြောင်း တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးစိုးသိန်းက ပထမအကြိမ် တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် လာဘ်ပေး လာဘ်ယူမှု ကင်းရှင်းရေးကို အထူးအစီအစဉ်များ ချမှတ်ရန်နှင့် စပ်လျဉ်းသည့်မေးခွန်းကို ဖြေကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး တရားသူကြီးချုပ်က မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သည် တိုင်းဒေသကြီးအတွင်းရှိ တရားစီရင်ရေးကိစ္စရပ်များတွင် တာဝန်ယူ ဆောင်ရွက်လျက်ရှိကြသူများအနေဖြင့် လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု၊ ကျူးလွန်မှုမရှိကြစေရန်နှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ နည်းလမ်းတကျ ဖြောင့်မတ်မှန်ကန်စွာ ဆောင်ရွက်ရေးအတွက် အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အချိန်အထိ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ တရားရုံးများမှ စောင့်ထိန်းရမည့် ဂုဏ်သိက္ခာ၊ ကျင့်ဝတ်စည်းကမ်းများ၊ ဝန်ထမ်းစည်းမျဉ်းများနှင့် မကိုက်ညီသည့် မြို့နယ် တရားသူကြီး(၁)ဦး၊ ဒုတိယမြို့နယ်တရားသူကြီး( ၂)ဦး၊ အကြီးတန်းစာရေး(၁) ဦးနှင့် အငယ်တန်းစာရေး(၁) ဦးတို့ကို ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း၊ မြို့နယ်တရားသူကြီး(၁)ဦးကို သတိပေးခြင်း စသည့်ဝန်ထမ်းဆိုင်ရာ ထိရောက်ဟန့်တားလောက်သည့် ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ခဲ့သည့်အပြင် မိမိလက်အောက် တရားရုံးများ၏ တရားစီရင်ရေးနှင့် စီမံခန့်ခွဲရေးဆိုင်ရာ လုပ်ငန်းများအပေါ် စိစစ်ကြီးကြပ်ရန် အားနည်းခြင်းများရှိခြင်းကြောင်း တွေ့ရှိရသည့် ခရိုင်တရားသူကြီး (၁)ဦးကိုလည်း နောင်တွင် အလားတူအားနည်းချက်များ ထပ်မံမဖြစ်ပွားစေရန် သတိပေးသည့် ဝန်ထမ်းဆိုင်ရာ ပြစ်ဒဏ်ကို ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊ တရားရုံးအသီးသီးသို့ အခါအားလျော်စွာ လှည့်လှယ်ကြည့်ရှုစစ်ဆေးခြင်း၊ တွေ့ဆုံမှာကြား ခြင်းများ ပြုလျက် တရားရေးမဏ္ဍိုင် တည့်မတ်ခိုင်မာရေး၊ လာဘ်ပေးလာဘ်ယူကင်းရှင်းရေး၊ အဂတိတရားများ ကင်းရှင်း ရေးတို့ အလေးပေးမှာကြားမှုများ ဆောင်ရွက် လျက်ရှိကြောင်း ဖြေကြားခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ တရားစီရင်ရေးကဏ္ဍတစ်ခုတည်းသာ လုပ်ဆောင်ခြင်းမျိုး မဟုတ်ဘဲ တိုင်းဒေသကြီးနှင့် ပြည်နယ်အဝှမ်း ဒေသအားလုံး လာဘ်ပေး လာဘ်ယူ ဆောင်ရွက်မှုပြုနေသော ဝန်ထမ်းများကို အရေးယူဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်လျှင် နိုင်ငံတော်၌ လာဘ်ပေးလာဘ်ယူမှု ကိစ္စများ ပပျောက် သွားမည်ဖြစ်ကြောင်း ကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
Ref : First Weekly

14 comments

  • aye.kk

    November 30, 2011 at 5:23 pm

    လာဘ်မစားဘဲ မနေနိုင်ကြတာဆိုတော့..
    အားလုံးကိုဘယ်မြစ်ထဲ သွားမျှောရပါလိမ့်..။

  • Thanlwinoo

    November 30, 2011 at 8:24 pm

    အခုခေတ်မှာ လာဘ်ပေးတာ လာဘ်ယူတာ ပြသနာမဟုတ်တော့ပါဘူး..။
    (ခေါင်က လူကြီးတွေယူတော့ ဂါရဝ၊ အောက်ကဝန်ထမ်းတွေယူတော့ လာဘ်)
    လာဘ်မပေးနိုင်ရင်တော့ တကယ့်ဂျောက်ကျမယ့် ပြသနာပါ..။

  • naywoonni

    November 30, 2011 at 8:47 pm

    အဲဒိကောင်တွေ အရင်မျှော……… ဧရာဝတီထဲတော့ မလုပ်နဲ့ဦး သူ့ဟာသူမှ ချိနဲ့နဲ့ ရယ်…………… 😛

  • Zippo

    November 30, 2011 at 11:33 pm

    ပျောက်လိမ့်မယ် အားကြီးကြီး…ဟွင့်…

  • koyinmaung

    December 1, 2011 at 7:29 am

    တကယ်ပပျောက်စေချင်တာလား
    အယင်လိုပဲကောက်ရိုးမီးလို
    တော်နေကြားဒုံယင်းကဒုံယင်းဘဲဖြစ်နေမှာလား
    တကယ်ပျောက်စေချင်ယင်
    ဥပဒေအပေါ်ကလူတွေအယင်ဖယ်လိုက်အုံး
    ပြီးယင်တရားရေးဝန်ထမ်းတွေကိုလောက်ငှတဲ့
    လခကိုဖန်တည်းပေးလိုက်အုံး
    ပြီးမှာဒီစီမံကိန်းကိုအကောင်အထည်ပေါ်သင့်ပါတယ်
    ခုကိစ္စကအားလုံးလပ်စားနေကြပြီးကံဆိုးတဲ့သူခံ
    စီမံကိန်းကြီးဖြစ်မနေဘူးလား……..

  • chityimhtoo

    December 1, 2011 at 8:46 am

    တရားသူကြီးတွေအကုန်သတ်ပစ်မှရမယ်……ဟိဟိ

  • NK

    December 1, 2011 at 9:45 am

    တရားရုံးဆောင်ပုဒ် ” လာဘ်ပေး ရန်မလို ” တဲ့

    • cryingsoul

      December 1, 2011 at 10:45 am

      ဟုတ်ပါ့ဟုတ်ပါ့ပျောက်မှာပါ နောက်နှစ်ငါးဆယ်လား တစ်ရာလား မကျိန်းသေဘူးနော် ဒီကောင်တွေတရုတ်ကိုပထွေးတော်ပြီး ဘာလို.တရုတ် ဥပဒေလိုမလုပ်ကျတာလဲ လုပ်ရင်တော့ ခွေးမျိုးတွေကိုသတ်တဲ.ပွဲ မြင်ဖူးချင်တယ်

  • mummymoon

    December 1, 2011 at 1:44 pm

    လာဘ်စားသူကို အလုပ်ထုတ်ပစ်ရုံဖြင့် လာဘ်ပေးလာဘ်ယူမှု မပျောက်နိုင်ပါ–

  • etone

    December 1, 2011 at 2:57 pm

    ဟီးဟီး … ရယ်စရာတွေသိပ်ပြောတာပဲ … လူချိုး … ဟီးဟီး 😆

  • Thel Nu Aye

    December 1, 2011 at 3:26 pm

    လာဘ်မစားဘူး။ ရှေ့နေခဈေးတက်လိုက်မယ်။ တရားသူကြီးကို ဂါဖို့အတွက်ပါပေါင်းပြီးပေါ့။

  • သုံးလေး

    December 1, 2011 at 3:42 pm

    ကိုယ့် အလှည့် ကျရင် မယူနိုင်အောင် နေဖို့နဲ့ ……..
    ကိုယ့် အလှည့်ကျရင် မပေးဘဲနေ နိုင်အောင် နေဖို့ အရင်ကြိုးစားရမှာနော့်…

  • Sky ko ko

    December 1, 2011 at 3:48 pm

    လာဘ်စားမှုပပျောက်ရေးအတွက် နိုင်ငံ့ဝန်ထမ်းများဆိုရင် နိုင်ငံတော်မှလုံလောက်သော လစာပေးစေရေးကို အရင်ပြင်ရမှာပါ… ပြင်ပအဖွဲ့အစည်းဆိုရင်လည်း လုံလောက်သော လစာငွေကြေးကို ပေးမှရပါမယ်…
    ပြီးနောက် တစ်ဦးချင်းရဲ့ အရင်းခံစိတ်ဓါတ်ကို ပြင်ရပါမယ်… နောက်တစ်ချက်က ကိုယ်ချင်းစာတရားရှိအောင် ထိုဝန်ထမ်းများကို လေ့ကျင့်ပေးရပါမယ်….
    ဒါမှ လာဘ်စားမှုပပျောက်ပါလိမ့်မယ်ဟု ထင်မိပါကြောင်း……

  • gwa toe

    May 14, 2012 at 11:10 am

    သံတွဲ မြို့ကတရားရုံးကတော့ ကျမ်းကျန်လွှာတစောင်ကို ၁၅၀၀ဝ အမူ စဲါရင် ၁၅၀၀ဝ မြို့တွင်း သမ္မန်စာကျွမ်းလျှင် ၅၀၀ဝ ဝေရင် ၁၀၀၀ဝ မှ ၁၅၀၀ဝထိ အမူ ဖြစ်လို့ကတော့ စါရေးမတွေဆီမှာ ဟိုကတောင်း ဒီကတောင်းနဲ့ ပေးလို့ကိုမဆုံးဘူသာမှတ် တရာသူကြီးဆီတော့ရောက်မရောက်မသိဘူး စါရေးတွေ စါးရေးမတွေကပိုဆိုးတယ်

Leave a Reply